Wednesday, August 3, 2016


အိချောပိုနှင့်တွေ့ဆုံခြင်း ‘‘တချို့ဇာတ်တွေကျတော့ မင်းသမီးလုပ်ကွက် ရချင်မှရတယ်။ ဒါပေမဲ့ ပရိသတ်စိတ်ဝင်စားမယ်။ ကြိုက်နိုင်မယ် ထင်ရင်တော့ ရိုက်ပါတယ်’’ (ဇွဲဉာဏ်) ============== စာရေးဆရာမင်းလူ၏ တက္ကသိုလ်နောက်ခံ အချစ်ဝတ္ထုတစ်ပုဒ်ဖြစ်သော ‘ပြောတိုင်းယုံတဲ့ ပုတ်သင် ညို’ဝတ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်နေပြီဖြစ်ပြီး ယင်းဇာတ်ကားကို ရန်ကုန်တက္ကသိုလ်၌ ရိုက်ကူးနေပြီဖြစ်သည်။ ထို့ကြောင့် ယင်းဇာတ်ကားတွင် အဓိက သရုပ်ဆောင်တစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင်နေသည့် အိချောပိုကို အဆိုပါဇာတ်ကားအကြောင်းအပါအဝင် ၎င်း၏ အနုပညာလှုပ်ရှားမှုများ အကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။ Q: ပြီးခဲ့တဲ့ရက်က တက္ကသိုလ်ထဲမှာ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေး အကြောင်း ပြောပြပေးပါလား။ A: ကြွေဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးနေတာပါ။ ဒါရိုက်တာကတော့ ကိုသားညီ။ ကိုလွှမ်းပိုင်နဲ့ ရိုက်တာ။ တက္ကသိုယ်ဇာတ်လမ်းလေး၊ ဆရာကြီးမင်းလူရဲ့ဇာတ်ပါ။ ဇာတ်လမ်းကတော့ မင်းသမီးက တက္ကသိုလ်မှာ Queenပေါ့။ ကောင်လေးတွေ အများကြီးက ဝိုင်းကြိုက်ကြတာ။ တခြားဧည့်သည် သရုပ်ဆောင် အစ်ကိုတွေလည်းပါတယ်။ အဲဒီမှာကောင်မလေးက ပြန်ပြီးပညာပေးတာ။ နည်းနည်းမာနကြီးကြီးပုံစံလေးပါ။ Q: လွှမ်းပိုင်ကလည်း သရုပ်ဆောင်အနေနဲ့က အသစ်တစ်ယောက်ပဲဆိုတော့ သရုပ်ဆောင်ပိုင်းမှာ အပေးအယူ မျှအောင် ဘယ်လိုလုပ်ဖြစ်လဲ။ A: သူကလည်း ဒီနေရာမှာ ဒီလို လုပ်ချင်တယ်ပြောရင် ကိုယ့်ဘက် ကလည်း လုပ်နိုင်တဲ့အတိုင်းအတာကို ရီဟာဇယ်တွေလုပ်ကြတယ်။ အဲဒီလိုညှိပြီးလုပ်ဖြစ်ပါတယ်။ Q: ဒီကားထဲမှာ မြန်မာဆန်ဆန် ဝတ်စုံဖက်ရှင်လေးတွေ ဝတ်ထားတာလည်း တွေ့ရတော့ အဝတ်အစား ပိုင်းပြင်ဆင်မှု အကြောင်းလေးကိုလည်း ပြောပြပေးပါဦး။ A: အိချောဇာတ်လမ်းတစ်ခုရပြီ ဆိုတာနဲ့ အဲဒီဇာတ်လမ်းနဲ့ လိုက်ဖက်မယ့်ပြင်ဆင်မှုတွေကို ကြိုတင် စဉ်းစားတယ်။ ဒီဇိုင်နာကိုပြော တယ်။ ဒီဇိုင်နာက ဘယ်လိုပုံဖော် ချင်တယ်ဆိုရင် ညှိပြီး ဝတ်ဖြစ်တာ များတယ်။ မြန်မာဝတ်စုံ ဝတ်ရတာ ကိုလည်း အိချောကြိုက်တယ်။ ပြီး တော့ ဒီကာရိုက်တာကလည်း တက္ကသိုလ်ကျောင်းသူ။ မိန်းထဲမှာ ရိုက်တာဆိုတော့ မြန်မာဝတ်စုံနဲ့ က ပိုအဆင်ပြေတယ်။ မြန်မာဝတ်စုံဝတ်တဲ့နေရာမှာ ဆွဲဆောင်မှုရှိတဲ့ ကောင်မလေး ပုံစံဖြစ်အောင် ဒီဇိုင်နာနဲ့ညှိဖြစ်တယ်။ Q: အခုနောက်ပိုင်း ရုပ်ရှင်တွေပဲဆက် တိုက်ရိုက်ဖြစ်နေတာ များလား။ ဇာတ်လမ်းရွေးချယ်မှုပိုင်းကိုကော ဘယ်လိုရွေးချယ်ဖြစ်လဲ။ A: ရုပ်ရှင်ကားကြီးက ပုပ္ပား၊ ပြင်ဦးလွင်ဘက်တွေမှာ သွားရိုက်ဖို့ရှိပါတယ်။ ရုပ်ရှင်ကားကြီးတွေ တော့ များတယ်။ ဒါပေမဲ့ ဗီဒီယို တွေလည်း ရိုက်ဖြစ်ပါတယ်။ ဇာတ်လမ်းက ကိုယ့်အတွက်လည်း လုပ်ကွက်ရမယ်။ ပရိသတ်တွေလည်း ကြိုက်မယ် ထင်တာကို လက်ခံပြီး ရိုက်ကူးပါတယ်။ တချို့ဇာတ်တွေ ကျတော့ မင်းသမီး လုပ်ကွက်ရချင် မှ ရတယ်။ ဒါပေမဲ့ ဇာတ်တစ်ဇာတ်လုံး ခြုံကြည့်လိုက်ရင် ပရိသတ် စိတ်ဝင်စားမယ်။ ကြိုက်နိုင်မယ် ထင်ရင်တော့ ရိုက်ပါတယ်။ Q: ကိုယ့်ကိုကမ်းလှမ်းလာတဲ့ ဇာတ်လမ်းတွေမှာ ကိုယ်နဲ့မလိုက်လို့ဆိုပြီး ငြင်းခဲ့ရတာတွေကောရှိလား။ A: ဟုတ် ရှိပါတယ်။ ငြင်းတယ် ဆိုတာကလည်း လက်ခံမယ်ဆိုတဲ့ ဇာတ်တွေဆိုရင် ဇာတ်ကို အရင် ဖတ်ပြီးမှ လက်ခံတယ်။ တချို့ကား တွေကျတော့လည်း အနီးကပ်မှ အပြောင်းအလဲလေးတွေကြောင့် မတတ်သာလို့ ငြင်းလိုက် ရတာမျိုး တွေလည်း ရှိပါတယ်။ Q: လက်ရှိ ရုံတင်စနစ်နဲ့ဆိုရင် ရုပ်ရှင် ဇာတ်ကားတွေက ရိုက်ပြီး သုံးနှစ် လောက်မှ ရုံတင်နိုင်မှာဆိုတော့ သရုပ်ဆောင်တွေအတွက် ဘယ်လိုစိန်ခေါ်မှုတွေရှိလဲ။ A: အိချောတို့ အခုရိုက်တဲ့ကား တွေဆို တော်တော်ကြာမှ ရုံတင်မှာ။ အခုခေတ်စားနေတဲ့ ဖက်ရှင်မျိုးတွေဝတ်ရင် နောက်သုံးနှစ်ကြာရင် အဲဒီဖက်ရှင်က ခေတ်စားချင် မှ ခေတ်စားတော့မှာ။ အဲဒီတော့ အတတ်နိုင်ဆုံး ကာရိုက်တာနဲ့ လိုက်ဖို့ရယ် ကိုယ်နဲ့လိုက်ဖက်မှုရှိ တဲ့ဖက်ရှင် ဘယ်တော့မဆို ရိုးမသွားတဲ့ ဖက်ရှင်မျိုးတွေကို ရွေးပြီးဝတ်ဖြစ်တယ်။ Q: ပြင်ဦးလွင်မှာ ကားဖျက်ဆီးခံခဲ့ရ တဲ့ကိစ္စကော ဘာတွေထပ်ထူး သေးလဲ။ အဲဒီနေ့က အကြောင်း လေးလည်း ပြန်ပြောပြပေးပါဦး။ A: မုန့်သွားစားနေရင်းဖြစ်တာ။ အနုပညာသမားတွေစုပြီး သွားကြတာ။ ည ၇ နာရီခွဲလောက်ပဲရှိသေး တယ်။ အရင်ဆို မထွက်ဖြစ်ဘူး။ အဲဒီနေ့က အကုန်စုသွားကြမယ် ဆိုလို့ လိုက်သွားတာ။ ဘေးမှာ ကိုထွန်းထွန်း ကားလည်း ရှိတယ်။ နောက်ထပ် တစ်စီးလည်းရပ်ထား သေးတယ်။ အဲဒါကို အိချောကား တစ်စီးပဲဖြစ်သွားတာ။ အဲဒီတုန်း ကတော့ အမှုလည်း ဖွင့်ပါတယ်။ ဒါပေမဲ့ အခုထိတော့ ဘာမှမထူးဘူး အကျိုးအကြောင်းလည်း ဘာမှ ပြန်မပြောဘူး။ Q: အဲဒီလိုကြုံခဲ့ရတော့ အခုနောက်ပိုင်း နယ်ရိုက်ကွင်းတွေသွားရင် ကိုယ့်ဘက်က ဘာတွေဆင်ခြင်ရတာတွေရှိလဲ။ A: အိချောကတော့ အတတ်နိုင် ဆုံးဆင်ခြင်တယ်။ ပရိသတ်တွေ ကလည်း အိချောကို ပြင်ဦးလွင် သွားရင်ပဲ ဖြစ်ဖြစ်၊ ဘယ်ပဲသွားသွား လက်ခံကြတယ်။ အဲဒါကို ပရိသတ်တွေထဲက လုပ်တာလို့ လည်း မထင်ဘူး။ ဒါက ဘယ်လို ကြောင့်လဲ ဆိုတာတော့ နားမလည်ဘူး။ ဘာကြောင့်မှန်းလည်းမသိဘူး။ လက်ဆော့သွား တာလား၊ ဘာလားလည်းမသိဘူး။ Q: မင်းသမီးတစ်ယောက်အနေနဲ့ ခန္ဓာကိုယ်အလှအပပိုင်းကိုကော ဘယ်လိုထိန်းဖြစ်လဲ။ A: အိချောကတော့ Gym တွေ ဘာတွေသွားကစားတာမရှိဘူး။ ကစားလိုက်လို့ ကိုယ်ကအလုပ် မအားတော့ ဆက်မကစားဖြစ်ရင် ဝိတ်တက်လာတတ်တယ်။ အဲဒါ ကြောင့် အစားအသောက်နဲ့ပဲ ထိန်းတယ်။ နည်းနည်းပြည့် လာပြီထင်ရင် အစားလျှော့လိုက်တယ်။ Q: အနုပညာပျိုးခင်းကနေ စင်တင် မင်းသမီးတစ်လက်အဖြစ် အရွေး ချယ်ခံခဲ့ရတာက အိချောဘဝအ တွက် ဘယ်လိုအမှတ်တရတွေ ရှိခဲ့လဲ။ A: အနုပညာပျိုးခင်းကတော့ အမှတ်တရတစ်ခုပါ။ ကိုယ့်ဆရာ တွေက ကိုယ့်ကိုမြေတောင် မြှောက်ပေးခဲ့တဲ့ ကံကောင်းမှုလေး တစ်ခုပါ။ ကျေးဇူးတင်ပါတယ်။
Source : http://ift.tt/2avxfI2
via IFTTT


