မြိတ်တွင် ကြက်များသေဆုံးမှုနှင့် ပတ်သက်၍ ရန်ကုန်ပို့ စစ်ဆေး၊ ကြက်ခြံ ပိုင်ရှင်၏ သားဖြစ်သူ အပြင်းဖျားမှုမှ ပြန်လည်သက်သာလာဟုဆို --- --- --- မြိတ်မြို့နယ်၊ ပင်အိုကျေးရွာအုပ်စု၊ ပင်အိုရွာရှိ ကြက်ခြံတစ်ခြံတွင် မွေးမြူ ထားသည့် ကြက်အကောင် ၅၀၀ ကျော် သေဆုံးခဲ့ပြီး ခြံပိုင်ရှင်၏ သားဖြစ်သူကို မြိတ်မြို့ပြည်သူ့ဆေးရုံကြီးတွင် အပြင်းဖျားဝေဒနာဖြင့် ကုသပေးထားရာမှ ပြန်လည် သက်သာလာပြီဖြစ်ကြောင်း မြိတ်မြို့ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုက ဩဂုတ် ၁ ရက်တွင် The Ladies သို့ ပြောသည်။ “ကြက်တွေ သေတာကကြာပြီ။ ၂၆ ရက်က သေတာ၊ ကြက်အကောင် ၅၀၀ လောက်။ ကလေးက ဆေးရုံတင်ထားတယ်။ ၂၈ ရက်နေ့ကပေါ့။ သူ့ရလဒ်ကို ရန်ကုန်ကိုတော့ပို့ထားတာပေါ့။ မဆင်းရသေးဘူး။ ကလေးတော့ ကျန်းမာတယ်၊ အဲ့ဒီကျေးရွာကို မွေးကုကနေပြီးတော့ ကြက်ရဲ့နမူနာကို ရန်ကုန်ကိုပို့ထားတယ်။ အဖြေတော့ မသိရသေးဘူး” ဟု ဦးမြတ်ကိုက ပြောသည်။ ထားဝယ်တွင် ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွားနေခြင်းကြောင့် ခရိုင်ချင်းနီးကပ်သည့် မြိတ်ခရိုင်တွင် ကြိုတင်ကာကွယ်မှုများကို တာဝန် ရှိသူများက နေ့စဉ်ဆောင်ရွက်နေပြီး အခြားမြို့များမှ ဝင်ရောက်လာမည့် ဝက်၊ ကြက်နှင့် ကြက်ဥများကိုလည်း တားဆီးစစ်ဆေးနေသည်။ “ထားဝယ်ဘက်ကလာတဲ့ ဝက်တွေ ၊ ကြက်တွေ ၊ ကြက်ဥတွေကို မြို့ထဲ အဝင်မခံဘူး။ လောလောဆယ် နှစ်ပတ်တော့ ပိတ်ထားတယ်”ဟု ဦးမြတ်ကို ကပြောသည်။ ထားဝယ်တွင် H5N1 ရောဂါကြောင့် ကြက်အကောင်ရေ ထောင်နှင့်ချီ သေဆုံးပြီးနောက် ဇူလိုင်လ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက မြိတ်မြို့နယ် စည်ပင်အုပ်ချုပ်ရေး၊ မွေးမြူရေးနှင့် ကုသရေးဌာနတို့ ပူးပေါင်းကာ မြို့နယ် အတွင်းရှိ ကြက်မွေးမြူရေး ခြံတွေကို လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်ခဲ့သည်။ ဇော်မင်းထွန်း The Ladies News http://ift.tt/2w1hGAI
Source : http://ift.tt/2w1hGAI
via IFTTT
Tuesday, August 1, 2017
ဒီမိုကရေစီအကူးအပြောင်းဟုဆိုသော်လည်း သတင်းသမားများ ဖမ်းဆီးခံနေရဆဲ ၂၀၁၀ ခုနှစ်နောက်ပိုင်း မှ စတင်၍ ဒီမိုကရေစီ အစိုးရ လက်ထက်သို့ ကူးပြောင်းပြီဟု ကြွေးကြော်ခဲ့ ကြသော်လည်း သမ္မတဦးသိန်းစိန် လက်ထက်မှ လက်ရှိ NLD အစိုးရ လက်ထက်သို့ ကူးပြောင်းလာသည့်တိုင်အောင် သတင်းမီဒီယာ သမားများ အပေါ် ဖိနှိပ်မှု၊ ခြိမ်းခြောက်မှု အများအပြား ရှိခဲ့သည်။ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ အဖြစ် တာဝန်ယူခဲ့သည့် ကာလမှ စ၍ စာပေစိစစ်ရေး ဖြေလျော့ ပေးခြင်း၊ ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ပြုခြင်း၊ သတင်းမီဒီယာ ဥပဒေပြဌာန်းခြင်းစသည့် လုပ်ဆောင် ချက်များက သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် အပေါင်းလက္ခဏာဟု ဆိုနိုင်သော်လည်း သတင်း မီဒီယာများ အပေါ် အခြား ဥပဒေများဖြင့် အရေးယူ ထောင်ချမှုများလည်း ပြုလုပ်ခဲ့သည်။ သတင်းမီဒီယာများအပေါ် ဖိနှိပ်ခြိမ်းခြောက်မှုများသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီ အစိုးရလက်ထက်အထိပင် ဆက်လက် ရှိနေဆဲ ဖြစ်ပြီး ကိုလိုနီခေတ်က ပြဌာန်းခဲ့သည့် မတရားအသင်း ဆက်သွယ်မှု ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ စသည့် အငြင်းပွားဖွယ် ဥပဒေ ပုဒ်မများဖြင့် သတင်းသမားများ အား ဖမ်းဆီး ချုပ်နှောင်ကာ တရားစွဲဆိုနေဆဲ ဖြစ်နေသည်။ “သတင်းစာပညာရပ်နဲ့ တာဝန်ယူမှု ရှိရှိ လုပ်ကိုင်နေကြတဲ့ သတင်းစာဆရာတွေကို အမျိုးမျိုး အကြောင်း ပြပြီး မဟုတ်က၊ ဟုတ်က ဥပဒေတွေနဲ့ တရားစွဲနေတာက ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းကို အကျည်းတန် စေပါတယ်”ဟု မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) အထွေထွေအတွင်းရေးမှူး ဦးဇေယျာလှိုင်က ပြောသည်။ သတင်းရေးသားမှုများကြောင့် တပ်မတော်အနေဖြင့် ၎င်းတို့၏ဂုဏ်သိက္ခာကျစေကြောင်း ယူဆပါက အသရေဖျက်မှုကဲ့သို့ ဥပဒေများရှိနေသည့်တိုင် ချက်ချင်း ဖမ်းဆီး၍ ထောင်ထဲသို့ ထည့်ထားနိုင်သည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကဲ့သို့သော ဥပဒေများ သုံးစွဲနေခြင်းမှာ တရားစွဲပုဂ္ဂိုလ်၏ စေတနာ မမှန်မှုကို ဖော်ပြနေပြီး သတင်းမီဒီယာအပေါ် ခြိမ်းခြောက်လိုသည့် သဘောသက်ရောက်နေကြောင်း ဦးဇေယျာလှိုင်က သုံးသပ်သည်။ လက်ရှိ NLD အစိုးရလက်ထက်တွင် စစ်အစိုးရအုပ်ချုပ်စဉ်ကာလက တက်ကြွလှုပ်ရှားသူများအပေါ် ပစ်မှတ် ထား အရေးယူခဲ့သည့် မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံထားရသည့် သတင်းသမား ၃ ဦးရှိနေပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံထားရသည့် သတင်းသမားများလည်း ရှိသည်။ မဘသ ဦးဆောင် ဆရာတော် ဦးဝီရသူ၏ တပည့်ရင်း ဦးကျော်မျိုးရွှေက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားသည့် Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ဦးဆွေဝင်းကို ရဲတပ်ဖွဲ့က ဇူလိုင် ၃၀ ရက်နေ့ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးမှုပြုလုပ်ခဲ့ပြီး ဇွန် ၃၁ ရက်နေ့ ညနေပိုင်းက အာမခံပေးခဲ့သည်။ သတင်းမီဒီယာဥပဒေသည် ယနေ့အထိ အသက်ဝင်နေသည့်တိုင် သတင်းသမားများအပေါ် အစိုးရနှင့် တပ်မတော်က ၎င်းဥပဒေဖြင့် အရေးယူ ဆောင်ရွက်မှုမှာ အလွန်ပင်နည်းပါးနေပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အပါအဝင် အခြား ဥပဒေများဖြင့်သာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည့် အပေါ် သတင်းမီဒီယာ အသိုင်းအဝိုင်း က ဝေဖန်သုံးသပ်မှုများ ရှိသည်။ သတင်းသမားများအနေဖြင့် ဖိနှိပ်ခြိမ်းခြောက်မှုများ၊ ဥပဒေများဖြင့် ဖမ်းဆီးချုပ်နှောင်မှုများအပြင် အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုများကြုံတွေ့ရမှုများ ရှိသည်။ Eleven သတင်းဌာန၏ မုံရွာအခြေစိုက် သတင်းထောက်ကိုစိုးမိုးထွန်း အသတ်ခံရမှုဖြစ်စဉ်သည်လည်း မည်သည့် အကြောင်းရင်းကြောင့် သတ်ဖြတ်ခံရသည်၊ မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း ရဲတပ်ဖွဲ့က အမှုမှန် ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်း ကလည်း သတင်းမီဒီယာသမားများ အပေါ် အကျဉ်းထောင်အတွင်း ဖမ်းဆီးထားမှုဖြစ်စဉ်များမှာ တိုင်းပြည်အတွက် သိက္ခာကျစရာဖြစ်စေပြီး သတင်းမီဒီယာဥပဒေကို လျစ်လျူရှု့ကာ တခြားသောဥပဒေ ပုဒ်မများဖြင့် အရေးယူနေခြင်းကို လုံးဝလက်မခံကြောင်း ပြောသည်။ လက်ရှိသတင်းမီဒီယာ ဥပဒေသည်လည်း အားနည်းချက် ယိုပေါက်များ ရှိနေပြီး သတင်းသမားများအနေ ဖြင့် ကျင့်ဝတ်များအပေါ် လိုက်နာမှုနှင့် အရည်အသွေးပြည့်ဝစေရေးအတွက် ကြိုးပမ်းကြရမည်ဟု ၎င်းက အကြံပြုသည်။ NLD အစိုးရလက်ထက်တွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် သတင်းမီဒီယာအပေါ် တရား စွဲဆိုမှုမှာ ဇူလိုင် ၃၀ ရက်နေ့ အထိ ၁၀ မှုရှိပြီး တရားရင်ဆိုင်နေရသည့်သတင်းသမား အရေအတွက်မှာ ၁၈ ဦး ရှိကြောင်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာသုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။ ဦးသိန်းစိန်အစိုးရလက်ထက်မှ စ၍ လက်ရှိ NLD အစိုးရ လက်ထက်အထိ တပ်မတော်နှင့်အစိုးရအဖွဲ့တို့၏ တရားစွဲဆိုမှုကြောင့် ဖမ်းဆီးခံခဲ့ရသည့် သတင်းမီဒီယာအမှုများထဲမှ ထင်ရှားသည့် ဖြစ်စဉ်အချို့ကို စု စည်းဖော်ပြလိုက်သည်။ ၁ ။ အလွတ်တန်းသတင်းထောက် ကိုပါကြီး(ခ) ကိုအောင်ကျော်နိုင် အလွတ်တန်းသတင်းထောက် ကိုပါကြီး(ခ)ကိုအောင်ကျော်နိုင်သည် ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်တွင် ကျိုက်မရောမြို့နယ်၊ မြန်မာ-ထိုင်းနယ်စပ်တွင် အဖမ်းခံရပြီး နယ်မြေခံခြေမြန်တပ်ရင်း ၂၀၈ တွင်ထိန်းသိမ်း ထားစဉ် သေနတ်လုသည်ဟုဆိုသည့် အကြောင်းပြချက်ဖြင့် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ၎င်းသေဆုံး မှု အပေါ် စုံစမ်းစစ်ဆေးမှု များမှာ အငြင်းပွားဖွယ်ရာများရှိခဲ့ပြီး ဝေဖန်မှုများလည်း များပြားခဲ့သည်။ ၎င်း၏ဇနီးဖြစ်သူ မသန္တာမှာ လက်ရှိတွင် အိမ်မဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီး အမှုအားပြန်လည်စစ်ဆေးပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ ၂ ။ The Unity Journal (ယူနတီဂျာနယ်) မကွေးတိုင်းဒေသကြီးအတွင်း တပ်မတော်မှ ဓာတုလက်နက်စက်ရုံတည်ဆောက်နေကြောင်း သတင်းရေး သားမှုကြောင့် အယ်ဒီတာတဦးနှင့် သတင်းထောက် ၄ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် ဖမ်းဆီးပြီး ထောင်ဒဏ် ၇ နှစ်ချမှတ်ခြင်းခံရသည်။ NLD အစိုးရတက်လာပြီး ၂၀၁၆ ခုနှစ် ဧပြီလတွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ကြသည်။ ယူနတီသတင်းဂျာနယ်သည်လည်း လက်ရှိတွင် ပိတ်သိမ်းသွားပြီဖြစ်သည်။ ၃ ။ Bi မွန်းတည့်နေဂျာနယ် ပြည်တွင်းတက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းတခု၏ကြေညာချက်ပါ “ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်း သားဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြောက်ကြောင်း M.D.C.F ထုတ်ပြန်”ဟူသည့် သတင်းဖော်ပြမှုကြောင့် ၂၀၁၄ ခုနှစ် ဇူလိုင်လတွင်ဖမ်းဆီးခံရကာ နိုင်ငံတော်အကြည် ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် အယ်ဒီတာအပါအဝင် ၅ ဦးကို ဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့သည်။ ၄။ Eleven Media Group Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ကို “ရွေးကောက်ပွဲ တနှစ်ကြာသော်” အယ်ဒီတာ အာဘော်ဖော်ပြမှုတွင် ပါဝင်သည့် အချက်အလက်တချို့ကြောင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ညွန်ကြားချက်ဖြင့် တိုင်းအစိုးရအဖွဲ့က ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) ဖြင့် တာမွေရဲစခန်းတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ဒုတိယအပတ်က အမှုဖွင့်တရားစွဲဆိုထားသည်။ ၎င်းတို့နှစ်ဦးအနေဖြင့် လက်ရှိတွင် အာမခံရရှိ ထားပြီး တရားရင်ဆိုင်လျှက်ရှိသည်။ ၅ ။ မုံရွာအခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း Eleven မီဒီယာဂရု၏ မုံရွာမြို့အခြေစိုက်သတင်းထောက်တဦးဖြစ်သည့် ကိုစိုးမိုးထွန်းသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ညပိုင်းတွင် အိမ်အပြန်လမ်း၌ ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ အမှုမှာ ၇ လကျော်ကြာပြီဖြစ်သော်လည်း ယနေ့အထိ လက်သည် တရားခံများကို ဖမ်းဆီးဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။ ၆ ။ Myanmar Now Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးဆွေဝင်းအနေဖြင့် ၂၀၁၇ ခုနှစ် မတ်လအတွင်းက ဦးဝီရသူ ပါရာဇိကကျပြီ ဟူသော စကားရပ်ပါဝင်သည့် သတင်းတပုဒ်အား လူမှုကွန်&က်စာမျက်နSmတွင် ထပ်ဆင့်ဖော်ပြမှုကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဦးကျော်မျိုးရွှေဆိုသူက အမှုဖွင့်ခဲ့သည်။ ၎င်းအမှုဖြင့် ဇူလိုင် ၃၀ ရက်နေ့ညနေပိုင်းတွင် ဦးဆွေဝင်းအား ရန်ကုန်လေဆိပ်တွင်ဖမ်းဆီးခဲ့သော်လည်း ဇွန် ၃၁ ရက်တွင် အာမခံ ရရှိခဲ့ကာ လက်ရှိတါှု် အမှုရင်ဆိုင်နေရသည်။ ၇ ။ The Voice “ကျည်ထောင်စုသစ္စာ”သရော်စာဖော်ပြမှုကြောင့် The Voice အယ်ဒီတာချုပ်ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်(ခ) ကျော်စွာနိုင်တို့သည့် ၂၀၁၇ ခုနှစ် မေလတွင် တပ်မတော်မှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ) တို့ဖြင့် တရားစွဲဆိုခြင်း ခံရကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ခံထားရသည်။ အာမခံ လျှောက်ထားသော်လည်း အကြိမ်ကြိမ် ပယ်ချခံရသည်။ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်သည် ပုဒ်မ ၆၆(ဃ)မှ ကင်းလွတ်ခဲ့ပြီး သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ) ဖြင့် အာမခံရရှိကာ အမှုရင်ဆိုင်နေရသည်။ ၈ ။ DVB နှင့် ဧရာဝတီ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးသိန်းဇော်(ခ)လဝီဝမ်နှင့် ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) သတင်းဌာနမှ သတင်းထောက် ဦးအေးနိုင်နှင့် ကိုပြည့်ဘုန်းနိုင်တို့မှာ ပလောင်(တအာင်း)အမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)နယ်မြေတွင် ၂၀၁၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပွဲ သတင်းသွားယူရာမှအပြန်တွင် တပ်မတော်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ၎င်းတို့အား မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုထားပြီး လက်ရှိတွင် သီပေါမြို့နယ်အကျဉ်းထောင်တွင် ဖမ်းဆီးထားသည်။ The post ဒီမိုကရေစီအကူးအပြောင်းဟုဆိုသော်လည်း သတင်းသမားများ ဖမ်းဆီးခံနေရဆဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2uR0VcL
via IFTTT
Source : http://ift.tt/2uR0VcL
via IFTTT
တရုတ်ဝန်ကြီး မြန်မာခေါင်းဆောင်များနှင့် နေပြည်တော်တွင် တွေ့ဆုံမည် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး မစ္စတာ ဆောင်းတောင်သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာခေါင်းဆောင်များနှင့် သြဂုတ်လ ၂ ရက်နေ့တွင် နေပြည်တော်သို့ လာရောက် တွေ့ဆုံဖွယ် ရှိကြောင်း သတင်းရရှိသည်။ ယခင်နှစ် သြဂုတ်လအတွင်း မစ္စတာ ဆောင်းတောင်၏ ၄ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်၊ ဦးသန်းရွှေ၊ ဦးရွှေမန်း၊ NLD ပါတီမှ ဦးဝင်းထိန်နှင့် USDP ပါတီ အတွင်းရေးမှူးတို့နှင့် တွေ့ဆုံခဲ့သည်ဟု တရုတ်သံရုံးက တရားဝင် သတင်း ထုတ်ပြန်ခဲ့ သည်။ ယခုခရီးစဉ်ကို အစိုးရက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိဘဲ ခရီးစဉ် ပြီးဆုံးမှသာ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိမ့်မည် ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း မြစ်ဆုံကိစ္စ၊ ကျောက်ဖြူစီမံကိန်းနှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ဆွေးနွေးဖွယ် ရှိကြောင်း၊ ယခုတခေါက်တွင်းလည်း အစိုးရ အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံဖွယ်ရှိကြောင်း နေပြည်တော် အသိုင်းအဝိုင်းမှ သိရသည်။ The post တရုတ်ဝန်ကြီး မြန်မာခေါင်းဆောင်များနှင့် နေပြည်တော်တွင် တွေ့ဆုံမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2w1hDEV
via IFTTT
Source : http://ift.tt/2w1hDEV
via IFTTT
H1N1 လူနာအချို့ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံ ဆင်းခွင့်ရ ရာသီတုပ်ကွေး(H1N1)ကြောင့် ဆေးကုသမှု ခံယူနေရသူအချို့သည် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီဖြစ်၍ သက်ဆိုင်ရာ ဆေးရုံများမှ ဆင်းခွင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။ ရန်ကင်းကလေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့သော ကလေးငယ် တဦးသည် ကျန်းမာရေးပြန်လည် ကောင်းမွန်လာ သဖြင့် ဇူလိုင်လ ၂၈ ရက်တွင်ဆေးရုံမှ ဆင်းခွင့်ပေးခဲ့ကြောင်း၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီးတွင် အရိုးအကြောအထူးကုပညာ ဒုတိယနှစ်ဘွဲ့ လွန်သင်တန်းတက်ရောက်နေသောဆရာဝန် ဦး တင်ကိုကိုလွင်နှင့် ၎င်း၏ ဇနီးတို့သည် လည်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဇူလိုင် ၃၁ရက်တွင် ဆေးရုံမှ ဆင်းနိုင်ပြီ ဖြစ်ကြောင်းသိရသည်။ “ဆေးရုံကဆင်းသွားတာတဦးပါ။ ၂၈ ရက်နေ့ကဆင်းသွားတာ။ လက်ရှိရှိနေတာ ၄ ယောက်ပါ ။ အခြေအနေကတော့ မဆိုးပါဘူးသက်သာပါတယ်။ ၄ ယောက်စလုံးကလည်း ရန်ကုန်ကချည်းပဲ။ ၄ ယောက်မှာ ၃ယောက်ပဲ သိသေးတယ်။ နောက်တယောက်ကတော့ အဖြေမသိသေးပါဘူး။ နောက်ဆုံးရောက်တဲ့ တယောက်က စစ်ဆေးဆဲပါ။ သံသယပဲ ရှိသေးတယ်။ အဖြေကတော့ ၂ ရက်လောက်နေရင် သိရပါမယ်” ဟု ရန်ကင်းကလေးဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်မြင့်ခိုင် က ဧရာဝတီသို့ ပြောသည်။ ရန်ကင်း ကလေး ဆေးရုံ၌ ရာသီတုပ်ကွေး (H1N1) ဗိုင်းရပ်စ်ပိုးတွေ့ရှိသည့် ကလေးငယ် ၂ ဦးနှင့် တုပ်ကွေးဗိုင်းရပ်စ်ပိုး (H3N2) ရှိသူ ကလေးငယ် တဦး ဆေးကုသမှု ခံယူနေပြီး H1N1 သံသယရှိကလေးငယ် တဦးကိုစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်၊ မတူပီမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော Seasonal Influenza A(H1N1) pdm09 Positive လူနာ ၁ဝ ဦးသည်လည်း ရောဂါသက်သာကောင်းမွန်သဖြင့် ဇူလိုင်လ ၂၅ ရက်ကတည်းက ဆေးရုံမှ ဆင်းစေခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၂၈ ရက်နေ့၌ သတင်းထုတ် ပြန်ထားသည်။ ဇူလိုင်လ ၂၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) သံသယ လူနာ ၂၁၃ ဦး ၊ ရာသီတုပ်ကွေး Seasonal Influenza A(H1N1) pdm 09 Positive လူနာစုစုပေါင်း ၆၂ ဦး နှင့် သေဆုံးသူ ၁၂ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စာရင်းများအရ သိရသည်။ The post H1N1 လူနာအချို့ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံ ဆင်းခွင့်ရ appeared first on ဧရာဝတီ.
Source : http://ift.tt/2von1oG
via IFTTT
Source : http://ift.tt/2von1oG
via IFTTT
လီဗာပူးရဲ့ အားထားရသူ Daniel Sturridge
လီဗာပူးရဲ့ အားထားရသူ Daniel Sturridge သူ့ရဲ့ နာမည် အပြည့်အစုံကတော့ Daniel Andre Sturridge ပါ၊ ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ အင်္ဂလိပ်လူမျိုး ပရော်ဖက်ရှင်နယ် ဘောလုံးသမား တဦးပါ။ တိုက်စစ်မှူး အနေနဲ့ ကစားတယ်၊ အင်္ဂလန် အတွက်ရော လီဗာပူး အသင်း အတွက်ပါ အားထားရတဲ့ သူတဦးပါ။ သူ့ကို တောင်ပံကစားသမား အဖြစ် ပွဲစဉ် တော်တော် များများမှာ တွေ့ရပေမယ့် နေရာစုံကနေ အကောင်းဆုံး အံဝင်အောင် ကစားနိုင်သူ တဦး ဆိုတာ တွေ့ရပါတယ်။ အသက် ၂၇ နှစ်၊ အရပ် ၆ ပေ ၂ လက်မ စတာရစ်ဟာ ဘာမင်ဂမ်သား တဦးပါ။ ကျောနံပါတ် ၁၅ ကို ဝတ်ဆင်တယ်၊ လူငယ် ကစားသမား ဘဝမှာ ကတည်းက အသင်းပေါင်း များစွာမှာ ကစားဖူးသူ တဦး ဖြစ်ပြီး လူငယ် ကစားသမား ဘဝကိုတော့ ၁၉၉၅ ခုနှစ်ကနေ စတင်ခဲ့တာ တွေ့ရပါတယ်။ ကက်ဘူရီ အက်သလက်တစ်မှာ ၁ နှစ်ကြာ ကစားခဲ့ပါတယ်၊ အဲဒီနောက် ၁၉၉၆ ကနေ ၂၀၀၀ ပြည့်နှစ်အထိ အက်စတွန်ဗီလာကို ရောက်လာပါတယ်၊ ၂၀၀၀ ခုနှစ် ကနေ ၂၀၀၃ ခုနှစ်ထိ ကိုဗင်ထရီစီးတီး အသင်းကို ရောက်သွားပါတယ်၊ အဲဒီနောက် ၂၀၀၃ ခုနှစ်က ၂၀၀၆ ခုနှစ် ထိ မန်စီးတီးမှာ ရောက်နေခဲ့တာပါ။ ပရောဖက်ရှင်နယ် ကစားသမား ဘဝကိုလည်း မန်းစီးတီးမှာပဲ စတင်ခဲ့ပြီး ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်ထိ မန်းစီးတီးမှာ ကစားတယ်၊ အဲဒီနောက် ချယ်လ်ဆီးကို ရောက်သွားတယ်၊ အဲဒီမှာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်ထိ ကြာခဲ့ပြီး ချယ်လ်ဆီး မှာ ရှိနေစဉ် အတွင်း စတာရစ်ရဲ့ ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းလာတာကြောင့် ၂၀၁၁ ခုနှစ် အတွင်း ဘော်တန်ဝမ်းဒါးရားကို ၁ နှစ် အငှားချ ခံခဲ့ရပါသေးတယ်။ ဒါပေမယ့် ဘော်တန်မှာ အငှားနဲ့ ရောက်နေစဉ် စတာရစ်ရဲ့ ခြေစွမ်းပြသမှုက ၁၂ ပွဲမှာ ၈ဂိုးသွင်းခဲ့လို့ မကြာခင်မှာပဲ ချယ်ဆီးကို ပြန်ရောက်လာ ပါတယ်။ ချယ်လ်ဆီးမှာ နာမည်ကြီး ဘောလုံးသမားတွေနဲ့ ပွဲထွက်ခွင့် ရုန်းကန်ရမှုနဲ့ အတူ ၂၀၁၃ ခုနှစ်မှာတော့ အင်္ဂလန် အမှတ်ပေး ဘောလုံးပြိုင်ပွဲမှာ သြဇာအကြီးဆုံးနဲ့ အအောင်မြင်ဆုံး အသင်း ၁ သင်းဖြစ်တဲ့ လီဗာပူးကို ရောက်သွားခဲ့တာပါ။ လက်ရှိ နာမည်ကျော် ဆွာရက်ဇ်နဲ့ အတွဲ အညီဆုံး ကစားသမားတွေ ဖြစ်ခဲ့ပါတယ်။ နိုင်ငံ အသင်းအတွက် ကစားပေးမှု အပိုင်းမှာတော့ U16 အသင်းအတွက် ကနေ စတင်ပြီး ပါဝင် ကစားပေးနေခဲ့တာပါ။ ၂၀၀၄-၀၅ မှာ U16 အသင်းအတွက်၊ ၂၀၀၅-၂၀၀၆ မှာ U17 အသင်းအတွက်၊ ၂၀၀၇ ခုနှစ်မှာ U18 အသင်းအတွက်၊ ၂၀၀၈ ခုနှစ်မှာ U19 အသင်းအတွက်၊ ၂၀၀၉-၁၁ ခုနှစ်တွေမှာ U21 အသင်းအတွက်၊ အဲဒီနောက် ၂၀၁၁ ခုနှစ်ကနေ စတင်ပြီး အင်္ဂလန်အသင်း အတွက် ကစားပေးခဲ့တာ တွေ့ရပါတယ်။ ဂိုးသွင်းယူနိုင်မှု အနေအထားကို ကြည့်မယ် ဆိုရင် မန်းစီးတီးမှာ ၃၂ ပွဲ ကစားတယ်၊ ၆ ဂိုးသွင်းတယ်၊ ချယ်လ်ဆီးမှာ ၉၆ ပွဲကစားတယ်၊ ၂၄ဂိုး သွင်းတယ်၊ ဘော်တန်မှာ ၁၂ ပွဲ ကစားတယ်၊ ၈ ဂိုးသွင်းတယ်၊ လီဗာပူးမှာ ၁၁၉ ပွဲ ကစားတယ်၊ ဂိုးပေါင်း ၆၀ ထိအောင် သွင်းယူပေးထားသူပါ။ အခုချိန်ထိအောင် ကလပ်အသင်း အားလုံး အတွက် ပွဲပေါင်း ၂၅၉ ပွဲ ကစား ပေးထားပြီး ဂိုးပေါင်း ၉၈ ဂိုး သွင်းယူထားသူပါ။ နိုင်ငံတကာ ပွဲစဉ်တွေမှာတော့ အင်္ဂလန် အသင်း အတွက် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ထိအောင် ၂၅ ပွဲ ပါဝင်ကစားပေးထားပြီး ၈ ဂိုး သွင်းယူထားတာလည်း ဖြစ်ပါတယ်။ ဆုဖလားရယူနိုင်မှု အပိုင်းမှာတော့ အခြား နာမည်ကျော် ကစားသမားတွေနဲ့ စာရင် နည်းပါးသေးတာ တွေ့ရပြီး ချယ်လ်ဆီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ်ဖလားကို ၂၀၁၀ ခုနှစ်မှာ ၁ ကြိမ်၊ FA ဖလားကို ၂၀၁၀ ခုနှစ်၊ ၂၀၁၂ တွေမှာ ၂ ကြိမ်၊ UEFA ချမ်ပီယီယံလိဂ် ဖလားကို ၂၀၁၂ ခုနှစ်တွေမှာ ရယူထားနိုင်တာ တွေ့ရပေမယ့် စတာရစ် အောင်မြင်ခြေစွမ်းပြနေတဲ့ လီဗာပူးနဲ့ အတူ ဆုဖလား ရယူထားနိုင်ခြင်း မရှိသေးတာ တချက်က အားရစရာ မဟုတ်သေးပါဘူး။ တဦးချင်း အနေနဲ့တော့ ၂၀၁၄ ခုနှစ်ရဲ့ PFA ကနေ ရွေးချယ်တဲ့ ၁ နှစ်တာ အကောင်းဆုံး အသင်းမှာ ပါခဲ့ဖူးတယ်၊ ၂၀၁၃ ခုနှစ် သြဂုတ်လနဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွေမှာ တလတာ အကောင်းဆုံး ကစားသမားဆုကို ၂ ကြိမ်ရဖူးတယ်၊ ၂၀၁၁ ခုနှစ် UEFA ဥရောပ အသက် ၂၁ နှစ်အောက် ချန်ပီယံရှစ်ရဲ့ အကောင်းဆုံး ကစားသမားများ အသင်းမှာ ရွေးချယ် ခံရဖူးတယ်၊ ၂၀၀၉ ခုနှစ် မန်စီးတီးမှာ ရှိနေတဲ့ အချိန်က တနှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု ရထားတာ တွေ့ရပါတယ်။ Ref: http://ift.tt/1nTw5C9 The post လီဗာပူးရဲ့ အားထားရသူ Daniel Sturridge appeared first on ဧရာဝတီ.
