ရခိုင်အကြမ်းဖက်မှုမှ ARSA အစွန်းရောက်အကြမ်းဖက်သမား ၃၇၀ ကျော် အသေဖမ်းမိ ရခိုင်ပြည်နယ်တွင် “ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ”၏ တိုက်ခိုက်မှုကြောင့် သြဂုတ် ၂၅ ရက်မှ ၃၀ ရက်ထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA တို့အကြား ထိတွေ့တိုက်ပွဲ ၉၀ ကြိမ်ဖြစ်ပွားပြီး ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား အလောင်း ၃၇၀ လောင်း၊ ၉ ဦးကို အရှင်ဖမ်းမိထားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သြဂုတ် ၃၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ ထို့ပြင် ပွိုင့် ၂၂ သေနတ်အပါအဝင် လက်နက်ငယ် ၈ လက်၊ ကျည်မျိုးစုံ ၇၉ တောင့်၊ မိုင်း ၂၃ လုံး၊ ဓား ၆၁ ချောင်း၊ ဂျင်ကလိ ၁၂၃ ချောင်း၊ ဆက်သွယ်ရေးစက် ၄ လုံး၊ လှံ ၁၅ ချောင်း၊ ယမ်းထုပ် ၂၇ ထုတ်နှင့် ဝါယာကြိုးခွေများ၊ ပြောက်ကျားယူနီဖောင်းများ၊ WFP တံဆိပ်ပါ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးပစ္စည်းမျိုးစုံတို့ကို သိမ်း ဆည်းရမိခဲ့သည်ဟု ဆိုထားသည်။ တိုက်ပွဲများကြောင့် ဒေသခံ တိုင်းရင်းသား ၁ သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။ တပ်မတော်မှ စစ်သည် ၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် နိုင်ငံ့ဝန်ထမ်း ၂ ဦး စုစုပေါင်း ၁၅ ဦးတို့ အသက်စွန့်ခဲ့ရကြောင်း၊ စစ်သည် ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ စစ်သည် ၁ ဦး ပျောက်ဆုံးနေကြောင်း၊ ဟိန္ဒူဘာသာဝင် ၇ ဦး၊ ဒိုင်းနက်တိုင်းရင်းသား ၃ ဦး၊ ရခိုင်တိုင်းရင်းသား ၄ ဦး စုစုပေါင်း အပြစ်မဲ့ တိုင်းရင်းသားပြည်သူ ၁၄ ဦးသေဆုံးခဲ့ပြီး ဒိုင်းနက်တိုင်းရင်းသား ၂ ဦး ဒဏ်ရာရရှိခဲ့ကာ ၂ ဦး ပျောက်ဆုံးလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ARSA ဘင်္ဂါလီအကြမ်းဖက်သမားများသည် ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်မှ စတင်ကာ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ရသေ့တောင် မြို့နယ် ၃ မြို့နယ်ရှိ ရဲကင်း ၃၀ ကို တပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ယနေ့ စက်တင်ဘာ ၁ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်ကာ လုံခြုံရေး ဆောင်ရွက်နေခြင်း ဖြစ်သည်။ ထို့နောက် ARSA အဖွဲ့သည် ရွေ့ပြောင်းသွားသည့် ဒေသခံ တိုင်းရင်းသားများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီး ခြင်းကြောင့် မောင်တောမြို့နယ်အတွင်း၌ တိုင်းရင်းသားကျေးရွာ ၃ ရွာရှိ အိမ်ခြေ ၁၃၈ လုံး မီးလောင်းဆုံးရှုံးခဲ့ပြီး ကိုးတန်ကောက်၊ မြင်းလွတ်နှင့် ကျီးကန်ပြင်ကျေးရွာများ အပါအဝင် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့ တောင်မြို့နယ်များအတွင်းရှိ ကျေးရွာပေါင်း ၃၂ ရွာနှင့် မောင်မြို့ရှိ ရပ်ကွက် ၂ ခုတို့ကို ၎င်းတို့ကိုယ်တိုင် မီးရှို့ ဖျက်ဆီးခဲ့ကြသဖြင့် အိမ်ခြေပေါင်း ၂၆၂၅ လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသည်။ အဆိုပါဘင်္ဂါလီအကြမ်းဖက်သမားများသည် ၂၀၁၆ ခုနှစ်၊အောက်တိုဘာလအတွင်း ဒါးကြီးဇား၊ ဝါးပိတ်နှင့် ပြောင်ပိုက်ကျေးရွာတို့ရှိ ၎င်းတို့၏ နေအိမ်များအား ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်ဟုလည်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။ The post ရခိုင်အကြမ်းဖက်မှုမှ ARSA အစွန်းရောက်အကြမ်းဖက်သမား ၃၇၀ ကျော် အသေဖမ်းမိ appeared first on ဧရာဝတီ.
Source : http://ift.tt/2wnuza9
via IFTTT
Friday, September 1, 2017
တပ်မတော်က သင်ပုန်းချေသည်ဟုဆိုကာ မီဒီယာများကို စွဲဆိုသည့်အမှုများရုပ်သိမ်း တပ်မတော်မှ တရားစွဲဆိုထားသည့် သတင်းသမားနှင့် လူပုဂ္ဂိုလ် ၈ ဦး အပေါ် စွဲဆိုထားသည့် အမှုများကို ယနေ့မှ စတင် ရုပ်သိမ်းလိုက်ကြောင်း တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်းက ဧရာဝတီသို့ အတည်ပြုသည်။ ဗိုလ်ချုပ်အောင်ရဲဝင်းက “တပ်မတော်ဘက်နေ တချို့အမှုတွေကို ကျေအေးလိုက်တယ်။ တချို့ကိုရုပ်သိမ်းလိုက်ပါတယ်။ ဒီနေ့ချက်ချင်း ပြန်လွတ်၊ မလွတ်ကတော့ ဥပဒေကြောင်းအရ process တွေရှိမှာပါ။ အမှုအတိအကျတွေကတော့ ထုတ်ပြန်ပေးပါမယ်” ဟု ပြောသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ နိုင်ငံတော်နှင့် ပြည်သူများ အကျိုးစီးပွားကို အတူလက်တွဲလုပ်ဆောင်နိုင်ရန် အလို့ငှာ တပ်မတော် အနေဖြင့် ယခင်က ဖြစ်ပျက်ခဲ့မှုများအား သင်ပုန်းချေ၍ သတင်းသမားနှင့် လူပုဂ္ဂိုလ် ၈ ဦးတို့အပေါ် စွဲဆိုထားသည့် အမှုများကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ယနေ့ စက်တင်ဘာ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တရားဝင် စာဖြင့် အကြောင်းကြားလာခြင်း ဖြစ်သည်။ တရားစွဲဆိုမှု ရုပ်သိမ်းလိုက်ရာတွင် ဧရာဝတီသတင်းဌာန သတင်းထောက် ဦးသိန်းဇော် (ခ) လဝီဝမ်၊ DVB သတင်းဌာနမှ ကိုအေးနိုင်နှင့် ကိုပြည့်ဘုန်းအောင်၊ Eleven မီဒီယာမှ အယ်ဒီတာချုပ် ဦးဝေဖြိုး၊ The Voice နေ့စဉ်သတင်းစာမှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ ဗြိတိသျှကိုကိုမောင်တို့ ပါဝင်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ သိရသည်။ ထို့အပြင် တပ်မတော်နှင့် တပ်မတော်သားများအား ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မှုကြောင့်ဟုဆိုကာ မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ခဲ့သည့် ဦးထင်ကျော်(ခ) ကျော်ထင်နှင့် တောင်ငူ မြို့နယ်တရားရုံး၌ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်လှစ်ခဲ့သည့် တောင်ငူ ဗကသဒုတိယဥက္ကဋ္ဌ ဝေယံသိန်း(ခ)ဗစ်တာ ဦးဆောင်သော ကျောင်းသားမျိုးဆက် ကေတုအိုးဝေ တော်လှန်သံချပ်အဖွဲ့တို့ကို တရားစွဲဆိုထားသည့်အမှုများကိုလည်း ရုပ်သိမ်းပေးခဲ့ကြောင်း သိရသည်။ TNLA နယ်မြေတွင် ပြုလုပ်သည့် ကမ္ဘာ့မူးယစ်ဆေးဝါးအထိမ်းအမှတ်နေ့ပွဲသို့ တက်ရောက်သတင်းယူခဲ့သည့် ဧရာဝတီသတင်းဌာနနှင့် DVB သတင်းဌာနမှ သတင်းထောက် ၃ ဦးကို တပ်မတော်က ဇွန် ၂၆ ရက်က ဖမ်းဆီးခဲ့ကာ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခဲ့သည်။ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်ကိုလည်း ကျည်ထောင်စု သစ္စာအမည်ရှိ သရော်စာ ဖော်ပြမှုကြောင့် ဇွန်လဆန်းပိုင်းက သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ)၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တို့ဖြင့် တရားစွဲဆိုခဲ့သည်။ The Daily Eleven မှ အယ်ဒီတာချုပ် ဦးဝေဖြိုးကိုလည်း တိုက်ပွဲတခုအတွင်း တပ်မတော်သား အဖမ်းရသည့် ဓာတ်ပုံကိုသုံးစွဲသည့်ဟုဆိုကာ ၎င်းအဖမ်းခံရသည့် တပ်မတော်သားက လွတ်မြောက်လာပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၂ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ NLD အစိုးရလက်ထက်တွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် သတင်းမီဒီယာအပေါ် တရား စွဲဆိုမှုမှာ ဇူလိုင် ၃၀ ရက်နေ့ အထိ ၁၀ မှုရှိပြီး တရားရင်ဆိုင်နေရသည့်သတင်းသမား အရေအတွက်မှာ ၁၈ ဦး ရှိကြောင်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာသုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။ The post တပ်မတော်က သင်ပုန်းချေသည်ဟုဆိုကာ မီဒီယာများကို စွဲဆိုသည့်အမှုများရုပ်သိမ်း appeared first on ဧရာဝတီ.