နိုင်ငံတဝန်း လူဦးရေ တသိန်းနှစ်သောင်းကျော် ရေကြီးမှုဒဏ် ခံနေရ (သူဇာ) ============= မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး ခြောက်ခုဖြစ်သည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာ၀တီ တိုင်း၊ ပဲခူးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရေကြီးမှုများ ဖြစ်ပေါ်နေပြီး လူဦးရေ တသိန်း နှစ်သောင်းကျော် ရေကြီးမှုဒဏ် ခံစားနေရကြောင်း လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီးဌာန၏ စာရင်း မှတ်တမ်းများအရ သိရသည်။ လက်ရှိရေကြီးနစ်မြုပ်မှု အခြေအနေများနှင့် ပတ်သက်ပြီး လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးက “အရေးပေါ် ကြေညာရလောက်တဲ့အဆင့် မဟုတ်ဘူး။ အပိုင်းလိုက် အပိုင်း လိုက်လေးတွေ ဖြစ်တာ။ ဖြစ်တဲ့နေရာကို အခု နိုင်နိုင်နင်းနင်း လုပ်နေတယ်။ တခုရှိတာက ဒီရေတွေက ၂ ရက်၊ ၃ ရက်နေလို့ ပြန်ကျရင် အောက်ဘက်ကိုရောက်လာမယ်။ ပြည်တို့၊ ပန်းတောင်းတို့ တဖြည်းဖြည်း အောက်ဘက်ကို ဆင်း သွား မယ်။ ဒါတွေကတော့ ကာကွယ်လို့ကို မရတော့တဲ့ ကိစ္စတွေ ဖြစ်တယ်။ အဲဒါကြောင့် တခုပဲ ကာကွယ်လို့ရတာက ကြိုတင်ပြီးတော့ ရွှေ့ပြောင်းထားတာတို့ လူတွေတိရစ္ဆာန်တွေ အသက်အန္တရာယ် မရှိအောင် ကြိုးပမ်းအားထုတ် နေရ တယ်။ ကြိုတင်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးတွေပဲ လုပ်ရတယ်” ဟု ပြောဆိုသည်။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနသို့ ယနေ့ ညနေပိုင်းအချိန် ဆက်သွယ် မေးမြန်း ချက်များအရ စစ်ကိုင်းတိုင်း ဒေသကြီးတွင် မြို့နယ် ၉ မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးတွင် မြို့နယ် ၁၀ မြို့နယ်၊ မကွေး တိုင်း ဒေသကြီးတွင် မြို့နယ် ၁၂ မြို့နယ်၊ ဧရာ၀တီတိုင်း ဒေသကြီးတွင် မြို့နယ် ၂ မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီးတွင် မြို့နယ် ၃ မြို့နှင့် ကချင်ပြည်နယ်တွင် မြို့နယ် ၃ မြို့နယ်တို့ ရေကြီးနစ်မြုပ်မှုဒဏ် ခံစားနေရကြောင်း သိရသည်။ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုအပေါ် ချက်ချင်းတုံ့ပြန် ဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ခွင့်ပြုဘတ်ဂျက်ငွေ ကျပ် ၂၀ ဘီလီယံ ရရှိထားကြောင်းနှင့် လိုအပ်ပါက နိုင်ငံတော် သမ္မတ ၏ သီးသန့်ရန်ပုံငွေမှ တောင်းခံသုံးစွဲနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန ဒုညွန်ကြားရေးမှူး ဒေါ်မြတ်မိုးသွယ်ကလည်း ဧရာ၀တီကို ပြောဆိုထားသည်။ မိုးရွာသွန်းမှုနှင့် ပတ်သက်ပြီး မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က တပြည်လုံးတွင် မိုးတိမ်တောင်ဖြစ်ရန် အလား အလာ အနည်းငယ်မှ အသင့်အတင့်ရှိနိုင်ပြီး၊ မိုးရွာသွန်းမှု အခြေအနေမှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့မှာ နေရာကျဲကျဲ မိုးရွာနိုင်ပြီး ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် နေရာစိပ်စိ်ပ် မိုးရွာသွန်းနိုင်ကာ ကျန်ဒေသများတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသား အသိပေးထားသည်။ လက်ရှိရေကြီးနစ်မြုပ်နေမှု အခြေအနေများနှင့် ပတ်သက်ပြီး မြို့နယ်များနှင့် အိမ်ခြေ၊ လူဦးရေ စာရင်းများကို အောက်တွင် ဇယားနှင့် ဖော်ပြထားသည်။ (ဇယားပုံ)
Source : http://goo.gl/bKcBtW
via IFTTT

Eleven Broadcasting