Source : http://ift.tt/2tUaDYY
via IFTTT
Source : http://ift.tt/2tUaDYY
via IFTTT
အထီးကျန် ဘိုးဘွားများ ဆုံစည်းရာ မြန်မာနိုင်ငံတဝန်း၌ သက်ကြီးရွယ်အို ဦးရေသည် တဖြည်းဖြည်း တိုးပွားလာနေပြီး နိုင်ငံ့လူဦးရေ၏ ၉ ရာခိုင်နှုန်းခန့် ရှိနေ သည်။ သက်ကြီးရွယ်အို စံသတ်မှတ်ချက်သည် အသက် ၆၀ နှင့်အထက် ဖြစ်ပြီး အများစုသည် အသက်အရွယ်အရ အလုပ်လုပ် ခြင်းမှ အနားယူထားသူများဖြစ်ရာ နေအိမ်၌ပင် အချိန် ကုန်ဆုံးနေကြရသည်။ ထို့အတူ ၎င်းတို့၏ သားသမီး၊ မြေးများ၊ အလုပ်သွား၊ ကျောင်းသွားသည့် အချိန်မျိုးတွင်လည်း အိမ်တွင် တဦးတည်း ကျန် ရစ်လေ့ ရှိတတ်ကြသည်။ ထိုအချိန်မျိုးတွင် အထီးကျန်ခြင်း၊ စိတ်အားငယ်ခြင်း၊ လုံခြုံမှု မရှိဟု ခံစားရခြင်းတို့အပြင် တခါတရံတွင် စိတ်ဓာတ်ကျခြင်း တို့ကိုပါ ခံစားရသည်ဟု အဘိုး အဘွား တို့က ဧရာဝတီကို ပြောပြကြသည်။ အထီးကျန်သည့် သက်ကြီးရွယ်အိုများ အတွက် စိတ်သက်သာမှု ရရှိစေရန် ရည်ရွယ်၍ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ချော်တွင်းကုန်း မှတ်တိုင်အနီးရှိ လူမှုဝန်ထမ်း ဦးစီးဌာနတွင် သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေး ရိပ်သာကို ၂၀၁၃ ခုနှစ်မှစတင် ဖွင့်လှစ်ပေးထားသည်။ တရား ဘာဝနာ ပွားများနေသော အဘိုးအဘွား တချို့ (ဓာတ်ပုံ – ခင်ဦးသာ/ဧရာဝတီ) ထိုရိပ်သာတွင် နိုင်ငံတော်အစိုးရက ဘိုးဘွားများ၏ နေ့စဉ် နေထိုင်စားသောက်မှု ကိစ္စများအတွက် တဦးလျှင် တရက် ကျပ် ၁၅၀၀ ကို အစိုးရက ထောက်ပံ့ပေးထားကြောင်း ရိပ်သာ၏ တာဝန်ရှိသူ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဒေါက်တာ ကေသီကျော်က ပြောသည်။ “မိသားစု အပြည့်အစုံရှိပေမယ့် နေ့ခင်းဘက်မှာ မိသားစုတွေ အလုပ်သွားနေကြရင် သက်ကြီးရွယ်အိုတွေက အိမ်မှာ ကျန် နေခဲ့ရတယ်၊ အဲဒီအချိန်မှာ သူတို့ဟာ အထီးကျန်မှု ခံစားရတယ်၊ အဲဒီလို အထီးကျန်နေတဲ့ အဘိုး၊ အဘွားတွေ အတွက် နေ့ပိုင်း စောင့်ရှောက်ပေးထားတာပါ။ ညနေဆိုရင်တော့ သူ့အိမ်မှာ သူ့မိသားစုနဲ့ ပြန်ဆုံလို့ ရတာပေါ့” ဟု ၎င်းက ဆိုသည်။ ယခုအခါ ထိုရိပ်သာသို့ နေ့စဉ် လာရောက်၍ အနားယူ အပန်းဖြေသည့် ဘိုးဘွားဦးရေ ၇၀ မှ ၈၀ ဝန်းကျင်အထိ ရှိပြီး ရိပ် သာ ၌ ၎င်းတို့နှင့် သက်တူရွယ်တူ ဝါသနာတူသူများ မိတ်ဖွဲ့ကာ ရှေးဟောင်းနှောင်းဖြစ်များ၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စသည်ဖြင့် စကားစမြည် ပြောဆိုလေ့ ရှိကြသည်။ မိတ်ဆွေ သူချင်းများနှင့် တောက်ခုံ တောက်နေကြသည့် အဘိုးများ (ဓာတ်ပုံ – ခင်ဦးသာ/ဧရာဝတီ) ထို့အတူ ဝါသနာပါရာ အားကစား တမျိုးမျိုးကို ပြုလုပ်နိုင်ပြီး အင်တာနက်သုံးခြင်း၊ စာဖတ်ခြင်း၊ တရားထိုင်ခြင်း၊ အိပ်စက် အနားယူခြင်း၊ စစ်တုရင်ထိုးခြင်း၊ တောက်ခုံတောက်ခြင်း၊ ကာရာအိုကေ သီဆိုခြင်း စသည်တို့ကို ပြုလုပ်ကြကြောင်း အဘိုး၊ အဘွားများက ပြောသည်။ ယင်းရိပ်သာသို့ လာရောက်သည့် အသက် ၇၇ နှစ်အရွယ် ဦးထွန်းသိန်းက မိသားစုဝင်များ အပြင်သွားကြသည့်အခါ အိမ်၌ တဦးတည်း နေထိုင်ရ၍ အထီးကျန်သည့် စိတ်ခံစားရကာ တခါတရံတွင် စိတ်အားငယ်ရကြောင်း၊ မိမိကိုယ်မိမိ လုံခြုံမှု မရှိ ဟုလည်း ခံစားရကြောင်း ပြောပြသည်။ အဘိုး ဦးထွန်းသိန်းက “ဒီရိပ်သာမှာက ကိုယ်နဲ့ရွယ်တူတွေပဲ ဆိုတော့ စကားတွေ ပြောကြတယ်၊ ကိုယ့်မိသားစုအကြောင်း၊ ဟိုအကြောင်း ဒီအကြောင်းတွေ အစုံပါပဲ၊ တနေ့ တနေ့ အချိန်တွေ ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူး၊ ကိုယ်တ ယောက်တည်း လို့လည်း မခံစားရတော့ဘူး” ဟု ပြောသည်။ ကွန်ပျူတာကို စိတ်တဝင်စားသုံးနေသည့် အသက် ၇၇ နှစ်ရှိ အဘိုး ဦးထွန်းသိန်း (ဓာတ်ပုံ – ခင်ဦးသာ/ဧရာဝတီ) အိမ်တွင်ရှိနေစဉ်က အချိန် ကုန်ခဲလှသော်လည်း ရိပ်သာတွင် မိတ်ဆွေ အပေါင်းအသင်းများနှင့် စကားပြောဆို ဆွေးနွေး ခြင်း အပါအဝင် လုပ်စရာ အများအပြားရှိနေ၍ အချိန်ပင် လုံလောက်မှု မရှိဟု ဦးထွန်းသိန်းက ပြောဆိုသည်။ “အိမ်မှာက တနာရီကုန်ဆုံးဖို့ အတော်ကြာတယ်။ ဒီကို ရောက်တော့ အချိန်တွေက မလောက်တော့ဘူး၊ ကွန်ပျူတာသုံးပြီး သတင်းတွေ ကြည့်တယ်၊ စာဖတ်တယ်၊ တရားထိုင်တယ်၊ စစ်တုရင်ထိုးတယ်၊ တောက်ခုံတောက်တယ်၊ တခါတလေ စိတ် တွေ နည်းနည်းမွန်းကျပ်လာရင် ကာရာအိုကေခန်းမှာ သီချင်းတပုဒ်လောက် ဆိုပစ်လိုက်တယ်” ဟု ၎င်းက ပြောသည်။ ထိုရိပ်သာသို့ နေ့ပိုင်းလာရောက် အပန်းဖြေ အနားယူမည့်သူများသည် အသက် ၇၀ နှင့်အထက် ရှိရမည်ဖြစ်ပြီး