အမှုစစ်ဆေးစဉ် သေဆုံးခဲ့သဖြင့် အလောင်းဖျောက်ဖျက်ရန် ကြိုးစားခဲ့သည့် နယ်မြေရဲစခန်းမှူး အပါအ၀င် ရဲတပ်ဖွဲ့၀င် ဆယ်ဦးကို ဖမ်းဆီးစစ်ဆေး --- --- --- ဘောကထာနယ်မြေရဲစခန်းတွင် အသက် (၃၀)ခန့်ရှိ အမျိုးသားတစ်ဦးအား အမှုစစ်ဆေးစဉ် ရိုက်နှက်စစ်ဆေးရာမှ သေဆုံးခဲ့သဖြင့် အလောင်းဖျောက်ဖျက်ရန် ကြိုးစားခဲ့သည့် နယ်မြေရဲစခန်းမှူး အပါအ၀င် ရဲတပ်ဖွဲ့၀င်ဆယ်ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရွှေကျင်မြို့မ ရဲစခန်းမှ တာ၀န်ကျ ရဲအရာရှိတစ်ဦးက ဇန်န၀ါရီ ၃ ရက်တွင် The Ladies သို့ပြောသည်။ “အမှုက ရွှေကျင်စခန်းမှုး စစ်ဆေးနေပါတယ်။ ရဲတပ်ဖွဲ့၀င်ဆယ်ဦးကို ထိန်းသိမ်းထားပါတယ်။ အခုအချိန်ထိတော့ စစ်ဆေးနေဆဲပါ” ဟု ရွှေကျင်မြို့မ ရဲစခန်းမှ တာ၀န်ကျရဲအရာရှိက ပြောသည်။ ဘောကထာနယ်မြေရဲစခန်းတွင် ဒီဇင်ဘာ စတုတ္ထပတ်အတွင်း ခိုးမှုသံသယရှိ အမျိုးသားတစ်ဦးအား စခန်းမှူး အပါအ၀င် ရဲတပ်ကြပ်ကြီးတစ်ဦး၊ ဒုရဲတပ်ကြပ်သုံးဦး၊ ရဲတပ်သား ငါးဦး အလှည့်ကျစစ်ဆေးရာမှ ထိုးကြိတ် ရိုက်နှက်ထားသည့် ဒဏ်ရာများဖြင့် ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ၂၉ ရက်တွင် အမှုဖွင့်လှစ်ကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ရွှေကျင်မြို့မ ရဲစခန်းမှသိရသည်။ အဆိုပါနယ်မြေအတွင်း တီဗီများပျောက်ဆုံးခြင်း၊ ဆိုလာပြားများ မကြာခဏ ပျောက်ဆုံးခြင်း ဘထ္ထရီများ ပျောက်ဆုံးသဖြင့် မကြာခဏ တိုင်တန်းမှုများ ရှိခြင်းကြောင့် ရဲတပ်ဖွဲ့မှ တာ၀န်ရှိသူများက ခိုးမှုဖြင့် သံသယရှိသူကို စစ်ဆေးရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။ စစ်ဆေးသည့်အခါတွင် အထက်လူကြီးများ၏ ညွှန်ကြားချက်အတိုင်း မစစ်ဆေးဘဲ မူမမှန်သည့် စစ်ဆေးမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လည်း သိရသည်။ အမှုစစ်ဆေးစဉ် သေဆုံးခဲ့ပြီး အလောင်းစွန့်ပစ်ခဲ့သည့် ဘောကထာ နယ်မြေ ရဲစခန်းမှ စခန်းမှူးအပါအ၀င် ရဲတပ်ဖွဲ့၀င် ၁၀ ဦးကို ရွှေကျင်မြို့မ ရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂၊ အလောင်းဖျောက်ဖျက်မှုပုဒ််မ ၂၀၁၊ အားပေးအားမြှောက်မှု ၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။ ဇော်မင်းထွန်း The Ladies News http://ift.tt/2itNyJG
Source : http://ift.tt/2itNyJG
via IFTTT
Tuesday, January 3, 2017
The Voice
မဟာဗန္ဓုလပန်းခြံကို လုံခြုံရေးအရ နှစ်ရက် ပိတ်မည် ရန်ကုန်၊ ဇန်နဝါရီ ၂ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား ကျင်းပပြုလုပ်မည့် ရန်ကုန်မြို့တော် မဟာဗန္ဓုလပန်းခြံကို လုံခြုံရေးအရ ဇန်နဝါရီ ၂ ရက်နေ့မှ ဇန်နဝါရီ ၄ ရက်နေ့ နံနက်အထိ နှစ်ရက် ခေတ္တ ပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ ဌာနမှူး ဦးကိုကိုလင်းက ပြောကြားသည်။ အဆိုပါ ခေတ္တပိတ်ထားမှုကို လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား ပြီးဆုံးပါက ပြန်လည် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း၊ ယခင်နှစ်က လွတ်လပ်ရေး အခမ်းအနားကို တိုင်းဒေသကြီး လွှတ်တော်တွင် ကျင်းပခဲ့ပြီး ယခုနှစ် (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို မဟာဗန္ဓုလပန်းခြံတွင် ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို နံနက် ၄ နာရီ ၂၀ မိနစ်တွင် ကျင်းပမည် ဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ အစိုးရဌာနမှ တာဝန်ရှိသူများနှင့် လွတ်လပ်ရေးနေ့တွင် ပါဝင် ပတ်သက်ခဲ့သည့် ပုဂ္ဂိုလ်များလည်း တက်ရောက်မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။ လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား၌ BIA/BDA တပ်မတော်သားဟောင်းများနှင့် ရဲဘော် သုံးကျိပ်ဝင်တို့၏ မိသားစုဝင်များကို ဖိတ်ကြားရန် စီစဉ်နေကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/onW473
via IFTTT
Source : https://goo.gl/onW473
via IFTTT
Monday, January 2, 2017
Eleven Media Group
ခရီးသွားပြည်သူများအား ရိုင်းပျစော်ကားခြင်း၊ ကိုယ်ထိလက်ရောက် ထိုးကြိတ်ခြင်းများ ပြုလုပ်သော ခရီးသည်တင်ယာဥ်လိုင်းများမှ ယာဥ်မောင်းများ၊ ယာဥ်နောက်လိုက်များကို ခရီးသွားပြည်သူများက ပြန်လည်လက်တုံ့ပြန်ရန် ပြင်ဆင်နေကြသည်ကို တွေ့ရသည်။ Facebook လူမှုကွန်ရက်မီဒီယာမှတစ်ဆင့် လူစုပြီး ခရီးသည်များကို ရိုင်းပျစော်ကားသော ယာဥ်လိုင်းများမှ ယာဥ်နောက်လိုက်များ၊ ယာဥ်မောင်းများကို စောင့်ကြည့်ကာ ပြန်လည်လက်တုံ့ပြန်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။ ခန့်မှန်းလူဦးရေ ငါးသန်းကျော် နေထိုင်သော ရန်ကုန်မြို့တွင် အများပြည်သူ စီးနင်းအသုံးပြုရန်အတွက် မှတ်ပုံတင်ထားသော ယာဥ်လိုင်း ၇ဝဝဝ ဝန်းကျင်ရှိပြီး နေ့စဥ်ပြေးဆွဲနေသော ယာဥ်လိုင်း ၄ဝဝဝ ဝန်းကျင် ရှိသည်ဟု မထသကထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ ကိုယ်ပိုင်ယာဥ်နှင့် အငှားယာဥ်မစီးနိုင်သော ခရီးသွားပြည်သူအများစုသည် အဆိုပါ ယာဥ်လိုင်းပေါင်း ၄ဝဝဝ ဝန်းကျင်ကို မှီခိုသွားလာနေရပြီး ၎င်းတို့၏ လူမှုစီးပွားဘဝများအတွက် နေ့စဥ်ရုန်းကန်နေကြရခြင်း ဖြစ်သည်။ ထိုသို့ရုန်းကန်လှုပ်ရှားနေကြသော်လည်း ဝင်ငွေနှင့် ထွက်ငွေမမျှခြင်း၊ ကုန်စျေးနှုန်းကြီးမြင့်ခြင်းစသော စီးပွားရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရပြီး ယင်းအခက်အခဲများသာမက လမ်းပေါ်တက်လိုက်သည်၊ ကားပေါ်တက်လိုက်သည်နှင့် ယာဥ်ကြောပိတ်ဆို့ခြင်း၊ လူဦးရေများစွာဖြင့် ကျပ်ပိတ်နေသော ကားပေါ်တွင်စီးနင်းရခြင်း ကားစပယ်ယာ၏ အအော်အငေါက်ကိုခံရခြင်း၊ အသက်အန္တရာယ်အတွက် အာမခံချက်မရှိသော စည်းကမ်းမဲ့မောင်းနှင်နေသော ယာဥ်လိုင်းများကို စီးနင်းနေရခြင်းတို့က ဤကဲ့သို့ လက်တုံ့ပြန်ရန် ပြင်ဆင်လာရခြင်းများ၏ မီးစများပင်ဖြစ်မည်ဟု သုံးသပ်ရသည်။ လူပါးဝ Bus များရပ် အမည်ရှိ Facebook Group တစ်ခုတွင် ၃၁ဝဝဝ ကျော်ရှိနေပြီး ယင်းကဲ့သို့ ပြန်လည်လက်တုံ့ပြန်ရန် ပြင်ဆင်နေမှုအပေါ် ဆွေးနွေးသူ ထောင်ချီရှိနေသည်။ မြို့နယ်အသီးသီးတွင် လိုင်းကားသမားများကို ပြန်လည်လက်တုံ့ပြန်ရန် အွန်လိုင်းမှတစ်ဆင့် အုပ်စုဖွဲ့ထားကြပြီဖြစ်သည်ဟု သိရသည်။ ထို့ပြင် လွန်ခဲ့သည့်တစ်ပတ်ကျော်ခန့်က ၂၃၆ ယာဥ်လိုင်း၊ ယာဥ်အမှတ် 6G /1322 မှ ဒရိုင်ဘာနှင့် စပယ်ယာများ အပါအဝင် လူငါးဦးက အမှတ် (၃) လမ်းမကြီးပေါ်တွင် ခရီးသည်အမျိုးသားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြသည်ကို သက်ဆိုင်ရာအစိုးရသိစေရန် Facebook ပေါ်သို့ တင်ခဲ့သော်လည်း အရေးမယူသည့်အတွက် အဆိုပါယာဥ်လိုင်းမှ ယာဥ်နောက်လိုက်နှင့် စပယ်ယာများကို ပြန်လည် လက်တုံ့ပြန်သော ဗီဒီယိုဖိုင်တစ်ခုကိုလည်း တွေ့ရသည်။ သတ်မှတ်ယာဥ်စီးခကို ယာဥ်ပေါ်တွင် မကပ်ထားခြင်း၊ ယာဥ်စီးခပိုတောင်းသည်ဟု ခရီးသည်ကပြောလျှင် စပယ်ယာက ယာဥ်ပေါ်မှ ပြန်ဆင်းခိုင်းခြင်း၊ မထသကို ဖုန်းဆက်တိုင်ပါကလည်း ဖုန်းဘေလ်ကုန်သည်မှလွဲပြီး အကျိုးမထူးခြင်း၊ ယာဥ်လိုင်းများသည် သတ်မှတ်ယာဥ်စည်းကမ်းအတိုင်း မမောင်းနှင်သဖြင့် ခရီးသည်အဖို့ အန္တရာယ်များခြင်းနှင့် လိုင်စင်မရှိဘဲ ယာဥ်မောင်း၊ ယာဥ်နောက်လိုက် (စပယ်ယာ) လုပ်နေသူများခြင်းတို့ကြောင့် ခရီးသွားပြည်သူအတွက် အာမခံချက်မရှိဘဲဖြစ်နေသည်ဟု ဝေဖန်ငြီးတွားသံများလည်း ကြားနေရသည်။ “မထသက အရေးမယူလို့ ပြည်သူတွေအနေနဲ့ ဆုံးမဖို့လုပ်တယ်ဆိုတာ ပြည်သူတွေဘက်ကကြည့်ရင် မှန်ပါတယ်။ အဲဒီကောင်တွေ (လိုင်းကားသမား) ရဲ့ လူပါးဝချက်က ပိုပိုတောင်ဆိုးလာနိုင်ပါသေးတယ်။ နောက်ဆို လိုင်းကားစီးရင် ဓားခါးကြားထိုးပြီး စီးရမလိုဖြစ်နေပြီ။ နိုင်ငံတော်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ အခုလိုလုပ်ရပ်တွေက မင်းမဲ့စရိုက်ဆန်လွန်းနေပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ တရားဥပဒေရှိပါတယ်။ ဒါပေမဲ့ ပျော့ညံ့လွန်းနေတယ်။ တချို့နေရာတွေမှာ ကွက်ကျားမိုးတွေရွာနေတာတွေ ရှိနေတယ်။ အဲဒီတော့ နိုင်ငံတော်က တာဝန်ရှိသူတွေ အနေနဲ့ လက်ရှိဒီကိစ္စကိုသာ မထိန်းသိမ်းနိုင်ဘူးဆိုရင် အများကြီးနစ်နာစရာတွေ ဖြစ်လာနိုင်ပါတယ်။ ခရီးသွားပြည်သူတွေအတွက် မဖြေရှင်းပေးသေးသရွေ့တော့ ညီအစ်ကိုတို့ရေ မှတ်လောက်သားလောက်အောင် ဆော်သာဆော်” ဟု အဆိုပါ Group အတွင်းရှိ အမည်မဖော်လိုသူတစ်ဦးက ပြောကြားသည်။ အဆိုပါ Group နှင့် ပတ်သက်ပြီး မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်၏အမြင်က “သူ့ဘာသူထောင်တာတွေ၊ မထောင်တာတွေ၊ အုပ်စုဖွဲ့တာတွေတော့ ကျွန်တော် စိတ်မဝင်စားဘူး။ ကျွန်တော်တို့ မထသ (ဗဟို) က ခရီးသွားပြည်သူ အခက်အခဲရှိရင် ကျွန်တော်တို့ကို လာပြီးဆက်သွယ်ပေးရင် အကူအညီပေးပါတယ်။ ဖုန်းနဲ့ရော စာနဲ့ပါ ဆက်သွယ်ပေးပို့ လို့ရပါတယ်။ အဲဒီ ပေးပို့တဲ့အပေါ်မှာ သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းနဲ့အညီ အရေးယူဆောင်ရွက်ပေးပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လုံး (၂ဝ၁၆) မှာ အပြစ်ရှိလို့ ထုတ်ပယ်ခဲ့တဲ့ ယာဥ်လုပ်သား ၁ဝ၅ ယောက်ရှိတယ်။ ပြစ်မှုမျိုးစုံနဲ့ ထုတ်ခဲ့တာပါ။ အရေးယူမှုတွေ ရှိပါတယ်။ ပြည်သူလူထုရဲ့တိုင်စာ ၁ဝဝဝ ကျော်ရှိပါတယ်။ ကျွန်တော်တို့က ၁ဝဝဝ ကျော်ကို ဖြေရှင်းပေးပြီးပါပြီ။ အကြောင်းလည်း ပြန်ကြားပြီးပါပြီ။ စစ်လို့ တွေ့တဲ့အမှုတွေလည်း အများကြီးရှိပါတယ်။ အဲဒါတွေလည်း အရေးယူထားပါတယ်။ အထူးစစ်ဆိုတဲ့ အဖွဲ့တွေနဲ့လည်း စစ်ပါတယ်။ မှတ်တိုင်မရပ်တာတို့၊ ကားပေါ်မှာ မီးသတ်ဆေးဘူးမပါတာတို့ စတဲ့အမှုတွေကိုလည်း အမှုပေါင်း ၉၉ဝဝ ကျော်လောက်အထိ အရေးယူထားတာတွေလည်း ရှိပါတယ်” ဟု ပြောကြားသည်။ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ တတိယပတ်အထိ ပြည်သူများက တိုင်ကြားမှုပေါင်း ၁၁၈၂ ကြိမ်ရှိပြီး အရေးယူထားပြီး ဖြစ်သည့်အမှုမှာ ၁၁၅ဝ ဖြစ်ကြောင်း၊ အဆိုပါ တိုင်ကြားစာများအနက် ယာဥ်စီးခ ပိုမိုတောင်းခံမှုကြောင့် တိုင်ကြားမှုမှာ ရာခိုင်နှုန်း ၇ဝ ခန့် ရှိကြောင်း၊ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ မှ အောက်တိုဘာလအထိ ယာဥ်လုပ်သား အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု ၁၆ ကြိမ်၊ ခရီးသည်တင်ယာဥ်နှင့် ခိုက်ရန်ဖြစ်ပွားမှု ၁၆ ကြိမ် ခရီးသည်တင်ယာဥ်နှင့် အခြားယာဥ်ခိုက်ရန် ဖြစ်ပွားမှုခြောက်ကြိမ်၊ ယာဥ်လိုင်းများပေါ်တွင် တုတ်၊ ဓား လက်နက် တင်ဆောင်ခြင်းရှိ၊ မရှိစစ်ဆေးမှု ကိုးကြိမ်ရှိကြောင်း မထသ (ဗဟို) မှ သိရသည်။ ယာဥ် ၈၈၃ စီးကို စစ်ဆေးရာ လက်နက်သဖွယ် အသုံးပြုနိုင်သည်ဟုယူဆရသော ဝါး၊ သစ်သားများ တင်ဆောင်လာသည့် ယာဥ် ၆၂ စီးကို စစ်ဆေးတွေ့ရှိရသည်ဟုလည်း သိရသည်။ ထိုကဲ့သို့ အရေးယူဆောင်ရွက်မှုများ ရှိနေသော်လည်း မထသ (ဗဟို) က ယာဥ်မောင်း၊ ယာဥ်နောက် လိုက်များကို ၎င်းတို့ချမှတ်ထားသော စည်းမျဥ်း၊ စည်းကမ်း ၁၃၈ ချက်ဖြင့်သာ အရေးယူခြင်းက လျော့ရဲနေသေးပြီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သင့်သည်ဟု ထင်မြင်ယူဆမှုများလည်း ရှိနေသည်။ “တရားစီရင်ရေးက လိုင်းကားစပယ်ယာနဲ့ မောင်းနှင်သူတချို့အတွက် ပြစ်မှုတွေ သေးတယ်လို့ထင်ပါတယ်။ အစိုးရကဖြစ်ပြီးမှ ဖြေရှင်းတာထက် နောက်နောင်ကို တခြားယာဥ်မောင်း၊ ယာဥ်နောက်လိုက်တွေလည်း မကျူးလွန်ရဲလောက်အောင် တင်းတင်းကျပ်ကျပ် အလေးထားလုပ်ဆောင်ပေးစေချင်တယ်။ ဒါမျိုးလက်တုံ့ပြန်ဖို့ စည်းရုံးတိုင်ပင် နေကြတာဟာ အစိုးရနဲ့ တရားဥပဒေက မတရားသူတွေကို မဟန့်တားနိုင်သလို ဖြစ်နေတာကြောင့်ပါ။ စည်းကမ်းမဲ့ လမ်းဘေးစျေးသည်တွေကို ကိုင်တွယ်ဖြေရှင်းသလို ဒီကားသမားတချို့ကိုလည်း ထိထိရောက်ရောက် ဖြေရှင်းပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု သန်းဝင်းနိုင်အမည်ရှိ Facebook သုံးစွဲသူတစ်ဦးက