Source : http://ift.tt/2wnkRF2
via IFTTT
Source : http://ift.tt/2wnkRF2
via IFTTT
ဒီႏွစ္ထဲမွာ ဆုအမ်ားဆုံးရရွိထားတဲ့ ကား(၁၀) စီး
ဒီနှစ်ထဲမှာ ဆုအများဆုံးရရှိထားတဲ့ ကား(၁၀) စီး အခုပြောပြမှာကတော့ အခုနှစ်ထုတ် မော်ဒယ်တွေထဲကနေ သက်ဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ ဆုအများဆုံး ရရှိထားတဲ့ မော်ဒယ်တွေပဲ ဖြစ်ပါတယ်။ နှစ်ဝက်တာကာလမှာ ဆုတွေ အများဆုံးရရှိပြီး ဖြစ်လို့ နှစ်ကုန်ပိုင်းမှာ တနှစ်တာအကောင်းဆုံးကားဆုတွေ ရရှိဖို့ အလား အလာကောင်းနေတဲ့ မော်ဒယ်တွေလည်း ဖြစ်ပါတယ်။ ၁။ 2017 Subaru Impreza အခုနှစ်အတွက် လုံး၀ အသစ်ပုံစံ ပြန်ပြင်ပြီး ထုတ်လုပ်ထားတာပါ။ နောက်ဘီးယက်စနစ်နဲ့ အကောင်းဆုံးပွဲထုတ်လာတယ်၊ Hatchback ကိုယ်ထည်နဲ့ပါ ရနိုင်လာတယ်။ လုံခြုံစိတ်ချရမှု အထူးကောင်းမွန်တယ်။ အခုချိန်ထိအောင်တော့ ဒေါ်လာ ၂၅၀၀၀အောက် အကောင်းဆုံးကားဆုကို ရထားတယ်၊ ပြီးတော့ တန်ဖိုးနဲ့ အလိုက်ဖက် ဆုံး အရည်အသွေးပြနိုင်တဲ့ ကားဆုကိုလည်း ရထားတယ်၊ ဒေါ်လာ ၁၈၀၀၀အောက် သဘောကျစရာအကောင်းဆုံးကား ဆုကိုပါ ရရှိထားတာပါ။ ၂။ 2017 Honda CR-V အခုနှစ်အတွက် ဒီဇိုင်းပြင်ဆင်ထုတ်လုပ်ထားမှု တွေ့ရပါတယ်။ Toyota RAV-4 ထက်လည်း ရောင်းအားကောင်းလာပါ တယ်။ ဆီစားနှုန်းချိုသာတယ်။ မောင်းနှင်အသုံးပြုသူတွေနဲ့ ရင်းနှီး အသားကျထားပြီးသား မော်ဒယ်ကောင်းပါ။ အခုနှစ်အတွက် အကောင်းဆုံးမိသားစုသုံး ကား၁၂ စီးမှာ ပါဝင်နေပြီ ဖြစ်သလို ဒေါ်လာ ၂၅၀၀၀အောက် အကောင်းဆုံး SUVဆုကိုလည်း ရထားတယ်၊ ဒေါ်လာ ၂၅၀၀၀အောက် ဘီးစုံယက်စနစ်နဲ့ အကောင်းဆုံးမော်ဒယ်ဆုလည်း ရရှိထားတာပါ။ ၃။ 2017 Kia Sportage ဒီမော်ဒယ်ကလည်း အခုနှစ်မှာ ဒီဇိုင်း ပြောင်းလဲထုတ်လုပ်ထားတာ တွေ့ရပါတယ်။ ဈေးနှုန်းချိုသာသလောက် အရည်အ သွေး ကောင်းလို့ လူကြိုက်များနေပါတယ်။ ရုပ်ထွက်ကလည်း ဆွဲဆောင်မှု ရှိတယ်၊ အာမခံလည်းရှည်လို့ သဘောကျစရာ ပါ။ မော်ဒယ်က CR-Vနဲ့ အတူတူ မိသားစုသုံးအကောင်းဆုံး ကား၁၂စီး စာရင်းမှာ ပါနေသလို ဒေါ်လာ ၂၅၀၀၀ အောက် တန်ဖိုးရှိ အကောင်းဆုံး SUV စာရင်းမှာလည်း ပါရှိနေပါတယ်။ ၄။ 2017 Chevrolet Impala သက်တောင့် သက်သာရှိပြီး ဇိမ်ခံမော်ဒယ်လို သုံးနိုင်တယ်၊ အတွင်းခန်း အထူးကျယ်ဝန်းတယ်၊ အမေရိကန်မှာတော့ အ ကောင်းဆုံးဆီဒင် မော်ဒယ်ဖြစ်ဖို့ အလေးပေးခံနေရပါတယ်။ ဒေါ်လာ ၃သောင်းအောက် ကားတွေထဲမှာ အကောင်းဆုံးကားအဖြစ် ရွေးချယ်ခံထားရသလို မိသားစုသုံးဆီဒင်ထဲမှာ အ ကောင်းဆုံးကားဆုနဲ့ ၅နှစ်တာ သက်တမ်းကာလအတွင်း အကောင်းဆုံးကားဆုကိုပါ ရရှိထားပါတယ်။ ၅။ 2017 Toyota Prius / Toyota Prime Toyota ရဲ့ဆီရော လျှပ်စစ်ပါ ရောသုံးပြီး ခရီးဝေးရော မြို့တွင်းသုံးပါ အဆင်ပြေလို့ လူကြိုက်များနေတဲ့ မော်ဒယ်ပါ။ ဒေါ် လာ ၄သောင်းအောက် အကောင်းဆုံး Hybrid ကားဆုကိုရထားပါတယ်။ Prime မော်ဒယ်ကလည်း တန်ဖိုးဒေါ်လာ ၄သောင်းအောက် အကောင်းဆုံး Plug-in Hybrid မော်ဒယ်ဆုရထားပြန်ပါတယ်။ ၅နှစ်တာ သက်တမ်းကာလအတွင်း အကောင်းဆုံးကားဆုစာရင်းမှာလည်း ပါနေပါတယ်။ ၂၀၁၇အတွက် ဝယ်ယူဖို့ အ ကောင်းဆုံးဆုကိုလည်း ရရှိထားပါတယ်။ ၆။ 2017 Kia Optima ၂၀၁၆ခုနှစ် မော်ဒယ်မှာ အကြီးစားအဆင့်မြှင့်မှုတွေ လုပ်ခဲ့ပေမယ့် အခုနှစ်မှာတော့ သိပ်ပြီးမထူးခြားပါဘူး။ ပြိုင်ကားနဲ့ ဆင် တဲ့ ရုပ်ထွက်နဲ့ ဒီဇိုင်းကြောင့် လူကြိုက်များပါတယ်။ ဒေါ်လာ ၂၅၀၀၀အောက်ဘက် အကောင်းဆုံးဆီဒင် ၁၀စီးမှာ ပါနေ တယ်။ မိသားစုသုံးအကောင်းဆုံး ဆီဒင်ကားစာရင်းမှာလည်းပါတယ်၊ Hybridနဲ့ Plug-in Hybrid တွေလည်း ရနိုင်လာပြီး အဆို ပါသက်ဆိုင်ရာအပိုင်းတွေမှာလည်း အကောင်းဆုံး စာရင်းဝင် မော်ဒယ်အဖြစ် ရွေးချယ်ခံထားရတာ တွေ့ရပါတယ်။ ၇။ 2017 Hyundai Sonata ဇိမ်ခံပုံစံ ဖန်တီးထားတယ်၊ လုံခြုံစိတ်ချရမှု အားကောင်းတယ်၊ ဈေးနှုန်းနဲ့ လိုက်ဖက်တဲ့ အရည်အသွေးကောင်းကို ပြနိုင်လို့ လူကြိုက်များနေပါတယ်။ Honda Accord နဲ့ Toyota Camryတွေကိုအကောင်းဆုံးဈေးကွက် ပြိုင်ဆိုင်လာနိုင်တာတွေ့ရပါ တယ်။ ဒေါ်လာ ၂၅၀၀၀အောက် တန်ဖိုးရှိအကောင်းဆုံး ဆီဒင်စာရင်း ဝင်နေပြီး ဒေါ်လာ ၃သောင်းအောက် တန်ဖိုးရှိ သက် တောင့်သက်သာအရှိဆုံး ဆီဒင်စာရင်းမှာလည်း ထိပ်ပိုင်းမှာ ရပ်တည်နေနိုင်တာ တွေ့ရပါတယ်။ ၈။ 2017 Jeep Wrangler မော်ဒယ်ကကိုယ်ထည်ပိုင်းမှာတံခါး ၂ပေါက်စနစ်နဲ့ရော ၄ပေါက်စနစ်နဲ့ပါ ရနိုင်ပါတယ်။ စိတ်ကြိုက် အဖြစ်ဆုံး SUV ၁၀စီး စာရင်းမှာ ပါနေတယ်။ မောင်းနှင်လို့ အထူးကောင်းတယ်၊ စိတ်ကြိုက် ဖြစ်စေတယ်။ ဒေါ်လာ ၂၅၀၀၀အောက် အကောင်းဆုံး ကားစာရင်းမှာပါတယ်၊ တန်ဖိုးလျော့ကျမှု အနည်းဆုံးကားဆုလည်းရထားတယ်၊ ၅နှစ်တာသက်တမ်း ကာလအတွင်း အ ကောင်းဆုံးဆုစာရင်းမှာလည်း ပါနေပါတယ်။ ၉။ 2017 Honda Civic နှစ်ယောက်စီးမော်ဒယ်အနေနဲ့ရော ဆီဒင်အနေနဲ့ရော Hatchbacck ကိုယ်ထည် အနေနဲ့ပါရနိုင်လာပြီး