ကိုယ့်အား ကိုယ်ကိုး၍ သွားလာနိုင်သူ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။ ကာရာအိုကေ သီချင်းဆိုရင်း အပန်းဖြေနေသော အဘိုး တဦး နှင့် အဘွား တဦး (ဓာတ်ပုံ – ခင်ဦးသာ/ဧရာဝတီ) ရိပ်သာသို့ လာရောက်မည့် ဘိုးဘွားများသည် ပထမဆုံးအကြိမ်တွင် ရပ်ကွက်ထောက်ခံစာနှင့်အတူ မိသားစုဝင်များ ကိုယ်တိုင် လာရောက် အပ်နှံပေးရန် လိုအပ်သည်။ ငွေကြေး တစုံတရာ ပေးဆောင်ရန် မလိုဘဲ ရိပ်သာ၌ နံနက်စာ၊ နေ့လယ်စာနှင့် ညနေ အိမ်ပြန်ခါနီးတွင် လက်ဖက်ရည် သို့မဟုတ် နွားနို့၊ အသီးအနှံများ စသည်ဖြင့် အာဟာရ ဖြစ်စေမည့် အစားအစာ တမျိုးမျိုးကို နေ့စဉ် ကျွေးမွေးသည်။ ရိပ်သာကို တပတ်လျှင် တနင်္လာနေ့မှ သောကြာနေ့၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီဝန်းကျင် အထိ ဖွင့်လှစ်ပေးထားသည်။ တပတ်တွင် ၃ ရက် ကြိုပို့ကားများ ရှိသည်။ နေ့စဉ်ကြိုပို့မှု မလုပ်ဆောင်နိုင်ခြင်းမှာ ကားစီးရေနှင့် စက်သုံးဆီ စရိတ် လုံလောက်မှု မရှိခြင်းကြောင့်ဟု သိရသည်။ စက်သုံးဆီ စရိတ်သည် တရက်လျှင် ကျပ် တသောင်း ကုန်ကျသည်။ ရိပ်သာသို့ လာရောက်မည့် အဘိုး၊ အဘွားများအား ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ ကန့်သတ်မထားဘဲ အသက် ၇၀ ပြည့် ပြီးလျှင် လက်ခံပေးပြီး မိမိယုံကြည်ကိုးကွယ်ရာ ဘာသာအလိုက် တရားအားထုတ်နိုင်ရန်လည်း စီစဉ်ပေးထားသည်။ လက်ရှိ လာရောက် အနားယူနေသည့် ဘိုးဘွား ၈၀ ဝန်းကျင်တွင် ကိုယ်ပိုင်ဝင်ငွေ ရှိသူများ၊ ဌာနဆိုင်ရာ အငြိမ်းစားများ၊ မိ သားစုကို မှီခိုနေရသူ လက်လုပ်လက်စား အဘိုး၊ အဘွားများ စသည်ဖြင့် အမျိုးအစားစုံ ပါဝင်ပြီး အဘွားများထက် အဘိုးဦး ရေက ပိုမို များပြားသည်။ ဒေါက်တာ ကေသီကျော် က “အဘွားတွေ နည်းရတာကတော့ သူတို့က အိမ်မှာ လုပ်စရာတွေရှိတယ်၊ ဥပမာ- ကလေး ထိန်းတာမျိုး၊ အိမ်မှုကိစ္စ တခုခု လုပ်တာမျိုးတွေ ရှိတော့ အဘွားအများစုက မလာကြဘူး” ဟု ဆိုသည်။ အသက် ၈၉ နှစ်ရှိပြီ ဖြစ်သည့် အဘိုး ဦးငွေလွန်းစိန်က အသက် ၈၅ နှစ်ရှိပြီ ဖြစ်သော ဇနီးသည်သည် ၎င်းနှင့် အတူ ရိပ်သာ သို့ လာရန် ဆန္ဒမရှိဟု ပြောသည်။ ဦးငွေလွန်းစိန်သည် ယခင်က ကုန်သည်တဦး ဖြစ်သည်။ စာအုပ်များနှင့်လည်း အပန်းဖြေတတ်ကြသည့် အဘိုးများ (ဓာတ်ပုံ – ခင်ဦးသာ/ဧရာဝတီ) ဦးငွေလွန်းစိန်က “အိမ်မှာက လွတ်လပ်မှုမရှိဘူးလို့ ခံစားရတယ်၊ ပျင်းဖို့လည်း ကောင်းတယ်၊ အဘိုးကြီး၊ အဘွားကြီး ဆိုတော့ တခါတလေ သားသမီးတွေနဲ့ စကားများရတာရှိတယ်၊ ဒီမှာက လွတ်လပ်မှုရှိတယ်၊ ပျော်စရာလည်း ကောင်းပါတယ်” ဟု ပြောသည်။ ရိပ်သာရှိ အဘိုး၊ အဘွား အများစုက ၎င်းတို့ လက်ရှိရောက်နေသည့် နေ့ပိုင်းစောင့်ရှောက်ရေး ရိပ်သာသည် အခြား ရိပ်သာ များထက် ပိုမိုလွတ်လပ်မှုရှိ၍ နှစ်သက် သဘောကျသည်ဟု ပြောဆိုကြသည်။ အသက် ၈၄ နှစ်ရှိ အငြိမ်းစား ရှေ့နေကြီး အဘိုး ဦးကြည်လွင်ဆိုင်က“ဘိုးဘွား ရိပ်သာတွေထဲမှာမှ ဒီနေရာကို ဘာကြောင့် ရွေးချယ်ရလဲဆိုတော့ နေ့ဘက်ပဲ စောင့်ရှောက်ပေးလို့ပါ၊ ညနေဆို အိမ်ပြန်လို့ရတယ်၊ နောက်တခုက ဒီမှာက လွတ်လပ် တယ်လေ၊ သီချင်းဆိုလို့ ရတယ်၊ အဘိုးကြီး၊ အဘွားကြီးတွေ ဆိုပေမယ့် ကိုယ်ဝါသနာပါတာကို လုပ်ချင်ကြတာပေါ့” ဟု ပြောသည်။ ရိပ်သာရှိ အဘိုး၊အဘွားများ အတွက် လူမှုရေး ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အာဟာရ ကျွေးမွေးမှုများ အပြင် ဖွံ့ဖြိုးမှု အတွက် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်နိုင်မည့် နေရာများကိုပါ ဖန်တီးပေးထားသည်။ ထို့အတူ အဘိုး၊ အဘွား များ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက်လည်း ဆရာဝန်များ ထားရှိပြီး အရာအားလုံးသည် အခမဲ့ ကူညီစောင့်ရှောက် ပေးထားခြင်း ဖြစ်သည်။ ဒေါက်တာ ကေသီကျော်က “လူမှုရေးအရ စောင့်ရှောက်မှု ဆိုတာကတော့ သူတို့နဲ့ သက်တူရွယ်တူ အချင်းချင်း တွေ့ဆုံပေး ခြင်းပါ၊ သူတို့ရဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ဖလှယ်ရင်းနဲ့ ပြန်ပြီးတော့ နုပျိုသွားသလိုမျိုး ခံစားသွားကြတာပေါ့” ဟု ဆို သည်။ အသက် ၇၆ နှစ်ရှိသူ ဒေါ်စန်းမြင့်ကလည်း ၎င်းအနေဖြင့် ရိပ်သာသို့ လာရောက်ရခြင်းသည် သက်တူရွယ်တူ မိတ်ဆွေ များ ရှိ၍ ဖြစ်ကြောင်း၊ အသက်အရွယ်အရ တခါတရံ ကျန်းမာရေး ထိခိုက်မှု ရှိပါကလည်း ရိပ်သာရှိ ဆရာဝန်က ကုသပေး၍ သက်သာကြောင်း၊ ထို့အတူ ရိပ်သာတွင် ရွယ်တူ မိတ်ဆွေများနှင့် ပျော်ပျော်ရွှင်ရွှင် နေထိုင်ရသည့်အတွက် အသက် ပိုရှည် သည်ဟု