ဆယ်ကျော်သက်များကြား ရေပန်းစားလာတဲ့ HIV ပိုး အကာအကွယ် ကွင်းကလေး HIV ရောဂါပိုးဟာ ကမ္ဘာနဲ့ အဝှမ်း အသက် ၁၅-၂၄ ကြား ဆယ်ကျော်သက် မိန်းကလေးများ အပါအဝင် အမျိုးသမီးများ အထိ ကူးစက်နေဆဲ ဖြစ်ပါတယ်။ အာဖရိကတောင်ပိုင်း ဆာဟာရလို ကန္တာရ နေရာမျိုးတွေမှာတောင် နှစ်စဉ် ရောဂါပိုး ကူးစက်ခံရသူ ၁၀၀၀ နီးပါး ရှိနေပါတယ်။ အမေရိကန် သိပ္ပံပညာရှင်များရဲ့ အဆိုအရ HIV ပိုးကာကွယ်တဲ့ သားရေကွင်းလို ကိရိယာလေးဟာ ဆယ်ကျော်သက် အမျိုးသမီးထု အကြား ရေပန်းစား အသုံးများလာနေပါပြီ။ ဘတ်တီးရီးယားပိုးကို တိုက်ဖျက်နိုင်သည့် ဆေးကို အဲဒီ ကိရိယာလေးထဲ ထည့်သွင်း ထားပြီး၊ သားအိမ်ခေါင်းထဲ ထည့်သွင်း အသုံးပြုရတာလို့ ဆိုပါတယ်။ စမ်းသပ်ချက်များ အရ HIV ကူးစက်မှုကို ၅၆ ရာခိုင်နှုန်း အထိ လျှာ့ချပေးနိုင် ပါတယ်။ ကျွမ်းကျင်သူများက ယခုကိရိယာလေးသာ ပိုမိုအောင်မြင် အကျိုးပြုမယ် ဆိုရင် အမျိုးသမီးတွေ အနေနဲ့ လိင်ဆက်ဆံဖော် ကွန်ဒုံး အသုံးပြုတာ မပြုတာကို အလေးထားစရာ မလိုတော့ဘဲ မိမိကိုယ် မိမိယုံကြည်မှု ရှိရှိကာကွယ် လာနိုင်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံလုံးဆိုင်ရာ ကူးစက်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးအဖွဲ့က ဒါရိုက်တာ ဒေါက်တာအတ်တိုနီဖော်စီက “အမျိုးသမီးတွေကို သူတို့ကိုယ် သူတို့ လုံခြုံစိတ်ချမှု ရှိရှိနဲ့ ကာကွယ်ခွင့် ပေးလိုက်တာဟာ သူတို့ အတွက် စိတ်ပိုင်း ရုပ်ပိုင်း အကြီးမားဆုံး အကူအညီ ပေးရာရောက်ပါတယ်” လို့ ပြောပါတယ်။ အဲဒီ ကွေးနိုင် ဆန့်နိုင်တဲ့ သားရေကွင်းလို ကိရိယာလေးဟာ ပဋိသန္ဓေတားသည့် ကိရိယာ အရွယ်မျှသာ ရှိပြီး၊ ရောဂါပိုးမွှား တိုက်ဖျက်နိုင်တဲ့ အာနိသင်ကို တလတိတိ ထုတ်ပေးနိုင်ပါတယ်။ ထိုကိရိယာ အလုပ် ဖြစ်/မဖြစ် မသေချာတာကြောင့် သိပ္ပံပညာရှင်များဟာ အမေရိကန် နိုင်ငံတွင် အသက် ၁၅-၁၇ ကြား လိင်မှုပြုလုပ်တဲ့ ဆယ်ကျော်သက် အမျိုးသမီးငယ် ၉၆ ယောက်နဲ့ ၆ လကြာ စမ်းသပ်သုံးစွဲစေခဲ့ပါတယ်။ အဲဒီ စမ်းသပ်ချက် ရလာဒ်အနေနဲ့ …. အမျိုးသမီး ၈၇ ရာခိုင်နှုန်းက ၎င်းတို့၏ အင်္ဂါထဲတွင် ထိုဆေးထုတ်လွှတ်နေမှုကို ခံစားမိတယ်လို့ ဆိုပါတယ်။ အမျိုးသမီး ၉၅ ရာခိုင်နှုန်းကတော့ အဲဒီကိရိယာလေးက အသုံးပြုရလွယ်ကူတယ်လို့ ဆိုပါတယ်။ အမျိုးသမီး ၇၄ ရာခိုင်နှုန်းကတော့ အသုံးပြုလို့ ပြု ထားမှန်း မသိရအောင် အဆင်ပြေတယ်လို့ ဆိုပါတယ်။ ပစ်စ်ဘာ့ ဆေးတက္ကသိုလ်က သုသေသီ ပါမောက္ခ ရှာရွန် ဟီလီယာ က “HIV ပိုးဟာ ၁၆ နှစ်လော/ ၁၈ နှစ်လော ခွဲခြားနေမှာ မဟုတ်ဘူး၊ ဒါကြောင့် ထိရောက်ဘေးကင်းတဲ့ ကာကွယ်မှုကို ကြီးကြီး ငယ်ငယ် ကာကွယ်သင့်ပါတယ်” လို့ ပြောပါတယ်။ ယခုအခါ အဲဒီ သားရေကွင်းလို ကိရိယာလေးကို အာဖရိက ဆယ်ကျော်သက်တွေနဲ့ စမ်းသပ်ကြည့်ဖို့ ပြင်ဆင်နေပါပြီ။ တကယ်လို့သာ စမ်းသစ်တွေ့ရှိချက်တွေ အရ HIV ကာကွယ်မှု အတွက် ကောင်းမွန် ထိရောက်တယ်လို့ အတည်ပြုချက် ရလာမယ် ဆိုရင်တော့ လိင်ကိစ္စနဲ့ မကင်းတဲ့ အမျိုးသမီးတွေ အတွက် အားထားရတဲ့ အကာအကွယ်တခု ရှိလာပြီ ဖြစ်သလို ဆေးလောကရဲ့ အောင်မြင်မှု တခုလည်း ဖြစ်ပါတယ်။ (www.bbc.co.uk တွင် ဖော်ပြထားသည့် HIV-prevention ring trial a success among US teens သတင်းကို ငြိမ်းချမ်းစိုး ဘာသာပြန်သည်။) Ref: www.bbc.co.uk The post ဆယ်ကျော်သက်များကြား ရေပန်းစားလာတဲ့ HIV ပိုး အကာအကွယ် ကွင်းကလေး appeared first on ဧရာဝတီ.
Source : http://ift.tt/2hiVLld
via IFTTT
Tuesday, August 1, 2017
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျပန်သို့ ချစ်ကြည်ရေးခရီးသွားရောက်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျပန်သို့ ချစ်ကြည်ရေးခရီးသွားရောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာတပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ယိုအိ ဆာဆာကဝါ ရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို ယနေ့နံနက် ၉နာရီ မိနစ် ၅၀မှာ ထွက်ခွာသွားခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် တပ်မတော်အရာရှိများ အဖွဲ့ဝင် အဖြစ် လိုက်ပါသွားပြီး၊ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံအစိုးရ၊ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ များ၏ပူးတွဲ စစ်ဦးချုပ်နှင့် (ကြည်း၊ရေ၊လေ) စစ်ဦးချုပ်များအား တွေ့ဆုံ၍ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီး မှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးခြင်းနှင့် ဂျပန်နိုင်ငံရှိ ယဉ်ကျေးမှုနှင့် စက်မှုလုပ်ငန်း များအား ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုံးက သတင်းထုတ်ပြန်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဂျပန်ခရီးစဉ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်ကလည်း ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရှီဂျီရူး အီဝါဆာကီရဲ့ ဖိတ်ကြားချက် အရ ပထမအကြိမ် သွားရောက်ခဲ့ပါသေးတယ်။ The post ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျပန်သို့ ချစ်ကြည်ရေးခရီးသွားရောက် appeared first on ဧရာဝတီ.
Source : http://ift.tt/2vdDD1T
via IFTTT
Source : http://ift.tt/2vdDD1T
via IFTTT
ရန်ကုန်မြို့တွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှု မွေး/ ကုဌာန အတည်ပြု
ရန်ကုန်မြို့တွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှု မွေး/ ကုဌာန အတည်ပြု ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်တွင် မွေးမြူထားသည့် ကြက်များသေဆုံးမှုကို မော်လီကြူလာနည်းဖြင့် စစ်ဆေးခဲ့ရာ Influenza Type A/ H5N1 Positive ဖြစ်ကြောင်း ဇွန် ၂၉ ရက်က အတည်ပြုလိုက်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဇွန် ၃၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။ သို့ဖြစ်ရာ ရောဂါဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရန် ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံချက်ပါ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်နေကြောင်း၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကြက်၊ ငှက်များတွင် သာမက လူသို့ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှု မရှိစေရန် သက်ဆိုင်ရာ ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာသင့်ကြောင်း သိရသည်။ H5N1 positice သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ် ရပ်ကွက်ရှိ ကြက်မွေးမြူ ရေး ခြံတွင်လည်း ကျရောက်ခဲ့ကြောင်း ဇွန် ၂၆ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ ကြက်ငှက်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ စတင် ဖြစ်ပွားခဲ့ရာ ၂၀၁၆ ခုနှစ် အထိ စုစုပေါင်း ၈ ကြိမ် ကျရောက်ခဲ့ပြီး ဖြစ်သည်။ The post ရန်ကုန်မြို့တွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှု မွေး/ ကုဌာန အတည်ပြု appeared first on ဧရာဝတီ.
