Tuesday, November 1, 2016

The Voice

ဇီကာဗိုင်းရပ်စ်က အမျိုးသားများ၏ မျိုးပွားနိုင်စွမ်းကိုလည်း ထိခိုက်နိုင်ချေ ရှိဟုဆို ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှုဟာ အမျိုးသမီးတွေသာမက အမျိုးသားတွေထံမှာလည်း ကြီးကြီးမားမား ဆိုးကျိုး သက်ရောက်မှု ရှိနိုင်ကြောင်း ဆေးသိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။ ဇီကာကူးစက်ခံရတဲ့ အမျိုးသားတွေဟာ နောင်အခါ ကလေးရနိုင်စွမ်း၊ တနည်းအားဖြင့် မျိုးပွားနိုင်စွမ်း လျော့နည်းသွားတာမျိုး ဖြစ်နိုင်တဲ့အပြင် ဝှေးစေ့ သေးသွားတာမျိုး ဖြစ်နိုင်ကြောင်း သတိပေးလိုက်တာ ဖြစ်ပါတယ်။ အဖြစ်များလာတဲ့ ဇီကာဗိုင်းရပ်စ်ကို ကြွက်တွေနဲ့ ဓာတ်ခွဲစမ်းသပ်ရာမှာ ဒီအဖြေ ထွက်ပေါ်လာခဲ့တာပါ။ ဇီကာကူးစက်ခံရတဲ့ ကြွက်တွေ ကိုးဆယ်ရာခိုင်နှုန်းဟာ ဒီဆိုးကျိုးကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူသားတွေမှာ အလားတူ အကျိုးသက်ရောက်မှု ရှိမယ်ဆိုတာကိုတော့ အတိအကျ သက်သေ မပြနိုင်သေးပါဘူး။ ခန့်မှန်းသတိပေးရုံ အဆင့်သာ ရှိသေးတဲ့အတွက် လူသားတွေလည်း ဒါမျိုးဖြစ်မယ်လို့ တထစ်ချ မှတ်ယူမထားစေချင်ကြောင်းလည်း သုတေသီတွေက ပြောကြားပါတယ်။ ဇီကာဗိုင်းရပ်စ်ဟာ ခန္ဓကိုယ်အတွင်းက ဆဲလ်တွေကို သေဆုံးသွားစေတာကြောင့် ဒီလိုဆိုးကျိုးတွေ ဖြစ်ပေါ်စေတာ ဖြစ်ကြောင်း ဝါရှင်တန်တက္ကသိုလ်က ဒေါက်တာမိုက်ကယ်ဒိုင်းမွန်းက သတိပေးခဲ့တာပါ။ Ref: rt.com
Source : https://goo.gl/cC3AQL
via IFTTT

MOI Webportal Myanmar

ရတနာကမ်းလွန် ပလက်ဖောင်းရှိ ဓာတ်ငွေ့ပို့လွှတ်သော စနစ်ချို့ယွင်းမှု ဖြစ်ပွား (၁.၁၁.၂၀၁၆)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် ရတနာကမ်းလွန် ပလက်ဖောင်း ရှိ ဓာတ်ငွေ့ပို့လွှတ်သော စနစ်ချို့ယွင်းသဖြင့် ရန်ကုန်မြို့ သို့ ပေးပို့သော Gas 50MCF လျော့နည်းသွားသဖြင့် အခြား Gasစနစ်မှ အစားဖြည့်တင်းပေးသော်လည်း ရန်ကုန်ရှိ ရွာမနှင့် လှော်ကား ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများ ရပ်တန့်ရမည် ဖြစ်ပါသည်။ ရပ်တန့်စဉ်ကာလအတွင်း ဓာတ်အားစနစ်ထိန်းညှိရန်နှင့် လှော်ကား ရှိ ထရန်စဖော်မာ၏ ဝန်အား ထိန်းညှိနိုင်ရန် အတွက် ယနေ့ညနေ (၁၆း၀၀) နာရီမှ (၂၂း၀၀) နာရီ အချိန်အတွင်း နေရာ အချို့ တွင် အနည်းငယ် ဝန်အား လျော့ချရမည် ဖြစ်ပြီး ပိုက်လိုင်းပြုပြင်ပြီးပါက ပုံမှန် ဓာတ်အားပြန်လည် ထုတ်လွှတ် ဖြန့်ဖြူးနိုင်မည် ဖြစ်ပါသဖြင့် ယာယီဓာတ်အား ပြတ်တောက်မှုကြောင့် လူမှုရေး အခက်ခဲများ ပေါ်ပေါက်နိုင်မှုအပေါ် နားလည် ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အများပြည်သူများထံသို့ လေးစားစွာ အသိပေး ပန်ကြားအပ်ပါသည်။ Ref; YESC-CallCenter
Source : http://ift.tt/2ePNN00
via IFTTT

