Thursday, August 23, 2018


ဆန်ဖရန်စ္စကိုမှာ ဖွင့်လှစ်လိုက်တဲ့ ငွေရှင်းသူမဲ့ “Cashierless Store” အမေရိကန်ပြည်ထေင်စု၊ ဆန်ဖရန်စ္စကို မြို့ရဲ့ ပထမဆုံး ငွေရှင်းသူမဲ့ Cashierless စတိုးကို ယခုတပတ် အတွင်း Zippin ကုမ္ပဏီကနေ စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ “Cashierless Store” လို့ ခေါ်တဲ့ ငွေရှင်းသူမဲ့စတိုးတွေ စတင် ခေတ်စားနေပြီး ပထမဆုံး ငွေရှင်းသူမဲ့စတိုး “Amazon Go” ကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စတင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ Amazon ရဲ့ “Cashierless Store” ပြိုင်ဘက်ဖြစ်တဲ့ Zippin စတိုးကတော့ San Francisco ရဲ့ ပထမဆုံး ငွေရှင်းသူမဲ့ စတိုး ဖြစ်လာမှာပါ။ “ငွေရှင်းသူမဲ့ စတိုး”မှာ ဈေးဝယ်မယ်ဆိုရင် ပထမဆုံး သက်ဆိုင်ရာ App ကို ဖုန်းထဲ Download ပြုလုပ်ပေးရမှာဖြစ်ပြီး၊ App က ထုတ်ပေးတဲ့ QR Code နဲ့ ဆိုင်ထဲကို ဝင်ရောက် ဈေးဝယ်နိုင်မှာပါ။ စတိုးဆိုင်ထဲမှာတော့ ကင်မရာပေါင်း ရာနဲ့ချီ တပ်ဆင်ထားပြီး QR Code နဲ့ အလိုက် ဈေးဝယ်သူတွေကို တချိန်လုံး စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းတွေ တင်ထားတဲ့ အကန့်တွေမှာလည်း ဖိအားသိ Sensor တွေကို တပ်ဆင်ထားပြီး၊ ဈေးဝယ်သူ တယောက်က ပစ္စည်းတခုခုကို မလိုက်တာနဲ့ အလိုလို သိရှိနိုင်မှာ ဖြစ်ပါတယ်။ Zippin ကုမ္ပဏီက ဖွင့်လှစ်လိုက်တဲ့ ငွေရှင်းသူမဲ့ စတိုး ဘာပစ္စည်း ယူလိုက်လဲဆိုတာကိုတော့ ပစ္စည်းမှာပါဝင်တဲ့ Code တွေကနေတဆင့် ကင်မရာကနေ သိရှိကာ ဈေးနှုန်း တွက်ချက်ပေးထားမှာ ဖြစ်ပါတယ်။ ဈေးဝယ်သူအနေနဲ့ ကိုယ်လိုချင်တာတွေ ယူပြီးရင် ငွေရှင်းဖို့ တန်းစီစောင့်ဆိုင်း နေစရာ မလိုဘဲ ချက်ချင်း ပြန်ထွက်သွားနိုင်မှာပါ။ ဝယ်ယူထားတဲ့ ပစ္စည်းစာရင်းနဲ့ ကျသင့်ငွေကိုတော့ သက်ဆိုင်ရာအကောင့်ထဲဆီ အီးမေးလ်နဲ့ လှမ်းပို့ပေးမှာ ဖြစ်ပါတယ်။ ပစ္စည်းမှား တွက်ချက်မိတာမျိုး ရှိရင်လည်း အီးမေးလ်ကနေတဆင့် ငွေပြန်တောင်းယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ San Francisco ရဲ့ ပထမဆုံး ငွေရှင်းသူမဲ့စတိုးကို လာမယ့် စက်တင်ဘာလလယ်လောက်မှာ စတင် ဖွင့်လှစ်သွားမှာဖြစ်ပြီး၊ ကနဦးအဆင့်မှာ တရက်ကို ၁ နာရီပဲ ဖွင့်လှစ်ရောင်းချမှာ ဖြစ်ပါတယ်။ App download ပြုလုပ်ထားသူတွေပဲ ဝင်ရောက် ဝယ်ယူခွင့်ရရှိမှာ ဖြစ်တယ်လို့ Zippin တည်ထောင်သူ Krishna Motukuri က VentureBeat ကို အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ Zippin နည်းတူ Amazon ကုမ္ပဏီကလည်း ငွေရှင်းသူမဲ့ Amazon Go စတိုးတွေကို San Francisco နဲ့ Chicago တို့မှာ ထပ်မံဖွင့်လှစ်သွားဖို့ ရှိနေပါတယ်။ Ref: VentureBeat www.venturebeat.com The post ဆန်ဖရန်စ္စကိုမှာ ဖွင့်လှစ်လိုက်တဲ့ ငွေရှင်းသူမဲ့ “Cashierless Store” appeared first on ဧရာဝတီ.
Source : https://ift.tt/2o4ubso
via IFTTT


ပုဂ္ဂလိက ဘဏ်များသို့ ဒေါ်လာထုတ်ငွေချေးမည် နိုင်ငံခြား ငွေလဲလှယ်သည့် ငွေကြေးဈေးကွက် အတွင်း အမေရိကန် ဒေါ်လာ ရှားပါးမှု မဖြစ်စေရန် အတွက် ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များသို့ ဒေါ်လာကို ထုတ်ချေးပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သိရသည်။ အဆိုပါ ချေးငွေမှာ ကာလတို အပြန်အလှန် ချေးငွေ (Swap Facility) ဖြစ်ပြီး ယင်းကို သြဂုတ်လ ၂၃ ရက်တွင် စတင် ထုတ်ချေးပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်း က ဧရာဝတီသို့ ပြောသည်။ “အန်တီတို့ နိုင်ငံခြားငွေ ရောင်းဝယ်ခွင့် လိုင်စင် (AD) ထုတ်ပေးထားတဲ့ ပုဂ္ဂလိကဘဏ်က ၂၂ ဘဏ် ရှိတယ်။ အဲဒီဘဏ် ၂၂ ဘဏ်ကို ဗဟိုဘဏ်နဲ့ နှစ်ဖက် သဘောတူ စာချုပ် အရင် ချုပ်မယ်” ဟု ၎င်းက ပြောသည်။ Swap Facility အစီအစဉ်မှာ အမေရိကန် ဒေါ်လာလိုအပ်သော ပြည်တွင်းဘဏ်ကို ဗဟိုဘဏ်က ထုတ်ချေးပေးမည် ဖြစ်ပြီး ထုတ်ချေးသည့် ပမာဏနှင့် ညီမျှသော မြန်မာကျပ်ငွေကို ပြည်တွင်းဘဏ်က ဗဟိုဘဏ်သို့ ပေးထားရမည် ဖြစ် သည်။ ဒေါ်မေတိုးဝင်းက “ဒီလိုချုပ်ပြီးတဲ့ အခါကျမှ ဘဏ်တွေကနေ သူတို့ ငွေလိုတဲ့အခါကျရင် ဗဟိုဘဏ်ကို လိုချင်တဲ့ ဒေါ်လာ ပမာဏတို့ နိုင်ငံခြား ငွေလဲလှယ်နှုန်းက ဘယ်လောက်၊ အမေရိကန်ဒေါ်လာပေါ်မှာ ပေးမယ့် အတိုးနှုန်းတို့ သက်တမ်းတို့ ဥပမာ-၁၄ ရက် ဒါမှမဟုတ် ရက် ၃၀ ပေါ့။ ဒါတွေကို ဗဟိုဘဏ်ကို တင်ပြရမယ်။ ဗဟိုဘဏ်က ဒါတွေကို စစ်ဆေးပြီးတော့ ခွင့်ပြုမယ်။ ခွင့်ပြုလိုက်တာနဲ့ ကိုယ့်အကောင့်ထဲကို ငွေရောက်မှာ ဖြစ်တယ်” ဟု ရှင်းပြသည်။ ကာလတို ချေးငွေ ဖြစ်သော်လည်း ပြည်တွင်းဘဏ်များ အတွက် လုံလောက်သည့် အချိန်ပေးထားမည် ဖြစ်ပြီး ပြည်တွင်း ဘဏ်များ လိုအပ်သည့် ပမာဏကို ဖြည့်ဆည်းပေးမည် ဖြစ်ကြောင်း ဗဟိုဘဏ်က သတင်း ထုတ်ပြန်ထားသည်။ ဒေါ်မေတိုးဝင်းက “အမှန်တော့ ငွေလဲတယ် ဆိုတော့ ချေးတဲ့ သဘောမျိုးပေါ့။ ဒါပေမယ့် ဒီအတိုင်း ချေးတာ မဟုတ်ဘူး။ ပုဂ္ဂလိက ဘဏ်တွေကို ဒေါ်လာ ပေးလိုက်တယ်။ ဗဟိုဘဏ်က ကျပ်ပြန်ယူထားလိုက်တယ်။ သတ်မှတ်ထားတဲ့ အတိုး နှုန်းထားတော့ ရှိတယ်။ ဒါပေမယ့် သူတို့တင်ပြတဲ့ နှုန်းထားပေါ်မှာ ပေးမယ် မပေးဘူး ဆုံးဖြတ်ပြီး ထုတ်ပေးမှာ ဖြစ်တယ်” ဟု ပြော သည်။ ယင်းကဲ့သို့ လုပ်ဆောင်ပေးရခြင်းမှာ ဗဟိုဘဏ် အနေနှင့် ပုဂ္ဂလိက ဘဏ်များ၏ လက်ထဲ၌ ငွေရှိစေရန် အတွက် ရည်ရွယ် လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်းနှင့် ဒေါ်လာ ချေးပေးခြင်း အတွက် အတိုးနှုန်းတခု သတ်မှတ်၍ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဗဟိုဘဏ်က သိရသည်။ “ဥပမာ အားဖြင့် အခု သူတို့ လက်ထဲမှာ ငွေရှိနေတယ်။ ဘာအတွက်ရှိတာလည်း ဆိုတော့ သူတို့ customer ကို ငွေပေးဖို့ အတွက် ရှိနေတယ်။ ဒါပေမယ့် ဒါကို liquidity ကျသွားတဲ့ အခါ မပေးနိုင်မှာ စိုးလို့ ဖြစ်တယ်။ ဒီလိုဆိုရင် ဗဟိုဘဏ်ကနေ ငွေယူပြီးတော့ သူရဲ့ customer ကို ပြန်ထုတ်ပေးလို့ ရတယ်။ ဒီသဘောမျိုးပါ” ဟု ဒေါ်မေတိုးဝင်းက ရှင်းပြသည်။ ထိုသို့ လုပ်ဆောင်ပေးခြင်း အားဖြင့် ပုဂ္ဂလိကဘဏ် အချင်းချင်း ဈေးတင်ရောင်းခြင်းမျိုး မရှိနိုင်တော့ကြောင်း ၎င်းက ဆို သည်။ ယခုလပိုင်း အတွင်းကလည်း စံချိန်တင် မြင့်တက်နေသည့် ဒေါ်လာဈေးနှုန်း ကျဆင်းစေရန် အတွက် ဗဟိုဘဏ်က ပုဂ္ဂလိ က ဘဏ်များသို့ ဒေါ်လာ ရောင်းချပေးမှုများ ရှိခဲ့သည်။ မြန်မာနိုင်ငံသားများ ဘဏ်၏ (CEO/MD) ဖြစ်သူ ဒေါက်တာ သောင်းဟန် က “ဒီအချက်ကို ကြိုဆိုပါတယ်။ ဒါတွေက တိုင်း ပြည်ရဲ့ငွေကြေးဈေးကွက်ကြီး တည်ငြိမ်သွားအောင် လုပ်ရမယ့် အလုပ်တွေထဲက တခုပေါ့။ လူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ ကြောင့် လိုအပ်တာထက် ပိုတဲ့ ဆိုးဝါးသွားမှုတွေ ဖြစ်တယ်။ ဒါကို ပြုပြင်ပြောင်းလဲပေးနိုင်တဲ့ ဘယ်အရာကို မဆို ကြိုဆိုရ မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။ ဒေါ်လာဈေး မတည်ငြိမ်ခြင်းမှာ ဈေးကစားလိုမှုများနှင့် လိုအပ်သည်ထက် ပို၍ ဝယ်ယူ စုဆောင်းထားခြင်းများကြောင့် လည်း ပါဝင်နေပြီး ယင်းသို့ ဒေါ်လာကို ဈေးကွက် အတွင်း လိုသလောက် ဖြန့်ဖြူးပေးထားခြင်းဖြင့် ဈေးတည်ငြိမ်နိုင်မည် ဟု ၎င်းက သုံးသပ် ပြောဆိုသည်။ ဒေါက်တာ သောင်းဟန်က “ဗဟိုဘဏ် ရည်ညွှန်းကိန်း ဒသမ ၈ ကို ပယ်ဖျက်တယ် ဆိုတာမျိုးကို လှုပ်နေတဲ့ အချိန်မှာ ပြောလိုက်တော့ စိတ်ချရတဲ့ အနေအထား တခုကို ယူလိုက်သလို ဖြစ်တဲ့အတွက် သွားဝယ်စု လိုက်သလို ဖြစ်သွားတာ။ အဲဒီနေ့ရက်ကို ပြန်ကြည့်ရင် မဖြစ်သင့်ဘဲနဲ့ ဒေါ်လာဈေးက ၁၅၀၀ ကျပ်ကို ခုန်တက်သွားတာတွေ ပေါ့နော်။ အဲဒီနေ့ က သာ အခုလို ကြေညာချက်မျိုး ထုတ်ရင် တကယ်တမ်းက ပြောင်းပြန် ပြန်ဆင်းသွားမှာ” ဟု ပြောသည်။ ယနေ့ (သြဂုတ် ၂၃) အမေရိကန် ဒေါ်လာငွေလဲနှုန်းမှာ ဗဟိုဘဏ် ရည်ညွှန်းနှုန်း ၁၄၉၅ ကျပ်နှင့် ပြင်ပ ငွေလဲကောင်တာ များတွင် ၁၅၁၀ ကျပ် ဝန်းကျင် အထိ အရောင်း/အဝယ် ဖြစ်နေကြောင်း ငွေကြေးဈေးကွက် အတွင်းက သိရသည်။ The post ပုဂ္ဂလိက ဘဏ်များသို့ ဒေါ်လာထုတ်ငွေချေးမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2OWKvXG
via IFTTT


“ပရိသတ်တွေ စိတ်အနှောင့်အယှက် ဖြစ်မှာစိုးလို့ အချစ်ရေး သိပ်မပြောချင်ဘူး” သရုပ်ဆောင်လည်း ဖြစ်သလို၊ အလှမယ် တယောက်လည်း ဖြစ်တဲ့ ထားထက်ထက်က အားကစားနဲ့ ပတ်သက်ပြီးတော့လည်း ထူးချွန်သူ တဦးပါ။ သူမ ပထမဆုံး သရုပ်ဆောင်ထားတဲ့ “လူကြမ်းတယောက်ရဲ့ ဒိုင်ယာရီ” ဇာတ်ကားကို ပရိသတ်တွေလက်ခံပေးကြတဲ့အတွက် ပရိတ်တွေကို ကျေးဇူးတင်ပါတယ်လို့ ထားထက်ထက်က ဧရာဝတီကို ပြောပါတယ်။ “လတ်တလောမှာတော့ အောက်တိုဘာ ၁ရက်နေ့မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ရှိတော့ ဂုဏ်ပြု ဇာတ်လမ်းလေး ရိုက်နေပါတယ်။ ထားထက်ရဲ့ “လူကြမ်းတယောက်ရဲ့ ဒိုင်ယာရီ” ဇာတ်ကားလည်း ရုံတင်နေတော့ လက်မှတ်ထိုးတာတွေ လုပ်နေပါတယ်” လို့ ထားထက်ထက်က လတ်တလော အနုပညာ လှုပ်ရှားမှုများအကြောင်း ပြောပါတယ်။ “အဲဒီ ရုပ်ရှင်က ထားထက်ရဲ့ ပထမဆုံးဇာတ်ကားလည်း ဖြစ်တယ်။ သရုပ်ဆောင်ဝါလည်း နုသေးတော့ ကိုယ်လည်း ငယ်သေးတယ်။ ဘာဇာတ်ကားမှ မရိုက်သေးတဲ့ အချိန်မှာ ပထမဆုံး ဒီကားကို ရိုက်ခွင့် ရတယ်။ အတွေ့အကြုံအရ အများကြီး လိုအပ်သေးတာကို အကောင်းဆုံး ကြိုးစားထားတဲ့ အပေါ်မှာ ပရိသတ်တွေက သူတို့ လက်ခံတယ်။ သူတို့ သဘောကျတယ်။ ကြိုက်တဲ့ အခန်းတွေရော မကြိုက်တဲ့ အခန်းတွေရော Review ပြန်ရေးပေးထားတာ တွေတွေ့ရတော့ အရမ်းပျော်တယ်” လို့ ထားထက်ထက်က ပြောပါတယ်။ “ဒီကားထဲမှာတော့ ခရစ်ယာန်ဘာသာကို ကိုးကွယ်တဲ့မလေး တယောက်ပေါ့။ ရိုးရိုးအေးအေး အရမ်းချစ်တတ်တဲ့ မိန်းကလေးတယောက်အနေနဲ့ ပါဝင်ထားပါတယ်”လို့ ထားထက်ထက်က ဆိုပါတယ်။ ထားထက်ထက်က အခုချိန်မှာ ချစ်သူတော့ရှိနေပြီး အချစ်ရေးကို အများကြီး မပြောချင်သေးပါဘူးလို့ ဆိုပြီး အနုပညာ လုပ်ငန်းတွေကိုပဲ အကောင်းဆုံး ကြိုးစားလုပ်ကိုင်ချင်ပါတယ်လို့ ပြောပါတယ်။ “ဇာတ်ကားထဲမှာပဲ မဟုတ်ပါဘူး အပြင်မှာလည်း ချစ်တတ်ပါတယ်။ ထားထက်က ကြည့်လိုက်ရင် အရမ်းကို Strong ဖြစ်တယ် ထင်ရတယ်။ အားကစားသမား သန်သန်မာမာကြီးလို့ ထင်ရပေမယ့် ထားထက် နှလုံးသားက အရမ်းနုပါတယ်။ အဲ့လိုနုတော့ ချစ်တတ်တဲ့ထဲမှာ ပါပါတယ်။ ထားထက်က လွတ်လွတ်လပ်လပ် နေချင်တဲ့ သူဆိုတော့ ခြေချုပ်မိမှာလည်း ကြောက်တယ်ပေါ့” “လက်ရှိတော့ ထားထက်မှာ ချစ်သူရှိတယ်။ အဆင်ပြေပြေလေးနဲ့ နားလည်မှုရှိရှိလေးတော့ ဖြတ်သန်းရတာပေါ့။ ဖူးစာပါရင်လည်း ကိုယ်ကရှောင်လွဲလို့ မရဘူးပေါ့။ အချစ်ရေးနဲ့ ပတ်သက်ပြီး သိပ်မပြောချင်ကြဘူး။ ပရိသတ်တွေကိုလည်း စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး။ အဲ့အတွက် အချစ်ရေးကို အများကြီး မပြောချင်ဘူး။ အလုပ်တွေကိုပဲ ကြိုးစားပြီး လုပ်ကိုင်ချင်ပါတယ်”လို့ ထားထက်ထက်က ပြောပါတယ်။ အလှမယ် ထားထက်ထက်ဟာ Miss Grand Myanmar 2013 ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ အလှမယ် တယောက် ဖြစ်ပြီး သူ့အနေနဲ့ ဒီပြိုင်ပွဲကြီးကနေ တဆင့် အနုပညာလောကထဲကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေကို ဝါရင့် သရုပ်ဆောင်တွေနဲ့ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ ထားထက်ထက် ပါဝင်သရုပ်ဆောင်ထားတဲ့ “လူကြမ်းတယောက်ရဲ့ ဒိုင်ယာရီ” ရုပ်ရှင် ဇာတ်ကားကြီးကလည်း လက်ရှိမှာ ရုံတင်ပြသလျှက်ရှိပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် လူမင်းရဲ့ တဦးတည်းသော သမီး၊ အဆိုတော် ယုန်လေးရဲ့ ချစ်သူ အဖြစ် ပါဝင်သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။ The post “ပရိသတ်တွေ စိတ်အနှောင့်အယှက် ဖြစ်မှာစိုးလို့ အချစ်ရေး သိပ်မပြောချင်ဘူး” appeared first on ဧရာဝတီ.
Source : https://ift.tt/2BBv4SY
via IFTTT