Source : http://ift.tt/2uT6iqc
via IFTTT
Source : http://ift.tt/2uT6iqc
via IFTTT
ရှမ်းပြည်နယ်တွင်း အခက်အခဲများ ဖြေရှင်းပေးရန် အစိုးရကို အိမ်ဖွင့်ပေးစာပို့
ရှမ်းပြည်နယ်တွင်း အခက်အခဲများ ဖြေရှင်းပေးရန် အစိုးရကို အိမ်ဖွင့်ပေးစာပို့ ရှမ်းပြည်နယ်တွင်း ပဋိပက္ခ အပါအဝင် လူမှုစီးပွားဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရသည့် ပြည်သူများကို အကူ အညီ ပေးရန် ပြည်ထောင်စုအစိုးရထံ တောင်းဆိုထားသည့် အိတ်ဖွင့်ပေးစာတစောင်ကို အသက် ၆၀ နှင့်အထက် အမျိုးသမီး များ စုဖွဲ့ထားသည့် ရှမ်း အမျိုးသမီးကြီးများ အဖွဲ့က ထုတ်ပြန်လိုက်သည်ဟု သတင်းရရှိသည်။ အိတ်ဖွင့်ပေးစာထဲတွင် ရှမ်းပြည်နယ်အတွင်း ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဒုက္ခများကို ငြိမ်းချမ်း ရေး၊ မူးယစ်ဆေး၊ သဘာဝပတ်ဝန်းကျင်၊ မြေယာ၊ မျိုးဆက်သစ် လူငယ် များအရေး၊ ယဉ်ကျေးမှု အမွေအနှစ် နှင့် အစားအစာ၊ ဆေးဝါး ဟူ၍ ခေါင်းစဉ်ငယ် ၇ ခုဖြင့် ဖော်ပြထားပြီး အကူအညီပေးရန်လည်း ခေါင်းစဉ်အလိုက် အကြံပြု ချက်များ ရေးသားထားသည်။ ဇူလိုင် ၃၁ ရက်က ထုတ်ပြန်သည့် ယင်းအိတ်ဖွင့်ပေးစာတွင် အသက် ၆၀ကျော် ရှမ်းအမျိုးသမီးကြီးများ၏ စိုးရိမ်ပူပန်မှု များကို အစိုးရက ကူညီ ဖြေရှင်းပေးရန် ရေးသားထားခြင်းဖြစ်သည်ဟု ရှမ်းအမျိုးသမီးကြီးများအဖွဲ့ဝင် ဒေါက်တာ ဒေါ်နှင်းရီအေး က ပြောပြသည်။ ဒေါက်တာ ဒေါ်နှင်းရီအေးက “တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာဆို ကလေးတွေက ပညာလည်း မတတ်၊ ကျန်းမာရေး လည်း စိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ ရွှံ့အလူးလူးနဲ့ ညစ်ပတ်ပြီး ဆပ်ပြာမရှိ အဝတ်အစားလည်း မလျှော်နိုင်ဆိုတော့ သူတို့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးက စိတ်ပူစရာတွေချည်းပဲ။ သူတို့မှာ ကူညီမယ့်သူ မရှိဘူး” ဟု ပြောသည်။ ပဋိပက္ခအတွင်း ယောကျ်ားလေးများ အသက် ၁၃ နှစ် ဝန်းကျင်ရောက်ပြီဆိုပါက စစ်သားစုဆောင်း ခံရသည့်ထဲတွင် ခေါ်ခံရသဖြင့် မိခင်များက ကလေးငယ်များကို ဖွက်ထားခြင်းများပါ လုပ်နေကြရသည်ဟုလည်း ဒေါက်တာ ဒေါ်နှင်းရီအေးက ပြောဆိုသည်။ “အမျိုးသားတွေဆို ပေါ်တာဆွဲခံရတယ်။ အမျိုးသမီးတွေဆို သူတို့ ကလေးတွေကို အပြင်မထုတ်ရဲတဲ့ အခါ စားဖို့ သောက်ဖို့ ဈေးလည်း သွားဝယ်မရ။ အိမ်မှာ ဆန်ပြုတ်လေး လုပ်သောက် အသီးတွေ စားလိုက်နဲ့ ကလေးတွေကို ကျွေးပြီး အမေတွေ မစားဘဲနေရတဲ့ ဘဝမျိုးတွေ ရှိနေတယ်”ဟု ဒေါက်တာဒေါ်နှင်းရီအေးက ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း လက်နက်ကိုင်အဖွဲ့များက နယ်မြေစိုးမိုးမှုရရှိရန် ကြိုးစားရင်း ဒေသခံ ပြည်သူများ အပေါ် ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများပါ ကျူးလွန်နေကြ သည်ဟုလည်း ဒေါက်တာဒေါ်နှင်းရီအေးက ဆိုသည်။ ငြိမ်းချမ်းရေး ကဏ္ဍကို နံပါတ် (၁) နေရာတွင် ဖော်ပြရေးသားထားပြီး ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များနှင့် တပ်မတော်ကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံများ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သွားလာရေး ၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး အခက်ကြုံနေသလို နှစ်ဖက်တပ်များမှ ဒေသခံများ အပေါ် လူ့ အခွင့်အရေး ချိုးဖောက်မှုများလည်း ပြုလုပ်နေသည်ဟု အိတ်ဖွင့်ပေးစာထဲတွင် ရေးသားထားသည်။ ရှမ်း အမျိုးသမီးကြီးများ အဖွဲ့ဝင်တဦးဖြစ်သည့် ဒေါ်စဝ်ဟေမာသိုက်က “ကျမကတော့ အမျိုးသမီးပီပီ မငြိမ်မသက် ဒေသမှာ အမျိုးသမီးနဲ့ ကလေးတွေက ဒုက္ခပိုခံစားရတယ်လို့ ပြောချင်ပါတယ်။ လုံခြုံမှု မရှိတဲ့အခါ အမျိုးသမီးတွေက အကြမ်းဖက်မှုကိုပါ ခံရပါတယ်။ ဒါ့ကြောင့် ကျမတို့ အမျိုးသမီးတွေက အမျိုးသားတွေထက် ငြိမ်းချမ်းရေးကို ပိုရချင် တယ်” ဟု ပြောသည်။ အဆိုပါ ရှမ်း အမျိုးသမီးကြီးများ အဖွဲ့က ပဋိပက္ခအတွင်း ဒေသခံများ ဒုက္ခရောက်နေသည်များမှ လွတ်မြောက်ရန် အစိုးရက ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တပ်မတော်နှင့် တိုက်ပွဲဖြစ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်များကို ငြိမ်းချမ်းရေးစားပွဲပေါ် ခေါ်ယူ ဆွေးနွေး ပေးစေလိုသည်ဟုလည်း အကြံပြုထားသည်။ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး မူလပင်ရင်း ထုတ်လုပ်နေသူကို ဖမ်းဆီးပြီး ဥပဒေအရ ပြတ်ပြတ်သားသား အရေးယူ ပေးရန်၊ မူးယစ်ဆေး သုံးစွဲသူများကိုလည်း ပြန်လည်ထူထောင်ရေး စနစ်တကျ ဆောင်ရွက်ပေးရန် အိတ်ဖွင့်ပေးစာ ထဲ တွင် တိုက်တွန်းထားသည်။ သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်၍လည်း ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရန် စီစဉ်နေမှုများက ဒေသခံများ ကို ခြောက်လှန့်နေသကဲ့သို့ ဖြစ်နေကြောင်း၊ ဂေဟစနစ်ကို ထိန်းသိမ်းရန် အမှိုက်များကို စနစ်တကျ စွန့်ပစ်ရေး အစိုးရ က ပညာပေး ဆောင်ရွက်ပေးရန်၊ ထင်း၊ မီးသွေးအစားထိုး လောင်စာ နှင့် နေရောင်ခြည်စွမ်းအင်သုံး နည်းပညာများကို အစိုးရက စီစဉ်ပေးရန် လိုကြောင်း အကြံပြုထားသည်။ ထို့အပြင် မြေယာ သိမ်းဆည်း ခံရခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ၊ မျိုးဆက်သစ် လူငယ်များ အလုပ်အကိုင် ရှားပါးမှုနှင့် ပညာရေး ဗဟုသုတအတွက် စာကြည့်တိုက်များ ထူထောင်ပေးရေး၊ ရှမ်းပြည်နယ်တွင်းရှိ ဖျက်ဆီး ခံထားရသည့် ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည် ထိန်းသိမ်းပေးရေးနှင့် ဘေးကင်းသော အစားအစာများ ဖြစ်စေရန် အစိုးရ ကျန်းမာရေးဌာနမှ စစ်ဆေး၊ ပညာပေးပြီး ကျန်းမာရေးနှင့် မကိုက်ညီသည့် အစားအသောက် ထုတ်လုပ်ရေးများကို အရေးယူပေးရေးတို့ လုပ်ဆောင်ပေးရန်လည်း အကြံပြုရေးသား ထားသည်။ အဆိုပါ အချက်အလက်များကို ရရှိရန် ရှမ်း အမျိုးသမီးကြီးများ အဖွ့ဲဝင် ၃၀ က ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အတွင်း တောင်ကြီးမြို့၌ တွေ့ဆုံ၍ ၎င်းတို့ဒေသ အသီးသီးတွင် ကြုံတွေ့နေရသည့် အကြောင်းအရာများကို ဆွေးနွေးပြီး ယခု အိတ်ဖွင့်ပေးစာကို ရေးသားကာ ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။ ဒေါက်တာ ဒေါ်နှင်းရီအေးက ရှမ်းပြည်နယ်ရှိ လူငယ် မျိုးဆက်သစ်များအနက် မိန်းကလေးငယ် အများစုမှာ အတန်း ပညာ မတတ်သည့်အပြင် အလုပ်အကိုင် ရှားပါးသဖြင့် အလုပ်ရလွယ်ကူသည့် ကာရာအိုကေ ဆိုင်များ၊ အနှိပ်ခန်းများ တွင် ဝင်ရောက်လုပ်ကိုင်နေကြောင်း၊ ထိုမှတဆင့် မူးယစ်ဆေးဝါး သုံးစွဲမှုများ ရှိလာသလို လူကုန်ကူးခံရသူများလည်း ရှိနေကြောင်း၊ ထို့ကြောင့် အတန်းပညာမတတ်သည့် လူငယ်များကို အလုပ်ကိုင်ကောင်းများ ဖန်တီးပေးရန် ပြည်ထောင်စု အစိုးရက ဆောင်ရွက်ပေးစေလိုကြောင်း ပြောသည်။ ဆက်လက်ပြီး ၎င်းက “သမ္မတလည်း မတွေ့ရ နိုင်ငံတော် အတိုင်ပင်ခံလည်း မတွေ့ရ။ သတင်းကလည်း အရမ်း ထိန် ချန် တယ်။ ပွင့်လင်းမြင်သာမှု မရှိဘူး။ တိုင်းသူပြည်သားတွေ အရမ်း ခက်ခဲနေကြပါတယ်။ ကိုယ့်ရဲ့ အကြီးအကဲ တွေ က ဘာတွေ လုပ်ပေးနေတယ် ဆိုတာကို သိချင်နေပါတယ်။ ကျေးဇူးပြုပြီး ပြည်သူတွေနဲ့ တွေ့ပေးပါလို့ ပြောချင် တယ်” ဟုလည်း ပြောဆိုသည်။ ဒေါ်စဝ်ဟေမာသိုက် ကလည်း ပြည်ထောင်စု အစိုးရအနေဖြင့် အသက် ၆၀ ကျော် အမျိုးသမီးကြီးများ၏ ၎င်းတို့ ဒေသ၊ မျိုးဆက်များအတွက် စိုးရိမ်ပူပန်မှုများ ရေးသားထားသည့် အိတ်ဖွင့်ပေးစာကို ဖတ်ပြီး တတ်နိုင်သည့် ဘက်မှ ကူညီ ထောက်ပံ့ပေးစေလိုသည်ဟု ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း နိုင်ငံ့ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်ရာတွင် တဦးတယောက်တည်း လုပ်ဆောင်၍ မရသဖြင့် မိမိတို့၏ အကြံပြုချက်များကို သတိပြုပေးစေလိုသည်ဟု ရှမ်း အမျိုးသမီးကြီးများ အဖွဲ့ဝင် များက ပြောဆိုကြသည်။ The post ရှမ်းပြည်နယ်တွင်း အခက်အခဲများ ဖြေရှင်းပေးရန် အစိုးရကို အိမ်ဖွင့်ပေးစာပို့ appeared first on ဧရာဝတီ.