SAMSUNG ရေစိုခံ Galaxy Note 7 စမတ်ဖုန်းစတင်မိတ်ဆက် (ရုပ်သံ) ဒီဂျစ်တယ် ကညစ်ပါ၀င်တဲ့ ထိပ်တန်း စမတ်ဖုန်းများရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ Galaxy Note 7 စမတ်ဖုန်းကို ဆမ်ဆောင်းကုမ္ပဏီက ဩဂုတ်လ ၂ရက်နေ့မှာ တရား၀င် မိတ်ဆက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်က ထုတ်လုပ်ခဲ့တဲ့ Note 5ရဲ့ အသုံး၀င်နည်း ပညာတွေပါ၀င်ပြီး ဒီနှစ်မှာအောင်မြင်နေတဲ့ S7 Edgeက ဒီဇိုင်းနဲ့ ရေစိမ်ခံ နည်းပညာတို့ကို ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ Note 7 ကို နယူးယောက်မြို့မှာ ဆမ်ဆောင်းက မိတ်ဆက်ပြသခဲ့တာပါတယ်။ အဲ့လိုပြသခဲ့ပြီး ဩဂုတ်လ ၃ရက်နေ့က စတင်ကာ အကြိုမှာယူမှုများကို စတင် လက်ခံမှာဖြစ်တယ်လို့လဲ သိရပါတယ်။ ဆမ်ဆောင်းရဲ့ အဆင့်မြင့်စမတ်ဖုန်းအသစ် Note 7ဟာ S 7 စမတ်ဖုန်းတွေနဲ့ ပိုမိုဆင်တူလာခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ထုတ်၀ေခဲ့တဲ့ Note 5 မှာမပါခဲ့တဲ့ Micro SD ကဒ်အပိုထည့် သွင်းနိုင်မှုနဲ့ ရေစိမ်ခံနည်းပညာတို့ ပါ၀င်လာခဲ့တာပါ။ အဲ့ဒါအပြင် မျက်၀န်းနဲ့ဖုန်းကို ဖွင့်နိုင်တဲ့ နည်းပညာအသစ်လဲ ပါ၀င်လာခဲ့တယ်လို့သိရပါတယ်။
Source : http://ift.tt/2aQWDdN
via IFTTT


ထူးအိမ်သင် သီချင်းပေါင်းချုပ် စာအုပ် ထွက်မည် (ယုမွန်ကျော်) ========== ကွယ်လွန်သွားပြီ ဖြစ်တဲ့ တေးရေး၊ တေးဆို ထူးအိမ်သင်ရဲ့ သီချင်းတွေကို စုစည်းပြီး သီချင်းပေါင်းချုပ်အဖြစ် ပြန်လည် ထုတ်၀ေမယ်လို့ သိရပါတယ်။ အဲ့ဒီတေးသီချင်းပေါင်းချုပ်ကို ထူးအိမ်သင်ရဲ့ ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အမှတ်တရ အနေနဲ့ ထုတ်၀ေတာလည်း ဖြစ်ပါတယ်။ ဒီ တေးသီချင်း ပေါင်းချုပ် အမည်ကို “ထူးအိမ်သင်၏ သီချင်းပေါင်းချုပ်” လို့ ပေးထားပြီး သီချင်း စုစုပေါင်း ၄၀၀ နီးပါး ပါ၀င်မယ်လို့ သိရပါတယ်။ “ကိုငှက်ရဲ့ ကွယ်လွန်ပြီး ၁၂ နှစ် အမှတ်တရအနေနဲ့ သီချင်းတွေကို တစုတစည်းတည်း လုပ်ပေးနိုင်ခဲ့တဲ့အတွက် ကျမ ၀မ်းသာပါတယ်။ သီချင်းတွေ စုစည်းပြီး ပြန်ထုတ်ဖို့တော့ မရှိသေးပါဘူး။ ဒီ စာအုပ်လေးကျတော့ သူ့သီချင်းလေးတွေ ဂစ်တာတီးပြီး ပြန်ဆိုချင်ကြတဲ့ သူတွေအတွက် ပြန်ရှာရရင် လွယ်သွားအောင် တစုတစည်းတည်း ထုတ်လိုက်တဲ့ သဘောပါ” လို့ သီချင်းများကို ပြန်လည် စုစည်းပေးထားတဲ့ ထူးအိမ်သင်ရဲ့ ဇနီးဖြစ်သူ ဒေါ်သွယ်သွယ်ထွေးက ဧရာ၀တီကို ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီ တေးသီချင်း ပေါင်းချုပ်မှာ ထူးအိမ်သင်ရဲ့ တကိုယ်တော်ခွေ ၁၄ ခွေထဲက တေးသီချင်းတွေ အားလုံး ပါ၀င်ကြောင်း၊ တခြားသော အတွဲခွေများမှာ ထူးအိမ်သင် သီဆိုထားတဲ့ တေးသီချင်း တချို့တော့ မပါ၀င်ကြောင်း သူက ဆက်ပြောပါတယ်။ “တတ်နိုင်သမျှတော့ အကုန်နီးပါးပါအောင် ကျမ စုစည်းထားပါတယ်။ ဟိုးအရင် ကက်ဆက်ခွေခေတ်က သီချင်းတွေတော့ မပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ သီချင်းတွေဆို ဘယ်သူ ရေးပေးမှန်းတောင် မသိတော့တဲ့ သီချင်းမျိုး တွေပေါ့” လို့ ဒေါ်သွယ်သွယ်ထွေးက ရှင်းပြပါတယ်။ တေးသီချင်း ပေါင်းချုပ်ထဲမှာ ပါ၀င်မယ့် ထူးအိမ်သင်ရဲ့ တကိုယ်တော်ခွေ ၁၄ ခွေကတော့ နာရီပေါ်က မျက်ရည်စက်များ၊ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာအိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ မြို့ပြလရောင် တမ်းချင်း၊ ၀င်ရိုးစွန်းမီး၊ အကြွင်းမဲ့ မေတ္တာတော်သီချင်း (သို့) အမေ၊ အစိမ်းရောင် ရက်စွဲများ၊ အမှတ်တရ ဒဏ်ရာ သီချင်းများ၊ တနေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့် တို့ပဲ ဖြစ်ပါတယ်။ ထူးအိမ်သင်ရဲ့ သီချင်းပေါင်းချုပ် စာအုပ်ကို စိတ်ကူးချိုချို စာအုပ်တိုက်ကနေ ဩဂုတ်လ ၅ ရက်နေ့မှာ စတင်ဖြန့်ချိ ရောင်းချပေးမှာ ဖြစ်ပြီး တအုပ်ကို ၅၅၀၀ ကျပ် ဖြစ်ကြောင်း သိရပါတယ်။