မူးယစ် အစီရင်ခံစာများ တူနေမှု စစ်ကိုင်းအာဏာပိုင်များကို သမ္မတ ထောက်ပြ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ပြသည့် အစီရင်ခံစာ နှစ်စောင်တွင် လစဉ် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု စာရင်း နှစ်ခု တူညီနေသောကြောင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသဆိုင်ရာ အာဏာပိုင် များ အပေါ် သမ္မတဦးဝင်းမြင့်အနေဖြင့် ဘဝင်မကျဖြစ်စေခဲ့သည်။ သမ္မတ ဦးဝင်းမြင့်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် မြှင့်တင် နိုင် မည့် နည်းလမ်းများ ရှာဖွေရေး စစ်ကိုင်းတိုင်းဒေသကြီးမှ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင် ရေး တာဝန်ရှိသူများနှင့် ပြီးခဲ့သည့် စနေနေ့က တွေ့ဆုံခဲ့ရာ အစည်းအဝေးတွင် အခြေအနေမှန်ကို ဖုံးဖိရန် ကြိုးစားနေခြင်းရှိ/မရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုသမ္မတကမေးခွန်းထုတ်ခဲ့သည်။ မူးယစ်သတင်းများပါသည့်လစဉ်အစိုးရအစီရင်ခံစာနှစ်စောင်ကိုနှိုင်းယှဉ်ရင်း“အဓိပ္ပါယ်မရှိဘူး”ဟု သမ္မတ ဦးဝင်းမြင့် ကပြောသည်။ မူးယစ်ဆေးပြစ်မှု ကျူးလွန်ရန်ကြိုးစားသူများ၏ သက်သေ အထောက်အထားများ၊ သိမ်းဆည်းရမည့် အရေအတွက်၊ သိမ်းဆည်းရမိသည့် ဘိန်းဖြူ ကီလိုဂရမ် စုစုပေါင်းနှင့် မူူးယစ်ဆေးဝါး စုစုပေါင်း တန်ဖိုးတို့မှာ အစီရင်ခံစာ နှစ်စောင်လုံး တွင် အတူတူဖြစ်နေကြောင်း သူကထောက်ပြသည်။ ယင်းချို့ယွင်းချက်ကို အစည်းအဝေး တက်ရောက်လာသည့် အစိုးရ တာဝန်ရှိသူများအားပြသရန် အစီရင်ခံစာများအား သမ္မတက သူနှင့်အတူယူဆောင်လာခဲ့သည်။ “ဒီ အစီရင်ခံစာတွေ ကျနော်မဖတ်ဘူးလို့ ခင်ဗျားတို့ထင်နေလား။ ကျနော်အဲဒါတွေကို ဂရုတစိုက်ဖတ် ပါတယ်။ ကျနော် တော်တော်စိတ်မကောင်းဖြစ်မိတယ်”ဟုဦးဝင်းမြင့်ကပြောသည်။ “ကျနော့် ကိုဘာမှဖုံးကွယ်မထားပါနဲ့။ ကျနော်လိမ်တာမကြိုက်ဘူး” ဟုလည်း သမ္မတကဆိုသည်။ နှစ်ကာလများစွာပင် မြန်မာနိုင်ငံ၌ ဗျူကရိုကရေစီ အလေ့အထ ဖြစ်ထွန်းခဲ့သဖြင့် အဆင့်မြင့်အရာရှိ များထံ မလိုလားသည် များမသိရှိစေရန် အချက်အလက်အမှား တင်ပြခြင်းဖြင့် ပကတိအရှိတရားကို အပေါ်ယံရွှေမှုန်ကြဲခဲ့သည့်မှာ အသားကျ နေပြီဖြစ်သည်။ သမ္မတရုံးထံ မတင်ပြမီ အချက်အလက်များ စစ်ဆေးခြင်းရှိ/မရှိ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ကို ဦးဝင်းမြင့်က မေးမြန်းခဲ့ပြီး၊ လုပ်ထုံးလုပ်နည်းအရ အစိုးရဌာနများက ဝန်ကြီးချုပ်ရုံးဆီသို့ နောက်ဆုံးသတ်မှတ်ချိန် အရောက်အစီရင်ခံ တင်ပြရန် လိုသည်။ ဝန်ကြီးချုပ်က ယင်းအစီရင်ခံစာများ ကို စစ်ဆေးကာ လက်မှတ်ထိုးပြီးနောက် သမ္မတရုံးသို့ ဆက်လက် တင်ပြရသည်။ အခြေအနေ အရပ်ရပ်တိုင်းတွင် အဆိုးအကောင်း၊ အားနည်းချက်နှင့် အားသာချက်များရှိသည်ကို မိမိ သဘောပေါက် ကြောင်း၊ လက်တွေ့တွင် အားလုံးကောင်းပါသည် ဟူသော မည်ကာမတ္တ အစီရင်ခံစာ များကို မလိုလားကြောင်း သမ္မတ ကဆက်လက်ပြောဆိုသည်။ သတင်းအချက်အလက် အတူတူဖြစ်၍ တင်ပြမိခြင်းသည် စာစီစာရိုက်လွဲချော်မှုကြောင့် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးဦးခင်မောင်ဆွေကဧရာဝတီသို့ပြောသည်။ “ဧပြီလနဲ့ မေလက အစီရင်ခံစာတွေမှာ မှားယွင်းခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ ပြင်ဆင်ပြီးဖြစ်ပါ တယ်”ဟုသူကပြောသည်။ ဇူလိုင်လကတည်းက သမ္မတဦးဝင်းမြင့်သည် နိုင်ငံတဝန်းရှိ ဒေသဆိုင်ရာ အစိုးရအုပ်ချုပ်ရေး တာဝန်ရှိ သူများနှင့် အစည်း အဝေးကျင်းပခဲ့ပြီး ၎င်းတို့ထံမှလစဉ် အစီရင်ခံစာများကို သမ္မတရုံးသို့ ပေးပို့ရန် ဆွေးနွေးမှာကြားခဲ့သည်။ စစ်ကိုင်းတိုင်း ဒေသကြီးသည် သမ္မတ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ခရီးစဉ်များတွင် တတိယမြောက်ခရီးစဉ်ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်က သမ္မတဦးဝင်းမြင့်သည် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လူသိများ သော ဥပဒေရေးရာ ကိစ္စရပ်များကို အချိန်မဆွဲထားရန်နှင့် ပြည်ထောင်စုအစိုးရ က အတည် မပြုရသေးသော မည်သည့် စီမံကိန်းကိုမှ နှုတ်အားဖြင့် သဘောထားမှတ်ချက် မပေးရန် သတိပေးခဲ့သည်။ ချင်းပြည်နယ်၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော စစ်ကိုင်းတိုင်းဒေသကြီးသည် မူးယစ်မှောင်ခိုမှု၊ မြေယာ အငြင်းပွားမှု၊ တရားမဝင်သစ်နှင့် ရွှေခိုးထုတ်မှု ပြဿနာများ ရှိနေသော အရေးပါသည့် နယ်မြေအစိတ်အပိုင်း တခုဖြစ် သည်။ ဒေသဆိုင်ရာအုပ်ချုပ်ရေး၊ ဥပဒေပြဋ္ဌာန်းရေးနှင့် တရားစီရင်ရေး တာဝန်ရှိသူများကို တိုင်းဒေသကြီးရှိ အကျင့်ပျက် ခြစားမှု အပါအဝင် ပြဿနာများအား ကိုင်တွယ်ရေး အတူလက်တွဲ လုပ်ကိုင်ကြရန် ဦးဝင်းမြင့်က လမ်းညွှန်ခဲ့သည်။ မြန်မာနိုင်ငံ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ နိုင်ငံဝန်ထမ်း ၁၆ဦးမှာ ခြစားမှုကြောင့် တိုင်ကြားခံထားရပြီး စစ်ဆေးခံရန် ပျက်ကွက်သော တရားခံပြေးများ အဖြစ်သတ်မှတ်ထားသည်။ အဆိုပါစာရင်းထဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အရာရှိနှစ်ဦးပါဝင်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေး ဝန်ကြီးဌာန ၃ခုကို စစ်တပ်က တာဝန်ယူ ကိုင်တွယ်ထားပြီး တိုင်းရင်းသားအများစု နေထိုင်ရာ ပြည်နယ်များနှင့် ဆက်စပ်သော ကိစ္စရပ်များ အတွက် တာဝန်ရှိသည့်ဌာနမှာ နယ်စပ်ရေးရာ ဝန်ကြီးဌာနဖြစ်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ကို ကြီးကြပ်ရန်မှာ ပြည်ထဲရေးဝန်ကြီး ဌာနဖြစ်ပြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန သည် ကျေးရွာအဆင့် အုပ်ချုပ်ရေးရုံး အားလုံးမှ မြို့နယ်အဆင့် အထိစီမံကွပ်ကဲရသည်။ “ကျနော် ဒီကိုမလာခင်မှာ အစီရင်ခံစာတွေ အားလုံးကို သေသေချာချာ ဖတ်ပါတယ်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး၊ တရားစီရင်ရေးနဲ့ တခြားဌာနတွေ အနေနဲ့ ပြုပြင်ပြောင်းလဲရေး အရှိန် အဟုန်မြင့် တင်ဖို့ အတူတကွ လက်တွဲ လုပ်ကြဖို့ ကျနော် အလေးအနက် တိုက်တွန်းချင်ပါ တယ်။ ပြုပြင်ပြောင်းလဲရေး အကောင်အထည် ဖော်ဖို့ ခင်ဗျားတို့ ကိုယ်စီ ကိုယ်ငှတာဝန်ရှိပါတယ်။ ကိုယ့် အကျိုး (ဒါမှမဟုတ်) ကိုယ့်ဌာန အကျိုးတခုတည်း အတွက်မလုပ်ကြပါနဲ့” ဟု သမ္မတကပြောသည်။ တချို့က အပြောင်းအလဲလုပ်ဖို့ ချီတုံချတုံ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ တချို့ကလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်ပါလိမ့်မယ်။ တကယ် တော့ အပြောင်းအလဲတွေကို ခင်ဗျားတို့ စိုးရိမ်ဖို့မလိုပါဘူး။ ပြုပြင်ပြောင်း လဲရေး ဆိုတာ ခင်ဗျားတို့ ရန်သူမဟုတ်ပါဘူး။ ပြုပြင်ပြောင်းလဲရေးဟာ ခင်ဗျားတို့ရဲ့မိတ်ဆွေ ကောင်းပါ” သူကဖြည့်စွက်ပြောကြားခဲ့သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ နန်းလွင်ရေးသည့် President Takes Sagaing Officials to Task Over Duplicated Drug Figures ကို ဘာသာပြန်ဆိုသည်။ The post မူးယစ် အစီရင်ခံစာများ တူနေမှု စစ်ကိုင်းအာဏာပိုင်များကို သမ္မတ ထောက်ပြ appeared first on ဧရာဝတီ.
Source : https://ift.tt/2o1hUVF
via IFTTT


ဖခင်ရဲ့ဆန္ဒကြောင့် သရုပ်ဆောင်ဖြစ်လာခဲ့သူ ယဉ်လက် အက်ရှင်ဇာတ်ကားများရိုက်ကူးပြီး နာမည်ရလာတဲ့ သရုပ်ဆောင်ယဉ်လက်က ဒီလို အနုပညာ လမ်းကြောင်းပေါ် ရောက်ရှိလာတာ ဖခင်ဖြစ်သူရဲ့ ဆန္ဒကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ “အမှန်အတိုင်း ပြောရရင် ဒီလမ်းကြောင်းပေါ်ကို ရောက်လာတာ၊ ဒီလောကထဲကို ရောက်လာခဲ့တယ် ဆိုတာ ဖေဖေ့ရဲ့ဆန္ဒကြောင့်ပါ။ မိဘတွေဖြစ်စေချင်တဲ့ အလုပ်ကို ကျမလုပ်ခဲ့တာပါ။ အဲဒီအတွက် ဖေဖေ လေ့ကျင့်ပေးတာတွေကိုလုပ်ပြီး ဒီလောကထဲကို ရောက်မှန်းမသိ ရောက်လာခဲ့တယ်။ အဲဒီ အပေါ်မှာ ကျမကို ပံ့ပိုးပေးမယ့် ကျေးဇူးရှင်တွေ၊ ထုတ်လုပ်သူတွေနဲ့ တွေ့ဆုံခွင့်ရပြီး ဒီအလုပ်ကို ဆက်လုပ်ခွင့် ရနေတာပါ” လို့ ယဉ်လက်က ဆိုပါတယ်။ “ဆိုတော့ ကျမကိုမေးရင် ကျမကတော့ ကြိုးစားနေတဲ့သူဖြစ်လို့ ကြိုးစားခွင့်တော့ ရချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမ ဒီအလုပ်ကို လုပ်ရတဲ့ ပထမဆုံး ရည်ရွယ်ချက်သည် မိဘ စိတ်ချမ်းသာဖို့၊ ဒီအလုပ်နဲ့ မိဘကို လုပ်ကျွေးချင်တာ။ ဒီအလုပ်ကို ဆက်လုပ်ပြီး ပိုက်ဆံတွေ ရနေချင်ပါတယ်။ ဒီပညာနဲ့ မိဘကို စောင့်ရှောက်နိုင်ခွင့် ရချင်တယ်”လို့ ယဉ်လက်က ဧရာဝတီကို ပြောပါတယ်။ ယဉ်လက်က ရုပ်ရှင်ကားကြီးအနေနဲ့ “တည်ကြက်”ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားတယ်လို့ ဆိုပြီး ဒီဇာတ်ကား ရိုက်ဖြစ်ခဲ့တာက လူစွမ်းကောင်းထုတ်လုပ်ရေးက ဦးမြင့်ဆွေနဲ့ ဒါရိုက်တာ စတီးလ်တို့ရဲ့ ကမ်းလှမ်းမှုကြောင့်လို့ ဆိုပါတယ်။ “ဒီကားရဲ့ ပုံစံကိုက တောတွင်း Adventure ပုံစံမျိုး ဆိုတော့လေ ပုံမှန်ပိတ်ကားပေါ်မှာ တွေ့ရခဲတဲ့ ရသမျိုးကိုပေးနိုင်မှာပါ။ ထူးခြားပါတယ်။ ကျမရဲ့ကာရိုက်တာကိုဆိုရင် ကားမရိုက်ခင်ကတည်းက ဒါရိုက်တာက သူလိုချင်တဲ့ ပုံစံမျိုးကို ပြောပြထားတယ်။ သူလိုချင်တဲ့ ပုံစံမျိုး မဖြစ် ဖြစ်အောင် သင်ပေးတယ်။ ကျမဘက်ကလည်း ကြိုးစားရတယ်” “ဒါရိုက်တာညွှန်ကြားမှု ကောင်းတဲ့အတွက် ပရိသတ် စိတ်ဝင်စားစရာ ဒီဇိုင်းမျိုး ထွက်လာတာပါ။ ဒီဇာတ်ကားထဲမှာ ကျမက ယောကျာ်းဆန်တယ်။ lesbian ပုံစံမျိုး တူတူပါဝင်တဲ့ မရွှေသမီးကို အရမ်း ဂရုစိုက်ပြီး လုပ်ပေးတာပေါ့နော်။ ဖိုက်တာပုံစံ မျိုးပါ။ ကာရိုက်တာ နည်းနည်းဆန်းပါတယ်။ ပြီးတော့ အဲဒီ အထဲမှာပါတဲ့ အိုင်ဒီယာတွေ၊ မရွှေသမီးကို ခေါ်တဲ့ စကားအသုံးအနှုန်းတွေကအစ နည်းနည်းလေး ယောကျာ်းဆန်ရတယ်”လို့ ယဉ်လက်က ဆိုပါတယ်။ သရုပ်ဆောင် ယဉ်လက် အခုနောက်ပိုင်း ပွင့်လင်းလာတဲ့ ခေတ်မှာ လိင်တူချစ်သူတွေရဲ့ အချစ်ရေးကို လူတွေ ပိုမို စိတ်ဝင်စားလာကြပြီး အဲဒီအပေါ်အမြင်ကိုလည်း ယဉ်လက်က အခုလိုဆိုပါတယ်။ “ယှဉ်တွဲလာတဲ့ အားလုံးက လူသားတွေပဲ။ ချစ်ခြင်း၊ မုန်းခြင်း၊ မေတ္တာတရားတွေသာ ပုံစံကွဲသွားမယ်။ ချစ်ခြင်းမေတ္တာဆိုတာ လူအချင်းချင်းမှာပဲ ဖြစ်တာ။ မိန်းမ၊ ယောကျ်ားဆိုပြီး ချစ်တာမဟုတ်ဘူးလို့ပဲ ကျမက မြင်ပါတယ်။ တခါတလေမှာ မိန်းကလေး အချင်းချင်း အတူတူစား၊ အတူတူသွားကြရင်းနဲ့ပဲ သံယောဇဉ်တွေ တွယ်ပြီး ညီအစ်မလို သူငယ်ချင်းလို ချစ်ကြတာတွေလည်း ရှိပါတယ်” “ငယ်ငယ်ကဆိုရင် ဖြစ်ဖူးပါတယ်။ သူငယ်ချင်း ကျောင်းမသွားရင် ကိုယ်လည်း မသွားတော့ဘူးဆိုပြီး ဖြစ်ဖူးတယ် မဟုတ်လား၊ အဲဒီလို ချစ်ခြင်း မေတ္တာတရားတွေက Gender နဲ့ မဆိုင်ပါဘူး။ ကျမကတော့ အဲဒီလိုပဲ မြင်ပါတယ်”လို့ ယဉ်လက်က ဆိုပါတယ်။ ငယ်စဉ်ကတည်းက ပန်းချီ ဝါသနာပါတဲ့ ယဉ်လက်က စိတ်ထွက်ပေါက်အနေနဲ့လည်း ပန်းချီတွေ ဆွဲတာကို ပြုလုပ်လေ့ရှိပြီး ပန်းချီကို ရှူတင်နားတဲ့အချိန်မှာ ဆွဲလေ့ရှိတယ်လု့ိ ဆိုပါတယ်။ ပန်းချီဆွဲရတာကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့တာ ဖြစ်ပြီး တနေကုန် မစားမသောက်ဘဲ ပန်းချီဆွဲခဲ့တယ်လို့ ဆိုပါတယ်။ “ကျောင်းတက်တော့လည်း ကျောင်းက ပြိုင်ပွဲတွေမှာ ရောင်စုံခဲတံနဲ့စာရွက်ပေါ်မှာဆွဲပြီး ဝင်ပြိုင်ခဲ့တာ ပေါ့နော်။ ကိုယ့်ကျောင်းမှာတော့ ကိုယ်ကဗိုလ်ပဲလေ။ မြို့နယ်အဆင့်ပြိုင်ပွဲတွေကို ရောက်တော့မှ ပိတ်စတွေ၊ စုတ်တံတွေ၊ ဆေးခွက်တွေနဲ့ ဆွဲနေကြတာကို မြင်ပြီးသူတို့လို ဆွဲတတ်ချင်တဲ့ စိတ်တွေ ပေါက်လာတယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဒီလောက်ပဲတတ်ရလို့ ရှက်တာရော ၊ သိမ်ငယ်တာရော၊ လုပ်ပြချင်တာရော။ အဲဒီစိတ်တွေနဲ့ အိမ်ပြန်ရောက်တော့ ဖေဖေ့ကို ပန်းချီပညာကို သင်ပေးဖို့ ပူဆာခဲ့တယ်” လို့ ယဉ်လက်က ပြောပါတယ်။ ငယ်စဉ်ဘဝတုန်းက ပန်းချီပြိုင်ပွဲကို မြန်မာတနိုင်ငံလုံး အဆင့်အနေနဲ့ ဝင်ရောင်ယှဉ်ပြိုင်ခဲ့တဲ့ ယဉ်လက်ဟာ ပထမဆု အပါအဝင် တခြားဆုများစွာ ရရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ယဉ်လက် ပါဝင် သရုပ်ဆောင်ထားတဲ့ “တည်ကြက်” ရုပ်ရှင်ဇာတ်ကားကိုတော့ အောက်တိုဘာလ ၅ ရက်နေ့မှာ ရုံတင်ပြမယ်လို့ သိရပါတယ်။ The post ဖခင်ရဲ့ဆန္ဒကြောင့် သရုပ်ဆောင်ဖြစ်လာခဲ့သူ ယဉ်လက် appeared first on ဧရာဝတီ.
Source : https://ift.tt/2OZW5kO
via IFTTT


