Sunday, August 21, 2016

Eleven Broadcasting

ယုဇနပလာဇာ အနီးရှိ ဓာတ်တိုင် တစ်တိုင်တွင် ဓာတ်ကြိုးများ ရှော့ခ် ဖြစ်၍ မီးလောင်မှုဖြစ်ပွား (ရုပ်သံ) ပြီးခဲ့တဲ့ သြဂုတ်လ ၂ဝ ရက်နေ့ ညနေပိုင်းက ယုဇနပလာဇာအနီး ဓာတ်တိုင် တစ်တိုင်မှာ ဓာတ်ကြိုးများ ရှော့ခ်ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Source : http://ift.tt/2b71hFi
via IFTTT

Friday, August 19, 2016

တက္ကသိုလ်ကျောင်းသားများကို တယ်လီနောက အလုပ်သင် ခေါ်ယူမည်

နည်းပညာတက္ကသိုလ် (မှော်ဘီ၊ အနောက်ပိုင်း၊ သန်လျှင်) နှင့် အမျိုးသား စီမံခန့်ခွဲ ကောလိပ် နောက်ဆုံးနှစ် ကျောင်းသားများကို တယ်လီနော မြန်မာကုမ္ပဏီက အလုပ်သင် ခေါ်ယူမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက သတင်း ထုတ်ပြန်သည်။ ယခုနှစ် အောက်တိုဘာလမှ စတင်၍ နောက်ဆုံးနှစ် တက္ကသိုလ် ကျောင်းသားများကို အလုပ်သင် ခေါ်ယူသွားမည်ဖြစ်ပြီး တယ်လီနော မြန်မာ၏ လုပ်ငန်းခွင် နည်းစနစ်များနှင့် လုပ်ငန်းခွင် ပူးပေါင်း ဆောင်ရွက်မှုများကို သင်ယူ လေ့လာနိုင်မည်ဖြစ်သည်။ “အလုပ်သင်ဆိုတော့ ပိုက်ဆံတော့ မပေးပါဘူး။ ဒါပေမယ့်လည်း Allowance တစ်ခုခုတော့ လုပ်ပေးဖို့ ရှိပါတယ်”ဟု တယ်လီနော မြန်မာ Corporate Communications ဌာနမှ Senior Expert ဦးညီညီအောင်က ပြောကြားသည်။ အလုပ်သင် လျှောက်လိုသူများသည် မိမိတို့ သက်ဆိုင်ရာ နည်းပညာတက္ကသိုလ် သို့မဟုတ် အမျိုးသား စီမံခန့်ခွဲမှု ကောလိပ်တွင် တယ်လီနော မြန်မာ အလုပ်သင် လျှောက်လွှာများကို ရယူ၍ internship@telenor.com.mm သို့ ပေးပို့နိုင်ကြောင်း ၎င်းကဆိုသည်။ လုပ်ငန်းခွင် ဝင်သူများသည် တယ်လီနော မြန်မာ၏ လူ့စွမ်းအား အရင်းအမြစ်၊ ဘဏ္ဍာရေး၊ စီးပွားရေး လည်ပတ်မှု၊ နည်းပညာ၊ စျေးကွက် ရှာဖွေရေး၊ ကော်ပိုရိတ်ဆိုင်ရာ ဆက်သွယ်ရေး အစရှိသည့် ကဏ္ဍများတွင် ဝင်ရောက် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက သတင်းထုတ်ပြန်သည်။ အလုပ်သင်များကို တစ်လမှ သုံးလအထိ လေ့ကျင့် သင်ကြားပေးမည်ဖြစ်ပြီး အလုပ်သင် ကာလပြီးဆုံးပါက အသိအမှတ်ပြု လက်မှတ် ရရှိမည်ဖြစ်သည်။ တယ်လီနော မြန်မာသည် လက်ရှိတွင် ဝန်ထမ်းပေါင်း ၆ဝဝ ကျော်ဖြင့် လည်ပတ်လျှက် ရှိသည်။ ထို့ပြင် အခြားသော တက္ကသိုလ်များနှင့် ပူးပေါင်း၍ ယခု အစီအစဥ်ကို တိုးချဲ့သွားမည်ဖြစ်ကြောင်း တယ်လီနော မြန်မာက ဆိုသည်။
Source : http://goo.gl/8QFEIf
via IFTTT

Eleven Broadcasting

မြင်းခြံမြို့တွင် အမျိုးသမီးအဆောင် တစ်ခု မီးလောင်ကျွမ်းရာမှ ကျောင်းသူတစ်ဦး သေဆုံး(ရုပ်သံ) ဒီကနေ့ နံနက်အစောပိုင်းက မြင်းခြုံမြို့ တိုးချဲ့မြို့သစ်မှာ ရှိတဲ့ အမျိုးသမီးဆောင်တစ်ခုမှာ မီးအားမြင့်စက်တစ်လုံး အပူလွန်ကဲခဲ့ရာက မီးလောင်မှု ဖြစ်ပြီး နည်းပညာ ကောလိပ် ကျောင်းသူတစ်ဦး နေအိမ် အတွင်း မီးလောင် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။
Source : http://ift.tt/2bHmzaS
via IFTTT

