မလေးရှား၌ တိုက်ခိုက်ခံရသည့် မြန်မာ ၂ ဦး ဆေးကုသမှု ခံယူနေရဆဲ မလေးရှားနိုင်ငံ၌ တိုက်ခိုက်ခံရသည့် မြန်မာနိုင်ငံသား နှစ်ဦးသည် ဒဏ်ရာ ပြင်းထန်သည့် အတွက် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ကြောင်း သိရသည်။ ကွာလာလမ်ပူရှိ မလက္ကာအရပ်၌ သြဂုတ်လ ၂၉ ရက်နေ့က လူတစု၏ ဝိုင်းဝန်း တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံသား ကိုခွန်ထွန်းကြည် နှင့် ကိုဖုန်းမြင့်နိုင်တို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့ နှစ်ဦး စလုံးသည် ဆေးရုံတွင် ကုသမှု ခံယူ နေဆဲ ဖြစ်ကြောင်း ၎င်းတို့အား သွားရောက် တွေ့ဆုံခဲ့သူ ကပုန်း ၇ ရက် သားသမီး နာရေးကူညီမှု အသင်း ဥက္ကဌ ဦးဆန်းဝင်း က ဧရာဝတီ ကို ပြောသည်။ ဦးဆန်းဝင်း က “ဈေးဝယ်ပြီး ပြန်အလာမှာ လူတစုက ဝိုင်းပြီး တိုက်ခိုက်ကြတာပါ၊ တယောက်က နဖူးမှာ ၄ လက္မ ၅ လက္မ လောက် ဓားခုတ်ခံရတဲ့ အတွက် အတွင်းလူနာ အဖြစ် ကုသမှု ခံယူနေရဆဲပါ၊ နောက်တယောက် ကတော့ နည်းနည်း သက်သာနေပါပြီ” ဟုလည်း ဆိုသည်။ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ကိုခွန်ထွန်းကြည်သည် နဖူးဒဏ်ရာတွင် ပြင်းထန်စွာရရှိခဲ့ပြီး ကိုဖုန်းမြင့်အောင်သည် နောက်ကြော၌ ဒဏ်ရာရရှိခဲ့သည်။ ကိုခွန်းထွန်းကြည်သည် ရှမ်းပြည်နယ်မှ ဖြစ်ပြီး ကိုဖုန်းမြင့်အောင်သည် မန္တလေး တိုင်း မှ ဖြစ်ကြောင်း သိရသည်။ မောင်တော ဒေသ၌ ဖြစ်ပွားနေသည့် အကြမ်းဖက်များနှင့် မလေးရှား၌ မြန်မာ ၂ ဦး တိုက်ခိုက်ခံရသည့် အခြေအ နေ များကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသားများ အတွက် လုံခြုံမှုမရှိဟု ပြောနိုင်ကြောင်း၊ ထို့ကြောင့် မလေးရောက် မြန်မာများ အနေဖြင့် သွားလာရာ၌ သတိထား၍ နေထိုင်သွားလာကြရန် လိုအပ်ကြောင်း မလေးရောက် မြန်မာလူမှု အဖွဲ့ များက ပြောသည်။ မြန်မာနိုင်ငံသားများ အနေဖြင့် အလုပ်သွား အလုပ်ပြန်ချိန်များမှ အပ အပြင်ထွက်ခြင်း မပြုလုပ်ကြရန်နှင့် သွားလာရာ တွင် လည်း တဦးတယောက်တည်း မသွားဘဲ စုဖွဲ့၍ သွားလာကြရန်အတွက် မြန်မာသံရုံးကလည်း အသိပေး နှိုးဆော် ထား ကြောင်း၊ ကွာလာလမ်ပူရှိ သီတဂူ အထောက်အကူပြု အဖွဲ့မှ ဦးသီဟမောင်မောင် ကလည်း ပြောပြသည်။ ၎င်းက “ကိစ္စမရှိရင် အပြင်ကို မထွက်ကြပါနဲ့၊ တကယ်လို့ အလုပ်တွေသွားရင်လည်းပဲ တယောက်တည်း မသွားဘဲ အုပ်စု ဖွဲ့ သွားလာကြဖို့ သံရုံးကလည်း မကြာမကြာ နှိုးဆော်ထားတာ ရှိတယ်၊ လက်ရှိ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး တော့ သံရုံးက တဆင့် သတင်းထုတ်ပြန်လိုက်ရင် စိုးရိမ်ထိတ်လန့်မှုတွေ ပိုမိုဆိုးသွားမှာစိုးလို့ မထုတ်ပြန်သေးတာပါ၊ လိုအပ်ရင်တော့ တာဝန်ရှိသူတွေက အသိပေးဖို့ရှိပါတယ်” ဟု ဆိုသည်။ ထိုအကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ တရားခံတဦးအား ဖမ်းဆီး အရေးယူထားကြောင်း၊ ဆေးဝါး ကုသမှု ခံယူနေသည့် မြန်မာ နှစ်ဦးအတွက်လည်း သံရုံး တာဝန်ရှိသူများနှင့် လူမှုအဖွဲ့များက ကူညီဆောင်ရွက် ပေးနေကြောင်း လည်း ဦးသီဟမောင်မောင် က ပြောသည်။ မောင်တောဒေသ၌ ဘင်္ဂါလီ အကြမ်းဖက်မှုများနှင့် ဆက်စပ်၍ မလေးရှား နိုင်ငံရောက် မွတ်စလင်များက ကွာလာ လမ် ပူ ရှိ မြန်မာသံရုံးရှေ့တွင် သြဂုတ်လ ၃၀ ရက်နေ့ က ဆန္ဒပြမှုများ ဖြစ်ပေါ်ပြီးနောက် မြန်မာနိုင်ငံသား များအတွက် လုံခြုံရေး ပိုမို စိုးရိမ်ရကြောင်း၊ မလေးရောက် စက်ရုံအလုပ်သမား တဦးဖြစ်သူ ကိုထွန်းဝင်း က ဧရာဝတီ ကို ပြော သည်။ ထို့အတူ မောင်တောဒေသ၌ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများအား အစွန်းရောက် လူတစုက လုပ်ဆောင်ခြင်းအား ဘင်္ဂါလီ လူမျိုးများအား မြန်မာလုံခြုံရေးများက ညှဉ်းပန်းနှိပ်စက်သည့် ပုံသဏ္ဍာန်ဖြစ်အောင် လှုံ့ဆော်မှုများကြောင့် ပိုမို စိုးရိမ်ဖွယ်ရာ ဖြစ်လာသည်ဟုလည်း ကိုထွန်းဝင်း က ပြောဆိုသည်။ မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ရခိုင်ပဋိပက္ခများ၊ မိထ္ထိလာပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မလေးရှားနိုင်ငံ၌ မြန်မာ နိုင်ငံသားများအား အကြမ်းဖက် တိုက်ခိုက်မှု၊ သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ဦးရေလည်း ဆယ်ဂဏန်း ရှိခဲ့သည်။ မလေးရှားနိုင်ငံ၌ မြန်မာ အလုပ်သမား ၅ သိန်း ဝန်းကျင်ရှိပြီး တရားဝင် ဦးရေမှာ တသိန်း ကိုးသောင်းကျော် ရှိ ကြောင်း မြန်မာအစိုးရ က ထုတ်ပြန်ထားသည်။ The post မလေးရှား၌ တိုက်ခိုက်ခံရသည့် မြန်မာ ၂ ဦး ဆေးကုသမှု ခံယူနေရဆဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2vO0ey9
via IFTTT
Friday, September 1, 2017
ပြန်လာဖို့လည်း ခက်၊ ဆက်နေဖို့လည်း မရေရာ မယ်လအွန် (Mae La Oon) စခန်းတွင် နေထိုင်သည့် ဒုက္ခသည်များ အတွက် ဓာတ်အားပေးစက် တလုံးဖြင့် တညလျှင် တနာရီ လျှပ်စစ် မီးပေးသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ ယင်း မယ်လအွန် ဒုက္ခသည် စခန်းတွင် နေထိုင်သူ ၁ သောင်းခန့် ရှိသည်။ အသက် ၂၁ နှစ် အရွယ် ကွန်ပျူတာဆရာ တဦး ဖြစ်သူ နေကောထူးက လျှပ်စစ်မီးရရှိသည့် အချိန် အများစုကို ဖုန်း အားသွင်းရန်နှင့် သီချင်းဖွင့်ရန် အသုံးပြုသည်။ အထူးသဖြင့် သူ အနှစ်သက်ဆုံး ဖြစ်သော Bruno Mars ၏ သီချင်းများ ဖြစ်သည်။ ဒုက္ခသည် စခန်းမှ ထွက်သွားမည့် အချိန်အတွက် သူ့မှာ ကြီးမားသော အိပ်မက်များရှိသည်။ ကွန်ပျူတာပညာရှင် တယောက် သို့ မဟုတ် ပရိုဂရမ်ရေးသူ တယောက် ဖြစ်လာရန် သူမျှော်လင့်သည်။ ကရင်ပြည်နယ်တွင် မြန်မာ့ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား နှစ်ပေါင်း ၆၀ ကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းမှ ထွက်ပြေးလာသည့် ဒုက္ခသည် ၁ သိန်းခန့် ရှိသည် ဟု ခန့်မှန်းရပါသည်။ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးသော ပြည်တွင်းစစ်များထဲမှ တခု ဖြစ်သည်။ ဒုက္ခသည် အများစုမှာထိုင်း-မြန်မာနယ်စပ် တလျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် နေထိုင်ကြရသည်။ အခြား နိုင်ငံတခုတွင် အခြေချ နေထိုင်ခွင့်ရရန် အတွက် နေကောထူး စောင့်ဆိုင်းနေခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ့အတွက် ရွေးချယ်စရာက အနည်းငယ်မျှသာ ရှိသည်။ သူက ကုလသမဂ္ဂ ဒုက္ခသည်သည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ၂၀၁၄ ခုနှစ် အစပိုင်းတွင် စခန်းများမှ ဒုက္ခသည်များကို ပြန်လည် နေရာချထားရေး အတွက် မှတ်ပုံတင်သည့် အစီအစဉ်များ ရပ်ဆိုင်းလိုက်ပြီး နောက်ပိုင်းမှ ရောက်လာသူ ဖြစ်သည်။ နေကောထူး က အမေရိကန် နိုင်ငံတွင် အခြေချနေထိုင်ခွင့် ရရှိရေး အိပ်မက်ကို ဆက်လက် ဖက်တွယ်ထားသော်လည်း ဒုက္ခသည် စခန်းများရှိ အခြားသော သူများမှာမူ မျှော်လင့်ချက် ကင်းမဲ့သည့် ခံစားမှုများ မြင့်တက်လာနေကြသည်။ နယ်စပ်တွင် အကြီးဆုံး ဖြစ်သော နောက်ထပ် စခန်းတခု ဖြစ်သည့် မယ်လ (Mae La) တွင် ပြီးခဲ့သည့် ၂ နှစ် အတွင်း မိမိကိုယ်ကို သတ်သေသည့် ဒုက္ခသည် ၂၈ ဦး ရှိခဲ့ပြီး သတ်သေရန် ကြိုးပမ်းသူ ၆၆ ဦးရှိခဲ့ကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းသူများ အဖွဲ့ (International Organization for Migration – IOM) ၏ လေ့လာမှုအရ သိရသည်။ ထိုနှုန်းက ကမ္ဘာ့ မိမိကိုယ်ကို သတ်သေမှု ပျမ်းမျှနှုန်း၏ ၃ ဆ ဖြစ်သည် ဟု IOM ၏ ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် Dana Graber Ladek က ပြောသည်။ အလွန်ချစ်ကြသည် ဟု သူတို့မိသားစုများက ပြောသော စုံတွဲ တတွဲသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ အတွင်းတွင် ပေါင်းသတ် ဆေးများသောက်၍ သူတို့ကိုယ် သူတို့ အဆုံးစီရင်သွားကြသည်။ “တကယ်ကို စိတ်ထိခိုက်ဖို့ ကောင်းပါတယ်” ဟု ကိုယ်ဝန် ဆောင်အမျိုးသမီးများ၏ စိတ်ကျန်းမာရေး ဆိုင်ရာ သုတေသီတဦး ဖြစ်သော ဒေါက်တာ Gracia Fellmeth က ပြောသည်။ သူက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားသည့် အသက် ၁၈ နှစ် အရွယ် ကိုယ်ဝန်ဆောင် မိန်းကလေးကို မသေဆုံးမီ ၂ ရက်က ကိုယ်ဝန်ဆောင် ဆေးခန်းတခုတွင် တွေ့ဆုံခဲ့ဖူးသူ ဖြစ်သည်။ စခန်းတွင် ၂ နှစ်ကြာ သုတေသန ပြုလုပ်ခဲ့ပြီးနောက် Oxford တက္ကသိုလ်၊ Nuffield ကောလိပ်ရှိ လူဦးရေဆိုင်ရာ ကျန်းမာရေးဌာနမှ ပါရဂူတန်း ကျောင်းသူတယောက် ဖြစ်သည့် ဒေါက်တာ Gracia Fellmeth က အမျိုးသမီးများတွင် စိတ်ကျရောဂါ ကဲ့သို့သော စိတ် မူမမှန်ခြင်းများ ဖြစ်ပွားခြင်းက သူတို့ မမွေးဖွားမီ အချိန်နှင့် မွေးဖွားပြီးချိန်တို့တွင် တိုးလာကြောင်း တွေ့ရှိခဲ့သည်။ စိတ်ပိုင်းဆိုင်ရာ မူမမှန်ခြင်းများကို စောစီးစွာ သတိပြုမိခြင်းက မိမိကိုယ်မိမိ သတ်သေခြင်းများကို ကာကွယ်ရေး အတွက် ကူညီရာတွင် အရေးပါသော အချက် ဖြစ်သည် ဟု သူက ပြောသည်။ မီဒီယာများနှင့် စကားပြောရန် အခွင့်အာဏာ မရှိသည့် အတွက် သူ၏ အမည်ကို ဖော်ပြခြင်း မပြုရန် တောင်းဆိုခဲ့သော မယ်လစခန်းမှ နောက်ထပ် နှစ်သိမ့်ဆွေးနွေးသူ (counselor) တဦးက စခန်းများတွင် စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ ဆိုးဆိုးရွားရွားပင် နည်းပါးနေသည် ဟု ပြောသည်။ အထူးသဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးထားသည့် နှစ်သိမ့် ဆွေးနွေးသူများ မရှိခြင်း ဖြစ်သည်။ စခန်းများတွင် လူအများစု ဖြစ်သည့် ကရင်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု တွင်လည်း ကိုယ့်ကိုယ်ကို သတ်သေခြင်း သို့မဟုတ် စိတ်ဓာတ် ကျဆင်းမှုကို ခံစားရခြင်းတို့ နှင့် ပတ်သက်၍ ပြောဆိုခြင်းကို တင်းကျပ်စွာတားမြစ်ထားသည်။ ဒေါက်တာ Gracia Fellmeth နှင့် တွေ့ဆုံခဲ့သော အမျိုးသမီးအများစုက သူတို့၏ အနာဂတ်အတွက် အလွန်ပင် စိုးရိမ်ပူပန် နေရကြောင်း ပြောခဲ့ကြသည်။ အချို့က သူတို့ကို ကရင်ပြည်နယ်သို့ အတင်းအကျပ် ပြန်ခိုင်းမည်ကို စိုးရိမ် နေကြသည်။ သို့သော်လည်း သူတို့ အနေဖြင့် မြန်မာနိုင်ငံသို့ မပြန်နိုင်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် စစ်ပွဲ၏ စိတ် အနာတရများ ကြောင့် ဖြစ်ကြောင်း နှင့် အခြားသူများမှာ ပြန်စရာ မြေသို့မဟုတ် မိသားစု မရှိသောကြောင့် ဖြစ်ကြောင်း ပြောကြသည်။ မယ်လအွန် ၏ အစိတ်အပိုင်းများက ရွာတရွာ ကဲ့သို့ပင် ဖြစ်သည်။ ဝါးများ ထန်းရွက်များဖြင့် အခိုင်အမာ ဆောက်ထားသော အိမ်များ ရှိသည်။ လူငယ်များက မြေကွက်လပ် အနည်းငယ် ရှိသည့်နေရာတွင် ယောင်ချာချာဖြင့် စုရုံးနေကြသည်။ ပိုက်ကျော်ခြင်းခတ်သည့် လူတွေကို ကြည့်ကြသည်။ ခြင်းလုံးကစားနည်းကိုလည်း အနုပညာပုံစံ တခု အဖြစ် ယူဆကြသည်။ ဒုက္ခသည်များကို ထိုင်းနိုင်ငံတွင် အလုပ် လုပ်ခွင့် မပေးပါ။ သီးခြား ကန့်သတ်ထားသည့် နယ်စပ်ဒေသမှ ထွက်ခွာသွား နိုင်သူ အနည်းငယ်သာ ရှိသည်။ “တကယ်လို့ တရားမဝင် အလုပ် လုပ်နေတာကို မိသွားရင် ထိုင်းအာဏာပိုင်တွေက ကျမကို ဖမ်းပြီးထောင်ထဲ ထည့်လိုက်နိုင်တယ်” ဟု ညစာချက်ရန် ဆန်ဆေးနေသော ကောကေပေါ က ပြောသည်။ မယ်လအွန်တွင် မွေးဖွားခဲ့သည့် အသက် ၂၀ အရွယ် ကောကေပေါ က ဒုက္ခသည်စခန်း ခြံစည်းရိုး အပြင်ဘက်ရှိ ကမ္ဘာကို တခါမျှ မတွေ့ကြုံဖူးပါ။ လူငယ်များ အတွက် စိတ်ပျက်စရာ အကောင်းဆုံးအရာမှာ “နေ့တိုင်းက အတူတူ ဖြစ်နေခြင်း” ဖြစ်သည် ဟု အသက် ၂၄ နှစ် အရွယ် စောခူဒဲ က ပြောသည်။ စခန်းများ အတွင်းတွင် ဒုက္ခသည်များက ကိုယ့်ဘာသာ ထူထောင်ထားသည့် ကိုယ်ထူ ကိုယ်ထ စာသင်ခန်းများမှ သူတို့ ကျောင်းပြီးခဲ့သည့် နောက်ပိုင်းတွင် သူတို့ စိတ်ထဲတွင် ဘာမှ ရှိမနေတော့ပါ။ တတိယ နိုင်ငံများတွင် ပြန်လည် နေရာချထားရေး အစီအစဉ်များ ရပ်တန့်သွားသည့် အတွက် ဒုက္ခသည် အချို့က မြန်မာနိုင်ငံသို့ ပြန်ရန် ရွေးချယ်လာကြသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အတွင်းက UNHCR က ကူညီသည့် နေရပ်သို့ တရားဝင်ပြန်ပို့ရေး အစီအစဉ်ဖြင့် ဒုက္ခသည် ၇၁ ဦး မိမိဆန္ဒ အလျှောက် နေအိမ်သို့ ပြန်ခဲ့ကြသည်။ လက်နက်ကိုင် အဖွဲ့ များက တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ် ရေးထိုးခဲ့ပြီး ကရင်ပြည်နယ်တွင် ယခင်ကထက် ငြိမ်းချမ်းမှု ရှိလာသော်လည်း နေရပ်သို့ ပြန်သူအရေအတွက်က နည်းပါး နေဆဲ ဖြစ်သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ စောဝေလေး က ငြိမ်းချမ်းရေးက ကျိုးပျက်လွယ်သည့် အနေအထားတွင် ရှိနေဆဲ ဖြစ်သည် ဟု ပြောသည်။ “ဒုက္ခသည်တွေ ပြန်တာက စစ်တပ်ရုပ်သိမ်းရေးနဲ့ ဆက်သွယ်နေတယ်။ မြန်မာ့ တပ်မတော်က တပ်တွေနဲ့ စခန်းတွေက ကရင်ဒုက္ခသည်တွေရဲ့ မြေပေါ်မှာ ရှိနေတုန်းပဲ” ဟု သူက ပြောသည်။ ပဋိပက္ခ ကာလအတွင်းတွင် မြန်မာတပ်မတော် ကရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ဘက်ကပါ ကြုံသလို ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကလည်း နေရာ အနှံ့တွင် ရှိနေသည်။ မြန်မာနိုင်ငံသို့ ပြန်သွားသူများ၏ အတွေ့အကြုံများကို လေ့လာနေသည့် KHRG က အချို့က ပြန်လည် ပေါင်းစည်းရေးတွင် စိန်ခေါ်မှုများ ရှိခဲ့သည် ဟု ပြောသည်။ မြန်မာနိုင်ငံ ကြာအင်းဆိပ်ကြီး မြို့နယ်သို့ ဇနီးနှင့် အတူ ပြန်လာသော အသက် ၂၅ နှစ် အရွယ် စောဘီ က “ပြန်လာတာ ကျနော်တို့ အတွက် ကောင်းပါတယ်” ဟု KHRG သို့ ပြောသည်။ ၎င်းသည် နို့ဖိုးဒုက္ခသည် စခန်းတွင် စာရွက်စာတမ်း အထောက်အထား မရှိဘဲ နေထိုင်လာခဲ့ပြီးနောက် မြန်မာ နိုင်ငံသားစိစစ်ရေး ကတ်လည်း ရရှိခဲ့သည်။ “လူတယောက်က နိုင်ငံသားတယောက် ဖြစ်ခွင့် ရှိပါတယ်” ဟု သူက KHRG သို့ ဇန်နဝါရီလ အတွင်းက ပြောကြားသည်။ သို့သော်လည်း သူ အလုပ်ရှာမရသည့် အချိန်တွင် UNHCR ထံမှ ရရှိခဲ့သည့် အကူအညီများဖြင့် ခြိုးခြံ ရပ်တည်နေရသည် ဟု သူက ပြောသည်။ “တချို့ မူလရွာသားတွေက ကျနော်တို့ကို ခွဲခြားဆက်ဆံချင်ကြတယ်။ အလုပ်ရှိတဲ့ အခါကျရင် ကျနော်တို့ကို သတင်းမပေးချင်သလို လက်မခံချင်သလိုပဲ” ဟု စောဘီက ဆိုသည်။ မြေနှင့် အခြားသော အကူအညီများ ရရှိသော်လည်း နေရပ်ပြန်သူ အများအပြားမှာ ရေ၊ ကျောင်း သို့မဟုတ် ဆေးခန်း စသည့် ဝန်ဆောင်မှုများ ခံစားနိုင်ခြင်း မရှိကြောင်း ပြောကြသည်။ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ရှိလာမှသာ ဒုက္ခသည်အများစုက ပြန်လာနိုင်ကြမည် ဟု KHRG မှ စောဝေလေးက ပြောသည်။ အချို့ ဒုက္ခသည်များကမူ စစ်ပွဲ၏ အမှတ်ရစရာများက ယခုအချိန်အထိ နက်ရှိုင်းစွာ ရှိနေသေးသဖြင့် သူတို့ လုံးဝပြန်ကြမည် မဟုတ် ဟုလည်း သူက ပြောကြသည်။ ကရင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုလှုပ်ရှားမှုကွန်ရက် (KESAN) မှ ဒေါ်ဆာမူးက ဒုက္ခသည်များ အလုံးအရင်းနှင့် ပြန်လာရေး အတွက် ကရင်ကျေးရွာ အများအပြားတွင် လုံလောက်သော အခြေအနေများ ရှိမနေသေးကြောင်း သတိပေး သည်။ လတ်တလောတွင် ဒုက္ခသည်စခန်းများတွင် အကူအညီ ဖြတ်တောက်ခြင်းများက ဒုက္ခသည်များ သူတို့ အဆင်သင့် မဖြစ်မီ ကရင်ပြည်နယ်သို့ ပြန်ရန် ဖိအားပေးသလို ဖြစ်နေမည်ကို သူက စိုးရိမ်နေသည်။ (www.newsdeeply.com တွင် ဖော်ပြထားသည့် Libby Hogan ၏ Karen Refugees Wary of Return to Myanmar as Despair Rises in Camps ကို ဘာသာပြန်သည်။) The post ပြန်လာဖို့လည်း ခက်၊ ဆက်နေဖို့လည်း မရေရာ appeared first on ဧရာဝတီ.
Source : http://ift.tt/2vOq0lH
via IFTTT
Source : http://ift.tt/2vOq0lH
via IFTTT
နိုင်ငံတကာ အကူအညီများက အကြမ်းဖက်များကို အားပေးနေသည်ဟု အစိုးရ၏ ပြောကြားချက် အမေရိကန် သံအမတ် လက်မခံ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များသည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ARSA အကြမ်းဖက် အဖွဲ့ကို ထောက်ခံ အားပေးနေသည်ဟု မြန်မာအစိုးရ၏ ရည်ညွန်း ပြောကြားချက်များကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့ မာရှယ် (Scot Marciel) က ကြာသာပတေးနေ့ တွင် ပယ်ချလိုက် သည်။ “USAID ဒါမှ မဟုတ် တခြား အမေရိကန် အစိုးအေဂျင်စီတခုခုက ကျနော်တို့ ရှုတ်ချထားတဲ့ ARSA အကြမ်းဖက် အဖွဲ့ကို ထောက်ခံကူညီနေတယ် ဆိုတဲ့ သဘောမျိုး ပြောဆိုတာဟာ ကျိုးကြောင်းဆီလျော်မှု မရှိပါဘူး” ဟု စကော့ မာရှယ် က ဧရာဝတီသို့ ပြောသည်။ “ကျနော်တို့ လုပ်နေတဲ့ ဘယ်အရာမဆို၊ ရှေ့ဆက်လုပ်မယ့် ဘယ်အရာမဆိုဟာ မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ချမ်းသာကြွယ်ဝမှု တည်ဆောက်ရေး အားထုတ်မှုတွေကို ထောက်ခံကူညီဖို့သာ ဖြစ်ပါတယ်” ဟုပြောပြီး ထိုစွပ်စွဲချက်နှင့် ပတ်သက်၍ အမေရိကန်သံရုံးသည် အစိုးရနှင့် ဆွေးနွေးပြီး ဖြစ်သည် ဟု ဆိုသည်။ ARSA အကြမ်းဖက် အဖွဲ့က သောကြာနေ့တွင် ရဲ တပ်ဖွဲ့နှင့် တပ်မတော် စခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော် က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စစ်ဆင်ရေးကြီးများ လုပ်ကိုင်သောအခါ အကြမ်းဖက် စခန်းများဟု သံသယရှိသော နေရာများတွင် အကူအညီပေးရေး အဖွဲ့များ၏ ကယ်ဆယ်ရေးပစ္စည်းများကို တွေ့ရသည်ဟု မြန်မာအစိုးရက ကြေညာချက် အများအပြားတွင် ဖော်ပြခဲ့သည်။ ထို တိုက်ခိုက်မှုများနှင့် ဆက်လက်ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦး အပါအဝင် လူ ၁၀၀ ကျော်သေဆုံးကာ လူထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု အတည်ပြုထားပြီး ဖြစ်သည်။ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာ ဟု ခေါ်သူ ၁၈၀၀၀ ခန့်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားသည် ဟု နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှု အဖွဲ့ (IMO) က ဗုဒ္ဓဟူးနေ့တွင် ခန့်မှန်းခဲ့သည်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ပေးပို့သော စွမ်းအားဖြည့် ဘီစကစ်များနှင့် USAID တံဆိပ်ပါသော ဆန်အိတ် များကို မောင်တောမြို့နယ် ကြီးကျွန်းရှိ အကြမ်းဖက်စခန်း ဟု သံသယရှိသော နေရာများတွင် တနင်္လာနေ့က တွေ့ခဲ့ရ သည်ဟု အစိုးရ၏ သတင်းထုတ်ပြန်ရေး ကော်မတီက ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။ စစ်သွေးကြွများသည် အကူအညီပေးရေး အဖွဲ့များထံမှ ရရှိသော အမိုးနီးယား နိုက်ထရိတ် ဓာတ်မြေသြဇာများနှင့် သံပိုက် များဖြင့် လက်လုပ်မိုင်းများ ပြုလုပ်သည်ဟု ရဲမှူးချုပ် ဝင်းထွန်းက အင်္ဂါနေ့က အမျိုးသားလုံခြံရေး အကြံပေး ဦးသောင်းထွန်း ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသော်လည်း မည်သည့် အကူအညီပေးရေးအဖွဲ့ ဖြစ်သည်နှင့် ထိုပစ္စည်းများကို စစ်သွေးကြွများ မည်သို့ ရရှိသည်ကို ပြောကြားခြင်း မရှိပေ။ WFP အမှတ်တံဆိပ်ပါ အစားအသောက်များ၏ ဓာတ်ပုံများကို သတိထားမိကြောင်းနှင့် ထို အစားအသောက်များ စစ်သွေး ကြွများလက်သို့ မည်သို့ ရောက်ရှိသည်ကို ခြေရာခံ လိုက်နိုင်ရန် ထပ်မံ စုံစမ်းစစ်ဆေးရန် မြန်မာအာဏာပိုင်များ ထံမှ အချက် အလက်များ တောင်းခံထားသည် ဟု WFP က ကြာသပတေးနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထား သည်။ “WFP သည် ထိုအစားအစာများ လမ်းလွှဲ ရောက်ရှိခြင်းနှင့် ပတ်သက်သော စွပ်စွဲချက်များကို အလေးအနက်ထား ကိုင် တွယ် နေပြီး လိုအပ်သော မိသားစုများ အတွက် အစားအစာ အကူအညီများကို အခြားနေရာများတွင် အသုံးပြုခြင်းကို ခိုးယူမှု အဖြစ် သတ်မှတ်ကြောင်း” ထို ကြေညာချက်တွင် ဖော်ပြထားသည်။ အခြေအနေ မတည်ငြိမ်ဘဲ သတင်းအချက်အလက် ရရန် ခက်ခဲသောကြောင့် ဆန်အိတ်များ တွေ့ခြင်းကို အတည် မပြု နိုင်ကြောင်းနှင့် အကူအညီများ မည်သို့ လမ်းလွဲ ရောက်ရှိသွားသည်ကို စုံစမ်းစစ်ဆေးရန် မဖြစ်နိုင်ကြောင်း အမေရိကန် သံရုံး ပြောခွင့်ရသူ တဦးက ပြောသည်။ နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများသည် တိုက်ခိုက်မှုများတွင် ပါဝင်သည် သို့မဟုတ် တိုက်ခိုက်မှုများကို ပံ့ပိုး ပေးသည် ဟူသော ပြောဆိုမှုများ အတွက် စိုးရိမ်မကင်းကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီး Zeid Ra’ad Al Hussein က ပြောသည်။ “ထိုသို့သော ပြောဆိုချက်များသည် တာဝန်မဲ့ကြောင်းနှင့် နောက်ထပ် အကြမ်းဖက်မှုများ ဖြစ်နိုင်ခြေနှင့် စိုးရိမ်ထိတ်လန့်မှု များကိုသာ တိုးပွားစေသည်” ဟု အင်္ဂါနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ “နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များကို အထောက်အထားမဲ့ စွပ်စွဲချက်များသည် ထိုအဖွဲများမှ အလုပ်သမားများကို အန္တရာယ် ကျရောက်စေပြီး အရေးပါသော အကူအညီများ ပေးရေးကို အခက်အခဲ ဖြစ်စေမည်ကို လွန်စွာ စိုးရိမ်သည်” ဟု လည်း ၎င်းက ပြောသည်။ ၂၀၁၇ ခုနှစ် မတ်လက ရခိုင်ပြည်နယ်တွင် အကူအညီပေးရေး အေဂျင်စီ ၇၇ ခု ရှိပြီး နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့ ၂၈ ခုပါဝင်သည် ဟု မြန်မာနိုင်ငံ သတင်းစီမံခန့်ခွဲမှု အဖွဲ့၏ အဆိုအရ သိရသည်။ တိုက်ခိုက်မှုများကြောင့် ကုလသမဂ္ဂနှင့် အခြား အကူအညီပေးရေး အဖွဲ့များသည် အရေးပါမှု နည်းသော အလုပ်သမားများ အားလုံးကို ယခုသီတင်းပတ် အတွင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားလိုက်သည် ဟု Reuters သတင်းက ဆိုသည်။ ၂၀၁၂ ခုနှစ် ပဋိပက္ခမှ စတင်ပြီး ရခိုင်ပြည်နယ်တွင် အစိုးရမဟုတ်သော အဖွဲ့များကို ဆန့်ကျင်သောစိတ်များ ပျံ့နှံ့နေသည်။ ရခိုင် လူမျိုးများက အကူအညီပေးရေး အဖွဲများသည် သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ခေါ်သူများကို မျက်နှာသာ ပေးသည် ဟု ခံစားကာ ဆန့်ကျင်ကြခြင်း ဖြစ်သည်။ သောကြာနေ့က ဖြစ်ပွားသော အကြမ်းဖက်မှုများကို ကုလသမဂ္ဂနှင့် အခြား သံရုံးများနှင့် အတူ စကော့ မာရှယ် ကလည်း ရှုတ်ချခဲ့ပြီး တရာဥပဒေ စိုးမိုးရေး အတွက် လုံခြုံရေး တပ်ဖွဲ့များသည် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်မည် ဟူသော အစိုးရ၏ ကြေညာချက်ကိုလည်း ၎င်းက ကြိုဆိုလိုက်သည်။ ကြီးကြပ် စောင့်ကြည့်သူများ၊ အကူအညီပေးရေး အဖွဲ့များနှင့် သတင်းသမားများကို အနှောင်အဖွဲ့ကင်းသော ခရီး သွားလာ ခွင့် ပေးရန်လည်း ၎င်းက တိုက်တွန်း တောင်းဆိုသည်။ (ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Rik Glauert ၏ US Ambassador Rejects Govt Implication of Aid Agencies in Rakhine Attacks ကို ဘာသာပြန်သည်။) The post နိုင်ငံတကာ အကူအညီများက အကြမ်းဖက်များကို အားပေးနေသည်ဟု အစိုးရ၏ ပြောကြားချက် အမေရိကန် သံအမတ် လက်မခံ appeared first on ဧရာဝတီ.
Source : http://ift.tt/2xBOPDV
via IFTTT
Source : http://ift.tt/2xBOPDV
via IFTTT
“ဒီမိုကရေစီကို ခြိမ်းခြောက်ခံနေရပြီ” လို့ ဆိုလိုက်တဲ့ ဦးကိုကိုကြီး ပြည်တွင်းအခြေစိုက် လွှတ်တော်လေ့လာစောင့်ကြည့်ရေး အဖွဲ့တခု ဖြစ်တဲ့ ပွင့်လင်း မြန်မာ့ရှေ့ဆောင် (Open Myanmar Initiative – OMI) ရဲ့ သုတေသန စာစဉ်တခုမှာ ပါတဲ့ မှတ်ချက်နဲ့ ပတ်သက်လို့ မှားယွင်း ထုတ်ပြန်ခဲ့ကြောင်း ရှင်းလင်း ပေးဖို့နဲ့ မှားယွင်းမှုအတွက် တောင်းပန် စာပေးပို့ဖို့ ပြည်ထောင်စုလွှတ်တော်ရုံးက သြဂုတ် ၂၄ ရက်မှာ OMI ကို အကြောင်းကြားစာ ပေးပို့ခဲ့သလို တပတ်အတွင်း မလုပ်ဆောင်ပါက ဥပဒေနဲ့ အညီ ဆက်လက် ဆောင်ရွက်သွားမယ် လို့လည်း ပါရှိပါတယ်။ ပြည်ထောင်စု လွှတ်တော်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက အကယ်၍ သုတေသန အဖွဲ့အစည်း ဘက်က မှားနေတယ် ဆိုရင်တောင် ပြန်လည် ရှင်းလင်း ထောက်ပြလိုက်ရုံနဲ့ လုံလောက်ကြောင်း၊ အခုလို ခြိမ်းခြောက်တဲ့ ပုံစံမျိုး မလုပ်သင့်ကြောင်း ဝေဖန်တာတွေလည်း ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ OMI မှာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေတဲ့ ဦးကိုကိုကြီး (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) ရဲ့ တသီးပုဂ္ဂလ အမြင်၊ ၈၈ မျိုးဆက်တွေ ပါဝင်မယ့် နိုင်ငံရေး ပါတီကိစ္စနဲ့ လက်ရှိ ရခိုင်ပြည်နယ် မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုအပေါ် ဦးကိုကိုကြီးရဲ့ အမြင်သုံးသပ် ချက်တွေကို ဧရာဝတီ သတင်းထောက် ဇူးဇူးက မေးမြန်းထားပါတယ်။ မေး။ ။ ပြည်ထောင်စုလွှတ်တော်ရုံးက OMI ကို ၇ ရက်အတွင်း တောင်းပန်စာ ပို့ဖို့နဲ့ အဲဒီလိုမဟုတ်ရင် ဥပဒေနဲ့ အညီ ဆောင်ရွက်မယ် ဆိုပြီး စာပို့တဲ့ အပေါ် ဦးကိုကိုကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ဖြေ။ ။ ကျနော် တော်တော် အံ့အားသင့်တယ်။ စိတ်မကောင်းလည်း ဖြစ်တယ်။ ဒီစာက ရုံးစာပို့တာ ဆိုရင် ရုံးစာနဲ့ တုံ့ပြန်ဖို့။ အခုက လူသိရှင်ကြား လွှတ်တော်ရုံး website ကနေ တင်တယ်။ နောက်တခါ ပြန်တမ်းအဖြစ်ပါ ဖော်ပြပြီး ထုတ်ပြန်လာတဲ့ အပေါ်မှာ ကျနော်လည်း စာလုံး တလုံးချင်း အပေါ် လေ့လာဖတ်ရှုပြီးတော့ ကျနော့်ရဲ့ တသီးပုဂ္ဂလ အမြင်ကိုပဲ ပြောချင်တယ်။ ဒီနေရာမှာ “ပွင့်လင်း မြန်မာ့ရှေ့ဆောင်ဟာ အဆိုပါ ဥပဒေကြမ်း ဆောင်ရွက်မှု လုပ်ငန်းစဉ်ကို ဂဃနဏ သိရှိအောင် လေ့လာ ဆန်းစစ်ခြင်း မပြုဘဲ” ဆိုတာက လက်မှတ်ထိုးထားတဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး ပြည်သူ့လွှတ်တော်ရုံး။ သူနဲ့ ပတ်သက်တဲ့ လွှတ်တော်တာဝန်ရှိသူနဲ့ လွှတ်တော်ရုံး တာဝန်ရှိသူများက ကောက်ချက် သုံးသပ်ချက်။ အကြောင်း အရာ တခုကို ပြောပြီဆို အချက်အလက်ကို ဖော်ပြတာ ရှိတယ်။ အဲဒီ အချက်အလက် အပေါ်မှာ ကောက်ချက်တွေ သုံးသပ်ချက်တွေ ဖော်ပြတာ ရှိတယ်။ ဂဃနဏ သိရှိအောင် လေ့လာဆန်းစစ်ခြင်း မပြုဘဲ ဆိုတာက လက်မှတ်ထိုးထားတဲ့ ဦးကျော်စိုး အပါအဝင် လွှတ်တော်ရုံး တာဝန်ရှိသူများရဲ့ ကောက်ချက်ဖြစ်တယ်။ ဒါ အချက်အလက် မဟုတ်ဘူး ဆိုတာ အရင်ဆုံး ပြောပြချင်တယ်။ နောက်တခုက “ဒီလို ဆောင်ရွက်ခဲ့ခြင်းဟာ ဥပဒေပြုရေး တာဝန်ထမ်းဆောင်နေသည့် လွှတ်တော်အသီးသီးအပေါ် မထီမဲ့မြင် ပြုရာရောက်သည်” ဆိုတာလည်း ကောက်ချက်။ ဘာကြောင့် ဒီလို ကောက်ချက်မျိုးကို တာဝန်ကြီးကြီး ယူထားတဲ့သူတွေက သတ်မှတ်သလဲ ဆိုတာ စိတ်ဝင်စားတယ်။ လွှတ်တော်အသီးသီး အပေါ် ဆိုတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အပြီး ပေါ်ပေါက်လာတဲ့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော် အစိုးရကိုပါ မထီမဲ့မြင် လုပ်ပါတယ်လို့ ကောက်ချက်ချလိုက်တယ်။ ဒါကျတော့ စွပ်စွဲတာ ဖြစ်သွားပြီ။ ဒီဖြစ်ရပ်က ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ဦးသိန်းစိန်အစိုးရ သူရဦးရွှေမန်း ဦးခင်အောင်မြင့်တို့ လွှတ်တော်လက်ထက်မှာ ပေါ်ပေါက်ခဲ့တဲ့ ကိစ္စ။ အသေးစိတ်ဆိုရင် လွှတ်တော်အလွှဲအပြောင်း မလုပ်ခင်အထိ ပထမလွှတ်တော် သက်တမ်းမှာ ပေါ်ပေါက်ခဲ့တဲ့ ကိစ္စ။ ပထမလွှတ်တော်မှာမှ အစည်းအဝေး အကြိမ်ပေါင်း ၁၃ ကြိမ်ပြုလုပ်ခဲ့တဲ့ အနက် ၁၂ ကြိမ်မြောက် အစည်းအဝေး တကြိမ်မှာမှ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာများ အနက်က အကြောင်းအရာတခုအပေါ်မှာ သုတေသန အဖွဲ့အစည်း တခုက နေပြီးတော့ သူ့ရဲ့ ရှာဖွေတွေ့ရှိချက်ကို ပြန်ဖော်ပြတာ ဖြစ်တယ်။ သုတေသနအဖွဲ့ အစည်းတခုရဲ့ သုံးသပ်ချက်ဆိုတာ တယောက်နဲ့ တယောက် ကွဲလွဲမှုတွေ ရှိနိုင်တယ်။ ကွဲလွဲမှုတွေရှိတယ် ဆိုရင်တောင် အကျိုးသင့် အကြောင်းသင့် ပြန်ရှင်းပြရင် လေ့လာစောင့်ကြည့်တဲ့ အဖွဲ့အစည်းက နောက်တကြိမ် ထုတ်ပြန် တဲ့ အခါ ကာယကံရှင် အဖွဲ့အစည်း ဖြစ်တဲ့ လွှတ်တော်ကနေ “ဒီလိုမျိုး အကြောင်းပြန်စာ ပို့လာပါတယ်။ ဒါကို အများပြည်သူ ဆက်လက် နှိုင်းယှဉ်လေ့လာနိုင်ရန် သိရှိနိုင်ရန် ထည့်သွင်းဖော်ပြအပ်ပါတယ်” ဆိုရင် လေ့လာတဲ့သူတွေ အနေနဲ့ ရှုထောင့်နှစ်မျိုး သိနိုင်တယ်။ အများပြည်သူတွေက လေ့လာပြီးတဲ့ အခါ “သူတို့ ကောက်ချက်ကတော့ လွဲနေတယ်။ ဒါကတော့ ဒီလိုဖြစ်နိုင်တယ်” စသဖြင့် အတွေးအခေါ်လွတ်လပ်မှု freedom of thought ဖြစ်ဖို့။ နောက်တခါ freedom of information သတင်း အချက် အလက် လွတ်လပ်ခွင့် ရှိဖို့ ဆိုတဲ့ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ် အဖြစ် ကျနော်တို့ ကြိုးစားနေတဲ့ကာလမှာ “အများပြည်သူ ထင်ယောင် ထင်မှားဖြစ်အောင် လွှတ်တော် အသီးသီးကို မထီမဲ့မြင် ပြုရာရောက်ပါသဖြင့်” ဆိုတာက “သုတေသန အဖွဲ့အစည်းတခုကို အများပြည်သူ အထင်မြင်လွဲမှားမှု ဖြစ်အောင် ဖော်ပြတာဖြစ်နေတယ်” လို့ မြင်တယ်။ နောက်တခုက အပိုဒ် ၄ မှာ ဖော်ပြတဲ့ အချက်ဆိုရင် ခြိမ်းခြောက်တာ၊ ရာဇသံပေးတာ ဖြစ်သွားပြီ။ “(က) သတင်းမီဒီယာနဲ့ သက်ဆိုင်ရာများအား ဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲ ပြန်လည် ပြုလုပ်ရန်။ (ခ) သတင်းစာရှင်းလင်းပွဲမှာ အဆိုပါ ဥပဒေနှင့် စပ်လျဉ်း၍ မှားယွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း” ဆိုတာက မှားကို မှားတယ်လို့ ပြောပေးရမယ်။ အဲလို မှားယွင်းခဲ့မှု အတွက် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်ရုံးသို့ တောင်းပန်စာ ပေးပို့မည် ဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်ပေးရန်။ ရက်ပါကန့်သတ်ပေးတယ်။ “(ဂ) အကြောင်းကြားစာပေးပို့သည့် နောက်တရက်မှ ၇ ရက်အတွင်း ဆောင်ရွက်သွားရန်။ မဆောင်ရွက်ဘူး ဆိုရင် ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း။” အခု ဒီမိုကရေစီ အစိုးရ၊ ဒီမိုကရေစီလွှတ်တော်လို့ ပြောလို့ရတဲ့ အချိန်မှာ သုတေသန အဖွဲ့စည်းတခုကို ခြိမ်းခြောက်ခြင်းဟာ သုတေသနလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်တာလို့ မြင်တယ်။ ဒီနိုင်ငံမှာ သုတေသနတွေ လူထုစစ်တမ်းတွေ ကောက်ယူတဲ့ ယဉ်ကျေးမှု အကုန်လုံး ချိုးဖျက် ခံထားရတယ်။ အာဏာရှင် စနစ်ဟာ လွတ်လပ်တဲ့ သုတေသန လုပ်ငန်းတွေကို အင်မတန် ကြောက်တယ်။ အင်မတန်လည်း ရွံမုန်းတယ်။ သူတို့ လိုချင်တဲ့ အဖြေထွက်ဖို့ အတွက် တည်ဆောက်တဲ့အလုပ်မျိုးတွေကိုပဲ လုပ်တယ်။ တကယ့်လွတ်လပ်တဲ့ သုတေသနတွေ ကို ပိတ်ပင်တားဆီးတယ်။ ခြိမ်းခြောက်တယ် ဆိုတာမျိုးတွေ နှစ်ပေါင်းများစွာ ကြုံခဲ့ပြီးပြီ။ OMI ကနေ ပြောပြနေတဲ့ ဟာတွေကို တခါတရံ အကောက်အယူ လွဲတယ် ဆိုရင်လည်း ဆွေးနွေးဖြေရှင်းလို့ ရတယ်။ ဒါကို ဥပဒေအရ အရေးယူမယ် ဆိုတော့ တပ်ထားတဲ့ ခေါင်းစဉ်က လွှတ်တော်အသီးသီးကို မထီမဲ့မြင် ပြုတယ်။ လွှတ်တော် ဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော်ဆိုတဲ့ စကားရပ်မှာ အကျုံးဝင်တယ်။ နိုင်ငံတော်ဆိုတာ အုပ်ချုပ်ရေးနဲ့ ဥပဒေ ပြုရေးကို နိုင်ငံတော်လို့ သတ်မှတ်တယ်။ ဒါဆိုရင် နိုင်ငံတော်ကို မထီမဲ့မြင်ပြုတယ်။ အယုံအကြည်ပျက်စေမှု ဆိုတဲ့ ဧရာမပုဒ်မကြီးလောက်ထိ သုတေသန အဖွဲ့အစည်းတခုကို ခြိမ်းခြောက်လာတယ် ဆိုတာ တော်တော်စိုးရိမ်စရာကောင်းတယ်။ OMI အတွက် စိုးရိမ်တာ မဟုတ်ဘူး။ ဒီမိုကရေစီအတွက် တော်တော်စိုးရိမ်စရာ ကောင်းတဲ့ လုပ်ရပ်လို့ မြင်တယ်။ လက်ရှိလွှတ်တော်အကြီးအကဲတွေရော အစိုးရပိုင်းတွေရော သာမန်ပြည်သူတွေရော ရှင်းရှင်းလင်းလင်းဖြစ်ဖို့အတွက်က ယခုအစိုးရ ယခုလွှတ်တော်နဲ့လုံးဝမပတ်သက်ဘူး။ ယခင်လွှတ်တော် အစည်းအဝေးတခုရဲ့ ဆွေးနွေးချက်တခုအပေါ်မှာ သုတေသနအဖွဲ့အစည်းတခုက အပြုသဘောဆောင်တဲ့ သူ့ရဲ့တွေ့ရှိချက် ထုတ်ပြန်ခြင်းအပေါ်မှာ အခုလိုမျိုး ခြိမ်းခြောက်ခံရခြင်းသည် သုတေသနလုပ်ငန်းတွေကိုပါ ဖွံ့ဖြိုးမှုမရှိအောင် ခြိမ်းခြောက်ခံရတယ်လို့ မြင်တယ်။ ဒါ ကျနော့်တဦးချင်းရဲ့ ခံစားချက်ပါ။ တကယ်တော့ သုတေသန အဖွဲ့အစည်းတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုသင့်တယ်။ အပြန်အလှန် မိတ်ဖက် အဖွဲ့အစည်း တွေ အဖြစ်နဲ့ ပူးပေါင်း ဆောင်ရွက်တာမျိုး လုပ်သင့်တယ်လို့ မြင်တယ်။ လူတွေကို မပြောရဲ မဆိုရဲဖြစ်အောင် လုပ်တာတွေ သိပ်များလာပြီ ဆိုရင်တော့ ဒီမိုကရေစီကို ခြိမ်းခြောက်ခံနေရပြီလို့ပဲ ကျနော်မြင်တယ်။ မေး။ ။ လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဦးကိုကိုကြီး အနေနဲ့ ဘာများ ပြောချင်ပါသလဲ။ ဖြေ။ ။ ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ အစိုးရလက်ထက် ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ပါဝင်ခဲ့တော့ ကျနော်တို့တုန်းက ကိုင်တွယ် ချဉ်းကပ်တဲ့ ပုံစံကို အရင်ဆုံး ပြောချင်တယ်။ ကျနော်တို့က ဒီကိစ္စကို ကိုယ့်ရဲ့ ပြည်တွင်းရေး ကိုယ့်ရဲ့ အချုပ်အခြာ အာဏာပိုင်နက် ကိစ္စလို့ ရှုမြင်သုံးသပ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ ကော်မရှင်မှာ ပြည်တွင်းက ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်း အသီးသီးနဲ့ ပညာရှင်တွေ ပါဝင်ဖွဲ့စည်းပြီးတော့ မျှမျှတတ ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစား ထုတ်ပြန်ခဲ့တယ်။ ဒါက အခြေခံကျတဲ့ concept ။ ကျနော်တို့ မြင်တာက ဒါ ပြည်တွင်းရေး။ ကျနော်တို့ရဲ့ အချုပ်အခြာအာဏာ ကိစ္စလို့ မြင်တယ်။ အခုလည်းပဲ အဲဒီ အခြေခံပေါ်ကနေ ရပ်တည်ပြီးတော့ ပြောချင်တယ်။ နိုင်ငံတကာ ပြဿနာ ဖြစ်အောင် ဖန်တီးတာသည် သွေးရိုးသားရိုး ဖြစ်ပေါ်လာတာ မဟုတ်ဘူး။ တမင်တကာ ရည်ရွယ်ပြီး ဖန်တီးထားတာ ဖြစ်တယ်။ အဲဒီဖန်တီးထားတာကို အသိအမှတ်ပြုပြီး လက်ခံဖြေရှင်းဖို့ စဉ်းစားတဲ့ စဉ်းစားချက်မျိုး မဖြစ်သင့်ဘူး။ ကျနော်တို့ ပြည်တွင်း နယ်မြေပိုင်နက် အချုပ်အခြာ အာဏာပိုင်နက် ကိစ္စ ဖြစ်တယ်။ ဒါကြောင့် အတတ်နိုင်ဆုံး မျှတတဲ့ နည်းလမ်းရှာဖွေမယ်။ ဖြေရှင်းမယ်။ အဲဒီ အတွက် တကယ် စိတ်ကောင်းစေတနာရှိတဲ့ မျှမျှတတရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် ဖိတ်ခေါ်တာပဲ ရှိတယ်။ ကာယကံရှင်ကတော့ နိုင်ငံတော်ကသာ အဓိက လုပ်ရမယ်လို့ မြင်တယ်။ တမင် လုပ်ထားတဲ့ နိုင်ငံတကာ ပြဿနာ ဖန်တီးနေတဲ့ ကိစ္စကြီးကို အသိအမှတ်ပြုပြီး ဖြေရှင်းရင် ကျနော်တို့ ပိုင်နက်နယ်မြေ အချုပ်အခြာကို ကျော်လွန်ပြီး စဉ်းစားသလို ဖြစ်နေတယ်။ ဒါ အခြေခံကျဆုံး ကျောရိုးကို ပြောတာ။ နောက်တခုက ပြီးခဲ့တဲ့ ကြံ့ခိုင်ရေး အစိုးရ လက်ထက်ကတောင်မှ အခုလို အကြမ်းဖက် တိုက်ခိုက်မှုမျိုး လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ဝင်စီးတာမျိုးတွေ မရှိဘူး။ အခု ဒီလိုဖြစ်လာတယ် ဆိုတဲ့ ကိစ္စက သွေးတိုးစမ်းလာတယ်။ နိုင်ငံရေးထိုးစစ်နဲ့ အရင်စပြီး တိုက်ခိုက်တယ်။ နိုင်ငံတကာ ဖိအားတွေ ဖြစ်လာအောင်လုပ်တယ်။ ပြီးတဲ့ အချိန်မှာ စစ်ရေးထိုးစစ်ပါ ဖြစ်လာတယ် ဆိုတော့ ဒါဟာ သာမန်ကိစ္စ ဆိုတာထက် အကြမ်းဖက်မှုကိစ္စ ဖြစ်လာပြီ။ အကြမ်းဖက်မှု ဖြေရှင်းပြီ ဆိုရင်တော့ ကျနော်တို့က strong leadership လိုတယ်။ ခိုင်မာပြတ်သားတဲ့ ခေါင်းဆောင်မှုလိုတယ်။ ကျနော်ကတော့ နိုင်ငံရေးလုပ်တာ နိုင်ငံချစ်လို့ လုပ်တာ။ ကျနော့် နိုင်ငံနယ်နမိတ် နိုင်ငံသားတွေနဲ့ ပတ်သက်လို့ ပထမ ဦးစားပေးပဲ။ ဒီလိုဖြေရှင်းတဲ့ခါမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အတတ်နိုင်ဆုံးဂရုစိုက်ဖို့။ လူသားချင်း စာနာမှု အကူအညီ ပေးတဲ့ ကိစ္စရပ်တခုအနေနဲ့ စဉ်းစားသော်လည်း အကြမ်းဖက်မှုကို တုံ့ပြန်တဲ့အခါ၊ တရားဥပဒေစိုးမိုးမှု လုပ်တဲ့အခါမှာတော့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့လိုတယ်။ ဒါနဲ့ပတ်သက်လို့ ရှင်းလင်း ပြတ်သားတဲ့ မူဝါဒတွေ ရှိဖို့ လိုတယ်။ ဒီနိုင်ငံတော်မှာ နှစ်ရှည်လများ ဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်ရင် အစိုးရတဖွဲ့ကို ပုံစံတမျိုးနဲ့ လျှောက်ပြီးတော့ လုပ်နေရင် ပြဿနာတွေက တခါတလေမှာ ရှင်းရာမရောက်ဘဲ ပိုပိုပြီး ရှုပ်ရာ ရောက်မယ်။ ဒါမျိုးနဲ့ ပတ်သက်ရင် ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီချင်း အားပြိုင်မှုတွေ စစ်ဘက်အရပ်ဘက် အားပြိုင်မှုတွေ ဆိုတာထက် နိုင်ငံတော်အနေနဲ့ စဉ်းစားသင့်တယ်။ တသမတ်တည်း ဖြစ်ဖို့ လိုတယ်။ ပေါ်လစီမငြိမ်ဘဲနဲ့ အစိုးရတရပ် တက်လာလိုက်၊ ပုံစံတမျိုး ဖြေရှင်းလိုက်နဲ့ ဆိုရင် ကျနော်တို့လို အင်အားနည်းတဲ့ နိုင်ငံလေးဟာ အင်အားကြီးတဲ့ ကွန်ရက်ကြီးတဲ့ အင်အားစုကြီး တွေရဲ့ အသုံးချတာကို ခံသွားရနိုင်တယ်။ ဒီကိစ္စတွေ ဖြေရှင်းတဲ့အခါမှာ နောက် ဘယ်အစိုးရတက်တက် ခိုင်မာတဲ့ မူဝါဒတခု တိတိကျကျ ရှိထားဖို့ လိုတယ်။ အစိုးရ တဖွဲ့ တမျိုး ရှင်းနေရင် သူများရဲ့ကစားကွက်ထဲမှာ ထောင်ချောက်ထဲမှာ ပိုပိုပြီး ခံသွားရနိုင်တယ် လို့ မြင်တယ်။ မေး။ ။ ရခိုင်ပြည်နယ် ဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ အစိုးရနဲ့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်မှုတွေ အပေါ်ရော အားရကျေနပ်မှု ရှိလား။ ဘာများ ပြောချင်ပါသလဲ။ ဖြေ။ ။ ဒီနေရာမှာ သတင်းမီဒီယာတွေနဲ့ ဆက်ဆံရေးကို အစိုးရက ဂရုတစိုက် လုပ်သင့်တယ်။ ဒါကို လုံခြုံရေး အကြောင်းပြချက်နဲ့ သိပ်ပြီးတော့ ထိန်းချုပ်လို့ ရှိရင် ကောလာဟလတွေ ပိုပြန့်တယ်။ လုပ်ကြံသတင်းတွေ ပိုဖြစ်နိုင်တယ်။ ဒါကြောင့်မို့ ကိုယ်ဆောင်ရွက်နေတာတွေ အားလုံးဟာ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ စည်းမျဉ်း ဥပဒေတွေနဲ့ အညီ ဆောင်ရွက်နေတယ် ဆိုတာကို မီဒီယာတွေကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းထုတ်ပြန်ဖို့ လိုတယ်။ အများပြည်သူက တဦးချင်း အဲဒီ နေရာတွေကို သွားပြီး မကြည့်နိုင်ဘူး။ မီဒီယာတွေဟာ အများပြည်သူနဲ့ ဆက်ဆံဖို့ အတွက် တကယ့် အဓိကကျတဲ့ လမ်းကြောင်းပဲ။ ဒါကြောင့် မီဒီယာတွေကို စိုးရိမ်တာမျိုး၊ ထိန်းချုပ်တာမျိုး လုပ်မယ့်အစား မီဒီယာတွေကို စနစ်တကျ ဘယ်လို ဆက်ဆံမလဲ ဆိုတာကို ပိုပြီးတော့ ဂရုစိုက်သင့်တယ် လို့ မြင်တယ်။ မေး။ ။ လုံခြုံရေးပိုင်းဆိုင်ရာ ဆောင်ရွက်နေမှုတွေကိုရော ဘယ်လို မြင်ပါသလဲ။ ရခိုင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး ဘာများ အကြံပြုချင်တာရှိပါသလဲ။ ဖြေ။ ။ ဒါ ပြီးခဲ့တဲ့ ရခိုင်ကော်မရှင်မှာ ကတည်းကိုက ဆွေးနွေးဖြစ်တာတွေ ရှိတယ်။ လျှပ်တပြက်တုံ့ပြန်နိုင်တဲ့ (Rapid Arm Force) အဖွဲ့အစည်းမျိုးတွေကို သာမန်စစ်တပ် သာမန်ရဲစခန်းမျိုး မဟုတ်ဘဲနဲ့ အရေးပေါ် ချက်ချင်း တုံ့ပြန်နိုင်တဲ့ တပ်ဖွဲ့ အထူးတပ်ဖွဲ့ လိုမျိုး အဲဒီဒေသမှာ ပြင်ဆင်ထားဖို့ လိုတယ်။ နောက်တခုက လမ်းပန်း ဆက်သွယ်ရေး။ ဖြစ်ရင် ချက်ချင်းသွား နိုင်ဖို့ဆိုတာ အဲဒီမှာရှိတဲ့ လမ်းပန်းဆက်သွယ်ရေးကို ဖွံ့ဖြိုးရေး ရှုထောင့်တင် မဟုတ်ဘဲ လုံခြုံရေး ရှုထောင့် အရ ဒါတွေကို သေသေချာချာ တည်ဆောက်ဖို့ လိုတယ် လို့ မြင်တယ်။ နောက်တခုက ဒေသခံတွေကို စည်းရုံးဖို့ လိုတယ်။ အဲဒီမှာ ရိုးရိုးသားသား အတိဒုက္ခရောက်နေတဲ့ ဘင်္ဂါလီတွေ နိုင်ငံတော်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး သူတို့ နားလည်လာအောင် ပူးပေါင်း ဆောင်ရွက်လာအောင်၊ ဒေသခံ ဘင်္ဂါလီတွေထဲမှာ၊ ကျနော်တို့ နိုင်ငံမှာ မျိုးဆက်နှစ်ဆက် သုံးဆက် နေနေတဲ့သူတွေကို နိုင်ငံသားစိစစ်ပြီး ခွင့်ပြုသင့်တာ ခွင့်ပြု။ အဲဒီသူတွေကို နိုင်ငံတော်အပေါ်မှာ သစ္စာစောင့်သိလာအောင် နိုင်ငံတော်နဲ့ ပူပေါင်း ဆောင်ရွက်လာအောင် တဖက်က ပညာပေးတာတွေ စည်းရုံးတာတွေ အရှိန်မြှင့်ပြီး ဆောင်ရွက်ဖို့ လိုတယ်လို့ မြင်တယ်။ ရခိုင်လူမှု အဖွဲ့အစည်းအနေနဲ့ ကလည်း မျှတတဲ့ လက်တွေ့ကျတဲ့ ဖြေရှင်းမှုမျိုးကို အမြင်ကျယ်ကျယ်နဲ့ ရှာဖွေဆောင် ရွက်ဖို့ လိုတယ်။ တခါတလေ ကျတော့ စိတ်ခံစားမှုနဲ့ တုံ့ပြန်တာတွေဟာ ပြဿနာကို ဖြေရှင်းရာ မရောက်ဘဲ ပိုပြီးတော့ ကြီးထွား စေတယ်။ ဒါကြောင့် ရခိုင်မိတ်ဆွေတွေကို ပြောချင်တာက နိုင်ငံရဲ့ ပကတိ အခြေအနေရော သမိုင်းကြောင်းတွေကိုပါ ဆက်စပ်ပြီးတော့ အနာဂတ် အတွက် သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းကို ဘယ်လို တည်ဆောက်ကြမလဲ ဆိုတာ ရခိုင် နိုင်ငံရေး ခေါင်းဆောင်တွေ လူမှုအဖွဲ့အစည်းခေါင်းဆောင် ဘာသာရေးခေါင်းဆောင်တွေ အမြင်ကျယ်ကျယ်နဲ့ ဝိုင်းဝန်း အဖြေရှာဖို့လိုပါတယ်။ မေး။ ။ ၂၀၁၅ တုန်းက ဦးကိုကိုကြီးတို့ အနေနဲ့ NLD နဲ့ ပူးပေါင်းမယ်။ NLD မှာ ပါဝင်ဖို့ ဆိုတာမျိုးတွေ ရှိခဲ့ပေမယ့် ဖြစ်တော့ မလာဘူးပေါ့ နော်။ ဒါပေမယ့် အခု ပါတီသီးသန့် ထောင်ဖို့ လုပ်နေတယ် ဆိုတော့ အဓိက ဘယ်လို ရည်ရွယ်ချက် များကြောင့်ပါလဲ။ ဖြေ။ ။ ခုနက ပြောသလိုပဲ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျနော်တို့ အရွေးချယ် မခံခဲ့ရဘူး။ ကိုယ်စားလှယ်လောင်း အရွေးချယ် မခံခဲ့ရဘူး ဆိုတာတောင်မှ ပါတီအောင်နိုင်ရေး အတွက် ဒီမိုကရေစီ အင်အားစုများ အောင်နိုင်ရေး အတွက်ကို နောက်ဆုံးအချိန်အထိ ဆောင်ရွက်ပေးခဲ့တယ်။ ဒါ ကျနော်တို့ရဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေ။ စကားလုံးတွေနဲ့တောင် ပြောစရာ မလိုပါဘူး။ အခု ပါတီ ဘာကြောင့်ထောင်သလဲ လို့ ပြောရင် နိုင်ငံရေးက ကျနော့်အတွက်တော့ ဝဋ်နာကံနာပဲ။ မလုပ်ရ မနေနိုင်လို့။ တကယ့်ကို ယုံယုံကြည်ကြည်နဲ့ တဘဝလုံး ပေးပြီး ဖြတ်ခဲ့တာ။ ဒီတော့ ကျနော့် ယုံကြည်ချက် နိုင်ငံတော်နဲ့ ပတ်သက်တဲ့ စိတ်ကူးစိတ်သန်းတွေ လေ့လာဆည်းပူးမှုတွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ ဆိုတာ ကိုယ့်ဘာသာ ပါတီထောင်ပြီး လုပ်မှပဲ ဖြစ်တော့မယ် ဆိုတဲ့ အခြေအနေအရ တွန်းပို့မှုကြောင့် ကျနော်တို့ ပါတီထောင်ရတယ်။ ဒါပါပဲ။ နောက်တခုက ၈၈ မျိုးဆက် ဆိုတာ အင်မတန်ကျယ်ပြန့်တယ်။ ၈၈ မျိုးဆက်ဟာ သမိုင်းမှာ တို့အရေး တို့အရေး အော်ပြီးတော့ ပျောက်သွားတာမျိုး။ ပျောက်ဆုံးမျိုးဆက် အဖြစ် အဖြစ်မခံနိုင်ဘူး။ ကျနော်တို့ဟာ မလုပ်နိုင်လို့လည်း မဟုတ်ဘူး။ လုပ်ခွင့် မရခဲ့တာ။ ကျနော်တို့ ဖြတ်သန်းမှု နှစ် ၃၀ အတွေ့အကြုံတွေ။ လေ့လာမှုတွေ။ နိုင်ငံတကာ အတွေ့အကြုံတွေ။ စာပေဖတ်ရှု လေ့လာတာတွေ။ အရင့်အရင်မျိုးဆက်တွေဆီက ကြားနာမှတ်သားခဲ့တာတွေ အစရှိသဖြင့် နိုင်ငံရေး အတွက် ဖြည့်ဆည်းခဲ့တာတွေ အများကြီးရှိတယ်။ ဒါတွေ လုပ်ခွင့်မရသေးဘူး။ အကောင်အထည် ဖော်ခွင့် မရသေးဘူး။ ကိုယ့်စေတနာ အတွေ့အကြုံ ဖြတ်သန်းမှုတွေကို အကောင်အထည် ဖော်နိုုင်ဖို့ အတွက် မဖြစ်မနေ ပါတီထောင်မှ ဖြစ်မယ် ဆိုတဲ့ အခြေအနေကြောင့် ပါတီထောင်ရတာ ဖြစ်တယ်။ ညီငယ် ညီမငယ် နောက်မျိုးဆက်တွေ အတွက် နိုင်ငံရေး လုပ်ချင်ရင် တကယ့်ကို နိုင်ငံအတွက် အားကောင်းမောင်းသန် ဖြစ်တဲ့ နိုင်ငံရေး မျိုးဆက်တွေ ပေါ်ပေါက်ဖို့ အတွက် ဒီအိမ်ကိုတော့ ဆောက်မှ ဖြစ်တော့မယ်။ ဒီအုတ်မြစ်ကိုတော့ ချမှ ဖြစ်တော့မယ်။ ကျနော်တို့ ကျန်းမာရေး အရ သက်တမ်းအရ ဘယ်လောက်လုပ်နိုင်မလဲ။ နောက် ၁၀ နှစ်လား။ ၁၅ နှစ် လား။ ဒီထက် အများကြီးကိုပဲ နောက်မျိုးဆက်တွေအားလုံး တကယ့်ကို အဖွဲ့အစည်းနဲ့ မူဝါဒနဲ့ အခြေခံတဲ့ နိုင်ငံရေး ပုံသဏ္ဍာန် တခုဖြစ်လာဖို့ အတွက် ကျနော်တို့ လက်ထက်မှာ တတ်နိုင်သလောက် လုပ်သွားမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ ဆောင်ရွက်တဲ့ အခါမှာလည်း ဒီမိုကရေစီ အင်အားစုများ တိုင်းရင်းသား အင်အားစုများနဲ့ မဟာမိတ်ပုံစံ ဆောင်ရွက်သွားဖို့ ဆိုတာ စ,စဉ်းစား ကတည်းက ကျနော်တို့မှာ အခြေခံ ရှိပြီးသား။ မဟာမိတ်လုပ်ဖို့ ဆန္ဒရှိတဲ့ အဖွဲ့အစည်းများနဲ့ လုပ်ဖို့ လိုအပ်တယ်လို့ ခံယူတဲ့ အဖွဲ့စည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်။ NLD အနေနဲ့ကလည်း ရေရှည်နိုင်ငံရေး အများကြီး ဖြတ်ကြရဦးမယ်။ နှစ် ၃၀ လည်း ဖြတ်ခဲ့ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ဘဝမှာ NLD ရုံးခန်းတွေ ပိတ်ခံနေရတဲ့ အချိန်မှာ လူထု နိုးကြားတက်ကြွလာအောင် နိုင်ငံရေး ပြန်လည် လှုပ်ရှား လာအောင် လိုအပ်တဲ့ ကွက်လပ်တွေမှာ အများကြီး ဖြည့်ခဲ့ပြီးပြီ။ ဒါတွေဟာ NLD နဲ့ ကျနော်တို့နဲ့ ရှိခဲ့ပြီးသား ဆက်ဆံရေးတွေပဲဖြစ်တယ်။ အခုလည်းပဲ ကျနော်တို့က ပြောသင့် ပြောထိုက်တာတွေကို ပြောဖို့တော့ အားမွေးနေပြီ။ ဘာကြောင့်လဲ ဆိုတော့ ဝိုင်းပြီး ကျီးကန်းအာသလို အာနေရင်တော့ ကိုယ်ချစ်တဲ့ သူတွေ ကိုယ့်ရဲ့ ယုံကြည်တဲ့ ခေါင်းဆောင်တွေကို ချစ်ရာ မရောက်ဘဲ နှစ်ရာ ရောက်နေတယ် ဆိုတာကို အဲဒီလူတွေလည်း လေးလေးနက်နက် စဉ်းစားဖို့လိုနေပြီ။ ခေါင်းဆောင်ဆိုတာ သတင်းအချက်အလက် များများရဖို့လိုတယ်။ နောက် public opinion လူထုအသံ အစစ်တွေကို ကြားဖို့လိုတယ်။ လော်ဘီတွေရဲ့ အသံကိုပဲ ကြားနေရင် အဲဒီ ခေါင်းဆောင်ကို ချောက်တွန်းတာ ဒုက္ခရောက်အောင် လုပ်တာ ဖြစ်လိမ့်မယ် လို့ အခု ကျနော် စ,ပြောချင်ပြီ။ ကျနော်လည်း မပြောဘူး။ တနှစ်ခွဲကျော်ကျော် ထိန်းတယ်။ တိုင်းပြည်အတွက် အန္တရာယ်ရှိလာပြီလို့ မြင်တဲ့ အတွက်ကြောင့် ဒီစကားတွေကို ပြောတာ။ မေး။ ။ ဦးကိုကိုကြီးတို့ ပါတီ စ,ထောင်မယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်လာတုန်းက ဒီပါတီကို တတိယအင်အားစု ဖြစ်လာ မလား ဆိုပြီး မျှော်လင့်သူတွေ ရှိသလို စောင့်ကြည့်နေတဲ့ သူတွေလည်း ရှိပါတယ်။ ဒီအပေါ်မှာ ဘာများ ပြောချင်ပါသလဲ။ ဖြေ။ ။ အရင်ဆုံး ဒီဝေါဟာရ အသုံးအနှုန်းတွေ ပေါ့။ ဒီမှာက ပါတီတခု ထောင်ပြီ ဆိုရင် ဒါက တတိယပါတီ ဒါက အတိုက်အခံ ပါတီဆိုတာမျိုး ပေါ့။ စပြီး ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ချင်တယ်။ တကယ်တော့ ကျနော်တို့ နိုင်ငံရေး စလုပ်တဲ့ အချိန်တုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက လွဲပြီး ဘာပါတီမှ မရှိဘူး။ ပထမပါတီ ဒုတိယပါတီလည်း မရှိဘူး။ ကျနော်တို့ စလုပ်ခဲ့တယ်။ အခု အခြေအနေထိ ရောက်လာတယ်။ ပီတိဖြစ်တယ်။ ဘာကြောင့်လဲဆို နှစ်ပေါင်း ၅၀ လောက် အတွင်းမှာ ပထမဦးဆုံး လူထုရွေးကောက်တဲ့ သမ္မတ တယောက်ရတယ်ဆိုတာ အရင်က အိပ်မက် မမက်နိုင်တဲ့ အခြေအနေပဲ။ ဒီအခြေအနေ အထိ ဖြစ်လာခဲ့ခြင်း အပေါ်မှာ ပီတိဖြစ်တယ်။ ကျေနပ်တယ်။ သို့သော် ပြန်လျှော မကျသွားဖို့ တော့ အရေးကြီးတယ်။ ဒါကြောင့် ပါတီတခုထောင်တဲ့အချိန်မှာ တတိယ ပါတီဆိုတဲ့ဟာ တခါတလေကျရင် ဘာသာပြန်တာ အဓိပ္ပာယ်လွဲသွားရင် အများကြီး မေးခွန်းထုတ်စရာတွေ ဖြစ်တယ်။ ဒီတော့ ကျနော်တို့က ပါတီထောင်တာပဲ။ အခုနက ပြောသလို တတိယတို့ အတိုက်အခံတို့ ဆိုတာက သတ်မှတ်သူတွေနဲ့ပဲ ဆိုင်တယ်။ ကျနော်တို့နဲ့ မဆိုင်ဘူး။ ကျနော်တို့က ကျနော်တို့ယုံကြည်တဲ့ မူဝါဒ သဘောထားတွေကို ထုတ်ပြန်ကြေညာမယ်။ အဲဒီအတိုင်း ဆောင်ရွက်မယ်။ ဒီအပေါ်မှာ တူညီတဲ့သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်။ ကျနော်တို့က ကိုယ့်အလုပ် ကိုယ်လုပ်သွားမှာပဲ။ မှတ်ချက်တွေက သတ်မှတ်သူတွေနဲ့ပဲ ဆိုင်တယ်။ တတ်နိုင် သလောက်တော့ ကျနော်တို့ကို မျှော်လင့်နေတဲ့ အင်အားစုတွေ အတွက်လည်းပဲ ဖြည့်ဆည်း ပေးနိုင်ဖို့ ကြိုးစား သွားမယ်။ နောက်တခုက ကျနော်တို့ချည်းပဲ ကြိုးစားသွားလို့ မရဘူး။ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ဖို့ဆိုတာ ခုနက မျှော်လင့် နေသူတွေကလည်း မျှော်လင့်နေရုံ မဟုတ်ဘဲနဲ့ သူတို့ပါ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်တယ်။ တကယ့် တကယ်က နိုင်ငံရေးကို တင်းပြည့်ကျပ်ပြည့်လုပ်နိုင်တဲ့ professional နိုင်ငံရေးသမားတွေ အများကြီးလိုတယ်။ စွမ်းဆောင်ရည် ရှိတဲ့သူတွေကို လာဖို့ ဖိတ်ခေါ်သလို အသံသာ ပြုလိုက်ပါ။ ကျနော်တို့ လိုက်စည်းရုံးမယ်။ လိုက်ခေါ်မယ်။ ကျနော်တို့ဆီ လာတဲ့ အထိအောင် စောင့်မနေပါဘူး။ ။ The post “ဒီမိုကရေစီကို ခြိမ်းခြောက်ခံနေရပြီ” လို့ ဆိုလိုက်တဲ့ ဦးကိုကိုကြီး appeared first on ဧရာဝတီ.
