Wednesday, July 27, 2016

အထွေထွေ ရောဂါကု ဆရာဝန်များအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမြင့်ဦး(ဂျီပီ)နှင့်တွေ့ဆုံခြင်း

Dr.MO : တုပ်ကွေးက Influenza ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပေါ့။ ဒီဗိုင်းရပ်စ်က A, B, C ဆိုပြီး သုံးခု ရှိတယ်။ ပြင်းထန်တာက တစ်ခုနဲ့ တစ်ခု မတူဘူး။ ဒီဗိုင်းရပ်စ် သုံးခုကြောင့် ကူးစက်ပြီး ရလာတာ ဖြစ်တယ်။ တုပ်ကွေးရောဂါ ခံစားနေရသူရဲ့ နှာချေ၊ ချောင်းဆိုးရာကနေ အမှုန် အမွှားလေးတွေက သူ့ရဲ့ ၁ဝ ပေပတ်လည်မှာ လွင့်နေတယ်။ အဲဒါကတစ်ဆင့် ရှူရှိုက်မိရင် ရောဂါကူးစက်သွားပြီ။ အသက်ရှူ လမ်းကြောင်းက ကူးတယ်။ လူ့ကိုယ်ခန္ဓာထဲ ဝင်ဖို့အတွက်ကို နှာခေါင်း၊ ပါးစပ် စတဲ့အပေါ် အသက်ရှူ လမ်းကြောင်းကနေ လည်ပင်းနဲ့လေပြွန်တွေအထိကို ကူးစက်သွားတာပေါ့။ Voice : တုပ်ကွေးရောဂါက ဘယ်လို ကူးစက်နိုင်ပါသလဲ။ Dr.MO : လူငယ်၊ လူကြီး၊ ကလေး လသားလေးတွေကအစ အသက် ၈ဝ၊ ၉ဝ လည်း ဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်ပိုးဟာ လေထဲမှာ ရှိနေတယ်။ အထူးသဖြင့် ကိုယ်နဲ့ နီးစပ်တဲ့သူ တစ်ယောက်မှာ တုပ်ကွေးဗိုင်းရပ်စ် ပိုး ရှိနေရင် သူနဲ့ လက်ပွန်းတတီး နေလို့ နှာစေး၊ ချောင်းဆိုးက ကူးတယ်လို့ ဆိုပေမယ့် ထိတွေ့ ကိုင်တွယ်ရာကနေလည်း ကူးတယ်။ ဒါကြောင့် ဘယ်အရာကိုပဲ ကိုင်တွယ်ထား လက်ကို စင်ကြယ်အောင် ဆေးပြီးမှသာလျှင် မျက်နှာ၊ နှာခေါင်း၊ ပါးစပ်တွေကို ကိုင်ပါပေါ့။ Voice : တုပ်ကွေးရောဂါ လက္ခဏာလေးတွေကို ပြောပြပေးပါဦး။ Dr.MO : တုပ်ကွေးဖြစ်ပြီဆိုရင် ကိုယ်လက် ကိုက်ခဲတာကနေ စတယ်။ နောက်တော့ ဖျားတယ်။ ခေါင်းကိုက်တာတွေ၊ ကြွက်သားနာတာတွေ၊ မျက်လုံးနဲ့ မျက်ရိုး ကိုက်တာတွေ၊ တံတွေးမျိုတဲ့အခါ လည်ပင်းနာခြင်းတွေ၊ လည်ပင်းရှ၊ နာတာတွေ၊ ချောင်းဆိုးတာတွေအပြင် အစားအသောက် ပျက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို လက္ခဏာတွေ ဖြစ်ပြီဆိုရင် တစ်ရက်၊ နှစ်ရက် ဖျားတယ်။ ဒီတုပ်ကွေးကို ရာသီတုပ်ကွေး(Seasonal Flu)လို့ ခေါ်တယ်။ Voice : တုပ်ကွေးရောဂါ ဖြစ်ရင်် ဘယ်လို လူတွေမှာ ပိုပြီး ခံစားရနိုင်ပါသလဲ။ နောက်ဆက်တွဲအနေနဲ့ ဘယ်လိုရောဂါတွေ ခံစားရနိုင်ပါသလဲ။ Dr.MO : တုပ်ကွေးကြောင့် လူ အသေအပျောက် မရှိခဲ့ဘူး။ ဆေးရုံတင်ရတာလည်း အင်မတန် ရှားတယ်။ ဘယ်လိုလူတွေမှာ ဆေးရုံတင်ရသလဲ ဆိုရင် နဂိုရှိရင်းစွဲ ရောဂါရှိနေတဲ့သူ တစ်ယောက်က တုပ်ကွေး မိလိုက်ရင် ဥပမာ- ဆီးချို၊ နှလုံး၊ သွေးတိုး၊ အိတ်ချ် အိုင်ဗီ ရောဂါရှိတဲ့သူတွေနဲ့ တခြား နာတာရှည် ရောဂါ ခံစားနေရပြီး အသက်ကြီးတဲ့သူတွေ တုပ်ကွေးမိရင် ခံစားရမယ်။ ကလေးငယ်တွေ အန္တရာယ် ရှိတယ်။ သွေးလွန်တုပ်ကွေးလားလို့ သံသယတွေ ရှိနိုင်တယ်။ ဒါတွေက အန္တရာယ်ရှိတဲ့ အုပ်စုတွေပေါ့။ ကျောက်ကပ် ဆေးတွေ သောက်နေရတဲ့ သူတွေကို ဦးစားပေးပြီးတော့ ကာကွယ်ရေး အစီအစဥ်တွေ လုပ်ရတယ်။ တုပ်ကွေးကို မကုဘဲထားရင်တော့ ဒုတိယအကြိမ် ဖြစ်နိုင်သလို နောက်ဆက်တွဲအနေနဲ့ ဗိုင်းရပ်စ်ကနေ ကြာတော့ ဗက်တီးရီးယားပိုး ဝင်လာပြီး အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ နှာခေါင်းပိတ်ပြီး ကျန်ခဲ့တာတွေ၊ လည်ပင်းနာတာတွေ၊ နားပြည်ယိုတာတွေ၊ အဆုတ် အအေးမိပြီး နမိုးနီးယား ဖြစ်တာတွေ ရှိတယ်။ အဲဒီလူတွေကို တုပ်ကွေး မမိအောင်တော့ ဦးစားပေးရမှာပေါ့။ သူတို့မှာ လက္ခဏာတွေက ပိုပြီး ပြင်းထန်တယ်။ Voice : တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေး တွေရှိတယ်လို့ သိရပါတယ်။ ကာကွယ်ဆေး ထိုးမယ် ဆိုရင်ရော ရောဂါအတွက် ထိရောက်မှု ရှိနိုင်ပါသလား။ Dr.MO : တုပ်ကွေး ကာကွယ်ဆေးက နိုင်ငံခြားမှာ ထိရောက်တယ်။ မြန်မာပြည်မှာ သိပ်မထိရောက်ဘူး။ အမေရိကန်လိုနိုင်ငံမှာ မဖြစ်ခင်ကတည်းက ထိုးပေးတယ်။ ခံနိုင်ရည် ရှိတယ်။ ဖြစ်ရင်တောင်မှ မကိုက်ခဲဘူး။ အဲဒီ တုပ်ကွေး ကာကွယ်ဆေးက ဒီနှစ်မှာ ဖြစ်တဲ့ဗိုင်းရပ်စ်ကို ယူမွေးပြီးတော့ ယဥ်ပါးအောင် လုပ်ပြီး လူ့ခန္ဓာကိုယ်ထဲမှာ ထိုးပေးတာ။ ဒါကြောင့် မနှစ်က ဖြစ်တဲ့ဗိုင်းရပ်စ်က ဒီနှစ်ဖြစ်တဲ့ ဗိုင်းရပ်စ်နဲ့ တူချင်မှလည်း တူမှာ။ သူတို့ နိုင်ငံတွေမှာ အသစ်တွေ ထုတ်တာ။ မနှစ်က ကာကွယ်ဆေးကို ဒီနှစ်မှာ လာထိုးရင် ထိရောက်ချင်မှ ထိရောက်မှာ။ ဆေးတွေကို မြန်မာပြည် သွင်းလာတယ်။ မြန်မာပြည်မှာ ဖြစ်နေတဲ့တုပ်ကွေးက ဘယ်ဟာမှန်း မသိဘူး။ ဒီဗိုင်းရပ်စ်အတွက် ထုတ်ထားတာ မဟုတ်တဲ့အတွက်ကြောင့် ဒီမှာ ထိုးရင် ၆ဝ ရာခိုင်နှုန်း ထိရောက်တယ်။ ရာခိုင်နှုန်းအပြည့်တော့ မထိရောက်ဘူး။ Voice : တုပ်ကွေးရောဂါ မဖြစ်အောင် ဘယ်လို ကြိုတင် ကာကွယ်မှုတွေ ပြုလုပ်သင့်ပါသလဲ။ Dr.MO : တုပ်ကွေး မဖြစ်ခင် ကာကွယ်ရမယ့် နည်းလမ်းက မိမိလက်ကို မကြာခဏ ဆေးပါ။ နှာခေါင်းစည်းကို သုံးပါ။ လူစုလူဝေးများ ရှိတဲ့နေရာကို မသွားဘဲနဲ့ အစာ ဝလင်အောင် စားပြီး ကိုယ်ခံစွမ်းအား မြင့်အောင် နေထိုင်သင့်တယ်။ ရေဓာတ် မခန်းခြောက်အောင် ရေ ဝဝလင်လင် သောက်ရမယ်။ အိပ်စက် နားနေရမယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ပိုးဟာ သုံးမျိုး ရှိတဲ့အတွက် ပြန်ဖြစ်နိုင်တယ်။ Voice : ဆရာအနေနဲ့ တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး ဘာများ ထပ်မံ ဖြည့်စွက် ပြောချင်ပါသလဲ။ Dr.MO : တုပ်ကွေးဖြစ်လို့ ဆေးခန်းကို လာတဲ့အခါ တော်တော်များများက မြန်မြန်ပျောက်ချင်လို့ ဆေးထိုး ပေးဖို့ တောင်းဆိုတယ်။ တုပ်ကွေးက ဆေးထိုးရင်ပဲဖြစ်ဖြစ်၊ ဆေးသောက်ရင်ပဲဖြစ်ဖြစ် အတူတူပါပဲ။ အဲဒီအတွက် မလိုအပ်ဘဲနဲ့ ဆေးထိုး မခံပါနဲ့။ နောက်ပြီး ဆရာ မှာချင်တာက အစာ ဝဝလင်လင် စားပါ။ ရေ နှစ် ပုလင်း ရအောင် သောက်ပါ။ အနားယူပါ။ အကိုက်အခဲ ပျောက်ဆေးကို ဆရာဝန်ညွှန်တဲ့အတိုင်း သောက်ပါ။ ကိုယ့်ဘာသာ စပ်ဆေးတွေ ဝယ်ပြီး မသောက်ပါနဲ့။ စပ်ဆေးတွေမှာ အန္တရာယ်ရှိတာတွေ ပါတယ်။ အစာအိမ်နဲ့ အရိုးတွေကို စားသွားနိုင်တယ်။ ကျောက်ကပ်ကို ပျက်စီးနိုင်ပါတယ်။ တုပ်ကွေးဖြစ်ပြီးရင် ချောင်းဆိုး ကျန်ခဲ့တာကို စိတ်မပူဘဲ ရေ များများ သောက်ပြီး ကိုယ် လက်လှုပ်ရှားမှု ပိုလုပ်လိုက်ပါ။ နှစ်ပတ်လောက်အထိတော့ ချောင်းဆိုးနိုင်ပါတယ်။ လေပြွန်က ရောင်ပြီး နာလန်ထတဲ့အတွက်ကြောင့် လေကောင်းလေသန့် ကောင်းကောင်း ရှူဖို့ လိုအပ်ပါတယ်။ ရေဓာတ် မခန်းခြောက်ရင် ချောင်းဆိုးတာ သက်သာ သွားပါလိမ့်မယ်။ ဆရာဝန်ကို တိုင်ပင်ပြီး ဆေးကို ထိထိရောက်ရောက် သောက်ရင် နှစ်ရက်၊ သုံးရက်ထက် မပိုဘဲ ပျောက်ကင်းနိုင်ပါတယ်။ Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သီတာဆွေ
Source : http://goo.gl/064n5v
via IFTTT