Source : http://goo.gl/aSZNvZ
via IFTTT


ထိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများကို ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်နေ (စောရန်နိုင်) ================ ထိုင်းရဲအဖွဲ့နှင့် စစ်တပ်က ရွှေ့ပြောင်းလုပ်သားများ၏ လုပ်ငန်းခွင်များ နှင့် နေထိုင်ရာ နေရာများသို့ ၀င်ရောက်စီးနင်း မှုများ နှင့် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်မှု တိုးလာခြင်းကြောင့် မြန်မာ ရွှေ့ပြောင်း လုပ်သားများကို ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးက သတိပေးနှိုးဆော်ချက်တခု ထုတ်ပြန်လိုက်သည်။ ထိုကဲ့သို့ ပြုလုပ်လာခြင်းသည် ဩဂုတ်လ ၇ ရက်နေ့တွင် ကျင်းပရန် ရှိနေသော ထိုင်းစစ်အစိုးရက ရေးဆွဲထားသည့် အခြေခံဥပဒေမူကြမ်း အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မတိုင်မီ ထိုင်းရဲအဖွဲ့နှင့် စစ်တပ်က လုံခြုံရေး ဆောင်ရွက်မှုများ သိသိသာသာ မြှင့်တင်လာသောကြောင့် ဖြစ်သည်။ မြန်မာသံရုံးက ဩဂုတ်လ ၁ ရက်နေ့၌ ထုတ်ပြန်ခဲ့သော အဆိုပါ သတိပေးနှိုးဆော်ချက်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြ သော မြန်မာနိုင်ငံသားများ နှင့် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများ အနေဖြင့် အထူးသတိပြုသွားလာနေ ထိုင်ကြရန်နှင့် ခရီးသွားပါကလည်း စာရွက်စာတမ်း အထောက်အထား အပြည့်အစုံ ယူဆောင်သွားကြရန်၊ ရဲအဖွဲ့က စစ် ဆေးပါကလည်း အသာတကြည် စစ်ဆေးမှုခံယူကြရန် ဖော်ပြထားသည်။ သတိပေးချက်တွင် ဆက်သွယ်ရမည့် သံရုံးဖုန်းနံပါတ်များကို ဖော်ပြထားပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အကူ အညီလိုအပ်ပါက တောင်းခံနိုင်ကြောင်းလည်း ဖိတ်ခေါ်ထားသည်။ ထိုင်း အွန်လိုင်း သတင်းများတွင် ထိုင်းရဲအဖွဲ့နှင့် စစ်တပ်က မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အလုပ်ခွင်များ၊ နေထိုင် သည့်နေရာများသို့ ၀င်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုင်းနိုင်ငံသားများထံမှ အလုပ်ကို ခိုးယူနေ သည်ဟု ထိုင်းအာဏာပိုင်များ၏ စွပ်စွဲခြင်းကို ခံရနေရသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားများ ၏ အသေးစား စီးပွားရေး လုပ် ငန်းများလည်း အပါအ၀င်ဖြစ်သည်။ မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ အဆိုအရ မြန်မာ အများစု နေထိုင်သည့် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိ ဈေးများ တွင် ထိုင်းရဲ အဖွဲ့က ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ ထိုင်းရဲအဖွဲ့က ရွှေ့ပြောင်းလုပ်သားတို့၏ အလုပ်ခွင်များကို သာမက နေအိမ်များနှင့် ရွှေ့ပြောင်းလုပ်သားများ ဆောက်လုပ် နေထိုင်သည့် ယာယီတဲများကိုလည်း ၀င်ရောက်စီးနင်းခဲ့သည့်အတွက် ချင်းမိုင်မြို့တွင် နေထိုင်သည့် မြန်မာရွှေ့ပြောင်း