YESC-CallCenter

(၁.၁၁.၂၀၁၆)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် ရတနာကမ်းလွန် ပလက်ဖောင်းရှိ ဓာတ်ငွေ့ပို့လွှတ်သော စနစ်ချို့ယွင်းသဖြင့် ရန်ကုန်မြို့သို့ပေးပို့သော Gas 50MCF လျော့နည်းသွားသဖြင့် အခြား Gasစနစ်မှ အစားဖြည့်တင်းပေးသော်လည်း ရန်ကုန်ရှိ ရွာမနှင့် လှော်ကား ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများရပ်တန့်ရမည်ဖြစ်ပါသည်။ ရပ်တန့်စဉ်ကာလအတွင်း ဓာတ်အားစနစ်ထိန်းညှိရန်နှင့် လှော်ကားရှိ ထရန်စဖော်မာ၏ဝန်အား ထိန်းညှိနိုင်ရ​​န်​အတွက်​ ယ​နေ့ည​နေ(၁၆းဝဝ)နာရီမှ (၂၂းဝဝ)နာရီအချိန်​အတွင်​း ​နေရာအချို့တွင် အနည်းငယ်ဝန်အားလျော့ချရမည် ဖြစ်ပြီး ပိုက်လိုင်းပြုပြင်ပြီးပါက ပုံမှန်ဓာတ်အားပြန်လည် ထုတ်လွှတ်ဖြန့်ဖြူးနိုင်မည်ဖြစ်ပါသဖြင့် ယာယီဓာတ်အား ပြတ်တောက်မှုကြောင့် လူမှုရေးအခက်ခဲများပေါ်ပေါက် နိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အများပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
Source : http://ift.tt/2fqeWbH
via IFTTT