www.7daydaily.com

မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်၍ ထိခိုက်နစ်နာမှုများ အမှန်ကန်ဆုံးဖြစ်အောင် ကူညီပေးမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ပြော Wednesday, July 27, 2016 မြန်မာ-တရုတ် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း နှင့် ပတ်သက်၍ ထိခိုက်နစ်နာမှု များကို အမှန်ကန်ဆုံးဖြစ်အောင် ကူညီပေးမည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ ဇူလိုင် ၂၅ ရက်က ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော် မတီမှ တာဝန်ရှိသူများနှင့် တွေ့ ဆုံစဉ် ဝန်ကြီးချုပ်က အထက်ပါ အတိုင်း ပြောကြားခဲ့ကြောင်း ပိုက်လိုင်းစောင့်ကြည့် ရေးကော်မတီ ဝင် ဦးမျိုးလွင်က ပြောသည်။ ‘‘ပိုက်လိုင်းကြောင့် ထိခိုက် နစ်နာမှုတွေကို စောင့်ကြည့်ရေး ကော်မတီဝင်တွေက တင်ပြပါ တယ်။ ဝန်ကြီးချုပ်ကတော့ ပိုက် လိုင်းကြောင့် ပြည်သူတွေ မနစ် နာရအောင် ပြည်နယ်အစိုးရအဖွဲ့ က ကူညီပေးမယ်။ အဲဒီလိုကူညီ တဲ့နေရာမှာလည်း အမှန်တကယ် ထိခိုက်နစ်နာသူတွေ မကျန်ရ အောင်နဲ့ မမှန်မကန်မှုတွေ ရှိလာ မှာကိုလည်း စိုးရိမ်ကြောင်း ပြော ကြားခဲ့ပါတယ်’’ဟု ဦးမျိုးလွင်က ပြောသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီမှ တင်ပြချက်များကို အားရကျေနပ် ပြီး အားလုံးပူးပေါင်းကာ ဖြစ်ပေါ် လာသည့် ပြဿနာများကို အပြစ် တင်ခြင်းထက် သင်ခန်းစာယူကာ နောင်လာမည့် ရင်းနှီးမြှုပ်နှံမှုများ ကို လုပ်ဆောင်မည်ဟု ပြောကြား ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ရွှေသဘာဝဓာတ်ငွေ့ ပိုက် လိုင်းကြောင့် အမ်းမြို့နယ်တွင် ထိခိုက်နစ်နာမှုများကို ကွင်းဆင်း စစ်ဆေးရန် ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ စစ် ဆေးမှုများ ပြုလုပ်ရန် ပြည်နယ် အစိုးရအဖွဲ့က တာဝန်ပေးထား ကြောင်း ဦးမျိုးလွင်က ပြောကြားသည်။ ကျောက်ဖြူမြို့မှ ထွက်ရှိ သည့် သဘာဝဓာတ်ငွေ့များကို ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ပြီးခဲ့ သည့် ၂၀၁၃ ဇူလိုင် ၃၀ ရက်တွင် စတင်ပို့လွှတ်ခဲ့သည်။ အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ရက်လျှင် ဓာတ်ငွေ့ကုဗပေ သန်း ၅၀၀ ထုတ်လွှတ်နေပြီး တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ ကုဗပေသန်း ၄၀၀ တင်ပို့ကာပြည်တွင်း၌ ကုဗပေသန်း ၁၀၀ သုံးစွဲနေကြောင်း ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ သိရသည်။ ရွှေသဘာဝဓာတ်ငွေ့ပိုက် လိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် အမ်းမြို့နယ်များကို အဓိကဖြတ်သန်း ဖောက်လုပ်ထားခြင်း ဖြစ်သည်။ ရွှေသဘာဝဓာတ်ငွေ့ ပိုက် လိုင်းကြောင့် ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ကျေးရွာအုပ်စုအချို့မှ လယ်ယာမြေများနှင့် အမ်းမြို့နယ် ကျေးရွာအုပ်စုသုံးစု၊ ကျေးရွာပေါင်း ၃၇ ရွာမှ လယ်မြေ၊ ယာမြေ၊ ကိုင်းမြေ၊ ဥယျာဉ်ခြံမြေနှင့် ပုစွန်မွေးကန် ဧကထောင်ချီ၍ ထိခိုက်နစ်နာမှုရှိနေကြောင်း ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။ #7day daily @LH ရေတိုက်စားမှုကြောင့် ပေါ်ထွက်လာသော မြန်မာ−တရုတ် ဓာတ်ငွေ့ပိုက်လိုင်းကို ဝိုင်းဝန်းကြည့်ရှုနေသူများ (ဓာတ်ပုံ − မောင်ကံ)
Source : http://ift.tt/2a8mx8Y
via IFTTT