Source : http://ift.tt/2vd27s4
via IFTTT
Source : http://ift.tt/2vd27s4
via IFTTT
7Day News Journal
ဦးဘုန်းမော်ရွှေပေးသွင်းရမည့် ရန်ပုံငွေများအားလုံး ပြန်လည်ရရှိပြီးဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုပြော မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းဦးဘုန်းမော် ရွှေက ရေနံလက်ယက်တွင်းရန်ပုံ ငွေကျပ် ၃ ဒသမ ၂၅ ဘီလီယံ ပြန်လည်ပေးအပ်ပြီး ဖြစ်ကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဦးအောင်မိုးညိုက ပြောသည်။ ဇူလိုင် ၃၁ ရက်တွင် ဝန်ကြီး ချုပ် ဒေါက်တာအောင်မိုးညိုက မီဒီယာများနှင့် တွေ့ဆုံ၍ ဦးဘုန်း မော်ရွှေ ပေးဆပ်ရမည့် ငွေများကို ဧပြီက စတင်၍ အရစ်ကျပေးဆပ်ခဲ့ရာ ယခု ဇူလိုင်လကုန်တွင် အားလုံးပေးဆပ်ခဲ့ကြောင်း အတည်ပြု ပြောကြားသည်။ ‘‘သောကြာနေ့ကတော့ သန်းပေါင်း ငါးရာ့ခုနစ်ဆယ်ကျန်သေးတယ်။ သို့သော် ဒီနေ့ (ဇူလိုင် ၃၁) မှာ အဲဒီသန်းပေါင်း ငါးရာ့ခုနစ် ဆယ်ကိုပါ ထပ်ပေးသွားတယ်။ ပေးတဲ့အတွက်ကြောင့် ပြည်ထောင်စု အစိုးရညွှန်ကြားတဲ့အတိုင်းပဲ ကျပ်ငွေသန်းပေါင်း သုံးထောင့်နှစ်ရာ့ခုနစ်ဆယ်ကို အကုန်လုံး အကျေပေးသွားပြီ’’ ဟု ဒေါက်တာအောင်မိုးညိုက ပြောသည်။ အဆိုပါ ရန်ပုံငွေကျပ်သုံးဘီ လီယံကျော်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ လှူဒါန်းခဲ့သည့် ကျပ် ၁ ဒသမ ၇ ဘီလီယံ၊ ရွှေသုခအသေးစား ငွေရေးကြေးရေးအသင်းသို့ လွှဲပြောင်းပေးခဲ့သည့် ကျပ် ၁ ဒသမ ၅၇ ဘီလီယံ စုစုပေါင်း ၃ ဒသမ ၂၅ ဘီလီယံကို အစိုးရအဖွဲ့ အပြောင်းအလဲတွင် ပြန်လည် ပေးအပ်ခြင်း မရှိကြောင်း စိစစ်ပေါ် ပေါက်ချက်အရ ပြန်လည် ပေးသွင်းရခြင်း ဖြစ်သည်။ ‘‘၂၀၁၇-၁၈ ဘတ်ဂျက်က အတည်ပြု ပြီးသွားပြီ ဖြစ်တဲ့အတွက် ဒီငွေကို ကျွန်တော်တို့က သုံးလို့မရဘူး။ စည်းမျဉ်းစည်းကမ်းအရ နှစ်ကုန်ခါနီး နိုဝင်ဘာ၊ ဒီဇင်ဘာမှာ လုပ်ငန်းတွေအတွက် လိုအပ်တဲ့ငွေကိုထပ်တောင်းတာ ရှိတယ်။ ဖြည့်စွက်ရန်ပုံငွေ တောင်းတဲ့အချိန်ကျရင် ဒီသန်းပေါင်းသုံးထောင်ကျော်ကို သုံးမယ်’’ ဟု ဒေါက်တာအောင်မိုးညို က ပြောသည်။ ဦးဘုန်းမော်ရွှေထံမှ ပြန်လည်ရရှိခဲ့သည့် ရန်ပုံငွေများ သည် ရေနံလက်ယက်တွင်းလုပ် ငန်းရှင်များက မကွေးတိုင်းဒေသ ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဝင်ပေးသွင်းထားသည့်ရန် ပုံငွေများဖြစ်၍ အဆိုပါငွေများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်ပင်ပြီး မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးဆောင်ရွက်ရန် စီစဉ် မည်ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဦးနေ မျိုးကျော်က ပြောသည်။ မူလက ပျောက်ဆုံးနေသည့် ဖွံ့ဖြိုးရေးရန်ပုံငွေသည် ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံဖြစ်ပြီး သမ္မတရုံးညွှန်ကြားချက်အတိုင်း သက်ဆိုင်သူများက မကွေးတိုင်း အစိုးရထံ ပြန်လည်လွှဲအပ်ရမည့် ငွေသည် ကျပ်သုံးဘီလီယံကျော် သာရှိ၍ ကျပ်လေးဘီလီယံကျော် ပျောက်ဆုံးနေသော်လည်း ယခု အခါ ပြန်အပ်ငွေများကို စိစစ် ချက်အရ ထိုလေးဘီလီယံကျော် ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွင် အသုံးပြုထားကြောင်း ပေါ်ပေါက် ခဲ့သည်ဟု ၎င်းကပြောသည်။ ‘‘ဒေသဖွံ့ဖြိုးရေးအတွက် ဖော်ပြထားတဲ့နေရာမှာ ပြည် ထောင်စုဘတ်ဂျက်နဲ့ ထပ်နေသ လား၊ တိုင်းဒေသကြီးအစိုးရဘတ် ဂျက်နဲ့ထပ်နေတဲ့နေရာတွေလား ဆိုတာတွေကိုတော့ စုံစမ်းစစ် ဆေးမှုတွေလုပ်နေပါတယ်လို့ ပြောနိုင်ပါတယ်။ ဒါနဲ့ပတ်သက် ပြီးတော့ ဘယ်လိုဆက်လက် ဆောင်ရွက်မလဲဆိုတာ ပြည် ထောင်စုရဲ့ညွှန်ကြားချက်အပေါ် မှာ မူတည်ပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု ဦးနေမျိုးကျော်ကပြောသည်။ ဦးဘုန်းမော်ရွှေအနေဖြင့် ကျပ် ၃ ဒသမ ၂၅ ဘီလီယံကိုပြန်လည်ပေးအပ်ရန် ပြည်ထောင်စု အစိုးရက ဧပြီ ၈ ရက်က အ ကြောင်းကြားထားပြီး ငွေအကျေ ချေနိုင်ရေး (၁၀)ကြိမ်ခွဲကာ တိုင်း ဒေသကြီးအစိုးရသို့ ပြန်လည်ပေး အပ်ခဲ့ကြောင်း သိရသည်။
Source : http://ift.tt/2vnPbjk
via IFTTT
Source : http://ift.tt/2vnPbjk
via IFTTT
ထိုင်းနဲ့ မြန်မာကြား ရှေးဟောင်းပစ္စည်း ခိုးဂိုဏ်းများ တိုးလာ
ထိုင်းနဲ့ မြန်မာကြား ရှေးဟောင်းပစ္စည်း ခိုးဂိုဏ်းများ တိုးလာ ရှေးဟောင်း လက်ဝတ်ရတနာများ၊ ဒင်္ဂါးပြားများနှင့် အလှဆင်သည့် အသေးစားပစ္စည်း ပစ္စယများက ဖျက်ပြီး ယူလာသော သို့မဟုတ် ခိုးလာသော ရုပ်ထုများနှင့် စာလျှင် ထိခိုက်နစ်နာမှု နည်းသည်ဟု ထင်ရပါသည်။ သို့သော်လည်း ရှာဖွေခြင်း၊ ခိုးယူခြင်း၊ တရားမဝင် တူးဖော်ခြင်းနှင့် အဆိုပါ ပစ္စည်းများကို ဝယ်သူထံ ရောင်းချနိုင်ရန် ဈေးကွက်သို့တင်ခြင်း စသည့် လုပ်ငန်းစဉ်တခုလုံးက ကျမတို့ သိနားလည်သည်ထက် ပို၍ ရှေးဟောင်းအမွေအနှစ်များကို ထိခိုက် ပျက်စီးစေပါသည်။ အရှေ့တောင်အာရှ တလွှားမှ ရှေးဟောင်းနယ်မြေများတွင် တန်းစီနေသော အပေါက်များက ပြောပြနေသည့် ခိုးယူခံရခြင်း အကြောင်းများကို အရက်ဆိုင်များ၊ စားသောက်ဆိုင်များတွင် ကမ္ဘာလှည့်ခရီးသည်များ ဆုံဆည်းကြချိန်တွင် ညဘက်၌ အချင်းချင်း ပြောကြသည်။ ကမ္ဘာလှည့်ခရီးသည်များနှင့် စုဆောင်းသူများက ရွာထဲက ကလေးတယောက်ထံမှ သူတို့ ဝယ်လာသည့် လက်ဝတ် တန်ဆာ အပေါစားများကို ပြသ ရယ်မောနေချိန်တွင် ရှေးဟောင်းအမွေအနှစ် ကာကွယ်ရေးကို မှောင်မိုက်သော အရိပ်တခုက ချောင်းမြောင်းနေသည်။ ထိုပြဿနာ အရိပ်အယောင်များ ပြသနေသော်လည်း မြန်မာနိုင်ငံ၏ အစောပိုင်း သမိုင်းဝင်နေရာများထဲတွင် စိတ်ရွှင်လန်းစရာ အကောင်းဆုံးဖြစ်သည့် ပုဂံတွင် ရှေးဟောင်းပစ္စည်း ခိုးယူမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိမနေသေးပါ။ သရေခေတ္တရာ၊ ပဲခူးနှင့် မွန်ပြည်နယ်မှ အသစ်တွေ့ရှိထားသည့် မြို့ဟောင်းနေရာများသို့ ကျမ နောက်ဆုံးရောက်ခဲ့သည့် အချိန်တွင် ထိုနေရာများကို ကာကွယ်ထိန်းသိမ်းရေးတွင် ဒေသခံအသိုင်းအဝိုင်းများ၏ ပါဝင်မှု အတိုင်းအတာကြောင့် အမြဲ အံ့အားသင့်ခဲ့ရသည်။ ရွှေနှင့် ရတနာများကို လိုက်လံရှာဖွေသည့် အဖွဲ့အစည်းအချို့က ကျူးလွန်သည့် ဖောက်ထွင်းခိုးယူမှု အချို့ ရှိခဲ့သော်လည်း ဒေသခံရွာသူရွာသားများက ရှေးဟောင်းနေရာများကို စောင့်ရှောက်ခဲ့ကြသည်ဟု ဒေသ အာဏာပိုင် များက ကျမကို ပြောပါသည်။ မြန်မာနိုင်ငံတွင် ဖောက်ထွင်းခိုးယူမှု ပြဿနာ လုံးဝ မကင်းလွတ်ပါ။ သို့သော်လည်း များသောအားဖြင့် နာမည်ကြီးသည့် အမှုများကိုသာ မီဒီယာ၏ အာရုံစိုက်မှု ရရှိခဲ့သည်။ မြန်မာနိုင်ငံမှ ရှေးဟောင်းပစ္စည်းများ ဖောက်ထွင်း ခိုးယူခြင်းက ကိုလိုနီခေတ်ကတည်းက ရှိခဲ့သည်။ ဗုဒ္ဓဆင်းတုတော်များ၊ ဒင်္ဂါးပြားများ၊ အထွဋ်အမြတ် ပစ္စည်းများ နှင့် ရှေးဟောင်း ပေစာများ စသည်တို့ သည် ဗြိတိန်နှင့် ဥရောပသို့ အများအပြား ရောက်ရှိသွားခဲ့ကြသည်။ မြန်မာနိုင်ငံသည် ၁၉၇၀ ရှေးဟောင်းယဉ်ကျေးမှုလက်ရာ ရောင်းဝယ်ဖောက်ကားမှု တားမြစ်ရေးစာချုပ် (1970 Convention on the Means of Prohibiting and Preventing Illicit Import, Export, and Transfer of Ownership of Cultural Property) တွင် အဖွဲ့ဝင် ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ရှေးဟောင်းပစ္စည်း အများအပြားသည် အရှေ့တောင် အာရှမှ အခြားသော ရှေးဟောင်းပစ္စည်းများကဲ့သို့ပင် နာမည်ကြီး လေလံပွဲများတွင် ရောက်ရှိနေဆဲ ဖြစ်သည်။ လေ့လာရန်၊ ကာကွယ်ရန်နှင့် စောင့်ရှောက်ထိန်းသိမ်းရန် နိုင်ငံ၏ အာရုံစူးစိုက်မှုမှာလည်း ဘာသာရေးဆိုင်ရာ လက်ရာများ၊ သမိုင်းနှင့် ပတ်သက်နေသော နေရာများတွင်သာ ရှိနေခြင်းက သမိုင်းကို လေ့လာရာတွင် ဗမာစကားပြောသည့် ပြည်သူများနှင့် တိုင်းရေးပြည်ရာ ကိစ္စများကသာ အဓိက မောင်းနှင်အား ဖြစ်နေသည်ကို ဖော်ပြနေသည်။ ပျူနိုင်ငံများ၊ ပုဂံနှင့် နောက်ပိုင်း ဘုရင့်နိုင်ငံများကိုသာ ဖော်ပြနေသည်။ အမွေအနှစ်များ ကာကွယ်ရေးနှင့် အမွေအနှစ် ထိန်းသိမ်းရေး ချဉ်းကပ်မှုတွင် မြန်မာနိုင်ငံ၏ စုံလင်ကွဲပြားသော ရှေးဟောင်း အမွေအနှစ်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် ပတ်သက်၍ ကြီးမားစွာ လစ်ဟာမှုများ ရှိနေသဖြင့် ရှမ်း၊ မွန်၊ ကရင် နှင့် ရခိုင် စသည့်နေရာများမှ ပစ္စည်းများမှာ ခိုးယူခြင်း၊ တရားမဝင် ရောင်းဝယ် ခြင်းများမှ ကာကွယ်ရန် အားနည်းနေခဲ့ရသည်။ ထားဝယ်အနီးတွင် ပုတီး ခိုးတူးသည့် ကျင်းများBanchar Pongpanich ပန်းပုလက်ရာများ၊ ကျောက်ထွင်းစာများကဲ့သို့သော အရွယ်အစားကြီးသည့် ရှေးဟောင်းပစ္စည်းများ ခိုးထုတ်ခြင်းက မီဒီယာ များ၏ အာရုံစူးစိုက်မှုကို ရရှိသော်လည်း အသေးစားပစ္စည်းများ တပုံတပင် ခိုးယူခံနေရသည်က များစွာ ပို၍ ဆိုးပြီး ကာလ ရှည်ကြာလာလျှင် ထိခိုက်နိုင်ပါသည်။ အသေးစား ရှေးဟောင်းပစ္စည်းများ အကြီးအကျယ် ခိုးယူနေခြင်းကြောင့် ရှေးဟောင်းသုတေသန နှင့် သမိုင်းဆိုင်ရာ အကြောင်းအရာ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားနိုင်ကြောင်း ထိုင်းနိုင်ငံမှ ပြည်တွင်း ရှေးဟောင်းသုတေသန ပညာရှင်များက ခန့်မှန်းခဲ့သည်။ အနာဂတ် အမွေအနှစ်စီမံကိန်းများအတွက် ထိန်းသိမ်းစောင့်ရှောက်မှု ပြုလုပ်နိုင်သည့် ရှေးဟောင်း အဆောက်အဦးများမှာလည်း ပျက်စီးမည့် အန္တရယ်နှင့် ရင်ဆိုင်နေကြရသည်။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ကိုရက် ကုန်းမြေမြင့် (Khorat Plateau) ရှိ ရှေးဟောင်း ဘုရားကျောင်းအများအပြားမှာ ၁၉၆၀ နှင့် ၇၀ နှစ်များအတွင်း ဖျက်ဆီး ခိုးယူခြင်းခံရပြီး ပြိုလဲခဲ့သည်။ ဒေသခံများက ဆောက်လုပ်ရေး ပစ္စည်းများအတွက် သုံးကြသောကြောင့် ဖျက်ဆီးခြင်းလည်း ခံခဲ့ရသည်။ ပုတီးစေ့များ တူးဖော်ခိုးယူခြင်းက ကြီးမားစွာ ပျက်စီးစေသည်။ အဘယ်ကြောင့် ဆိုသော် ထိုသို့ ပြုလုပ်ရန် ရှေးဟောင်းနယ်မြေအတွင်း နေရာအနှံ့ ကျင်းများ ကြုံသလိုတူးဖော်၍ ရှာဖွေလေ့ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သမိုင်းဝင် မြေပြင်အနေအထားကို ကြီးမားစွာ ပျက်စီးစေသည်။ ခိုးတူးသူများအတွက် အန္တရယ်လည်း ရှိသည်။ ပုတီးစေ့ သို့မဟုတ် ရတနာများရှာဖွေရန် အကောင်းဆုံး အချိန်မှာ မိုးရွာနေစဉ် သို့မဟုတ် လောလောလတ်လတ် မိုးရွာပြီးစတွင် ဖြစ်သည်။ မုတ်သုန်ရာသီအတွင်းတွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အခါ ပုတီးစေ့များ မြေမျက်နှာပြင်ပေါ်သို့ ရောက်ရှိလာတတ်သည်။ ထိုအချိန်တွင် တူးဖော်ခိုးယူမှု အများဆုံး ဖြစ်သည်။ ရှေးဟောင်း ပစ္စည်းရှာဖွေရန် ခိုးတူးသူများက သတ္တုတွင်းတူးသူများကဲ့သို့ပင် အင်္ဂလိပ်စာလုံး “L” ပုံစံ ကျင်းများ တူးကြသည်။ ခိုးတူးသူများက ရှေးဟောင်းသုတေသန နယ်မြေများအတွင်းမှ အစောင့်အကြပ်နည်းပါးသည့် နေရာများကို ပစ်မှတ်ထားကြသည်။ စိုက်ပျိုးခင်းများအတွင်းတွင် သံခေတ်က နစ်မြုပ်နေသည့် ပစ္စည်းများကို တွေ့နိုင်သည်။ သစ်ပင်များ (တခါတရံ ဝါးပင်များအောက်တွင် တွေ့ရသည်။ ထိုနေရာများတွင် တူးဖော်ခြင်းက အန္တရာယ်များပါသည်။ ထိုနေရာများတွင် တူးဖော်ခြင်းက မိုးရေနှင့် သစ်ပင်၏ ဖိအားကြောင့် တူးဖော်သူများ၏ အပေါ်သို့ မြေပြိုကျနိုင်သည့် အန္တရာယ် ပို များစေသည်။ အသေးစား ခိုးယူသူများက ပုတီးစေ့၊ သတ္တု လက်ဝတ်ရတနာများ၊ ဒင်္ဂါးပြားများနှင့် ဘာသာရေး ဆိုင်ရာပစ္စည်းများကို ရှာဖွေကြသည်။ သံနှင့် ကြေးကိရိယာများ၊ အရိုးများနှင့် အိုးခွက်များကဲ့သို့သော ပစ္စည်းများကို သူတို့က လွှတ်ပစ်ကြသည်။ အရှေ့တောင်အာရှ ရှေးဟောင်းနယ်မြေများမှ ပုတီးစေ့များသည် သမိုင်းမတိုင်မီ ကာလနှောင်းပိုင်းမှသည် သမိုင်းဦးခေတ် ရှေးဟောင်းနေရာများနှင့် ဆက်စပ်နေလေ့ရှိကြပါသည်။ အင်ဒို-ပစိဖိတ် (အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ အနောက် ပိုင်းနှင့် အလယ်ပိုင်းတို့ပါဝင်သည့် နယ်မြေ) မှ ပုတီးစေ့များကို ဘန်ကောက်မှ ထင်ရှားသည့်နေရာများနှင့် ဒေသတွင်း ဈေးများတွင် ရောင်းချနေကြသည်။ မြန်မာနိုင်ငံမှ ပုတီးစေ့များမှာ ဆိုရှယ်မီဒီယာမှ လက်လီ အရောင်း ဝက်ဘ်ဆိုက်များတွင် ရေပန်းစားမှု တိုးလာနေသည်။ ထိုင်းနိုင်ငံမှ ဝယ်လက်များက ထားဝယ်နှင့် တနင်္သာရီ ဒေသများကို အဓိက အရင်းအမြစ် အဖြစ် သဘောထားကြသည့် ပုံရှိသည်။ ထိုင်းနိုင်ငံတွင် တွေ့ရှိရသည့် ပုတီးစေ့များနှင့် ကိုက်ညီမှု ရှိသည့်အတွက် ၎င်းတို့ကို အစစ်အမှန်ဖြစ်ကြောင်း သက်သေပြရန် လွယ်ကူသောကြောင့် ဖြစ်သည်။ တခြားတဘက်တွင် မူ မြန်မာနိုင်ငံတွင်သာ တွေ့ရသည့် ပုတီးစေ့ အမျိုးအစားအချို့ အတွက် တရုတ်နိုင်ငံမှ ဝယ်ယူသူများ၏ ဝယ်လိုအားက နှေးကွေးသော်လည်း တိုးပွားလာနေသည်ကို တွေ့ရသည်။ ခိုးထုတ်ရောင်းချသည့် ကွန်ရက်များ အထူးသဖြင့် ဆိုရှယ်မီဒီယာနှင့် ဘလော့ဂ်များမှ တဆင့် လုပ်ကိုင်နေသူများက အလွန် ဗဟုသုတများသူများ ဖြစ်သည်။ သူတို့က ပစ္စည်းများ စစ်မှန်ကြောင်း ကိုးကားရာတွင် အထောက်အကူဖြစ်ရန်နှင့် အလားအလာရှိသော ရှေးဟောင်းနေရာသစ်များအကြောင်း သိရှိနိုင်ရန် ပညာရှင်အသိုင်းအဝိုင်းကို ဂရုတစိုက် စောင့်ကြည့်နေကြသည်။ ပစ္စည်းများကို သန့်ရှင်းစေရန် မည်သို့ ပြုလုပ်ရမည် ဆိုသည်ကိုလည်း ဆွေးနွေးကြသည်။ ထို့ပြင် ခိုးထုတ်ရောင်းချသူများအတွက် ပုတီးစေ့များ၊ ဒင်္ဂါးများ သို့မဟုတ် ပိုမိုကြီးမားသော ပစ္စည်းများကို အတုအပ ပြုလုပ်ခြင်းက ဆန်းကျယ်သော ကိစ္စတခု မဟုတ်ပါ။ ထို့ပြင် အတုအပ ပစ္စည်းများနှင့် အတုအပပြုလုပ်သည့် နည်းစနစ်များကို ဖော်ထုတ်နိုင်ရန်လည်း သူတို့က အွန်လိုင်း အသိုင်းအဝိုင်းတခု ထူထောင်ထားကြသေးသည်။ ပြီးခဲ့သည့် ၆ နှစ် အတွင်းတွင် ထိုင်းနိုင်ငံမှ အသေးစား ခိုးထုတ်သူများ၏ ကွန်ရက်များနောက်သို့ ကျမ လိုက်နေခဲ့ပါသည်။ သူတို့၏ အွန်လိုင်းမှ လှုပ်ရှားမှုများကိုလည်း စောင့်ကြည့်ခဲ့သည်။ အတိတ်ကဆိုလျှင် မြန်မာနိုင်ငံမှ ဗုဒ္ဓ ဆင်းတုတော်များ နှင့် ရှေးဟောင်းလက်ရာပစ္စည်းများကို ထိုင်းနယ်စပ် တလျှောက်ရှိ ချင်းရိုင်၊ တာ့က်နှင့် ပရာကျွတ်ကီရီခန် ခရိုင်များတွင် တွေ့ရှိရသည်။ မကြာသေးခင်ကာလအထိ ထိုပစ္စည်းများကို အခွင့်အလမ်းသိသူ အဖွဲ့တခုကသာ စိတ်ဝင်စားခဲ့ပြီး ဈေးကွက်တွင် ထိုင်း သို့မဟုတ် ကမ္ဘောဒီးယား ပစ္စည်းများလောက် တန်ဖိုးမကြီးခဲ့ပါ။ သို့သော်လည်း ယခုအခါတွင် မြန်မာအပေါ် စိတ်ဝင်စားမှုတိုးလာပြီး ထိုင်းနှင့် ကမ္ဘောဒီးယားတွင် ရှေးဟောင်းပစ္စည်းများ ရောင်းဝယ်ခြင်းကို နှိမ်နင်းမှုများ ပြုလုပ်လာသဖြင့် မြန်မာနိုင်ငံမှ ပစ္စည်းများသာ မှောင်ခိုဈေးကွက်တွင် အများအပြား ကျန်နေစေခဲ့သည်။ နယ်စပ်ကို ဖြတ်ကျော်လာသည့် ရှေးဟောင်းပစ္စည်းများ စစ်မှန်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ ဝယ်ယူသူ၏ ဗဟုသုတပေါ်တွင်သာ မူ တည်သော်လည်း ပုတီးစေ့များ နှင့် ဒင်္ဂါးများကဲ့သို့သော အသေးစားပစ္စည်းများမှာ ဘန်ကောက်မှ ပစ္စည်းဟောင်းဈေး ကွက်များနှင့် အွန်လိုင်းပေါ်မှ လက်လီအရောင်း အသိုင်းအဝိုင်းများတွင် များလာနေသည့် အသွင်ရှိသည်။ စီးပွားရေး မပြေလည်ခြင်း၊ ဝင်ငွေမလုံလောက်ခြင်းက ရှေးဟောင်းပစ္စည်းများ ခိုးယူခြင်း သို့မဟုတ် တူးဖော်ခြင်းကို