Monday, October 2, 2017


အီဂျစ်ရှိ မြန်မာသံရုံး ပေါက်ကွဲမှု ဟာဆန်အကြမ်းဖက်အဖွဲ့ လက်ချက်ဟု ဆို ရိုဟင်ဂျာဟု သူတို့ဖာသာ အမည်ပေးထားသူများကို စစ်ရေးအရ ချေမှုန်းမှုပြုလုပ်ခြင်းကို လက်စားချေ သည့်အနေဖြင့် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးအတွင်း ဖောက်ခွဲမှုတခုကို ပြုလုပ်ခဲ့ကြောင်း ဟာဆန် အမည်ခံ အကြမ်းဖက်အဖွဲ့က ကြေညာလိုက်ပါတယ်။ တနင်္ဂနွေနေ့က ဖြစ်ပွားသည့် ပေါက်ကွဲမှုကို ဒေသခံများနှင့် သတင်းမီဒီယာများကမူ ဓာတ်ငွေ့ပေါက်ကွဲ ခြင်းဟု ယူဆခဲ့သော်လည်း ဟာဆန် အကြမ်းဖက်အဖွဲ့က သူတို့လက်ချက်ဟု ဆိုလိုက်တာဖြစ်ပါ တယ်။ “လူသတ်သမားတွေ၊ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေ ကလေးတွေနဲ့ မိန်းမတွေကို သတ်တဲ့သူတွေ ရဲ့သံရုံးကို သတိပေးလိုက်သလို အင်အားနည်းတဲ့ မွတ်ဆလင်တွေနဲ့ သွေးစည်းချစ်ကြည်မှုကို ပြသတဲ့ အနေနဲ့ ဖောက်ခွဲလိုက်တာ”လို့ အဲဒီအဖွဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ထိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက တစုံံံတရာ ပြောကြားခြင်းမရှိပေမယ့် ပေါက် ကွဲတဲ့ နေရာမှာ ဖောက်ခွဲရေး ပစ္စည်းတွေကို တွေ့ရတယ်လို့ လုံခြုံရေး သတင်းရင်းမြစ် ၂ခုကို ကိုးကား ပြီး Reuters သတင်းကဆိုပါတယ်။ မြန်မာသံရုံးကို ဆက်သွယ်ကာ မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိဘူးလို့ သိရပါတယ်။ ဟာဆန်အကြမ်းဖက်အဖွဲ့ဟာ ကိုင်ရိုမြို့ ဝန်းကျင်ရှိ တရားသူကြီးများနှင့် ရဲများကို ပစ်မှတ်ထား တိုက် ခိုက်တဲ့ အဖွဲ့ဖြစ်ပြီး၊ လွန်ခဲ့သောနှစ် နောက်ပိုင်းကမူ အရပ်သားပစ်မှတ်များကိုပါ တိုက်ခိုက်ခဲ့သည်။ သူတိုရဲ့ ကြေညာချက်မှာတော့ “ဖောက်ခွဲမှုအတွင်းမှာ အရပ်သားတွေ၊ အပြစ်မဲ့သူတွေကို မထိခိုက် အောင် အထူးဂရုစိုက်ဆောင်ရွက်ခဲ့ပါတယ်၊ ဒီလိုမလုပ်ခဲ့ရင် တားဆီးလို့ မရတဲ့ လောင်မီးတွေကို သင် တို့တွေ့ခဲ့ရမှာပါ”ဟု ဆိုပါတယ်။ ဟာဆန်အဖွဲ့သည် ၂၀၁၃ ခုနှစ်က မတရားအသင်းအဖြစ် ကြေညာခံရပြီ၊း မွတ်ဆလင်ညီအကိုတော် များ အဖွဲ့ခွဲဟု အီဂျစ်အစိုးရ စွပ်စွဲသော်လည်း မွတ်ဆလင်ညီအကိုတော်များအဖွဲ့ကမူ ငြင်းသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်နေ့က ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီအကြမ်းဖက်သမားများက ရဲစခန်းများနှင့် စစ်စခန်း တခုကို တိုက်ခိုက်ရာလူ ၁၂ ဦးသေဆုံး ပြီးနောက် မြန်မာ့တပ်မတော်၏ တုံ့ပြန်တိုက်ခိုက်မှု ကြောင့် ဘင်္ဂလီ ၅သိန်းနီးပါး ထွက်ပြေးခဲ့သည်။ The post အီဂျစ်ရှိ မြန်မာသံရုံး ပေါက်ကွဲမှု ဟာဆန်အကြမ်းဖက်အဖွဲ့ လက်ချက်ဟု ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2ySwdjt