စစ်တွေသို့ ရောက်ရှိနေသာ မောင်တောမှ ဒုက္ခသည် အားလုံးနီးပါး နေရပ်သို့ ပြန်လည် ထွက်ခွာသွားသောကြောင့် ကယ်ဆယ်ရေးစခန်း ပိတ်သိမ်းနိုင်ဖွယ်ရှိ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် စစ်တွေမြို့သို့ တိမ်းရှောင်ရောက်ရှိလာကြသည့် ဒုက္ခသည်အားလုံးနီးပါး နေရပ်သို့ ပြန်လည်ထွက်ခွာကြပြီ ဖြစ်သောကြောင့် နို၀င်ဘာလ ၂ ရက်တွင် စစ်တွေမြို့ရှိ ဓည၀တီ အားကစားကွင်းမှ ဒုက္ခသည်စခန်းအား ပိတ်သိမ်းနိုင်ခြေရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီး ဦးကျော်လွင်က ပြောကြားသည်။ “ဒီမှာတော့ ၇၀ ကျော်လောက် ကျန်သေးတယ်။ ပုံမှန်အားဖြင့်တော့ တစ်နေ့ကို တစ်ရာ၀န်းကျင်လောက် ပြန်နေကြတာ၊ မနက်ဖြန် တစ်ရက်လောက်ဆိုရင် သူတို့ပြန်ကြလိမ့်မယ် ထင်တယ်။ ဟိုမှာလည်း စားဖို့ သောက်ဖို့ အတွက် ကူညီပေးထားတယ်။ အစိုးရအနေနဲ့ စီမံချက်ချထားတာကတော့ ၆ လလောက်အထိ ဒီကလူတွေကို ပေးပို့သွားမယ်၊ ကျွန်တော်တို့က အတင်းလွှတ်တာ မဟုတ်ဘူး။ ပြန်ချင်ရင် ပြန်လို့ရတယ်။ ပြန်ဖို့အတွက် အစီစဉ်ဆောင်ရွက်ပေးတဲ့ သဘောမျိုးပါ။ နောက်ပြီး တိုင်းရင်းသားကျေးရွာတွေမှာ လုံခြုံရေးလိုအပ်ရင် လုံခြုံရေးချထားပေးဖို့ ဆောင်ရွက်ထားတယ်။ မလုံခြုံတဲ့ ရွာတွေကိုတော့ မောင်တောဘက်မှာ ယာယီစခန်းတွေ ဖွင့်လှစ်ပြီး ကျွေးမွေးထားမယ်၊ လုံခြုံတဲ့ရွာတွေကိုလည်း စားနပ်ရိက္ခာတွေ ပေးပို့သွားမှာပါ” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တူတွင်း၀န်ကြီး ဦးကျော်လွင် ကပြောကြားခဲ့ပါသည်။ စစ်တွေရောက် ဒုက္ခသည်များအနေဖြင့် မိမိတို့ နေရပ်သို့ ပြန်နေကြသော်လည်း လုံခြုံရေးကိုမှု စိုးရိမ်မှုရှိလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။ အောင်မင်္ဂလာရွာမှ ဒေါ်မမြထွေးက“ တကယ်တော့ ကျွန်မတို့က မသွားလို့မရတဲ့အခြေအနေ ဖြစ်နေလို့ ပြန်ရတာပါ။ ဒီမှာ မထားတော့ဘူးလည်း ပြောတယ်။ အေးချမ်းပြီဆိုရင်တော့ ကိုယ့်နေရာကို ပြန်ချင်တာပေါ့။ ဒါပေမယ့် အခုက ဒီမှာနေလို့မရဘူးဆိုတော့ ပြန်ရတာပေါ့။ ကိုယ့်အိုးကိုယ်အိမ်ကို ချစ်တာပေါ့။ ရွာမှာ လုံခြုံရေးရှိတယ် ဆိုပေမယ့် အဲဒီ်လောက်နဲ့ မနေလိုဘူး။ အဲဒီလောက် အဖွဲ့အစည်းတွေကိုတောင် ၀င်ပြီး တိုက်တယ်ဆိုတော့ လုံခြုံရေးအနည်းငယ်နဲ့ ဘယ်လိုများ ကျွန်မတို့ ရှင်သန်နိုင်မယ်လို့ ယုံကြည်နိုင်မလဲ” ဟု ပြောကြားသည်။ ယနေ့ (နို၀င်ဘာလ ၁ ရက်)အထိ စစ်တွေမှ မောင်တောမြို့သို့ စုစုပေါင်း ဒုက္ခသည်ဦးရေ ၁၁၀ မှာ ပြန်လည် ထွက်ခွာသွားခဲ့ပြီ လက်ရှိတွင် စစ်တွေကယ်ဆယ်ရေးစခန်း၌ လူဦးရေ ၇၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။ ယင်းသို့ နေရပ်ပြန်မိသားစုများအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အမြန်ရေယာဉ် စီစဉ်ပေးခဲ့ပြီး နာရေးကူညီမှုအသင်း (စစ်တွေ)မှ တစ်ဦးလျင် ငွေတစ်သောင်းကျပ်စီ ကူညီပံ့ပိုးခဲ့ကာ လူကယ်ပြန်မှ အသုံးအဆောင်ပစ္စည်းအချို့ကို ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။ Writer: သန်းလှိုင်(စစ်တွေ)
Source : http://ift.tt/2eWrqn4
via IFTTT