ကာစီနိုရုံများတွင် မြန်မာနိုင်ငံသားများ ကစားခွင့်ပေးမည်မဟုတ် လွှတ်တော်တွင် မကြာမီ ပြဌာန်းတော့မည့် ၂၀၁၈ ခုနှစ်၊ လောင်းကစားဥပဒေအရ ပေါ်ပေါက်လာနိုင်သည့် ကာစီနိုရုံများတွင် မြန်မာနိုင် ငံသားများ ဝင်ရောက်ဆော့ကစားခွင့်ပြုမည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း က ပြောသည်။ ဦးကျော်စိုးလင်း က “ကာစီနိုကို မြန်မာနိုင်ငံသားတွေကို လုံးဝဆော့ခွင့်မပေးပါဘူး။ မြန်မာနိုင်ငံသားကလွဲပြီး တခြားနိုင်ငံသားတွေကို ဆော့ခွင့်ပြုဖို့ပါ။ အဓိကကတော့ ဟိုတယ်ခရီးသွားလာရေး လုပ်ငန်းတွေ ဖွံ့ဖြိုးလာပြီး နိုင်ငံ့စီးပွားရေး တိုးတက်ဖို့အတွက် ရည်ရွယ်ပြီးတော့ အဓိကဒါကို လုပ်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။ ယခုဥပဒေသစ်ကို ပြန်ဌာန်းပြီးပါက မြန်မာပြည်ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ရေးဆွဲပြီး လက်ရှိကျင့်သုံးနေသော ၁၉၈၆ လောင်းကစားဥပဒေကို ဖျက်သိမ်းပစ်မည် ဖြစ်ကြောင်းသိရသည်။ မျက်မှောက်ကာလနှင့် ကိုက်ညီသော လောင်းကစားဥပဒေ၊ ဆန်းသစ်ပေါ်ပေါက်လာသော လောင်းကစားနည်းသစ်များကို ထိန်းချုပ်နိုင်ရန်နှင့် အောင်ဘာလေ ထီနှင့် ကာစီနိုရုံများကဲ့သို့ သောကံစမ်း၊ ဉာဏ်စမ်းကစားမှုများကို နိုင်ငံသားများ၏ အကျိုးစီးပွားမထိခိုက်စေဘဲ ခွင့်ပြုနိုင်ရန် ယခုဥပဒေသစ်ကို တင်ပြရခြင်း ဖြစ်ကြောင်း ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီဝင် ဒေါက်တာ လင်းလင်းကျော်က လွှတ်တော်တွင် ပြောသည်။ လက်ရှိ ၁၉၈၆ လောင်းကစားဥပေဒေသည် လက်ရှိအုပ်ချုပ်ရေးပုံစံနှင့် ကိုက်ညီမှုမရှိခြင်း၊ ဥပဒေပါထောင်ဒဏ်၊ ငွေဒဏ်များမှာ ယခုကာလနှင့် ကိုက်ညီမှုမရှိခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံအင်အားပြောင်းလဲလာခြင်းနှင့် ခေတ်မီနည်းပညာများ တိုးတက်ပေါ်ပေါက် လာခြင်းတို့ကြောင့် လက်တွေ့ကျင့်သုံးရန် အခက်အခဲရှိကြောင်း လေ့လာတွေ့ရှိရသည်ဟု အထက်ပါ ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဒေါက်တာ လင်းလင်းကျော် က “အစိုးရဖွင့်လစ်လျက်ရှိသော အောင်ဘာလေထီအပြင် ကာစီနိုရုံများကဲ့သို့သော ကံစမ်း၊ ဉာဏ်စမ်း ကစားမှုများကို နိုင်ငံသားများ၏ အကျိုးစီးပွား မထိခိုက်စေဘဲ ခွင့်ပြုဖွင့်လှစ်ပေးနိုင်လျင် နိုင်ငံ့ဘဏ္ဍာငွေ ပိုမိုတိုးမြှင့်ရရှိနိုင်မည်ဟု လေ့လာသုံးသပ် တွေ့ရှိရပါတယ်” ဟု ပြောသည်။ သို့သော်ဥပဒေကြမ်းကော်မတီ၏ လွှတ်တော်သို့ အဆိုပြု တင်ပြချက်တွင် ဥပဒေပုဒ်မ ၁၂ အရ မြန်မာနိုင်ငံသားမည်သူမျှ ကာစီနိုရုံအတွင်းဝင်ရောက် လောင်းကစားခြင်း မပြုရဟု ရေးသားဖော်ပြထားကြောင်း တွေ့ရသည်။ ယခုဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့ကလွှတ်တော်သို့ တင်ပြလာချိန်တွင် ကာစီနိုကို နိုင်ငံသား၊ နိုင်ငံခြားသားဆိုပြီး ခွဲခြားထားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက နိုင်ငံခြားသားသာဟု ပြင်ဆင်လိုက်ခြင်း ဖြစ်ကြောင်း၊ တိုင်းပြည်သည် ဒီမိုကရေစီ အသွင်ကူးပြောင်းနေရာ နိုင်ငံသားတိုင်းသည် သူ့အသိပညာနှင့်သူ သွားသည့်စနစ်သာ ရှိသင့်ကြောင်း မင်္ဂလာဒုံမြို့နယ်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ဧရာဝတီသို့ပြောသည်။ ဦးအောင်လှိုင်ဝင်း က “နိုင်ငံခြားသားကိုပဲ ခွင့်ပြုမယ်ဆိုရင် မြန်မာလုပ်ငန်းရှင် တယောက်က နိုင်ငံခြားသား တယောက်နဲ့ ကာစီနိုရုံထဲကို ဝင်မယ်ဆိုရင် အခက်အခဲတွေ ရှိနိုင်တယ်။ ကိုယ့်နိုင်ငံသားတွေကို မလိုအပ်ဘဲ ကန့်သတ်တာမျိုးကိုတော့ မလိုလားဘူး။ ပြည်ထောင်စု အစိုးရကို လုပ်ပိုင်ခွင့် ပေးထားရမယ်။ ပြည်ထောင်စုအစိုးရက လိုအပ်လာလို့ရှိရင် နိုင်ငံသားဝင်ရောက်မှုကို အကန့်အသတ်နဲ့ လုပ်လိုက်လို့ရတယ်”ဟု ထောက်ပြသည်။ ဦးအောင်လှိုင်ဝင်းသည် ပြီးခဲ့သည့် ၆ လခန့်က လွှတ်တော်တွင် နိုင်ငံတွင် ကာစီနိုရုံများတရားဝင် ဖွင့်လှစ်နိုင်ရေးခွင့်ပြုပေးရန် အစိုးရကို ကြယ်ပွင့်ပြ မေးခွန်းမေး၍ တိုက်တွန်းခဲ့သူတဦး ဖြစ်သည်။ “တခြားနိုင်ငံတွေမှာလည်း ဒီလုပ်ငန်းကနေ ဘီလီယံနဲ့ချီပြီး ရတယ်ပေါ့။ မကာအိုတို့ ဟောင်ကောင်တို့မှာဆိုရင် နိုင်ငံခြားငွေပိုလျှံနေတဲ့အပြင် ပြည်ပကြွေးမီ လုံးဝမရှိတာ ဒီလုပ်ငန်းတွေကြောင့်။ ကျနော်တို့က အနုတ် ၁၀ ဘီလီယံလောက် ဖြစ်နေချိန်မှာ သူတို့က အပေါင်းဘီလီယံ ၅၀ လောက် ဖြစ်နေတယ်။ ဒီလောင်းကစား လုပ်ငန်းတခုတည်းနဲ့ ဝင်ငွေရပါက်ရလမ်း ဖန်တီးနိုင်တဲ့ အခြေအနေပါ” ဟု ဦးအောင်လှိုင်ဝင်း က ပြောသည်။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မဝင်တဦးဖြစ်သူ ဦးလွင်ကိုလတ်က ကာစီနိုရုံများဖွင့်လှစ် လာနိုင်ရန် ဥပဒေ၊ နည်းဥပဒေများသေချာ ပြ ဌာန်းရမည် ဖြစ်ရာ ယခုလောင်းကစား ဥပဒေက ယင်းလုပ်ငန်းများ ဆက်လုပ်နိုင်ရေး လမ်းဖွင့်ပေးသည့် သဘောဟုရှင်းပြသည်။ “ဒီဥပဒေကြမ်းမှာတော့ နိုင်ငံခြားသားတွေကိုပဲ ပေးကစားမယ်။ နိုင်ငံသားတွေကိုတော့ ပေးမကစားဘူးလို့ ပါထားတာရှိတယ်။ နိုင်ငံခြားကနေ လာနေတဲ့ ခရီးသွားတွေ အတွက်အထောက်အပံ့ ဖြစ်ဖို့ပဲရည်ရွယ်တယ်” ဟု သန်လျင်မြို့နယ် ကိုယ်စားလှယ်လည်း ဖြစ်သူဦးလွင်ကိုလတ် က ပြောသည်။ လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာနက ကာစီနိုနှင့် ထီဥပဒေတို့ကို ဆက်လက်ရေးဆွဲနေပြီး လွှတ်တော်သို့ ရောက်ရှိမလာသေးကြောင်း ဥပဒေကြမ်း ကော်မတီမှ သိရသည်။ ယခုဥပဒေကို တာဝန်ခံ၍ တင်ပြသူ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီသည် လောင်းကစားဥပဒေအသစ် ရေးဆွဲနိုင်ရန် ဥပဒေ ကြမ်းကော်မတီ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အထူးကော်မရှင်မှတာဝန်ရှိသူများနှင့် အစည်းအဝေး ၅ ကြိမ် ပြုလုပ်ခဲ့သည်ဟုသိရသည်။ ဆက်စပ်ဖတ်ရှုရန် – နိုင်ငံခြားသားများ သီးသန့် ကစားခွင့်ရှိသော ကာစီနိုများ ခွင့်ပြုရေး လွှတ်တော်တွင် ဆွေးနွေး ထိုင်း – မြန်မာ နယ်စပ်က စည်ကားနေတဲ့ ကာစီနို လောင်းကစားရုံ The post ကာစီနိုရုံများတွင် မြန်မာနိုင်ငံသားများ ကစားခွင့်ပေးမည်မဟုတ် appeared first on ဧရာဝတီ.
Source : https://ift.tt/2wrUSv1
via IFTTT


ကမ္ဘာကြီးကို ပိုမို တိုးတက်အောင် ပြောင်းလဲခဲ့တဲ့ ပုဂ္ဂိုလ်များ ဒီတခါမှာတော့ ကမ္ဘာကြီးကို ပိုမိုကောင်းမွန် တိုးတက်အောင် ပြောင်းလဲခဲ့တဲ့သူတွေအကြောင်း ပြောပြပေးချင်ပါတယ်။ ဒီလိုလူတွေ ရှိခဲ့လို့ ယနေ့ကမ္ဘာမှာ ပိုမိုလွယ်ကူတဲ့ ဘဝတွေကို စာရေးသူတို့ အားလုံး ရနေကြတယ်ဆိုရင် မမှားပါဘူး။ (၁) Bill Gates Bill Gates ဟာ သူ့ရဲ့ပထမဆုံး Computer Program ကို အထက်တန်းကျောင်းသားဘဝမှာ စတင် ဖန်တီးခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာ Microsoft ကုမ္ပဏီကို ပူးတွဲတည်ထောင်သူဖြစ်ခဲ့ပြီး ၁၉၉၃ ခုနှစ်က စလို့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တဦး ဖြစ်လာခဲ့ပါတယ်။ သူနဲ့ သူရဲ့ ဇနီးဖြစ်သူတို့ဟာ Bill and Melinda Gates ဆိုတဲ့ ဖောင်ဒေးရှင်းကို ၂၀၀၀ ပြည့်နှစ်မှာ တည်ထောင်ခဲ့ပြီး ဒါဖောင်ဒေးရှင်းဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးအလှူဒါနပြုလုပ်တဲ့ ဖောင်ဒေးရှင်း ဖြစ်ပါတယ်။ ဒီဖောင်ဒေးရှင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ ရှိတဲ့ ပိုလီယိုတွေကို ကုသပေးဖို့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ (၂) Martin Luther King Jr. Martin Luther King Jr.ဟာ နှစ်ခြင်းခရစ်ယာန် ဘုန်းတော်ကြီးဖြစ်ပြီး သူဟာ အမေရိကန် တောင်ပိုင်းမှာရှိတဲ့ လူမည်းနှိပ်ကွပ်မှု ဆန့်ကျင်ရေးကို စတင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ Ganhdi ကို လေးစားအားကြသူဖြစ်ပြီး ငြိမ်းချမ်းရေး လိုလားသူ တဦးလည်း ဖြစ်ပါတယ်။ သူဟာ ၁၉၆၄ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့ပြီး သူရဲ့ လုပ်ဆောင်ချက်တွေကြောင့် အခုချိန်မှာဆိုရင် အမေရိကန်နိုင်ငံမှာ လူမည်းတွေဟာ မဲပေးနိုင်လာတဲ့အပြင် လူမည်း သမ္မတတွေတောင် ရှိလာပါပြီ။ (၃) Albert Einstein Albert Einstein ကတော့ ကမ္ဘာ့အထူးချွန်ဆုံး သိပ္ပံပညာရှင်တဦးဖြစ်ပါတယ်။ သူနာမည်ဟာ ပါရမီရှင်တွေအတွက် သင်္ကေတတခုသဖွယ် သတ်မှတ်ထားတဲ့အရာ ဖြစ်နေပါပြီ။ အိုင်စတိုင်းဟာ သူ့ရဲ့ ရီလေတစ်ဗတီသီအိုရီကို ၁၉၁၉ ခုနှစ်မှာ မိတ်ဆက်ပြီးတဲ့နောက်မှာ တကမ္ဘာလုံးက သိပ္ပံပညာရှင် တွေကြားမှာ စံပြုရလောက်တဲ့ ပညာရှင်တဦး ဖြစ်လာခဲ့ပါတယ်။ ဒီသီအိုရီအတွက် ရူပဗေဒ နိုဘယ်ဆုကို ၁၉၂၁ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ သူ့ရဲ့ သီအိုရီတွေကြောင့် အမေရိကန်နိုင်ငံရဲ့ နျူကလိယားဗုံး တည်ဆောက်မှုအတွက် အကူအညီ ဖြစ်ခဲ့ပေမယ့် သူဟာ နောက်ပိုင်းမှာ နျူကလိယားဆန့်ကျင်ရေးမှာ ပါဝင်ခဲ့ပါတယ်။ (၄) Mahatma Gandhi Mahatma Gandi ဟာ ရှေ့နေတဦး ဖြစ်ပါတယ်။ သူဟာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးအတွက် အနုနည်းနဲ့ တိုက်ပွဲဝင်သူ တဦးအဖြစ် နာမည်ကျော်ကြားပါတယ်။ သူရဲ့ရိုးရှင်းတဲ့ ဘဝနေထိုင်ပုံ၊ အလိုလောဘနည်းပုံတွေကြောင့် လူအများရဲ့ လေးစားအတုယူမှုကို ခံရတဲ့ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။ သူဟာ အိန္ဒိယနိုင်ငံကို အင်္ဂလိပ် ကိုလိုနီလက်အောက်က လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပြီး အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့ နောက်မှာ သူဟာ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ပြယုဂ် ဖြစ်ခဲ့ပါတယ်။ (၅) Christopher Columbus Christopher Columbus ဟာ ကမ္ဘာပေါ်မှာရှိတဲ့ စူးစမ်းရှာဖွေ ဖော်ထုတ်သူတွေထဲက တဦး ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့အရှေ့ခြမ်း၊ အခု အာရှတိုက်လို့ အများကခေါ်ကြတဲ့ နေရာကို ရှာဖွေမယ် ဆိုပြီး Atlantic သမုဒ္ဒရာကို ဖြတ်သန်းမယ့် ရွက်လွှင့်မှုကို စတင်ခဲ့ပါတယ်။ ၁၄၉၂ ခုနှစ်ကစတင်ခဲ့တဲ့ အာရှတိုက်ရှာဖွေရေးမှာ အာရှတိုက်ကို ရောက်မလာခဲ့ဘဲ သူဟာ အင်ဒီယန်းတွေ နေထိုင်တဲ့ ယခု အမေရိကားလို့ ခေါ်ကြတဲ့ နေရာကို တွေ့ရှိခဲ့ပါတယ်။ Ref; topyap.com The post ကမ္ဘာကြီးကို ပိုမို တိုးတက်အောင် ပြောင်းလဲခဲ့တဲ့ ပုဂ္ဂိုလ်များ appeared first on ဧရာဝတီ.
Source : https://ift.tt/2OWJ7UM
via IFTTT


Xiaomi ရဲ့ အမှတ်တံဆိပ်အသစ် Poco F1 ဖုန်း စတင်ထွက်ရှိ Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲ အသစ်ဖြစ်တဲ့ Poco ရဲ့ ပထမဆုံး စမတ်ဖုန်း F1 ကို မနေ့က အိန္ဒိယနိုင်ငံမှာ စတင် မိတ်ဆက်သွားခဲ့ပါတယ်။ Poco F1 ဟာ တန်ဖိုးနည်းနည်းနဲ့ စွမ်းဆောင်ရည်မြင့် ဖုန်းတလုံး အသုံးပြုချင်သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ဖုန်းဖြစ်ပြီး၊ ဒေါ်လာ ၃၀၀ နဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ Poco F1 ဖုန်းရဲ့ အဓိက ဆွဲဆောင်မယ့် Specs တွေကတော့ လက်ရှိစွမ်းဆောင်ရည်အမြင့်ဆုံး Mobile Chipset ဖြစ်တဲ့ Snapdragon 845 နဲ့ ကြီးမားတဲ့ 4,000mAh ဘက်ထရီပါ။ Xiaomi အနေနဲ့ ဒီဖုန်းကို မထုတ်ခင်မှာ Reddit ဖိုရမ်တွေကို ဂရုတစိုက်ဖတ်ရှုခဲ့ပြီး အသုံးပြုသူအများစု လိုချင်တဲ့ အတိုင်း Performance နဲ့ ဘက်ထရီပိုင်းကို အဓိကဦးစားပေး ထုတ်လုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Poco F1 ဖုန်းမှာ Notch ပါဝင်တဲ့ 6.18-inch 1080p Display ကို အသုံးပြုထားပြီး၊ ကင်မရာပိုင်း အနေနဲ့ 20-megapixel ရှေ့ကင်မရာနဲ့ 12-megapixel+5-megapixel dual ကျောကင်မရာတို့ ပါဝင်မှာပါ။ Storage မော်ဒယ်အနေနဲ့ 6GB+64GB ၊ 6GB+128GB နဲ့ 8GB+256GB ဆိုပြီး မော်ဒယ် ၃ မျိုး ထုတ်သွားဖို့ ရှိပါတယ်။ ဒါ့အပြင် LiquidCool နည်းပညာနဲ့ Quick Charge 3.0 နည်းပညာတို့လည်း ပါဝင်ဦးမှာပါ။ SIM Slot ကတော့ SIM နဲ့ microSD ပေါင်းထားတဲ့ hybrid slot ဖြစ်ပြီး၊ microSD ကတ် 256GB အထိ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။ Xiaomi ရဲ့ Poco F1 စမတ်ဖုန်း Poco F1 ဖုန်းဟာ ဒီဇိုင်းပိုင်းမှာတော့ အကောင်းစားတွေ သိပ်မသုံးထားဘဲ ကုန်ကျစရိတ် ချွေတာဖို့ အတွက် ပိုလီကာဘွန်နိတ် ပလတ်စတစ် ကိုယ်ထည်သာ အသုံးပြုထားပါတယ်။ Poco F1 Armoured Edition မှာတော့ Kevlar ကျောဘက် ကိုယ်ထည်နဲပါ။ ဒါ့အပြင် အကာဖန်သားပြင်အတွက်လည်း Gorilla Glass 3 မော်ဒယ်အဟောင်းကိုသာ ပြန်လည် အသုံးပြုထားတာ တွေ့ရပါတယ်။ Steel Blue ၊ Graphite Black နဲ့ Rosso Red ဆိုတဲ့ ကာလာ ၃ မျိုး ထုတ်သွားမှာ ဖြစ်ပါတယ်။ Android 8.1 Oreo-based MIUI နဲ့ပဲ ထွက်ရှိလာတာဖြစ်ပြီး၊ ထွက်ထွက်ချင်းမှာ MIUI 9.6 နဲ့ အသုံးပြုနိုင်မှာပါ။ နောက်လအတွင်း MIUI 10 တင်ပေးမယ်လို့တော့ ပြောထားပါတယ်။ USB Type-C Port ၊ 3.5mm နားကြပ်ပေါက်နဲ့ Bluetooth 5.0 တို့ ပါဝင်မှာဖြစ်ပြီး၊ လက်ဗွေရာ Sensor အပြင် Face Unlock နည်းပညာလည်း သုံးနိုင်မှာပါ။ Poco F1 ဖုန်းကို အိန္ဒိယနိုင်ငံမှာ Flipkart နဲ့ Mi.com website တွေကနေတဆင့် သြဂုတ်လ ၂၉ ရက်နေ့မှာ စတင် ရောင်းချသွားမှာ ဖြစ်ပြီး၊ အာရှနဲ့ ဥရောပ ဈေးကွက်အတွင်းလည်း ဝင်ရောက် လာမှာပါ။ ဈေးနှုန်းတွေကတော့ 6GB RAM မော်ဒယ်နှစ်ခုက ဒေါ်လာ ၃၀၀ နဲ့ ၃၄၃ ဒေါ်လာတို့ ရှိပြီး၊ 8GB RAM မော်ဒယ်ကတော့ ၄၁၄ ဒေါ်လာ ရှိပါတယ်။ Armored Edition ကတော့ ၄၂၉ ဒေါ်လာ ပေးရမှာပါ။ Ref: The Next Web, The Verge The post Xiaomi ရဲ့ အမှတ်တံဆိပ်အသစ် Poco F1 ဖုန်း စတင်ထွက်ရှိ appeared first on ဧရာဝတီ.
Source : https://ift.tt/2MHLEEY
via IFTTT