အရှေ့တောင်အာရှတွင် ရှေးဟောင်းပစ္စည်းခိုးယူမှု ကြီးထွားလာရခြင်း၏ အကြောင်းရင်းတခု ဖြစ်သည်။ နယ်စပ် ၂ ဘက်လုံး မှ ရှေးဟောင်းပစ္စည်း ခိုးယူသူများနှင့် စကားပြောဆိုခဲ့သည့် ကျမ၏ အတွေ့အကြုံများအရ အမျိုးစုံလင်သော လူမှုစီးပွားရေး နောက်ခံ အကြောင်းများကို ဖော်ပြနေသည်။ ထိုင်း ဆိုရှယ်မီဒီယာတွင် တနင်္သာရီနှင့် ထားဝယ်မှ လာသည်ဆိုသော ပုတီးများ ပညာတတ်မြောက်မှု နည်းပါးပြီး ဈေးကွက်သို့ ဝင်ရောက်နိုင်မှု အကန့်အသတ်ရှိသည့် ဝေးလံသော ဒေသများရှိ စိုက် ပျိုးခင်းများ၌ ပုတီးစေ့နှင့် ရှေးဟောင်းပစ္စည်းများ တွေ့ရှိသည့်အခါ အနိမ့်ဆုံးဈေးဖြင့် ရောင်းချကြသည်။ ၎င်းတို့ထဲမှ ရှေးဟောင်းပစ္စည်း ခိုးထုတ်ရောင်းချသူများမှာ များသောအားဖြင့် ပို၍ ပညာတတ်သည့် အလုပ်သမားများ၊ ဆယ်ကျော် သက်များနှင့် ကလေးများ ဖြစ်ကြရသည်။ အဆိုပါ အသိုင်းအဝိုင်းများအတွင်းမှ သက်ကြီးပိုင်းမျိုးဆက်များမှာမူ သူတို့၏ ဝိဉာဉ်ဆိုင်ရာ ယုံကြည်မှုကြောင့် ခိုးယူရောင်းချခြင်းမျိုးကို ရှောင်ရှားလေ့ရှိကြသည်။ ထိုသို့သော နေရာများမှ ပစ္စည်းများကို လက်ဝါးကြီးအုပ်လိုသည့် ဝယ်လက်များ သို့မဟုတ် ရှေးဟောင်းပစ္စည်း ရှာဖွေသည့် ကမ္ဘာလှည့် ခရီးသည်များက ဝယ်ယူတတ်ကြသည်။ မြန်မာနိုင်ငံမှ ဝေးလံခေါင်ဖျားသည့် နေရာအများအပြားမှာ ခိုးထုတ်ရောင်းချသည့် ပြဿနာကို တားဆီးရန် အားနည်းမှုများ ရှိနေဆဲဖြစ်သည်။ တရားမဝင် ခိုးထုတ်သူများ၏ ဒုတိယအုပ်စုကို ရှေးဟောင်းပစ္စည်း စုဆောင်းသူများ၏ ဒေသတွင်း ကွန်ရက်တခု အဖြစ် ဖွင့်ဆိုနိုင်ပါသည်။ ခိုးထုတ်သူများက ရှေးဟောင်းလက်ရာ ပစ္စည်းများကို စုဆောင်းကြသည်။ ရှေးဟောင်းနေရာ အများအပြားကို ငှားရမ်းခြင်း သို့မဟုတ် လက်ဝါးကြီးအုပ်ထားခြင်းဖြင့် ခိုးထုတ်ကြသည်။ ဈေးနှုန်းနှင့် ပတ်သက်၍၊ အစစ်အမှန်ဖြစ်ကြောင်း ခွဲခြားနိုင်ရေးနှင့် ပတ်သက်၍ သတင်းအချက်အလက်ဖလှယ်ရန် စနစ်တကျ ပြင်ဆင်ထားသော စနစ်တခု ရှိသည်။ အွန်လိုင်းမှ လူမှုကွန်ရက် မီဒီယာများကလည်း သူတို့ကို အထောက်အကူ ဖြစ်စေသည်။ ဗဟုသုတရှိ၍ ငွေကြေးပြည့်စုံသော လူသစ်များ ဈေးကွက်သို့ ဝင်ရောက်နိုင်ရေးကိုလည်း လွယ်ကူစေခဲ့သည်။ သတင်းအချက်အလက် အပြည့်စုံဆုံးသော အဖွဲ့များထဲမှ တခုက ထိုင်းနိုင်ငံ ခရာဘိ (Krabi) ခရိုင်မှသည် ဆူရတ်ဌာနီ (Surat Thani) အထိနှင့် မြန်မာနိုင်ငံ နယ်စပ်တလျှောက် ထားဝယ်နှင့် တနင်္သာရီ အထိ လွှမ်းမိုးထားသည်။ သူတို့က ပညာရှင်များ၊ ရှေးဟောင်းသုတေသန သမားများနှင့်လည်း ကန့်သတ်ထားသော သတင်းအချက်အလက်များ ဖလှယ်ရန် စိတ်ဝင်စားတတ်ကြသည်။ ခိုးထုတ်သူများထဲမှ တတိယ အစုအဖွဲ့မှာ ရာသီအလိုက်လုပ်ရသည့် အလုပ်သမားများ ဖြစ်သည်။ ထိုအုပ်စုတွင် ပါဝင်သူ များမှာ တံငါသည်များနှင့် စိုက်ပျိုးရေး အလုပ်သမားများ ဖြစ်လေ့ရှိပါသည်။ သူတို့ထဲမှ ကံကောင်းသူအချို့သည် ရှေးဟောင်းနယ်မြေများတွင် နေထိုင်သူများ ဖြစ်ကြပြီး သူတို့၏ အိမ်ခြံဝန်း သို့မဟုတ် စိုက်ပျိုးမြေများအတွင်း တူးဖော် ရှာဖွေမှုများ ပြုလုပ်ကြသည်။ အခြားသူများက မြေနေရာများကို ပိုင်ရှင်ထံမှ တနေ့စာအတွက် သို့မဟုတ် ကျင်းအလိုက် နှုန်းထားများဖြင့် ငှားရမ်းလုပ်ကိုင်ကြရသည်။ ငှားရမ်းခံ ဈေးနှုန်းမှာလည်း နေရာ၏ ရေပန်းစားမှုပေါ် မူတည်၍ ကွဲပြားပါသည်။ အဆိုပါ အုပ်စု၏ လူမှုကွန်ရက်မီဒီယာပေါ်မှ လှုပ်ရှားမှုများကို ကျမ၏လေ့လာချက်အရ ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံ အတွင်းမှ အလုပ်သမားများကြားတွင် အလုပ်သဘောအရ ချိတ်ဆက်မှုများ တိုးလာသည်ကို တွေ့ရပြီး အထူးသဖြင့် စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်း ကဏ္ဍများမှ ဖြစ်ကြသည်။ အိမ်နောက်ဖေးတွင် တူးဖော်ရှာဖွေမှုများ ပြုလုပ် ရန် မြန်မာနိုင်ငံသို့ ခရီးထွက်သည့် အရေအတွက်ကိုလည်း တိုးလာစေသည်ကို တွေ့ရသည်။ ရှေးဟောင်း ပုတီးစေ့များ နှင့် ဒင်္ဂါးပြားများမှာ စုဆောင်းသူများအတွက် ရှားပါးသော ပစ္စည်းများ မဟုတ်ပါ။ သို့သော်လည်း ဝိဉာဉ်နှင့် ဆိုင်သော အထူးတန်ဖိုးများ ရှိနေတတ်သည်။ စုဆောင်းသူ အများစုက ရှေးဟောင်းနယ်မြေများမှ ရရှိသည့် ပုတီးစေ့များတွင် ထူးခြားသော စွမ်းအင်များပါဝင်နေတတ်ပြီး သူတို့ကို ကံကောင်းမှုများနှင့် ကာကွယ်မှုများပေးသည်ဟု ယုံကြည်ကြသည်။ ထိုယုံကြည်မှုက ဘာသာရေးဆိုင်ရာ အကြောင်းများနှင့် ဆက်နွယ်နေပါသည်။ အရှေ့တောင်အာရှသို့ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ ရောက်ရှိလာခြင်းနှင့် နီးစပ်ပတ်သက်မှု ရှိသည်ဟု သိကြသည့် ရှေးဟောင်း ကုန်သွယ်ရေး နေရာများ သို့မဟုတ် နယ်မြေများနှင့် ဆက်နွယ်နေသာ ပစ္စည်းများဖြစ်ကြသည်။ ဘာသာရေးအရ သမိုင်းကြောင်း ရှိသည့် နေရာများမှ ပစ္စည်းများ၊ မြင့်မြတ်သော နေရာမှ မြင့်မြတ်သော အချိန်မှ လူများ၏ ပစ္စည်းများ စသည်တို့ကို စုဆောင်း သူများက အလွန်ပင် တန်ဖိုးကြီးသည့် မှော်ဆန်သော အဆောင်လက်ဖွဲ့များအဖြစ် မြင်ကြသည်။ ဥပမာပြရလျှင် မွန်ပြည်နယ်နှင့် Isthmian Peninsula (ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံ၏ အောက်ဖက်ပိုင်း အင်ဒိုချိုင်းနား ကျွန်းဆွယ်၏ အကျဉ်း မြောင်းဆုံးနေရာ) တဝိုက်မှ နေရာများသည် ဒဏ္ဍာရီသဖွယ်ဖြစ်သည့် သုဝဏ္ဏဘူမိ နိုင်ငံကြီး ရှိခဲ့ရာဖြစ်ပြီး အသောက ခေါ် သိရိဓမ္မာသောက မင်းကြီး၏ ဗုဒ္ဓဘာသာ သာသနာပြုများကို လက်ခံခဲ့သည့် နေရာဖြစ်သည်။ အဆိုပါကာလနှင့် ဆက်စပ်နေသော ရှေးဟောင်းပစ္စည်းများသည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ သံခေတ်နှင့် သမိုင်းဦးခေတ် ရှေးဟောင်းနေရာများမှ လာကြသည်။ စုဆောင်းသူများက ပုတီးစေ့များကို အနုပညာလက်ရာတခု အနေဖြင့်သာ မဟုတ်ဘဲ ဘာသာရေးအရ ထူးခြားထင်ရှားသည့် ခေတ်ကာလတွင် နေထိုင်ခဲ့သူများနှင့် ရုပ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုများ ရှိနေသောကြောင့် ဝယ်ယူကြခြင်း ဖြစ်သည်။ ရှေးလူများသည် ကြီးမားသော ဝိဉာဉ်ဆိုင်ရာ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားကြပြီး ထိုအစွမ်းများသည် အရာဝတ္တုပစ္စည်းများအတွင်းသို့ ကူးပြောင်း ရောက်ရှိသွားကြသည်ဟု ယုံကြည်ကြသော ဒေသတွင်းမှ ရှေးဟောင်းပစ္စည်း စုဆောင်းသူများကြားတွင် ခန်းနားကြီးကျယ်သော အတိတ်ကာလကို လေးစားသည့် ခံစားမှုများ ရှိနေသည်။ ထို့ပြင် Pumtek (ပုတီးကုံး) ကဲ့သို့သော ပုတီးစေ့များကို ပိုင်ဆိုင်ခြင်းက ဥပမာအားဖြင့် ချင်းတိုင်းရင်းသား အသိုင်းအဝိုင်း များအတွင်းတွင် ချမ်းသာကြွယ်ဝမှုနှင့် အဆင့်အတန်းကို ဖော်ပြခြင်း ဖြစ်သည်။ အဆိုပါ သဘောတရားကို ရှေးဟောင်း အသုံးအဆောင်ပစ္စည်းများ၏ ဝိဉာဉ်ပိုင်းဆိုင်ရာနှင့် မှော်ဆန်ခြင်းကို အသားပေးကြသည့် ပုတီးစေ့ စုဆောင်းသူများကလည်း ကျင့်သုံးကြသည်။ ကြီးမား၍ ရှားပါးသော ပုတီးစေ့များပိုင်ဆိုင်သည့် စုဆောင်းသူ တဦးသည် အဆင့်တန်းမြင့်သော ဝိဉာဉ်ရှိသည်ဟု ယူဆကြသည်။ ထိုအယူအဆက ထေရဝါဒ ဗုဒ္ဓဘာသာ အယူအဆဖြစ်သည့် “ပါရမီ” ကို ဖော်ပြခြင်းနှင့် ရောထွေးနေသည်။ ရှေးဟောင်းပစ္စည်း ပိုင်ဆိုင်ခြင်းက ရုပ်ဝတ္ထုပိုင်ဆိုင်မှုကို ပြသခြင်း ဖြစ်သလို လူပုဂ္ဂိုလ် တစုံတယောက်၏ ပုည သို့မဟုတ် ကုသိုလ်အတိုင်းအတာကို ဖော်ပြခြင်းလည်း ဖြစ်သည်။ ကုသိုလ်အပေါ် ဒေသခံများ ယုံကြည်ခြင်းက တဦးတယောက် ပိုင်ဆိုင်သော ရှားပါး၍ တန်ဖိုးရှိသော ပစ္စည်းအရေအတွက်မှ တဆင့်ဖြစ်သည်။ မြန်မာနိုင်ငံမှ ပုတီးစေ့များက ပိုမို၍ စစ်မှန်ပြီး မြန်မာများက ဗုဒ္ဓဘာသာအပေါ် အထူး လေးနက် သက်ဝင်ကြသည့်အတွက် စွမ်းအင်များ မြင့်မားစွာပါဝင်နေသည်ဟု ယူဆကြသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။ ခိုးဝှက်တူးဖော်သူအများစုသည် ချွန်ထက်ကြမ်းရှသည့် အရာများဖြင့် တူးဆွကြရာ ရှေးဟောင်းလက်ရာများ မူရင်းလက်ရာ ပျက်ဆီးကြသည်Phacharaphorn Phanomvan ကုန်သွယ်မှုနှင့် လိုအင်များ တိုးလာသည့်အချိန်တွင် အဓိက စိုးရိမ်စရာ ဖြစ်လာသည်မှာ အသေးစားခိုးထုတ်မှုများက မြန်မာနိုင်ငံမှ မဖော်ထုတ်ရသေးသည့် ရှေးဟောင်းအမွေအနှစ်များအတွက် အလေးအနက်ထားရမည့် ပြဿနာတခု ဖြစ် လာနိုင်ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် နိုင်ငံတဝှမ်းရှိ ရှေးဟောင်းသုတေသန နယ်မြေများနှင့် ပတ်သက်၍ ပြည့်စုံ ကျယ် ပြန့်သော အချက်အလက်များ စုဆောင်းထားရှိနိုင်သော်လည်း မြန်မာနိုင်ငံ၏ နေရာအများစုမှာ ကွင်းဆင်းစစ်ဆေးရန်နှင့် စောင့်ကြည့် ထိန်းသိမ်းရန် လိုအပ်နေဆဲ ဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင်ထားနိုင်သည့် ထိုင်းနိုင်ငံတွင်ပင် ရှေးဟောင်းသုတေသန နယ်မြေများ ပျက်စီးနေသည်။ အထူးသဖြင့် သံခေတ်နှင့် သမိုင်းဦးခေတ် နေရာများမှာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းကာကွယ်ခြင်းက ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရသည့် တိုက်ပွဲတခုလည်း ဖြစ်ပါ သည်။ ရခိုင်ပြည်နယ်မှ မြောက်ဦး ကဲ့သို့သော နယ်မြေသည် အလွန်အန္တရာယ်မြင့်မားသည့် နယ်မြေဖြစ်နေသည်ဟု ကမ္ဘာ့ အမွေအနှစ် ရန်ပုံငွေ အဖွဲ့ (Global Heritage Fund) က ဖော်ပြခဲ့သည်။ ယခုအခါ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပညာ ရှင်အချို့က မှတ်တမ်းပြုစုရန်၊ စောင့်ကြည့် ထိန်းသိမ်းရန်နှင့် ရှေးဟောင်း အမွေအနှစ်များ ပျက်စီးမှု များပြားလာခြင်းကို တိုက်ဖျက်ရန် ဒေသတွင်း ဆောင်ရွက်မှုများကို အားပေးကူညီခြင်းများ ပြုလုပ်နေသော်လည်း လုပ်ဆောင်နိုင်မှုနှင့် ရန်ပုံငွေ က နိုင်ငံအတွင်းတွင် ရှိနေသည့် ရှေးဟောင်းအမွေအနှစ်များ၏ အရေအတွက်နှင့် စာလျှင် လုံလောက်မှု မရှိသေးဘဲ အဓိကအားဖြင့် ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO) အသိအမှတ်ပြု အဓိကနေရာများ ဖြစ်သည့် ပုဂံ နှင့် ပျူမြို့များတွင်သာ အာရုံစိုက်မှု ရှိနေသည်။ ထို့ကြောင့် လူသိနည်းသည့်နေရာများနှင့် နယ်စပ်ဒေများမှာ ရှေးဟောင်းပစ္စည်း ခိုးထုတ်ခြင်းများကို ကာကွယ်ရန် အလွန် အားနည်းစေခဲ့သည်။ အထူးသဖြင့် ထိုင်းနိုင်ငံ အနီးမှ အလျှင်အမြန် ခေတ်မီ တိုးတက်လာနေသည့် နေရာများဖြစ်သည်။ ရှေးဟောင်းပစ္စည်း အသေးစားများနှင့် ပုတီးစေ့များ မှောင်ခိုထုတ်ခြင်းကို အလေးထားမှု နည်းစေခဲ့ပြီး အာဏာပိုင်များကလည်း အသေးအဖွဲ မှုခင်းများ အဖြစ်သာ သဘောထားလေ့ရှိကြသည်။ လက်တွေ့တွင်မူ နယ်စပ်များကို ဖြတ်ကျော်၍ ရှေးဟောင်းလက်ရာပစ္စည်းများ တရားမဝင် ကုန်သွယ်ခြင်းသည် မူးယစ်ဆေးနှင့် လက်နက်များကိုပါ မှောင်ခိုလုပ်သည့် ကြီးမားသော ရှေးဟောင်းပစ္စည်း မာဖီးယား ကွန်ရက်များ၏ အစိတ်အပိုင်းတခု ဖြစ်နေတတ်ပါသည်။ အောက်ခြေအဆင့်မှ တူးဖော်ရှာဖွေသူများသည် အသေးစား ရှေးဟောင်းပစ္စည်းများကို ရောင်းချခြင်းမှ အကျိုးအမြတ် မရရှိဘဲ ဈေးကောင်းကောင်းနှင့် လက်လီ ပြန်လည်ရောင်းချမည့် ကြားခံပွဲစားများထံသို့သာ ရောင်းချရလေ့ရှိသည်။ ထိုသို့ပြုလုပ်ခြင်းက အကျိုးအမြတ်ရနိုင်သည့် လုပ်ငန်းတခု မဟုတ်သလို ရေရှည်တွင် စီးပွားရေး အကျပ်အတည်းကို ပြေလည်စေမည့် အဖြေတခု မဟုတ်ကြောင်း လေ့လာမှုများက တွေ့ရှိခဲ့ရပြီး ဖြစ်သည်။ ဖွံဖြိုးလာနေသည့် စီးပွားရေးများမှ အစိုးရများပေါ်သို့ ကျရောက်လာသည့် လေးလံသော ဝန်ထုပ်ဝန်ပိုးမှာ တရားမဝင် တူးဖော်ခိုးယူသူများကို စောင့်ကြည့် ထိန်းချုပ်ရေးနှင့် ပျောက်ဆုံးသွားသော ရှေးဟောင်းပစ္စည်းများနောက်သို့ ခြေရာကောက် လိုက်နိုင်ရေး ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ခြင်းများက ရောင်းသူများနှင့် စုဆောင်းသူများ ကဲ့သို့သော ဈေးကွက်၏ ဝယ်လိုအားဘက်မှ အခြေအနေများကို ဖြေရှင်းရာတွင်လည်း ပိုမိုကောင်းမွန်စွာ ပြောင်းလဲပေးနိုင်လိမ့်မည် ဖြစ်သည်။ တချိန်တည်းမှာပင် ရှေးဟောင်း သုတေသန ပညာရှင်များကလည်း ဒေသခံအသိုင်းအဝိုင်းများ ပူးပေါင်းပါဝင်သည့် ချဉ်းကပ်မှုတခု ဖွံ့ဖြိုးလာရန်နှင့် သေးငယ်သောနေရာပင် ဖြစ်စေ သမိုင်းအမွေအနှစ်နေရာများကို အသုံးပြု၍ အခြားသော ဝင်ငွေရရှိနိုင်မည့် နည်းလမ်းများနှင့် ဆောင်ရွက်ချက်များ ပေါ်ပေါက်လာစေရန် ကြိုးစား အားထုတ်သင့်ပါသည်။ အမေရိကန် ရှေးဟောင်း သုတေသနပညာသိပ္ပံ (AIA) က တောင်အမေရိကနှင့် ကမ္ဘောဒီးယားတွင် ရန်ပုံငွေထောက်ပံ့မှုများ ပြုလုပ်နေခြင်းကဲ့သို့သော စီမံကိန်းမျိုးကလည်း ဒေသခံ အသိုင်းအဝိုင်း တိုးတက်လာစေရန် အထောက်အကူ ဖြစ်စေပါသည်။ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာအသင်း(MAA) က ပုဂံနှင့် ပျူ ရှေးဟောင်းနယ်မြေများတွင် ပြည်သူလူထု၏ နားလည်သတိပြုမှု တိုးတက်လာစေရန်နှင့် ကျေးလက်ပြည်သူများကြားတွင် တရားမဝင် တူးဖော်ခိုးယူခြင်းများ ကာကွယ်တားဆီးရေးအတွက် ဒေသခံ ယဉ်ကျေးမှု အဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ဒေသခံ အသိုင်း အဝိုင်းများနှင့် စတင်ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်သည်။ ထိုကဲ့သို့သော အားထုတ်မှုမျိုးကို ဗမာမဟုတ်သော လူမျိုးစုများ၏ သမိုင်းဝင်နေရာများသို့ တိုးချဲ့နိုင်ရေးအတွက် ရန်ပုံငွေများနှင့် စွမ်းဆောင်ရည် မြှင့်တင်တည်ဆောက်မှုများ လိုအပ်ပါသည်။ မြို့ပြများ ဖွံ့ဖြိုးလာခြင်း၊ စိုက်ပျိုးရေး အလေ့အထများ ပြောင်းလဲလာခြင်းနှင့် ရှေးဟောင်းပစ္စည်းများ ခိုးယူတူးဖော်ခြင်း များက ထိုင်းနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်များကို ဆိုးရွားစွာ ပျက်စီးစေခဲ့ကြောင်း ရှေးဟောင်းသုတေသန ပညာရှင် အများအပြားက လက်ခံသဘောတူခဲ့ကြသည်။ အသေးစား ရှေးဟောင်းပစ္စည်းများ တရားမဝင် တူးဖော်ခြင်း၊ ခိုးယူ ဖျက်ဆီးခြင်း အလေ့အထများကို ကျယ်ပြန့်လာစေသည့် လူလတ်တန်းစားများကြားတွင် များပြားလာနေသည့် ဈေးပေါပေါ ရှေးဟောင်းပစ္စည်းများကို စုဆောင်းသော အလေ့အထကို ပြောင်းလဲရာတွင် အနည်းငယ်မျှသော အားထုတ်မှု ဖြစ်စေရန် ရည်ရွယ်၍ ယခုဆောင်းပါးကို ကျမရေးသား ခြင်း ဖြစ်ပါသည်။ သို့သော်လည်း ရေရှည်အတွက်တွင်မူ အသေးစား တူးဖော် ခိုးထုတ်ခြင်းများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း၏ ထိရောက်မှုကို ပိုမိုနားလည်ရန် လိုအပ်ပါသည်။ တရားမဝင် ခိုးထုတ်ခြင်းများ လျော့ပါးသွားစေရန် ဒေသခံ အသိုင်းအဝိုင်းများကို ရှေးဟောင်းအမွေအနှစ် ဒေသများ ဖွံ့ဖြိုးရေးတွင် ပါဝင်လာနိုင်မည့် အခြားသော အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် အထူးလိုအပ်ပါသည်။ (ဖက်ချရာဖုန်း ဖနွန်ဝမ်သည် Oxford တက္ကသိုလ်မှ စီးပွားရေး သမိုင်းဆိုင်ရာ ပါရဂူ ကျောင်းသူတယောက် ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှတို့၏ ရှေးဟောင်း ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးမှုကို သုတေသန ပြုနေသူ ဖြစ်ပါသည်။ ယခု ဆောင်းပါးသည် “Cost of Trinkets: A Growing Archaeological Looting Network Between Thailand and Myanmar” အမည်ရှိ ဆောင်းပါးကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။) The post ထိုင်းနဲ့ မြန်မာကြား ရှေးဟောင်းပစ္စည်း ခိုးဂိုဏ်းများ တိုးလာ appeared first on ဧရာဝတီ.
