Thursday, September 28, 2017


ကမ္ဘာ့လှည့်ခရီးသွားများအတွက် အကောင်းဆုံးမြို့အဖြစ် ဘန်ကောက် သတ်မှတ်ခံရ ကမ္ဘာလှည့် ခရီးသွားအတွက် အကောင်းဆုံးမြို့အဖြစ် ဘန်ကောက်မြို့ဟာ နံပါတ် ၁ နေရာမှာ ရှိနေ ကြောင်း ဘဏ္ဍာရေးဝန်ဆောင်မှု ပြုလုပ်ပေးနေသည့် Mastercard ၏ ထုတ်ပြန်သည့် အစီရင်ခံစာ များ ကို ကိုးကားပြီး Bangkok Post သတင်းကဆိုပါတယ်။ ဘန်ကောက်မြို့ဟာ ကမ္ဘာ့နံပါတ် ၁ နေရာကို ဒုတိယအကြိမ်ရယူခဲ့ခြင်းဖြစ်ပြီး၊ ဒီနှစ်မှာတော့ ခရီးသွား ၂၀. ၂သန်း ဘန်ကောက်မြို့ကို လာရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ယခင် ကမ္ဘာ့လှည့်ခရီးသွားများအတွက် အကောင်းဆုံးမြို့အဖြစ် နံပါတ် ၁နေရာကို ရယူထားတဲ့ လန်ဒန်မြို့ဟာ အခုအခါမှာတော့ ဒုတိနေရာကို ရောက်ရှိသွားပြီး၊ ဒါပေမယ့်လည်း ဒီနှစ်မှာ လန်ဒန်မြို့ ကို ကမ္ဘာလှည့်ခရီးသွား သန်း ၂၀ ကျော်လာဖို့ မျှော်လင့်နေပါတယ်။ တတိယနေရာကို ပြင်သစ်နိုင်ငံ ပါရီမြို့က ရယူထားပြီး ခရီးသွား ၁၆.၁ သန်းလာရောက်ကာ၊ အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE)ရဲ့ ဒူဘိုင်းမြို့ကတော့ နှစ်စဉ် ကမ္ဘာ့လှည့် ခရီးသွား ၁၆သန်း လာ ရောက်ကာ စတုထ္တနေရာမှာ ရှိပါတယ်။ စင်ကာပူအနေနဲ့ကတော့ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား ၁၃.၇ သန်းဝင် ရောက်ပြီး ပဉ္စမနေရာကို ရရှိထားပါတယ်။ ကမ္ဘာ့လှည့်ခရီးသွားများ အများဆုံး ငွေကြေးသုံးစွဲမှုမှာတော့ ဒူဘိုင်းမြို့ဟာ ထိပ်ဆုံးမှာရှိပြီး၊ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့လှည့် ခရီးသွား ၁၄.၉သန်းလာရောက်ကာ အမေရိကန်ဒေါ်လာ ၂၈.၅ ဘီလျံ သုံးစွဲခဲ့ကြောင်း၊ ယခုနှစ်မှာတော့ ၁၀.၂ ရာခိုင်နှုန်း တိုးဖို့ မျှော်မှန်းထားကြောင်းသိရပါတယ်။ ဒုတိယ သုံးစွဲတဲ့မြို့ကတော့ နယူးယောက်ခ်မြို့ဖြစ်ပြီး၊ လန်ဒန်မြို့ကတော့ တတိယနေရာမှာရှိကာ့ နံပါတ် ၅ နေရာကိုတော့ ဘန်ကောက်မြို့က ရယူထားပြီး ယခုနှစ်မှာတော့ ၁၄.၀၈ ဘီလျံ ရရှိမယ်လို့ မှန်းထားပါတယ်။ The post ကမ္ဘာ့လှည့်ခရီးသွားများအတွက် အကောင်းဆုံးမြို့အဖြစ် ဘန်ကောက် သတ်မှတ်ခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2y9otMM
via IFTTT


JMC လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ကာ ပြည်ထောင်စုအဆင့် အတည်ပြုချက်ရယူမည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)၏ လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ် ကာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်း အဝေး၌ အတည်ပြုချက် ရယူသွားမည်ဟု JMC-U အတွင်းရေးမှူး-၁ ဒေါက်တာရွှေခါးရ်က ပြောသည်။ JMC ပါ ပြဌာန်းချက်များထဲကToR (လုပ်ငန်းလမ်းညွန်ချက်) အပါအဝင် အရပ်သားပါဝင်မှု အခြေအနေများနှင့် လုပ်ငန်း ဖော်ဆောင်မှု အခြေအနေများကို ပြန်လည်၍ ပြန်လည်သုံးသပ်မှု လုပ်သွားရန် စက်တင်ဘာ ၂၃ ရက်က ပြီးစီးခဲ့သော ၁၂ ကြိမ်မြောက် JMC-U အစည်းအဝေးတွင် ချမှတ်ခဲ့ကြောင်းသိရသည်။ “ကျနော်တို့ရဲ့ လုပ်ငန်းတွေကို ပြန်ပြီးတော့ စိစစ်ဖို့ပါ။ အဓိက ကျနော်တို့ရုံးက အကြမ်းတွေ လုပ်နေပါ တယ်။ အဲဒါ မူကြမ်း ထွက်လာတဲ့အခါမှာ တခြားသူတွေရဲ့အယူအဆ ဘယ်လိုရှိလဲ မေးမြန်းမယ်။ ကျနော်တို့ ToR ( လုပ်ငန်းလမ်းညွန်ချက်) တွေက အလုပ်လုပ်တဲ့ နေရာမှာ ဘာတွေ အခက်အခဲရှိလဲ။ ဘယ်လို ပြင်ဆင်ရင် ကောင်းမလဲပေါ့နော်။ သူတို့ အခက်အခဲ တွေ ကျော်လွှားနိုင်အောင် ToR တွေကနေ စပြီးတော့ ပြင်စရာလိုလား၊ အဲဒါတွေ စပြီးလုပ်ရမှာပေါ့နော်”ဟု JMC-U အ တွင်းရေးမှူး-၁ ဒေါက်တာရွှေခါးရ်က ပြောသည်။ ပြန်လည်သုံးသပ်ခြင်း ပြုလုပ်ရန် အတွက် JMC-U အတွင်းရေးမှူး-၁ ဒေါက်တာရွှေးခါရ်နှင့် အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ဝဏ္ဏအောင်တို့က ဦးဆောင်၍ JMC မှ ခန့်အပ်ထားသောရုံးအဖွဲ့ဝင်များ နှင့် နည်းပညာ အထောက်အကူပြုအဖွဲ့များက ဆောင်ရွက်ကြမည်ဟု ၎င်းက ပြောသည်။ JMC ကို ပြန်လည်သုံးသပ်ရာမှ ရရှိလာမည့် မူကြမ်းအား နိုဝင်ဘာလအတွင်း ကျင်းပမည့် ၁၃ ကြိမ် မြောက် JMC-U အစည်း အဝေး၌ တင်ပြဆွေးနွေး၍ အတည်ပြုချက်များရယူသွား မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိရေးဆွဲထားသော JMC ပါ ပြဌာန်းချက်များတွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင် ရာ သဘောတူစာချုပ် NCA လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်အကြား တိုက်ပွဲများမဖြစ်ပွားလာရေး အပါအဝင် တပ် နေရာချထားမှုများ ပြုလုပ်ရေး၊ အရပ်သားများ လူ့အခွင့်အရေး ချိုးဖောက်မှု မခံရရေး၊ ပြဿနာတစုံတစ်ရာ ဖြစ်ပေါ်လာပါ က စိစစ်အတည်ပြုပေး ရေး စသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် ပါရှိသည်။ သို့သော် NCA လက်မှတ်ထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နှင့် တပ်မတော် အကြား ရှမ်းပြည်နယ်၊တောင်ပိုင်းနှင့် မြောက်ပိုင်းအတွင်း ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA လက်မှတ်ထိုးပြီးနောက် ၂၀၁၇ ခု နှစ်၊သြဂုတ်လအထိ ထိတွေ့တိုက်ပွဲ အနည်းဆုံး အကြိမ် ၂၀ ဖြစ်ပွားခဲ့သည်။ အလားတူ NCA ကို ချိုးဖောက်သည်ဟု RCSS နှင့် တပ်မတော်အကြား အပြန်အလှန် စွပ်စွဲပြောဆို နေသော်လည်း မည်သည့်အဖွဲ့က ချိုးဖောက်သည်ဟု JMC မှ စိစစ်အတည်ပြုပေးနိုင်ခြင်း မရှိသေး သကဲ့သို့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပြင်း ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်အောင် အသတ်ခံရမှု မည်သူလုပ်ဆောင်သည်ကိုလည်း တိကျသောအဖြေရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ထို့ပြင် NCA ထိုးထားသော လက်နက်ကိုင် ၈ ဖွဲ့နှင့် တပ်မတော်အကြား တပ်နေရာချထားရေး NCA လက်မှတ်ထိုးထားမှုမှာ ၂ နှစ်ပြည့်တော့မည် ဖြစ်သည့်တိုင် ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိသေး ကြောင်း သိရသည်။ နိုင်ငံရေးလေ့လာသုံးသပ်သူတချို့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသူတချို့က JMC သည် ထိတွေ့ တိုက်ပွဲများကို ဟန့်တားနိုင်ခြင်းမရှိသကဲ့သို့ စစ်ရှိန်လျှော့ချနိုင်ရေး ဆောင်ရွက် နိုင်သည့် အခွင့်အာဏာမရှိသည့်အပေါ် သုံးသပ်ရန် လိုအပ်နေကြောင်း အကြံပြုမှုများ ရှိနေသည်။ NCA လက်မှတ်ထိုးနိုင်ရေး အစိုးရနှင့် ညှိနှိုင်းနေသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) က အစိုးရ၊ လက်နက်ကိုင်အဖွဲ့များနှင့် အများယုံကြည် လေးစားသော ပုဂ္ဂိုလ်များပါဝင်သည့် JMC တရပ်ကို နှစ်ဖက်သ ဘောတူ လက်ခံနိုင်သည့် နိုင်ငံတကာမှ အစိုးရ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသောကြီးကြပ် စောင့်ကြည့်ရေးအဖွဲ့နှင့်အတူ ဖွဲ့စည်းရန် အဆို ပြုထားသော်လည်း သဘောတူညီမှု မရသေးဘဲ ဖြစ်နေကြောင်းသိရသည်။ The post JMC လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ကာ ပြည်ထောင်စုအဆင့် အတည်ပြုချက်ရယူမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2xF0ORu
via IFTTT


အောက်တိုဘာတွင် မြစ်လေးစင်း၌ မြစ်ရေ ထပ်မံမြင့်တက်နိုင် မြန်မာနိုင်ငံတွင်း မြစ်ရေကြီးသည့် နောက်ဆုံးကာလဖြစ်သည့် လာမည့် အောက်တိုဘာလတွင် မြစ်လေးစင်းသည် စိုးရိမ်ရေအမှတ် အသီးသီးသို့ ရောက်ရှိနိုင်ပြီး စိုးရိမ်ရေအမှတ် အထက်သို့ ရောက်ရှိနိုင်သည့် မြို့များကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က ယနေ့ ထုတ်ပြန်သည်။ အောက်တိုဘာလတွင် စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ မြစ်သာမြစ်ရေသည် ပြင်သာ (ကလေးမြို့) တွင် ၁ ကြိမ်ခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက် ကျော်လွန် ရောက်ရှိနိုင်ကြောင်း စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သော မိုး/ဇလ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ “အောက်တိုဘာမှာ မြစ်တွေအများကြီးတော့ စိုးရိမ်ရေ အမှတ်ကို မရောက်နိုင်သေးဘူး။ ဒုဋ္ဌဝတီ၊ စစ်တောင်း၊ ငဝန်၊ မြစ်သာ ဒီမြစ်တွေလောက်ပဲ စိုးရိမ်ရေ အမှတ်ရောက်ပြီးတော့ ကျန်တဲ့မြစ်တွေကတော့ ရေတော့ ပြန်တက်လာမယ်၊ စိုးရိမ်ရေ အမှတ်ကို သိပ်မရောက်နိုင်ဘူးပေါ့။ စိုးရိမ်ရတဲ့ အနေအထားတော့ မရှိပါဘူး၊ သတိထားဖို့တော့ လိုမယ်” ဟု မိုး/ဇလ ဒု ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ဧရာဝတီ သို့ ပြောသည်။ မြစ်ရေကြီးမှု ဖြစ်စဉ်ကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ ၃၀ ရက်နေ့ အထိ သတိပြုရမည်ဖြစ်ပြီး မိုးများပါက အထက်ပါ မြစ်လေးစင်းအပြင် ကျန်သည့် မြစ်ငယ် ချောင်းငယ်များတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။ အောက်တိုဘာလ မြစ်ရေကြီးနိုင်သည့် မြို့တွင် ကလေးမြို့သည်လည်း သတိထားရမည့် မြို့တွင် ပါဝင်သဖြင့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း ကလေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဝေလွင်စိုးကလည်း ဧရာဝတီ သို့ ပြောသည်။ ဦးဝေလွင်စိုးက “ကယ်ဆယ်ရေး စခန်းတာဝန်ခံတွေ၊ ရွှေ့ပြောင်း တာဝန်ခံတွေ ခွဲထားတဲ့ အပေါ်မှာ အခုရေကြီးမှုဖြစ် သွားတာကလည်း ကျနော်တို့ အတွက် သတိတခု ပေးလိုက်သလိုပဲ၊ ကျနော်တို့က လေ့ကျင့်ပြီးသား ဖြစ်သွားတာပါ။ ကယ်ဆယ်ရေး စခန်းတွေက ရှိထားပြီးသား ဖြစ်သွားပြီဆိုတော့ ကျနော်တို့ အတွက်ကတော့ ဖြစ်လာလည်း အချိန်မီ ရွှေ့ပြောင်းနိုင်မှာ ဖြစ်ပါတယ်” ဟုလည်း ပြောဆိုသည်။ ကလေးမြို့တွင် စက်တင်ဘာ ၁၉ ရက်နေ့မှ စတင်ကာ ရေဝင်ရောက်ခဲ့ပြီး ၂၃ ရက်နေ့တွင် ရေပြန်ကျခဲ့ကာ လူဦးရေ ၁၀၈၀၁ ဦး၊ အိမ်ခြေ ၂၂၇၄ လုံး ရေးဘေး သင့်ခဲ့ရပြီး ယခုလက်ရှိတွင် ကယ်ဆယ်ရေး စခန်းများမှ ပြန်နိုင်ပြီဖြစ် ကြောင်း သိရသည်။ လာမည့် အောက်တိုဘာ ၁၀ ရက်အတွင်းတွင် ဧရာဝတီ မြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာ မြို့ နှင့် သပိတ်ကျင်းမြို့များတွင် ၃ ပေမှ ၅ ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦး မြို့၊ ချောက် မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့များတွင် ၁ ပေမှ ၃ ပေခန့့် မြင့်တက်လာနိုင်ကာ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာ မြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့များတွင် ၂ ပေမှ ၃ ပေခန့် ကျဆင်းနိုင်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။ ထို့အပြင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့ နှင့် ဖောင်းပြင်မြို့များတွင် ၄ ပေမှ ၆ ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့များတွင် ၂ ပေမှ ၄ ပေခန့် မြင့်တက်လာ နိုင်ကြောင်း သိရသည်။ The post အောက်တိုဘာတွင် မြစ်လေးစင်း၌ မြစ်ရေ ထပ်မံမြင့်တက်နိုင် appeared first on ဧရာဝတီ.
Source : http://ift.tt/2wWHfXD
via IFTTT


မျက်ကွယ် ထောင်ဒဏ်ချခံရတဲ့ ဝန်ကြီးချုပ်ဟောင်း ယင့်လပ်ရဲ့ အိမ်ကို ရဲများ ရှာဖွေ မျက်ကွယ်၌ ထောင်ဒဏ် ၅နှစ် ချမှတ်ခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင့်လပ် ရှင်နာဝပ် ရဲ့ ဘန်ကောက်မြို့က နေအိမ်ကို ယနေ့မနက်မှာ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး သူမထွက်ပြေးခြင်းနှင့် ပတ်သက်သည့် သက်သေအထောက် အထားများ ဝင်ရောက်ရှာဖွေကြောင်း Khaosad သတင်းကဆိုပါတယ်။ ဝန်ကြီးချုပ်ဟောင်း ယင့်လပ်ကို သူမအစိုးရ တာဝန်ကို ယူစဉ်က ဆန်စပါးဝယ်ယူရေး အစီအစဉ်နှင့် ပတ်သက်၍ အဂတိ လိုက်စားမှုနှင့် ဆုံးရှုံးမှုများအတွက် တရားစွဲဆိုထားရာ တရားရုံးစီရင်ချက် မည့်နေ့တွင် တရားခွင်သို့ လာရောက်မရှိတော့ ဘဲ၊ နိုင်ငံခြားသို့ ထွက်ပြေးသွားသည့်အတွက် မနေ့ စက်တင်ဘာ ၂၇ ရက်နေ့တွင် သူမ၏ မျက်ကွယ်၌ ထောင်ဒဏ် ၅နှစ်ချမှတ်လိုက်ခြင်းဖြစ်ပါတယ်။ မနေ့က တရားရုံးစီရင်ချက်တွင် သူမ၏ အစိုးရအနေဖြင့် တရုတ်အစိုးရပိုင် လုပ်ငန်းတချို့သို့ အစိုးရ အချင်းချင်း ဆန် ရောင်းဝယ်ခြင်း(G2G) ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် များက အယုံအကြည်မရှိကြောင်း အဆိုတင် သွင်း မေးခွန်းထုတ်စဉ်ပင် ယင့်လပ်သည် တာဝန်ရှိသူ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဘွန်ဆာင် တာရီယာပီယွန်ကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းကြောင့် ထိုG2G ရောင်း ဝယ်မှုမှ အဂတိလိုက်စားမှုများကို သူမအနေဖြင့် သိပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဝန်ကြီးချုပ်ဟောင်း ယင့်လပ်သည် စီရင်ချက်မချမှတ်မီကတည်းက ပင်လယ်ကမ်းခြေပိုင်းရှိ Trat ပြည်နယ် ကော့ချန် ခရိုင်မှတဆင့် ရဟတ်ယာဉ်ဖြင့် ကမ္ဘောဒီးယား ဖနွမ်းပင်ကို ပြေးပြီး၊ ထိုမှလေယာဉ်စင်းလုံးငှားကာ စင်ကာပူသို့ သွားရောက်ကြောင်း၊ ထိုသို့ ထွက်ပြေးနိုင် ရန် အဆင့်မြင့်အာဏာပိုင်တချို့က ကူညီခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုမှတဆင့် အာရပ်စော်ဘွားများနိုင်ငံ(UAE) ဒူဘိုင်းမြို့ကို ရောက်ရှိသွားပြီး၊ ယခုအခါ ဗြိတိန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်ရှိ အာဏာသိမ်း ထိုင်းအစိုးရ ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ဝန်ကြီးချုပ်ဟောင်း ယင့်လပ် ဟာ အာရပ်စော်ဘွားများနိုင်ငံ(UAE) ဒူဘိုင်းမြို့မှာ ရောက်ရှိနေတယ်လို့ မနေ့က သတင်းထောက်တွေ ကို ပြောဆိုလိုက်ပေမယ့်လည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ရက်နေ့မှာတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကို ထွက်ခွာသွားပြီလို့ သတင်းတွေကဆိုပါတယ်။ The post မျက်ကွယ် ထောင်ဒဏ်ချခံရတဲ့ ဝန်ကြီးချုပ်ဟောင်း ယင့်လပ်ရဲ့ အိမ်ကို ရဲများ ရှာဖွေ appeared first on ဧရာဝတီ.
Source : http://ift.tt/2xHX5nN
via IFTTT


စွပ်စွဲချက်များရှိသော်လည်း မြန်မာကို လက်နက်များ အစ္စရေး ရောင်းချမည် ရိုဟင်ဂျာဆိုသူများကို “မျိုးဖြုတ်သတ်ဖြတ်မှု”၊ “လူမျိုးတုန်းသတ်ဖြတ်မှု” ကျူးလွန်ကြောင်း စွပ်စွဲချက်များရှိစေကာမူ မြန်မာနိုင်ငံသို့ လက်နက်ရောင်းချခြင်းကို ရပ်စဲမည်မဟုတ်ကြောင်း အစ္စရေးနိုင်ငံက လာသော သတင်းများက ဆိုသည်။ တိုင်းပြည်နယ်စပ်ကို စောင့်ကြပ်ရာတွင် သုံးမည့် တင့်ကား ၁၀၀ ကျော်၊ လက်နက်များနှင့် ကင်းလှည့် စစ်ရေယာဉ်များ ရောင်းချမည့် အကျိုးအမြတ်များသော သဘောတူညီချက်များကို အစ္စရေးနှင့် မြန်မာနိုင်ငံတို့ လက်မှတ်ရေးထိုးထားသည်။ ယင်းသဘောတူညီချက်အရ မြန်မာနိုင်ငံသို့ ရောင်းချသော လက်နက်များကို ဆိုင်းငံ့ထားရန် လူ့အခွင့်အရေးလှုပ်ရှားသူများက ဗဟိုတရားရုံးသို့ တင်သွင်းခဲ့သည်။ မြန်မာနိုင်ငံဆက်ဆံရေးနှင့် ပတ်သက်ပြီး အစိုးရရှေ့နေများက တံခါးပိတ်အစည်းအဝေး အများအပြား ကျင်းပခဲ့ပြီးနောက် အင်္ဂါနေ့က တိုက်ရိုက်ကြားနာခြင်းအဆင့်သို့ ရောက်လာသည်။ သတင်းများအဆို အစ္စရေးအစိုးရ၏ တောင်းဆိုချက်ကြောင့် ဗဟိုတရားရုံး၏ ဆုံးဖြတ်ချက်ကို အများပြည်သူထံ မထုတ်ပြန်ဘဲ လျှို့ဝှက်ထားမည်ဟု သိရသည်။ ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့သည် မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ပိတ်ဆို့ထားကြောင်းနှင့် အစ္စရေးနိုင်ငံသည် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချသည့် တခုတည်းသော အနောက်နိုင်ငံဖြစ်ကြောင်း အထက်ပါ ဗဟိုတရားရုံးသို့ တောင်းဆိုသော စာပေးပို့သူများ၏ ရှေ့နေ Eitay Mack က ကန့်ကွက်ပြောဆိုသည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အစ္စရေးနိုင်ငံသို့ လာ ရောက်ခဲ့ပြီး အစ္စရေးနိုင်ငံစစ်ဘက်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Gadi Eisenkot နှင့် တွေ့ဆုံခဲ့သည်ဟု အထက်ပါ အစ္စရေးနိုင်ငံ ဗဟိုတရားရုံးသို့ တောင်းဆိုသောစာတွင် ဖော်ပြထားသည်။ TAR Ideal Concepts ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော မြန်မာ့တပ်မတော် အရာရှိများ ပါဝင်သည့် ဓာတ်ပုံ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူသည် ကာကွယ်ရေးစက်မှုလုပ်ငန်း အများအပြားကို လေ့လာခဲ့ပြီး ကင်းလှည့် စစ်ရေယာဉ်များမှာယူခဲ့သည်ဟု သူ၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားခဲ့သည်။ ထိုသင်္ဘောများအား ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြား ရေပိုင်နက်တွင် အသုံးပြုမည်ဟု ယူဆရသည်။ ရှေ့နေ Eitay Mack ၏အဆို အစ္စရေး ကာကွယ်ရေးဆိုင်ရာ TAR Ideal Concepts ကုမ္ပဏီက မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်ကို သင်တန်းပေးနေကြောင်း သိရသည်။ “TAR Ideal Concepts ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ရခိုင်မှာ စစ်ဆင်ရေးလုပ်နေတဲ့ မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးနေပြီး သင်တန်းတွေ ပေးနေတာကို ဖော်ပြထားတာကို ကျနော်တို့ သိပါတယ်” ဟု ရှေ့နေ Eitay Mack က အစ္စရေး Telesur ရုပ်သံသို့ ပြောဆိုခဲ့သည်။ သို့သော် အစ္စရေး အစိုးရရှေ့နေများသည် ဖိအားကို ဂရုစိုက်ပုံ မပေါ်ပေ။ မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ပိတ်ပင်ရန် တောင်းဆိုခြင်းကို အင်္ဂါနေ့က ကြားနာရာတွင် အစိုးရရှေ့နေ Shosh Shmueli က ဗဟိုတရားရုံးအနေဖြင့် အစ္စရေးအစိုးရ၏ပြည်ပဆက်ဆံရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုသင့်ဟု ပြောသည်။ ထိုကြားနာမှုနှင့် ပတ်သက်သော ဆုံးဖြတ်ချက်ကို မကြာမီ ချမှတ်မည်ဟု မျှော်လင့်ရသော်လည်း အစ္စရေးနိုင်ငံရေးသမားများသည် ထိုပြဿနာကို တွန်းအားပေးလိုခြင်း မရှိကြဟု အစ္စရေးမှ လာသော သတင်းများက ဆိုသည်။ ပြီးခဲ့သည့် အင်္ဂါနေ့က အစိုးရရှေ့နေ၏တုံ့ပြန်ပုံသည် မတ်လအတွင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ကြေညာချက်အတိုင်းသာ ဖြစ်သည်။ ထိုစဉ်က ဗဟိုတရားရုံးသည် သံတမန်ရေးရာများတွင် ဝင်ရောက်စွက်ဖက်ခွင့်မရှိဟု ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာသည်။ အစ္စရေးနိုင်ငံ၏လက်နက်ရောင်းချရေးမူဝါဒများသည် အသိဉာဏ်တိုးတက်သောနိုင်ငံများက လက်ခံထားသည့် လမ်းညွှန်များနှင့် ကိုက်ညီမှုရှိသည်ဟုပင် ကာကွယ်ရေးဝန်ကြီး Avigdor Lieberman က ပြောပြီး ဗဟိုတရားရုံးသို့ တင်သွင်းသော တောင်းဆိုစာပါ ပူပန်မှုများကို ပယ်ချခဲ့သည်။ The post စွပ်စွဲချက်များရှိသော်လည်း မြန်မာကို လက်နက်များ အစ္စရေး ရောင်းချမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2fT6KP4