အမျိုးသမီး အားကစားလောကမှာ ဝင်ငွေအများဆုံး တင်းနစ်မယ် “Serena Williams” Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ဝင်ငွေအများဆုံး အမျိုးသမီး အားကစားသမားစာရင်းမှာ ထိပ်ဆုံးက နေရာယူသွားသူကတော့ ပထမဆုံးရင်သွေးလေးမွေးဖွားပြီး အားကစားလောကထဲ ပြန်လည် ဝင်ရောက်လာတဲ့ တင်းနစ်မယ် ဆရီနာဝီလျံ (Serena Williams) ပါ။ တင်းနစ်ကစားမယ် “ဆရီနာဝီလျံ” လို့ ဆိုလိုက်ရင် တင်းနစ်ကွင်းထဲမှာရော ပြင်ပမှာပါ ဖက်ရှင်စတိုင်အမျိုးမျိုးကြောင့် လူသိများပါတယ်။ သူမဟာ ယခုနှစ်အတွင်းမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၂၀၀၀ လောက်ပဲ ရှိခဲ့တာတောင် Forbes မဂ္ဂဇင်းရဲ့စာရင်းမှာ ထိပ်ဆုံးက ရပ်တည်သွားခဲ့ပါတယ်။ မနှစ်က ၂၀၁၇ ခုနှစ် ဇန်နဝါရီလကစလို့ သူမရဲ့ ပထမဆုံး ကိုယ်ဝန်ကြောင့် ပြိုင်ပွဲတွေကနေ ၁၄ လကြာ အနားယူထားခဲ့ပေမယ့် အထင်ကရ ပြိုင်ပွဲကြီး ၂၃ ပွဲကို ဗိုလ်စွဲထားနိုင်ခဲ့တဲ့ စံချိန်ကနေ ရရှိခဲ့တဲ့ဝင်ငွေ ၁၈ သန်းကျော်ကြောင့် အခုလို ထိပ်ဆုံးက ၃ နှစ် ဆက်တိုက် ရပ်တည်နေနိုင်တာပါ။ အမျိုးသား အားကစားသမား ၁၆ ယောက်ပဲ ပြင်ပ စပွန်ဆာကြေးတွေကြောင့် ဆရီနာ့ထက် ဝင်ငွေ ပိုများနေတာကို ကြည့်ရင် သူမဟာ တခြားအမျိုးသမီး အားကစားသမားတွေထက် ၂ ဆလောက် ဝင်ငွေရနေတာကို ဖော်ပြနေပါတယ်။ ဝင်ငွေအများဆုံး အမျိုးသမီးအားကစားသမားတွေရဲ့ ၂၀၁၇ ဇွန်လကနေ ၂၀၁၈ ဇွန်လထိ တနှစ်တာ ဝင်ငွေ စုစုပေါင်းဟာ ဒေါ်လာ ၁၀၅ သန်းလောက်ပဲရှိတာမို့ လွန်ခဲ့တဲ့နှ စ်ကထက် ၄ ရာခိုင်နှုန်း၊ လွန်ခဲ့တဲ့ ၅ နှစ် ထက် ၂၈ ရာခိုင်နှုန်း အနုတ်လက္ခဏာ ပြနေပါတယ်။ Forbes က ထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ်အတွင်း ဝင်ငွေအများဆုံးအားကစားသမား အယောက် ၁၀၀ စာရင်းမှာတော့ ပထမဆုံးရင်သွေးလေးကြောင့် ခဏအနားယူထားတဲ့ ဆရီနာ မပါဝင်ခဲ့ပါဘူး။ ယခုနှစ်အတွင်း အမျိုးသမီး အားကစားသမားတွေရဲ့ ဝင်ငွေနှုန်းထားကျသွားရတဲ့ အကြောင်းရင်းတွေက တင်းနစ်လောကရဲ့ နာမည်ကျော်တွေဖြစ်တဲ့ လီနာ (Li Na) နဲ့ အန်နာ အိုင်ဗန်နိုဗစ် (Ana Ivanovic) တို့ အနားယူသွားခဲ့တာရယ်၊ ယခုနှစ်အတွက် အဆင့် ၉ မှာပဲရှိနေတဲ့ ပြိုင်ကားမောင်းသူ ဒါနီကာပတ်ထရစ် (Danica Patrick) တို့ ၃ ဦးကြောင့်လို့ ဆိုပါတယ်။ ကွင်းပြင်ပ ဝင်ငွေများတဲ့ တင်းနစ်မယ် မာရီယာ ရှရှာဗိုပါ (Maria Sharapova) ရဲ့ ၁၆ လကြာ ကစားခွင့် ပိတ်ခံထားရတာကြောင့် သူမ ရဲ့ဝင်ငွေ ၅၀ ရာခိုင်နှုန်းလောက် ထိခိုက်မှုတွေကလည်း ဒီနှစ် ဝင်ငွေစာရင်းကို အနုတ် လက္ခဏာပြနေတာလို့ သုံးသပ်ကြပါတယ်။ ဝင်ငွေအများဆုံး ဆရီနာဝီလျံ ပြီးရင် နောက်ထပ် တင်းနစ်မယ်တယောက်ဖြစ်တဲ့ သြစတြေးလျ အိုးပင်းချန်ပီယံ ကာရိုလိုင်း ဝေါနီရာစကီ (Caroline Wozniacki) က ဝင်ငွေ ၁၃ သန်းနဲ့ ဒုတိယ နေရာ၊ အမေရိကန်အိုးပင်း ချန်ပီယံ ဆလိုးအန်း စတီဗန် (Sloane Stephens) က ၈ ဒဿမ ၇ ၇ သန်းနဲ့ တတိယနေမှာ အသီးသီး ရပ်တည်နေပါ တယ်။ ဝင်ငွေအများဆုံး အမျိုးသမီးအားကစားမယ် ၁၀ ဦးစာရင်းမှာ တင်းနစ်ကစားသမား ၈ ဦးထိ ပါဝင် နေပြီး အခြား အားကစားတွေထဲက အိန္ဒိယနိုင်ငံသူ ကြက်တောင်ကစားသူ ပီဗီ ဆင်းဒူး (P.V Sindhu) နဲ့ ပြိုင်ကားမောင်းသူ ပတ်ထရစ်တို့ပဲ ရှိပါတယ်။ Ref: CNN The post အမျိုးသမီး အားကစားလောကမှာ ဝင်ငွေအများဆုံး တင်းနစ်မယ် “Serena Williams” appeared first on ဧရာဝတီ.
Source : https://ift.tt/2N8zLVv
via IFTTT


သဘင်သက်ကြီး ပူဇော်ပွဲမှာ ရန်ပုံငွေအတွက် ဘောလုံးကစားကြမယ့် ဖိုက်စတားအဖွဲ့ သဘင်သက်ကြီးပူဇော်ပွဲဆိုတာ သဘင်သမားတွေ အားလုံးနဲ့ သက်ဆိုင်သလို လူရွှင်တော် အဖွဲ့စည်းနဲ့လည်း သက်ဆိုင်ပါတယ်။ သဘင်သက်ကြီးပူဇော်ပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့၊ အောင်ဆန်း အားကစားကွင်းမှာ ပြုလုပ်မှာဖြစ်ပြီး သဘင်အနုပညာရှင် အမျိုးသားနဲ့ အမျိုးသမီး အသင်းတို့ ကန်ကြမယ့် ရန်ပုံငွေဘောလုံးပြိုင်ပွဲမှာ ဖိုက်စတားအဖွဲ့လည်း ပါဝင်ကစားပြီး ရန်ပုံငွေ ရှာပေးမယ်လို့ သိရပါတယ်။ အဆိုပါ သဘင် သက်ကြီးရန်ပုံငွေနဲ့ ပတ်သက်ပြီး လူရွှင်တော် ကျင်ဝှက်က အခုလို ပြောပါတယ်။ “ဒီသဘင်သက်ကြီး ပုဂ္ဂိုလ်တွေက အများကြီးပဲလေ။ အဲဒီအပေါ်မှာ ငွေရေးကြေးရေး အခက်အခဲတော့ ရှိပါတယ်။ ဒါကြောင့် ဒီအခက်အခဲအတွက် အဘက်ဘက်ကနေပြီးတော့ ရန်ပုံငွေ ရှာပါတယ်။ တချို့ကျတော့လည်း တယောက်တည်း နိုင်သလောက်ပေးတဲ့ သူတွေလည်း ရှိပါတယ်။ တကယ်လည်း အားကိုးပါတယ်။ သူတို့ကြောင့်ပဲ ကျနော်တို့ ရည်ရွယ်ချက်တွေ အများကြီး အောင်မြင်ပါတယ်။နောက်ပြီး ကျနော်တို့ အနုပညာအဖွဲ့က လူငယ်လေးတွေရဲ့ စည်းလုံး ညီညွတ်မှုကြောင့်လည်း ပါပါတယ်။ တော်လို့ပေါ့နော်။ အဲဒီလိုမျိုးပါ” လို့ ကျင်ဝှက်က ပြောပါတယ်။ “သဘင်သက်ကြီး ပူဇော်ပွဲ လုပ်မယ့်အချိန်မှာ ကျနော်တို့ အဆင်သင့် လုပ်ပေးရမယ်။ ကျနော်တို့လည်း တနေ့နေ့ တချိန်ချိန် ဒီလိုပဲ အိုမင်းရင့်ရော်လာမှာပဲ။ ဘယ်သူမှ ဒီအတိုင်း နုပျို လန်းဆန်းနေမှာ မဟုတ်ဘူး။ တချိန်ကျရင် နောက်တက်လာမယ့် ကလေးတွေရဲ့ ကန်တော့တာ ဘာညာ ဒီလိုပဲ သွားရမှာပဲ။ လုပ်ပေးနိုင်တဲ့အချိန်မှာ ကျနော်တို့ထက် အသက်အား ဝါအားကြီးတဲ့ ပုဂ္ဂိုလ်တွေကို ကျနော်တို့ လုပ်ပေးဖို့ တာဝန်ရှိတယ်လို့ပဲ ကျနော်တို့မြင်ပါတယ်။ ဒါကြောင့် သူတို့က အချိန်မရွေး ခေါ်ရင် အချိန်မရွေး လုပ်ပေးရမှာပေါ့” လို့ ကျင်ဝှက်က ဧရာဝတီကို ပြောပါတယ်။ လူရွှင်တော် ကျင်ဝှက် ဆက်လက်ပြီး ကျင်ဝှက်က လူရွှင်တော်ပညာရပ်ကို လေ့လာသင်ယူရတဲ့အပေါ် ခေတ်အလိုက် ပြောင်းလဲမှုကိုလည်း အခုလို ဆိုပါတယ်။ “ခက်တယ်တို့၊ လွယ်တယ်တို့တော့ မဟုတ်ပါဘူး။ အနုပညာကတော့ ဘာလုပ်လုပ် ခက်တာပါပဲ။ အလွယ်လုပ်တတ်တဲ့ လူတွေအတွက် မဟုတ်ရင် အရမ်းခက်ခဲပါတယ်။ အလွယ်ကြည့်တတ်တဲ့ ပရိသတ်တွေ ရှိတဲ့အတွက် အလွယ်လုပ်တဲ့သူတွေလည်း ရှိတတ်ပါတယ်။ ပြီးပြီးရောပေါ့။ တချို့ကတော့ ခဲရာခဲဆစ် လုပ်ပြီးတော့ နှစ်နှစ်ကာကာ ကြည့်တဲ့ ပရိသတ်တွေလည်း ရှိတယ်။ ဒါပေမဲ့ အနုပညာအကုန်လုံးကတော့ လွယ်တယ်လို့ မရှိဘူးပေါ့နော်။ ခဲယဉ်းပါတယ်။ ကျနော်တို့ လူရွှင်တော်တွေမှာ လေကကောင်းပြီး မျက်နှာမပါတာတွေ ရှိတယ်။ မျက်နှာကောင်းပြီး လေမပါတာတွေ ရှိတယ်။ အဲဒီလိုမျိုး ပေါ့နော်” လို့ ကျင်ဝှက်က ပြောပါတယ်။ “ကျနော်တို့ ခေတ်တုန်းကလောက်တော့ ပင်ပန်းဆင်းရဲတာမျိုးတော့ သိပ်မရှိတော့ဘူး။ ဟိုတုန်းက ဆိုရင် ဆရာတွေဆီမှာ သင်ရတာ အရမ်း ရိုကျိုးရတာ။ ဆရာတွေ မသင်ပေးမချင်း စောင့်နေရတာ။ ဆရာ ကျနော် သင်ချင်ပါတယ် ပြောလို့လည်း မရဘူး။ လက်မခံဘူး ။ သူသင်ပေးတဲ့ အချိန်ကျမှ သင်ရတာ။ ကျနော်တို့တုန်းက အဲဒီလိုမျိုးလေ။ အခုတော့ ကလေးတွေက လုပ်ချင်တယ်ဆို ချက်ချင်း လုပ်ပေးလိုက်တာ။ အဲဒီ တခုတော့ နည်းနည်းလေး ကွာသွားပါတယ်”လို့ ကျင်ဝှက် ဆိုပါတယ်။ အော်မော်၊ အောင်သော်၊ ကျင်ဝှက်၊ မျောက်ရှုံး၊ ကြာစိတို့ ပါဝင် ဖွဲ့စည်းထားတဲ့ လူရွှင်တော် ဖိုက်စတားအဖွဲ့က ယခုခေတ် မျိုးဆက်သစ် လူရွှင်တော်တွေကို မြေတောင် မြှောက်ပေးတဲ့အနေနဲ့ “နယူးဖိုက်” လူရွှင်တော်အဖွဲ့ကိုလည်း ဖွဲ့စည်းပေးထားတယ်လို့ ဆိုပါတယ်။ “နယူးဖိုက်” လူရွှင်တော် အဖွဲ့သားတွေကတော့ မျက်ပြူး၊ ဖိုးခွေး၊ ပြောင်ကြီး၊ ထူးခြား၊ ဒိုးလုံး စတဲ့ လူရွှင်တော်များ ဖြစ်ပြီး အဆိုပါ အဖွဲ့ကို ဖွဲ့စည်းပေးထားတာ တနှစ်ရှိပြီလို့လည်း သိရပါတယ်။ The post သဘင်သက်ကြီး ပူဇော်ပွဲမှာ ရန်ပုံငွေအတွက် ဘောလုံးကစားကြမယ့် ဖိုက်စတားအဖွဲ့ appeared first on ဧရာဝတီ.
Source : https://ift.tt/2NbzQru
via IFTTT


အာနန်ကော်မရှင် အကြံပြုချက်မှ ၈၁ချက်ကို အကောင်အထည်ဖော်ပြီးဟု ဒေါ်အောင်ဆန်းစုကြည်ပြော ရခိုင်အရေးနှင့် ပတ်သက်၍ ကွယ်လွန်သူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက် ၈၈ချက်မှ ၈၁ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံသို့ အလုပ်သဘောသွားရောက်သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၁ရက်နေ့ စင်ကာပူနိုင်ငံ Grand Hyatt ဟိုတယ်တွင် ကျင်းပသည့် “မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် တွေ့ကြုံနေရသော အခက်အခဲများနှင့် ရှေ့ခရီးလမ်း” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေး ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခြင်းဖြစ်သည်။ ထိုင်း ဒုဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဆူရာကီယတ် ဦးဆောင်သည့် အာနန်ကော်မရှင် အကြံပြု ချက်များ အကောင် အထည်ဖော်ရေး ဆိုင်ရာ အကြံပေးအဖွဲ့ အနေဖြင့် ပြီးခဲ့သည် သီတင်းပတ်က မျှတပြီး အလားအလာကောင်းသော အပြီးသတ်အစီရင်ခံစာ တင်သွင်းခဲ့ကြောင်း၊ ယင်းအကြံပေးချက် အပေါ်မူတည်ကာ အာဆီယံ ထင်ရှားသည့် သံအမတ် ရိုဆာရီယို မယ်နာလို ဦးဆောင် သည့် လွတ်လပ် သော စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းကာ လာမည့်သီတင်းပတ်တွင် လုပ်ငန်းစတင်ကြတော့ မည်ဖြစ် ကြောင်း ပြောသည်။ ကွယ်လွန်သူ ကိုဖီအာနန်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ NLD အစိုးရသစ် စတင်တာဝန်ယူသည့် ၂လ အတွင်း ရခိုင်ပြည် နယ် တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီကို ဖွဲ့စည်းပြီး သဘာဝသယံဇာတ ကြွယ်ဝသည့် ရခိုင် ဒေသ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးနေသည့် ပြဿနာများကို ထာဝရဖြေရှင်းပေးမည့် အဖြေအတွက် ကိုဖီအာနန်အား ချဉ်းကပ် ခဲ့ကြောင်း၊ ၎င်းကလည်း လက်ခံခဲ့ပြီး ရခိုင်ပြည် အဖြစ်အပျက်များကြောင့် မြန်မာအပေါ် ပြင်းထန် သည့် ဝေဖန်ပြစ်တင်မှုများ ရှိနေချိန် မိမိတို့နိုင်ငံ ငြိမ်းချမ်းလုံခြုံ တိုးတက်မှုစေရန် ၎င်း၏ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ခဲ့ ကြောင်း၊ ကိုဖီအာနန်၏ ချဉ်းကပ်မှု နည်းလမ်းမှာ အပြုသဘော ဆောင်ပြီး ကရုဏာတရားရှိကြောင်း၊ အလုပ်တာဝန်များ ကြားမှပင် အချိန်ယူ၍ မိမိအား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းပြီး ကူညီအားပေးခဲ့ပါကြောင်း၊ ယခုနှစ်အစောပိုင်းတွင် ရခိုင်ပြည်နယ် အတွင်းရရှိခဲ့သော သင်ခန်းစာများ ခေါင်းစဉ်ဖြင့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ၎င်းအနေဖြင့် နောက်ဆုံးလူထုအခမ်းအနားအဖြစ် ကျင်းပပြုလုပ်ခဲ့ပါကြောင်း ချီးကျူးခဲ့သည်။ လက်ရှိတွင် မြန်မာအစိုးရအနေဖြင့် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များ ထိရောက်မြန်ဆန် စွာ အကောင် အထည်ဖော်ရန် UNDP နှင် UNHCR တို့နှင့် နားလည်မှု စာချွန်လွှာ(MoU) ထိုးခဲ့ပြီး၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေ ရာချ ထားပေးရေးအတွက် စီစဉ်ထား ကြောင်း၊ ကုလသမဂ္ဂတာဝန်ရှိသူများကို ကျေးရွာအုပ်စု ၁၃ အုပ်စု အတွင်းရှိ ကျေးရွာ ၂၃ ရွာကိုရှေ့ပြေးအကဲဖြတ်စီမံကိန်းအဖြစ် ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း၊ နယ်နိမိတ်မျဉ်းအနီး နေထိုင် သော နေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးအတွက် ထပ်မံ၍ ရွာ၅ရွာ ကို သတ်မှတ်ခဲ့ပြီး၊ ရခိုင်မြောက်ပိုင်းမှ နေရပ်စွန့်ခွာထွက်ပြေးသူများ ဘေးကင်း၍ သိက္ခာရှိရှိဖြင့် မိမိတို့ဆန္ဒအလျောက် ပြန်လာနိုင်ရေး ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်း ဆောင်ရွက်ရန် မိမိတို့မျှော်လင့်ကြောင်းလည်း ဆိုသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးကို ပြီးခဲ့သည့် သီတင်းပတ်က ဖိတ်ကြားကာ ပေးထားသည့် ကတိ ကဝတ်များကို အကောင်အထည်ဖော်ရေး၊ နေရပ်စွန့်ခွာ ထွက်ပြေးသူများ ပြန်လည်ခေါ်ယူရေး ဆိုင်ရာ နှစ်နိုင်ငံသဘောတူညီချက်များကို အရှိန်အဟုန်မြှင့်ဖော်ဆောင်ရေးနှင့် နှစ်နိုင်ငံအကြား ဝန်ကြီးအဆင့် အရေးပေါ်တယ်လီဖုန်းလိုင်းတခု တည်ထောင်ရေး စသည်တို့နှင့် ပတ်သက်ပြီး နှစ်နိုင်ငံအကြား သဘောတူညီမှု ရရှိခဲ့ကြောင်း၊ ဤနေရာတွင် ကုလသမဂ္ဂ၏ အရေးကြီး လသော အခန်းကဏ္ဍ ကိုလည်း မိမိတို့ အသိအမှတ်ပြုကြောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် အဖြစ် သံအမတ် Christine Burgener ကို ခန့်အပ်လိုက်မှုအပေါ် မိမိတို့ ကြိုဆိုပါကြောင်း၊ အဆိုပါ အထူး ကိုယ်စားလှယ်သည် နေပြည်တော်တွင် ရုံးခန်း ဖွင့်လှစ်လိုက်ပြီဖြစ်ပါကြောင်း၊ သံအမတ် Christine Burgener နှင့် မိမိတို့ ထိတွေ့ ဆက်ဆံမှုသည် အပြုသဘောဆောင်ပြီး အကျိုးများမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၅ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ကာ အဖွဲ့ဝင် ၉ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ၂၀၁၇ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် အကြံပြုချက် ၈၈ ချက်ပါ အစီရင်ခံစာ ထွက်ပေါ်လာသည်။ ထိုသို့ အစီရင်ခံစာ ထွက်ပေါ်ပြီး နောက်တနေ့တွင် ARSA အကြမ်းဖက် အဖွဲ့က ရခိုင်ပြည်နယ် နယ်စပ်ရှိ အစိုးရ ရဲကင်းများကို အချိန်ကိုက် တိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ခဲ့ရာ ဘင်္ဂါလီ ၇သိန်း တဖက်ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည်။ The post အာနန်ကော်မရှင် အကြံပြုချက်မှ ၈၁ချက်ကို အကောင်အထည်ဖော်ပြီးဟု ဒေါ်အောင်ဆန်းစုကြည်ပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2LoQJxm
via IFTTT


လွမ်းရတာ နှစ်သက်တဲ့ “မေထုန်ရာသီဖွား မအေးသောင်း” အနုပညာရှင်လှုပ်ရှားတွေနဲ့ အတူ တကျော့ပြန်လည် အောင်မြင်လာတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်း (ခ) မအေးသောင်းက လတ်တလောမှာ ရုပ်သံဇာတ်လမ်းတွဲများ၊ ရုပ်ရှင်ကားကြီးများအပြင် ကြော်ငြာများ ရိုက်ကူးနေပါတယ်။ မအေးသောင်းက ရုပ်ရှင်ကားကြီးအနေနဲ့ “မုန်းစွဲ”၊ “မျက်နှာဖုံးများ” စတဲ့ ဇာတ်ကား ၂ ကား ရိုက်ကူးထားပါတယ်။ မအေးသောင်းက အလုပ်မအားတဲ့ကြားကနေ Facebook ကတဆင့် ပရိသတ်များနဲ့ အဆက်သွယ် မပြတ် တွေ့ဆုံဖြစ်နေပြီး အချစ်၊ အလွမ်း စာသားတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနေဆဲ မအေးသောင်းနဲ့ ဧရာဝတီတို့ ကြော်ငြာရိုက်ကွင်း တခုမှာ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ အသက် ၃၄ နှစ် ပြည့်ပြီး နောက်ပိုင်းမှာ ပိုတည်ငြိမ် ရင့်ကျက်လာတဲ့ မအေးသောင်းကို သူ့ရဲ့ အနုပညာ လှုပ်ရှားမှုတွေအကြောင်း၊ အချစ်ရေးနဲ့ မအေးသောင်းရဲ့ အသစ်ထွက်လာမယ့် ရုပ်ရှင်ကားတွေ အကြောင်းကို အနုပညာ သတင်းထောက် မန်းသူက မအေးသောင်းနဲ့ အခုလိုပဲ တွေ့ဆုံ မေးမြန်းထားပါတယ်။ မေး။ ။ မအေးသောင်းရဲ့ သရုပ်ဆောင်မှုကို ပရိသတ်က ပြန်ကြည့်ချင်နေကြပြီ။ “မုန်းစွဲ” ရုပ်ရှင်လည်း ရိုက်ထားပြီးပြီဆိုတော့ ဘယ်အနုပညာက ပရိသတ်ရှေ့မှောက် အရင်ရောက်လာမလဲ။ ဖြေ။ ။ ရုပ်ရှင်ကားကြီးကတော့ ပေါက်စီ သဘောကျတယ်။ “မုန်းစွဲ “မှာ ပေါက်စီ Scene က သိပ်မပါဘူး။ ဒါပေမယ့် ပါတဲ့ဆင်းန်တိုင်းမှာ လုပ်ကွက်လေးတွေရှိတယ်။ ကိုယ့်ရဲ့ ကာရိုက်တာလေး မိနေတယ်။ အဲဒါကိုတော့ ပေါက်စီ ပြချင်နေတယ်။ ဘာလို့လဲဆိုတော့ လူတွေက မအေးသောင်း ဆိုတာ ဘာလဲပေါ့။ သူဘာအနုပညာတွေ လုပ်လဲပေါ့။ ကိုယ့်ကို ခေါင်းစဉ် ရှာမရဘူး ဖြစ်နေတယ်။ လူတွေက ကိုယ့်ကို တွေ့လိုက်ရင် မြန်မာဝတ်စုံလေးနဲ့ ဆိုတာပဲသိတယ်။ ကျန်တာ ဘာဆက်ပြောမလဲ ဆိုရင် ဘယ်ရုပ်ရှင်မှာ၊ ဘယ်ကားမှာ ဘာလုပ်တယ်ဆိုတာ တွေ့စေချင်တယ်ပေါ့။ မေး။ ။ ပေါက်စီက Music Video ခေတ်ဦး (ဗီစီဒီ ကာရာအိုကေခေတ်) ကိုလည်း မှီလိုက်တော့ အခု Facebook ခေတ်နဲ့ အရင်ခေတ် အောင်မြင်ဖို့အတွက် ဘယ်ခေတ်က ပိုလွယ်ကူလဲ။ ဖြေ။ ။ လွယ်တယ်၊ မလွယ်ဘူးဆိုတာကတော့ ကိုယ့်အပေါ်ပဲ မူတည်တယ်လို့ ထင်တယ်။ လွယ်လွယ်ကူကူနဲ့ ရပ်တည်ချင်ရင်တော့လည်း ပေါ့ပေါ့လေးတွေးလိုက်ရင်လည်း ရတာပဲလေနော်။ဟို MTV ထွက်လည်း ကိုယ်ပဲ၊ ဒီ MTV ထွက်လည်း ကိုယ်ပဲတော့ ဖြစ်နေတယ်။ အခုကျတော့ မင်းသမီးတွေ မော်ဒယ်တွေ များလာတယ်။ ပြိုင်ဘက်တွေ များလာတယ်။ ပြိုင်ဘက်များတဲ့အတွက် ပိုပြီးတော့ ကြိုးစားရတယ်။ အဲဒါကြောင့် ပိုကောင်းသွားတာလည်း ရှိမယ်။ “မအေးသောင်း” လို့ ချစ်စနိုးခေါ်ကြတဲ့ အေးဝတ်ရည်သောင်း မေး။ ။ ပေါက်စီက သီချင်းခွေလည်းလုပ်ခဲ့ဖူးတယ်နော်။ IC Band နဲ့ သေသေချာချာကို လုပ်ခဲ့တာ။ ဟိုတလောကလည်း သီချင်းတပုဒ် လုပ်ခဲ့တော့ ရှေ့ဆက်လာမယ့်သီချင်းကဏ္ဍတွေရော ရှိနိုင်မလား။ ဖြေ။ ။ သီချင်းကတော့ ပေါက်စီ ဝါသနာပါလို့ကို ဆိုတာ။ IC ကိုလည်း အရမ်းကြိုက်လို့။ အဲဒီ အချိန်က ရိုက်ကူးရေး ဘက်များနေလို့ သီချင်းကို Own tune ပဲ လုပ်ဖြစ်တယ်။ ကော်ပီကျတော့ ကိုယ်ဆိုတဲ့ အချိန်မှာ တခြားလူက ထွက်သွားနှင့်ပြီ၊ အလျဉ်မမှီဘူး။ ဒါကြောင့် Own tune လုပ်ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် မှတ်တိုင်တခုအနေနဲ့ ကျေနပ်တာပေါ့နော်။ ဒါပေမယ့် ကိုယ့်အခွေ တခွေလုံး ပြန်နားထောင်ကြည့်ရင် နားငြီးတယ်။ ကိုယ့်အခွေကိုလည်း တခွေလုံး နားမထောင်နိုင်ဘူး။ ဘယ်လိုမှ မခံစားနိုင်ဘူး။ အဲဒီအချိန်က Punk တွေ ၊ Rock တွေ တအားကြိုက်တယ်လေ။ တန်ပါတယ်။ ကိုယ်လုပ်ချင်တာတွေ လုပ်ခဲ့ရလို့လေ။ ဘုရားကျောင်းမှာလည်း ပေါက်စီက အမြဲ ဆိုတယ်လေ။ ဒါပေမယ့် ပေါက်စီမှာ အဆိုတော်ဖြစ်မယ့် ကံမပါဘူး။ အသံနဲ့လည်း မနှိပ်စက်ချင်တော့ဘူး။ ကိုယ့်အခွေကို တခွေလုံး နားထောင်လိုက်ရင် စိတ်ဓာတ်ကျသွားတယ် ဆိုရင်လည်း အပျော်ပဲ ဝါသနာရှင်တယောက်အနေနဲ့ ဆိုဖြစ်မယ်။ Professional တော့ မလုပ်တော့ပါဘူး။ မေး။ ။ မအေးသောင်း အခုလိုနုပျိုနေတဲ့ လျှို့ဝှက်ချက်က အချစ်ကြောင့်လား။ Facebook မှာဆို အမြဲ Feeling post တွေ တွေ့လို့လေ။ ဒါက ကိုယ်ပိုင်ခံစားချက်တွေပဲလား။ ဖြေ။ ။ အချစ်ရေးကတော့ အေးဆေးပါပဲ။ ပေါက်စီက အဲဒါကြီးကို အကြီးမားကြီးတော့ မဖြစ်ဘူး ပေါ့နော်။ ပြီးတော့ ပေါက်စီက ဒီအရွယ်ရောက်မှတော့ စိတ်မညစ်ချင်ဘူး။ ပြီးတော့ ပေါက်စီက လွမ်းတာကို ကြိုက်တယ်။ အဲဒါကြောင့် ကိုယ်တိုင်ကလည်း သက်သက်မဲ့ကို ရန်ရှာ ၊ ပြဿနာရှာ။ လွမ်းချင်လို့ကို အဲဒီလိုလုပ်တာလည်း ရှိတယ်။ Drama Queen ပေါ့နော်။ ဖုန်းတွေက ကိုယ်မဆက်တာ။ ဒါပေမယ့် ကိုယ်ပဲ Feel နေတာ။ ဝတ္ထုတွေဖတ်ရင်လည်း ဝတ္ထုထဲက အတိုင်း ခံစားပြီး အပြင်မှာ အဲဒီလိုဖြစ်နေရော။ ပေါက်စီက စိတ်နှစ်ခွ။ လွမ်းလည်း အရမ်းလွမ်းတတ်၊ ချစ်လည်း အရမ်းချစ်တတ်တယ်။ ဒါပေမယ့် တဖက်မှာလည်း အချစ်အတွက် စိတ်မညစ်ချင်ဘူး။ တကယ်က ကိုယ်ပဲ မျိုးစုံ ကနေတာ။ ကြည့်ရတာ မေထုန်ရာသီဖွားမို့လား မသိဘူး။ မေထုန်တွေက စိတ်နှစ်ခွ ရှိတတ်တယ်လေ။ မေး။ ။ အဲဒီတော့ ကိုယ့်ရဲ့ ဆိုးနွဲ့မှုတွေကို ကိုယ့်ချစ်သူက ဘယ်လိုတုံ့ပြန်လဲ။ ဖြေ။ ။ ကိုယ့်ချစ်သူက ကိုယ့်ကို သည်းခံတယ်။ ကိုယ်ကဆိုးနေတာလေ။ ကိုယ်ချစ်တဲ့ သူတွေအားလုံးက သည်းခံကြတယ်။ မေး။ ။ ကိုယ့်ချစ်သူအပေါ် နာမ်စားက ကိုကိုလား၊ မောင်လား၊ ကိုကြီးလား။ ဖြေ။ ။ “သူ” ပေါ့။ မေး။ ။ မအေးသောင်းရဲ့ ဆိုးနွဲ့တာခံနေရတဲ့ ချစ်သူအတွက် မအေးသောင်းရဲ့ စကား လက်ဆောင်က…။ ဖြေ။ ။ ချစ်သူအတွက်ကတော့ ပေါက်စီကို စိတ်ပျက်မသွားနဲ့ပေါ့။ အမြဲတမ်း ချော့နေပါပေါ့။ ။ ဆက်စပ် သတင်းလင့်ခ် – ဧရာဝတီသတင်းဌာန ၂၅နှစ်ပြည့်အတွက် မအေးသောင်းရဲ့ ဆုတောင်းစကား “တကယ်ယူတော့မယ် ဆိုမှပဲ ပရိသတ်ကိုကြေငြာပါ့မယ်” ဆိုတဲ့ မအေးသောင်းရဲ့ အချစ်ရေး The post လွမ်းရတာ နှစ်သက်တဲ့ “မေထုန်ရာသီဖွား မအေးသောင်း” appeared first on ဧရာဝတီ.
Source : https://ift.tt/2BEzwjQ
via IFTTT


ကမ္ဘာတဝှမ်းက ရုပ်ရည်အချောမောဆုံး ဘောလုံးသမား ၇ ယောက် ပရိသတ်အားအပေးဆုံးနဲ့ အအောင်မြင်ဆုံး အားကစားတွေထဲမှာ ဘောလုံးအားကစားဟာ ထိပ်ဆုံးက နေရပ်တည်နေတာဖြစ်ပြီး ကမ္ဘာတဝှမ်းလုံးမှာ ဘောလုံးကစားသမားပေါင်း ၂၆၅ သန်း ကျော်ရှိပါတယ်။ အဲဒီထဲကမှ နာမည်ကြီးကစားသမားတွေလည်း ဖြစ်သလို ရုပ်ရည် အချောမောဆုံးလည်း ဖြစ်တဲ့ ဘောလုံးသမားတွေကို ဗဟုသုတအနေနဲ့ ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။ (၁) Cristiano Ronaldo “ဒိုလေး” လို့ ချစ်စနိုးခေါ်ကြတဲ့ ကိုယ်ပိုင်စတိုင်အပြည့်ရှိတဲ့ ဘောလုံးကစားသမား စီရော်နယ်ဒိုဟာ ဆိုရင်တော့ နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားနေဆဲ ကစားသမားတဦး ဖြစ်ပါတယ်။ ဖက်ရှင် အကျဆုံး ဘောလုံးသမားတွေ စာရင်းမှာလည်း ပါဝင်တဲ့ စီရော်နယ်ဒိုဟာဆိုရင် ကစားသမား လောကမှာ အောင်မြင်မှုများစွာကို သိမ်းပိုက်ထားနိုင်သူတဦး ဖြစ်ပါတယ်။ (၂) Lionel Messi ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံရပြီး အာဂျင်တီးနား ကစားသမား တဦးဖြစ်တဲ့ Messi ဟာဆိုရင်လည်း ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသူဖြစ်တာကြောင့် ရုပ်ရည် အချောမောဆုံး ဘောလုံးသမားတွေစာရင်းမှာ နံပါတ် ၂ နေရာကနေ ရပ်တည်နေတာ ဖြစ်ပါတယ်။ (၃) Riccardo Kaka ဘရာဇီး ကစားသမားတဦးဖြစ်တဲ့ Riccardo Kaka ဆိုရင်တော့ ဘရာဇီးအသင်း ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့၊ ကလေးဆန်ဆန် ချစ်စရာကောင်းတဲ့ ကစားသမားတဦးဖြစ်ပြီး ပျိုမေတွေကြားမှာ ရေပန်းစားသူတဦးလည်း ဖြစ်ပါတယ်။ (၄) David Villa New York City ကလပ်ရဲ့ တိုက်စစ် ကစားသမားတဦးဖြစ်တဲ့ David Villa ဟာ ဆိုရင် အသက် ၃၆ နှစ်အရွယ် ရှိပြီဖြစ်ပေမယ့် ဆွဲဆောင်မှု ရှိနေဆဲ ရုပ်ရည်ချောမောတဲ့ ကစားသမားတဦးပဲ ဖြစ်ပါတယ်။ (၅) Neymar ဝင်ငွေအကောင်းဆုံး ဘောလုံးသမား စာရင်းဝင်တဦးဖြစ်တဲ့ Neymar ဟာ ဆိုရင် နာမည်ကြီး ထုတ်ကုန်တွေမှာပါ ကြော်ငြာ လက်ခံရိုက်ကူးနေတဲ့ ရုပ်ရည်ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ ကစားသမားတဦး ဖြစ်ပါတယ်။ (၆) Mario Gotze ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်အသင်းတွေမှာ ကျင်လည် ကစားခဲ့ဖူးတဲ့ Mario Gotze ဟာ ဆိုရင်တော့ ချစ်စရာကောင်းတဲ့ အပြုံး၊ မျက်လုံးတောက်တောက်တွေနဲ့ ပျိုမေတွေကို ဖမ်းစားနိုင်တဲ့ ရုပ်ရည် ချောမောသူတဦး ဖြစ်ပါတယ်။ (၇) Gerard Pique ဘာစီလိုနာနဲ့ စပိန်အသင်းတွေမှာ ကစားတဲ့ Gerard Pique ဟာ ဘောလုံးစကေးပိုင်းမှာလည်း ပြောစရာ မရှိသလို ချောမောခန့်ညားတဲ့ ရုပ်ရည်ကြောင့်လည်း လူသိများကျော်ကြားလှတဲ့ ကစားသမားတဦး ဖြစ်ပါတယ်။ Ref : www.trendrr.net The post ကမ္ဘာတဝှမ်းက ရုပ်ရည်အချောမောဆုံး ဘောလုံးသမား ၇ ယောက် appeared first on ဧရာဝတီ.
Source : https://ift.tt/2Lo8mx0
via IFTTT

