Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း အဖမ်းခံရ Myanmar Now သတင်း အေဂျင်စီ အယ်ဒီတာချုပ် ကိုဆွေဝင်း မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံလိုက်ရ ကြောင်း ကိုဆွေဝင်း၏ ရှေ့နေ ဦးခင်မောင်မြင့် က မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ညပိုင်းက သတင်း မီဒီယာများကို ရှင်းလင်း ပြောဆိုသည်။ ကိုဆွေဝင်းကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆရာတော် ဦးဝီရသူ ၏ တပည့် ဦးကျော်မျိုးရွှေ ဆိုသူက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းတွင် မတ်လ ၇ ရက် နေ့က ဖွင့်ဆိုထားသော အမှုဖြင့် ဖြစ်ကြောင်း သိရသည်။ ကိုဆွေဝင်းက ထိုအမှုနှင့် ပတ်သက်ပြီး ရင်ဆိုင်ဖြေရှင်းရန် အတွက် ဘန်ကောက်မြို့ရှိ Myanmar Now ရုံးချုပ်ထံ လုပ်ငန်း တာဝန်များ လွှဲပြောင်းပေးရန် သွားရောက်စဉ် မင်္ဂလာဒုံလေဆိပ်၌ အဖမ်းခံလိုက်ရခြင်း ဖြစ်ကြောင်း ဦးခင်မောင်မြင့် က ရှင်းပြသည်။ “မာန်အောင်မြေရဲစခန်းက ထွက်ပြေး တိမ်းရှောင်တယ်လို့ သူတို့က ယူဆတယ်။ ယူဆတဲ့ အတွက်လည်း တရားဝင် စာထုတ်တယ် မာန်အောင်မြေ ရဲတပ်ဖွဲ့မှူးက နေပြီးတော့မှ ဦးဆွေဝင်းက အမှုကို ရင်မဆိုင်ဘဲနဲ့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ဖို့ အလားအလာရှိတယ်။ ဒါကြောင့်မို့ မင်္ဂလာဒုံ လေဆိပ်မှာ ထိန်းသိမ်းထားဖို့ စာထွက်တယ်။ အဲဒီစာထွက်လိုက်တဲ့ ဘန်ကောက်ကို သွားမယ့် ဒီညခရီးစဉ် မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်” ဟု ဦးခင်မောင်မြင့်က ပြောသည်။ ကိုဆွေဝင်းကို မင်္ဂလာဒုံမှတဆင့် ညချင်းတွင်း လွှဲပြောင်းဖွယ်ရှိပြီး ယင်းသို့ လွှဲပြောင်းယူရန်အတွက် မန္တလေး မဟာအောင်မြေ မြို့နယ် အမှတ် (၇) ရဲစခန်း တာဝန်ရှိသူများ လာရောက်နေပြီဖြစ်သည်ဟုဆိုသည်။ Ba Kaung အမည်ဖြင့် လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာ ကို အသုံးပြုသူ ကိုဆွေဝင်း၏ အကောင့်တွင် မဘသ ဆရာတော် ဦးဝီရသူကို ပုတ်ခတ်ရေးသားသည်ဟု ဆိုသည့် အကြောင်းပြချက်ဖြင့် ဦးကျော်မျိုးရွှေက အမှုဖွင့် ထားခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ထံက ရရှိထားသည့် မှတ်တမ်းများ အရ ဖေ့စ်ဘုတ်ပေါ်မှ Ba Kaung အကောင့်တွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်စွဲဖြင့် “ရွေးကောက်ပွဲ ပြီးသွားကတည်းက အသံတိတ်သွားတဲ့ မဘသ ပြန်လာပြီ” ဟု လည်းကောင်း၊ ဖေဖော်ဝါရီ ၂၈ ရက်စွဲဖြင့် “ဝီရသူ ပါရာဇိက ကျပြီး ရဟန်းဘဝ နိဋ္ဌိတံသွားပြီ ဖြစ်ကြောင်း သိရပါတယ်။ ပါရာဇိက အခုမှ ကျတာတော့ မဟုတ်လောက်ပါဘူး” ဟု စသည့် ရေးသားချက်များအပေါ် မကျေနပ်သဖြင့် တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။ ကိုဆွေဝင်းသည် အင်းဝအပ်ချုပ်ဆိုင်၌ အလုပ်သမများ ညှင်းပန်းနှိပ်စက်မှုကို ဖော်ထုတ်ရေးသားခဲ့သူဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဥပဒေရေးရာ အကြံပေးအဖွဲ့ဝင် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု သတင်းတို့ကို ဖော်ထုတ် ရေးသား မှုများတွင် လူသိများလာခဲ့သည့် သတင်းထောက် ဖြစ်သည်။ သူသည် ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု သတင်းရေးသား ဖော်ထုတ်မှုနှင့် ပတ်သက်ပြီးနောက် အစွန်းရောက်များ၏ ခြိမ်းခြောက်မှုများကို ခံခဲ့ရကြောင်းသိရသည်။ The post Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း အဖမ်းခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2vjg08D
via IFTTT
Sunday, July 30, 2017
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ့်သို့ သွားရောက်မည်
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ့်သို့ သွားရောက်မည် ကက်သလစ် ခရစ်ယာန်ဘာသာဝင်တို့၏ ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် လာမည့် နိုဝင်ဘာလ အတွင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်မည်ဖြစ်ကြောင်း အာဂျင်တီးနားသတင်းအေဂျင်စီ Telam ကဆိုသည်။ မြန်မာနှင့် ဗာတီကန်သည် ပြီးခဲ့သည့် မေလအတွင်းက သံတမန်ဆက်ဆံရေးကို အပြည့်အဝထူထောင်ထားပြီး ဖြစ်သည်။ ယခုထွက်ပေါ်လာသည့် ပုပ်ရဟန်းမင်းကြီး၏ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် သို့ သွားရောက်မည့် သတင်းနှင့် ပတ်သက်၍ ဗာတီကန်မှ လည်း ငြင်းဆိုခြင်းမရှိကြောင်း သိရသည်။ ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်မှာ လာမည့် နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက် အတွင်းဖြစ်ပြီး၊ မြန်မာပြည်သို့ လာ ရောက်မည်ဆိုပါက ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြီးခဲ့သည့် မေလအတွင်းက ပုပ်ရဟန်း မင်းကြီးရှိရာ ဗာတီကန်သို့ သွားရောက်ပြီး တွေ့ဆုံခဲ့သေးသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့မူ ၁၉၈၆ခုနှစ် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် လက်ထက်က ပထမအကြိမ် သွားရောက် လည်ပတ်ပြီးနောက် ပုပ် ဖရန်စစ်လက်ထက်တွင် ဒုတိယအကြိမ် သွားရောက်ခြင်းဖြစ် သည်။ The post ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ့်သို့ သွားရောက်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2viwIVz
via IFTTT
Source : http://ift.tt/2viwIVz
via IFTTT
အမျိုးသားတွေ ဆီးကျိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ နည်းစေဖို့
အမျိုးသားတွေ ဆီးကျိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ နည်းစေဖို့ အမျိုးသားတွေရဲ့လိင်စိတ်ဖြေဖျောက်မှုနဲ့ ပတ်သက်ပြီး တကယ်တော့ သုတ်လွှတ်မှုအပိုင်းမှာ ကိုယ်ကိုယ်တိုင် စိတ်ဖြေ သိမ့် မှုနဲ့အတူ လက်ကို အသုံးပြုပြီး သုတ်လွှတ်စေမှုလည်း ဖြစ်စေနိုင်သလို အခြား လိင်ဆက်ဆံမှုအနေအထားမှာလည်း သုတ် လွှတ်မှု ရှိစေနိုင်ပါတယ်။ အခု နောက်ဆုံး ဟားဗက်တက္ကသိုလ်ရဲ့လေ့လာချက်တွေအရ အမျိုးသားတယောက်အနေနဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင် ခြေကို အကောင်းဆုံး ကာကွယ်တားဆီးနိုင်ဖို့အတွက် တလကို အနည်းဆုံး သုတ်လွှတ်မှု ၂၁ ကြိမ် အနည်းဆုံး လိုအပ်တယ်လို့ တွေ့လာရတာပဲ ဖြစ်ပါတယ်။ လေ့လာချက်တွေအရတော့ မကြာခဏ သုတ်လွှတ်တတ်သူတွေဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို ရာခိုင်နှုန်း သုံးချိုး တချိုးလောက်ထိအောင် လျော့နည်းစေတာလည်း ဖြစ်ပါတယ်။ အခု လေ့လာချက်မှာ အမျိုးသားပေါင်း ၃၁၉၂၅ ယောက်ကို လေ့လာခဲ့တာ ဖြစ်ပြီး အနည်းဆုံး အသက် ၁၈နှစ်နဲ့ အထက် ရှိသူတွေကိုပဲ လေ့လာခဲ့တာဖြစ်ပြီး အထူးသဖြင့်တော့ အသက် ၂၀ကနေ ၂၉နှစ်အတွင်း အုပ်စုနဲ့ အသက် ၄၀ကနေ ၄၉နှစ် အတွင်း ရောဂါဖြစ်နိုင်ခြေများလာတဲ့ အသက်အရွယ်ရှိ အုပ်စုတွေကို အလေးထား လေ့လာချက် ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝအတိုင်း နေထိုင်မှုနဲ့ စိတ်ကျေနပ်မှု ရှိခြင်းဟာ ကင်ဆာ ဖြစ်နိုင်ခြေကို အကောင်းဆုံး လျော့ကျ ထိန်းချုပ် နိုင်လာစေတာ တွေ့ရပြီး အချို့တွေမှာ သဘာဝလွန် လိင်ဆန္ဒနဲ့ သုတ်လွှတ်မှု နည်းပါးတဲ့သူတွေအတွက်ကတော့ ကင်ဆာ ဖြစ် နိုင်ခြေ ပိုများနိုင်တယ်ဆိုတာ သိရှိလာရတာလည်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ကင်ဆာ အဖွဲ့အစည်းရဲ အဆိုအရတော့ အမေရိကန်မှာ အမျိုးသား ၇ယောက်မှာ ၁ယောက်ဟာ ဆီး ကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ ရှိနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အတွင်းက ဆီးကျိတ်ကင်ဆာ ရောဂါဖြစ်ပွားနေသူ ၁၆၁၃၆၀ ထဲကနေ ၂၇၀၀၀ခန့် သေဆုံးခဲ့တယ်လို့လည်း စာရင်းတွေ အရ သိရပါတယ်။ ဒီထဲကမှ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားသူ အားလုံးရဲ့ ၈၅ရာခိုင်နှုန်းဟာ အသက် ၆၅နှစ်နဲ့ အထက်မှာမှ စတင် ဖြစ်ပွားခဲ့ကြ တာ ဖြစ်ပြီး အဆိုပါ ရောဂါခံစားနေရသူတွေအနေနဲ့လည်း ငယ်စဉ်အချိန်မှာ သုတ်လွှတ်မှု နည်းပါးတယ်လို့ သိရပါတယ်။ နောက်ဆက်တွဲ တွေ့ရှိချက်အရတော့ အသက်အရွယ်ကြီးလာလေလေ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေလည်း ပိုများလေလေ ဖြစ် လာတာ တွေ့ရပါတယ်။ လေ့လာသူတွေကတော့ ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး အခုချိန်ထိအောင် ကုသပေးနိုင်မှု မရှိသေးတာကြောင့် အကောင်းဆုံး အနေနဲ့ ကာကွယ်မှု လုပ်ဆောင်ဖို့သာ အကောင်းဆုံး ဖြစ်တယ်လို့ ဆိုသလို အခုလို သဘာဝအတိုင်း သုတ်လွှတ်မှုကို တလ ၂၁ ကြိမ်ထက် မနည်းအောင် နေထိုင်ရင်း ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျော့ချ ကာကွယ်ထားသင့်တယ် လို့ ဆိုပါ တယ်။ ဒါအပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှု၊ လေ့ကျင့်ခန်း လုပ်ဆောင်မှုနဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးချက် တွေ လုပ်ဆောင်ပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ Ref: http://ift.tt/2vin0lR The post အမျိုးသားတွေ ဆီးကျိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ နည်းစေဖို့ appeared first on ဧရာဝတီ.