via IFTTT


နာဂ (NSCN-K)နှင့် အိန္ဒိယစစ်တပ်တို့ နယ်စပ်တွင် တိုက်ပွဲဖြစ်ပွား အိန္ဒိယ-မြန်မာ့ နယ်စပ်၌ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန်(NSCN-K)နှင့် အိန္ဒိယ စစ်တပ်တို့ မနေ့ စက်တင်ဘာ ၂၇ ရက်က တိုက်ပွဲဖြစ်ပွားကြောင်း သတင်းရသည်။ အိန္ဒိယသတင်းစာများ အဆိုအရ တိုက်ပွဲဖြစ်ပွားမှုမှာ နာဂလက်နက်ကိုင် အဖွဲ့ (NSCN-K)မှ အိန္ဒိယ စစ်တပ်ကို လာရောက် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြန်လည် တိုက်ခိုက်ခဲ့သော ဖြစ်စဉ်တခုသာ ဖြစ်သည် ဟု အိန္ဒိယစစ်ဘက်၏ အရှေ့ပိုင်း စစ်ဌာန ချုပ်၏ ပြောကြားချက်ကို ကိုးကား၍ The News Indian Express ဆိုသည်။ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန်(NSCN-K) အဖွဲ့ ဗဟိုကော်မတီ ဦးကျော်ဝမ်းစိန်ကမူ “မနေ့(စက်တင်ဘာ ၂၇ ရက်)က အိန္ဒိယနဲ့ မြန်မာနယ်စပ် စည်း မျဉ်း မှာ တိုက်ပွဲဖြစ်တာ ဟုတ်ပါ တယ်၊ မနက် ၃နာရီကနေ ၇နာရီလောက် အထိပေါ့၊ ကျနော်တို့ဘက်ကတော့ ပစ်တယ်ဆိုတာတော့ မဟုတ်ဘူး၊ ဘာကြောင့်လည်း ဆိုတော့ အိန္ဒိယဘက်မှာလည်း နာဂရှိတယ်။မြန်မာပြည်မှာလည်း နာဂရှိတယ်ဆိုတော့ ကျနော်တို့ကတော့ အခုဒေသမှာ ရှိပြီးသား ဖြစ် နတာပေါ့။ အဲ့ဒီမှာ အိန္ဒိယ တပ်တွေက လာပြီးမှ လာပစ်တာလို့ ပြောတယ်”ဟု ပြောသည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၇ ရက် မနက် ၃ နာရီကျော်မှ ၇ နာရီအထိ အိန္ဒိယ-မြန်မာ နယ်စပ် စည်းမျဉ်းတွင် NSCN-K နှင့် အိန္ဒိယစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသော်လည်း နှစ်ဖက် ထိခိုက် ဒဏ်ရာရရှိမှုများ မရှိပဲ တိုက်ပွဲမှာ ပြန်လည် ငြိမ်သက် သွားကြောင်း သိရသည်ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က ဆက်ပြောသည်။ NSCN-K သည် မြန်မာပိုင်နက် စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်တွင် လှုပ်ရှားနေ သော နာဂ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး နာဂလူမျိုးများ လွတ်မြောက်ရေးနှင့် ကိုယ်ပိုင် ပြဌာန်ခွင့် ရရှိရေးအတွက် အိန္ဒိယအစိုးရအား တောင်းဆို တိုက်ခိုက်နေသော အဖွဲ့ဖြစ်ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ်၊ဇွန်လအတွင်းကလည်း အိန္ဒိယစစ်ဘက်မှ လုံခြုံရေးဆောင်ရွက်နေသော ယာဉ်တန်းကို NSCN-K အဖွဲ့မှ ချုံခိုတိုက်ခိုက်ခဲ့ခြင်းကြောင့် အိန္ဒိယစစ်တပ်ဘက်မှ ကျဆုံးမှု အနည်းအငယ်ရှိခဲ့ပြီး နှစ်ဖက် တင်းမာမှုဖြစ်ခဲ့ကြ သေးသည်။ အိန္ဒိယအစိုးရနှင့် NSCN-K တို့အကြား ၂၀၀၃-၂၀၀၄ က အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုး ခဲ့သော်လည်း ၂၀၁၆ တွင် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားကြောင်း ဦးကျော်ဝမ်းစိန်က ပြောသည်။ “ကျနော်တို့ အိန္ဒိယနဲ့ အပစ်အခတ်ရပ်စဲရေးကို ၂၀၀၃- ၂၀၀၄ လောက်မှာ လက်မှတ်ထိုးထားတယ်။ ထိုးပြီး နောက်ပိုင်း ကျတော့ တစ်နှစ်ပြီး တစ်နှစ်ပေါ့ အပစ်ရပ်စဲရေးလုပ်တာပေါ့။ နောက်ပိုင်းကျတော့ မနှစ်တုန်းက ငြိမ်းချမ်းရေး ကိစ္စနဲ့ ပတ်သက်လို့ ပျက်ပြယ်သွားခဲ့တာပေါ့ ၂၀၁၁ မှာ မဟုတ်ဘူး ၂၀၁၆ မှာ ပျက်တယ်”ဟု ၎င်းက ပြောသည်။ တခြားသော သတင်းများအရ အိန္ဒိယအစိုးရနှင့် NSCN-K အကြား ၂၀၀၁ ခုနှစ်က အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး ထားရာမှာ ၂၀၁၁ ခုနှစ်တွင် ပျက်ပြယ်သွားခဲ့ပြီး တိုက်ပွဲများ ကြိုးကြား ကြိုးကြား ပြန်လည် ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။ အိန္ဒိယအစိုးရအား တိုက်ခိုက်နေသော နာဂလက်နက်ကိုင်တပ်များမှာ အနည်းဆုံး သုံးဖွဲ့ရှိပြီး မဏိပူ လက်နက်ကိုင်လည်း ရှိကြောင်း၊ ထိုလက်နက်ကိုင်များသည် မြန်မာပိုင်နက်အတွင်း လှုပ်ရှားလျက်ရှိကြောင်း