The Voice

ဟီလာရီကလင်တန် အီးမေးလ်ကိစ္စ FBI ညွှန်ကြားရေးမှူး ဥပဒေ ချိုးဖောက်သည်ဟု အထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် စွပ်စွဲ ဝါရှင်တန်၊ အောက်တိုဘာ ၃၁ ဟီလာရီကလင်တန်နှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု ယူဆရသော အီးမေးလ်များ စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်ပြီး FBI ညွှန်ကြားရေးမှူးက ထုတ်ဖော်ခဲ့ခြင်းမှာ ဥပဒေကို ချိုးဖောက်ရာ ရောက်သည်ဟု အထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် ဟာရီရိဒ်က ဝေဖန်ခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။ အစိုးရ တာဝန်ရှိသူများ ရွေးကောက်ပွဲအပေါ် လွှမ်းမိုးစွက်ဖက်မှုကို ပိတ်ပင်ထားသည့် အက်ဥပေဒကို FBI ညွှန်ကြားရေးမှူး ဂျိမ်းစ်ကမ်မေးက ချိုးဖောက်ခဲ့သည်ဟု ဟာရီရိဒ်က စွပ်စွဲခဲ့သည်။ အမေရိကန် ရွေးကောက်ပွဲ ကျင်းပရန် နှစ်ပတ်မျှပင် မလိုတော့သည့် အချိန်တွင် FBI ၏ စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်သည့် အကြောင်းကြားစာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ကလင်တန်၏ ထိပ်တန်းလက်ထောက်တစ်ဦး ဖြစ်သူ ဟူမာအဘီဒင်နှင့် ဆိုင်သော အီးမေးလ်မှတ်တမ်းကို ရှာဖွေရန် FBI တွင် ဝရမ်းရရှိသွားပြီ ဖြစ်သည်။ ဟူမာအဘာဒင်၏ အီးမေးလ်များကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်သည့် စာတိုများ ပေးပို့မှုကြောင့် နာမည်ပျက်ခဲ့ရသည့် လွှတ်တော်အမတ်ဟောင်း ခင်ပွန်းသည် အန်ထိုနီဝေနာ၏ လက်ပ်တော့မှ တွေ့ရှိခြင်း ဖြစ်သည်ဟု ယူဆရသည်။ လက်ပ်တော့တွင် အီးမေးလ် ၆၅၀၀၀၀ အထိ စိစစ်ရှာဖွေရမည်ဖြစ်ရာ ရွေးကောက်ပွဲ မတိုင်မီ စုံစမ်းစစ်ဆေးရေးမှူးများက အဖြေတစ်ခု ထုတ်ပေးနိုင်မည် မဟုတ်ပေ။ ဟာရီရိဒ်က FBI ညွှန်ကြားရေးမှူးသည် ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်၊ သူ၏ ထိပ်တန်းအကြံပေးများနှင့် ရုရှားအစိုးရအကြား နီးကပ်သော ဆက်ဆံရေးရှိသည် ဆိုသော သတင်းအချက်အလက်ကိုမူ ထိန်ချန်ထားသည်ဟုလည်း စွပ်စွဲခဲ့သည်။ “ဒီသတင်းအချက်အလက်ကတော့ လူထုက သိခွင့်ရှိပါတယ်။ ဒါကို လူထုရှေ့ချပြဖို့ ပြီးခဲ့တဲ့လတွေ ကတည်းက ကျွန်တော် တောင်းဆိုခဲ့တာပါ” ဟု ရိဒ်က ပြောကြားခဲ့သည်။ ယခုစစ်ဆေးနေသည့် အီးမေးလ်များသည့် ဟီလာရီကလင်တန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်စဉ်က