www.7daydaily.com

ယူနက်စကိုစာရင်းဝင်ရန် ပုဂံဒေသတွင် ရပ်ဆိုင်းထားသော ဟိုတယ် ၄၂ လုံးပြဿနာ ဦးစွာဖြေရှင်းရန် မန္တလေးဝန်ကြီးချုပ်ပြော Wednesday, July 27, 2016 ပုဂံဒေသကို ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်းအမွေအ နှစ်အဖြစ် အသိအမှတ်ပြုရေး ဆောင်ရွက်ရာတွင် ရပ်ဆိုင်းထား သည့် ဟိုတယ် ၄၂ လုံးပြဿနာကို ဦးစွာဖြေရှင်းရမည်ဖြစ်ကြောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ အဆိုပါပြဿနာဖြေရှင်းရာ တွင် လုပ်ငန်းရှင်များ၏ဆန္ဒထက် ပုဂံဒေသကို အမှန်တကယ်ချစ် မြတ်နိုးသည့် ဒေသခံများ၏မျက် နှာကို ကြည့်ကာ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက် က ပြုလုပ်သည့် ပုဂံဒေသကို ယူနက်စကိုအသိအမှတ်ပြုရန် တင်သွင်းရေးအတွက် နိုင်ငံတ ကာ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်း ပညာရှင်များ၊ သာသ နာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန မှ တာဝန်ရှိသူများတက်ရောက် သည့် ဆွေးနွေးပွဲတွင် တိုက်တွန်း ပြောကြားခြင်းဖြစ်သည်။ ‘‘ဒီနေ့တက်ရောက်လာတဲ့ ပညာရှင်တွေက ပုဂံကို အကောင်းဆုံးဖြစ်အောင် ရေးဆွဲပေးနိုင်မယ် လို့ ယုံကြည်ပါတယ်။ ဒီပြဿနာ ကြီးကို မဖြေရှင်းဘဲနဲ့ ကမ္ဘာ့အမွေ အနှစ်ထဲကို သွင်းဖို့ ဘယ်လိုစဉ်း စားမှာလဲ။ ဒါတွေ ဘာလို့ ဖြစ်ခဲ့ တာလဲ။ တာဝန်ခံမှုမရှိလို့၊ ပွင့် လင်းမြင်သာမှုမရှိလို့ဖြစ်ခဲ့တာ။ ပြည်သူကပေးတဲ့ အစိုးရဖြစ်တဲ့အ တွက် ဒေသက လူတွေကို ဦးစား ပေးစဉ်းစားစေချင်ပါတယ်’’ဟု ဒေါက်တာဇော်မြင့်မောင်က ပြော ကြားသည်။ ယခင်အစိုးရလက်ထက်က ၁/၂၀၁၃ ဖြင့် အဆိုပါဟိုတယ် များကို ဆောက်လုပ်ခွင့်ပေးခဲ့ပြီး ၁/၂၀၁၄ ဖြင့် ပြန်လည်ရပ်ဆိုင်း စေခဲ့ရာ လက်ရှိတွင် ဟိုတယ် ၄၂ လုံး ဆက်လက်တည်ဆောက်ဖွင့် လှစ်ခွင့်မရှိသလို ဖျက်သိမ်းရန် အမိန့်ထုတ်ထားခြင်းလည်းမရှိ၍ တစ်ဝက်တစ်ပျက် အခြေအနေအဖြစ်သာ ရှိနေပြီး ၎င်းပြဿနာကို ဦးစွာ ဖြေရှင်းသင့်ကြောင်း ၎င်းက တိုက်တွန်းပြောကြားသည်။ ‘‘ဟိုတယ် ၄၂ လုံးပြဿနာ ကို ပြီးစလွယ်ဖြေရှင်းလို့မရပါဘူး။ ပုဂံဒေသက လူတွေအတွက်လည်း ပါသလို ဒေသအပြင်ဘက်က စီးပွားရေးလုပ်တဲ့ လူတွေအတွက်လည်းပါတယ်။ သူတို့နဲ့ ပုဂံဒေသက လူတွေ ဘယ်သူ့မျက်နှာကြည့်မလဲဆိုရင် ဒေသက လူတွေကိုပဲ ဦးစားပေးရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အမွေအနှစ်တစ်ခု တည်ဆောက်ဖို့ ဆိုတာ မလွယ်ပါဘူး။ဒါပေမဲ့ မျက်ရည်တွေနဲ့တော့ မတည်ဆောက်ကြပါနဲ့’’ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ ဟိုတယ်များ ပြဿနာနှင့် ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကို နှင့်တွေ့ဆုံခဲ့ရာတွင်လည်း အဆင်ပြေစွာ ဖြေရှင်းနိုင်ရေး ပူးပေါင်း ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း ၎င်းက ပြောသည်။ ပုဂံဒေသကို ကမ္ဘာ့အမွေ အနှစ်စာရင်း တင်သွင်းရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို ယူ နက်စကိုက ဦးစီးကာ ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်အထိ လေးရက်ကြာကျင်းပမည်ဖြစ်ပြီး ဆွေးနွေးပွဲပထမနေ့တွင် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းဖော်ပြချက်များကို ပုဂံဒေသ အတွက် ရေးဆွဲရေးအလေးထား ဆွေးနွေးခဲ့ကြသည်။ #7day daily #LH ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးများသို့ ခရီးသွားများ နွားလှည်းဖြင့် လာရောက်နေစဉ်(ဓာတ်ပုံ−စိုင်းဇော်)
Source : http://ift.tt/2avAYHz
via IFTTT