Source : http://ift.tt/2gt5pkW
via IFTTT
Source : http://ift.tt/2gt5pkW
via IFTTT
ရှမ်းဒုက္ခသည်စခန်းများကို ရိက္ခာဖြတ်တောက်ခြင်းမပြုရန် တောင်းဆို ထိုင်း-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်တလျှောက်ရှိ နေရပ်စွန့်ခွာ ဒုက္ခသည် ဦးရေ ၆၂၀၀ နေထိုင်သည့် ဒုက္ခသည် စခန်း ၆ ခုကို စားနပ်ရိက္ခာ ထောက်ပံ့မှု မဖြတ်ရန် နိုင်ငံတကာအဖွဲ့အစည်းများကို ရှမ်းပြည် ဒုက္ခသည်များကော်မတီက တောင်းဆိုုလိုက်သည်။ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၆ ခု မှာ ကောင်းမုန်မုန်း၊ လွိုင်တိုင်းလျန်း၊ လွိုင်လမ်၊ ကုန်းကျော်၊ လွိုင်ဆမ်ဆစ် နှင့် လွိုင်ကော်ဝမ်း စခန်းတို့သည်။ ထိုစခန်းများရှိ ဒုက္ခသည်များကို ထောက်ပံ့နေသည့် နိုင်ငံတကာ အဖွဲ့အစည်းများက ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ထောက်ပံ့မှုကို လုံးဝရပ်ဆိုင်း လိုက်မည်ဟု ပြောဆိုထားသဖြင့် စားနပ်ရိက္ခာ ထောက်ပံ့မှု မဖြတ်ရန် ရှမ်းပြည် ဒုက္ခသည်များ ကော်မတီက သြဂုတ်လ ၃၀ ရက်တွင် ထုတ်ပြန်ချက် တစောင်ထုတ်ကာ တောင်းဆို လိုက်ခြင်း ဖြစ်သည်။ ကုန်းကျော် ဒုက္ခသည်စခန်း ဥက္ကဌ ဦးလုံးစိုင်းလင်းက ၎င်းတို့ ဒုက္ခသည်စခန်း ၆ ခုကို The Border Consortium (TBC) က စားနပ်ရိက္ခာ ထောက်ပံ့နေပြီး ထောက်ပံ့မှုကို ရပ်ဆိုင်းမည်ဆိုသည့် သတင်းကို ၂၀၁၇ ခုနှစ်၊ နှစ်စပိုင်းတွင် လူကိုယ်တိုင်ဖြင့် လာရောက်ပြောဆိုထားပြီး သြဂုတ်လအတွင်း တကြိမ် စာဖြင့် ထပ်မံပေးပို့လာခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။ ဦးလုံးစိုင်းလင်းက “ရပ်ဆိုင်းမယ်ဆိုတော့ ကျနော်တို့ တအားစိုးရိမ်ပါတယ်။ ဒီဒေသမှာ လုပ်ကိုင်စားသောက်ဖို့ တအား ခက်ပါ တယ်။ နေရပ်ပြန်ဖို့လည်း မဖြစ်နိုင်သေးပါဘူး။ အလုပ်လုပ်ဖို့ ခက်သလို စိုက်ဖို့ပျိုးဖို့လည်း ခက်တယ်။ မြေ က လုံးဝမရှိဘူး။ ဒါတွေကြောင့် ကျနော်တို့ အရမ်းစိုးရိမ်နေလို့ ဆက်ပြီး ထောက်ပံ့ပေးဖို့ ဆန္ဒထုတ်ဖော် လိုက်တာပါ” ဟု ဧရာဝတီကို ပြောသည်။ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးနဲ့ ပညာရေး၊ ကျန်းမာရေး စသည်တို့ကို နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွှန့်ပေါင်း အဖွဲ့ The Border Consortium (TBC) ကို ဗြိတန်၊ အမေရိက၊ အိုင်ယာလန်၊ ကနေဒါ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်၊ သြစတေးလျ နှင့် နော်ဝေး နိုင်ငံတို့မှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (INGOs) များဖြင့် ပေါင်းစပ် ဖွဲ့စည်းထားပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အခြေစိုက်ရုံးဖွင့်လှစ်ထားသည်။ ၁၉၈၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင်း ပဋိပက္ခများကြောင့် နေရပ်မှ နယ်စပ်သို့ ထွက်ပြေးလာရသူများကို စားနပ်ရိက္ခာ၊ အမိုးအကာ နှင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ အထောက်အပံ့များ ပေးလျက် ရှိသည်။ ဦးလံုံးစိုင်းလင်း က “ကျနော်တို့ မူရင်းရွာတွေနားမှာ အရင်က အစိုးရတပ်တွေ၊ UWSA (ဝတပ်ဖွဲ့) တွေ ရှိ တယ်။ ကျနော်တို့ စစ်ဘေးနဲ့ ပြေးရပြီးနောက် သူတို့က နေရာအကုန်ဝင်ယူသွားပြီ။ ကိုယ့်ရပ်ရွာကို ပြန်ဖို့ အခုချိန်က လုံးဝမဖြစ်နိုင်ဘူး။ ဒီမှာ မထောက်ပံ့တော့ဘူး ပြန်ဆိုတာမျိုး လုပ်မယ်ဆိုရင်လည်း လုံးဝ မတရားဘူး” ဟု ပြောသည်။ စစ်ဘေးရှောင်ဒုက္ခသည်များမှာ နေရပ်သို့ ပြန်ရမည်ဆိုပါက ဒုက္ခသည်များ၏ ဆန္ဒကို အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများက ဝိုင်းဝန်း ဆွေးနွေးပေးပြီးမှ လူသားဂုဏ်သိက္ခာနှင့်အညီ ပြန်ပို့စေလိုကြောင်း၊ ထို့ပြင် နေရင်းရွာများတွင် ဝင်ရောက်နေထိုင်နေသည့် တပ်မတော်၊ ပြည်သူ့စစ် နှင့် UWSA တပ်ဖွဲ့ဝင်များ၏ ကိစ္စကိုလည်း ဖြေရှင်းပေးစေလိုသည်ဟု ဆိုသည်။ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ကလည်း အစိုးရနှင့် RCSS အကြား အပစ်ရပ်စာချုပ် ချုပ်ဆိုထားသော်လည်း တပ်ပိုင်းဆိုင်ရာ ပဋိပက္ခများ ဆက်လက် ရှိနေသေးသဖြင့် စခန်း ၆ ခုရှိ ဒုက္ခသည်များမှာ နေရပ်သို့ ပြန်နိုင်သည့် အခြေအနေ မရှိသေးကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ အလှူရှင်များ က ထောက်ပံ့မှုများကို ဆက်လက်ပေးရန် အကြံပြုသည်ဟု သြဂုတ်လ ၃၀ ရက်က ကြေညာချက်တစောင် ထုတ်ပြန်၍ တိုက်တွန်း ထားသည်။ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ချက်တွင် ဒုက္ခသည်စခန်း ၆ ခုလုံးမှာ လက်နက်ကိုင်တပ်ဖွဲ့များနှင့် နီးစပ်နေပြီး တောင်ပေါ်များတွင် တည်ရှိသဖြင့် စားနပ်ရိက္ခာအတွက် စိုက်ပျိုးရေးပြုလုပ်ရန်လည်း မြေလွတ် အနည်းငယ်သာ ရှိကြောင်း၊ မြေလွတ်ရှိသည့် နေရာများတွင် သီးပင်စားပင်များ စိုက်ပျိုးသော်လည်း ဒုက္ခသည် စခန်းတခုလုံးကို ထောက်ပံ့ပေးနိုင်သည့် အခြေအနေ မရှိကြောင်း ဖော်ပြထားသည်။ ဒုက္ခသည်များမှာ ထိုင်းနယ်ဘက်သို့ ကူးပြီး ဥယျာဉ်ခြံများတွင် နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်ကြ သော်လည်း ရာသီပေါ်သီးနှံ စိုက်ခင်း ရှိချိန်များတွင်သာ အလုပ်ရှိပြီး လုပ်အားခများမှာလည်း ပုံမှန်စိုက်ပျိုးရေး လုပ်သားထက် နိမ့်ကျသည့် လုပ်အားခများကိုသာ ရရှိကြောင်း အချို့ဒုက္ခသည်စခန်းမှ ဒုက္ခသည်များမှာ အလုပ် လုပ်ကိုင်ရန်လည်း အခက်အခဲရှိသည်ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ဆိုထားသည်။ RCSS က အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီမှု စာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ထိုးထားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ရာစု ပင်လုံ အစည်းအဝေးများကို တတ်ရောက်နေသော်လည်း ညီလာခံတွင် နိုင်ငံရေးကိစ္စရပ်များသာ အဓိကထားဆွေးနွေးလျက်ရှိရာ ပဋိပက္ခတွင်း ဒုက္ခသည်ဖြစ်သွားသူများ အရေးကို ဆွေးနွေးခြင်း၊ ဆံုံးဖြတ်ချက် ချခြင်းများ မတွေ့ရသေးပေ။ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးရေး ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုင်းကျော်ညွန့် က “Peace Process ကြီးမှာ ဒါက ဘယ်သူ့ တာဝန်လည်းဆိုတာကို ကွဲကွဲပြားပြား မသိဘူး။ ကျနော်တို့ UPDJC ကလည်း နိုင်ငံရေးဆိုင်ရာ အချက် အလက်တွေကိုပဲ ဆွေးနွေးနေတာ ဖြစ်တယ်။ JMC ကျတော့လည်း စစ်ရေးဆိုင်ရာ အချက်အလက်တွေကို ဆွေးနွေးနေတာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးသည် အစိုးရတွင် တာဝန်ရှိကြောင်း၊ နယ်စပ်ရှိ ဒုက္ခသည်စခန်း များကို နိုင်ငံတကာမှ အလှူငွေများ ဖြတ်တောက်နေပြီဖြစ်သဖြင့် အစိုးရက ထိုဒုက္ခသည်များ နေရပ်ပြန် နိုင်အောင် အစီအစဉ်များ လုပ်ဆောင် ခြင်း ရှိ/မရှိကို မေးခွန်းထုတ်ရမည်ဟု ဦးစိုင်းကျော်ညွှန့်က ဆိုသည်။ ၎င်းက ဆက်လက်၍ “ဒီစစ်ဘေး ဒုက္ခသည်တွေကိစ္စကို ဘယ်သူက ကိုင်တွယ်မလဲ ဘယ်သူ့မှာ တာဝန်ရှိသလဲ ။ ဘာပဲ ပြောပြော ဒီ Peace Process မှာ ပါတဲ့ အဖွဲ့အစည်းတွေက တာဝန်မရှိဘူး ဆိုရင်တော့ ကိုယ့်နိုင်ငံအရေးဆိုတော့ နိုင်ငံ တော်အစိုးရမှာ တာဝန်ရှိတယ်ပဲ ရောက်မှာပဲ”ဟု ဆိုသည်။ ၂၀၁၇ခုနှစ်၊ မေလ ၅ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ ၁၀ကြိမ်မြောက် အစည်း အဝေးအပြီး ညနေပိုင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ပေးထားသည့် JMC-U အတွင်းရေးမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင်ကို ဧရာဝတီ က ဒုက္ခသည်များ ပြန်လည်နေရာချထားရေး နှင့် ပတ်သတ်၍ မေးမြန်းရာ ၎င်းက “ဒါ ကျနော်တို့မှာ Mandate မရှိပါဘူး” ဟု ပြန်လည်ဖြေဆိုသည်။ ဧရာဝတီမှ အခြား JMC အဖွဲ့ဝင်အချို့ကို မေးမြန်းသော်လည်း ၎င်းတို့ JMC မှာ စစ်ရေးအရ ပြန်လည် တိုက်ခိုက်မှု မဖြစ်ပွားစေရန် စောင့်ကြည့်ရမည့် တာဝန်ဖြစ်သဖြင့် ဒုက္ခသည်အရေးကိစ္စကို တာဝန်ခံထား ခြင်းမရှိဟု ဖြေဆိုကြသည်။ အောက်တိုဘာလတွင် စားနပ်ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းခံရတော့မည့် ဒုက္ခသည်စခန်း ၆ ခုမှာ တပ်မတော် နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့အကြား တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများ ကြောင့် ထွက်ပြေးလာခဲ့ရခြင်း ဖြစ်ပြီး ရှမ်း၊ လားဟူ၊ အာခါ၊ ဝ၊ တအာန်း(ပလောင်)၊ ပအို့ဝ်၊ လီရှော၊ ကရင်နှင့် တရုတ် လူမျိုးများ နေထိုင်ကြသည်။ လွိုင်တိုင်းလျန်းစခန်းကို ၁၉၉၉ ခုနှစ်၊ လွိုင်ကော်ဝမ်းစခန်းကို ၂၀၀၁ ခုနှစ်၊ ကုန်းကျော်စခန်းကို ၂၀၀၂ ခုနှစ်၊ လွိုင်လမ်နှင့် လွိုင်ဆမ်ဆစ် စခန်း ၂ ခုကို ၂၀၀၆ ခုနှစ်၊ ကောင်းမုံမိန်း စခန်းကို ၂၀၀၇ ခုနှစ်တို့တွင် ထိုင်း-မြန်မာ နယ်စပ်တို့တွင် တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါစခန်းများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည်များမှာ ပဋိပက္ခကြား ရွာမီးရှို့ခံရခြင်း၊ RCSS ကို ထောက်ခံသည်ဟုဆိုကာ ဖမ်းဆီးနှိပ်စက်ခြင်း၊ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရခြင်း စသည့် လူ့အခွင့် အရေး ချိုးဖောက်မှုများကို ခံကြရသဖြင့် ထွက်ပြေးလာကာ အဆိုပါ ဒုက္ခသည်စခန်းများတွင် ခိုလှုံခဲ့ကြခြင်းဖြစ်သည်။ The post ရှမ်းဒုက္ခသည်စခန်းများကို ရိက္ခာဖြတ်တောက်ခြင်းမပြုရန် တောင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2wmsLOM