ကိုယ်ပိုင်အီးမေးလ် ဆာဗာသုံးစွဲခဲ့မှုအပေါ် စုံစမ်းစစ်ဆေးခဲ့မှုနှင့် အဆက်အစပ် ရှိနိုင်သည်ဟု FBI က ယူဆထားသည်။ ထိုစဉ်က ကိုယ်ပိုင်အီးမေးလ်ဆာဗာ အသုံးပြုခဲ့မှုအတွက် ကလင်တန်ကို စွဲချက်တင်ရန် မလိုအပ်ကြောင်း FBI က ဆုံးဖြတ်ပြီး ဇူလိုင်လကတည်းက အမှုပိတ်ထားခဲ့သည်။ ယခုစုံစမ်းမှုအသစ်မှာ လွှတ်တော်အမတ်ဟောင်း ဝေနာက အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်သည့်စာတိုများ ပေးပို့သည်ဟု သံသယရှိမှုအပေါ် သီးခြားစစ်ဆေးမှုနှင့် ဆက်စပ်ပြီး ထွက်ပေါ်လာသည့် ကိစ္စ ဖြစ်သည်။ ရကမ်မေးသည် နိုင်ငံရေးပါတီတစ်ခုကို ကူညီလိုသော ရည်ရွယ်ချက်ဖြင့် စံနှစ်မျိုး ကျင့်သုံးခဲ့သည်ဟု ရိဒ်က စွပ်စွ ခဲ့သည်။ အစိုးရ တာဝန်ရှိသူများ ၎င်းတို့ ရာထူးတာဝန်ကို အသုံးပြုပြီး ရွေးကောက်ပွဲရလဒ်အပေါ် လွှမ်းမိုးစေရန် ဆောင်ရွက်မှုမှ တားမြစ်ထားသည့် ဟက်ချ်ဥပဒေကို ကမ်မေးက ချိုးဖောက်ခဲ့သည်ဟု ရိဒ်က စွပ်စွဲခဲ့သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အိမ်ဖြူတော် ကျင့်ဝတ်ပိုင်းဆိုင်ရာ ရှေ့နေအဖြစ် တာဝန်ယူခဲ့ဖူးသူ မင်နီဆိုးတား တက္ကသိုလ်၊ ဥပဒေကျောင်းမှ ပါမောက္ခ ရစ်ချတ်ပိန်တာက FBI ကို ဟက်ချ်အက် ဥပဒေ ချိုးဖောက်မှုဖြင့် အထူးအတိုင်ပင်ခံရုံးသို့ ကန့်ကွက်လွှာ တင်ပြလိုက်ပြီ ဖြစ်သည်ဟု ကြေညာခဲ့သည်။ အထူးအတိုင်ပင်ခံရုံး (Office of Special Counsel) မှာ ပြည်ထောင်စုအဆင့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖြစ်သည်။ “FBI ဟာ ဒီလိုမျိုး သူ့စုံစမ်းစစ်ဆေးမှု တစ်ခုကို နိုင်ငံရေးဆပ်ကပ်ပွဲထဲ ဆွဲသွင်းလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး” ဟု ရစ်ချတ်ပိန်တာက နယူးယောက်တိုင်းမ် သတင်းစာတွင် ရေးသားခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် အတည်ပြုခဲ့သော အဆိုပါ အက်ဥပဒေမှာ ပြည်ထောင်စုအစိုးရ ဝန်ထမ်းများ ၎င်းတို့၏ ရာထူးတာဝန်ကို အသုံးချပြီး ပါတီတစ်ခုခုအတွက် အကျိုးရှိအောင် ဆောင်ရွက်မှုကို တားမြစ်ထားသည်။ ရွေးကောက်ပွဲ ကျင်းပရန် တစ်ပတ်ကျော်သာ လိုတော့သည့် အချိန်တွင် အငြင်းပွားဖွယ်ရာ အီးမေးလ်ပြဿနာ ပေါ်မလာမီကပင် ကလင်တန်၏ ထရမ့်အပေါ် အသာရမှုမှာ ကျဉ်းမြောင်းလာခဲ့သည်ဟု စစ်တမ်းများက ဖော်ပြသည်။ ABC သတင်းဌာနနှင့် ဝါရှင်တန်ပို့စ် သတင်းစာတို့က ကောက်ယူသော စစ်တမ်းအရ ကလင်တန်သည် ထရမ့်ထက် တစ်ရာခိုင်နှုန်းသာ အသာရနေသည်ဟု သိရှိရသည်။
Source : https://goo.gl/ZjWExT
via IFTTT