သိရသည်။ ထိုအထဲမှ NSCN-K သည် မြန်မာအစိုးရ(သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်)နှင့် ၂၀၁၂ ခုနှစ်က ပြည်နယ် အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားပြီး ပြည်ထောင်စုအဆင့်နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းမှုများလည်း ရှိသည်။ သို့သော် NSNC-K မှ NCA ကို လက်မှတ်ရေးထိုးရန် မဖြစ်နိုင်သေးကြောင်း ထုတ်ဖော်ပြောဆိုထားပြီး အိန္ဒိယရှိ နာဂလူမျိုး များနှင့် မြန်မာနိုင်ငံရှိ နာဂလူမျိုးများအားလုံးကို လွှမ်းခြုံနိုင်သော စေ့စပ်ညှိနှိုင်းမှု ပြုလုပ်လာမှသာ လျှင် NCA ထိုးနိုင်ရေး ဆွေးနွေးမှု ပြုလုပ်နိုင်မည်ဟု ၂၀၁၇ ခုနှစ်၊သြဂုတ် ၁၁ ရက်က ဦးကျော်ဝမ်းစိန်မှ ဧရာဝတီသို့ ပြောကြားထားသည်။ နာဂလူမျိုးများသည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပြန့်နှံနေထိုင်လျက်ရှိသည်။ အိန္ဒိယနိုင်ငံရှိ မဏိပူရ၊ အာသံ၊ မီဇိုရမ် တို့တွင် နာဂလူမျိုး သုံးသန်းခန့် နေထိုင်လျက်ရှိပြီး မြန်မာနိုင်ငံမှာတော့ စစ်ကိုင်း တိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ(လေရှီးမြို့နယ်၊လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်)တွင် လူဦးရေ သုံးသိန်းကျော် နေထိုင်လျက်ရှိကြောင်း နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအသင်း(ဗဟို)ထံမှ သိရသည်။ The post နာဂ (NSCN-K)နှင့် အိန္ဒိယစစ်တပ်တို့ နယ်စပ်တွင် တိုက်ပွဲဖြစ်ပွား appeared first on ဧရာဝတီ.
Source : http://ift.tt/2xMNEUG
via IFTTT


ရခိုင်အရေးကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အိပ်မက် မလှနိုင်တော့ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မှ အရာရှိများသည် ဇွန်လက ဥရောပ ၆ နိုင်ငံခရီးစဉ် အတွင်း သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့် ပညာရေးကဏ္ဍများ အတွက် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည် ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် ၎င်းတို့သည် ရေနံကြွယ်ဝသော ရခိုင်ပြည်နယ်မှ မွတ်စလင်များကို မြန်မာနိုင်ငံက ဆက်ဆံပုံနှင့် ပတ်သက်သော မေးခွန်းများသာ အမေးခံခဲ့ရသည်။ “ရောက်တဲ့ နိုင်ငံတိုင်းမှာ ဒီပြဿနာကိုပဲ ရင်ဆိုင်နေရတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးလှိုင်မော်ဦးက ၁၆ ရာက်ကြာသည့် ခရီးစဉ်မှ အပြန်တွင် ပြောသည်။ ထိုနောက်ပိုင်းတွင် ရခိုင်ပြည်နယ် အခြေအနေမှာ သိသိသာသာ ပိုမို ဆိုးရွားလာပြီး ရိုဟင်ဂျာ ဆိုသူ ၄၈၀၀၀၀ တို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးပြီး ကုလသမဂ္ဂက ထိုဖြစ်ရပ်ကို “လူမျိုးတုံး သတ်ဖြတ်မှု” ဟု ပြောသည်။ မြန်မာနိုင်ငံတွင် အနောက်နိုင်ငံများ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမှာ နည်းပါးသော်လည်း ယခုနှစ် အတွင်း ပြုလုပ်သည့် ပြုပြင် ပြောင်းလဲမှုများသည် နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုများနှင့် စစ်အုပ်ချုပ်ရေး၏ မှားယွင်းသော စီမံခန့်ခွဲမှု ဆယ်စုနှစ် များစွာကြောင့် တုံ့ဆိုင်းနေသော စီးပွားရေးကို ဖွင့်ပေးနိုင်မည် ဟု မျှော်လင့်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ အရပ်သားအုပ်ချုပ်ရေးသို့ အကူးအပြောင်း အတွက် အရေးယူပိတ်ဆို့မှု အများစုကို ရုပ်သိမ်းလိုက်ခြင်းနှင့် အတူ အနောက်တိုင်းမှ အရင်းအနှီးများ အလုံးအရင်းနှင့် ဝင်ရောက် လာမည် မျှော်လင့်ကြပြီး မျှော်လင့်သည့် အတိုင်း အကျိုးအမြတ်ဖြစ်မည်ဟု မြင်ခဲ့ကြသည်။ ထို အနောက်တိုင်း အရင်းအနှီးများကြောင့် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးခြင်းကို ချိန်ညှိနိုင်မည်ဟု ဒေသတွင်းမှ သံတမန်များက ယူဆကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် သည် ရိုဟင်ဂျာဆိုသူများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထုတ်ဖော် ပြောကြားမှု နည်းပါးသောကြောင့် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများ ခံနေရပြီး ဥရောပနှင့် အမေရိကန် လုပ်ငန်းများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းကြောင့် ဖြစ်လာမည့် ဂုဏ်သတင်း