Source : http://ift.tt/2waRjHy
via IFTTT
Source : http://ift.tt/2waRjHy
via IFTTT
ဂျင်းဈေးသွား တောလား
ဂျင်းဈေးသွား တောလား “ဟျောင့် ဂျင်းကောင်.. မင်းကိုဂျင်းထည့်ဖို့ The SQUARE ကကောင်တွေ စောင့်နေတယ် ” ထိုစာသားကို ရုတ်တရက် ဖတ်မိလျှင် ဖေ့စ်ဘွတ်ပေါ်တွင်ရေးသားထားခြင်းဟု ထင်မြင်မိပါလိမ့်မည်။ အမှန်တကယ် တော့ မန္တလေးမြို့တွင် မကြာမီက ဖွင့်လှစ်ခဲ့သည့် ရတနာပုံညဈေး(Yadanarbon Night Market)ရှိ ဈေးဆိုင်တဆိုင်၏ ဆိုင်းဘုတ်တွင် အဆိုပါစာတန်းကို မြင်တွေ့ရခြင်းဖြစ်သည်။ ရတနာပုံညဈေးဆိုသည်မှာ ပြီးခဲ့သည့် ဇွန်လအတွင်းက ဈေးပွဲတော်အဖြစ် သုံးရက်တာ စမ်းသပ်ဖွင့်လှစ်ခဲ့ရာ ပထမဆုံး နေ့တွင်ပင် ရောင်းချသည့်ပစ္စည်းများ ဈေးကြီးသည်ဟု ဆိုကာ ဂျင်းဈေးဟု နာမည်ကျော်ခဲ့သော ဈေးဖြစ်သည်။ ရတနာပုံညဈေးကို မန္တလေးတောင်ခြေ ယခင် ရတနာပုံရေကူးကန်ဝင်းအတွင်း ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ၄ ဒသမ ၁၃ ဧက ကျယ်ဝန်းသည်။ ဈေးကြီးအတွင်း ဆိုင်ခန်းပေါင်း ၁၆၀ ခန့်ကို ဇုန် ၃ ဇုန် ခွဲခြား ဖွင့်လှစ်ထားသည်။ DCIM100MEDIADJI_0008.JPG ထိုကဲ့သို့ ဖေ့စ်ဘုတ်နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် “အကြီးကြီး ဂျင်းထည့်ခံလိုက်ရတဲ့ တကယ့်ဂျင်း” ဟု နာမည်ကြီး ခဲ့သော်လည်း ဈေးပွဲတော်ကာလအတွင်း ဈေးသို့သွားရာ လမ်း တလျှောက် ဈေးနှင့်အတော်ဝေးသည့်နေရာအထိ ယာဉ် ရပ်နားစရာမရှိအောင်ပင် မန္တလေး တမြို့လုံးမှ လာရောက်ကြသူများဖြင့် အုန်းအုန်းကျွက်ကျွက် အံ့မခန်း စည်ကားခဲ့သည်။ ဈေးကြီး၏ ပင်မဝင်ပေါက်မှ ဝင်လျှင်ဝင်ချင်း ချစ်စရာကွန်တိန်နာနှစ်ထပ် Bar ဆိုင်ကလေးကို ဦးစွာ တွေ့မြင်ရမည်ဖြစ်သည်။ အရှေ့တူရူတွင် ချင်းမိုင်မှ လာရောက်ရောင်းချနေသည့် ဖက်ရှင် ဆန်းဆန်းနှင့် ဈေးသည်များ၏ ၈ ပေပတ်လည် ရွက်ဖျင်တဲ အစားအသောက်ဆိုင်ခန်းလေးများ ဖြစ်သည်။ ယိုးဒယားသင်္ဘောသီးထောင်း၊ ကဏန်းချဉ်စပ်ကြော်၊ ကြက်ကြော်၊ ပင်လယ်စာ အကင်မျိုး စုံတို့ကို အကန့်လိုက် အစီအရီချထားသည်။ မဆလာရနံ့ သင်းနေသော စားဖွယ်ရာများ၊ သွားရည်ကျစရာ အကင်များအကြား ဖြတ်လျှောက်ပြီး ရှေ့နားသို့ရောက်လျှင် အမောပြေ ရင်အေးစရာ ဖျော်ရည်ဆိုင်ကလေးများကို တွေ့မြင်ရမည် ဖြစ်သည်။ ချစ်စဖွယ် ဒီဇိုင်းဆန်းဆန်း အအေး ခွက်ကလေးများနှင့် အရောင်အသွေးစုံ ဖျော်ရည်ပုလင်း ကလေးများ စီတန်း၍ ရောင်းချနေသည်မှာ မျက်စိပသာဒဖြစ်လှ သည်။ ဈေးတန်းအတွင်းသို့ ဆက်၍ တိုးဝင်သွားလျှင်တော့ အထည်၊ ဖိနပ်၊ အိတ်နှင့် အလှအပပစ္စည်းများ ရောင်းချသည့် ဆိုင်ခန်းများကို တွေ့ရသည်။ ဈေးတန်း နောက်ဘက်အစွန်တွင်တော့ မြန်မာမလေး၊ တောသူမ၊ အရီးတောင်း စသည့် မြန်မာ့ရိုးရာ အစားအစာ ရောင်းချ သည့် ဆိုင်ခန်းများရှိသည်။ ဘေးပတ်ပတ်လည်တွင် ဈေးဝယ်သူများ ဝယ်ယူ လာသည့် အစားအသောက်များကို တင်၍ စားသောက်နိုင်ရန် စားပွဲဝိုင်းသဖွယ် စည်ပိုင်းငယ်ကလေးများ ထားရှိကာ ဓာတ်ပုံရိုက်ရန် အလှဆင်ပေးထားသော နေရာများ၊ ရေပန်းများ၊ ရေကူးကန်၊ အားကစား ခန်းမနှင့် ယာဉ်ရပ်နားရန် နေရာတို့ကိုပါ တွေ့နိုင်သည်။ ရတနာပုံညဈေးကို မန္တလေးမြို့၏ အထင်ကရ နေရာတခုဖြစ်လာစေရန်၊ နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်နိုင်ရန်၊ ဒေသအစားအစာများ မြည်းစမ်းကြည့်နိုင်ရန်၊ လာရောက် ရောင်းချသူများ အလုပ်အကိုင်နှင့် ဝင်ငွေ များနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း Myanmar Da Yi Co.; Ltd မှအထွေအထွေမန်နေဂျာ ဦးတည်ကြည်အောင်က ပြောသည်။ ဂျင်းဈေးဟု နာမည်ကြီးရခြင်းနှင့် ပတ်သက်၍ မန္တလေးမှရောင်းချသည့် ဆိုင်များအပြင် နယ်မှ လာရောက် ရောင်းချ သည့်ဆိုင်များ ပါရှိနေ၍ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကြောင့် ဈေးမြင့်သွားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ “ မြို့နေလူတန်းစား အလွှာစုံအတွက် ဦးတည်ပြီး ဖွင့်တာပါ၊ ဒီတခေါက် ဖွင့်တဲ့အခါမှာ သွားလာရေး အဆင်ပြေအောင် လမ်းတွေချဲ့ထားတယ် ၊ ဈေးနှုန်းတွေလည်း လျှော့ချထားပါတယ် ” ဟု ဦးတည်ကြည်အောင်က ပြောသည်။ ညဈေးသို့ သွားရောက်လည်ပတ်ခဲ့သူ မယဉ်မျိုးသွယ်က ပစ္စည်းဈေးနှုန်းများမှာ ပုံမှန်ထက် ပိုများနေပြီး ဖန်စီ လက်ဝတ်လက်စားနှင့် အဝတ်အထည်များ ဈေးနှုန်း နှစ်ဆကျော် ပိုများနေကြောင်း ပြောသည်။ “ ယမ်ယမ်ချဉ်စပ်တစ်ပွဲမှာ ပုဇွန်နှစ်ကောင်ပါတယ်၊ ကြက်အူချောင်းပါတယ်၊ ၁ထောင်၊ ၁ထောင့်ငါးရာ ရှိသင့်တာကို ၂ထောင့်ငါးရာပေးရတယ်၊ မဖြစ်မနေမို့စားတာ၊ နောက်တစ်ခေါက်ထပ်မစားတော့ဘူး၊ ချဉ်စပ်တစ်ပွဲ ၂ထောင့်ငါးရာဆိုတာ အဲကွန်းနဲ့ သက်သောင့်သက်သာကော်ဖီဆိုင်တွေမှာ သွားစား ရတာ တန်တယ်၊ နေပူကျဲတဲ ရွက်ဖျင်တဲ မှာကမတန်ဘူး၊ အခြေခံမပြောနဲ့ လူလတ်တန်းစား အတွက် တောင် အဆင်မပြေဘူး၊ နောက်မသွားတော့ဘူး ” ဟု ၎င်းကဆိုသည်။ ထို့အပြင် ညဈေးကို မန္တလေးမြို့၏ မြောက်ဘက်ပိုင်း ချောင်ကျသောနေရာတွင် ဖွင့်လှစ်ထား၍ ညဘက်သွားလာရန် အဆင်မပြေဘဲ မိသားစုလိုက်ကားဖြင့် သွားမှသာ အဆင်ပြေနိုင်ကြောင်း မယဉ်မျိုးသွယ်က ဆိုသည်။ ရတနာပုံညဈေးအကြိုဖွင့်ပွဲ ဈေးပွဲတော်ကို ဇူလိုင် ၂၁ရက်မှ ၂၅ရက်အထိကျင်းပခဲ့ပြီး မြို့ခံ ဈေး သည်များ၊ ချင်းမိုင်မှ လာရောက်ရောင်းချသည့် ဈေးသည်များအပါအဝင် ဆိုင်ခန်းစုစုပေါင်း ၁၀၀ကျော် ကို ဖွင့်လှစ် ရောင်းချခဲ့သည်။ “ စာမေးပွဲပြီးရင် ဂျင်းဈေးကို သွားမှာ၊ ဘာမှတော့ ဝယ်စားဖြစ်မယ်မထင်ဘူး၊ ဈေးကြီးတယ်လေ၊ ဖေ့စ်ဘုတ်မှာ ပုံတွေ ရိုက်ပြီး တင်ကြလို့ အသစ်အဆန်းတစ်ခုအနေနဲ့ ဘာတွေရှိမလဲ သွားကြည့်ချင်တာ၊ သူငယ်ချင်း တော်တော်များများ ကတော့ ဈေးကြီးတယ်၊ နှပ်ခံရတယ်၊ နောက်မသွားတော့ ဘူးလို့ ပြောတယ် ” ဟု ရတနာပုံညဈေးသို့ တကြိမ်မှ မရောက်ဖူးသေးသည့် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဂျာမန်ဘာသာကျောင်းသူ မဇင်ဇင်အောင်က ပြောသည်။ ဈေးပွဲတော်အပြီး ယခုတခေါက် ညဈေး ဖွင့်လှစ်ရာတွင် ရောင်းဈေးကို ၂၀ရာခိုင်နှုန်းလျှော့၍ ရောင်းချသော်လည်း လာရောက်လည်ပတ်သူ နည်းပါးသွားကြောင်း ဈေးသည်များက ပြောသည်။ “ ဒီတစ်ခေါက် အဆင်မပြေဘူး၊ ရာသီဥတုကြောင့်လည်း ပါမယ်၊ အရင်တစ်ခေါက် ဆိုင်တိုင်းလိုလို အရမ်းရောင်းရတယ်၊ ဈေးကွက်ထဲမှာ အသစ်အဆန်းလေးဖြစ်ပြီး မရင်းနှီးသေးတဲ့ပုံစံမျိုး ဖြစ်မှာပါ၊ ဆိုင်ခန်းခ၊ စရိတ်တွေနဲ့ဆို ဈေးများတယ် ပြောလို့မရပါဘူး ” ဟု ရန်ကုန်မြို့မှ ရှမ်းရိုးရာ အစား အစာများ လာရောက်ရောင်းချသူ ကိုအာကာက ပြောသည်။ ညဈေးအတွင်း ဆိုင်ခန်းများကို ဇုန် အေ၊ ဘီ၊ စီ ဟူ၍ ခွဲထားပြီး စတီးအဆောက်အအုံနှင့် ရွက်ဖျင်တဲ ဟူ၍ နှစ်မျိုးရှိသည်။ ဆိုင်ခန်းငှားရမ်းခများမှာ တလလျှင် ဇုန်အေအတွင်း (ပေ၂၀ x ပေ၄၀) စတီး ဆိုင်ခန်းတခန်းကို ကျပ်၈သိန်း၊ ဇုန်ဘီ အတွင်း (ပေ ၁၀ x ပေ ၂၀) စတီးဆိုင်ခန်းတခန်း ကျပ် ၄သိန်း၊ ဇုန်စီ အတွင်း ( ၈ ပေ x ၈ ပေ) ရွက်ဖျင်တဲဆိုင်ခန်းကို အသုံးအဆောင်နှင့် အဝတ်အထည်ဆိုင် ကျပ် ၁၂၀၀၀၀ ၊ အစားအသောက်ဆိုင် ကျပ်၁၅၀၀၀၀ ဟူ၍ သတ်မှတ်ထား သည်။ ဇွန်လအတွင်းက ဖွင့်လှစ်ခဲ့သည့် Yadanarbon BKK Night Market သို့ သွားရောက်လည်ပတ်ခဲ့သူ မယဉ်ယဉ်ခန့်က ထိုင်းနိုင်ငံမှ ညဈေးများနှင့်ယှဉ်၍ “ နိုင်ငံတကာက BKK Night Market တွေမှာ တော့ ပစ္စည်းအရည်အသွေး ကောင်း တယ်၊ ဈေးချိုတယ်၊ နိုင်ငံခြားသားဧည့်သည်တွေ အနေနဲ့လည်း ဒေသ အမှတ်တရ လက်ဆောင်လေးတွေ ဝယ်သွား