မော်ဒယ်တိုင်းကို လူ ကြိုက်များနေပါတယ်။ နှစ်စဉ် အကောင်းဆုံးကိုယ်ထည် အသေးစားကားဆုကိုလည်း ရယူထားနိုင်တာ တွေ့ရပြီး အခုနှစ် ကားတွေထဲမှာလည်း ဒေါ်လာ ၁၈၀၀၀အောက် တန်ဖိုးရှိ အကောင်းဆုံးကားဆုကို ရထားပါတယ်။ ၁၀။ 2017 Honda Accord အခုနှစ်ထဲမှာတော့ အကောင်းဆုံး ပြန်လည် ဈေးကွက်ဝင်လာတဲ့ မော်ဒယ်ပါ။ အရွယ်အလတ်တန်းစားကားတွေထဲမှာ ဝယ် ယူဖို့ အကောင်းဆုံးကားပါ၊ ဒေါ်လာ ၂၅၀၀၀အောက် တန်ဖိုးရှိအကောင်းဆုံးဆီဒင်စာရင်းမှာ ပါနေတယ်၊ ၅နှစ်တာ ကာလ အတွင်းအကောင်းဆုံးကားဆု စာရင်းမှာလည်း ပါရှိတယ်။ ဒေါ်လာ ၃သောင်းအောက် တန်ဖိုးရှိမော်ဒယ်တွေထဲက သက်တောင့်သက်သာ အရှိဆုံး ကားဆုကိုလည်း ရထားတယ်၊ Hybrid မော်ဒယ်လည်း ရနိုင်လာပြီး ဒေါ်လာ ၄သောင်းအောက် တန်ဖိုးရှိ Hybrid မော်ဒယ်တွေထဲမှာ ရွေးချယ်ဖို့ အကောင်း ဆုံးကားစာရင်းမှာ ပါလာပါတယ်။ Ref: www.kbb.com The post ဒီနှစ်ထဲမှာ ဆုအများဆုံးရရှိထားတဲ့ ကား(၁၀) စီး appeared first on ဧရာဝတီ.
Source : http://ift.tt/2eJq6FN
via IFTTT
Source : http://ift.tt/2eJq6FN
via IFTTT
ရခိုင်အရေး တပ်မတော် အဆိုမတင်ခဲ့ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြော ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အကြမ်းဖက်သမားများ၏ လုပ်ရပ်များ ထိန်းချုပ်ရေးအတွက် တပ်မတော်သား ကိုယ်စားလှယ်များ အနေဖြင့် အဆိုတင်ခဲ့ခြင်း လုံးဝမရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ယနေ့ လွှတ်တော် တွင် ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောသည်။ တပ်မတော်သား ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ထံ အကြမ်းဖက်သမားများ ချုပ်ငြိမ်းရေး အစီအမံများ ချမှတ်ပေးရန် တိုက်တွန်းကြောင်း တင်ခဲ့သော်လည်း ဆွေးနွေးခွင့်မရဘဲ ပယ်ချခံခဲ့ရကြောင်း ဗိုလ်ချုပ် သန်းထွဋ်သိန်း၏ ပြောကြားခဲ့မှုအပေါ် ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဦးဝင်းမြင့်က “ကျနော် ပြောတာကြီးပဲလည်း မယုံပါနဲ့၊ ခင်ဗျားတို့ အချိန်ပေးနိုင်ရင် ကျနော့် ညွန်ချုပ်ဆီမှာ အဆို၊ မေးခွန်း ကို Registation စာအုပ်ကိုပဲ ရက်စွဲအလိုက် သွားကြည့်လိုက်ပါ၊ ရှိလား၊ မရှိလားဆိုတာ၊ ခင်ဗျား ပြောတဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၁ Date တောင်မဟုတ်ပါဘူး၊ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း အစ အဆုံး ပြန်ကြည့်ပြီးပြီ၊ ခင်ဗျားတို့ လည်း ကြားနေတာပဲ၊ အဲ့ဒီလို တပ်မတော်သား ကိုယ်စားလှယ်တွေ အဆိုတင်ထားတာ လုံးဝမရှိပါဘူး”ဟု ပြောသည်။ ပြီးခဲ့သည့်သြဂုတ် ၂၉ ရက်နေ့ တပ်မတော်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် အတွင်း အကြမ်း ဖက် မှုများ စတင်ဖြစ်ပွားပြီးနောက် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ပြည်သူ့လွှတ်တော်နှင့် ဒီဇင်ဘာ ၈ ရက်နေ့ အမျိုးသား လွှတ်တော်တွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များမှ ဘင်္ဂါလီ အကြမ်းဖက်သမားများ ဆက်လက် ကျူးလွန် လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များသည် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော် အချုပ်အခြာအာဏာကို ခြိမ်းခြောက်သည့် အတွက် အကြမ်းဖက်သမားများ၊ ကျူးကျော်သူများ၊ နောက်ထပ် မကျူးကျော်နိုင်ရေးအတွက် အကြမ်းဖက်လုပ်ရပ်များ လုံးဝချုပ်ငြိမ်းသည် အထိ လိုအပ်သည့် အစီအမံများ ချမှတ်ပေးရန် နိုင်ငံတော်အစိုးရကို တိုက်တွန်းသည့် အဆို ၂ ရပ် တင်သွင်းခဲ့သော်လည်း ဆွေးနွေးခွင့်မရဘဲ လွှတ်တော်က ပယ်ချခြင်း ခံခဲ့ရကြောင်း ဗိုလ်ချုပ် သန်းထွဋ်သိန်းက ပြောခဲ့ခြင်း ဖြစ်သည်။ မောင်တောဒေသတွင်း သြဂုတ် ၂၅ ရက်နေ့တွင် ဒုတိယအကြိမ် အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)မှ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြည်ထောင်စု လွှတ်တော်တွင် လည်းကောင်း၊ ဦးလှဌေးဝင်းက ပြည်သူ့လွှတ်တော်တွင် လည်းကောင်း အရေးကြီးအဆိုများ တင်သွင်းရန် ကြိုးပမ်းခဲ့သော် လည်း ဆွေးနွေးခွင့် မရခဲ့ကြောင်း ကာယကံရှင် လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက ပြောသည်။ ဦးလှဌေးဝင်း၏ အရေးကြီးအဆိုနှင့် ပတ်သက်၍ ဦးဝင်းမြင့်က “သူ့အဆို အဓိကတင်တဲ့ ရည်ရွယ်ချက်က ပြည်သူ့ လွှတ်တော် က ဘင်္ဂါလီများ၏ အကြမ်းဖက်လုပ်ရပ်အား ပြင်းထန်းစွာရှုတ်ချကြောင်း တင်တာပါ။ အကြမ်းဖက်အဖြစ် ကြေညာတာက ပြင်းထန်စွာရှုတ်ချတာနဲ့ အများကြီး အဆပေါင်းများစွာ ပြင်းပါတယ်၊ ဒါကို လွှတ်တော်က ပြင်းထန်စွာ ရှုတ်ချပါတယ် ဆိုရင် နွားနို့ရေရောသလို လျော့သွားသလိုတောင် ဖြစ်နေပါတယ်”ဟု ရှင်းလင်းပြောကြားသည်။ မောင်တောဒေသတွင်း အကြမ်းဖက် လုပ်ရပ်လုပ်ဆောင်ခဲ့သူများနှင့် ၎င်းတို့အား ပူးပေါင်းသူ၊ ထောက်ပံ့သူ၊ အားပေး ကူညီသူများ အားလုံးကို အကြမ်းဖက် ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် အစိုးရက သြဂုတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားပြီး ဖြစ်သည်။ The post ရခိုင်အရေး တပ်မတော် အဆိုမတင်ခဲ့ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2vwlmh0