ပြောကြားသည်။ “ယာဥ်လိုင်းတွေအပေါ် လူတွေမကျေနပ်ခဲ့တာကြာပြီ။ မကျေနပ်တာပြောဆိုရင်တော့ ဆုံးမှာမဟုတ်ဘူး။ ခရီးသည်အားလုံး လိုချင်တာက နိုင်ငံအခြေအနေအရ ဘတ်စ်ကားတွေ သက်သောင့်သက်သာ မရှိနိုင်သေးရင်နေပါ။ လမ်းခရီးတစ်လျှောက် လုံလုံခြုံခြုံနဲ့ စိတ်ချမ်းချမ်းသာသာ လိုရာခရီးကို ရောက်တယ်ဆိုရင်ပဲ ကျေနပ်ကြမှာပါ” ဟု စာရေးဆရာ မင်းသွန်းအိမ်က ပြောကြားသည်။ မဆင်မခြင် မောင်းနှင်သော ခရီးသည် တင်ယာဥ်လိုင်းများကို ခရီးသွားပြည်သူများ တင်မကဘဲ ကိုယ်ပိုင်ယာဥ်မောင်းသူများ၊ အငှားယာဥ်မောင်းသူများကပါ မကျေနပ်မှုများ ရှိနေသည်။ “ကျွန်တော် တစ်ခါတစ်ခါ စဥ်းစားမိတယ်။ သူတို့ (လိုင်းကား) ပဲ ရုန်းကန်နေရတာလားပေါ့။ ကျွန်တော်တို့လည်း ကိုယ့်လူမှုဘဝအတွက် ရုန်းကန်နေရတာပဲလေ။ သူတို့ရှာလို့ရတဲ့ ငွေပမာဏဝန်းကျင်လောက်ပဲ ကျွန်တော်တို့လည်းရတာ။ သူတို့တင် မိသားစုရှိတာမဟုတ်ဘူး။ ကျွန်တော်တို့လည်း မိသားစုရှိပါတယ်။ အိမ်ပြန်အလာကို မိဘ၊ ဇနီး၊ သား သမီးနဲ့ မိတ်ဆွေတွေက မျှော်နေကြတာပါ။ ဘဝမှာ ကိုယ်စားရမယ့် ထမင်းတစ်လုတ်အတွက် သူများစိတ်ဆင်းရဲမှာတော့ မဖြစ်စေချင်ပါဘူး။ကျွန်တော်တို့၊ သူတို့ရှေ့မှာ လူတားလို့ လမ်းလေးနည်းနည်း ပိတ်တာနဲ့ ဆဲဆိုကြိမ်းမောင်းတယ်။ သူတို့မှတ်တိုင်မှာ အကြာကြီး ပိတ်ရင်ကျ ဟွန်းဘယ်လောက်တီးတီး မဖယ်ပေးဘူး။ လမ်းပေါ်ရောက်တာနဲ့ အနည်းနဲ့အများဒေါသတော့ ထွက်ရတာပဲ။ လမ်းပေါ်မှ မထွက်ရင်လည်း စားဝတ်နေရေးကရှိလို့ အတတ်နိုင်ဆုံးစိတ်ကို လျှော့ထားပြီး မောင်းရတယ်” ဟု အငှားယာဥ်မောင်းတစ်ဦးက ပြောကြားသည်။ ထိုကဲ့သို့ မဆင်မခြင်မောင်းနှင်နေသော ယာဥ်လိုင်းများမှ ယာဥ်နောက်လိုက်များ၊ ယာဥ်မောင်းများ ရှိသကဲ့သို့ ဘီအာတီ ယာဥ်လိုင်းကဲ့သို့သော ယာဥ်လိုင်းများ၊ ယာဥ်နောက်လိုက်မပါဘဲ ယာဥ်မောင်းချည်းသာ သီးသန့်မောင်းနှင်သော အမှတ် ၄၅ အဲကွန်း ဘတ်စ်များလည်း ရှိနေသည်။ သို့သော် ထိုယာဥ်လိုင်းများ၏ အရေအတွက်မှာ နည်းနေသေးသောကြောင့် ခရီးသည် အများစုသည် မဆင်မခြင်မောင်းနှင်သော ရိုင်းပျစော်ကားသော လိုင်းကားများကိုသာ စီးနင်းနေရသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရက မူလက ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် မထသ (ဗဟို) ကို ဖျက်သိမ်းမည်ဟု ပြောကြားမှုရှိခ့ဲသော်လည်း ဖျက်သိမ်းနိုင်မှုမရှိဘဲ အများပိုင်ယာဥ်လိုင်းများ ပြေးဆွဲနိုင်မှသာ ဖျက်သိမ်းမည်ဟု ပြင်ဆင်ပြောကြားမှုများ ရှိခဲ့သည်။ အများပိုင်ယာဥ်လိုင်းများကို ၂ဝ၁၇ ခုနှစ်အတွင်းတွင် ပြေးဆွဲနိုင်ရန် စီစဥ်နေပြီဟု သိရသည်။ ထို့ပြင် လိုင်းကားသမားများကို လက်တုံ့ပြန်ရန် ခရီးသွားပြည်သူများက ပြင်ဆင်နေကြသလို လိုင်းကားသမားများက ပြန်လည် စိန်ခေါ်သည်ဟုသော ရေးသားမှုများလည်း တွေ့နေရသည်။ နိုင်ငံတစ်နိုင်ငံတွင် အစိုးရရှိနေလျက်၊ တရားဥပဒေရှိနေလျက်နှင့် လက်တုံ့ပြန်ဖြေရှင်းခြင်းမှာ တရားဥပဒေစိုးမိုးရေးကို