နိုင်တယ်၊ ဒီမှာ ဈေးများတယ်၊ အချိုရည်ပုံး သေးသေးလေးကို ၄ ထောင်ဖြစ်နေတယ်” “ဈေးအနည်းဆုံးက ၂ ထောင်၊ ၁ ထောင်ပဲ၊ အစားအသောက်တွေလည်း အရမ်းဈေးများတယ်၊ ပိုက်ဆံရှိတဲ့ လူတွေလောက်ပဲ သွားနိုင်တဲ့ဈေးမျိုး ဖြစ်နေတယ်၊ ရတနာပုံ ညဈေးကိုသွားပြီး ဘာမှမဝယ်နိုင်၊ မစားနိုင်ဘဲ ပြန်လာရတဲ့သူတွေ အများကြီး တွေ့ရတယ်၊ ပထမတခေါက် ဖွင့်ပြီးကတည်းက သိပ်မသွားကြတော့ဘူး ” ဟု ၎င်း၏အမြင်ကို ပြောသည်။ ညဈေးကို မိသားစု သိုက်သိုက်ဝန်းဝန်း သွားရောက်စား သောက်ကာ ပျော်ပျော်ပါးပါး ဈေးဝယ် ပြန်လာနိုင်သည့် လူ အများစု လက်လှမ်းမီသော ဈေးမျိုး ဖြစ်စေလိုကြောင်း မယဉ်ယဉ်ခန့်က ပြောသည်။ ရတနာပုံညဈေးကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက Myanmar Da Yi Co.; Ltd အား တည် ဆောက်လုပ်ဆောင် လွှဲပြောင်းစနစ်ဖြင့် ၇နှစ်ငှားရမ်းခြင်းဖြစ်ပြီး တနှစ်လျှင် ကျပ်သိန်း၃ထောင်ဖြင့် နှစ်စဉ် ၁၀ရာခိုင်နှုန်း တိုးကာ တနှစ်ချင်း စာချုပ်ချုပ်ရမည် ဖြစ်ကြောင်း သိရသည်။ “ ပထမ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်တယ်၊ စွန့်ဦးလုပ်တာဖြစ်တယ်၊ မန္တလေးရဲ့ပြယုဂ်တ ခုပေါ်လာတဲ့အတွက် သဘောကျပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ဆိုသည်။ နောင်လာမည့် ညဈေးများကို ခွင့်ပြုရာတွင် ထိုက်သင့်သည့် နေရာအနေအထား၊ ယာဉ်ရပ်နားရာနေရာနှင့် အုပ်ချုပ်မှုများ ရှိမှသာ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်းနှင့် လက်ရှိတွင် ညဈေးဖွင့်ရန် ခွင့်ပြုမိန့်တောင်းခံထားသူ မရှိ သေးကြောင်း ၎င်းကဆိုသည်။ တချိန်က မင်းနေပြည်တော်ဖြစ်ခဲ့ရာ မန္တလေးရွှေမြို့တော်ကြီးတွင် လွန်ခဲ့သောနှစ် ၆၀ အတွင်း အထင်ကရရှိခဲ့ပြီး ယခု တိမ်ကောစပြုနေသော ဈေးချိုညဈေးနှင့် ပြီးခဲ့သည့် လေး၊ ငါးနှစ်ကစ၍ စည်ကားလာခဲ့သော ၃၄လမ်း ဒိုင်းမွန်း ပလာဇာအနီးမှ တရုတ်တန်း ညဈေးတို့ ရှင်သန်ဖွံ့ဖြိုး နိုင်မှု ရှိ ၊ မရှိ။ ထပ်မံဖွင့်လှစ်လိုက်သည့် ရတနာပုံညဈေးက ဈေးဝယ်သူများကို မည်မျှ ဆွဲဆောင်နိုင်မည်မှု ရှိ၊ မရှိ ဆိုသည်ကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမည်ဖြစ်သည်။ The post ဂျင်းဈေးသွား တောလား appeared first on ဧရာဝတီ.
Source : http://ift.tt/2uNaZ4N
via IFTTT
Source : http://ift.tt/2uNaZ4N
via IFTTT
သူဌေးအများဆုံး ရှိရာ နိုင်ငံ ၁၀ နိုင်ငံ
သူဌေးအများဆုံး ရှိရာ နိုင်ငံ ၁၀ နိုင်ငံ တကယ်တော့ ဆောင်းပါးရဲ့ခေါင်းစဉ်က ဒေါ်လာ မီလီယံ(သန်း)ချီ ချမ်းသာတဲ့သူတွေ အများဆုံးရှိရာ နိုင်ငံတွေအကြောင်း ဖြစ်ပြီး လက်ရှိ ကမ္ဘာပေါ်မှာ ဘီလျံနာ (သန်းတထောင်)ချမ်းသာသူတွေကတော့ သောင်းဂဏန်းဝန်းကျင်ပဲ ရှိပေမယ့် မီလျံနာ တွေကတော့ အများအပြား ရှိနေပြီလည်း ဖြစ်ပါတယ်။ အခု ဆက်ပြီး ဘယ်နိုင်ငံတွေမှာ မီလျံနာတွေ အများဆုံး ရှိနေသလဲ ကြည့်ရအောင်ပါ။ (၁) အမေရိကန် အရွယ်ရောက် လူဦးရေ ၂၄၅.၉၇ သန်း ရှိပြီး ပျမ်းမျှ အရွယ်ရောက် ပြည်သူတဦးရဲ့ချမ်းသာမှု ဒေါ်လာ ၄၄၉၇၇ ရှိ ပါတယ်။ မီလျံနာကတော့ အမေရိကန်မှာ ၁၃၅၅၄၀၀၀ ဦးထိအောင် ရှိနေပြီး ကမ္ဘာမှာ မီလျံနာ အများဆုံး ရှိတဲ့ အချမ်းသာဆုံး နိုင်ငံ ဖြစ်နေပါတယ်။ (၂) ဂျပန် မထင်မှတ်ဘဲ အာရှရဲ့စီးပွားရေး အကောင်းဆုံးနိုင်ငံက တရုတ်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တွေကို ကျော်တက်ပြီး လူချမ်း သာ အများဆုံး ရှိနေပါတယ်။ အရွယ်ရောက် လူဦးရေ ၁၀၄.၂၂ သန်း ရှိပြီး ပျမ်းမျှတဦးကို ၁၂၀၄၉၃ ဒေါ်လာ ပိုင်ဆိုင်ထား ကြပါတယ်။ မီလျံနာကတော့ ၂၈၂၆၀၀၀ ဦး ရှိပါတယ်။ (၃) အင်္ဂလန် ဥရောပရဲ့အင်အားကြီးနိုင်ငံက အရွယ်ရောက် ပြည်သူ ၄၈.၉၉ သန်းပဲ ရှိပေမယ့် တယောက်ကို ပျမ်းမျှ ၁၀၇၈၆၅ ဒေါ် လာလောက်ထိအောင် ချမ်းသာတာ တွေ့ရသလို မီလျံနာ ၂၂၂၅၀၀၀ ဦးလောက်ထိအောင် ရှိနေပါတယ်။ (၄) ဂျာမနီ ဒုတိယကမ္ဘာစစ်ရဲ့စစ်ရှုံးနိုင်ငံက စီးပွားရေး ပြန်လည် ဦးမော့မှု အားကောင်းလာပြီး လက်ရှိ အရွယ်ရောက် ပြည်သူ ၆၇.၀၇ သန်း ရှိသလို တဦးကို ပျမ်းမျှ ဒေါ်လာ ၄၂၈၃၃ပဲ ချမ်းသာပေမယ့် မီလျံနာ ဦးရေကတော့ ၁၆၃၇၀၀၀ ထိအောင် ရှိနေတာ ပါ။ (၅) ပြင်သစ် ဂျာမနီနဲ့ အနီးဆုံး စီးပွားပြိုင်ဘက်နိုင်ငံ ဖြစ်နေသလို အရွယ်ရောက် ပြည်သူ ၄၈.၆၆ သန်းပဲ ရှိပေမယ့် ပျမ်းမျှ တဦးကို ဒေါ် လာ ၉၉၉၂၃ ထိအောင် ပိုင်ဆိုင်ထားပါတယ်။ တနိုင်ငံလုံးမှာတော့ မီလျံနာ ၁၆၁၇၀၀၀ လောက်ထိအောင် ရှိနေပါတယ်။ (၆) တရုတ် စီးပွားရေးတိုးတက်မှု အမြန်ဆုံး ဖြစ်နေပေမယ့် လူဦးရေ များပြားတဲ့နိုင်ငံ ဖြစ်လို့ မီလျံနာဦးရေ အများဆုံးရှေ့ပိုင်းမှာ မ ရောက်သေးတာပါ။ အရွယ်ရောက် ပြည်သူ ၁.၀၂၃ ဘီလီယံထိအောင် ရှိပြီး ပျမ်းမျှ တဦးကို ဒေါ်လာ ၄၈၈၅ လောက်ပဲ ချမ်း သာပါတယ်။ မီလျံနာကတော့ ၁၅၉၀၀၀၀ ထိအောင် ရှိပါတယ်။ (၇) အီတလီ ဥရောပ အင်အားကြီးနိုင်ငံ ဖြစ်ပေမယ့် ပြင်သစ်နဲ့ ဂျာမနီတွေလောက် မချမ်းသာဘူးလို့ ဆိုရမလိုပါ။ အရွယ်ရောက် ပြည် သူ ၄၉.၃သန်းပဲ ရှိပြီး တဦးကို ပျမ်းမျှ ဒေါ်လာ ၁၀၄၁၀၅ ထိအောင် ပိုင်ဆိုင်ထားကြပါတယ်။ မီလျံနာကတော့ ၁၁၃၂၀၀၀ ဦး ရှိ ပါတယ်။ (၈) ကနေဒါ အမေရိကန်နဲ့အတူ အင်အားကြီးနိုင်ငံ ဖြစ်လာနေပြီး အရွယ်ရောက် ပြည်သူ ၂၈သန်းပဲ ရှိပေမယ့် တဦးကို ပျမ်းမျှ ဒေါ်လာ ၉၆၆၆၄ ပိုင်ဆိုင်ထားပါတယ်။ မီလျံနာလည်း ၁၁၁၇၀၀၀ ဦး ထိအောင် ရှိနေပါတယ်။ (၉) သြစတြေးလျ ဒေသတွင်း အချမ်းသာဆုံး နိုင်ငံအဖြစ်ပါ ရပ်တည်နေနိုင်သလို မီလျံနာလည်း အများစု ရှိနေပါတယ်။ အရွယ်ရောက် ပြည် သူက ၁၇.၁၂သန်းပဲ ရှိပါတယ်။ တဦးကို ဒေါ်လာ ၁၆၂၈၁၅ထိအောင် အများဆုံး ပိုင်ဆိုင်ထားကြတာပါ။ မီလျံနာ ဦးရေ ၁၀၆၀၀၀၀ ထိအောင် ရှိပါတယ်။ (၁၀) ဆွစ်ဇာလန် လူဦးရေ နည်းပေမယ့် တဦးချင်းပိုင်ဆိုင်မှုမှာ ကမ္ဘာ့ထိပ်တန်းအဆင့် ရှိပါတယ်။ အရွယ်ရောက် ပြည်သူ ၆.၁၉ သန်းပဲ ရှိပါ တယ်။ ဒါပေမယ့် တဦးချင်း ပျမ်းမျှ ၂၄၄၀၀၂ လောက်ထိအောင် ချမ်းသာပါတယ်။ မီလျံနာကလည်း ၇၁၆၀၀၀ လောက်ရှိ နေပါသေးတယ်။ အခြား မီလျံနာအများဆုံးရှိတဲ့ နိုင်ငံတွေအဖြစ်ကတော့ ဆွစ်ဇာလန်ရဲ့နောက်မှာ တောင်ကိုရီးယား၊ စပိန်၊ ထိုင်ဝမ်၊ ဘယ်ဂျီ ယမ်၊ နယ်သာလန်၊ ဆွီဒင်နဲ့ ဒိန်းမတ်နိုင်ငံတွေ အစဉ်လိုက် ရှိနေတာလည်း ဖြစ်ပါတယ်။ Ref: http://ift.tt/eKERsB The post သူဌေးအများဆုံး ရှိရာ နိုင်ငံ ၁၀ နိုင်ငံ appeared first on ဧရာဝတီ.
Source : http://ift.tt/2vUz2io
via IFTTT
Source : http://ift.tt/2vUz2io
via IFTTT
Single ဆိုတဲ့ တကိုယ်ရေသမားတွေရဲ့ အားသာချက် ၅ ချက်
Single ဆိုတဲ့ တကိုယ်ရေသမားတွေရဲ့ အားသာချက် ၅ ချက် ယနေ့ခေတ်ကာလ ပြည်တွင်းမှာလည်း Facebook အသုံးပြုမှု တိုးတက်လာခြင်းနဲ့ အတူ လူမှုဝန်းကျင်မှာ Single is the best လို့ ကောင်လေးတွေရော ကောင်မလေးတွေပါ ကြွေးကြော်လာကြတာ တွေ့ရသလို လေ့လာချက်တွေ အရ တယောက်တည်း တကိုယ်ရေ နေသူတွေဟာ စုံတွဲနဲ့ နေသူတွေထက် ပိုပြီး ကောင်းမွန်တဲ့ အားသာချက်တွေ ရှိတယ် လို့ ဆိုပါတယ်။ Single သမားတွေက ဘယ်လို အားသာချက်တွေ ပိုပါသလဲ။ (၁) Single သမားတွေဟာ ပေါင်းသင်းဆက်ဆံရေး ပိုမို ကောင်းမွန်ပြေပြစ်တယ် ဟုတ်ပါတယ်၊ သူတို့ဟာ တခြား ချစ်သူတွေနဲ့ စုံတွဲတွေထက်ရော မင်္ဂလာဆောင်ပြီး လင်မယားတွေထက်ပါ ပေါင်းသင်း ဆက်ဆံရေး အပိုင်းမှာပိုမို အားကောင်းကြပါတယ်။ အဓိက အကြောင်းအရင်းကတော့ ကိုယ်ပိုင် အချိန်ရှိတာနဲ့ အတူ သူငယ်ချင်း မိတ်ဆွေတွေကို အချိန်ပိုပေးနိုင်တာကြောင့် အပေါင်းအသင်းတွေရဲ့ အလေးထား ချစ်ခင်မှုကို ပိုမို ရရှိတာ ဖြစ်ပါတယ်။ (၂) Single သမားတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာလည်း ပိုမို ကျန်းမာကောင်းမွန်ကြတယ် လေ့လာချက်တွေ အရတော့ အသက် ၁၈ နှစ်ကနေ ၆၄ နှစ် အတွင်း Single သမားပေါင်း ၁၃၀၀၀ ခန့်ကို လေ့လာကြည့်ရာမှာ တကိုယ်ရေ သမားတွေဟာ စုံတွဲရှိသူတွေ ထက် အားကစားလေ့ကျင့်ချိန် ပိုမို ပေးခြင်း၊ ကျန်းမာအောင် နေထိုင်ခြင်းတွေ တွေ့ရသလို ၂၀၁၅ ခုနှစ် အတွင်းက Social Science and Medicine ဂျာနယ်မှာလည်း ဥရောပက လူဦးရေ ၄၅၀၀ အပေါ်မှာ လေ့လာချက်တွေ အရ Single သမားတွေဟာ ကိုယ်အလေးချိန်မှာရော ကျန်းမာမှုမှာပါ ပိုမို ကောင်းမွန်တာတွေ့ရတယ် ဆိုပါတယ်။ (၃) Single ဟာ အခြားသူတွေထက် ပိုမို သာလွန်တဲ့ လေ့လာတတ်မြောက်မှုတွေ ရှိကြတယ် National Survey of Families and Households ရဲ့ လေ့လာချက်တွေအရ Single သမား ၁၀၀၀ နဲ့ စုံတွဲ ၃၀၀၀ အကြား လေ့လာချက်မှာကိုပဲ တကိုယ်ရေ သမားတွေဟာ ဘဝတိုးတက်မှုပိုင်းဆိုင်ရာမှာ အလေးပေးကြတာ တွေ့ရပါတယ်။ အဖွဲ့အစည်းက လေ့လာချက်မှာ အဓိက မေးခွန်း ၂ ခုကို စစ်ဆေးသွားပြီး Single သမားတွေက အဆိုပါ မေးခွန်း ၂ ခုလုံးကို လက်ခံနှစ်သက်ကြ တာပါ။ အဆိုပါ မေးခွန်းတွေကတော့ (၁) ဘဝဆိုတာ လေ့လာဖို့၊ ပြောင်းလဲဖို့၊ တိုးတက်အောင် ကြံစည်ဖို့ ဖြစ်တယ် (၂) ကျနော်တို့ဟာ ကမ္ဘာအတွက် အသုံးဝင်အောင်၊ ပြောင်းလဲ တိုးတက်နိုင်အောင် လုပ်ဆောင်သင့်တဲ့ သူတွေ ဖြစ်တယ် ဆိုတဲ့ အချက်တွေကို Single သမားတွေက ပိုမို လက်ခံကြသလို ကြိုးစား လုပ်ဆောင်နေကြ တာလည်း တွေ့ရပါတယ်။ (၄) Single အမျိုးသားတွေဟာ သဘောထားကြီးကြတယ် ဒါပေမယ့် လက်ထပ်ပြီး ဒါမှမဟုတ် ချစ်သူရပြီးရင် သဘေားထားသေးလာတတ်တယ်။ DePaulo ဆိုတဲ့ လေ့လာသူ တဦးက အမေရိကန်မှာ ၁၉၈၇-၈၈ ခုနှစ်ကနေ နောက်ပိုင်း ၅ နှစ် ကာလလောက်ထိ အမျိုးသားတွေရဲ့ သူတို့ရဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပတ်သတ်ပြီး ငွေသုံးစွဲမှုရော ဆွေးမျိုးတွေဆီကို ထောက်ပံ့မှုတွေကိုပါ လေ့လာ မှတ်တမ်း တင်ခဲ့ပါတယ်။ ပထမဆုံး အိမ်ထောင်ကျသွားတာနဲ့ ပျမ်းမျှ ဒေါ်လာ ၁၈၇၅ လောက်ပဲ အသုံးပြု ထောက်ပံ့တော့တာ တွေ့ရပြီး ဒီပမာဏက အခြားသူတွေရဲ့ အသုံးနှုန်းထက် လျော့နည်းတာလည်း ဖြစ်ပါတယ်။ ကွာရှင်းမှု တခုခု ရှိခဲ့သူတွေ ကတော့ အဆိုပါ နှုန်းထက် ပိုပြီး အသုံးပြုလာတာ တွေ့ရပါသတဲ့။ အကယ်၍ နောက်တကြိမ် အိမ်ထောင်ပြုလိုက်ချိန်မှာတော့ ဝင်ငွေကို သူငယ်ချင်းနဲ့ ဆွေမျိုးတွေ အတွက် အသုံးပြုမှု ပြန် နည်းသွားတာလည်း တွေ့ရပါတယ်။ ဒီလိုနဲ့ DePaulက Singled Out စာအုပ်မှာ Single သမားတွေဟာ သူငယ်ချင်းနဲ့ ဆွေမျိုးတွေကို ပိုမို ထောက်ပံ့ပေးကမ်းမှုတွေ ရှိပြီး လူချစ်လူခင် ပိုတယ် လို့ ရေးသားထားတာ တွေ့ရပါတယ်။ (၅) Single သမားတွေဟာ အချိန်ပို ရရှိတတ်ပြီး စုံတွဲတွေထက် အချိန်ကို အကျိုးရှိအောင် ပိုသုံးတတ်ကြတယ် စိတ်ပညာရှင် Amy Morin ရဲ့ အဆိုအရ စိတ်ကျန်းမာရေး ပိုင်းမှာ Single သမားတွေက စုံတွဲရှိသူတွေထက် ပိုမို စိတ်ခိုင် ပျော်ရွှင်အောင် နေတတ်တယ် လို့ ဆိုပါတယ်။ တကိုယ်ရေသမားတွေမှာ အချိန်ပိုတွေ ရှိကြတယ်၊ ဒါပေမယ့် သူတို့ဟာ အဲဒီ အချိန်ပိုတွေနဲ့ သူတို့ ဘဝကို ပိုကောင်းအောင် ဖန်တီးလေ့ရှိတယ် လို့ ဆိုပါတယ်။ အခြား လေ့လာချက် တခုမှာလည်း တကိုယ်ရေ အတွေးနဲ့ နေထိုင် လုပ်ဆောင်မှုဟာ ပိုမို ကောင်းမွန်တဲ့ ဖန်တီးမှုတွေကို လုပ်ဆောင်နိုင်ကြတယ် လို့ တွေ့ရှိရတာပဲ ဖြစ်ပါတယ်။ Ref: http://ift.tt/eKERsB The post Single ဆိုတဲ့ တကိုယ်ရေသမားတွေရဲ့ အားသာချက် ၅ ချက် appeared first on ဧရာဝတီ.