via IFTTT
Source : http://ift.tt/2vwlmh0
via IFTTT
တပ်မတော်မှ သတင်းသမားအပေါ် စွဲဆိုထားသည့် အမှု ရုတ်သိမ်းဟုဆို မတရားအသင်းနှင့် ဆက်သွယ်သည်ဆိုကာ ပုဒ်မ ၁၇/၁ဖြင့် တရားစွဲခံထားရသည့် ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ဦးသိန်းဇော်(လဝီဝမ်)နှင့် ဒီမိုကရက်တစ် မြန်မာ့အသံ(DVB)မှ အကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဘုန်းအောင်တို့၏ အမှုကို တပ်မတော် ရုပ်သိမ်းလိုက်ကြောင်း သတင်းမီဒီယာကောင်စီမှ ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်းက ဧရာဝတီကိုပြောပါတယ်။ ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ဦးသိန်းဇော်(လဝီဝမ်)နှင့် ဒီမိုကရက်တစ် မြန်မာ့အသံ(DVB)မှ အကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဘုန်းအောင်တို့၏ အမှုကို လက်ရှိ သီပေါတရားရုံးတွင် တရားစွဲထားသည့် အတွက် အမှုရင်ဆိုင်နေရပါတယ်။ တပ်မတော်က သတင်းသမားများအပေါ် စွဲဆိုထားသည့် အမှု ၅မှုကို ယနေ့ ရုတ်သိမ်းလိုက်ခြင်းဖြစ်ပြီး တခြားသောအမှုများမှာ ဗဟန်းတရားရုံး၌ တရားရင်ဆိုင်နေရသည့် The voice ဂျာနယ်မှ အယ်ဒီတာချူပ် ဦးကျော်မင်းဆွေနှင့် ဗြိတိသျှကိုကိုမောင်အမှု ဝန်းသိုတွင် တရားစွဲခံထားရသည့် အလဲဗင်းမီဒီယာမှ အယ်ဒီတာချူပ်ကိုဝေဖြိုးတို့ အမှုများဖြစ်ကြောင်းသိရပါတယ်။ The post တပ်မတော်မှ သတင်းသမားအပေါ် စွဲဆိုထားသည့် အမှု ရုတ်သိမ်းဟုဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2wWkX7S
via IFTTT
Source : http://ift.tt/2wWkX7S
via IFTTT
ပန်းချီ ကိုစစ်ရဲ့ မသိစိတ် အလွန်ကို ချဉ်းကပ်ကြည့်ခြင်း အနုပညာလောကမှာ အချိန်တို အတွင်း လူသိများ ထင်ရှားအောင်မြင်လာတဲ့ ပန်းချီဆရာကို သူ့ရှေ့က ပန်းချီဆရာတွေက မုဒိတာစိတ် ထားနိုင်ကြတာ နည်းပါးသလို မနေ့တနေ့ကမှ ဒီလောကထဲ ဝင်လာတာ ဆိုပြီး အထင်သေးတတ်ကြတာတွေ များစွာ တွေ့ဖူးပါတယ်။ နောက်ပြီး ပန်းချီကားနဲ့ အနုပညာလက်ရာ ဘယ်လိုကွာခြားတယ် ဆိုတာ သိမြင်တဲ့သူလည်း နည်းပါးတဲ့ အပြင် ကိုယ့်ကိုယ်ကို Artist (အနုပညာရှင်) လို့ ခံယူထားတဲ့ သူတွေတောင် သေချာမသိသူတွေ တွေ့ဖူး ပါတယ်။ အဲဒီ အကြောင်းတွေနဲ့ ဆက်စပ်ပြီး ကိုယ်တိုင်က ပန်းချီကား စုဆောင်းသူ (Collector) တဦး၊ တက်တူးပညာရှင် တဦး၊ ပြခန်းပိုင်ရှင်တဦး ဖြစ်ပြီး ပန်းချီကားတွေလည်း ရေးဆွဲလာသူ ကိုစစ်နဲ့ မေးမြန်းဆွေးနွေးထားပါတယ်။ ၁၉၈၃ ခုနှစ်ဖွား၊ မော်လမြိုင်ဇာတိသား ကိုစစ်ဟာ ပန်းချီရေးဆွဲမှု Self Study လုပ်ခဲ့ရသူပါ။ သူဟာ ၂၀၁၁ ခုကနေ ၂၀၁၇ အထိ ပြည်တွင်း အုပ်စုပြပွဲပေါင်း ၁၅ ပွဲ၊ နိုင်ငံတကာ အုပ်စုပြပွဲ ၄ ပွဲမှာ ပါဝင် ပြသနိုင်ခဲ့တာကြောင့် သူဟာ အချိန်တိုအတွင်း တိုးဝင်လာတဲ့ အနုပညာရှင်လို့ ဆိုရမှာပါ။ လတ်တလော ကာလအတွင်း သူရေးဆွဲဖြစ်ခဲ့တဲ့ Abstract Expression ပန်းချီကားတွေကို စုစည်းပြီး Beyond the Subconscious အမည်နဲ့ သူ့ရဲ့ ပထမဆုံး တကိုယ်တော် အနုပညာ ပြပွဲကို ရန်ကုန်မြို့ အောင်ဆန်း အားကစား ပြိုင်ဝင်း မြောက်ဘက်တန်းရှိ OK Gallry မှာ စက်တင်ဘာ ၂ ရက်နေ့ကနေ ၄ ရက်နေ့ အထိ ပြသ သွားမှာ ဖြစ်ပါတယ်။ မေး။ ။ ကိုစစ်ရဲ့ ပထမဆုံး ပြုလုပ်တဲ့ တကိုယ်တော် အနုပညာ ပြပွဲ ဖြစ်ပေါ်လာတဲ့ အကြောင်းက စပြီး ကျနော်တို့ စကားဝိုင်းကို စလိုက်ကြရအောင်ပါ။ ခင်ဗျားရဲ့ Beyond the Subconscious ပြပွဲပေါ့။ ဖြေ။ ။ ကျနော် ၂၀၁၁ လောက်ကတည်းက ပန်းချီကားလေးတွေ ဆွဲဖြစ်တယ်၊ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် အားမရခဲ့ ဘူး။ စိတ်ပျက်ရင် မဆွဲဘဲနေလိုက်၊ စိတ်ပါရင် ပြန်ဆွဲလိုက်နဲ့ပေါ့။ ဒီလိုနဲ့ နှစ်တွေ အများကြီးပဲ။ ပျက်သွားတဲ့ ပန်းချီကားတွေ လည်း အများကြီးပဲ။ အဲဒီနှစ်ပိုင်းမှာတော့ မိတ်ဆွေတချို့နဲ့ ပြပွဲတွေတော့ ပုံမှန် ဝင်ပြဖြစ်ခဲ့တယ်။ နောက်ကိုယ်တိုင်လည်း ပန်းချီကားတွေ စုဖြစ်တော့ ပန်းချီဆရာတွေရဲ့ လက်ရာအစုံကို နေ့စဉ် လိုလို ထိတွေ့ခွင့် ရခဲ့တယ်။ အဲဒီမှာမှ ဆရာ ဦးခင်မောင်ရင် ပန်းချီကားတွေ အများဆုံး စုဖြစ်တယ်။ ဆရာ့ဆီကိုလည်း အများဆုံးရောက်ဖြစ်ခဲ့တယ်။ ကိုယ်ကိုယ်တိုင် ရေးဖြစ်တော့လည်း ဆရာ့ရဲ့ လွတ်လပ်တဲ့ ရေးဟန်ကို အားကျပြီး ဖန်တီးဖို့ ကြိုးစားခဲ့တယ်။ ပြီးခဲ့တဲ့ လက ရက်တရက်ပေါ့…၊ အဲဒီမှာ ကျနော် ပန်းချီရေးချင်စိတ် အရမ်းဖြစ်နေတာ။ ခက်တာက အဲဒီနေ့မှာ ရေးဖို့ ကင်းဗတ်က မရှိ၊ ထွက်ဝယ်ဖို့ကျတော့လည်း ကိုယ်နေတာက ထောက်ကြန့် ဆိုတော့… ဆိုင်တွေနဲ့က ဝေးလွန်းတယ်၊ ရှာကြံမရတဲ့ အဆုံး ရေဆေးစက်ကူ အနောက်ဖုံးလေးတွေပေါ်မှာ စိတ်ရှိတဲ့ အတိုင်းချရေးတော့တာပဲ။ ထွက်လာတဲ့ အဖြေက ကျနော့် အတွင်းစိတ် အတိုင်း ဖြစ်လာတယ်။ အဲဒီနောက် ကတ်ထူစက္ကူတွေမှာပြီး ဆက်တိုက်ရေးတော့တာပါပဲ။ ဆွဲပြီးတဲ့ ပုံတချို့ကို ဖေ့စ်ဘုတ်မှာ တင်ဖြစ်တယ်။ မိတ်ဆွေ တချို့ကလည်း အားပေးတယ်၊ ပြပွဲလေးလုပ်ဖိုပေါ့။ ကားတွေ များလာတာက တကြောင်း၊ ပန်းချီလောကထဲ ဝင်ရောက်လာတာ ၁၀ စုနှစ် တစုစာ လောက်ရှိနေပြီမို့ ပြဖို့ အားတွေ ရှိလာတာကြာင့် တကိုယ်တော်ပွဲလေး လုပ်ဖို့ စီစဉ်ဖြစ်တာပါ။ မေး။ ။ တက်တူး ထိုးသူ တဦး၊ ပြခန်းပိုင်ရှင်နဲ့ collector တဦး၊ အခု ပန်းချီ ဆရာ တဦး၊ အဲဒါတွေက ကိုစစ် ဘဝရဲ့ ဖြတ်သန်းဆဲ အစိတ်အပိုင်းတွေ..၊ ဆိုတော့ .. အဲဒီ ၄ မျိုးက ကိုစစ် အတွက် တခုနဲ့ တခု ဆက်စပ်မှု ရှိနေလား၊ ဒါမှမဟုတ် တခုက တခုကို နှေင့်ယှက်နေတာတွေ ရှိလားး… ဘယ်လို ခံစားရလဲ။ ဖြေ။ ။ အရာအားလုံးဟာ ကျနော့် အတွက် ဆက်စပ်မှုရှိနေပါတယ်။ ကိုယ် ဖြတ်သန်းခဲ့တဲ့ အစိတ်အပိုင်း အားလုံးဟာ တခုနဲ့ တခု ဆက်စပ်နေပါတယ်။ အနှောင့်အယှက် မဖြစ်ခဲ့ပါဘူး။ သဘောတရားချင်း မတူပေမယ့် အကြောင်းအရင်းခံ ကတော့ ပန်းချီ ဝါသနာ ပါတဲ့ စိတ်ပေါ့။ ကျနော် လူငယ်ဘဝမှာ တက်တူးတွေ ထိုးဖြစ်တယ်။ တက်တူးထိုးတာ ကျနော့်အတွက်တော့ အလှအပထက် အနုပညာတခု လိုခံယူပြီး ရူးရူးမိုက်မိုက်ကို ထိုးခဲ့တာ။ ကျနော့် ခန္ဓာကိုယ် တခုလုံး နေရာတော်တော် များများမှာ ထိုးဖြစ်တယ်။ ကိုယ်တိုင်လည်း tattoo art ကို လေ့လာပြီး ၂၀၁၀ လောက်မှာ tattoo studio တခု ဖွင့်ဖြစ်တယ်။ အဲဒီကာလဟာ ဘ၀ တဆင့်ပြောင်းဖို့ အကြောင်းဖန်လာတဲ့ ကာလပါ။ ဘာလို့လဲ ဆိုတော့ သူငယ်ချင်း tattoo artist တွေရဲ့ အသိ ပန်းချီဆရာတွေနဲ့ စပြီးရင်းနှီးခွင့် ရခဲ့လို့ပဲ။ အဲဒီနောက် ပန်းချီပြပွဲတွေ ရောက်ဖြစ်တယ်၊ ပန်းချီကားလေးတွေ စ,စုဖြစ်တယ်၊ တဖြည်းဖြည်းနဲ့ ပန်းချီရောဂါ ရင့်လာတော့ ၂၀၁၁ မှာ Myanmar Ink Gallery လေးကို ဖွင့်ဖြစ်ခဲ့တယ်။ အဲဒီနောက်ပိုင့်း ပန်းချီကားတွေ တတ်နိုင်သလောက် တောက်လျှောက် စုဖြစ်တယ်၊ ပန်းချီ Gallery ဖွင့်ထားတယ် ဆိုပေမယ့် ရောင်းဖို့ထက် စုတာကို ပိုအားသန်တယ်။ ပန်းချီကားရောင်းရရင် ပျော်တာထက် နှမြောတဲ့ စိတ်က ပိုများတယ်။ ဘာလို့လဲ ဆိုတော့ ရောင်းပြီးရင် ဒီကားမျိုး ပြန်မရနိုင်တော့ဘူး ဆိုတဲ့ အသိတွေ ရလာလို့ပဲ။ နောက်ဝယ်တဲ့ သူတွေဟာလည်း ကိုယ့်ဆီက ကားကောင်းလေးတွေမှ ရွေးဝယ်တတ်ကြတာကိုး။ ကိုယ်ကိုယ်တိုင်လည်း ပန်းချီရေးဖြစ်လာတော့ ပန်းချီကားကောင်း တကားဖြစ်ဖို့ ဆိုတာ မလွယ်ဘူး လို့လည်း သိလာတယ်လေ။ ဘယ်လောက်တော်တဲ့ ပန်းချီဆရာ ဖြစ်ဖြစ်၊ ပန်းချီကားတိုင်း ကောင်းတာမှ မဟုတ်တာ။ ခုနောက်ပိုင်း ပန်းချီဘက်ကို ပိုအလေး ပေးဖြစ်တယ်၊ ပန်းချီကားတွေ ပိုလည်း ရေးဖြစ်တယ်၊ ပိုလည်း စုဖြစ်တယ်။ မေး။ ။ ကိုစစ်ကို အခုလို ပန်းချီကားတွေ ဖန်တီးဖြစ်အောင် ဘယ်တွေက ဘယ်လို စေ့ဆော်ပေးနေသလဲ၊ ပြီးတော့ ကိုစစ်ရဲ့ သင်ဆရာ မြင်ဆရာတွေ အကြောင်းလည်း ပြေပါဦး။ ဖြေ။ ။ ပန်းချီ ကတော့ ငယ်ငယ်လေးကတည်းက ဆွဲဖြစ်တယ်၊ နယ်မှာ မွေးတာမို့ ကျောင်းပြိုင်ပွဲတွေ ဘာတွေမှာ ဝင်ပြိုင် ဝင်ရေးပေါ့။ ဆရာတွေနဲ့ သေချာ မသင်ခဲ့ရပါဘူး။ အိမ်မှာက စာအုပ်အငှားဆိုင်လေး ဖွင့်ခဲ့တော့… စာအုပ်အဖုံးက ပုံတွေ ကူးဆွဲတာပေါ။့ အထက်တန်း အောင်တော့လည်း ပန်းချီကျောင်း ရှိတာတောင် မသိခဲ့ပါဘူး နယ်မှာက ပန်းချီနဲ့ ပတ်သက် ပြီး အရာရာ အလှမ်းဝေးလွန်းပါတယ်။ ၂၀၀၀ လောက်မှာ မိသားစု လိုက်ရန်ကုန်ကို ပြောင်းလာခဲ့ကြတယ်။ ပန်းချီလောကနဲ့ နီးစပ်ဖို့ ကံပါလာတယ် ထင်ပါတယ်။ ကျနော့်မှာ သင်ဆရာရယ်လို့တော့ မရှိပါဘူး။ ဒါပေမယ့် ကျနော် အားရင် အသိပန်းချီဆရာတွေဆီ သွားလည်တယ်၊ သူတို့နဲ့ စကားတွေ ပြောတယ်၊ နားထောင်တယ်၊ ပြီးတော့ ပန်းချီစာအုပ်တွေ ဖတ်ဖြစ်တယ်၊ ပန်းချီဆရာတွေရဲ့ ဘဝ၊ ပန်းချီဆရာတွေရဲ့ အကြောင်းကို စိတ်ဝင်စားလို့ပါ။ သူတို့ဆီကနေ မတူညီတဲ့ ခံယူချက်တွေ၊ သင်ခန်းစာတွေ အများကြီး ရတယ်။ ပန်းချီဆရာတိုင်း အစောပိုင်းကာလ လက်ရာတွေမှာ သူတို့ နှစ်သက်စွဲလမ်းတဲ့ artist တွေရဲ့ ဟန်တွေ လွှမ်းမိုးမှုတွေ ပါနေတာ သဘာဝကျပါတယ်။ ကျနော် tattoo art တွေ ရေးခဲ့စဉ်တုန်းက realsim တွေ အရေးများခဲ့တယ်။ ဒါပေမယ့် ပန်းချီ ရေးဖြစ်တော့ abstract ရေးဟန်တွေကို ပိုနှစ်သက်မိတယ်။ အကြောင်းအရင်းက ပန်းချီကား စ,စုစဉ်ကတည်းက ဆရာ ဦးခင်မောင်ရင် အိမ် အရောက်များခဲ့တယ်၊ ဆရာရေးနေတာကိုလည်း ထိုင်ကြည့်ဖူးခဲ့တယ်။ ဆရာဟာ အနှောင်အဖွဲ့ ကင်းကင်းနဲ့ လောဘအနည်းဆုံးနဲ့ ပန်းချီရေးတယ်။ သူ့ ဘဝမှာ ပန်းချီထက် ဘာမှလည်း အရေးကြီးမယ့်ပုံ မပေါက်ဘူး။ ပန်းချီကားတွေ ရေးနေရရင်ကို စိတ်ချမ်းသာ နေတဲ့ပုံ။ ကျနော် သိပ်အားကျခဲ့ရတဲ့ ကျနော့်အပေါ် အလွှမ်းမိုးဆုံးက ဆရာ ဦးခင်မောင်ရင်ပေါ့။ ပန်းချီကား ရေးချင်လာတဲ့အခါမှာ အနားမှာ ဆေးကင်းဗတ် မပြတ်ဖို့က အဓိကပဲ။ ကျနော်ဟာ အရောင်ပြင်းပြင်း ဆေးသားထူထူ ရေးရတာ ပိုသဘောကျတယ်၊ ကျနော့် ပန်းချီဟာ ကျနော့် အတွက်တော့ မသိစိတ်နဲ့ သိစိတ်ကြားမှာ ရှိတဲ့ အလှတရားကို ကင်းဗတ်ပေါ်မှာ ရှာဖွေခြင်း အနုပညာပေါ့။ အရုပ်တွေရေးတာ မဟုတ်တဲ့ အတွက် ကျနော့်ပန်းချီမှာ ဘာပေါ့ ညာပေါ့ ဆိုပြီး ထွေထွေထူးထူး ရှင်းပြဖို့ မလို။ နားမလည်ဘူး နားလည်တာတို့ကတော့ ခံစားသူအပိုင်း။ ကိုယ်ကတော့ အရောင်တွေနဲ့ စိတ်တွေနဲ့ ဆေးခြယ်နေဦးမှာပါပဲ။ တနေ့နေ့မှာ ရင်ဘတ်ချင်းတူတဲ့သူ ကတော့ ငြိမှာပေါ့လေ။ မေး။ ။ ကျနော်တို့ ဆီမှာက ပန်းချီကားနဲ့ အနုပညာ လက်ရာ၊ တနည်းအားဖြင့် painting and artwork ကို ကွဲကွဲပြားပြား မသိကြသေးတာ တွေ့ရတယ်…၊ ပန်းချီကား စုဆောင်းသူ တဦးအနေနဲ့ ပန်းချီကားနဲ့ အနုပညာလက်ရာကြား ဘာတွေ ခြားနားတယ်လို့ ကိုစစ် ယူဆလဲ။ ဖြေ။ ။ Painting နဲ့ Artwork က ကွာတာပေါ့။ ကျနော့်ရဲ့ ပုဂ္ဂလအမြင် ကတော့ လူကြိုက်အောင်၊ ငွေရအောင် ရေးတာတွေ ကတော့ paintings တွေပေါ့။ ငွေရဖို့ မဟုတ်ဘဲ ကိုယ့်ရဲ့ ခံယူချက်တွေကို ဘာ အကြောင်းပြချက်နဲ့မှ အပျက်မခံဘဲ သေတဲ့ အထိ စွဲစွဲမြဲမြဲ အပင်ပန်း အဆင်းရဲခံပြီးလုပ်ခဲ့တဲ့ artist တွေရဲ့ လက်ရာမျိ ုးကို artworks တွေလို့ ထင်ပါတယ်။ အဲဒါကြောင့်လည်း လူတွေဟာ သူတို့ ရှိစဉ် အခါတုန်းက မေ့လျော့နေကြပြီး မရှိတော့မှ နှမြောတသ ဖြစ်ကုန်ကြတာလေ။ တကယ်artist အစစ်ဖြစ်ဖို့ကလွယ်တဲ့ အလုပ်မဟုတ်ဘူးဗျ။ မေး။ ။ မြန်မာ့ အနုပညာ ကမ္ဘာနဲ့ ချိတ်ဆက်ဖို့ ကျနော်တို့ဆီမှာ ဘာတွေကို ဘယ်လို ပြင်ဆင်သင့်သလဲ ဆိုတာလည်း နိုင်ငံတကာ အတွေ့အကြုံ ရှိသူ တဦးအနေနဲ့ ပြောပြပါဦး။ ဖြေ။ ။ ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေတာက ကြာခဲ့ပြီလေ၊ ဒီဘက်ခေတ်တွေကျမှ မျက်စိပွင့် နားပွင့် ဖြစ်လာတာလေ၊ ဒီကိစ္စဟာ အတင်းလုပ်ယူလို့ မရဘူးဗျ။ ကိုယ့်မှာ ရှိတာနဲ့ …ရောက်နေတဲ့ နေရာက လိုက်ရမှာ၊ မရှိတာကို ရှိသလိုမျိုး အတင်း လုပ်ယူရင် လူရယ်စရာ ဖြစ်ရုံပဲ ရှိမှာပေါ။ ဉာဏ်နဲ့ယှဉ်ပြီး သွားနေကြတဲ့ ခေတ်မှာ ကျနော်တို့တွေ ရေးတတ်နေရုံနဲ့ မရတော့ဘူး၊ စိတ်ကူးတွေ အကုန်ဖွင့်ထုတ်ပီး ရေးနိုင်မှ တော်ကာကျမှာ…။ ကျောင်းနေအရွယ် အခြေခံမှာကတည်းက ကျနော်တို့တွေ ပြတ်ကျန် နေခဲ့တာပါ။ ပန်းချီကျောင်းတွေမှာ ဆေးစုတ်က အစ ထိထိရောက်ရောက် မပံ့ပိုးနိုင်ခဲ့တာ အခုချိန်ထိပဲ။ အဝေးကြီး မကြည့်နဲ့ အိမ်နီးချင်းထိုင်းနဲ့ပဲယှဉ်ကြည့်ဦး။ အဝေးကြီး ပြတ်ကျန်နေခဲ့ပြီလေ။ တိုင်းပြည်ဆင်းရဲလို့ မပံ့ပိုးနိုင်တဲ့ ကြားက ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်လာကြ တဲ့ကျနော်တို့ မြန်မာ့ပန်းချီဆရာ တွေကိုတော့ ချီးကျူးပါတယ်ဗျာ။ ပန်းချီဈေးကွက်ကမရှိ၊ ပန်းချီကားဆိုတာ စုရကောင်းမှန်းလည်း မသိတဲ့ ဒီတိုင်းပြည်မှာ ပန်းချီဆရာဘဝကို ဖြတ်သန်းရတာ တော်တော် မလွယ်တဲ့ ကိစ္စပါ။ နောက်တခုက ကျနော်တို့ဆီမှာ ပန်းချီနဲ့ ပတ်သက်ပြီး ပြတိုက်ကောင်းကောင်း မရှိဘူး၊ အဲဒီအတွက်ကြောင့် ရှားပါးလက်ရာတွေ နိုင်ငံခြားက ပြတိုက်တွေဆီအများစုက ရောက်ကုန်ကြပြီ။ အနည်းစုပဲ ပြည်တွင်းက ပန်းချီကားစုဆောင်းတဲ့ သူတွေဆီမှာ ကျန်တော့တာပါ။ မေး။ ။ ကိုစစ် ဖြည့်စွက် ပြောလိုတာတွေလည်း ပြောပြပါဦး။ ဖြေ။ ။ အနုပညာကို ချစ်တတ်သွားရင် ငြိမ်းချမ်းတယ်၊ စိတ်ကူးဉာဏ်တွေ ကွန့်မြူးမယ်၊ ကမ္ဘာလောကရဲ့ အလှတရားတွေကို ပိုပြီး တန်ဖိုးထားတတ် လာမယ်၊ ဒါကြောင့်လည်း နိုင်ငံခြားတိုင်းပြည်တွေမှာ ပန်းချီအနုပညာကို ချစ်တတ်အောင် ထိန်းသိမ်းတတ်အောင် ကျောင်းနေအရွယ် ကလေးဘဝကတည်းက သင်ကြားရတယ်။ နိုင်ငံတနိုင်ငံကို တည်ဆောက်ရာမှာ ပန်းချီအနုပညာ တခုတည်းနဲ့ တည်ဆောက်လို့ မရနိုင်ပေမယ့် ပန်းချီ အနုပညာကို တန်ဖိုးထား ချစ်တတ်တဲ့ သူတွေ များရင်တော့ ဒီကမ္ဘာကြီးဟာ ပိုငြိမ်းချမ်းလာမှာတော့ အသေအချာပဲပေါ့ဗျာ။ ။ The post ပန်းချီ ကိုစစ်ရဲ့ မသိစိတ် အလွန်ကို ချဉ်းကပ်ကြည့်ခြင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2vO3fyD
via IFTTT
Source : http://ift.tt/2vO3fyD
via IFTTT
ဂေးအလှမယ် မျိုးကိုကိုစန်း ဘန်ကောက်မှာ လိင်ပြောင်းလဲခွဲစိတ်နေ နိုင်ငံတကာမှာ “အမျိုးသားမှ အမျိုးသမီးဘဝ”၊ “အမျိုးသမီးမှ အမျိုးသားဘဝ” စတဲ့ မိမိ လိင်စိတ်တိမ်းညွှတ်မှု၊ ခံယူချက်အပေါ် မူတည်ပြီး မိမိဖြစ်ချင်တဲ့ ဘဝရောက်အောင် လိင်ပြောင်းလဲခွဲစိတ်မှု ပြုလုပ်လေ့ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ လိင်ပြောင်းလဲခွဲစိတ်မှု ပြုလုပ်သူဦးရေ လက်ချိုးရေလို့ရပါတယ်။ LGBT လို့ ခေါ်တဲ့ (Lesbian, Gay, Bisexual, Transgender) စတဲ့ လိင်တူချစ်သူတွေက သူတို့မွေးဖွားလာတဲ့ ဘဝကနေ သူတို့ဖြစ်ချင်တဲ့ဘဝကို ကိုယ်တိုင်ဖန်တီးပြီး ကြိုးစားနေကြပါတယ်။ အသက် ၂၃ နှစ်အရွယ်၊ Miss International Queen Myanmar 2015 