အာဏာသိမ္းတာ မဟုတ္ဘူး

အာဏာသိမ်းတာ မဟုတ်ဘူး နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ္ပလန်(NSCN-K) အဖွဲ့အစည်းအတွင်းတွင် ယခုလ ၁၇ ရက်နေ့က ဥက္ကဋ္ဌ အပြောင်းအလဲ ဖြစ်သွားခဲ့သည်။ ဤအပြောင်းအလဲကို တချို့က NSCN-K အတွင်း အာဏာ သိမ်းမှု ဖြစ်ခြင်းဟုလည်း ဆိုနေကြသည်။ သို့သော်လည်း အပြောင်းအလဲသည် သွေးထွက် သံယိုမှု မရှိဘဲ ပြီးဆုံးသွားခဲ့ပြီး NSCN-K ဥက္ကဋ္ဌ ဦးခါးငေါ် (Khango Konyak) ကို NSCN-K အဖွဲ့အစည်းအတွင်း က ဖြုတ်ချလိုက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးယုံးအောင် (Yung Aung) အား ဥက္ကဋ္ဌ အဖြစ် တင်မြောက်လိုက်ကြသည်။ ဥက္ကဋ္ဌသစ်ဖြစ်သူ ဦးယုံးအောင်သည် ကွယ်လွန်သွားသည့် NSCN-K ဥက္ကဋ္ဌ အက်စ်အက်စ်ကပ္ပလန်၏ တူတော်စပ်သူဖြစ်ပြီး နာဂလူမျိုးများကြား ခေတ်ပညာတက် တယောက်ဖြစ်သည့်အတွက် NSCN-K ကို ဦးဆောင်နိုင်မည့် ပုဂ္ဂိုလ်ဟု ယုံကြည်ခြင်းကြောင်း NSCN-K ဘက်ဆိုသည်။ ထို့ကြောင့် ခေါင်းဆောင်သစ်နှင့် NSCN-K အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေအချို့နှင့် ပတ်သက်ပြီး NSCN-K မှ ဗဟိုကော်မတီဝင်လည်းဖြစ် သာသနာရေးဝန်ကြီး လည်းဖြစ်သူ ဦးကျော်ဝမ်းစိန်ကို ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ်မေးမြန်း ထားသည်။ မေး ။ ။ အခု ဥက္ကဋ္ဌ အပြောင်းအလဲ လုပ်ထားတယ်ဆိုတော့၊ ဘယ်လို အခင်းအကျင်းတွေ လုပ်နေလဲ ဘာတွေ လုပ်ဆောင်သွားမလဲ သိချင်ပါတယ်။ ဖြေ ။ ။ ကျနော်တို့ ဥက္ကဋ္ဌ ပြောင်းလဲသွားတယ်ဆိုတော့ အခုချိန်မှာ ကျနော်တို့အတွင်းမှာ ရှိတဲ့ လူကြီး တွေပေါ့နော်။ ဘယ်သူက ဘာလုပ်ငန်းတွေ လုပ်ရမယ်၊ အဲဒီအပိုင်းပဲ ရှိသေးတယ်။ မေး ။ ။ အဖွဲ့အစည်း အတွင်းထဲမှာ ဘယ်လိုတွေ ဖြစ်သွားလို့ ဦးခါးငေါ်ကို ဥက္ကဋ္ဌတာဝန်ကနေ ဖြုတ်ချလိုက်တာလဲ။ ဖြေ ။ ။ ဒီဥက္ကဋ္ဌ (ဦးခါးငေါ်) ကို ကျနော်တို့ အပြောင်းအလဲ လုပ်လိုက်ရတဲ့ အကြောင်းအရင်းကတော့ သူက စစ်တပ် (NSCN-K တပ်ဖွဲ့) ဘက်မှာ သူလုပ်ခဲ့တာ တော်တော်ကြာခဲ့ပါတယ်။ ဒုတိယသမ္မတ နေရာမှာလည်း သူက ၂၀၁၁ ခုနှစ်လောက်က တာဝန်ယူခဲ့တယ်။ အဲနောက် ကျနော်တို့ အက်စ်အက်စ်ကပ္ပလန် ကွယ်လွန် (၂၀၁၇ ခုနှစ်) ပြီးနောက် သူ့ (ဦးခါးငေါ်) ကို ဥက္ကဋ္ဌ တင်မြောက်လိုက်တာပေါ့။ အဲလို တင်မြောက်လိုက်တဲ့အခါ ဒီ ၁ နှစ်ကျော်အတွင်းမှာ သူက ဦးဆောင်နိုင်တဲ့ အခြေအနေမရှိတဲ့ပုံစံမျိုး ဖြစ်သွားတယ်၊ ကျနော်တို့ NSCN အတွင်းမှာ ဝန်ကြီးဋ္ဌာနဆိုတာတွေလည်း ရှိတယ်၊ ပါတီလုပ်ငန်းတွေလည်း အများကြီး ရှိတာပေါ့၊ အဲလိုရှိတဲ့အခါမှာ သူက ဒါတွေကို ဦးဆောင်နိုင်စွမ်း မရှိတော့ဘူး။ ဒါ တချက်ပေါ့။ နောက်တခုက ဘာလဲဆိုတော့ သူက ဒုသမ္မတ၊ ဒုဥက္ကဋ္ဌပေါ့။ ဒါတွေလည်း ခန့်အပ်ဖို့ သင့်တယ်ပေါ့။ လူမရှိတာ လည်း မဟုတ်ဘူး၊ ခန့်အပ်ဖို့ လူတွေကိုလည်း ရွေးချယ်ပြီးတော့ ပေးအပ်ထားတာရှိတယ်။ အဲဒါ သူက မခန့်အပ်တဲ့ အပိုင်းတွေ ပါလာတယ်။ အဲနောက် ဝန်ကြီးတွေကိုလည်း တာဝန်တွေ မပေးနိုင်ဘူး။ အာဏာကို မပေးအပ်နိုင်ဘူး၊ ဒီဟာတွေ ဆောင်ရွက်ပါ၊ ဒီဟာတွေ လုပ်ပါဆိုတာ မရှိဘူး။ သူက အားလုံးသူ့ဆီမှာဘဲ ချုပ်လိုက်တာ၊ ချုပ်လိုက်တဲ့အခါကျတော့ ဒီမှာက ဘာမှလည်း လည်ပတ်လို့မရတော့ဘူး။ အဲလိုမျိုး အခြေအနေတွေလည်း ဖြစ်လာတယ်။ အဲလို ဖြစ်လာတဲ့အခါကျတော့ လူထုနဲ့ ဆက်ဆံတဲ့ နေရာမှာ တော်တော်လေး နည်းသွားတယ်။ အားလုံး သူက ချုပ်ကိုင်လိုက်တဲ့အခါကျတော့ ကျနော်တို့ အဖွဲ့အစည်း အတွင်းမှာ လည်ပတ်မှုပေါ့၊ စားရေး သောက်ရေးက အစပေါ့။ လည်ပတ်မှုတွေ အားလုံးက အခက်အခဲတွေ ဖြစ်ကုန်တာ၊ အဲဒါကြောင့်မလို့ လူမျိုးတခုကို မဦးဆောင်နိုင်တဲ့ ပုဂ္ဂိုလ် တဦးတယောက် ဖြစ်သွားတာပေါ့။ အဲလိုဆိုတော့ ကျနော်တို့က ကျနော်တို့ပါတီရဲ့ ဥပဒေ စည်းမျဉ်း စာအုပ်တွေရှိတယ်၊ အဲဒါ ပါတီဥပဒေ စည်းမျဉ်း စာအုပ်သည် ကျနော်တို့ပါတီ၊ အစိုးရရဲ့ စည်းမျဉ်းတွေရှိတယ်၊ အဲဒီမှာ ဥက္ကဋ္ဌ တဦးတယောက်ရဲ့ ခေါင်းဆောင်မှုက တဦးတယောက်တည်း အပေါ်မှာဘဲ လုပ်ခွင့်မရှိဘူးပေါ့။ အဲဒါနဲ့အညီ သူက အခုလို ရပ်နားခြင်း ခံလိုက်ရတယ်။ မေး ။ ။ ဒီကိစ္စက NSCN-K ထဲမှာ အာဏာ သိမ်းမှု တခုဖြစ်တယ်လို့ ပြောတာတွေ ရှိတယ်၊ အဲဒါက ဟုတ်လား။ ဖြေ ။ ။ အာဏာ သိမ်းမှု တခု ဖြစ်တယ်ဆိုတာတော့ ဘေးကနေပြောရင်တော့ အဲလိုတွေ ပြောတာက မှန်မယ်။ ဒါပေမယ့် အတွင်းရေးမှာ အာဏာသိမ်းတာတော့ မဟုတ်ဘူး။ ဒါက ကျနော်တို့ ဝန်ကြီးဋ္ဌာနတွေ အားလုံး ကျနော်တို့ ရာခိုင်နှုန်း ၉၉ က သဘောတူပြီးတော့မှ၊ နောက် ပါတီဘက်က လူကြီးတွေလည်း ရာခိုင်နှုန်း ၉၉ လောက်က သဘောတူညီပြီးတော့မှ သူ့ကို တာဝန်ကနေ ရပ်နားလိုက်ခြင်း ဖြစ်တယ်။ မေး ။ ။ အခု ဦးခါးငေါ်က အိန္ဒိယနွယ်ဖွား ခေါင်းဆောင် တချို့နဲ့အတူ ထွက်သွားတယ်ဆို တော့ တခြား အဖွဲ့အစည်းတခု ထူထောင်ပြီးတော့ ပြန်လာနိုင်သလား၊ ဘယ်လို ပုံစံမျိုးနဲ့ ဖြုတ်ချလိုက်တာလဲ။ ဖြေ ။ ။ အဲဒါကတော့ ကျနော်တို့အနေနဲ့ ဖြုတ်ချလိုက်တာကတော့ သူက အရပ်သား တယောက်အနေနဲ့ ဘဲ ကျနော်တို့ ထားလိုက်တော့တာ၊ အရပ်သား တယောက်၊ ပြည်သူတယောက်အဖြစ်နဲ့ ကျနော်တို့က သူ့ကို ရပ်နားလိုက်တာပေါ့။ ဆိုတော့ သူက ဒီမြန်မာပြည်ဘက်ခြမ်းမှာဆိုရင်တော့ မြန်မာပြည်ဘက်ခြမ်း နေနေ၊ အိန္ဒိယ ပြည်ဘက်ခြမ်း နေနေပေါ့၊ နာဂလန်း (အိန္ဒိယနိုင်ငံအတွင်းမှာရှိ) မှာ နေနေပေါ့၊ ဒါက သူ့အပိုင်း။ သူ့အိမ်ကတော့ နာဂလန်းမှာ ရှိတယ်။ အဲလိုဆိုတော့ သူက အရပ်သား တယောက်အနေနဲ့ သွားနေဖို့ဘဲ ရှိ တယ်။ အဲကနေ တဆင့် သူက တခြားသော ကျနော်တို့နဲ့ ပါတီခွဲခဲ့တဲ့ လူတွေရှိတယ်။ အဲဒီလူတွေနဲ့ ပူးပေါင်းသွားတာတို့၊ ဘာတို့ကတော့ ကျနော်တို့ကတော့ မသိတော့ဘူး၊ အဲအပိုင်းကတော့ ကျနော်တို့ တာဝန်လည်း မရှိတော့ဘူး။ တာဝန်လည်း မယူတော့ဘူး။ သိလည်း မသိတော့ဘူးပေါ့၊ နောက်အပိုင်းကတော့ ကျနော်တို့ မသိဘူး။ မေး ။ ။ အခု ဥက္ကဋ္ဌ အပြောင်းအလဲ ဖြစ်သွားတော့၊ NSCN-IM နဲ့ NSCN-K ကွဲနေတဲ့ဟာကရော ဘယ်လိုမျိုး ချိတ်ဆက်ပြီးတော့ ပူးပေါင်းသွားဖို့ရှိလဲ၊ ဒါမှ မဟုတ် ဒီတိုင်းဘဲ သီးသန့်စီ နာဂအရေးကို လုပ်မှာ လား၊ ဘယ်လို ပုံစံနဲ့ သွားဖို့ရှိပါသလဲ။ ဖြေ ။ ။ အဲဒါကျတော့ ကျနော်တို့ NSCN-K နဲ့ NSCN-IM ပေါ့၊ ဒီအကြားမှာ ပူးပေါင်းဖို့ကတော့ နိုင်ငံရေး လမ်းကြောင်းအရ၊ စဉ်းစားတွေးခေါ်မှုအရ အခု လောလောဆယ်မှာ ပေါင်းစပ်လို့တော့ မရဘူး။ အခု ကျနော်တို့ ဒီခေါင်းဆောင်သစ်ရဲ့ လက်ထက်မှာ ပေါင်းနိုင်တဲ့ လမ်းကြောင်းလည်းမတွေ့ရဘူး။ ဘာလို့ဆို ကျနော်တို့က အစတုန်းက ရပ်တည်ထားတဲ့အတိုင်းပဲ ရှိတယ်။ အခု ခေါင်းဆောင် အသစ် လဲတယ်ဆိုပေမယ့်လည်း အဲဒီအတိုင်းဘဲ ရှိတဲ့အခါကျတော့ သူတို့ (NSCN-IM)နဲ့ ပေါင်းတာတို့၊ ဘာလုပ်ဖို့၊ ညာလုပ်ဖို့ အဲဒါမျိုးတော့ မရှိဘူး အခုထိတော့။ မေး ။ ။ ဥက္ကဋ္ဌသစ်က ဦးကပ္ပလန် ရဲ့ တူလို့ သိရတယ်၊ သူက ဘယ်လို ဖြတ်သန်းခဲ့လဲ၊ ဘယ်တွေမှာ ပညာသင်ခဲ့လဲ၊ ဘာတွေ လုပ်ဆောင်ခဲ့လဲ၊သူ့အကြောင်းလေး သိချင်ပါတယ်၊ ဖြေ ။ ။ သူက အသက် ၄၅ နှစ်ရှိတယ်။ သူက မဏိပူရမှာ နိုင်ငံရေးသိပ္ပံကို သင်ကြားခဲ့တဲ့ ပုဂ္ဂိုလ် တဦးဖြစ်တယ်။ ၁၉၉၄ မှာ သူပြန်ရောက်ခဲ့တယ်။ ပြန်ရောက်ခဲ့ပြီးတော့ ၁၉၉၈ မှာ သူ NSCN-K အဖွဲ့ အစည်းထဲ ပြန်ဝင်တာပေါ့။ အဲကနေ ကျနော်တို့ NSCN-K ရဲ့ တာဝန် လုပ်ငန်းတွေကို စတင် ထမ်းဆောင်ခဲ့တာပေါ့။ သူအဲလို ထမ်းဆောင်ခဲ့တဲ့အချိန်မှာ အရူနားချား ပရာဒေ့ရှ်မှာ သူက လုံခြုံရေးပိုင်းဆိုင်ရာကို တာဝန် ထမ်းဆောင် ခဲ့တယ်။ အဲလိုဖြတ်သန်းလာခဲ့တယ်။ မေး ။ ။ ဦးယုံးအောင်ကို ဥက္ကဋ္ဌအဖြစ် ယုံယုံကြည်ကြည် ရွေးချယ်ခဲ့တာက ဘယ်လို အကြောင်းအရာတွေကြောင့်မလို့ ရွေးချယ်ခဲ့တာလဲ၊ သူကရော ဘယ်လောက်အထိ စွမ်းဆောင်နိုင်မယ်လို့ အဖွဲ့အစည်းထဲမှာ ယုံကြည်ထားလဲ။ ဖြေ ။ ။ သူက အတွေးအခေါ် ကောင်းတဲ့ လူတယောက် ဖြစ်ပါတယ်၊ ပညာရေးကဏ္ဍမှာဆိုလည်း သူသင်ကြားခဲ့တာက နိုင်ငံရေးသိပ္ပံဆိုတော့ အတွေးအခေါ် ကောင်းတယ်၊ အပြောအဆို ကောင်းတယ်၊ လူတိုင်းနဲ့ အကောင်းဆုံးဖြစ်အောင် သူက ဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ အကောင်းဆုံးဖြစ်အောင် သူက ပြောတတ် တယ်။ စိတ်သဘောထားမှာလည်း သူက ရိုးရိုး ရှင်းရှင်းနဲ့ပေါ့၊ အနာဂတ်မှာ ဖြစ်မယ့် ကိစ္စတွေ အားလုံးကို ပြဿနာ မဖြစ်အောင်ပေါ့၊ အကောင်းဆုံးသော နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ သူက အဲလိုမျိုး ပုဂ္ဂိုလ်ဖြစ်တဲ့အခါကျတော့ သူရဲ့ လက်အောက်မှာရှိတဲ့ တပည့်ပေါ့၊ ရဲဘော် ရဲဖက်တွေပေါ့၊ ကျေးရွာမှာ ရှိတဲ့၊ နယ်မှာရှိတဲ့ ပြည်သူလူထု အသီးသီးပေါ့၊ ခေါင်းဆောင် အသီးသီး အားလုံးကလည်း သူ့ကို ကြိုက်နှစ်သက်တယ်။ အဲလိုမျိုး သဘောထား ရှိတဲ့ ပုဂ္ဂိုလ်ဟာ အက်စ်အက်စ်ကပ္ပလန် လက်ထက်မှာ သူက ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး အဆင့်ထိ တက်လှမ်းလာနိုင်ခဲ့တယ်၊ အဲလိုမျိုး ခန့်အပ်ခြင်းကို ခံရပြီးတော့မှ သူက တာဝန်ကို ထမ်းဆောင်လာခဲ့တယ်။ အဲလိုမျိုး ပုဂ္ဂိုလ်ဖြစ်တဲ့ အခါကျတော့ ကျနော်တို့ အားလုံး ပြန်ချင့်ချိန် ရွေးချယ်တာ ပေါ့။ အခုခေတ် အခါအရပေါ့၊ ရေစီးကြောင်းအရ ကျနော်တို့ နိုင်ငံရေး အခြေအနေကို ဖြေရှင်းနိုင်သလို စွဲဆောင်နိုင် တဲ့လူ၊ ဦးဆောင်နိုင်တဲ့လူ ဒီလူပုဂ္ဂိုလ်ထဲမှာ ဒီခေတ်ပညာတတ်ကို အဓိကထားပြီးတော့ ကျနော်တို့ ရှာတဲ့အခါ မှာ အခု ဦးယုံးအောင် ဆီမှာ အားလုံးရဲ့ သဘောထားတွေ ရောက်သွားခြင်း ဖြစ်တာပေါ့။ အဲအတွက်ကြောင့်မလို့ သူ့အပေါ်မှာ ကျနော်တို့ အားလုံးက သဘောတူပြီးတော့မှ တာဝန်ပေးထားခြင်း ဖြစ်တယ်။ ဆိုတော့ သူက ခေတ်သစ် လူငယ် ပညာတတ်ထဲမှာ ပါတယ်။ အတွေးအခေါ်ကောင်းတယ်၊ အမျှော် အမြင် ကျယ်တယ်ဆိုတော့ သူ့ရဲ့သက်တမ်းမှာတော့ သူ့ရဲ့ စွမ်းဆောင်နိုင်မှုက အားလုံး သဟဇာတ ဖြစ်အောင် ဦးဆောင်သွားနိုင်မယ်လို့ ကျနော်တို့ အားလုံးယုံကြည်ထားတယ်။ မေး ။ ။ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး သူ ဘယ်လို စဉ်းစားမှု ရှိလဲ၊ NCA ထိုးနိုင်ရေးကို လာနိုင်တဲ့ အခြေအနေရှိလား၊ သူဘာတွေ လုပ်ဆောင်သွားဖို့ ရှိလဲ။ ဖြေ ။ ။ ဒီငြိမ်းချမ်းရေး ကိစ္စမှာတော့ ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ထိုးတဲ့ အခါမှာ သူက ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး နေရာ ရောက်သွားပြီး အဲဒီ အပစ်အခတ်ရပ်စဲရေး ထိုးတဲ့ အခါမှာလည်း သူလည်း ကိုယ်တိုင် ပါဝင်ခဲ့တယ်။ ကွယ်လွန်သွားတဲ့ ဥက္ကဋ္ဌကြီးကို အကြံဉာဏ်ပြုခဲ့တာလည်း အများကြီး သူလုပ်ခဲ့တယ်။ ဒါတွေက လုပ်သင့် လုပ်ထိုက်တဲ့ဟာတွေ ဖြစ်တယ်ပေါ့။ အဲလိုမျိုး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲလိုဆိုတော့ သူ့ရဲ့ လက်ထက်မှာလည်း မြန်မာနိုင်ငံတော် အစိုးရနဲ့တော့ အတက်နိုင်ဆုံး သူလည်း ငြိမ်းချမ်း အောင်၊ Peace ဖြစ်အောင် လုပ်သွားမယ်ဆိုတဲ့ သဘောရှိတယ်။ ဒါပေမယ့်လို့ NCA နဲ့ ပတ်သက်လာတဲ့ ကိစ္စ မှာတော့ အခုထိ သူကလည်း ဘာမှ မပြောသေးဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စဟာ နိုင်ငံရေး ကိစ္စလည်း ဖြစ်တာဆိုတော့ အားလုံးရဲ့သဘောတူညီချက် ရမှဘဲ သူကလည်း ဆုံးဖြတ်ချက်ပေးလို့ ရမယ်၊ သူ ဥက္ကဋ္ဌဖြစ်တိုင်း သူလည်း သူတဦးတယောက်အနေနဲ့ ဆုံးဖြတ်ချက် ပေးလို့တော့ အဆင်မပြေနိုင်ဘူး ထင်တယ်။ မေး ။ ။ NCA နဲ့ ပတ်သက်ပြီးတော့ လောလောဆယ်မှာ မဆုံးဖြတ်ရသေးဘူးဆိုတော့၊ ဒါနဲ့ပတ်သက်ပြီး တော့ သီးသန့် အစည်းအဝေး လုပ်ပြီးတော့ ဒါကို သွားသင့်/မသွားသင့် ဆွေးနွေးတာတို့ရှိလား၊ ဘယ်လိုပုံစံ မျိုး တွေ ဆောင်ရွက်နေတာ ရှိပါသလဲ။ ဖြေ ။ ။ ကျတော့ ဒီဟာကို ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတာကို အားလုံး စုစည်းပြီးတော့မှ အစည်းအဝေး လုပ်ရမယ်၊ ကျနော်တို့ လုပ်ထုံ လုပ်နည်း ပုံစံအရပေါ့။ အဲလို လုပ်ပြီးမှဘဲ ကျနော်တို့ နိုင်ငံတော် အစိုးရကို ဘယ်လို အကြောင်းပြန်ပေးရမလဲ ၊ အဲလိုလာမယ် ထင်တယ်။ အဲလို ဖြစ်လာတဲ့ အခါမှဘဲ ဘယ်လို ပုံစံကိစ္စမှာ ဘယ်လို တုန့်ပြန်မလဲ၊ အဲလိုမျိုး သဘောထား ရှိတယ်။ အခုလောလောဆယ်မှာတော့ ကျနော်တို့ ဥက္ကဋ္ဌရဲ့ သဘောထားတော့ မသိရသေးဘူး။ မေး ။ ။ ခေါင်းဆောင် အပြောင်းအလဲ ဖြစ်တော့ NSCN-K ရဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အခြေအနေကရော ဘယ်လိုရှိလဲ၊ ဖြေ ။ ။ ကျနော်တို့ မဟာမိတ်ဖွဲ့စည်းမှုမှာ ကျတော့ ဒီဝိဇီယားဆိုပြီးတော့မှ ရှိတယ်၊ ဝိဇီယားမှာကျတော့ အဖွဲ့အစည်းက အများကြီးတော့ မပါလာသေးဘူး၊ အဲဒါက ၃-၄ ဖွဲ့လောက်ဘဲ ရှိအုံးမယ် ထင်တယ်။ ပါဝင်ကျတဲ့ ဟာအဖွဲ့တွေကတော့ အိန္ဒိယမှာ ခိုလှုံလို့ မရတဲ့ အဖွဲ့အစည်းတွေပေါ့။ ကျနော်တို့ NSCN ရှိတဲ့ နေရာမှာ သူတို့ လာပြီးတော့မှ ခိုလှုံတဲ့အဖွဲ့တွေ ရှိတယ်။ အဖွဲ့အစည်း တချို့တွေရှိတာပေါ့။ ဒါတွေကျတော့ ဥက္ကဋ္ဌကနေပြီးတော့မှ ဘယ်လိုပုံစံနဲ့ ဖော်ဆောင်သွားမလဲ၊ လက်တွဲသွားမလဲ၊ ဒါကျတော့ ဥက္ကဋ္ဌအပေါ်မှာ တာဝန်ရှိတယ်၊ ကျနော်တို့လည်း ဒီအကြောင်းတော့ ဖြေကြားလို့တော့ မရဘူး။ မေး ။ ။ အရင်က အိန္ဒိယနဲ့ NSCN-K ၂၀၀၁ ခုနှစ်တုန်းက အပစ်ရပ် လက်မှတ်ထိုးခဲ့ဖူးတယ်။ ပြန်ပျက်သွား တယ်၊ အခု အိန္ဒိယနဲ့ ပြန်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးသွားဖို့ ရှိလား။ ပြီးတော့ နယ်စပ် ဖြတ်ကျော်ပြီး အိန္ဒိယကို သွားတိုက်တဲ့ ကိစ္စတွေကရော စစ်ပွဲမဖြစ်အောင် ထိန်းပြီး ငြိမ်းချမ်းရေးကို ဘယ်လို ပုံစံနဲ့ ဆက်သွားမလဲ၊ လူထု မထိခိုက်အောင် ဘယ်လိုပုံစံနဲ့ သွားဖို့ စဉ်းစားထားတာ ရှိပါသလဲ။ ဖြေ ။ ။ ကျနော်တို့ အိန္ဒိယနဲ့ ငြိမ်းချမ်းရေး ပျက်ပြယ်သွားတာတော့ ၂၀၁၅ ကတည်းက ဖြစ်သွားတာပေါ့ နော်၊ အဲလိုဆိုတော့ ၂၀၁၅ ကနေ ရှေ့ ၂ လလောက်ကပေါ့၊ အဲဒီအထိတော့ တိုက်ပွဲတွေ ဖြစ်ခဲ့တာ ရှိခဲ့တယ်ပေါ့။ ဒါပေမယ့်လို့ နာဂလန်းပြည်နယ်၊ မွန်းခရိုင်မှာ ဖြစ်တာက နောက်ဆုံးပဲ ထင်တယ်။ အဲကနေ အခုထိတော့ တိုက်ပွဲဖြစ်တာတော့ မရှိတော့ဘူး။ အိန္ဒိယကို သွားပြီးတော့မှ အိန္ဒိယကို သွားပစ်တာ မဟုတ်ဘူး။ အိန္ဒိယမှာ ရှိတဲ့ စခန်းတွေကို အိန္ဒိယက ပစ်တယ်ဆိုတော့ ဒီဟာက တကဏ္ဍ ဖြစ်သွားတာပေါ့နော်။ အဲအတွက်ကြောင့်မလို့ ကျနော်တို့ ဒီဘက်ကနဲ့ ကျော်ပြီးတော့မှ သွားပစ်တာတော့ မရှိဘူး။ ဟိုဘက်မှာဘဲ ပစ်နေကြတာ အဲဒါတော့ ရှိတယ်။ ဒါပေမယ့် အခုလည်း ကျနော်တို့ ဆက်ပြီးတော့မှ တိုက်ပွဲ ဆင်နွဲဖို့တော့ ကျနော်တို့မှာ ဘာမှ အစီအစဉ်မရှိဘူး။ အိန္ဒိယတွေရဲ့ လှုပ်ရှားမှုအပေါ်မှာတော့ မူတည်မယ်လို့ ကျနော်တို့ထင်တယ်။ ဒါပေမယ့် ကျနော်တို့ဘက်က စစ်ကြေညာတာတို့၊ သွားတိုက်တာတို့၊ ခြုံခိုတိုက်တာတို့၊ အဲဒါမျိုး ကျနော်တို့ဘက်မှာတော့ လုပ်ဖို့ အစီအစဉ်မရှိဘူး။ ငြိမ်းချမ်းရေးကတော့ ကျနော်တို့ မြန်မာပြည်မှာ ငြိမ်းချမ်းသကဲ့သို့ အိန္ဒိယဘက်မှာရှိတဲ့၊ နာဂတွေ ရှိတဲ့ နယ်မြေတွေမှာတော့ NSCN-K အနေနဲ့ ငြိမ်းချမ်းစေချင်တယ်၊ ဒါကတော့ ရင်ထဲက ထွက်တဲ့ တကယ့် အမှန်အကန် စကားသံပေါ့လေ။ မေး ။ ။ NSCN-K က နာဂနိုင်ငံ ထူထောင်ရေးအတွက် အဓိက ဦးစားပေး လုပ်ဆောင်နေတယ်လို့ ပြောကြ တယ်၊ ဒါက လက်တွေ့မဆန်ဘူး ဒေသဖွံ့ဖြိုးရေးတွေ အရင်လုပ်သင့်တယ်လို့ ပြောကြတယ်၊ အဲဒါနဲ့ပတ်သက် ပြီး အခု ဥက္ကဋ္ဌအသစ်က ဘယ်လိုပုံစံ ကိုင်တွယ်သွားဖို့ ရှိသလဲ။ဘယ်လို လမ်းကြောင်းကို သွားမလဲ။ ဖြေ ။ ။ ဟုတ်ကဲ့၊ ဒီဥက္ကဋ္ဌ အသစ်ရဲ့ သဘောထားကို ကျနော်တို့ ကြည့်မယ်ဆိုရင် အဓိကတော့ သူက ငြိမ်းချမ်းအောင် ထားပြီးတော့မှ၊ ဖွံ့ဖြိုးမှုကို ဦးစားပေးပြီးတော့မှ မိမိရဲ့ လိုအပ်တဲ့ နိုင်ငံရေး ကိစ္စရပ်တွေကို ဆောင်ရွက်သွားမယ် အဲလိုပေါ့။ အစတုန်းက ကျနော်တို့ ဥက္ကဋ္ဌကြီး အက်စ်အက်စ်ကပ္ပလန် ဘယ်လို ဖောင်းဒေးရှင်း ချပေးထားသလဲ၊ အဲဒီ အတိုင်းဘဲ အဲလို ဆက်လက် သွားဖို့များတယ်။ The post အာဏာသိမ်းတာ မဟုတ်ဘူး appeared first on ဧရာဝတီ.
Source : https://ift.tt/2MMejJ1
via IFTTT