Source : http://ift.tt/2uJYLvi
via IFTTT
Source : http://ift.tt/2uJYLvi
via IFTTT
The Voice
မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် ထပ်မံစမ်းသပ်၊ အမေရိကန်ပြည်ထောင်စု တစ်ခုလုံး ပစ်ကွင်းအတွင်း ကျရောက်ဟုဆို ဆိုးလ်၊ ဇူလိုင် ၂၉ မြောက်ကိုရီးယားတို့က အမေရိကန်ပြည်ထောင်စု နယ်မြေအားလုံးကို ပစ်ခတ်နိုင်စွမ်း ရှိသော တိုက်ချင်းပစ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု စနေနေ့က ပြောကြားခဲ့ရာ သမ္မတထရမ့်၏ သတိပေးမှုနှင့် တရုတ်နိုင်ငံ၏ ဝေဖန်မှုတို့ ထွက်ပေါ်လာခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။ သောကြာနေ့ည သန်းခေါင်ယံ ဒုံးကျည်စမ်းသပ်မှုကို ကိုယ်တိုင်ကြီးကျပ်ခဲ့သော ခေါင်းဆောင်ကင်ဂျုံအန်းက အမေရိကန်သည် မြောက်ကိုရီးယားကို တိုက်ခိုက်ရန် ကြိုးစားပါက ဖျက်ဆီးခံရမည့်ဘေးက လွတ်မည်မဟုတ်ကြောင်းကို ပြင်းထန်စွာ သတိပေးခြင်း ဖြစ်သည်ဟု ပြောကြားလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ ယခုစမ်းသပ်မှုသည် တိုက်ချင်းပစ်ဒုံးကျည်စနစ်၏ စိတ်ချရမှုနှင့် အမေရိကန်ပြည်ထောင်စု တစ်ခုလုံးကို နေရာမရွေး၊ အချိန်မရွေး ပစ်ခတ်နိုင်မှုတို့ကို ပြသလိုက်ခြင်း ဖြစ်သည်ဟု KCNA သတင်းဌာနက ပြောကြားသည်။ ယခုနောက်ဆုံး စမ်းသပ်မှုသည် ပြုယမ်း၏ ပထမဆုံး တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုအပြီး တစ်လမပြည့်မီ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်သမ္မတ ထရမ့်က “မြောက်ကိုရီးယားဟာ ဒီလိုလက်နက်တွေ စမ်းသပ်ပြီး ကမ္ဘာကို ခြိမ်းခြောက်ခြင်းအားဖြင့် စီးပွားရေး ကျဆင်းလာပြီး သူ့ရဲ့ပြည်သူတွေကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အမိမြေ လုံခြုံရေးနဲ့ ဒေသတွင်း မဟာမိတ်တွေ လုံခြုံရေးအတွက် လိုအပ်တဲ့ အရာအားလုံးကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု သတိပေး ကြေညာချက် ထုတ်ပြန်သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ဆန့်ကျင်သည့် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများကို ကန့်ကွက်ကြောင်းနှင့် ဒေသတွင်း ငြိ်မ်းချမ်းမှု၊ တည်ငြိမ်မှုကို ပျက်ပြားစေမည့် တင်းမာမှုများကို တားဆီးရန် သက်ဆိုင်သည့် နိုင်ငံအားလုံး သတိထား လုပ်ဆောင်ကြမည်ဟု မျှော်လင့်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။ ပြုံယမ်း၏ လုပ်ရပ်ကို တုံ့ပြန်သည့် အနေနှင့် စနေနေ့ အစောပိုင်းတွင် ဒုံးကျည်အစစ်များဖြင့် ပစ်ခတ်လေ့ကျင့်မှု ပြုလုပ်ကာ တိုက်စွမ်းရည်ကို ပြသခဲ့သည်ဟု အမေရိကန်နှင့် တောင်ကိုရီးယား စစ်ဘက်က ပြောကြားသည်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကလည်း အမျိုးသားလုံခြုံရေးကောင်စီနှင့် တွေ့ဆုံစည်းဝေးပြီးနောက် ကုလလုံခြုံရေးကောင်စီ အနေနှင့် မြောက်ကိုရီးယားအပေါ် ပြင်းထန်သော အရေးယူပိတ်ဆို့မှု အသစ်များ ချမှတ်ရေးကို ဆွေးနွေးစေလိုကြောင်းနှင့် Thaad ဒုံးခွင်းဒုံးစနစ် နောက်ထပ်ယူနစ် လေးခု ဖြန့်ကြက်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။ ပြုံယမ်း၏ ဒုံးကျည်စမ်းသပ်မှုသည် မြောက်ကိုရီးယား၊ ရုရှားနှင့် အီရန်တို့အပေါ် အရေးယူ ပိတ်ဆို့မှုများ ချမှတ်မည့် အစီအစဉ်ကို အမေရိကန် ဆီနိတ်လွှတ်တော်က အတည်ပြုပြီး တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းဥပဒေကြမ်းကို သမ္မတထရမ့်က လက်မှတ်ထိုးရန် အဆင်သင့် ဖြစ်နေပြီဟု အိမ်ဖြူတော်က သောကြာနေ့တွင် ပြောကြားသည်။ သောကြာနေ့က စမ်းသပ်ပစ်လွှတ်သော ဟွာဆောင်း ၁၄ တိုက်ချင်းပစ် ဒုံးကျည်သည် ၄၇ မိနစ် ၁၂ စက္ကန့်ကြာ ပျံသန်းကာ အမြင့် ၂၇၂၄ ဒသမ ၉ ကီလိုမီတာအမြင့်နှင့် ၉၉၈ ကီလိုမီတာ အကွာအဝေးသို့ ရောက်ရှိခဲ့ပြီး ကိုရီးယားအရှေ့ဘက် ကမ်းလွန်ရေပြင်သို့ ကျရောက်ခဲ့သည်ဟု KCNA က သတင်းထုတ်ပြန်သည်။ အဆိုပါဒုံးကျည်ကို အထောင်လမ်းကြောင်းဖြင့် မပစ်လွှတ်ဘဲ အလျားလိုက် လမ်းကြောင်းအတိုင်း ပစ်လွှတ်ပါက အမေရိကန်ပြည်ထောင်စုရှိ နေရာဒေသများစွာသို့ ရောက်ရှိနိုင်သည်ဟု လွတ်လပ်သော လက်နက်ကျွမ်းကျင်သူများက မှတ်ချက်ပေးသည်။ လော့စ်အိန်ဂျယ်လိစ်မှာ ပစ်ကွင်းအတွင်း ကျရောက်နေပြီး ချီကာဂို၊ နယူးယောက်နှင့် ဝါရှင်တန်တို့ကိုမူ လက်လှမ်းမီရုံသာ ရှိမည်ဟု ကယ်လီဖိုးနီးယား အခြေစိုက် မစ်ဒယ်ဗျူရီ နိုင်ငံတကာလေ့လာရေး စင်တာမှ ဂျက်ဖရီလူးဝစ်က ပြောကြားသည်။ အမေရိကန်အခြေစိုက် သိပ္ပံပညာရှင်များ အဖွဲ့ကလည်း ၎င်းတို့၏ တွက်ချက်မှုများအရ ယင်းဒုံးကျည်သည် ဒင်ဗာနှင့် ချီကာဂိုတို့အထိ ရောက်ရှိနိုင်သည်ဟု ပြောကြားသည်။ နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျုမှ မိုက်ကယ်အယ်လီမန်ကလည်း “ဒီပုံစံအတိုင်းသာဆိုရင် ပြုံယမ်းဟာ နှစ်မကုန်ခင်မှာပဲ လက်သင့်ခံနိုင်စရာ အဆင့်ရှိတဲ့ တိုက်ချင်းပစ် ဒုံးကျည်ကို တီထွင်နိုင်တော့မှာပါ။ သံတမန် နည်းလမ်းအရ ညှိနှိုင်းနိုင်မယ့် အခွင့်အရေးက နည်းလာပါပြီ” ဟု ပြောကြားသည်။
Source : https://goo.gl/knfC5U
via IFTTT
Source : https://goo.gl/knfC5U
via IFTTT
Subscribe to:
Posts (Atom)