ထိပါးနှောင့်ယှက်နေခြင်းမျိုးဖြစ်ပြီး အစိုးရတစ်ရပ် အနေဖြင့်လည်း ပြည်သူလူထု၏ အခက်အခဲများ၊ မကျေနပ်မှုများကို ဖြေရှင်းဆောင်ရွက် ပေးခြင်းမျိုး ရှိသင့်ပါသည်။ တိကျခိုင်မာသော မူဝါဒများ၊ ဥပဒေများ၊ အမိန့်ညွှန်ကြားချက်များဖြင့် လူဦးရေ ငါးသန်းကျော်နေထိုင်သော ရန်ကုန်မြို့နေ ပြည်သူများအတွက် အများပြည်သူ သယ်ယူပို့ဆောင်ရေးကို ဆောင်ရွက်ပေးသင့်ပါသည်။ “ဥပဒေဟာ ဥပဒေပါပဲ။ ဥပဒေရှိနေတဲ့ကြားက ဒီလို ဥပဒေမဲ့ လက်တုံ့ပြန်ဖို့ လုပ်နေတယ်ဆိုတာက စဥ်းစားစရာပါ။ လွှတ်တော်ကိုယ်စားလှယ်က ဒါမျိုးကိုတော့ မထောက်ခံပါဘူး။ ဒါက ဥပဒေစိုးမိုးရေးလုပ်တဲ့ အုပ်ချုပ်ရေးပိုင်းက လုပ်ရမယ့်ကိစ္စပါ။ ယာဥ်လိုင်းတွေကိစ္စကို လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ တင်ပြတော့ သက်ဆိုင်ရာဝန်ကြီးတွေက အဖွဲ့တွေဖွဲ့ပြီး တစ်မြို့လုံးအနှံ့ စိစစ်ထိန်းကျောင်းနေတယ်ဆိုပြီး ဖြေသွားပါတယ်။ တစ်မြို့လုံးကို အဖွဲ့ ၂ဝ လောက်နဲ့ လိုက်လုပ်မယ်ဆိုတာက ထိရောက်မှုမရှိပါဘူး။ ထိထိရောက်ရောက် လုပ်ပေးရမှာက အုပ်ချုပ်ရေးပိုင်းပါ။ လွှတ်တော်ကတော့ ဒါပြည်သူတွေရဲ့ဆန္ဒကို တင်ပြပါတယ်။ အုပ်ချုပ်ရေးပိုင်းက ထိထိရောက်ရောက် အရေးယူနိုင်ပေမယ့် ရဲအင်အားနည်းတယ်လို့ ပြောသွားတာမျိုးတွေလည်း ရှိပါတယ်။ အများပိုင်ယာဥ်လိုင်းတွေ ပြေးဆွဲမယ်ဆိုရင်တော့ မဆိုးဘူး။ ဒရိုင်ဘာတွေ၊ စပယ်ယာတွေကို လခစားနဲ့ လိုင်းရဲ့အုပ်ချုပ်မှုပိုင်းနဲ့ သွားမှာကိုး။ အခုဟာကကျတော့ ခေါက်ကြေးနဲ့ဆွဲနေတော့ တွက်ခြေကိုက်အောင် အမြန်အမြန်ဆွဲနေတော့ မဖြစ်သင့်တာ တွေဖြစ်ကုန်တာပေါ့။ ဓာတ်ဆီဖိုးတွေ၊ အုံနာဖိုးတွေရှာတယ်။ တစ်နေရာတည်းမှာ လိုင်းတွေများတော့ လုယက်၊ ရန်ဖြစ်ကြတာတွေပေါ့။ အကယ်၍သာ အများပိုင်လုပ်လိုက် မယ်ဆိုရင် ဒါတွေ အဆင်ပြေသွားမှာပါ။ ပြန်ပြီးလက်တုံ့ပြန်မယ်ဆိုတာ မျိုးတွေကတော့ ဖြစ်သင့်တယ် မထင်ပါဘူး။ ဥပဒေအတိုင်းပဲ ကောင်းပါတယ်။ ဥပဒေဘောင်ကို ကျော်တာ မျိုးတော့မကောင်းပါဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်ကဆိုသည်။ Writer: သက်မင်း
Source : http://ift.tt/2i1NBJU
via IFTTT
Source : http://ift.tt/2i1NBJU
via IFTTT
ထိုင်းနိုင်ငံ၌ ခရီးသည်တင် ယာဉ်၂စီးတိုက်မိ၊ ၂၅ဦးသေဆုံး
ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် ဘန်းဘန်ခရိုင်က အဝေးပြေးလမ်းမမှာ ယနေ့နေ့လည်က ကား ၂စီးတိုက် မိပြီးနောက် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ ၃နှစ်အရွယ် ယောက်ျားလေးတဦး အပါအဝင် လူ ၂၅ဦး သေဆုံးသွား ကြောင်း Bangkok Post သတင်းကဆိုပါတယ်။ ခရီးသည် ၁၂ဦးတင်ဆောင်ကာ Klaeng သွားမည့် ကား နှင့် ခရီးသည် ၁၅ဦးတင်ဆောင်လာသည့် ချန်သာဘူရီမှ ဘန်ကောက် သွားသည့် ကားတို့ တိုက်မိခြင်းဖြစ်ပြီး လူ ၂၅ဦးသေဆုံးကာ ၂ဦးသာ အသက်ရှင်ကြောင်း ဘန်းဘန်ဆေးရုံက ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ နှစ်သစ်ကူးရက်များဖြစ်သည့် ၂၀၁၆ ဒီဇင်ဘာ ၂၉ရက်နေ့မှာ ၂၀၁၇ ဇန်နဝါရီ ၂ရက်နေ့အထိ ယာဉ်မတော်တဆမှုဖြစ်ပွားမှုပေါင်း ၂၇၁၂မှုဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ၂၈၀ဦး၊ ထိခိုက်ဒဏ်ရာရသူ ၂၈၇၇ဦးရှိတယ်လို့ သိရပါတယ်။