elevennewss3.s3.amazonaws.com

မြောက်ကိုရီးယား၏ ဖိတ်ကြားမှုအား တိုင်ပင်ရဦးမည်ဖြစ်ပြီး အမေရိကန်နှင့် တရုတ် မည်သည့်နိုင်ငံသို့ ဦးစွာသွားရောက်မည်ကို မသတ်မှတ်ရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်ရန် မြောက်ကိုရီးယားနိုင်ငံ၏ ဖိတ်ကြားမှုကို တိုင်ပင်ရဦးမည်ဖြစ်ပြီး အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံအနက် မည်သည့်နိုင်ငံသို့ ဦးစွာသွားရောက်မည် ဆိုခြင်းအား မသတ်မှတ်ရသေးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၂၆ ရက် ညပိုင်းတွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ပြောကြားခဲ့သည်။ ၄၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၂၆ ရက် ညပိုင်းက ဗီယန်ကျင်းမြို့ရှိ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နေအိမ်၌ မြန်မာ ဂျာနယ်လစ်များနှင့် တွေ့ဆုံချိန်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း ဇူလိုင် ၂၅ ရက်က မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနှင့် သီးခြားတွေ့ဆုံချိန်တွင် မြောက်ကိုရီးယားသို့ လာရောက် လည်ပတ်ရန် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ “ဒီလို ဖိတ်လို့ရှိရင် ဘယ်တော့မှ သွားမယ်၊ မသွားဘူး ချက်ချင်းမပြောပါဘူး။ ပြန်ပြီးတော့ ကိုယ့်ရဲ့ရုံးနဲ့ ပြန်တိုင်ပင်ရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်အား လာရောက်လည်ပတ်ရန် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ကလည်း ဖိတ်ကြားထားပြီး ထိုနှစ်နိုင်ငံအနက် မည်သည့်နိုင်ငံသို့ ဦးစွာ သွားရောက်မည်ကို မသတ်မှတ်ရသေးကြောင်း ပြောကြားသည်။ “အခြေအနေ အဆင်ပြေသလို သွားမှာပါ။ ဒါ ဘယ်နိုင်ငံမလို့ အရင်သွားရမလဲဆိုတာ မသတ်မှတ်ပါဘူး။ ကိုယ့်ရဲ့ ပြည်တွင်းမှာပေါ့နော်။ ပြည်တွင်းအလုပ်တွေရဲ့ အချိန်ဇယားနဲ့ ညှိပြီး သွားရမှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ အစည်းအဝေးကာလအတွင်း တရုတ်၊ မြောက်ကိုရီးယား၊ ရုရှား၊ သြစတြေးလျ၊ ဗီယက်နမ်၊ နော်ဝေ အစရှိသော နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားတွေ့ဆုံခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နှင့် ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက်တွင် ပြုလုပ်သော အစည်းအဝေးများ၌ တွေ့ဆုံစကားပြောဆိုမှုများ ရှိခဲ့သော်လည်း ထိုတွေ့ဆုံမှု၌ မည်သည့်အကြောင်းအရာများ ပြောကြားခဲ့သည်ဆိုခြင်းအား ဖြေဆိုရန်အတွက် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆန်ခဲ့သည်။ သို့သော် ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ တက်ရောက်ခဲ့သော ပထမဆုံး အာဆီယံအစည်းအဝေး အတွေ့အကြုံကို ကျေနပ်ကြောင်းနှင့် သင်ယူမှုများ ရရှိခဲ့သည်ဟု ၎င်းက ပြောကြားသည်။ “ကျေနပ်ပါတယ်။ ဘာကြီးလုပ်မယ်၊ ညာကြီးလုပ်မယ်ဆိုပြီး မျှော်မှန်းပြီးတော့ တက်တာမဟုတ်ပါဘူး။ တကယ်တော့ သင်ယူဖို့ တက်တယ်လို့ ပြောရမှာပဲ။ ဒါ ပထမဆုံး အစည်းအဝေးဆိုတော့ ကိုယ်က သင်ယူရမှာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ ထို့အတူ အာဆီယံ၏ ရပ်တည်မှုကို စိတ်ဝင်စားခဲ့ပြီး အဖွဲ့ဝင်တစ်နိုင်ငံချင်းစီ၏ ရပ်တည်မှုကိုလည်း လေ့လာခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ “စိတ်ဝင်စားဆုံးကတော့ အာဆီယံရဲ့ ရပ်တည်ချက်ပေါ့နော်။ အာဆီယံက အဖွဲ့အစည်းတစ်ခုအနေနဲ့ ဘယ်လိုရပ်တည်လဲ။ ဘယ်လောက် အတိုင်းအတာတစ်ခုအထိ တစ်သံတည်း ထွက်သလဲ။ ဒါဆိုတာ အခုမှစပြီး အန်တီက လေ့လာရတာပေါ့။ နောက်ပြီးတော့ အာဆီယံအတွင်းမှာလည်း ဘယ်နိုင်ငံက ဘယ်လိုပုံစံနဲ့ ရပ်တည်လဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်” ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။ ယခုပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၌ အဓိက အကြောင်းအရာဖြစ်ခဲ့သော တောင်တရုတ်ပင်လယ်အရေးကို ဇူလိုင် ၁၃ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ကြေညာချက်အတိုင်းသာ ပြောကြားခဲ့သည်ဟု ဆိုသည်။ “အန်တီက ပြောပြီးသားစကားကို ထပ်ထပ်ပြီးပြောတတ်တဲ့ အလေ့အကျင့်မရှိဘူး။ နောက်ဆုံးအကြိမ်မှာ ပြောတာတော့ ကျွန်မတို့ တရားဝင်ကြေညာပြီးပါပြီ။ ထပ်ပြောစရာ မလိုတော့ပါဘူးလို့ပဲ ပြောလိုက်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးမှုအပေါ် မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် အာဆီယံအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးစကား ပြောဆိုခဲ့ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား အလေးထားဖော်ပြခဲ့မှုမှာ ထူးခြားသောအကြောင်းအရာ မဟုတ်ကြောင်း သုံးသပ်ခဲ့သည်။ #eleven news အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေသည်ကို တွေ့ရစဉ်
Source : http://ift.tt/2a3zK1l
via IFTTT