ဂေးအလှမယ် မျိုးကိုကိုစန်းက လက်ရှိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Kamol Cosmetic & Plastic Surgery ဆေးရုံမှာ အမျိုးသားဘဝမှ အမျိုးသမီး တဦးအဖြစ် လိင်ပြောင်းလဲခွဲစိတ်မှု ပြုလုပ်နေတယ်လို့ သိရပါတယ်။ အလှမယ် မျိုးကိုကိုစန်းကို လိင်ပြောင်းလဲခွဲစိတ်မှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ လက်ရှိကျန်းမာရေး အခြေအနေနဲ့ လိင်ပြောင်းလဲခွဲစိတ်ဖြစ်ခဲ့ပုံကို ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် သီဟတိုးက ဆက်သွယ် မေးမြန်းထားပါတယ်။ မေး ။ ။ပထမဆုံးအနေနဲ့ အခုလိုမျိုး လိင်ပြောင်းလဲခွဲစိတ်ဖြစ်ပုံကို ပြောပြပေးပါ။ အရင်ကတည်းက ခွဲစိတ်ဖို့ အစီအစဉ်ရှိခဲ့တာလား၊ ဘယ်လို ခွဲစိတ်ဖြစ်ခဲ့တာလဲ။ ဖြေ ။ ။ အားလုံးလည်း သိကြမှာပါ။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်ကတည်းက ညီမအနေနဲ့ လိင်ပြောင်းလဲဖို့ အစီအစဉ် ရှိတယ်ဆိုတာ အင်တာဗျူးတွေမှာလည်း ဖြေထားဖူးတယ်ပေါ့နော်။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက်က ညီမ သူငယ်ချင်းတယောက်က ပြောလာတယ်။ သူနဲ့သိတဲ့ Kamol Cosmetic & Plastic Surgery ဆေးရုံကနေ ဒီ မြန်မာနိုင်ငံမှာ ဆေးခန်းလာဖွင့်မယ်။ နောက်ပြီး ဒီနိုင်ငံက Transgender (အများအခေါ်ဆိုရင်တော့ Lady Boy) တွေကို အင်တာဗျူးမယ်ပေါ့နော်။ အဆင်ပြေတဲ့ တယောက်ကို ဆေးရုံရဲ့ ပင်တိုင် Model ခန့်မယ်။ Sex Reassignment Surgery (လိင်ပြောင်းလဲခွဲစိတ်မှု) ကုန်ကျစရိတ်ကို Free လုပ်ပေးမယ်ပေါ့။ “နင်စိတ်ဝင်စားလား၊ စိတ်ဝင်စားရင် အင်တာဗျူး သွားဖြေပါလား” ရန်ကုန်မှာပေါ့။ ညီမလည်း အရင်ကတည်းက လုပ်ဖို့ဆန္ဒရှိတယ်။ ဒါပေမယ့် ပိုက်ဆံအခြေအနေအရ မတတ်နိုင်ဘူးပေါ့နော်။ ဒီ အခွင့်အရေး ပေါ်လာတော့ ညီမရသည်ဖြစ်စေ၊ မရသည်ဖြစ်စေဆိုပြီး ညီမ အင်တာဗျူး သွားဖြေတယ်။ ညီမ ကံကောင်းထောက်မစွာပဲ ဒီအခွင့်အရေးကို ရခဲ့တယ်။ ဒါပေမဲ့ ဆေးရုံက ဆုံးဖြတ်နေတဲ့ ကာလအတွင်းမှာ အားလုံးသိကြတဲ့အတိုင်းပဲ။ ညီမမှာ အရှုပ်အထွေးလေးတွေ ဒီကြားထဲမှာ ဖြစ်သွားခဲ့တော့ အခုမှပဲ ဆေးရုံနဲ့ ပြန်ဆက်သွယ်ဖြစ်ပြီး ဒီ Operation လုပ်ဖြစ်တာပါရှင့်။ ငယ်စဉ်အခါက မျိုးကိုကိုစန်းနဲ့ အလှမယ်ဖြစ်ပြီးနောက် မျိုးကိုကိုစန်း (ဓာတ်ပုံ – မျိုးကိုကိုစန်း ဖေ့စ်ဘွတ်) မေး ။ ။ မျိုးကိုကိုစန်းရဲ့ အခုလက်ရှိ ကျန်းမာရေး အခြေအနေကကော ဘယ်လိုရှိလဲ။ ခွဲစိတ်ဖို့ စမ်းသပ်တဲ့အခါ ရလဒ်က ဘယ်လိုထွက်လာလဲ။ ဖြေ ။ ။ ပထမဆုံး ဆေးရုံကို ရောက်တဲ့နေ့မှာ သူတို့က ပင်တိုင် Model အနေနဲ့ ခန့်ထားတာဖြစ်တဲ့အတွက် Website တွေ၊ Youtube မှာ တင်ဖို့ ညီမဒီခွဲစိတ်တဲ့ ကာလအတောအတွင်း ဆေးရုံ စရောက်တဲ့နေ့ကစပြီး ဆေးရုံဆင်းတဲ့ အချိန်အထိ အတွေ့အကြုံတွေ မှတ်တမ်းတင်ထားတာမို့ ဆေးစစ်တာ ဆရာဝန်နဲ့တွေ့တာ၊ Register လုပ်တာတွေ ရိုက်ပေးရတယ်။ ဆေးစစ်ချက် ရလဒ်တွေအရလည်း အရမ်းအဆင်ပြေတယ်။ နောက်ပြီး ညီမတင် မဟုတ်ဘူးပေါ့နော်။ ဒီ ကမ္ဘာအရပ်ရပ်က Transgender Miss တွေကိုလည်း ဒီ Kamol Hospital ကနေပြီး ညီမလိုပဲ ခွဲစိတ်ပေးထားတယ်။ Video File တွေ တင်ထားပေးတာတွေလည်း တွေ့ရတော့ ဆေးရုံရဲ့အပေါ်မှာ ယုံကြည်စိတ်အပြည့်အဝဖြစ်မိလို့ ခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်တာလည်း ပါပါတယ်။ မေး ။ ။ ညီမရဲ့အခု လက်ရှိစိတ်ခံစားချက်လည်း ပြောပြပေးပါဦး။ ဆေးရုံတက်တော့ ဘယ်သူတွေပါလဲ။ ဆေးရုံမှာ ဘယ်လောက် ကြာမလဲ သိချင်ပါတယ်။ ဖြေ ။ ။ အခု လက်ရှိ ခံစားချက်ဆိုရင်တော့ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ဒါက ညီမဖြစ်ချင်တဲ့ လိုချင်တဲ့ ပန်းတိုင်တခုအတွက် လှေကားထစ်တခု ဖြစ်လာမှာပေါ့။ အဲဒီအတွက် အရမ်း ရင်ခုန်စိတ်လှုပ်ရှားနေရပါတယ်။ ညီမ အခု ဒီကို ဆေးရုံလာတက်တော့ အမေနဲ့ ညီမ ဝမ်းကွဲတယောက် ပါပါတယ်။ ဒီမှာ အချိန် တလလောက် ကြာဖြစ်မှာပါရှင့်။ မေး ။ ။ ခွဲစိတ်ပြီးသွားရင်ရော ဆေးရုံမှာ ဘယ်လောက်ကြာကြာ နားရမလဲ။ ဆေးရုံတက်ပြီးရင် ဘာတွေ ရှောင်ပြီး ဘယ်လို ဆင်ခြင်နေရမလဲ။ ဖြေ ။ ။ ခွဲစိတ်ပြီးသွားရင်တော့ ဆေးရုံမှာ ၇ ရက် တက်ရမယ်။ အဲဒီ ၇ ရက် ပြီးသွားရင်တော့ ဒီ Kamol Hospital က ပေးတဲ့ Apartment မှာ ရက် ၂၀ ကျော် နေရမယ်။ စုစုပေါင်း ဆေးရုံတက်တဲ့ ရက်နဲ့ဆိုရင်တော့ တလနီးပါးပေါ့။ ၃ လလောက် နေရင်တော့ ဆေးရုံမှာ Medical Check-up လာလုပ်ရမယ်။ နားတာကတော့ ဆေးရုံမှာ နားပြီးသွားရင်တော့ လုံလောက်ပြီလို့ ပြောပါတယ်။ ဒါပေမယ့် ခုနက ပြောထားတဲ့အတိုင်း ၃ လ နေရင်တော့ Follow up ထပ်လာလုပ်ရမယ်။ ခွဲစိတ်ထားတဲ့ အနာအကုန်ကျက်ပြီး အဆင်ပြေသွားရင်တော့ အထွေအထူး ရှောင်စရာ မရှိပါဘူး။ သာမန် မိန်းကလေးတယောက်လိုပဲ နေထိုင်လှုပ်ရှားသွားလာလို့ ရတယ်ပေါ့နော်။ မိန်းမစစ်စစ်တော့ ဖြစ်မလာပေမယ့် မိန်းမတယောက်နဲ့တော့ အနီးစပ်ဆုံးပေါ့။ မေး ။ ။ ညီမ ဘဝတလျှောက်လုံးကိုရော