Source : https://goo.gl/3zKz2l
via IFTTT
Source : https://goo.gl/3zKz2l
via IFTTT
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ - Unofficial
မန္တလေး 2.1.2017 12:07pm သိပ္ပံလမ်း x၇၈ လမ်း နောက်ကျောမီးသတင်းရ Level 1
Source : http://ift.tt/2iu4zkS
via IFTTT
Source : http://ift.tt/2iu4zkS
via IFTTT
MOI Webportal Myanmar
ဆိပ်ဖြူမြို့နယ်တွင် ဒီဇင်ဘာလအတွင်း တရားမဝင်သစ် ၆၁ တန်ကျော်သိမ်းဆည်းရမိ ဆိပ်ဖြူ ဇန်နဝါရီ ၁ မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ နယ်တွင် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ၌ တရားမဝင်သစ် ၆၁ ဒသမ ၃၇၇၆ တန်ကို ကဇွန်းမနယ်တွင် သိမ်းဆည်း ရမိကြောင်း သိရသည်။ ဆိပ်ဖြူမြို့နယ်အတွင်း၌ တရား မဝင်သစ်များ သယ်ယူမှုပပျောက်စေ ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ သစ်တောဦးစီး ဌာနမှ တာဝန်ရှိသူများကကြီးကြပ်၍ နယ်မြေခံရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များကသတင်းများအရ ကဇွန်းမနယ်တစ်ဝိုက် မှ တရားမဝင်သစ်များကို ဒီဇင်ဘာ ၁၉ ရက်မှ ၃၁ ရက်အထိ တရားမဝင် ပိတောက်ခွဲသား ၅၇ ဒသမ ၄၉၅ဝ တန် (ကာလတန်ဖိုး ကျပ် ၂၅၈၇၂၇၅ဝ)၊ အခြားသား ၃ ဒသမ ၈၈၂၆ တန် (ကာလတန်ဖိုးကျပ် ၉၅၁၉၃ဝ) စုစုပေါင်း သစ်တန်ချိန် ၆၁ ဒသမ ၃၇၇၆ တန် (ကာလတန်ဖိုး ကျပ် ၂၆၈၂၄၆၈ဝ) တို့ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက်တွင် ကဇွန်းမကျေးရွာ ဘုန်းတော်ကြီးကျောင်း သိမ်ကျောင်း ဘေးတွင် သိမ်းဆည်းရမိခဲ့သည့် ပိတောက်ခွဲသား ၈ ဒသမ ၄ဝဝ၄ တန်၏ ပိုင်ရှင်များကို စုံစမ်းဖော်ထုတ် ခဲ့ရာ ကဇွန်းမရွာသစ်ရပ်နေ ဦးချစ်စံ (၃၉)နှစ်(ဘ)ဦးလှရွှေ၊ ကဇွန်းမကျေး ရွာနေ ဦးရဲကြည်(၄ဝ)နှစ်(ဘ) ဦးကံ စိန်နှင့် တစ်ရွာတည်းနေ ဦးဝင်းဦး (၄ဝ)နှစ် (ဘ)ဦးမောင်မဲတို့ ပိုင်ဆိုင်သည့် သစ်များဖြစ်ကြောင်း စုံစမ်း ဖော်ထုတ်ရမိကာ မြို့နယ်သစ်တော ဦးစီးဌာန တောအုပ် သိန်းဝင်းက ၄င်းတို့သုံးဦးအား ဥပဒေအရ အရေးယူပေးပါရန် ကဇွန်းမနယ်မြေခံ ရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့ပြီး ကဇွန်းမနယ်မြေခံရဲစခန်းမှ (ပ) ၃၃/၂ဝ၁၆ ၊ပပက ၆(၁)ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြို့နယ်အတွင်း တရားမဝင်သစ် များသယ်ယူမှု ပပျောက်စေရေးအတွက် အထူးကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း၊ ကျန်ဖမ်းဆီးရမိသော တရားမဝင်သစ်များ၏ ပိုင်ရှင်များ ကိုလည်း စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ ကိုဇွဲ(အညာမြေ)
Source : http://ift.tt/2iFUuB9
via IFTTT