ခံစားရကြောင်း ပြောသည်။ လက်ဖက်ရည်ဝိုင်းတွင် စကား လက်ဆုံကျနေကြသော အဘိုးတချို့ (ဓာတ်ပုံ – ခင်ဦးသာ/ဧရာဝတီ) ၎င်းက “အိမ်မှာက မိသားစုရှိပေမယ့် သားသမီးတွေက ဘာမှမလုပ်ခိုင်းဘူး၊ လုံးဝ အငြိမ်းစားလို ဖြစ်နေတယ်၊ ဒီမှာက လုပ် စရာတွေ အများကြီးရှိတယ်လေ၊ မနက်တိုင်း လေ့ကျင့်ခန်း လုပ်ရတာနဲ့တင် လာရကျိုးနပ်တယ်၊ စနေ၊ တနင်္ဂနွေ ကျတော့ သူငယ်ချင်းတွေဆီ ဖုန်းနဲ့ဆက်သွယ်ပြီး စကားပြောကြပေါ့” ဟု ဆိုသည်။ ဘိုးဘွားများသည် နေ့ပိုင်းစောင့်ရှောက်မှု ရိပ်သာသို့ အချင်းချင်း ဆက်သွယ်မှုဖြင့်လည်းကောင်း၊ ရပ်ကွက် အာဏာပိုင် များ က တိုက်တွန်း၍ လည်းကောင်း၊ သတင်းမီဒီယာများက တဆင့် သိရှိ၍လည်းကောင်း ပုံစံမျိုးစုံဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။ နေ့ပိုင်းဖြစ်၍ လွတ်လပ်မှုရှိပြီး ပျော်ရွှင်စရာ ကောင်းသည်ဟုလည်း အဘိုး၊ အဘွားများက ပြောဆိုကြသည်။ အဘိုး၊အဘွား နေ့ပိုင်း စောင့်ရှောက်ရေး ရိပ်သာသည် သက်ကြီးရွယ်အိုများ အတွက် အပန်းဖြေအနားယူရန် သင့်လျော် လုံခြုံ သည့် နေရာတခုဖြစ်ပြီး လွတ်လပ်စွာ နေထိုင်ရခြင်းကို ကြိုက်နှစ်သက်သည်ဟု အသက် ၇၉ နှစ်အရွယ် ဦးလှမြင့်က ပြောသည်။ ဦးလှမြင့်သည် သစ်တောဦးစီးဌာန အရာရှိတဦး ဖြစ်ခဲ့ပြီး အသက် ၅၀ အရွယ်တွင် အငြိမ်းစားယူခဲ့သည်။ အငြိမ်းစား ယူပြီး နောက် စင်ကာပူ၊ တရုတ်၊ မလေးရှား၊ ထိုင်းနိုင်ငံတို့ရှိ ကား အရောင်းစင်တာများတွင် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ နေ့ပိုင်း စောင့်ရှောက်ရေး ရိပ်သာသို့ လာရောက်သည့် အဘိုး၊အဘွား အများစုသည် မိသားစု အစုံအလင်ရှိသူ၊ သက်ရှိ ထင်ရှား အိမ်ထောင်ဖက်ရှိသူ၊ သားသမီးတဦးဦး ရှိသူ စသည်တို့ များပြားပြီး မိသားစုဝင် လုံးဝ မရှိသည့် အဘွားတဦး လည်း ရှိသည်။ အိမ်ပြန်ချိန်တွင်လည်း ရိပ်သာက အဘိုးအဘွားများကို ဤသို့ ကျွေးမွေး စောင့်ရှောက် (ဓာတ်ပုံ – ခင်ဦးသာ/ဧရာဝတီ) အသက် ၈၅ နှစ်အရွယ်ရှိ အဘွားဒေါ်အုံးကြည် (ခ) ဒေါ်အောင်မျိုးကြည်သည် မိသားစုဝင် တဦးတယောက်မျှ မရှိဘဲ နှစ် ပေါင်းများစွာ တဦးတည်း နေထိုင်လာခဲ့ပြီး မိတ်ဆွေတဦး၏ အကြံပေးမှုကြောင့် လွန်ခဲ့သည့် ၃ လ ကျော်က နေ့ပိုင်း စောင့်ရှောက်ရေး ရိပ်သာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ အဘွား ဒေါ်အုံးကြည် က “ကျမ ကိုယ်ဝန် ၅ လရှိတဲ့အချိန်မှာ အမျိုးသားက နောက်မိန်းမ ယူသွားတယ်၊ သမီးလေးတ ယောက်မွေးခဲ့ပေမယ့် အခုတော့ သမီးလည်း ဆုံးသွားခဲ့တာကြာပြီ၊ သမီးလေး ဆုံးသွားတဲ့အချိန်ကတည်းက တယောက် တည်း နေလာခဲ့တာ ဒီနေ့အထိပါပဲ” ဟု ပြောပြသည်။ ဒေါ်အုံးကြည်သည် ဘဝ ရပ်တည်ရေးအတွက် ဈေးသည်၊ ဇာတ်သမ၊ နတ်ကတော်၊ ဗေဒင်ဆရာမ၊ ဆေးကုသခြင်း စသည်ဖြင့် ဘဝမျိုးစုံ၌ ကျင်လည်ခဲ့ရသူ ဖြစ်သည်။ ဒေါ်အုံးကြည်က “ဒီရိပ်သာကို ရောက်ကတည်းက ၅၀ ရာခိုင်နှုန်းလောက်တော့ ပျော်ပါတယ်၊ နောက် ၅၀ ရာခိုင်နှုန်း ကတော့ မပျော်နိုင်သေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ငါဘယ်လို သေရမလဲဆိုတာ စဉ်းစားရင်းနဲ့ ဝမ်းနည်းနေမိတယ်” ဟု ပြောသည်။ ရိပ်သာရောက် အဘိုးအဘွားများကို ကူညီစောင့်ရှောက်ပေးနေသော ဒေါက်တာ ကေသီကျော် (ဓာတ်ပုံ – ခင်ဦးသာ/ဧရာဝတီ) နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာသည် လက်ရှိတွင် ကမ္ဘာအေး ဘုရားလမ်းရှိ တနေရာတည်းသာ ရှိပြီး နောက်ပိုင်းတွင် မန္တလေး၌ ဖွင့်လှစ်ပေးရန် စီစဉ်နေကြောင်း၊ ဘိုးဘွားများအတွက် နေ့ပိုင်းစောင့်ရှောက်ပေးရေး ဝန်ဆောင်မှု လုပ်ငန်းများကို မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်းတွင် မိမိတို့၌ ရှိသည့် အရင်းအမြစ်များဖြင့် တည်ထောင်၍ ဘိုးဘွားများ၏ အသက် ရှင်သန်မှုအတွက် အထောက်အကူ ပေးသင့်ကြောင်း ဒေါက်တာ ကေသီကျော်က ပြောသည်။ “လူတိုင်းလူတိုင်းဟာ အချိန်နဲ့အမျှ အိုနေကြရတယ်၊ ဒါကြောင့် သက်ကြီးရွယ်အိုတွေကို ကူညီ စောင့်ရှောက်ရင်းနဲ့ ကိုယ် တွေ အိုဖို့အတွက်လည်းပဲ ပြင်ဆင်ကြရမယ်။ ဒီ့အတွက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းတွေမှာ လူတိုင်းက ပါဝင်သင့် တယ်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝရဲ့ နောက်ဆုံးအချိန်ကို ဖြတ်သန်းလို့ရအောင် လူတိုင်းက ပါဝင်ကြဖို့ လိုပါတယ်” ဟုလည်း ဒေါက်တာ ကေသီကျော် က ပြောဆိုသည်။ ။ The post အထီးကျန် ဘိုးဘွားများ ဆုံစည်းရာ appeared first on ဧရာဝတီ.