The Voice

အိန္ဒိယတွင် ဒေပါဝလီ ပွဲတော်နေ့တွင် မီးရှုးမီးပန်းများ ပစ်ဖောက်မှုကြောင့် နောက်တစ်ရက်၌ မီးခိုးမြူများ ဆိုးဆိုးရွားရွား အုံ့ဆိုင်း ဒေလီ၊ အောက်တိုဘာ ၃၁ အိန္ဒိယနိုင်ငံ၏မြို့တော် ဒေလီတွင် တနင်္ဂနွေနေ့က ဒေပါဝလီ ပွဲတော်ဆင်နွှဲစဉ် မီးရှုးမီးပန်းများ အများအပြား ပစ်ဖောက်ခဲ့မှုကြောင့် တနင်္လာနေ့တွင် မီးခိုးမြူများ ဆိုးဆိုးရွားရွား အုံ့ဆိုင်းခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ ဒေလီမြို့၏ ရပ်ကွက် တစ်ခုတွင်ဆိုလျှင် လေထုညစ်ညမ်းမှုမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ရှိသင့်သည့် ပမာဏအဖြစ် သတ်မှတ်ထားသည်ထက် အဆ ၃၀ ခန့် ပိုမို ညစ်ညမ်းလျှက် ရှိသည်။ လေထုစိုထိုင်းဆနှင့် လေတိုက်နှုန်းတို့ ကဲ့သို့သော အချက်အလက်များကြောင့် ဒေလီတွင် လေထုညစ်ညမ်းမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း အာဏာပိုင်များက သတိပေးထားပြီး ဖြစ်သည်။ တနင်္လာနေ့ မနက်ပိုင်းတွင် မီးခိုးမြူများကြောင့် ဒေလီမြို့လမ်းများထက်တွင် ကောင်းမွန်စွာ မမြင်နိုင်လောက်အောင် အခြေအနေဆိုးလျှက်ရှိပြီး မြို့သူ၊ မြို့သားများကို အပြင်သို့ မထွက်ရန် အာဏာပိုင်များက ထုတ်ပြန်ထားရသည်။ ဒေလီမြို့၏ လေထုညစ်ညမ်းမှု ညွှန်းကိန်းမှာ တနင်္ဂနွေနေ့ ညပိုင်းက အန္တရာယ်ရှိအဆင့် အထက်သို့ များစွာ ရောက်ရှိခဲ့ကြောင်း ဒေလီရှိ အမေရိကန် သံရုံးကလည်း ပြောကြားခဲ့သည်။ Ref : BBC
Source : https://goo.gl/xpK384
via IFTTT

The Voice

လမ်းမဘေး ကားရပ်နားရာ နေရာများတွင် စျေးရောင်းပါက တရားစွဲမည်ဟုဆို ရန်ကုန်၊ အောက်တိုဘာ ၃၁ ရန်ကုန်မြို့တော် အတွင်းရှိ လမ်းမဘေး ကားရပ်နားရာ နေရာများတွင် စျေးရောင်းချခြင်းကို တွေ့ရှိပါက အရေးယူနိုင်ရန် တရား စွဲဆိုသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာ ဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။ ယင်းကဲ့သို့ လမ်းဘေး ကားရပ်နား နေရာများတွင် စျေးရောင်းချခြင်းများကြောင့် ယာဉ်များ ရပ်နားရန် နေရာ ရှားပါးကာ၊ ယာဉ်ကြော ပိတ်ဆို့မှုကို ဆိုးရွားစွာ ဖြစ်ပေါ်စေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “ပျံကျစျေးသည်တိုင်းကို လိုက် ရှင်းလင်းနေတာ မဟုတ်ဘူး၊ စည်းကမ်းမဲ့ ရောင်းတဲ့သူတွေကိုပဲ အရေး ယူတာပါ။ နေရာ တော်တော်များများမှာ ပျံကျစျေးသည်တွေကြောင့် မလိုအပ်ဘဲ ကားလမ်း ပိတ်တာမျိုးတွေ ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ပျံကျစျေးသည်များကို နီးစပ်ရာ စျေးများတွင် နေရာ ရောင်းချခွင့်ပြုလျက်ရှိပြီး ယခုဘဏ္ဍာနှစ်တွင် ပျံကျစျေးသည် ၂ဝဝဝ ကျော်ကို နီးစပ်ရာ စျေးများတွင် ထပ်မံ နေရာပေးသွားရန် စီစဉ်နေကြောင်း စျေးများဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ယခု၂ဝ၁၆ ခုနှစ်အတွင်း စည်းကမ်းမဲ့ စျေးရောင်းချသည့် ပျံကျစျေးသည် အရေအတွက် ၁၂ဝဝ ကျော်ကို အရေး ယူနိုင်ရန် တရား စွဲထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာ ဌာနထံမှ သိရှိရသည်။
Source : https://goo.gl/Evm5mA
via IFTTT