Eleven Broadcasting

ဇူလိုင် ၂၇ ရက် နံနက်ပိုင်း သတင်းအစီအစဉ် (နံနက် ၈ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု) ■ အာဆီယံ အစည်းအဝေး ပထမဆုံး အတွေ့အကြုံ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း ■ မိုင်ဂျာယန်အစည်းအဝေး ပထမနေ့တွင် ပင်လုံစာချုပ်ပါ လိုက်လျောညီထွေ မဖြစ်တော့သည့် အချက်များကို ပြင်ဆင်သွားရန် သဘောထားချမှတ် ■ အနည်းဆုံး တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ချက်ကို ပြန်သုံးသပ်ရန် အစိုးရက စောင့်ကြည့်နေ ■ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ငွေစုစာရင်းဖွင့်ပြီး တန်ဖိုးနည်းအိမ်ရာ ဝယ်ယူနိုင်မယ့် စနစ် သြဂုတ်လတွင် စတင်မည် ■ ဒေါပုံမြို့နယ် မဟာဗန္ဓုလတံတားအဆင်းမှာ ခရီးသည်တင်ယာဉ်က ၁၈ ဘီး နောက်တွဲယာဉ်ကို ဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး ဒဏ်ရာရ ■ ပြင်သစ်နိုင်ငံရှိ ဘုရားကျောင်းတစ်ကျောင်းကို အိုင်အက်စ်သစ္စာခံ လက်နက်ကိုင်နှစ်ဦးက ဝင်ရောက်စီးနင်းခဲ့ပြီး ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးကို သတ်ခဲ့
Source : http://ift.tt/2afYZ3C
via IFTTT