လုပ်သား တဦးဖြစ်သော ကိုဦးက ယခင် ဖမ်းဆီးဖြိုခွဲမှုများထက် ပိုဆိုးသည် ဟုပြောသည်။ ချင်းမိုင်မြို့မှ မြန်မာရွှေ့ပြောင်း နေထိုင်သူများ ဖွင့်လှစ်ထားသည့် ဆိုင်ငယ်များကိုလည်း ကြိုတင်ကာကွယ်သည့် အနေဖြင့် ပိတ်ထားခဲ့ကြသည်ဟု သူက ဆိုသည်။ အလုပ်ခွင်များသို့ ၀င်ရောက်စီးနင်းသည့် အခါ စာရွက်စာတမ်းများတွင် အလုပ်ရှင်နှင့် လုပ်ငန်းခွင်နေရာ ကွဲလွဲမှုရှိနေသူ အားလုံးကို ထိုင်းရဲအဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ကိုဦးက ပြောသည်။ ပြီးခဲ့သည့် ရက်များအတွင်း ထိုင်းရဲအဖွဲ့နှင့် စစ်တပ်က ထိုင်း-မြန်မာ နယ်စပ်အနီး ရှိ ယာယီနေထိုင်သည့် မြန်မာနိုင်ငံသား အများစု ရှိရာ မဲဆောက်မြို့တွင်လည်း ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား အများအပြား ဖမ်း ဆီးခံရခြင်း၊ မြန်မာဘက်ခြမ်းရှိ မြ၀တီမြို့သို့ ပြန်လည် နှင်ထုတ်ခံရခြင်းများ ရှိခဲ့သည်ဟု သိရသည်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ တရားမ၀င် နယ်စပ်ဖြတ်ကျော်သည့် နေရာများတွင်လည်း ထိုင်းစစ်တပ်မှ တပ်စွဲထား ကြောင်း သိရသည်။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများ အရေးကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံ တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၃ သန်းမှ ၄ သန်းအတွင်း ရှိပြီး တရား၀င် မှတ်ပုံတင်ထားသူ ၁ ဒဿမ ၇သန်းသာ ရှိသည် ဟု သိရသည်။ ဇွန်လ အတွင်းက ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Samut Sakhon ခရိုင် Mahachai ဆိပ်ကမ်းမြို့ရှိ Talay Thai Seafood Market မှ မြန်မာ ရွှေ့ပြောင်း လုပ်သားများနှင့် တွေ့ဆုံ ခြင်း အပါအ၀င် တွေ့ဆုံမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးကို သေချာစေမည့် ထိုင်းအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်များ အကြောင်းကို အခိုင်အမာ ပြောကြားခဲ့သလို ရွှေ့ပြောင်းလုပ်သားများ ပြန်လာနိုင်စေရန်အတွက် မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကောင်းမွန်စေမည့် အစီအစဉ်များကိုလည်း ပြောကြားခဲ့သည်။
Source : http://goo.gl/WatBGm
via IFTTT


မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံခြင်း ‘‘ရေကြီးတာ အခုမှ ဒုတိယကာလ ရှိသေးတယ်။ တတိယကာလ ကျန်နေသေးတယ်။ နောက်ပိုင်းမှာ လာနီညာက ဖြစ်ဦးမယ်’’ (အောင်သစ်လွင်) ==================== ဧရာ၀တီ၊ ချင်းတွင်း၊ င၀န်နှင့် ဒုဋ္ဌ၀တီ မြစ်ရေများသည် ဩဂုတ် ၁ ရက်တွင် မြို့ပေါင်း ၁၅မြို့ ခန့်၌ စိုးရိမ်ရေမှတ် အထက်တွင် မြင့်တက်နေပြီး ဘင်္ဂလား ပင်လယ်အော်မှ လေဖိအားနည်း ရပ်၀န်းကြောင့်လည်း မြန်မာနိုင်ငံ ဒေသအများစု နေရာကွက် မိုးကောင်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ဧရာ၀တီတိုင်းဒေသကြီးတို့တွင် ရေလွှမ်းမိုးမှုကြောင့် လူဦးရေ ငါးသောင်းကျော် ရေဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။ ဖြစ်ပေါ်လာနိုင်သော ရေဘေးအန္တရာယ်ကို ကြိုတင် ကာကွယ်နိုင်ရန် မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်အား တွေ့ဆုံ မေးမြန်းထားသည်များကို ပြန်လည် ဖော်ပြအပ်ပါသည်။ Q: အခုအချိန်မှာ အထက်ပိုင်းနဲ့ အလယ်ပိုင်းက မြို့အများစု ရေဘေးရင်ဆိုင်နေရတယ်ဆရာ။ အဲဒီတော့ ရေဘေးအတွက် ဆရာ ဘာများ သတိပေးချင်ပါလဲ။ A: နံပါတ်(၁)သတိပေးချင်တာက ရေကြီးတာအခုမှ ဒုတိယကာလရှိသေးတယ်။ တတိယကာလ ကျန်နေသေးတယ်။ နောက်ပိုင်းမှာလည်း လာနီညာကဖြစ်ဦးမယ်ဆိုတော့ မိုးများဦးမယ်။ အောက်တိုဘာအထိ ရေဘေးကို သတိထားနေရမယ်။ Q: ဧရာ၀တီနဲ့ ချင်းတွင်းမြစ်လည်းစိုးရိမ်ရေမှတ်အထက်ကိုရောက်နေတာကြာပြီဆိုတော့ အဲဒီ အပေါ်ကော ဘယ်လို သတိပေးချင်လဲ ဆရာ။ A: ဧရာ၀တီ၊ ချင်းတွင်း၊ ဒုဋ္ဌ၀တီ၊ င၀န်မြစ်ရေတွေတိုးနေတယ်။ စိုးရိမ်ရေမှတ်တွေကျော်နေပါတယ်။ အနိမ့်ပိုင်းကရွာတွေ၊ လယ်ကွင်းတွေ၊ လမ်းတွေရေဖုံးနေတယ်။ ကျောင်းသူ၊ ကျောင်းသားတွေ စက်လှေတွေနဲ့ သွားလာနေကြရတယ်။ ဒီအချိန်မှာ လုပ်သင့်တာက ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ၊ဆရာမတွေ၊ ပြည်သူတွေအနေနဲ့ ရေလမ်းခရီးသွားတဲ့အခါ အန္တရာယ်ကင်းအောင် ဂရုတစိုက်ရှိနေဖို့လိုတယ်။ ဒါကိုလည်းတာ၀န်ရှိသူတွေကနေ ကြပ်မတ်ဆောင်ရွက်ပေးတာမျိုးလုပ်သင့်တယ်။ မြစ်တွေမှာလည်း အရှေ့ဘက်က သံလွင်မြစ်တောင် အခုရေတိုးလာပြီ။ နောက်လာဖို့ရှိတယ်။ စစ်တောင်းတို့ ဘာတို့၊ မြစ်ကမ်းဘေးနေသူတွေ သတိနဲ့ နေ့နေ့ညည ရှိနေဖို့လိုပါတယ်။ Q: ရေဘေးကြိုတင်ကာကွယ်ရေးလုပ်နေတဲ့ အပိုင်းကောအကြံပြုပါဦး။ A: ရေနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုတွေကတော့ တော်တော်လိုသေးတယ်။ အခု မုံရွာဆိုရင် မနှစ်က ရေမှတ် ပြန်ရောက်နေပြီ။ ဒါပေမဲ့ ဘာ ပြဿနာမှ မရှိဘူး။ ဘာကြောင့်ဆို မနှစ်က တာရိုးတွေ ဖို့ထားလို့။ ဒါမျိုးတွေ လုပ်ဖို့ လိုအပ်တာပေါ့။ ကြိုတင် ကာကွယ်တယ် ဆိုတာ ဒါပဲလေ။ မနှစ်က ဒီအချိန်ဆို မုံရွာက လူတွေဟာ ပျာယာခတ်နေပြီ။ ရေက တက်တယ်။ စိုးရိမ်ရေမှတ် ကျော်နေတယ်။ ဒါပေမဲ့ ပြဿနာ မရှိဘူး။ ဘာကြောင့်လဲဆို မနှစ်က တာကို မြှင့်လိုက်တာကြောင့်လေ။ အရေးကြီးတာက ဒါက ရေကြီးကာလ မကုန်သေးဘူး။ ဒုတိယ အကြိမ်ပဲ ရှိသေးတာ။ တတိယအကြိမ် လာဦးမှာ။ လာနီညာကလည်း ရှိနေသေးတော့ ရေကို မပေါ့ဖို့ သတိပေးချင်တယ်။ တတိယ ရေကြီးကာလအတွက် ကြိုတင် ပြင်ဆင်ထားဖို့လိုတယ်။ Q: မနှစ်က ရေဘေးမှာ ဆရာတို့ အပါအ၀င် နယ်ပယ် ပေါင်းစုံက ၀ေဖန်တော့မှသာ သဘာ၀ ဘေးကျရောက်တဲ့ ဒေသအဖြစ် သတ်မှတ်ပြီး ကယ်ဆယ်ရေးတွေ လုပ်ခဲ့တာ။ ဒီနှစ် အတွက်ကကော ဆရာ။ A: ဒီနှစ်ကတော့ လူကယ်ပြန်က အလုပ်အများကြီး လုပ်တာ တွေ့ရပါတယ်။ သဘာ၀ဘေး ရင်ဆိုင်နေရတဲ့ နေရာတွေကို ဘယ်လို အကြောင်းကြောင်းမှ နောက်မကျတာ အကောင်းဆုံးပေါ့။
Source : http://ift.tt/2b2dWEM
via IFTTT


မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းဒေသ အင်အားပြင်း မြေငလျင်ကြီး အန္တရာယ်ရှိဟုဆို ================ အိန္ဒိယမြေထုချပ်သည် မြန်မာနိုင်ငံ မြေထုချပ်အောက်ကို တွန်းဝင်နေပြီး လှုပ်ရှားမှု အင်အား ပြင်းထန်နေသည့် ပြတ်ရွေ့ အရှိန်ကြောင့် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ဒေသများသည် အင်အားပြင်း မြေငလျင်ကြီး အန္တရာယ်ရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ Senior Researcher ဒေါ်လှလှအောင်က