Eleven Broadcasting

ဩဂုတ် ၁၉ ရက် ညပိုင်း သတင်းအစီအစဉ် ( ည ၈ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု ) ■ ရေဘေးသင့် ပြည်သူများကို ပြန်လည် နေရာချထားရာတွင် နီးစပ်ရာ စာရင်းပါသည့်ပုံမျိုး မဖြစ်စေချင်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား ■ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတရှီကျင်ပင်းတို့ တွေ့ဆုံဆွေးနွေး ■ စစ်ကိုင်း အလုပ်သမားသပိတ်နှင့် ဆက်စပ် ဖမ်းဆီးထားသူများကို ဆက်လက်ရုံးထုတ် ■ မြစ်ကြီးနားမြို့တွင် ရေ၀ပ်နေသည့် စာသင်ကျောင်း၀င်းအတွင်း ရေဆော့ကစားရာမှ စတုတ္ထတန်း ကျောင်းသားတစ်ဦး ရေနစ်သေဆုံး ■ လေယာဉ်ပေါ်၌ မြန်မာနိုင်ငံသား တစ်ဦးထံမှ ဒေါ်လာ ၆၀၀၀ ခိုးယူခဲ့သည့် တရုတ်နိုင်ငံသား ဖမ်းမိ ■ မြင်းခြံမြို့တွင် အမျိုးသမီးအဆောင်တစ်ခု မီးလောင်ကျွမ်းရာမှ ကျောင်းသူတစ်ဦး သေဆုံး ■ ဗီယက်နမ်သို့ တရားမ၀င် တင်သွင်းခဲ့သော ရေနဂါးအသေ ၂၀၀၀ ခန့် ဖမ်းဆီးရမိ ■ ၁၀ မီတာ ဒိုင်ဗင်ပြိုင်ပွဲတွင် ရွှေတံဆိပ် ရရှိခဲ့သည့် တရုတ်ဒိုင်ဗင်မယ် ရန်ချန် ရီယိုအိုလံပစ်၏ အသက် အငယ်ဆုံး ဆုရသူ ဖြစ်လာ
Source : http://ift.tt/2b9bMUd
via IFTTT

Tuesday, August 16, 2016

မိုင်းပျဉ်းမြို့နယ်၌ အမည်မသိ သေနတ်သမား ပစ်ခတ်မှုကြောင့် စားသောက်ဆိုင်ပိုင်ရှင် သေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် ဝမ်မွန်းရွာ၌ ဩဂုတ် ၁၅ ရက် ည ၇ နာရီခွဲခန့်က အမည်မသိ သေနတ်သမားနှစ်ဦး လာရောက်ပစ်ခတ်၍ အဆိုပါ ကျေးရွာနေ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသား သေဆုံးခဲ့ကြောင်း ယင်းကျေးရွာဒေသခံများထံမှ သိရသည်။
Source : http://goo.gl/nZ5khO
via IFTTT

The Irrawaddy - Burmese Edition

OPPO ရဲ့ Selfie ဘုရင် F1s မိတ်ဆက်ပွဲ ရိုက်ကူး-ဧရာဝတီ
Source : http://ift.tt/2bjIBRO
via IFTTT

7Day News Journal

Myanmar Idol အစီစဉ်တင်ဆက်သူ ကျော်ထက်အောင် ပွဲဦးထွက် ရုပ်ရှင် ဩဂုတ်-၁၆၊ ၂၀၁၆ Myanmar Idol အစီအစဉ်ရဲ့ အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်က အစီအစဉ်တင်ဆက်သူအဖြစ်ကနေ ရုပ်ရှင်သရုပ်ဆောင်အဖြစ် ခြေလှမ်းစတင်တော့မှာပါ။ ဒီလအတွင်း ရိုက်ကူးမယ့် 'သူငယ်' ရုပ်ရှင်ကားမှာ ဝါရင့်အနုပညာရှင်တွေနဲ့ တွဲဖက်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ‘သူငယ်’ ရုပ်ရှင်ဇာတ်ကားမှာ ရန်အောင်၊ ရဲအောင်၊ မင်းဦး၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်တို့ နဲ့ တွဲဖက်သရုပ်ဆောင်မှာဖြစ်ပြီး ဒီဇာတ်ကားအတွက် ကန်တော့ပွဲပေးတဲ့အခမ်းအနားကို ဒီကနေ့မနက်ပိုင်းက နိုဗိုတယ် ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ #ကျော်ထက်အောင် #ပွဲဦးထွက်ရုပ်ရှင် #7DayNews #7DayTV (7Day News ဂျာနယ်နဲ့ 7Day Daily သတင်းစာရဲ့ ရုပ်သံတင်ဆက်မှုတွေကို 7Day TV ဖေ့စ်ဘွတ်စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။) အောက်ပါလင့်ခ်တွေမှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ https://youtu.be/IiJyUCUU6wk http://ift.tt/2be3TMo
Source : http://ift.tt/2bwzV9V
via IFTTT