elevennewss3.s3.amazonaws.com

ရန်ကုန်မြို့ရှိ မြစ်ချောင်းများအတွင်း သွားလာနေသော ရေယာဉ်များနှင့် သင်္ဘောကျင်းတွင် ရပ်နားထားသော ရေယာဉ်များထံမှ ဓားပြတိုက်မှု၊ ခိုးယူမှုများ ဆက်တိုက် ဖြစ်ပွားနေ ရန်ကုန်မြို့ရှိ မြစ်ချောင်းများအတွင်း သွားလာနေသော ရေယာဉ်များနှင့် သင်္ဘောကျင်းများတွင် ရပ်နားထားသော ရေယာဉ်များထံမှ ခိုးယူမှု၊ ဓားပြတိုက်မှုများ ဆက်တိုက် ဖြစ်ပွားနေသော်လည်း ဖော်ထုတ်အရေးယူမှု အားနည်းနေကြောင်း ပြည်တွင်း ရေယာဉ်ပိုင်ရှင်များ အသင်းမှ တာဝန်ရှိသူများက ပြောကြားသည်။ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှ ဇူလိုင်အထိ မြစ်ချောင်းများအတွင်း သွားလာနေသော ရေယာဉ်များထံမှ ဓားပြတိုက်မှု၊ ခိုးယူမှု ၄၀ ခန့် ဖြစ်ပွားခဲ့ပြီး လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် ဒလမြို့နယ် အတွင်းရှိ ရေယာဉ်များ၊ သင်္ဘောကျင်းများတွင် အများဆုံး ဖြစ်ပွားခဲ့သည်ဟု ပြည်တွင်းရေကြောင်း ရေယာဉ်ပိုင်ရှင်များအသင်း အတွင်းရေးမှူး ဦးဇော်မင်းက ပြောကြားသည်။ “လူလေးငါးယောက်လောက် တစ်ခါတလေ ၁၀ ယောက်ကျော်လောက်က ညအိပ်ရပ်ထားတဲ့ သင်္ဘောတွေပေါ်ကို တက်ပြီး လုတာ။ ဓားထောက်ပြီး လုတာ။ ကျွန်တော်တို့နဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နဲ့ တွေ့ဆုံသေးတယ်။ တွေ့ဆုံပြီးတော့ ရေကြောင်းရဲတွေကလည်း ရေထဲမှာ ကင်းလှည့်ပေးပါတယ်။ ဒါပေမဲ့ ဖြစ်ပွားနေတုန်းပဲ ရေထဲမှာဖြစ်တဲ့ ကိစ္စဖြစ်တဲ့အတွက် ဆိပ်ကမ်းရဲတပ်ဖွဲ့ကိုပဲ အမှုဖွင့် တိုင်ကြားလို့ရတယ်။ သက်ဆိုင်ရာ မြို့နယ် ရဲတွေဆီမှာ အမှုဖွင့်လို့ မရဘူး။ တိုင်ရင်သက်ဆိုင်ရာ မြို့နယ်ရဲတွေက လာကြည့်ပေးတယ်။ စစ်ဆေးပေးတယ်။ ဒါပေမဲ့ အမှုဖွင့်တာက ဆိပ်ကမ်း ရဲစခန်းမှာပဲ ဖွင့်လို့ရတော့ ရေယာဉ်ပိုင်ရှင်တွေကလည်း မတိုင်ကြတော့ဘူး။ ကျွန်တော်ကတော့ တိုင်တယ်” ဟု ရေယာဉ်ပိုင်ရှင်များအသင်း အတွင်းရေးမှူး ဦးဇော်မင်းက ပြောကြားသည်။ ဓားပြတိုက် လုယက်သူများသည် ဇွန် ၁၈ ရက်တွင် ဖုန်းလေးလုံး၊ ငွေကျပ်နှစ်သိန်းနှင့် အဝတ်အစား သေတ္တာတစ်လုံး၊ ဇွန်၂၀ ရက်တွင် ဖုန်းသုံးလုံး၊ ငွေကျပ်နှစ်သိန်းခွဲနှင့် အဝတ်အစား သေတ္တာတစ်လုံး၊ ဇူလိုင် ၇ ရက်တွင် ငွေကျပ်ငါးထောင်နှင့် ဖုန်းတစ်လုံးတို့ကို ဓားပြတိုက်ယူခဲ့ကြသည်ဟု ရေယာဉ်များထံမှ ဓားပြတိုက်မှု ဖြစ်စဉ်များအား ၎င်းက ထပ်မံ ရှင်းပြသည်။ “လှိုင်သာယာ ရွှေလင်ပန်း သင်္ဘောကျင်းမှာလည်း မေလတုန်းက ခိုးမှုဖြစ်သေးတယ်။ ည ၁ နာရီလောက်။ ခြင်ထောင်ထဲကို ဝင်နှိုက်သွားတာ။ ဖုန်းတွေ ပါသွားတယ်။ သူတို့က တွဲတစ်စီးနဲ့ တစ်စီးကြားမှာ ခိုအောင်းနေကြတာ။ အမှောင်ကို အခွင့်ကောင်းယူပြီးတော့။ ကျွန်တော်တို့ အနေနဲ့ကလည်း တစ်ချိန်လုံး မီးစက်နှိုးပြီး လင်းအောင်လုပ်ဖို့ကလည်း မကိုက်ဘူး။ စီစီတီဗွီတွေ တပ်ပြန်ရင်လည်း မီးမရတာနဲ့က အဆင်မပြေဘူး” ဟု ရေယာဉ်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးကျော်မင်းခင်က ပြောကြားသည်။ “၂၀၁၅ ခုနှစ် ဒီဇင်ဘာလတုန်းက တစ်ကြိမ်၊ ဒီနှစ်ဖေဖော်ဝါရီ ၈ ရက်နဲ့ ၂၁ ရက်မှာ တစ်ကြိမ်၊ ဧပြီလမှာတစ်ကြိမ် စုစုပေါင်း လေးကြိမ် ကျွန်တော်တို့ ရွှေပြည်သာမှာ ဖြစ်ပွားသေးတယ်။ သင်္ဘောပေါ်ကို လူလေးငါးဆယ်ယောက် တက်လာပြီး ဓားပြတိုက်လုတာပဲ။ အခုဖြစ်နေတာက ဒီသတင်း ပါလာရင်တောင် အငြိုးထားပြီး သင်္ဘောကို ရန်ထပ်ရှာမှာ စိုးနေရတယ်။ ကိုယ့်ဘာကိုယ် လုံခြုံရေး ချထားလည်း ဓားပြတွေနဲ့ ချဖို့ကတော့ မလွယ်ဘူး။ ကိုယ့်အလုပ်သမားတွေက အလင်းထဲကလူ၊ သူတို့က အမှောင်ထဲကလူ။ အဲဒီတော့ ခုခံဖမ်းဆီး သတ်ပုတ်တာတွေ လုပ်ရင်တောင် ကိုယ်ပဲ အမှုထပ်ပတ်နိုင်သလို ဖြစ်မယ်” ဟု ရွှေပြည်သာမှ ရေယာဉ်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးစိုးမင်းက ပြောကြားသည်။ ပန်းလှိုင်မြစ်အတွင်း စက်လှေဖြင့် လုယက်မှု ကျူးလွန်နေသူ ခြောက်ဦးကို ဇူလိုင် ၂၃ ရက်တွင် ရဲတပ်ဖွဲ့ဝင်များက မြစ်အတွင်း စောင့်ဆိုင်းဖမ်းဆီးရာ လေးဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ Writer: သက်မင်း #eleven news ရန်ကုန်မြစ် အတွင်းရှိ ရေယာဉ်များကို မတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)
Source : http://ift.tt/2a3zXBr
via IFTTT