Source : http://ift.tt/2viqAvM
via IFTTT
Source : http://ift.tt/2viqAvM
via IFTTT
ဒီတပတ္ ရန္ကုန္မွာ လည္ပတ္စရာ
ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ ၁။ စိတ်ကူးချိုချိုစာအုပ်တိုက် ၁၈ နှစ်ပြည့် စာအုပ်ဈေးရောင်းပွဲကို ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊ ကြားတောရလမ်း၊ အဏ္ဏ ဝါဓမ္မာရုံတွင် ၁.၈.၂၀၁၇ မှ ၁၃.၈.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါစာအုပ်ဈေးရောင်းပွဲတွင် စိတ်ကူး ချိုချိုစာအုပ်တိုက်ထုတ်စာအုပ်များကို အထူးလျှော့ဈေးများဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အမှတ်တရလက်ဆောင်ပ စ္စည်းများကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ၂။ ပန်းချီ၊ ပန်းပုနှင့် ယွန်းပညာရှင်များပါဝင်သည့် မုတ်သုန်ရာသီ မြန်မာ့လက်မှုအနုပညာနှင့် ပန်းချီပန်းပုပြပွဲကို ဒေါပုံမြို့ နယ်၊ ရှုခင်းသာရှိ water boom တွင် ၁၉.၇.၂၀၁၇ မှ ၃၀.၉.၂၀၁၇ ရက်နေ့အထိ ပြုလုပ် သွားမည်ဖြစ်သည်။ ပန်းချီ၊ ပန်းပု၊ ယွန်းအနုပညာလက်ရာများနှင့်အတူ လက်မှုထုတ်ကုန်များကိုလည်း ပြသရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။ ၃။ တင်မောင်ဆန်းမင်းဝင်းနှင့် မင်းရွှေရောင်တင် ရွှေမန်းသဘင်မိုးရာသီအပတ်စဉ်အထူးဖျော်ဖြေပွဲ ကန်တော်ကြီးမျှော်စင် ကျွန်းတွင် အပတ်စဉ် သောကြာ၊ စနေနေ့ည ၇ နာရီအချိန်တွင် တင်ဆက်သွားမည်ဖြစ်သည်။ ဖျော်ဖြေပွဲလက်မှတ်များကို ဖုန်း ၀၉-၇၉၂၈၆၆၃၇၀ သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။ ၄။ ရက်ဂေးအဆိုတော် စောဖိုးခွားဖျော်ဖြေမည့် Reggae Night ဂီတပွဲကို ဗိုလ်တထောင်ဆိပ်ကမ်းရှိ Vintage Luxury Yacht Hotel တွင် ၂.၈.၂၀၁၇ ရက်နေ့ ည ၇ နာရီခွဲတွင် စတင်ပြုလုပ်သွားမည်ဖြစ်သည်။ ဝင်ကြေးအခမဲ့ဖြစ်ပြီး ရက်ဂေး ဂီတချစ်မြတ်နိုးသူများ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။ ၅။ စာရေးဆရာ တာရာမင်းဝေကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်အမှတ်တရပွဲကို လမ်းမတော်မြို့နယ်၊ သံဈေးရှိ Yangon Book Plaza တွင် ၅.၈.၂၀၁၇ ရက်နေ့ နေ့လည် ၁ နာရီခွဲတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပွဲတွင် တာရာမင်းဝေအကြောင်း အမှတ်တရပြောကြားခြင်း၊ ကဗျာရွတ်ခြင်းနှင့် တာရာမင်းဝေအမှတ်တရ စာအုပ်ကိုလည်း လက်ဆောင်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။ ၆။ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းပါဝင်သည့် မြေပဲယိုအဖွဲ့၏ FRIDAY IN BLACK ဂီတပွဲကို ကျောက်တံတားမြို့ နယ်၊ ဆာကူရာတာဝါရှိ Yangon Barတွင် ၄.၈.၂၀၁၇ ရက်နေ့ ည ၈ နာရီတွင် စတင်ပြုလုပ် သွားမည်ဖြစ်သည်။ အဆို ပါ ဂီတပွဲတွင် မြေပဲယိုအဖွဲ့၏တေးသီချင်းအသစ်၊ အဟောင်းများဖြင့် ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်း တ သောင်းကျပ်ဖြစ် ကြောင်းသိရသည်။ ၇။ မင်္ဂလာအခမ်းအနား အသုံးအဆောင်ပစ္စည်းများကို ပြသသွားမည့် Melia Love Story Wedding Fair ကို ရန်ကုန်မြို့ ရှိ Melia Hotel တွင် ၅.၈.၂၀၁၇ မှ ၆.၈.၂၀၁၇ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပွဲတွင် အနုပညာရှင်၊ မော် ဒယ်များစွာက ပါဝင်ဆင်နွဲသွားမည်ဖြစ်ပြီး ကံစမ်းမဲအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ၈။ ပန်းချီဆရာ ၈ ဦးပါဝင်မည့် S8it Art Exhibition ပန်းချီပြပွဲကို ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ ဗိုလ် အောင်ကျော်ပန်းချီပြခန်းတွင် ၄.၈.၂၀၁၇ မှ ၈.၈.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ ပန်းချီပြပွဲတွင် ခေတ်ပြိုင်ပန်းချီကား ၃၀ ကျော် ပြသသွားမည် ဖြစ်ကြောင်းသိရသည်။ ၉။ မြန်မာလက်ဝှေ့သမားစိုးလင်းဦးနှင့် ပိုလန်လက်ဝှေ့သမား ဆာလာဒွိုက်တို့၏ လက်ဝှေ့ထိုးသတ်ပွဲကို သိမ်ဖြူလက်ဝှေ့ အားကစားရုံတွင် ၆.၈.၂၀၁၇ ရက်နေ့ နေ့လယ်၂ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ လက်မှတ်များမှာ တသောင်းကျပ်မှ ၃ သောင်းကျပ်အထိ သတ်မှတ်ထားပြီး ဖုန်းနံပါတ် ၀၉-၇၆၄၀၀၆၉၂၀ သို့ ဆက်သွယ်မှာယူနိုင်ကြောင်းသိရသည်။ ၁၀။ ပဲခူးမြို့ပန်းချီဆရာများ၏ BAGO ARTIST`s 2017 ပန်းချီပြပွဲကို ဗိုလ်ချုပ်ဈေးရှိ ပန်းချီပန်းပုအဖွဲ့ချုပ်(ဗဟို) ပန်း ချီပြခန်းတွင် ၂.၇.၂၀၁၇ မှ ၆.၈.၂၀၁၇ အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် မီဒီယံစုံလက်ရာစုံပန်းချီကားများကို ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။ The post ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ appeared first on ဧရာဝတီ.
Source : http://ift.tt/2voDpoV
via IFTTT
Source : http://ift.tt/2voDpoV
via IFTTT
Subscribe to:
Posts (Atom)