Source : http://ift.tt/2vd7RC5
via IFTTT
Source : http://ift.tt/2vd7RC5
via IFTTT
လမ်းပန်းဆက်သွယ်ရေး အကန့်အသတ်များက မြန်မာ့အလားအလာကို ဆွဲချနေ
လမ်းပန်းဆက်သွယ်ရေး အကန့်အသတ်များက မြန်မာ့အလားအလာကို ဆွဲချနေ အရှေ့တောင်အာရှတွင် ချိတ်ဆက်မှု အားနည်းသော နိုင်ငံအဖြစ် ကာလကြာမြင့်စွာ သတ်မှတ်ခံထားရသည့် ဖွံ့ဖြိုးမှု နည်းသော မြန်မာနိုင်ငံသည် ပြည်ပက တည်ဆောက်မည့် ဆိပ်ကမ်းများ၊ လမ်းများ၊ ရထားလမ်းများကို လက်ခံရန် အသင့် ဖြစ်ပါပြီလား။ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နှင့် အရှေ့လက်တွင် ထိုင်းနိုင်ငံဆီ အထိ ကီလိုမီတာ ၂၀၀၀ ခန့် ရှည်းလျှားသည့် ကမ်းရိုးတန်း ရှိသော်လည်း မြန်မာနိုင်ငံတွင် လက်ရှိ လုပ်ငန်း ဆောင်ရွက်နိုင်သော ဆိပ်ကမ်း ၉ ခုသာ ရှိပြီး စီးပွားရေး အချက်အချာ ရန်ကုန်ရှိ ဆိပ်ကမ်းမှာလည်း နေရာ အများအပြားကို ဖြတ်သန်းကာ ပိုင်ရှင်အမျိုးမျိုးက စီမံခန့်ခွဲနေကြသည်။ လက်ရှိ အခြေအနေတွင် မြို့တော်ဟောင်း ရန်ကုန်သည် နိုင်ငံ၏ ပင်လယ်ရေကြောင်း ကုန်သွယ်မှု၏ ၉၅ ရာခိုင်နှုန်းကို ဝန်ဆောင်မှု ပေးနေရသည်။ နှစ်စဉ် ဆိပ်ကမ်းမှ ကုန်စည်တင်ချ ဆောင်ရွက်နိုင်မှု ပမာဏမှာ ပေ ၂၀ ကုန်သေတ္တာနှင့် ညီမျှသော ကုန်စည်ယူနစ် ဖြစ်သည့် TEUs ၁ သန်း ခန့်သာ ရှိသည်။ လက်ရှိ ဆိပ်ကမ်း တည်ဆောင်မှု အရ ဆိုလျှင် ၂၀၂၁ ခုနှစ်သို့ ရောက်သောအခါ လက်ရှိ ပင်လယ် ရေကြောင်း ကုန်သွယ်မှု ကိုင်တွယ်နိုင်စွမ်း၏ ၃ ဆ တိုးလာပြီး TEUs ၃ သန်းကို ကိုင်တွယ်နိုင်သော စွမ်းရည်အထိ မြင့်မားလာမည် ဟု သုတေသီများက ခန့်မှန်းထားသည်။ ပိုမိုကြီးမားသည့် အကျိုးအမြတ်သည် အရှေ့တောင်အာရှ အထက်ပိုင်း ကုန်းတွင်းနှင့် အခြားနေရာ များတွင် တည်ဆောက် မည့် စီးပွားရေး စင်္ကြန်များတွင် မြန်မာနိုင်ငံက လမ်းကြောင်းတခု၊ အချက်အချာနေရာတခု အဖြစ် ပံ့ပိုးနိုင်သည့် ဆက်သွယ် ချိတ်ဆက်မှုများမှ ရရှိမည် ဟု မြန်မာအရာရှိများက ပြောသည်။ လက်ရှိ အခြေအနေတွင်မူ မြန်မာနိုင်ငံ အတွင်း ထိုဘက်စုံ စီမံကိန်းများ ဖြတ်သန်းမည့် နေရာများတွင် ပြည်တွင်းစစ် ဖြစ်ပွား နေသောကြောင့် မြန်မာနိုင်ငံသည် မသွားအပ်သော အရပ် ဖြစ်နေသည် ဟု မြင်နေကြသည်။ “ကျနော်တို့က ဒေသရဲ့အနောက်ဘက်စွန်း၊ အထူးသဖြင့် မဲခေါင်ဒေသခွဲရဲ့ အနောက်ဘက်အစွန်းမှာ ရှိတယ်” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးမျိုးငြိမ်းအေးက သင်္ဘောတင်ပို့ရေးနှင့် ဆိပ်ကမ်းများ ညီလာခံတခုတွင် ပြောသည်။ မဲခေါင်ဒေသခွဲ လမ်းပန်းဆက်သွယ်ရေး အချိတ်အဆက်များသည် အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ မှတဆင့် ပိုမိုကျယ်ပြန့်သော အခွင့်အလမ်းများ ဖြစ်လာသည်။ အာဆီယံသည် ဒေသတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ ဒေသတွင်း လွတ်လပ်သော ကုန်သွယ်ရေးဇုန် အဖြစ် မကြာသေးမီက သတ်မှတ်ခဲ့သည်။ မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးမှု ကြီးထွားလာနေသော တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ အကြား မဟာဗျူဟာ ကျစွာ တည်ရှိ နေပြီး ၎င်းတို့နှင့် လည်း ဘင်္ဂလားဒေ့ရှ်-တရုတ်- အိန္ဒိယ-မြန်မာ ဒေသတွင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ် -BCIM မှ တဆင့် ချိတ်ဆက်ထားကာ တရုတ်နိုင်ငံ၏ ၁ ထရီလီယံတန် ကုန်သွယ်ရေး မြှင့်တင်မည့် ဒေသတွင်း အခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သည့် ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်တွင် အဓိက အချိတ်အဆက် ဖြစ်သည်ဟု လည်း မြင်နေကြသည်။ “မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိပ်တန်း စီးပွားရေး ဦးဆောင်နေသည့် နိုင်ငံတွေ အများကြီးရှိတယ်” ဟု မြူးနစ် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ အတိုင်ပင်ခံ လုပ်ငန်း Roland Berger မှ Dieter Billen က ပြောသည်။ မြန်မာ၏ ပြဿနာသည် ၎င်းတို့ထံသို့လည်း သက်ရောက်နေသည်။ မြန်မာနိုင်ငံသည် ဆိပ်ကမ်း အခြေခံအဆောက်အအုံ အကန့်အသတ်ရှိနေခြင်း သာမက ခေတ်မီဆိပ်ကမ်းများကို ကိုင်တွယ်နိုင်သော အတွေ့အကြုံရှိ ကျွမ်းကျင်လုပ်သား အင်အားစု နှင့် စွမ်းဆောင်ရည် မြှင့်တင်ရမည့် ခေတ်နောက်ကျသည့် လုပ်ငန်းစဉ်များနှင့် ကိရိယာများ အပါအဝင် ရုပ်ဝတ္တုပိုင်း၊ နည်ပညာပိုင်း အကျပ်အတည်းများ ရှိနေသည်ဟု Dieter Billen က ပြောသည်။ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အတွက် ရန်ပုံငွေများ ရနိုင်သော်လည်း မြန်မာနိုင်ငံဘက်က အပေးအယူ လုပ်ရမည့် စည်းကမ်းချက်များလည်း ပူးတွဲပါလာနေသည်။ ဥပမာတခု အနေနဲ့ တရုတ်နိုင်ငံက ၎င်း၏ အနာဂတ် အချက်အချာဒေသ ဖြစ်လာမည့် အနောက်ပိုင်း ကုန်းတွင်းပိတ် ဒေသများသို့ လောင်စာတင်ပို့ရန် ရခိုင်ပြည်နယ် ကျောက်ဖြူ ဆိပ်ကမ်းကို တည်ဆောက်ခြင်းသည် ဖြစ်သည်။ ထို စီမံကိန်းတွင် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးသို့ ချိတ်ဆက်မည့် ရထားလမ်း ကားလမ်းများ တည်ဆောက်ရေး ပါဝင်ပြီး ထိုမှတဆင့် မြောက်ပိုင်း တရုတ်နယ်စပ်ရှိ မူဆယ်၊ ရွှေလီတို့သို့ ဆက်လက် ချိတ်ဆက်မည် ဖြစ်သည်။ တရုတ်နိုင်ငံသည် ၎င်းတို့နိုင်ငံသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့တင်ပို့သည့် မြန်မာနိုင်ငံ တနိုင်ငံလုံးကို ဖြတ်သန်းသွားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကို တည်ဆောက်လည်ပတ် နေပြီဖြစ်သည်။ ကျောက်ဖြူစီမံကိန်းကြောင့် ပိုမို ခေတ်မီသော လမ်းများ၊ ရထားလမ်းများနှင့် ဆိပ်ကမ်းများ ရရှိမည် ဖြစ်သော်လည်း အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံ အပေါ် အလွန်အကျွံ မှီခိုရနိုင်ခြေ ရှိခြင်းကို ပြည်တွင်းမှ ကန့်ကွက်မှုများ ရှိနေသည်။ လမ်းပမ်းဆက်သွယ်ရေး စီမံကိန်းများကြောင့် အများက စိတ်ဝင်စားမည်ဟု မျှော်လင့်ရသော်လည်း မြန်မာနိုင်ငံ နိုင်ငံတကာ ကုန်စည် ပို့ဆောင်သူများ အသင်း (Myanmar International Freight Forwarders Association) ဥက္ကဋ္ဌ ဦးအောင်ခင်မြင့်က “တရုတ်ငွေတွေချည်းပဲ ဆိုရင်တော့ ကျနော်တို့က စိုးရိမ်တယ်” ဟု