Wednesday, August 22, 2018


ကယား နှင့် ကရင်ရှိ ကိုယ်ဝန်ဆောင် မိခင်များကို ထောက်ပံ့ကြေးငွေ ပေးမည် ကယား ပြည်နယ်နှင့် ကရင်ပြည်နယ် တို့ရှိ ကိုယ်ဝန်ဆောင် မိခင် နှင့် မွေးဖွားလာသော ၂ နှစ်အောက် ကလေးငယ် များ အတွက် ထောက်ပံ့ကြေးငွေ ပေးမည် ဖြစ်ကြောင်း သိရသည်။ လာမည့် အောက်တိုဘာလမှ စတင်၍ တလလျှင် ကျပ် ၁၅၀၀၀ နှုန်းနှင့် ပေးအပ်သွားမည် ဖြစ်ကြောင်း၊ အောက်တိုဘာ ၁ ရက် နောက်ပိုင်း မွေးဖွားသည့် ကလေးငယ်များ အတွက်ပါ အသက် ၂ နှစ် ဝန်းကျင် အထိ ဆက်လက် ထောက်ပံ့ ပေး သွား ရန် အစီအစဉ် ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာန (လူကယ်ပြန်) ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး က ပြောသည်။ နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် သြဂုတ်လ ၂၁ ရက်က ပြုလုပ်သော ချင်းပြည်နယ် ကိုယ်ဝန်ဆောင်နှင့် ကလေး ငယ်များ အပေါ် ထောက်ပံ့ပေးမှု အခြေအနေ ကောက်ယူမှု အစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနားတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။ ဒေါက်တာ စန်းစန်းအေး က“ငွေကြေး ထောက်ပံ့ပေးရေး အစီအစဉ်ကို လာမယ့် ၂၀၁၈ အောက်တိုဘာလမှာ စမယ့် ဘတ်ဂျက်မှာ ကယားနဲ့ ကရင် ပြည်နယ်ကို စတင် ပေးမှာ ဖြစ်ပါတယ်။ ဒါတွေက အာဟာရဆိုင်ရာ အညွှန်းကိန်းတွေ နဲ့ လည်း သက်ဆိုင်ပါတယ်။ ဆင်းရဲ နွမ်းပါးမှု အခြေအနေနဲ့လည်း သက်ဆိုင်ပါတယ်”ဟု ပြောသည်။ ယင်းအစီအစဉ် အတွက် လိုအပ်သော ဘတ်ဂျက်ကို တင်ပြ တောင်းခံထားပြီး ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ ကလေးငယ်များ၏ ဘဝအစ ရက် ၁၀၀၀ ကာလအတွင်း အာဟာရရှိမှု တိုးတက်စေရန် ရည်ရွယ်သော ကိုယ်ဝန် ဆောင် နှင့် ၎င်းတို့၏ ကလေးငယ်များအား ထောက်ပံ့ပေးသည့် အစီအစဉ် (Maternal and Child Cash Transfer –MCCT ) ကို လူ ကယ်ပြန် ဝန်ကြီးဌာနက ၂၀၁၇ခုနှစ်တွင် ချင်းပြည်နယ်၌ စတင် ဆောင်ရွက်ခဲ့သည်။ ယင်း အစီအစဉ်အရ လက်ရှိတွင် ချင်းပြည်နယ်ရှိ မိခင်နှင့်ကလေးများကို အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေ (Livelihoods and Food Security Trust Fund -LIFT) ၏ ပံ့ပိုးငွေ အမေရိကန် ဒေါ်လာ ၁၂ သန်း ဖြင့် ၂၀၁၇ ခုနှစ် ဇွန်လမှ ၂၀၁၉ မေလကုန်အထိ ၂ နှစ်တာကာလအတွက် ထောက်ပံ့ ပေးနေသကဲ့သို့ ရခိုင်ပြည်နယ် အတွက်လည်း အစိုးရ ဘတ်ဂျက်ဖြင့် ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။ ထို့ပြင် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်၍ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ ယင်းဒေသများမှာ ဧရိယာ ကျယ်ပြန့်ပြီး လူဦးရေ ထူထပ်သည့် အတွက် အစိုးရ ဘတ်ဂျက် တခုတည်းဖြင့် စတင် ဆောင်ရွက်ရန် မလွယ်ကူဘဲ ကမ္ဘာ့ဘဏ်၏ ချေးငွေနှင့် အကူအညီ ရယူရန် စီစဉ်နေကြောင်း ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ စန်းစန်းအေး က ပြောသည်။ ယခုကဲ့သို့ ငွေကြေးထောက်ပံ့ပေးရန် အတွက် ကလေးငယ်များ၏ ပုညှက်မှုနှုန်း၊ ပိန်လှီမှုနှုန်းနှင့် ဆင်းရဲနွမ်းပါးမှုနှုန်း၊ အခြား ညွှန်းကိန်းများနှင့် ဝန်ကြီးဌာန၏ အကောင်အထည် ဖော်နိုင်မှုတို့ အပေါ် အခြေခံကာ တိုင်းဒေသကြီးနှင့် ပြည် နယ်များကို ဦးစားပေး ရွေးချယ်ခြင်း ဖြစ်ကြောင်း လူကယ်ပြန် ဝန်ကြီးဌာန လူမှု ကာကွယ် စောင့်ရှောက်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်လင်းထင် ကလည်း ပြောပြသည်။ “လောလောဆယ်မှာ အထူး လိုအပ်တဲ့ နေရာတွေမှာ စလုပ်တယ်။ ပြီးရင် တဖြည်းဖြည်းနဲ့ အခြားနေရာတွေလည်း တိုး ချဲ့ပြီး ဆောင်ရွက်သွားမယ်”ဟုလည်း ၎င်းက ဆိုသည်။ ထောက်ပံ့ငွေပေးခြင်း အစီအစဉ်သည် ကိုယ်ဝန်ဆောင်စဉ် ကြုံတွေ့နိုင်သည့် အန္တရာယ်၊ အာဟာရ ပြည့်ဝအောင် စားသုံး ရန် လိုအပ်မှု စသည်တို့ကို အသိပညာပေးရန် ရည်ရွယ်ကြောင်း၊ ကျပ် ၁၅၀၀၀ သည် မများပြားသော်လည်း ထပ်ဆောင်း အာဟာရ ဖြည့်တင်းခြင်းနှင့် ဆေးရုံဆေးခန်းများ သွားလာရန် ခရီးစရိတ် အဖြစ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ဒေါက်တာ စန်းစန်းအေးက ပြောသည်။ မြန်မာနိုင်ငံတွင် ငါးနှစ်အောက် ကလေးများ၏ ပုညှက်မှု နှုန်းမှာ ၂၉ရာခိုင်နှုန်း (၁၀၀ လျှင် ၂၉ ဦးနှုန်း)ရှိကြောင်း၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပုညှက်မှုနှုန်း အမြင့်ဆုံး ဖြစ်ပြီး ၄၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု ဆိုသည်။ ယင်းကဲ့သို့ ငွေကြေး ထောက်ပံ့ပေးခြင်းကြောင့် အထက်ပါ ဒေသများတွင် အစီအစဉ် ရည်မှန်းချက် ဖြစ်သည့် အာဟာရ ပြည့်ဝမှုနှုန်း၊ ပုညှက်မှုနှုန်း မည်မျှ ပြောင်းလဲ တိုးတက်မှု ရှိသည်ကိုလည်း စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ အစိုးရ၏ ထောက်ပံ့ပေးမှု အစီအစဉ်သည် မတတ်နိုင်သော မိခင်နှင့် ကလေးအတွက် ကောင်းမွန်ကြောင်း၊ ငွေပမာဏအားဖြင့် မများသော်လည်း မိမိ၏ ရင်သွေးငယ် အာဟာရဖြစ်စေရန် အတွက် တဖက်တလမ်းမှ အထောက် အကူပြုမည်ဟု ယုံကြည်ကြောင်း နေပြည်တော် ပျဉ်းမနားမြို့မှ ကလေးမိခင် တချို့က ပြောဆိုကြသည်။ “ဘယ်မိဘမဆို ကိုယ့်သားသမီးကို ဖွံ့ဖွံ့ထွားထွား ဖြစ်စေချင်ကြတာချည်းပဲ။ မတတ်နိုင်တဲ့သူ အတွက် ငွေ ၁၅၀၀၀ ဆိုတာ မနည်းပါဘူး။ ကလေးအတွက် အာဟာရဖြစ်တာ ချက်ကျွေးလို့ ရတယ်။ ကျမဆို အဆင်မပြေတော့ ကလေးကို တိုက်နေကျ အားဆေး ဝယ်မတိုက်ဖြစ်ဘူး။ ထောက်ပံ့ကြေး ရမယ်ဆို ကျမတို့လည်း လိုချင်တာပေါ့” ဟု နေပြည်တော် ပျဉ်းမနားမြို့မှ ကလေး တနှစ်အရွယ်ရှိ မိခင်တဦးက ပြောဆိုသည်။ The post ကယား နှင့် ကရင်ရှိ ကိုယ်ဝန်ဆောင် မိခင်များကို ထောက်ပံ့ကြေးငွေ ပေးမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2nWK2Jo
via IFTTT


Google Assistant နဲ့ တိုက်ရိုက် ဘာသာပြန်ပေးမယ့် LG TONE Platinum SE နားကြပ် LG ကနေ အသစ်ထုတ်လုပ်လိုက်တဲ့ TONE Platinum SE နားကြပ်ဟာ LG TONE စီးရီးထဲမှာ Google Assistant အသုံးပြုနိုင်တဲ့ ပထမဦးဆုံး နားကြပ် ဖြစ်ပါတယ်။ LG G7 ဖုန်းမှာလိုပဲ TONE Platinum SE နားကြပ်မှာ OK Google ပြောစရာ မလိုဘဲ Google Assistant ခေါ်ဖို့အတွက် သီးသန့် ခလုတ်တခု ပါရှိမှာ ဖြစ်ပါတယ်။ အဓိကကတော့ Google Translate အသုံးပြုတဲ့အခါ စကားပြောနေရင်းနဲ့ OK Google လို့ ခဏခဏ ဖြတ်ပြောနေရတဲ့ ဒုက္ခက ကင်းဝေးအောင်လို့ ခလုတ်သပ်သပ် ထည့်ပေးထားတာ ဖြစ်ပါတယ်။ Google ရဲ့ Pixel Buds နားကြပ်တွေလိုပဲ တဖက်ကပြောလိုက်တဲ့ ဘာသာစကားကို ချက်ချင်း ဘာသာပြန်ပေးနိုင်မှာပါ။ LG TONE Platinum SE နားကြပ်မှာ ဘေ့စ်သံ ကောင်းကောင်း ခံစားရဖို့နဲ့ Frequency မြင့် အသံတွေကို ကြည်ကြည်လင်လင် ကြားရဖို့အတွက် balanced armature နဲ့ dynamic driver ပေါင်းစပ်ထားတဲ့ hybrid unit ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပါတယ်။ ဖုန်းပြောရာမှာ အသံ ကြည်ကြည်လင်လင် ကြားရဖို့အတွက် MEMS မိုက်ခရို ဖုန်းနှစ်ခုကိုလည်း ထည့်သွင်း ပေးထားတယ်လို့ သိရပါတယ်။ LG ဟာ TONE Platinum SE နဲ့အတူ TONE Ultra SE ဆိုတဲ့ နားကြပ် အသစ်တမျိုးကိုလည်း တပြိုင်တည်း မိတ်ဆက်ခဲ့ပါတယ်။ TONE Ultra SE ကတော့ ပတ်ဝန်းကျင်အသံတွေကို ကြားဖို့ လိုအပ်တဲ့အခါမျိုးမှာ ဖုန်းပြောမပြတ်၊ သီချင်းနားထောင် မပြတ်ဘဲ နားကြပ် ဆက်သုံးနိုင်ဖို့အတွက် နားကြပ်လေးတွေအပြင် မိုနိုစပီကာတခုပါ ပါရှိမှာဖြစ်ပါတယ်။ ယခုနားကြပ် မော်ဒယ်အသစ် ၂ မျိုးစလုံးကို အနက်ရောင်၊ အပြာရောင်နဲ့ ရွှေရောင်ဆိုပြီး ၃ မျိုး ထုတ်လုပ်သွားမှာပါ။ LG TONE Platinum SE နဲ့ LG TONE Ultra SE တို့ရဲ့ ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မယ့်နေ့တို့ကိုတော့ သြဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာလ ၅ ရက်နေ့အထိ ကျင်းပမယ့် IFA ပွဲမှာ မိတ်ဆက် ကြေညာသွားမှာ ဖြစ်ပါတယ်။ Ref: Neowin, LG The post Google Assistant နဲ့ တိုက်ရိုက် ဘာသာပြန်ပေးမယ့် LG TONE Platinum SE နားကြပ် appeared first on ဧရာဝတီ.
Source : https://ift.tt/2OYf5jv
via IFTTT


“လူထု မလှုပ်တော့ရင် ဗီဒီယိုဈေးကွက် ပျက်တာပဲ” လို့ ဆိုလိုက်တဲ့ ဗေလုဝ တလကို ဇာတ်ကားတကား ပုံမှန်ရိုက်နေတဲ့ ဟာသ သရုပ်ဆောင် အကယ်ဒမီ ဗေလုဝက ” “နာနာဘာဝချစ်သူ” ဇာတ်ကားမှာ သင်္ဘောသား တယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး ထိုင်းမင်းသမီးနဲ့ သရုပ်ဆောင်ရတာ အဆင်ပြေပါတယ်လို့ ပြောပါတယ်။ “ကျနော် သဘောင်္သား ကာရိုက်တာ မလုပ်ဖူးတဲ့ ကာရိုက်တာလေးနဲ့ ‘နာနာဘာဝချစ်သူ’ ကားမှာ သရုပ်ဆောင်ထားပါတယ်။ သဘောင်္သားနာမည်ကြီးတဲ့ ကာလက အိမ်တွေ တိုက်တွေ ဝယ်နိုင်တယ်ဆိုတဲ့ ကာလက အဲ့ကာရိုက်တာကို သရုပ်ဆောင်ထားတာပါ။ ထိုင်းမင်းသမီးနဲ့ သရုပ်ဆောင်ရတာက သူက ဝိညာဉ်အနေနဲ့ လာရတဲ့ ပုံစံမျိုးဆိုတော့ အဆင်ပြေပါတယ်။ သူကြောက်၊ ကိုယ်ကြောက် ကြောက်နေကြတာကိုး” သရုပ်ဆောင် ဗေလုဝက ပြောပါတယ်။ “အခု လတ်တလောတော့ ရေဘေးတွေလှူနေတယ်။ ဇာတ်ကားတွေ ရိုက်နေတယ်။ ၁ လ တကားတော့ ရိုက်ပါတယ်။ ဗီဒီယိုဈေးကွက် ပျက်တာတော့ ဘယ်လိုပြောမလဲ ကောင်းကောင်း မလုပ်ကြလို့ ကောင်းကောင်း ပျက်သွားတာပေါ့။ ကောင်းကောင်းလုပ်ရင် ကောင်းကောင်း ကျန်ခဲ့မှာပေါ့။ ဗီဒီယိုဈေးကွက်က ပျက်ကိုပျက်သွားတာ” လို့ ဗေလုဝက ဆိုပါတယ်။ “လူထု မလှုပ်တော့ရင် ပျက်တာပဲ။ လူထုက ဒီပေါ်မှာ အာရုံလေးတခု ရှိနေမယ်ဆိုရင် ရေရှည် တည်တံ့တာပေါ့။ အဖြစ်တွေများရင် ပျက်သွားတာပဲ။ ဒါကြီးပျက်သွားတော့ အခြေခံအလွှာတွေ အကုန် ပျက်သွားတာပဲ။ ကျနော်တို့ ခေတ်တုန်းက မကောင်းကောင်းအောင် ဝိုင်းလုပ်ကြတာပေါ့။ အခုက တခြံထဲနဲ့ ဇာတ်ကားကပြီး သွားတော့ လူထုက အရသာ မရှိတော့ဘူး။ လူထုလက်မခံရင် နိုင်ငံရေး၊ စီးပွားရေး အကုန်ပျက်တာပဲ” လို့ ဗေလုဝက ပြောပါတယ်။ ဆက်လက်ပြီး သူက “ရုပ်ရှင်လောကမြှင့်တင်ဖို့ကတော့ စိတ်ဓာတ်တွေ၊ ခွန်အားတွေ ပြောင်းလဲ သွားရင်တော့ တိုးတက်မှာပေါ့။ စူးစမ်းရှာဖွေချင်ရင်၊ တိုးတက်စေချင်ရင်၊ တယောက်တည်းနဲ့ မရဘူး။ လောကသားအားလုံး အဲ့စိတ်ကြီးတွေ ရောက်တဲ့ တနေ့ဟာ အောင်မြင်မှာပါ။ နိုင်ငံအရေးကို စိတ်ဝင်စားတာပါ။ နိုင်ငံ ကောင်းစေချင်တာပါ။ ကျနော် နိုင်ငံရေးမှ မလုပ်တတ်တာ”လို့ ဆိုပါတယ်။ အကယ်ဒမီဆုရှင် ဟာသ သရုပ်ဆောင် ဗေလုဝဟာ ဇာတ်ကားများစွာ ရိုက်ကူးနေပြီး “နာနာဘာဝချစ်သူ” ဇာတ်ကားမှာ ထိုင်းမင်းသမီး ပတ်ချာရာထူသောင်နဲ့ အတူ အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။ The post “လူထု မလှုပ်တော့ရင် ဗီဒီယိုဈေးကွက် ပျက်တာပဲ” လို့ ဆိုလိုက်တဲ့ ဗေလုဝ appeared first on ဧရာဝတီ.
Source : https://ift.tt/2nWeCTs
via IFTTT