ပြောကြားသည်။ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ဒေသများဖြစ်သည့် ချင်းတောင်တန်းနှင့် နာဂတောင်တန်းဒေသသည် သုတေသနပြု လေ့လာချက်များအရ India Plate(အိန္ဒိယ မြေထုချပ်)နှင့် Burma Plate (မြန်မာမြေထုချပ်) နှစ်ခုသည် ထိပ်တိုက် တွေ့ဆုံနေပြီး India Plate မှာ တွန်းကန်မှု တန့်သွားကာ အရွေ့အင်အား စုစည်းနေသည်မှာ နှစ်ပေါင်း ၄၀၀ ကြာမြင့်ခဲ့သည့်အတွက် အင်အား ရစ်ခ်ျစတာစကေး ၉ အဆင့်ရှိသည့် အင်အားပြင်း မြေငလျင်ကြီးများ လှုပ်ခတ်နိုင်ခြေရှိကြောင်း ၎င်းက ပြောဆိုသည်။ “ဒီငလျင်က မြန်မာနိုင်ငံမှာ မလှုပ်ဘူးလို့လည်း မပြောနိုင်ဘူး။ အကယ်၍ လှုပ်လာခဲ့ရင်လည်း ဘယ်လို လုပ်ကြမလဲ ဒါကို ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်”ဟု ဒေါ်လှလှအောင်က ဆိုသည်။ ယင်းသို့ အိန္ဒိယ မြေထုချပ်မှာ မြန်မာနိုင်ငံဘက်သို့ တွန်းတိုက် ရွေ့လျားနေသည့်အတွက် မြေငလျင် တိုင်းစက်များကို အိန္ဒိယ - မြန်မာ နယ်စပ်နှင့် စစ်ကိုင်း - မန္တလေးမြို့များကိုဖြတ်၍ ကျောက်မဲနှင့် သီပေါမြို့တို့တွင် တပ်ဆင်မည်ဖြစ်ပြီး ယင်းစက်မှ လှုပ်ခတ်နေသည့် မြေငလျင်များပေါ် မူတည်ကာ မြေထုချပ်၏ ရွေ့လျား တွန်းတိုက်မှု၊ ပြင်းအား ပမာဏနှင့် အင်အားပြင်း မြေငလျင် လှုပ်ခတ်နိုင်သည့် အခြေအနေတို့ကို လေ့လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က ပြောကြားသည်။ အလားတူ စစ်ကိုင်းပြတ်ရွေ့ကြောမှ အင်အားပြင်း မြေငလျင် လှုပ်ခတ်ခဲ့သည်မှာ နှစ်ပေါင်း ၈၀ ကျော်ရှိပြီဖြစ်ပြီး နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မိထ္ထီလာ၊ ဝန်းသို၊ ဖြူး၊ ဆွာနှင့် ပဲခူးမြို့ အပါအဝင် မြို့ကြီးများမှာ အင်အားပြင်း မြေငလျင် အန္တရာယ်ရှိနေကြောင်း မြေငလျင် ကျွမ်းကျင် ပညာရှင်များက သတိပေး ပြောဆိုထားသည်။ ဆူမာတြားကျွန်း၊ ကပ္ပလီပင်လယ်ပြင် ရခိုင်ကမ်းရိုးတန်း အနီးမှာ ရှိနေသည့်ပြတ်ရွေ့မှလည်း အင်အားပြင် မြေငလျင်များ လှုပ်ခတ်ခဲ့ဖူးကြောင်း၊ ယခု India Plate ၏ တွန်းကန်နေမှုကို မြေအောက်ကျောက်များ ခံနိုင်ရည် မရှိဘဲ ချော်ထွက်သွားပါက ငလျင်ကြီး လှုပ်ခတ်နိုင်ပြီး ဘင်္ဂလားဒေ့ရှ်နှင့် ဘင်္ဂလား ပင်လယ်အော် အတွင်း ၂၃ ကီလိုမီတာ အထူ ကျဆင်းနေသည့် နုန်းအနည်များကိုဖြတ်၍ ငလျင်လှိုင်းများ ရိုက်ခတ်ခဲ့ပါက အင်အား ပြင်းထန်နိုင်ကြောင်း နိုင်ငံတကာ မြေငလျင် ကျွမ်းကျင် ပညာရှင်များ၏ သုတေသနပြု လေ့လာထားချက်များကို ကိုးကား၍ ဒေါ်လှလှအောင်က ရှင်းပြ ပြောဆိုသည်။ မြန်မာနိုင်ငံရှိပြတ်ရွေ့များထဲတွင် ကဘော်နှင့် ကျောက်ကြမ်းပြတ်ရွေ့ကဲ့သို့ ထိခိုက်ပျက်စီးဆုံးရှုံးမှုများနိုင်သည့် စစ်ကိုင်းပြတ်ရွေ့သည် ကီလိုမီတာတစ်ထောင်ခန့်အရှည်ရှိပြီး ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့နှင့် မြစ်ကြီးနားမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ခရမ်း၊ သုံးခွနှင့် ပဲခူးရိုးမအရှေ့ဘက်ခြမ်းမှ မုတ္တမ ပင်လယ်ကွေ့ဘက်သို့ ဖြတ်သန်းသွားကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီ၏ မှတ်တမ်းများအရ သိရသည်။ ဓာတ်ပုံ - Myanmar Earthquake Committee
Source : http://goo.gl/iGDgks
via IFTTT