ပြောသည်။ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရန်ပုံငွေ၊ နိုင်ငံရေးအရ စွန့်စားရခြင်းနှင့် မူဝါဒရေးရာ စိုးရိမ်မှုများ အပါအဝင် အခက်အခဲများစွာ ရှိနေသည်။ အချို့သော အစိုးရ အရာရှိများက အခြေခံအဆောက်အအုံ ပိုင်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုကြောင်း ပြောဆိုကြသည်။ “လာပြီး ပူးပေါင်းဆောင်ရွက်ပါ၊ ညှိုနှိုင်းပါ၊ အားပေးပါ” မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးမျိုးငြိမ်းအေး က အထက်ပါ ကွန်ဖရင့်တွင် ပြောသည်။ မြန်မာဆိပ်ကမ်း အာဏာပိုင်သည် လုပ်ငန်းကြီးကြပ်သူနှင့် ဆောင်ရွက်သူ အဖြစ် ပါလုပ်ဆောင်နေပြီး ဆိပ်ကမ်းများကို အငှားချထားခြင်း၊ ဖက်စပ်ဆောင်ရွက်ခြင်း၊ ပြည်သူပိုင်-ပုဂ္ဂလိကပိုင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ လုပ်ဆောင်နေပြီး နိုင်ငံခြား ရင်းနှီးမြှုတ်နှံမှုကို ၁၀၀ ရာခိုင်နှုန်း အထိ ခွင့်ပြုထားသည်။ “ဥပဒေထဲမှာ အဲဒီ အတိုင်းပါတယ်” ဟု ဥပဒေအတိုင်ပင်ခံ လုပ်ငန်း Baker and McKenzie မှ ပူးတွဲမန်နေဂျာ Jo Daniels က ပြောသည်။ ရွေးချယ်စရာ အများအပြား ရှိခြင်းကြောင့် မြန်မာနိုင်ငံ ဆိပ်ကမ်း အခြေခံအဆောက်အအုံတွင် ရင်းနှီးမြှုပ်နှံရန် နည်းလမ်း အများအပြား ရှိသည်ဟုလည်း သူက ပြောသည်။ ပြင်ပနှင့် ကာလကြာမြင့်စွာ အဆက်ပြတ်နေသော မြန်မာနိုင်ငံသည် ဘာဏ္ဍာရေးဆိုင်းရာ ရွေးချယ်စရာနည်းလမ်း အများအပြားကို ပေးနေပြီး ထိုနည်းလမ်းများတွင် ကုန်သွယ်မှုချောမွေ့အောင် လုပ်ဆောင်ပေးသော နိုင်ငံပိုင် သွင်းကုန်ထုတ်ကုန် ဘဏ်များမှ တဆင့် ရှယ်ယာဝင်ခြင်း၊ ချေးငွေထုတ်ပေးခြင်း၊ ဘဏ္ဍာငွေ စိုက်ထုတ်ခြင်းတို့ ပါဝင်သည် ဟု Jo Daniels က မှတ်ချက်ချသည်။ သို့တိုင် ကြီးမားသော နိုင်ငံရေးနှင့် မူဝါဒအရ ဆုံးရှုံးနိုင်ခြေ အများအပြား ရှိနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံသည် သိမ်မွေ့ပြီး မရေရာသော စစ်အုပ်ချုပ်ရေး ဆယ်စုနှစ် များစွာမှ ဒီမိုကရေစီတပိုင်းသို့ အကူးအပြောင်း ကာလကို ရင်ဆိုင်ကျော်ဖြတ် နေရဆဲ ဖြစ်သည်။ ထိုအပြောင်းအလဲကို ယခင်က အတိုက်အခံ အမျိုးသားဒီမိုကရေးစီ အဖွဲ့ချုပ်က ဦးဆောင်သော်လည်း စစ်တပ်သည် အရေးပါသော ဝန်ကြီးဌာနများကို ချုပ်ကိုင်ထားပြီး ပိုမိုကြီးမားသော နိုင်ငံရေး အခန်းကဏ္ဍကို ရယူထားသည်။ ထို ဖြစ်ရပ်ကြောင့် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများမှာ ဝေခွဲမရ ဖြစ်နေကြသည်။ လူထုအခြေပြု အဖွဲ့အစည်းများသည် လွတ်လပ်မှု ရလာကြပြီး ၎င်းတို့၏ ဒေသများရှိ အခြေခံအဆောက်အအုံ စီမံကိန်းကြီးများကို ရပ်ဆိုင်းရန် စည်းရုံးလုပ်ဆောင် လာနိုင်သောကြောင့် တရုတ်နိုင်ငံက လုပ်ဆောင်သည့် ဧရာဝတီ မြစ်ပေါ်ရှိ မြစ်ဆုံဆည် စီမံကိန်းနှင့် လက်ပတောင်းတောင် ကြေးနီ စီမံကိန်းကဲ့သို့သော မဟာစီမံကိန်းကြီးများ ရပ်ဆိုင်းရခြင်းလည်း ဖြစ်ပေါ်လာနိုင်သည်။ မြစ်ဆုံဆည် စီမံကိန်းကို လူထု၏ ဆန့်ကျင်မှုကြောင့် ရပ်ဆိုင်းလိုက်ရသော်လည် အငြင်းပွားဖွယ်ရာ ကြေးနီစိမံကိန်းကိုမူ ဆက်လက်လုပ်ဆောင်နေသည်။ “အစိုးရက လူထုဆန့်ကျင်မှုတွေကို နားထောင်နေတယ်” ဟု စင်ကာပူ အခြေစိုက် ကော်ပိုရိတ် အတိုင်ပင်ခံလုပ်ငန်းမှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Ed Ratcliffe က ပြောသည်။ ယခင်နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် တက်ကြွလှုပ်ရှးသူများ ရင်ဆိုင်နေရသည်မှာ အစိုးရ ယန္တရားတွင် ပါဝင်နေသူများမှာ မူဝါဒကျွမ်းကျင်ပြီး စွမ်းဆောင်ရည်ရှိသော နိုင်ငံရေးသမားများ ဖြစ်လာရန် ကြိုးစားနေရခြင်းထက် ပိုမိုခက်ခဲ လစ်ဟာနေသော အချက်မှာ အစိုးရ၏ “ရှေ့နောက်ညီညွတ် ပွင့်လင်းမြင်သာသော မူဝါဒ ကင်းမဲ့နေခြင်း” ဖြစ်သည်။ ပေါင်းစည်းဆက်စပ်မှု ရှိသည့် သယ်ယူပို့ဆောင်ရေး အစီအစဉ်များ အပါအဝင် တနိုင်ငံလုံး ဖွံ့ဖြိုးရေးကို လွှမ်းခြုံနိုင်ရုံသာ မက စီမံကိန်းသစ်များ အဆက်အစပ်ရှိရှိ ပေါ်ပေါက်ပြီး ရင်းမြစ်များကို ယှဉ်ပြိုင်ရယူနိုင်သော မူဘောင်တခုကိုလည်း ပေးမည့် ထင်ရှားပွင့်လင်းသည့် ဗျူဟာ တခုကိုလည်း အစိုးရက ချမှတ်ရန် လိုသည်ဟု Dieter Billen က ထောက်ပြသည်။ “တနိုင်ငံလုံး အဆင့်မှာရော ဆိပ်ကမ်းတခုခြင်း အဆင့်မှာပါ ဆိပ်ကမ်းစီမံရေး လိုအပ်ချက်တွေ ရှိနေတယ်” ဟု သူက ပြောသည်။ အခြားသော အခြေခံအဆောက်အအုံ များတွင်လည်း ထိုအချက်ကို ထင်ထင်ရှားရှားရှား တွေ့နေရသည်။ မြန်မာနိုင်ငံ၏ အဓိက အဝေးပြေး လမ်းမကြီး ဖြစ်သည့် စီးပွားရေး အချက်အချာရန်ကုန်နှင့် ဒုတိယအကြီးဆုံး မြို့ဖြစ်သည့် မန္တလေးကို ဆက်သွယ်ထားသည့် လမ်းကိုလည်း မကြာသေးမီကပင် သတိပေးခုံးများ တပ်ဆင်ရပြီး အမြန်နှုန်း ကန့်သတ်ရသည်။ သို့သော် လမ်းကွေးများမှာ လမ်းကြောင်းလွဲနေသဖြင့် လက်ကိုင်ဘီးကို အကြီးအကျယ်၊ အလွန်အကျွံ ထိန်းချုပ်နေရသည် ဟု ထရပ်ကားနှင့် ကားငှားလုပ်ငန်းတခု ဖြစ်သော Yoma Fleet မှ Allan Davidson က ပြောသည်။ ပိုမိုကြီးမားသော ပြဿနာမှာ ထရပ်ကားများသည် ဆယ်ဘီးထက်နည်းသော ကားမဟုတ်လျှင် သို့မဟုတ် ပျက်ဆီးလွယ်သော ကုန်စည်ကို သယ်ဆောင်မလာမှသာလျှင် အဝေးပြေးလမ်းသုံးစွဲခွင့်ပြုသော နားလည်ရခက်သည့် မူဝါဒဖြစ်သည်ဟု သူဆက်ပြောသည်။ ကုန်တင်ယဉ်ကြီးများသည် ချိုင့်ခွက်များနှင့် လူးနေသော လမ်းဟောင်းကိုသာ အသုံးပြုနေကြရပြီး တနာရီလျှင် မိုင် ၃၀ နှုန်းခန့်ဖြင့်သာ မောင်းနှင်နေကြရသည်။ ၁၆ နာရီဖြင့် မောင်းနှင်နိုင်သော ခရီးကို ၃ ရက် မောင်းနေရပြီး ကားကြပ်ပြီး ဟောင်းနွမ်းသော အဝေးပြေးလမ်းဟောင်းကို ကုန်တင်ယဉ်များ အသုံးများ ပါကလည်း အသေအပျောက်များသော မတော်တဆမှု ပိုမိုဖြစ်နိုင်သည် ဟု သူက ပြောသည်။ “အဝေးပြေးလမ်းသစ်ဟာ အားသာချက်ပဲ။ ဒါကို အပြည့်အ၀ အသုံးမချနိုင်ဘူဆိုတော့ ယုံတောင် မယုံနိုင်ဘူး” ဟုလည်း သူက ပြောသည်။ ( Asia Times ပါ Michael Mackey ၏ Limited links sink Myanmar’s potential ကို ဘာသာပြန်သည်။) The post လမ်းပန်းဆက်သွယ်ရေး အကန့်အသတ်များက မြန်မာ့အလားအလာကို ဆွဲချနေ appeared first on ဧရာဝတီ.
Source : http://ift.tt/2uSiGGV
via IFTTT
Source : http://ift.tt/2uSiGGV
via IFTTT
Subscribe to:
Posts (Atom)