မောင်တောနယ်စပ် လုံခြုံရေး ရဲကင်းစခန်း ၁၆၀ ကျော်ချထား ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်အတွင်း လုံခြုံရေးစည်း မကျိုးပေါက်ရန် နယ်စပ် ခြံစည်းရိုး တလျှောက် နယ်ခြားစောင့် ရဲကင်းစခန်းပေါင်း ၁၆၀ ကျော်ဖြင့် ဖြန့်ကျက် ဆောင်ရွက်နေ ကြောင်း သတင်းရရှိသည်။ လာမည့် သြဂုတ်လ ၂၅ရက်နေ့သည် ရခိုင်ပြည်နယ် မောင်တော- ဘူးသီးတောင် နယ်စပ်တလျှောက်ရှိ ရဲကင်းစခန်းများကို ARSA အကြမ်းဖက်အဖွဲ့က လူစုလူဝေးဖြင့် တိုက်ခိုက်ခဲ့သည့် တနှစ်ပြည့်မြောက် မည့်နေ့ဖြစ်သည်။ လက်ရှိအချိန်တွင် အကြမ်းဖက်သမားများသည် မောင်တောနယ်စပ် တလျှောက် ဒုက္ခသည်များ အသွင် ယူလျှက် ခိုအောင်း ကာ နယ်စပ်ဖြတ်ကျော်ပြီး တကျော့ပြန် တိုက်ခိုက်မည်ဆိုသည့် သတင်းများ ကြောင့် လုံခြုံရေး စီမံချက်များ လစ်ဟာမှု မရှိစေရန် ယင်းသို့ဆောင်ရွက်ထားရှိခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ၊ ရဲမှူးကြီး အောင်မြတ်မိုးက ဧရာဝတီသို့ ပြောသည်။ ရဲမှူးကြီး အောင်မြတ်မိုးက “ လတ်တလော မောင်တောနယ်စပ်နဲ့ ပတ်သက်ပြီး နယ်စပ်ခြံစည်းရိုး တလျှောက်မှာ ရဲကင်း စခန်းပေါင်း ၁၆၀ ကျော် ဖြန့်ပြီးတော့ ဆောင်ရွက်နေတာရှိတယ်။ ဒီအတော အတွင်းမှာ မောင်တောမြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင် ရဲတပ်ဖွဲ့၊ ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့ ဖြန့်ခွဲပြီးတော့မှ လုံခြုံရေးအင်အား ၁၀၀၀ နီးပါးနဲ့ဆောင်ရွက်တာရှိတယ်” ဟု ဆိုသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သော မောင်တော အကြမ်းဖက်မှုကြောင့် ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက် စသည့် တိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များ သောင်းချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသလို ဘင်္ဂါလီ အများအပြား မှာ တဘက်နိုင်ငံသို့ ဝင်ရောက် ထွက်ပြေးသွားကြ သည်။ လက်ရှိ နယ်မြေအခြေနေမှာ တည်ငြိမ်စပြုနေပြီ ဖြစ်၍ ဒေသခံတိုင်းရင်းသားများနှင့် ဘင်္ဂါလီရွာသား တို့မှာ အေးချမ်းစွာဖြင့် နိစ္စဓူဝ ပုံမှန်သွားလာ လှုပ်ရှားမှုများ ရှိနေသော်လည်း ၂၀၁၆ ခုနှစ် အောက်တိုဘာ အကြမ်းဖက်မှုနှင့် ၂၀၁၇ ခုနှစ် သြဂုတ်အတွင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များက ထိတ်လန့်ချောက်ချားစရာ ကောင်းသည့်အတွက် မောင်တောဒေသတွင်း နေထိုင်ကြ သည့် အားလုံးသော လူမှုအသိုင်းအဝိုင်းတို့ အကြား စိုးရိမ်ပူပင်သည့် ရင်တွင်းမီးတောက်များက ကိန်းအောင်းနေဆဲ အခြေအနေတွင် ရှိကြောင်း သိရသည်။ မောင်တောမြို့ပေါ်တွင်ရှိသည့် ဟိန္ဒူဒုက္ခသည် ကယ်ဆယ်ရေးစခန်းတာဝန်ခံ ဦးနီမောလ်က “ကျနော် တို့ လက်ရှိ အခက်အခဲက ကောလဟာလ သတင်းတွေကို ကြားသိနေရတဲ့ အတွက် စိုးရိမ်နေရပါ တယ်။ အကြမ်းဖက်သမားများ ဝင်လာတယ်။ ဟိုနေရာမှာ ခိုနေတယ် ။ ဟိုနေရာက ဝင်လာတယ် ။ အဲဒီသတင်းတွေကြောင့်ပဲ ဒီမှာနေတဲ့ လူတွေ စိုးရိမ်ပြီး နေလို့ထိုင်လို့ မရဘူး ဖြစ်နေရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ လတ်တလော နယ်စပ်ဒေသတွင် အကြမ်းဖက်သမား များသည် လူသစ် စုဆောင်းပြီး သင်တန်းများ ပို့ချနေကြကြောင်း၊ စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်း များ စသည်တို့ စုဆောင်းကာ လှုပ်ရှားနေကြောင်းကို သတင်းများ ရရှိထားသဖြင့် ထပ်မံ၍ အကြမ်း ဖက် တိုက်ခိုက်မှုများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ် ထား သည့် လုံခြုံရေးဆိုင်ရာ အစီအမံများကို လည်း ဆောင်ရွက်ထားကြောင်း ရဲမှူးကြီး အောင်မြတ်မိုး က ဆက်လက် ပြောကြားသည်။ “တဖက်နိုင်ငံမှာလည်း ဒုက္ခသည် စခန်းတွေရှိပါတယ်။ အဲဒီအထဲမှာ အကြမ်းဖက်သမားတွေဟာ ဒုက္ခသည် အသွင်ယူပြီးတော့ ခိုအောင်းနေကြတယ်။ ပြီးတော့ တဖက်နိုင်ငံကနေ ဖမ်းဆီးရမိမှု ဖြစ်စဉ်တွေကို ပြန်လေ့လာကြည့်တဲ့အခါ လုပ်သေနတ်တွေ တော်တော်များများ မိတယ်။ မူးယစ် ဆေးဝါးတွေလည်း အတော်များများမိတယ်။ အကြမ်းဖက်နဲ့ ဆက်နွယ် ပတ်သက်တဲ့သူတွေ တော်တော်များများ ဖမ်းမိတာတွေလည်းရှိတယ်” ဟု ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုး ကပြောသည်။ အလားတူ မောင်တောမြို့ပေါ်နှင့် ဘူးတောင်မြို့နယ်တို့တွင်လည်း လုံခြုံရေး ရဲတပ်ဖွဲ့ အင်အား ၁၀၀၀ ခန့်ဖြင့် နေ့ကင်း၊ ညကင်း၊ လှည့်ကင်းများဖြင့် ဆောင်ရွက်နေကြသည့်အပြင် ယခင်က ပြစ်မှုဟောင်း နှင့် ကျော်ဇောသတင်း ရှိသူများကို လည်း စောင့်ကြည့်ကာ အရေးယူဆောင်ရွက်ခြင်း များရှိကြောင်း ပြည်နယ်ရဲ မှူးကြီးက ဆိုသည်။ ပြီးခဲ့သော ဇူလိုင်လအတွင်း စစ်တွေမြို့နယ်အတွင်းက ဘင်္ဂါလီဒုက္ခသည်စခန်းအပါအဝင် တခြားသော မြို့နယ်များက လုပ်သေနတ် အလက် ၃၀ ကျော်ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သိရသကဲ့သို့ ယင်းလအတွင်းမှာပင် ကောက်ဘဇားရှိ ARSA အကြမ်းဖက် သမားတို့၏ လက်နက်စက်ရုံကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးရမိ ခဲ့ကြောင်း Asia Times သတင်းက ဆိုသည်။ ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့နှင့် အခြားသောမြို့နယ်တို့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်တို့ ပူးပေါင်း၍ လုံခြုံရေးကိစ္စများကို ဆောင်ရွက်နေသလို လုံခြုံရေး လိုအပ်ချက်အရ သြဂုတ်လကုန်အထိ လုံခြုံရေး အစီအမံများကို တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဆိုသည်။ The post မောင်တောနယ်စပ် လုံခြုံရေး ရဲကင်းစခန်း ၁၆၀ ကျော်ချထား appeared first on ဧရာဝတီ.
Source : https://ift.tt/2Ld71cs
via IFTTT


အိမ်သာတွေမှာ ရှောင်ကြဉ်ရမယ့် စည်းကမ်းများ တခါတလေ အများသုံးအိမ်သာတွေမှာ သူများကျန်ခဲ့တဲ့ အညစ်အကြေးတွေ မြင်ရတာ စိတ်ပျက်စရာ ကောင်းတဲ့ ကိစ္စပါ။ ဒါကြောင့် ဒီတခါမှာ အများပိုင်အိမ်သာတွေမှာရော ကိုယ်အိမ်က အိမ်သာမှာရော ရှောင်ကြဉ်ရမယ့် စည်းကမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ အခုပြောပြမယ့် ပစ္စည်းတွေကို အိမ်သာထဲထည့်ပြီး ရေဆွဲချတာမျိုး လုံးဝ မလုပ်သင့်ပါဘူး။ (၁) ကလေးသေးခံ အပြင်တွေသွားရင်း ကလေးက အပေါ့သွားလိုက်လို့ပဲဖြစ်ဖြစ်၊ မစင်ပါထားလိုက်လို့ပဲ ဖြစ်ဖြစ် ကလေးသေးခံကို မဖြစ်မနေ လွှင့်ပစ်ရတော့မယ်ဆိုရင် အများသုံးအိမ်သာ ရှာပြီး လွှင့်ပစ်တာမျိုးကို ရှောင်ပါ။ အိမ်ကနေထွက်မယ်ဆိုတဲ့ အချိန်ကတည်းက အမှိုက်အိတ်အပိုတွေ ဆောင်လာခဲ့ သင့်ပါတယ်။ ဘယ်သူကမှ သင့်ကလေးရဲ့ ရွံစရာတွေကို မြင်ချင်မှာ မဟုတ်ပါဘူး။ (၂) ကြောင်မစင်ခံ အမှုန့် ကြောင်မစင်ကလည်း အညစ်အကြေးတွေပါပဲ။ အိမ်သာထဲမျောချလို့ မရဘူးလားလို့ မေးစရာ ရှိပါတယ်။ မရပါဘူး။ ကြောင်မစင်ခံအမှုန့်တွေ ရောနှောပါဝင်နေတဲ့ ကြောင်မစင်တွေကို အိမ်သာကတဆင့် ရေဆွဲတာ အကြိမ်ရေများလာခဲ့ရင် ပိုက်တွေ ပျက်နိုင်ပါတယ်။ ပြီးတော့ ကြောင်မစင်ခံ အမှုန့်ထဲမှာ ပါဝင်တဲ့ ဘတ်တီးရီးယားတွေဟာ ပင်လယ်ထဲ၊ မြစ်ထဲကို မစင်ပိုက်နဲ့ အတူ မျောသွားပြီး ရေနေသတ္တဝါတွေကို သေစေနိုင်ပါတယ်။ (၃) ကွန်ဒုံး ရေထဲမျောချလိုက် လွယ်လွယ်လေးပဲ ပါသွားတယ်လို့ မထင်ပါနဲ့။ ကွန်ဒုံးကို အိမ်သာထဲ ထည့်ပြီး ရေဆွဲချတဲ့အခါမှာ ကွန်ဒုံးဟာ လေဖူဖောင်းလို့ ဖြစ်နိုင်တာမလို့ မိလ္လာပိုက်ကို ပိတ်ဆို့နိုင်ပါတယ်။ (၄) မျက်ကပ်မှန် မျက်ကပ်မှန်ဟာ ပလက်စတစ်နဲ့ပြုလုပ်ထားတဲ့ အရမ်းသေးငယ်တဲ့ ပစ္စည်းတခုပါ။ ဒါပေမယ့် ပလက်စတစ်တို့ရဲ့ ထုံးစံ အတိုင်း မပျက်စီးတတ်ပါဘူး။ နိုင်ငံတကာမှာ ပြုလုပ်ခဲ့တဲ့ သုသေသနတွေ အရ မျက်ကပ်မှန်ကို အိမ်သာထဲထည့်ပြီး ရေဆွဲချတာကြောင့် ပိတ်ဆို့ရတဲ့ မိလ္လာပိုက်တွေ မနည်းဘူးလို့ သိရပါတယ်။ ဒါကြောင့် မျက်ကပ်မှန်ကို လွှင့်ပစ်မယ်ဆိုရင် ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းတွေကို လွှင့်ပစ်တဲ့ Recycle အမှိုက်ပုံးထဲ လွှင့်ပစ်ဖို့ အကြံပေးချင်ပါတယ်။ (၅) ဆေးလိပ် အစီခံ ဆေးလိပ်အစီခံဟာ ကြည့်ရင်တော့ ရေဆွဲချဖို့ လွယ်ကူတဲ့ ပုံပေါက်ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ဆေးလိပ်အစီခံမှာ ဓာတုပစ္စည်းတွေ အများကြီးပါဝင်ပြီး ဒါတွေဟာ ရေထဲမှာ ပျော်ဝင်ဖို့ ခက်ခဲပါတယ်။ ထပ်ခါထပ်ခါ စွန့်ပစ်နေမယ်ဆိုရင် အိမ်သာ ပိုက်ပိတ်ခြင်း စတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ (၆) အိမ်မွေးတိရိစ္ဆာန် ဟုတ်ပါတယ်။ အိမ်မွေးတိရိစ္ဆာန်တွေပါ။ ဥပမာ အလှမွေးငါး၊ အလှမွေးကြွက်၊ ကန္တာရကြွက် စတာတွေကို သေသွားတဲ့ အချိန်မှာ အိမ်သာထဲ ထည့်ပြီး ရေမဆွဲချသင့်ပါဘူး။ ဒါတွေဟာ မိလ္လာပိုက်မှာ ဆိုးဆိုးဝါးဝါး ပိတ်ဆို့မှုတွေ ဖြစ်နိုင်ပါတယ်။ နောက်သတိထားရမယ့် အရာတွေကတော့ အမျိုးသမီးလစဉ်သုံးပစ္စည်း၊ ပီကေ၊ ဆံပင်၊ ဆေးဝါး စတာတွေကိုလည်း အိမ်သာထဲ ထည့်မပစ်မိဖို့ ဂရုစိုက်ရပါမယ်။ Ref;mnn.com The post အိမ်သာတွေမှာ ရှောင်ကြဉ်ရမယ့် စည်းကမ်းများ appeared first on ဧရာဝတီ.
Source : https://ift.tt/2BzthNZ
via IFTTT


ဘယ်အချိန် ပြန်ကြည့်ကြည့် ရိုးမသွားတဲ့ ရုပ်ရှင်ဇာတ်ကားများ တချို့ဇာတ်ကားတွေဟာ ကြည့်နေရင်းနဲ့ ပျင်းလာပြီး ဆက်မကြည့်ချင်တော့တာမျိုးတွေ ဖြစ်တတ်ပေမယ့် တချို့ဇာတ်ကားတွေကတော့ ထပ်ခါထပ်ခါ ကြည့်ရတာကိုပဲ ရိုးမသွားနိုင်တဲ့ ဇာတ်ကားတွေ ရှိပါတယ်။ “ကိုယ်ကြည့်ပြီးသားဖြစ်ပေမယ့် အသစ်ထွက်တာတွေကို မကြည့်နိုင်ဘဲ အဟောင်းတွေပဲ ပြန်ကြည့်ဖြစ်နေတယ်” ဆိုတာ ဇာတ်ကားကြည့်သူတွေဆီက မကြာခဏ ကြားရတဲ့ စကားပါ။ ဒီတခါမှာ ကမ္ဘာတဝှမ်းက ရုပ်ရှင်ချစ် ပရိသတ်တွေ ရွေးချယ်ထားတဲ့ ဇာတ်ကားအဟောင်းတွေကို ဖော်ပြပေးချင်ပါတယ်။ (၁) Forrest Gump (1994) Forrest Gump ဟာ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Romantic-Comedy-Drama ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီဇာတ်ကားကို “Tom Hunk, Robin Wright, Gary Sinise, Mykelti Willamson” စတဲ့ နာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။ ဒီဇာတ်ကားဟာ သူများနဲ့ ဉာဏ်ရည် မတူတဲ့ ကောင်လေး တယောက်ဖြစ်တဲ့ Forrest Gump ရဲ့ ကလေးဘဝ၊ လူငယ်ဘဝ၊ လူလတ်ပိုင်း အရွယ်ဘဝ စတဲ့ ဘဝအစိတ်အပိုင်းတွေမှာ သူကြုံတွေ့ခဲ့ရတဲ့ ဘဝဇာတ်ကြောင်းတွေကို သူကိုယ်တိုင်ပြောပြတဲ့ ပုံစံနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး ဘဝအတွက် အထောက်အကူရမယ့် စကားတွေ အများကြီးပါလို့ ရုပ်ရှင်ချစ် ပရိသတ်တွေ အရမ်း နှစ်သက်ကြပါတယ်။ (၂)The Shawshank Redemption (1994) ဒီဇာတ်ကားဟာလည်း ၁၉၉၄ ခုနှစ်ကပဲ ထွက်ရှိခဲ့တာပါ။ ဇာတ်ကားထဲမှာ မင်းသားတွေအနေနဲ့ Tim Robbin နဲ့ Morgan Freeman တို့က သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားဟာ Shawshank ထောင်မှာ ကျနေတဲ့ အကျဉ်းသားတွေအကြောင်းကို Drama ကျကျ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မင်းသားဖြစ်သူဟာ သူ့မိန်းမကို သတ်တယ်ဆိုပြီး စွပ်စွဲခံရပြီး ထောင်ထဲရောက်လာတဲ့ အချိန်မှာ သူ့ကျွမ်းကျင်တဲ့ ပညာနဲ့ ထောင်ပိုင်တွေကို ပြန်နှိပ်ကွပ်တဲ့ အကြောင်းတွေကို ရင်သပ်ရှုမော ကြည့်ရမှာ ဖြစ်ပြီး ဇာတ်ကားထဲမှာပါဝင်တဲ့ ဒိုင်ယာလော့တွေကြောင့် ဘယ်အချိန်ပဲပြန်ကြည့်ကြည့် မရိုးနိုင်ပါဘူး။ (၃) Home Alone (1990) ၁၉၉၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာက်ကားကတော့ ခရစ်စမတ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ အမေရိကန် ဟာသကားတကား ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ ၁၀ နှစ်အရွယ်ကောင်လေးက မိသားစု ခရီးစဉ် သွားမယ့်နေ့မှာ အိပ်ပျော်ပြီးကျန်ခဲ့ပါတယ်။ သူခိုးတွေက ကောင်လေးကျန်ခဲ့မှန်း မသိဘဲ အိမ်ကို ဖောက်ထွင်းဖို့ ကြိုးစားတဲ့အခါ ကောင်လေးက သူ့အိမ်ကိုကာကွယ်ရင်း သူခိုးတွေကို ဖမ်းတဲ့ အကြောင်းကို ဟာသဆန်ဆန် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ (၄) Men In Black (1997) ဒီဇာတ်ကားကတော့ Marvel and Malibu Comics ထုတ်လုပ်ရေးက ထုတ်ထားတဲ့ “Men In Black” Comic ဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတဲ့ အမေရိကန် သိပ္ပံနယ်လွန် အက်ရှင် ဟာသကား ဖြစ်ပါတယ်။ ဒီဇာတ်ကားကို မင်းသား Will Smith နဲ့ Tommy Lee Jones တို့က အဓိက သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ “Men In Black” လို့ ခေါ်တဲ့ ဂြိုလ်သား ကာကွယ်ရေး၊ ကမ္ဘာမြေပေါ်ကို ဂြိုလ်သားတွေ ဝင်ရောက်လာခြင်းကို စိစစ်ရေးအဖွဲ့ အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ (၅) The Matrix(1999) The Matrix ဟာ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သိပ္ပံနယ်လွန်အက်ရှင် ဇာတ်ကားတကားဖြစ်ပြီး ဒါရိုက်တာ Wachowskis က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Keanu Reeves, Laurence Fishbrune, Carrie-Anne Moss, Hugo Weaving, Joe Pantoliano တို့ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ Matrix System တွေ Energy အသုံးပြုပုံတွေဟာ Matrix ပရိသတ်တွေကို ဆွဲဆောင်ထားတဲ့အတွက် ကြည့်ပြီးသားဖြစ်နေလည်း ထပ်ကြည့်ချင်တယ်လို့ ရုပ်ရှင်ချစ်ပရိသတ်တွေက ပြောဆိုထားကြပါတယ်။ The post ဘယ်အချိန် ပြန်ကြည့်ကြည့် ရိုးမသွားတဲ့ ရုပ်ရှင်ဇာတ်ကားများ appeared first on ဧရာဝတီ.
Source : https://ift.tt/2BvPBbe
via IFTTT