Source : http://ift.tt/2iFUuB9
via IFTTT
The Voice
အီဘရာဟီမိုဗစ်၏ သွင်းဂိုး ပယ်ဖျက်ခံရသည်ကို မော်ရင်ညို မကျေနပ် မန်ချက်စတာ၊ ဇန္နဝါရီ ၁ မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက မစ်ဒယ်ဘရော့ကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် တိုက်စစ်မှူး အီဘရာဟီမိုဗစ်၏ သွင်းဂိုး ပယ်ဖျက်ခံလိုက်ရသည်ကို မကျေမနပ် ဖြစ်နေပြီး ယင်းဂိုးသာ ရရှိခဲ့မည် ဆိုပါက အနိုင်ရလဒ်မှာ ယခုထက်ပို၍ လွယ်ကူနိုင်လိမ့်မည်ဟု မော်ရင်ညိုက မှတ်ချက်ပြု ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။ မန်ယူနှင့် မစ်ဒယ်ဘရော့တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို တာဝန်ယူ ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး လီမာဆန်သည် အီဘရာဟီမိုဗစ်ကို ဂိုးသွင်းယူချိန်၌ ခြေထောက်မြှောက်လွန်းခဲ့သည့်အတွက် ယင်းဂိုးကို ပယ်ဖျက်ပစ်လိုက်ခြင်း ဖြစ်ပြီး ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်းတစ်ဦး ဖြစ်သည့် ဟောင်းဝပ်ဝက်ဘ်ကမူ အီဘရာဟီမိုဗစ်၏ သွင်းဂိုးမှာ ခွင့်ပြုရမည့် ဂိုးတစ်ဂိုးဟု ထောက်ခံပြောကြားသွားခဲ့သည်။ အီဘရာဟီမိုဗစ်သည် ယင်းသွင်းဂိုးကို ပိုင်ဆိုင်ရရှိခဲ့မည် ဆိုပါက ၂၀၁၆ ခုနှစ်အတွင်း ဂိုးအများဆုံး သွင်းယူရရှိသူဟူသည့် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ရရှိမည့်အပြင် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ တင်ရှိခဲ့ဖူးသော တစ်နှစ်အတွင်း သွင်းဂိုး ၅၁ ဂိုး ရယူနိုင်သည့် စံချိန်ကိုလည်း အမီလိုက်သွားနိုင်မည် ဖြစ်ကာ လက်ရှိတွင်မူ အီဘရာဟီမိုဗစ်က သွင်းဂိုး ၅၀ ဖြင့်သာ ကျေနပ်လိုက်ရပြီ ဖြစ်သည်။ ဒိုင်လူကြီးဟောင်း ဟောင်းဝပ်ဝက်ဘ်သည် အီဘရာဟီမိုဗစ်မှာ ဂိုးသမားနှင့် နှစ်မီတာခန့် အကွာအဝေးတွင် ရှိနေခြင်း မဟုတ်ဘဲ အဝေးမှနေ၍ ဘောလုံးကို ခုန်ကန်ခဲ့ခြင်း ဖြစ်သည်ဟု ထောက်ပြသွားခဲ့ပြီး အီဘရာဟီမိုဗစ် ခြေထောက်မြှောက်ထားချိန်တွင် အခြားကစားသမားများအတွက် အန္တရာယ်ဖြစ်နိုင်ချေ မရှိသည့် အနေအထားမျိုးဖြစ်၍ ဂိုးအဖြစ် သတ်မှတ်ပေးရမည်သာ ဖြစ်ကြောင်း ဟောင်ဝဝပ်ဝက်ဘ်က မှတ်ချက်ပေးသွားခဲ့သည်။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် မော်ရင်ညိုက “လီမာဆန်ဟာ အခုအချိန်လောက်ဆိုရင် နောင်တရနေလောက်ပါပြီ။ ဘာကြောင့်လဲဆိုတော့ အီဘရာဟီမိုဗစ် သွင်းယူခဲ့တဲ့ဂိုးဟာ ဂိုးအဖြစ် သတ်မှတ်ပေးရမယ်ဆိုတာ ရှင်းနေလို့ပါပဲ။ သူ့ဆုံးဖြတ်ချက် မှားယွင်းခဲ့တဲ့အတွက် သူလည်း စိတ်မကောင်း ဖြစ်နေပါလိမ့်မယ်။ အီဘရာဟီမိုဗစ် အတွက်တော့ မက်ဆီ စံချိန်ကို အမီလိုက်နိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ဆုံးရှုံးလိုက်ရတာကြောင့် ဒေါသပေါက်ကွဲချင်စရာပါပဲ” ဟု ပြောကြားသွားခဲ့သည်။
Source : https://goo.gl/RhVSUl
via IFTTT
Source : https://goo.gl/RhVSUl
via IFTTT
Subscribe to:
Posts (Atom)