via IFTTT
Source : http://ift.tt/2wmsLOM
via IFTTT
မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ပြင်ဆင်ရန် မရှိသေးဟုဆို မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ကို ပြင်ဆင်ရန် အစီအစဉ် မရှိသေးကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ “ဒီ ၁၇ (၁) နဲ့ ပတ်သက်လို့ ပြောရရင် သက်ဆိုင်ရာ ဝန်ကြီးဌာနဘက်က ကျနော်တို့ဆီ ပို့ပေးလာတာ မရှိဘူး။ ကိုယ်စားလှယ်တွေ ကလည်း တင်တာဘာမှ မရှိဘူး” ဟု ဦးဝင်းမြင့်က ပြောသည်။ ၁၇ (၁) မပြင်နိုင်ရခြင်း အကြောင်းပြချက်မှာ NLD အစိုးရလက်ထက်တွင် ပြုပြင်ခဲ့သည့် ရပ်/ကျေး ဥပဒေနှင့် အသစ်ပြဌာန်းခဲ့သည့် နိုင်ငံသားများ၏ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေတို့ကြောင့် တိုင်းပြည်တွင် အကြမ်းဖက်မှုများ ပေါ်ပေါက်ရကြောင်း၊ ရပ်/ကျေး ဥပဒေကို ပြင်ဆင်ခဲ့၍ ဧည့်စာရင်း မစစ်နိုင်ခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ပွားခြင်းဟု ဝေဖန်မှုများ ရှိနေကြောင်း ဦးဝင်းမြင့်က ပြောသည်။ “ကျနော်တို့က နိုင်ငံသားတွေကို ဒီအခွင့်အရေးလေး ပေးချင်လို့ ဒီလိုပေါ်လာတဲ့ အခါကျတော့ ဒီဥပဒေ ၂ ခုကြောင့် ဆိုပြီး အသံထွက်တာ ခင်ဗျားတို့လည်း သိမှာပါ။ အဲတော့ ၁၇ (၁) ကိုများဆိုရင် ဘယ်လိုပြောမလဲ။ ခင်ဗျားတို့ပဲ စဉ်းစား။ ၁၇ (၁) ကို ခင်ဗျားတို့ ပြောသလို ကျနော်တို့က လုပ်မယ်ဆိုရင် ဘယ်လောက် အထိ High Light လုပ်မလဲဆိုတာ စဉ်းစားကြည့်ပါ။ ဒါဆို ရှင်းပါတယ်” ဟု ဦးဝင်းမြင့်က ပြောသည်။ ရပ်/ကျေး ဥပဒေတွင် တရားဥပဒေ စိုးမိုးရေး၊ မှုခင်းကျဆင်းရေးနှင့် လုံခြုံရေးတို့ အတွက် စစ်ဆေးရန် လိုအပ်သော နေအိမ် ဥပစာနှင့် နေရာများကို လုံလောက်သော အကြောင်းပြချက်ဖြင့် အဖွဲ့ဖြင့် စနစ်တကျ ဝင်ရောက် စစ်ဆေးရမည်ဟု ပြဌာန်းထားကြောင်း၊ နိုင်ငံသား များ၏ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေတွင် ပုဂ္ဂိုလ်တဦးဦး၏ နေအိမ်သို့ ရှာဖွေလိုပါက အုပ်ချုပ်ရေးမှူး ဖြစ်စေ၊ ကျေးရွာ တာဝန်ခံ သို့မဟုတ် ရာအိမ်မှူး၊ ဆယ်အိမ်မှူး ဖြစ်စေ တဦးအပါအဝင် အနည်းဆုံး သက်သေ ၂ ဦးဖြင့် ဆောင်ရွက်ရမည်ဟု ဖော်ပြထားကြောင်း သိရသည်။ “အချိန်မရှိ၊ အချိန်ရှိ တံခါးကို ဒိုးဒိုးဒေါက်ဒေါက်ခေါက်၊ ဘယ်ပါပါလို့ ပါမှန်းမသိ အဲလို မဖြစ်အောင် ရိုးရိုးသားသား ပြဌာန်းခဲ့တာ။ မဖမ်း ရဘူး။ မစီးရဘူး၊ မရှာရဘူးလို့ ပြောထားတာ မဟုတ်ဘူး။ ဥပဒေ ၂ ခု စလုံးမှာ လုပ်ခွင့်ရှိတယ်။ သို့သော် ဥပဒေနှင့်အညီ ဖြစ်ရမယ်။ သက်သေပါရမယ်။ သို့သော်လည်း ခင်ဗျားတို့လည်း ကြားမှာပေါ့။ ဒီဥပဒေ ၂ ခုကြောင့် အခုလို အကြမ်းဖက်မှုတွေ ဖြစ်လာ တယ်ဆိုတာမျိုးပေါ့”ဟု ဦးဝင်းမြင့်က ပြောဆိုခဲ့သည်။ သို့သော် အကြမ်းဖက်မှုများသည် ဥပဒေများ အသစ် မပြဌာန်းမီ၊ မပြင်ဆင်မီ ၂၀၁၂ ခုနှစ် ကတည်းကပင် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း၊ ထိုစဉ်က မည်သည့် ဝေဖန်သံမျှ မကြားရကြောင်း ၎င်းက ဆိုသည်။ တပ်မတော် အစိုးရလက်ထက်တွင် ကျောင်းသား တပ်မတော် (ABSDF)၊ NLD (LA)နှင့် ဆက်သွယ်သူများကို ပုဒ်မ ၁၇(၁)၊ ၁၇(၂) တို့ဖြင့် အရေးယူပြီး ထောင်ဒဏ် ၁၀ နှစ်ကျော်အထိ ချမှတ်ခဲ့ကြောင်း၊ ဦးသိန်းစိန် လက်ထက်တွင် ၁၇(၁) ဖြင့် အရေးယူခြင်း မရှိဘဲ NLD အစိုးရ လက်ထက်တွင် ယင်းဥပဒေကို ပြင်၊ မပြင် စောင့်ကြည့်လျက်ရှိကြောင်း ရန်ကုန်မြို့မှ သတင်းစာ ဆရာ ဦးဇော်သက်ထွေးက ပြောသည်။ ဦးဇော်သက်ထွေး က “၁၇ (၁) ကို လွှတ်တော်ကနေ ပယ်ဖျက်နိုင်ခြင်း မရှိသေးဘူးဆိုရင်တော့ မီဒီယာတွေ အနေနဲ့ သတင်းရယူတဲ့အခါမှာ Access to Information လို့ ခေါ်တဲ့ သတင်းရယူခွင့်နဲ့ ပတ်သက်ပြီး ကျပ်တည်း ကျဉ်းမြောင်းသွားတာပေါ့။ သတိကြီးကြီးထားရမယ်။ အင်တာ ဗျူးတွေ လုပ်ပြီး လွယ်လင့်တကူ ဖော်ပြရင် အချိန်မရွေး တရားစွဲခံရပြီး ထောင်ထဲရောက်သွားနိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။ ဧရာဝတီနှင့် DVB သတင်းဌာတို့မှ သတင်း သမား ၃ ဦးသည် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်က ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နယ်မြေတွင် ပြုလုပ်သည့် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးသည့်ပွဲသို့ သတင်းသွားရောက်ယူပြီး အပြန်တွင် တပ်မတော်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ခဲ့ကာ သီပေါထောင်တွင် အချုပ်ဖြင့် တရားရင်ဆိုင်နေရသည်။ The post မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ပြင်ဆင်ရန် မရှိသေးဟုဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2wmy0Ou
via IFTTT
Source : http://ift.tt/2wmy0Ou
via IFTTT
မောင်တောတွင် ပိတ်မိနေသည့် အစိုးရဝန်ထမ်းနှင့် ရွာသားများ လုံခြုံရေး စိုးရိမ်နေ မောင်တော မြို့နယ် မြောက်ပိုုင်းရှိ ကြိမ်ချောင်းနှင့် တမန်းသား အပါအဝင် ကျေးရွာတချို့တွင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး ဝန်ထမ်းများနှင့် ရခိုင်၊ သက်နှင့် ဒိုင်းနက် တိုင်းရင်းသားရွာသူ/ရွာသား ၁၂၀၀ ကျော် ပိတ်မိနေကြောင်း စိုးရိမ်နေကြသည့် ထိုဝန်ထမ်းများ ကိုယ်တိုင် က ဧရာဝတီသို့ ပြောဆိုသည်။ ၎င်းတို့အား အစိုးရ တာဝန်ရှိသူများက သြဂုတ်လ ၃၁ ရက်နေ့တွင် ရဟတ်ယဉ်ဖြင့် လာရောက် ခေါ်ဆောင်မည်ဟု ပြောဆိုထားသော်လည်း ရောက်မလာသောကြောင့် လုံခြုံရေးအတွက် အလွန်ပင် စိုးရိမ်ပူပန်နေရသည်ဟု ဆိုကြသည်။ ပိတ်မိနေသည့်အထဲမှ အစိုးရ ဝန်ထမ်း တဦးက “ဒီနေ့တော့ ရဟတ်ယာဉ်နဲ့ လာခေါ်မယ် ပြောတယ်။ ယူနီဖောင်းဝတ်ပြီးစောင့်နေဆိုလို့ တနေကုန် စောင့်နေကြတာ ညနေထိတော့ ဘာမှ မလာပါဘူး” ဟု ဧရာဝတီသို့ ပြောဆိုသည်။ သြဂုတ်လ ၂၅ ရက် အစောပိုင်းတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ ပြီးကတည်းက ကြိမ်ချောင်းနှင့် အနီးနား တိုင်းရင်းသား ရွာများက လူ ၃၀၀ ကျော် ကြိမ်ချောင်းရဲစခန်းတွင် လာရောက်ခိုလှုံနေကြသည်။ ထို့အတူ တမန်းသားရွာတွင်လည်း အနီးနားရှိ ကျေးရွာ ၆ ရွာ မှ လူပေါင်း ၈၈၉ ဦး က တမန်းသားဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေကြရသည်။ ကြိမ်ချောင်းမှ အစိုးရ ဝန်ထမ်းတဦး က “ပြန်ပြီးဖုန်းဆက်မေးကြည့်တော့ စီစဉ်နေတယ် ပြောတယ်။ တချို့ကတော့ လာခေါ်ပေးမယ်၊ တချို့ကတော့ လာမခေါ်ဘူးလိုု့ အဲလိုဖြစ်နေတယ်လို့ ကြားတယ်။ အခုုချိန်ထိတော့ လာခေါ်မယ့်လူလည်း မရှိပါဘူး” ဟု ဆိုသည်။ ၎င်းကပင် ဆက်လက်၍ “ဒီနားမှာက ခဏခဏ သေနတ်တွေ ပစ်တယ်။ မီးရှို့တာတွေ ဖြစ်တယ်။ ခုနကတောင် ရွာထဲကနေ သေနတ်နဲ့ ပစ်တယ်။ ဒီမှာက ရွာထဲမှာတောင် သွားလိုု့မရဘူး။ နေ့ခင်းတောင် သွားလိုု့မရဘူး။ မွတ်ဆလင်ရွာတွေက ပတ်ပတ်လည် ဆိုတော့” ဟု ဧရာဝတီသို့ ကြာသာပတေးနေ့ညက ပြောသည်။ တမန်းသားဘက်တွင် ဒုက္ခသည် အရေအတွက် များနေသော်လည်း လုံခြုံရေးအင်အားမှာ အလွန်ပင် နည်းပါးနေသည့်အတွက် ၎င်းတိုု့ လုံုခြုံရေးအတွက် စိုးရိမ်နေကြောင်း တမန်းသားမှ ဝန်ထမ်းတဦးကလည်း ဆိုသည်။ ၎င်းက “အပြင်ကိုုက လုံးဝထွက်လိုု့မရဘူး။ ကားလည်း သွားမရ၊ တံတားတွေကလည်း ပျက်နေတယ်။ မိုင်းတွေ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ၎င်းတိုု့အတွက် အစားအစာအထောက်အပံ့အဖြစ် သြဂုုတ် ၃၀ ရက်နေ့က ရခိုုင်ပြည်နယ် ဝန်ကြီးချုပ်မှ မာမီးခေါက်ဆွဲနှင့် ကြက်ဥတိုု့ လာရောက်ပေးသွားသည်ဟုု ဆိုသည်။ “တနေ့က ဝန်ကြီးချုပ်က မာမီးခေါက်ဆွဲတို့ ကြက်ဥတို့ လာပေးသွားတယ်။ ဒါပေမယ့် အဲဒါက နည်းနည်းလေးရယ်။ ဒီမှာက လူတွေက အများကြီးရယ်နဲ့ မလောက်ပါဘူး။ အရင်က အုပ်ချုပ်ရေးမှူး ဆီမှာ ရှိထားတဲ့ ဆန်နဲ့ ဒီမှာ ဝေငှပီးတော့ စားပီး နေကြတယ်” ဟု ဆိုသည်။ မောင်တောမြို့ တောင်ဘက်ပိုင်း ကျေးရွာများရှိ ဒုုက္ခသည်များကို ဘူးသီးတောင်နှင့် မောင်တော ကယ်ဆယ်ရေးစခန်းများတွင် ကူညီထောက်ပံ့ ပေးထားပြီး၊ ၎င်းတိုု့ထဲမှ လူပေါင်း ၁ ထောင်ကျော်သည် စစ်တွေမြို့သို့ သြဂုတ်လ ၂၈ ရက်ကတည်းက စတင်ရောက်ရှိလာနေကြသည်။ The post မောင်တောတွင် ပိတ်မိနေသည့် အစိုးရဝန်ထမ်းနှင့် ရွာသားများ လုံခြုံရေး စိုးရိမ်နေ appeared first on ဧရာဝတီ.
Source : http://ift.tt/2vO6V33
via IFTTT
Source : http://ift.tt/2vO6V33
via IFTTT
Subscribe to:
Posts (Atom)