Tuesday, July 26, 2016

www.7daydaily.com

မုံရွာမြို့မှ သက်တမ်းရင့်သစ်ပင်ကြီးများမခုတ်ရတော့ Tuesday, July 26, 2016 မုံရွာ-ရွှေဘိုခရိုင်ချင်း ဆက်လမ်းပေါ်ရှိ သက်တမ်းရင့် သစ်ပင်ကြီးများကို အများပြည်သူ ဆန္ဒနှင့်အညီ ခုတ်လှဲခြင်းမပြုဘဲ လမ်းချဲ့ထွင်ရန် စစ်ကိုင်းတိုင်းဒေ သကြီးဝန်ကြီးချုပ်က ဆုံးဖြတ်ခဲ့ ကြောင်း တိုင်းဒေသကြီးအစိုးရရုံး မှ သတင်းရရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးအ စိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး၊ တိုင်းဒေသကြီးပြည် သူ့ဆောက်လုပ်ရေးဦးစီးဌာန အင် ဂျင်နီယာမှူးကြီးနှင့် မုံရွာခရိုင် ဆောက်လုပ်ရေးဦးစီးဌာန တာဝန် ရှိသူများသည် ဇူလိုင် ၂၅ ရက်ည နေက အဆိုပါလမ်းပိုင်းကို ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။ ‘‘ဝန်ကြီးချုပ်ကြီးရဲ့လမ်း ညွှန်ချက်နှင့်အညီ အများပြည်သူ ဆန္ဒအတိုင်း သစ်ပင်မခုတ်လှဲဘဲ လမ်းချဲ့ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ လမ်းချဲ့ချင်သူတွေရဲ့ဆန္ဒလည်း ပြည့်ဝသွားသလို သစ်ပင်မြတ်နိုး တန်ဖိုးထားသူတွေလည်း အဆင် ပြေအောင် ဖောက်လုပ်သွားမှာ ဖြစ်ပါတယ်’’ဟု မုံရွာခရိုင် ဆောက်လုပ်ရေးဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောကြားသည်။ မုံရွာ-သာစည်-နောင်ကြီး အိုင်-ရွှေဘို ခရိုင်ချင်းဆက်လမ်း ပေါ်ရှိ မိုင်တိုင်အမှတ်(၂/၀)မုံရွာ ပညာရေးကောလိပ်မှ မိုင်တိုင်အ မှတ် (၆/၁)ကျောက်စစ်ပုံတောင် ကျေးရွာအတွင်း လမ်းပိုင်းကို မူလလမ်းအကျယ် ၁၂ ပေမှ ၁၈ ပေ အထိ တိုးချဲ့ရန် လျာထားခဲ့ခြင်း ကြောင့် သက်တမ်းရင့်သစ်ပင် ၂၁၂ ပင်ကို ခုတ်လှဲရန် လျာထား ခြင်းဖြစ်သည်။ သစ်ပင်ခုတ်လှဲခြင်းနှင့်ပတ် သက်၍ ဒေသခံများ၏သဘော ထားစစ်တမ်းကောက်ယူခဲ့သော စစ်ကိုင်းတိုင်းဒေသကြီးလူငယ် ကွန်ရက်အဖွဲ့မှ ကိုဇော်သူရိန် ထွန်းက ‘‘မုံရွာ-သာစည်လမ်းက တစ်ဖက်ကို သုံးပေ၊ နှစ်ပေ ချဲ့သွား မယ်။ သစ်ပင်နဲ့မလွတ်ရင် ရှောင် ကွင်းချဲ့သွားမယ်။ သစ်ပင်မခုတ် တော့ဘူး။ အများပြည်သူဆန္ဒအရသစ်ပင်မခုတ်ချင်တဲ့အတွက် ဝန် ကြီးချုပ်က ဒီအတိုင်း ဆုံးဖြတ်ပေး ခဲ့တာပါ’’ဟု ပြောသည်။ မုံရွာ-ရွှေဘိုလမ်းပိုင်းရှိ သက်တမ်းရင့် သစ်ပင်ကြီးများ ခုတ်လှဲမည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ကွန်ရက်အဖွဲ့က ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ အဆိုပါလမ်းပိုင်းရှိ ရွှေပြည်သာရပ်ကွက်နှင့်ကျောက် စစ်ပုံတောင်ကျေးရွာတို့မှ ဒေသခံ ၄၂၀ အား စစ်တမ်းတစ်ရပ် ကောက်ယူခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခဲ့သည်။ မုံရွာ-ရွှေဘို ခရိုင်ချင်းဆက် လမ်းဘေးရှိ ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ‘‘လမ်းက ကျဉ်းလို့ လမ်းချဲ့မှာကို သဘောတူပါတယ်။ သစ်ပင် ဘယ်ခုတ်စေချင်ပါ့မလဲ။ လမ်းချဲ့ဖို့ သစ်ပင်မ လွတ်ဘူးဆိုလို့သာ သဘောတူခဲ့ တာ။ နေပူလို့ရှိရင်တောင် သစ်ပင်အောက်ကို နားနေရတယ်။ လမ်း လည်းချဲ့မယ်။ သစ်ပင်မခုတ်ဘူး ဆိုရင်တော့ အားလုံးအဆင်ပြေ သွားတာပေါ့’’ဟု ဆိုသည်။ #7day daily မုံရွာမြို့မှ သက်တမ်းရင့်သစ်ပင်ကြီးများရှိရာလမ်း (ဓာတ်ပုံ - မျိုးမင်းဦး)
Source : http://ift.tt/2adAUdW
via IFTTT