ထိခိုက်မှုကို ပူပန်လာကြသည် ဟု ဥပဒေ အကျိုးဆောင်များ၊ အတိုင်ပင်ခံများနှင့် နိုင်ငံရေးသမားကို သြဇာလွှမ်းမိုးနိုင်ရန် ကြိုးစားနေသူများက ပြောသည်။ ရန်ကုန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Faircap Partners ၏ အကြီးအကဲ Louis Yeung က ၎င်းတို့၏ စီးပွားဖက်တဦး ဖြစ်သူ အမေရိကန်အခြေစိုက် စတော့အိပ်ချိန်း စာရင်းဝင် အစားအစာနှင့် အဖျော်ယမကာ လုပ်ငန်းတခုသည် နှေးကွေးသော ပြုပြင်ပြောင်းလဲမှုများနှင့် ရခိုင်အရေးကြောင့် မြန်မာဈေးကွက်သို့ ဝင်ရောက်မည့် အစီအစဉ်ကို ၃ နှစ်မှ ၅ နှစ်အထိ ဆိုင်းငံ့ လိုက်ရသည် ဟု ပြောသည်။ “သူတို့က အချိန်မတန်သေးဘူးလို့ ကောက်ချက်ချတယ်။ အစိုးရရဲ့ ပိုမိုထောက်ခံမှုကို သူတို့ လိုချင်ပေမယ့် ရခိုင်အရေး ကြောင့် အထောက်အကူမရဘဲ ဖြစ်နေတယ်” ဟု သူက ပြောသည်။ မကြာသေးမီလများ အတွင်းကမူ ဖိအားမှာ ပိုမိုပြင်းထန်လာပြီး လူ့အခွင့် အရေးအဖွဲ့တခုဖြစ်သော AFD International က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ရန် တောင်းဆိုလာသောကြောင့် လက်ရှိ ရင်းနှီးမြှုပ်နှံထားသူများ အတွက်ပင် ဖိအား ကြီးမားနေသည်။ ရေနံနှင့် ဓာတ်ငွေ့ရှာရန် မြန်မာ အစိုးရပိုင် လုပ်ငန်းနှင့် ထုတ်လုပ်မှု ခွဲဝေယူရေး စာချုပ်ကို ဖျက်သိမ်းရန် ရင်းနှီးမြှုပ်နှံသူ အနည်းစုက အမေရိကန်ရေနံလုပ်ငန်း Chevron ကို ၎င်း၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် အဆို တင်သွင်းခဲ့ သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းကွန်ရက် လုပ်ကိုင်နေသော နော်ဝေနိုင်ငံ ဆက်သွယ်ရေး လုပ်ငန်း Telenor ကလည်း လူ့အခွင့်အရေး အကာကွယ်ပေးရန် တောင်းဆိုသော ကြေညာချက် ထုတ်ပြန်ခဲ့ရသည်။ မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး ဝေဖန် ပြောကြားပေးရန် Chevron က ငြင်းဆန်ပြီး အလားတူ မေတ္တာရပ်ခံချက် အများအပြားကို Telenor က အကြောင်းပြန်ကြားခြင်း မပြုပေ။ မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့ သွားရောက်မည့် ခရီးစဉ်ကို ကာလအကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်သည် ဟု ဥရောပ ပါလီမန်၏ နိုင်ငံတကာ ကုန်သွယ်ရေး ကော်မတီ အကြီးအကဲ Bernd Lange က လွန်ခဲ့သော သီတင်းပတ်က ပြောသည်။ လူ့အခွင့်အရေး အခြေအနေကြောင့် အလားအလာရှိသော ဥရောပသမဂ္ဂ-မြန်မာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် အတွက် အကျိုးရှိသော ဆွေးနွေးပွဲများ မဖြစ်နိုင်ဟု သူက ပြောသည်။ မြန်မာနိုင်ငံတွင် ညီလာခံများ ကျင်းပရန် စီစဉ်နေသော လုပ်ငန်းများသည်လည်း အခြားသော နေရာများတွင် ရွှေ့ပြောင်း ကျင်းပရန် စဉ်းစားနေကြသည် ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းချုပ် ဒု ဥက္ကဌ ဦးခင်အောင်ထွန်းက ပြောသည်။ “မြန်မာနိုင်ငံဟာ သတင်းကောင်းတွေ ထွက်တဲ့ နိုင်ငံလို့ လူတွေ မြင်လာကာစပဲ ရှိသေးတယ်။ အခုတော့ ဒါရိုက်တာ အဖွဲ့ အစည်းအဝေးတွေမှာ တယောက်ယောက်က မြန်မာနိုင်ငံအကြောင်း ပြောရင် နောက်တယောက်က ‘ခဏနေဦး။ ရွာတွေ မီးလောင်ပြီး ဒုက္ခသည်တွေ ထွက်ပြေးနေတာ ကျနော် အခုလေးပဲ ရုပ်သံမှာ မြင်ခဲ့တယ်’ လို့ ပြောတဲ့ အခြေအနေ ဖြစ်ကုန်ပြီ” ဟု South East Asia at Control Risks အန္တရာယ် လျှော့ချရေး အတိုင်ပင်ခံလုပ်ငန်းမှ Dane Chamorro က ပြောသည်။ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် စိုးရိမ်ပူပန်သည်မှာ သဘာဝကျသည် ဟု ဒေါ်အောင်ဆန်းစုကြည် က Nikkei Asia Review က ကြာသပတေးနေ့ထုတ် Nikkei Asia Review မှ အင်တာဗျူးတွင် ပြောသော်လည်း ဆင်းရဲနွမ်းပါးသည့် ရခိုင်ပြည်နယ်မှ ရှည်ကြာလှသော ပြဿနာများကို ဖြေရှင်းရာတွင် စီးပွားရေး တိုးတက်မှုသည် အဓိကကျသည် ဟူသည့် သူ၏ အမြင်ကို အကြိမ်ကြိမ် ပြောခဲ့သည်။“ဒီတော့ ရင်းနှီးမြှုပ်နှံမှုကသာ လက်တွေ့မှာ အခြေအနေ ကောင်းမွန်လာအောင် လုပ်ပေးနိုင်တယ်” ဟု သူမက ပြောသည်။ အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံတန်ကြေးရှိ မြန်မာ့စီးပွားရေးသည် အနောက်နိုင်ငံ လုပ်ငန်းများ၏ ခိုင်မာသော ရင်းနှီးမြှုပ်နှံရေး အဆိုပြုချက်များကို ဆွဲဆောင်နိုင်သင့်သည်။ ကြီးမားလှသော ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ၊ ပတ္တမြားနှင့် ကျွန်းသစ်ကဲ့သို့သော သဘာ၀ သယံဇာတများ မြန်မာနိုင်ငံတွင် ပေါများသည်။ မြန်မာနိုင်ငံသည် အများမျှော်လင့်နေသော ရင်းနှီးမြှုပ်နှံမှုဥပဒေကို လွန်ခဲ့သော ဧပြီလက ပြဋ္ဌာန်းခဲ့ပြီး လုပ်ထုံးလုပ်နည်း များကိုလည်း ရိုးရှင်းအောင် လုပ်ဆောင်ကာ ပြည်ပလုပ်ငန်းများကို ပြည်တွင်းလုပ်ငန်းများနှင့် တန်းတူဆက်ဆံခဲ့သည်။ ယင်း ဥပဒေကြောင့် ယခုနှစ်နှောင်းပိုင်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ များပြားလာမည်ဟု မျှော်မှန်းသည်။ “ရင်းနှီးမြှုပ်နှံမှု အတွက် လိုအပ်တဲ့ အခြေအနေတွေက တိုးတက်လာပြီ” ဟု အာရှတွင် ရင်းနှီးမြှုပ်နှံသူများ အတွက် အတိုင်ပင်ခံ လုပ်ငန်း Dezan Shira & Associates မှ အာဆီယံဒေသတွင်း စီးပွားရေးဆိုင်ရာ အချက်အလက် စုံစမ်းရေး အကြီးအကဲ Dustin Daugherty က ပြောသည်။ သို့သော် အနောက်နိုင်ငံလုပ်ငန်းများ လက်ရှောင်နေကြသော်လည်း အာရှ စီးပွားရေးသမားများကြောင့် မြန်မာ့စီးပွားရေးသည် အထိမနာလှပေ။ အရေးယူပိတ်ဆို့မှုများ ဖြစ်လာလျှင်ပင် အထိနာမည် မဟုတ်သလို အရေးယူပိတ်ဆို့မှု ချမှတ်မည့် အလားအလာလည်း မရှိပေ။ အာရှတခွင်နှင့် အခြားဒေသများရှိ အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကုန်သွယ်ရေးမြှင့်တင်မည့် ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်နှင့် ကိုက်ညီသည့် စီမံကိန်းများကို တရုတ်နိုင်ငံက တွန်းအားပေး ဆောင်ရွက်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည် သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံနှင့် အဓိက ကုန်သွယ်ဘက် ၄ နိုင်ငံသည် စင်္ကာပူ၊ ထိုင်း၊ ဂျပန်နှင့် အိန္ဒိယ တို့ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက် ဖြစ်သည့်တရုတ်နှင့် မြန်မာတို့ အကြား ကုန်သွယ်မှုသည် အထက်ပါ ၄ နိုင်ငံနှင့် မြန်မာ အကြား ကုန်သွယ်မှုလောက်ပင် များပြားသည်။ အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုမှာ ဒေါ်လာ သန်း ၄၀၀ ဖိုးခန့်သာ ရှိပြီး မြန်မာနိုင်ငံတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ သုည ဒသမ ၅ ရာခိုင်နှုန်းသာ ရှိသည်။ ဥရောပ၏ ရင်းနှီးမြှုပ်နှံမှုမှာ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ ၁၀ ပုံ ၁ ပုံရှိပြီး တရုတ်နှင့် ဟောင်ကောင်တို၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှာ စုစုပေါင်း၏ ၃ ပုံ၁ ပုံရှိသည်။ ထိုင်းနှင့် စင်္ကာပူ ၂ နိုင်ငံပေါင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုတ်နှံမှုသည်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၃ ပုံ ၁ ပုံရှိသည်။ ဥရောပ ရင်းနှီးမြှုပ်နှံသူများသည် အမြင် ပြောင်းသွားသော်လည်း အာရှ ရင်းနှီးမြှုပ်နှံသူများ ဆက်လက်ကျန်ရှိနေမည် ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် က သတင်းထောက်များကို ပြောသည်။ တရုတ်နိုင်ငံသည် စွမ်းအင် လိုအပ်နေသာ မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ရောင်းချရန် ဆွေးနွေးနေပြီး ဘင်္ဂလား ပင်လယ်အော်ရှိ သေနင်္ဂဗျူဟာ ကျသော ဆိပ်ကမ်းတခုတွင် အထူးအခွင့်အရေး ရအောင် လုပ်ဆောင်နေသည်။ မြန်မာနိုင်ငံကို ဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ တင်ပို့သည့် ရေနံပိုက်လိုင်း ဆိုင်ရာ သဘောတူညီချက် ကိုလည်း လွန်ခဲ့သော ဧပြီလက လက်မှတ်ရေးထိုးခဲ့သည်။ “ဒါက ဒေါ်အောင်ဆန်းစုကြည် ကို တရုတ် သမ္မတ ရှီကျင့်ဖျင်လက်ထဲ ထိုးကျွေးလိုက်တာပဲ ဖြစ်မယ်” ဟု သြစတြေးလျှ အမျိုးသား တက္ကသိုလ် အရှေ့တောင်အာရှရေးရာ ဌာန ဒါရိုက်တာနှင့် ကာကွယ်ရေးနှင့် မဟာဗျူဟာ လေ့လာရေးဌာန အကြီးအကဲ John Blaxland က ပြောသည်။ (Reuters သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် Yimou Lee နှင့် Marius Zaharia တို့၏ Crisis dents Myanmar’s hopes of Western investment boom ကိုဘာသာပြန်သည်။) The post ရခိုင်အရေးကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အိပ်မက် မလှနိုင်တော့ appeared first on ဧရာဝတီ.
Source : http://ift.tt/2xMtB8S
via IFTTT