အမျိုးသမီးတယောက်လိုနေဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ျပြီးပြီလား။ ဖြေ ။ ။ ညီမအနေနဲ့ကတော့ လူမှန်း သိတတ်စကတည်းက အိမ်ကလည်း ပြောတယ်။ ငယ်ငယ်ကတည်းက စောင်ကို ထမီလို ပတ်ပြီး မင်းသမီးလို ကလာတာပေါ့။ ညီမကိုယ်တိုင်ကလည်း ဒီ ဘဝမှာ မိန်းမတယောက် အနေနဲ့ မွေးဖွားလာခြင်း မခံရပေမယ့် ကိုယ်လူမှန်းသိတတ်စကတည်းက မိန်းကလေးစိတ်ပေါ့။ မိန်းကလေး အသုံးအဆောင်ပစ္စည်းတွေဆို သဘောကျတယ်။ နှုတ်ခမ်းနီ၊ ကလစ်၊ လက်သည်းနီတို့ပေါ့။ အဲဒီလိုဆိုတော့ ကိုယ်က အိမ်က လက်မခံတဲ့ ကာလတခု ရှိနေခဲ့လို့သာ ယောကျာ်းလေးတယောက်အနေနဲ့ နေခဲ့ရတဲ့သူမို့ တဘဝလုံး အခုလို မိန်းမတယောက်လို နေမလားဆိုရင်တော့ မနေနိုင်စရာ အကြောင်းတော့ မရှိပါဘူး။ ဘန်ကောက်ရှိ Kamol Cosmetic & Plastic Surgery ဆေးရုံတွင် လိင်မခွဲစိတ်မီတွေ့ရပုံ (ဓာတ်ပုံ – မျိုးကိုကိုစန်း ဖေ့စ်ဘွတ်) မေး ။ ။ မိသားစုကရော အခုလို လိင်ပြောင်းလဲ ခွဲစိတ်တဲ့အပေါ် ဘာပြောလဲ။ သူတို့ရဲ့ သဘောထား သိချင်ပါတယ်။ ဖြေ ။ ။ အိမ်က လက်ခံလားဆိုတော့ စစချင်းတုန်းကတော့ လက်မခံဘူးပေါ့နော်။ ညီမတို့ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေမှာက ဒါက ယဉ်ကျေးမှုအရ မသင့်တော်ဘူး။ ဘာသာရေးအရ မသင့်တော်ဘူးဆိုတဲ့ အမြင်တွေ ရှိနေတော့ သူတို့အနေနဲ့ သားယောကျာ်းလေး တယောက်က ဒီလိုဖြစ်နေတော့ ပထမတော့ ရှက်တာပေါ့။ ဒါပေမဲ့ ညီမဘက်ကနေ အနေအထိုင်၊ အပြောအဆိုကအစ ပြုပြင်နေထိုင်ပြလိုက်တော့ မိန်းမဖြစ်တာ အခြောက်ဖြစ်တာ အဓိက မဟုတ်ဘူးပေါ့နော်။ လူဖြစ်လာတဲ့ ကာလတလျှောက်မှာ ကောင်းတဲ့ အရာတွေလုပ်ဖို့၊ အဓိက ပတ်ဝန်းကျင်ကို ကောင်းကျိုးပြုဖို့၊ မိဘဆွေမျိုးအပေါ် သိတတ်ဖို့၊ လူပီသဖို့က ပိုအရေးကြီးတယ်ဆိုတာ သူတို့သိလာတယ်။ နောက်ပြီး ဒီအချိန်မှာ ကိုယ့်အဖေ၊ ကိုယ့်အမေ ဆိုတာထက် ညီမကို အားပေးနေကြတဲ့ ပရိသတ်တွေက လေးလေးစားစား နှုတ်ဆက်ကြတာတွေရှိတော့ သူတို့အနေနဲ့လည်း မျက်နှာပျက်စရာ မရှိတော့ သဘောတူကြပါတယ်။ အမေကတော့ လုပ်မယ့်လုပ်တော့ အဆုံးထိလုပ်၊ တဝက်တပျက် ဟိုမရောက် ဒီမရောက် လုပ်မနေနဲ့ဆိုပြီး အားပေးလို့ လုပ်ဖြစ်သွားတာလည်း ပါပါတယ်။ ဒါကလည်း အခုထိ ဒီအင်တာဗျူး ဖတ်နေတဲ့ ပရိသတ်တွေ ချစ်လို့ဖြစ်စေ၊ မုန်းလို့ဖြစ်စေ အားပေးတဲ့သူ ပရိသတ်တွေကြောင့် ဒီနေရာထိ ဖြစ်လာတာမို့လည်း ဒီနေရာလေးကနေ ကြုံတုန်း ကျေးဇူးတင်ပါရစေ။ ဘန်ကောက်ရှိ Kamol Cosmetic & Plastic Surgery ဆေးရုံတွင် လိင်မခွဲစိတ်မီတွေ့ရပုံ (ဓာတ်ပုံ – မျိုးကိုကိုစန်း ဖေ့စ်ဘွတ်) မေး ။ ။ အခုလိုမျိုး ဆေးရုံမှာ လိင်ပြောင်းလဲခွဲစိတ်မယ်ဆိုရင် ကုန်ကျစရိတ် ခန့်မှန်းခြေ ဘယ်လောက်ရှိလဲ။ ဖြေ ။ ။ ညီမကတော့ သူတို့ဆေးရုံကနေ ပင်တိုင် Model အနေနဲ့ ခန့်ပြီး Operation ကုန်ကျစရိတ်က Free အနေနဲ့ ပေးတာဆိုတော့ မကုန်ဘူးပေါ့နော်။ ဒါပေမယ့် ခွဲစိတ်ခတင်ပဲ ဘတ် ၃ သိန်းကျော် ကုန်ကျတယ်။ ဒီဟာက ဆေးစစ်တာတွေ၊ ဆရာဝန်ဆီကနေ စိတ်ပိုင်းဆိုင်ရာ ထောက်ခံချက်လို့ ခေါ်တဲ့ Psychiatrist Letter ဖိုးတွေ မပါဘူး။ အဲဒီ ဘတ် ၃ သိန်းကျော်ထဲမှာ ဒါတွေက သပ်သပ်ထပ်ပေးရပါတယ်တဲ့။ စုစုပေါင်းဆိုရင်တော့ ခန့်မှန်းခြေ မြန်မာငွေ သိန်း ၁၀၀ ကျော်လောက် ကျပါတယ်တဲ့။ မေး ။ ။ ညီမအနေနဲ့ ဒီခွဲစိတ်မှုပြီးသွားရင် နောက်ထပ် ခွဲစိတ်ဖို့ရှိသေးလား။ ဥပမာ- အသံပြောင်းလဲတာမျိုးပေါ့။ ဖြေ ။ ။ ညီမ ဒီ Operation တခုပဲ လုပ်ဖြစ်ဖို့များပါတယ်။ ထပ်မလုပ်ချင်တာရော ငွေကြေးအရမို့ရောပါ။ အသံကတော့ အတတ်နိုင်ဆုံးတော့လေ့ကျင့်ယူရမှာပေါ့။ နောက်ပိုင်း ကျားဟော်မုန်း မရှိဘဲ မ,ဟော်မုန်းဆေး သောက်တာကြာရင် အသံလည်း နူးညံံသွားတယ်လို့ ပြောပါတယ်။ မေး ။ ။ လိင်ပြောင်းလဲပြီးသွားရင် အိမ်ထောင်ပြုဖို့ အစီအစဉ် ရှိမရှိ သိချင်ပါတယ်။ ဖြေ ။ ။ အိမ်ထောင်ပြုဖို့လား။ ညီမ အသက်က အခု ၉ လပိုင်း ၁ ရက်နေ့မှ ၂၃ နှစ်ပြည့်မှာဆိုတော့ အဲဒီကိစ္စတွေ ဝေးပါသေးတယ်။ ကိုယ့်အနေနဲ့ ဒီအနုပညာအလုပ်မှာ နေရာတခုမပြောနဲ့၊ နေရာအစကလေး တခုရအောင် မနည်း ကြိုးစားနေရတဲ့ အခြေအနေဆိုတော့ အိမ်ထောင်ပြုဖို့က မစဉ်းစားချင်သေးပါဘူး။ အသက် ၃၀ လောက်မှ ဒီကိစ္စတွေ စစဉ်းစားဖြစ်မယ် ထင်ပါတယ်။ အိမ်ထောင်ပြုဖြစ်ခဲ့ရင်တောင် ၃၄ နှစ် လောက်မှ ပြုဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ အနာဂတ်ဆိုတာ ပြောလို့မှ မရတာ။ ကိုယ်အိမ်ထောင်ပြုချင် ပြုဖြစ်မယ်။ တယောက်တည်း နေဖြစ်ရင်လည်း နေဖြစ်မယ်။ လတ်တလော အချစ်ရေးအနေနဲ့က အေးအေးဆေးဆေးပဲ ရှိပါသေးတယ်။ ။ ဆက်စပ်ဖတ်ရှုရန်- “ဂေးအလှမယ် မျိုးကိုကိုစန်းရဲ့ ငယ်ဘဝ” The post ဂေးအလှမယ် မျိုးကိုကိုစန်း ဘန်ကောက်မှာ လိင်ပြောင်းလဲခွဲစိတ်နေ appeared first on ဧရာဝတီ.
Source : http://ift.tt/2wmPNFe
via IFTTT
Source : http://ift.tt/2wmPNFe
via IFTTT
Subscribe to:
Posts (Atom)