via IFTTT


ပြိုင်ပွဲဝင်ခါနီး သရဖူအသိမ်းခံလိုက်ရတဲ့ Miss Grand Myanmar ရွှေအိမ်စည် Miss Universe Myanmar 2017 ရဲ့ 1st Runner ဆုရှင် ရွှေအိမ်စည်ကို Miss Universe Myanmar Organization မှ သူမကို ပေးအပ်ထားတဲ့ သရဖူကို ပြန်လည်သိမ်းယူကာ ဗီယက်နမ်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ရမယ့် Miss Grand International 2017 ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်စေမှုကိုလည်း လူအစားထိုးယှဉ်ပြိုင်ရန် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ အလှမယ် ရွှေအိမ်စည်မှ ပြိုင်ပွဲစတင်သည့်အချိန်မှ အောက်တိုဘာ ၁ ရက်နေ့အထိ လိုအပ်တဲ့ ပညာရေး အထောက်အထား စာရွက်စာတမ်းများတင်ပြမှုမရှိခြင်း၊၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့တွင် Miss Universe Myanmar Organization ကို နိုင်ငံကိုယ်စားပြု အလှမယ်တဦးရဲ့ ဂုဏ်ပုဒ်နဲ့လျော်ညီမှုမရှိသော ရိုင်းစိုင်းကြမ်းတမ်းသည့် အပြောအဆို အသုံးအနှုန်းများဖြင့် ပြောဆိုခြင်း၊ မကြာမီသွားရောက် ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲခရီးစဉ်အတွက် လိုအပ်သည်များကို အချိန်မီ ဆောင်ရွက်နိုင်မှုမရှိခြင်း စတဲ့အချက်များအပါအဝင် စုစုပေါင်းကြေညာချက် ၅ ချက်ဖြင့် သရဖူကို ပြန်လည်ရုတ်သိမ်းရတာဖြစ်တယ်လို့ Miss Universe Myanmar Organization က ၎င်းရဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ သူမအား Miss Universe Myanmar Organization မှ ချီးမြှင့်ထားတဲ့ ဆုကြေး၊ သရဖူ၊ စလွယ်နဲ့ ဆုတံဆိပ် တို့ကိုလည်း ၂၀၁၇ အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်အပ်နှံရန်အတွက်လည်း အသိပေးထားပါတယ်။ အလှမယ် ရွှေအိမ်စည်အနေနဲ့ Miss Universe Myanmar Organization ရဲ့ထုတ်ပြန်ချက်ဟာ မှန်ကန်မှုမရှိကြောင်း ၊ ထိုအဖွဲ့အစည်းရဲ့ မှန်ကန်မှုမရှိသည့် အပြုအမူများကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ လိပ်မူကာ အစီရင်ခံတင်ပြသွားမှာ ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ရန်အတွက် ပြင်ဆင်ထားသည့် ကုန်ကျစရိတ်များအတွက် လိုအပ်ပါက ပြန်လည်တရားစွဲဆိုကာ လိုအပ်သည့် ပရဟိတအဖွဲ့အသီးသီးကို လှူဒါန်းသွားမှာဖြစ်ကြောင်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် ဖော်ပြထားပါတယ်။ “အိမ်စည်နဲ့ organization ချုပ်ဆိုထားတဲ့ စာချုပ်ကို အိမ်စည့်ဖက်က မည်သည့်အချက်ကိုမှ ချိုးဖောက်ခဲ့ခြင်းမရှိသလို အပြစ်တစ်စုံတစ်ရာ ကျူးလွန်ခဲ့ခြင်းလည်း လုံးဝမရှိကြောင်း ပရိသတ်များကို အာမခံနိုင်ပါတယ်” လို့ ရွှေအိမ်စည်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားပါတယ်။ အလှမယ် ရွှေအိမ်စည်ဟာ စက်တင်ဘာလ ၂၆ ရက်နေ့က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ကိစ္စများနဲ့ ပတ်သက်ပြီး အမှန်ကိုသိရှိစေရန်ဟုဆိုကာ အင်္ဂလိပ်စကားပြောဖြင့် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့တဲ့အတွက် ပရိသတ်တချို့က အဆိုပါ ဗီဒီယိုဖိုင်ကြောင့် အခုလို ထုတ်ပယ်ခံရခြင်းမျိုး ဖြစ်နိုင်တယ်လို့လည်း ဝေဖန် ပြောဆိုနေကြပါတယ်။ ရွှေအိမ်စည်ကို Miss Grand International 2017 သို့သွားရောက်ယှဉ်ပြိုင်စေမှုကို ရုတ်သိမ်းပြီးနောက်တွင် သူမရဲ့နေရာတွင် Miss Universe Myanmar 2013 တွင် 1st Runner Up ရရှိခဲ့တဲ့ အလှမယ် အေးချမ်းမိုးက သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ Miss Grand International ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ်များ နှစ်စဉ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Miss Universe Myanmar Organization အနေနဲ့ကတော့ ယခုနှစ်မှဦးစီးကာ ပြိုင်ပွဲဝင် အလှမယ်ကို ပထမဆုံးအကြိမ်အဖြစ် ပို့ဆောင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမှာဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံပေါင်း ၈ဝ ကျော်မှ အလှမယ်များ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ စစ်နဲ့ငြိမ်းချမ်းရေးကို ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ The post ပြိုင်ပွဲဝင်ခါနီး သရဖူအသိမ်းခံလိုက်ရတဲ့ Miss Grand Myanmar ရွှေအိမ်စည် appeared first on ဧရာဝတီ.
Source : http://ift.tt/2xWoanT
via IFTTT


ကမ္ဘာ့အကောင်းဆုံး ဖက်ရှင်အမှတ်တံဆိပ်များ ခေတ်ကာလကတော့ ဖက်ရှင်လောကမှာ အောင်မြင်ရုံနဲ့တင် ဘီလျံနာ၊ မီလျံနာလောက်ထိအောင် ချမ်းသာနိုင်မယ့် အခွင့် အရေး ရှိလာပြီလို့ ဆိုရမှာပါ။ နာမည်ကျော် ဖက်ရှင်ပစ္စည်းတခုကို စံချိန်တင်အနေနဲ့ ထုတ်လုပ်မှု စရိတ် ၁ဒေါ် လာလောက်ပဲ ရှိပေမယ့် ဈေးနှုန်း ၂၁၄၅ ဒေါ်လာနဲ့ ရောင်းချလာနိုင်မှုနဲ့ အတူ နောက်ဆုံး Prada လို အမှတ်တံဆိပ်ကလည်း သူ့ရဲ့ စာရွက်ညှပ်ကလစ်လေးတခုကို ၁၈၅ ဒေါ်လာနဲ့ ရောင်းရတဲ့ထိအောင် အောင်မြင်မှုတွေ ရလာလို့ပါ။ Business of Fashionရဲ့ ဖော်ပြချက်အရဆိုရင် အခုနှစ်ထဲမှာ ကမ္ဘာ့နာမည်ကျော် အကြီးဆုံး ကုမ္ပဏီအမှတ်တံဆိပ် ၁၀၀ စာရင်းမှာ ဖက်ရှင်ကုမ္ပဏီ ၈ ခုထိအောင် ပါဝင်ရပ်တည်လာနိုင်မှုကလည်း နည်းပညာပိုင်း မျိုးစုံဖန်တီးနေရတဲ့ ကုမ္ပဏီတွေ ကို အသာလေး နောက်ကောက်ချနိုင်လောက်တဲ့ထိအောင် ဖြစ်လာနိုင်ပါတယ်။ ကောင်းပါပြီ၊ အခု ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီ ၁၀၀ စာရင်းမှာ ဘယ် ဖက်ရှင်အမှတ်တံဆိပ်တွေက စာရင်းဝင် ပါရှိနေပါ ပြီလဲ။ Dioru အမှတ်တံဆိပ်ကတော့ အရင်နှစ်အတွင်းက အဆင့် ၈၉ ရှိခဲ့ပေမယ့် အခုနှစ် ၉၅ ဆိုတော့ နည်းနည်း ကျသွားသလို ပါ။ တီရှပ်အကျီရောင်းချရမှုနဲ့အတူ နာမည်ကြီးပြီး Diorရဲ့အကျီတထည်က ဒေါ်လာ ၇၁၀ လောက်ထိအောင် ပျမ်းမျှဈေး ရှိတာ ဖြစ်ပါတယ်။ Prada လည်း ဒီနှစ်မှာ အောင်မြင်မှု လျော့ကျသွားပါတယ်။ အရင်နှစ်က အဆင့် ၈၁ ထိအောင် ရှိပေမယ့် အခုတော့ အဆင့် ၉၄ မှာ ရောက်သွားပါတယ်။ အောင်မြင်မှု ပြန်ရဖို့ ကြိုးစားနေပေမယ့် အခုနှစ်အတွင်း နွေရာသီက ရောင်းချခဲ့တဲ့ စာရွက်ကလစ်တခုကို ၁၈၅ ဒေါ်လာပဲ လူကြိုက်များနေတာ တွေ့ရပါတယ်။ Burberry လည်း အရင်နှစ်က အဆင့် ၈၃ ထိအောင် အမြင့်ဆုံးရောက်ခဲ့ပေမယ့် အခုနှစ်တော့ ၈၆ ဖြစ်နေပါတယ်။ ဒီဇိုင်းပိုင်း ကြောင့် လူကြိုက်နည်းသွားတာ မဟုတ်ဘဲ အခြား ပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်မှု အားနည်းတာကြောင့် အဆင့်ကျသွားတာ ဖြစ်ပါတယ်။ Tiffany & Co.လည်း အရင်နှစ်က အဆင့် ၇၄ ထိအောင် အမြင့်ဆုံး ရောက်ခဲ့ပေမယ့် အခုနှစ် ၈၁ ဖြစ်သွားပါတယ်။ ကျောက်မျက်တွေကို ဖက်ရှင်ဆန်ဆန် ဖန်တီးရောင်းချနိုင်မှုနဲ့အတူ အောင်မြင် လူကြိုက်များတဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။ Cartier ကတော့ အရင်နှစ်အတွင်းက အဆင့် ၆၂ ရှိနေရာကနေ အခုနှစ် အဆင့် ၆၅ ဖြစ်သွားပါတယ်။ ကုမ္ပဏီ နှစ် ၁၀၀ သက်တမ်းပြည့်ချိန် အခုလို အနည်းငယ် အဆင့်ကျသွားတာ ဖြစ်ပေမယ့် သူ့ရဲ့ ဖောက်သည်တွေရဲ့အနေအထားက အောင်မြင် မှု ဆက်လက် ထိန်းထားနိုင်ဖို့ သေချာ ခိုင်မာနေဆဲပါ။ Gucci ကတော့ ထိပ်တန်းဖက်ရှင် အမှတ်တံဆိပ်တွေထဲမှာ အောင်မြင်မှု တက်လာတယ် ဆိုရမှာပါ။ အရင်နှစ်က အဆင့် ၅၂ ရှိပေမယ့် အခုနှစ် တဆင့်တက်လာပြီး ၅၁ ဖြစ်လာပါတယ်။ Kingsnake ဒီဇိုင်းကို အခုနှစ်အတွင်း ဖန်တီးထုတ်လုပ်ရောင်းချမှုမှာ အထူးအောင်မြင်မှု ရပြီး ပိုက်ဆံအိတ်၊ ဂျာကင် အကျီတွေကို အထူး လူကြိုက်များနေတာ တွေ့ရပါတယ်။ Hermes လည်း Gucci လို အောင်မြင်မှု ဆက်လက် တက်လာပြီး အရင်နှစ်ကထက် ၂ဆင့်တက်လာပြီး ခုနှစ်မှာ ၃၂ ထိ အောင်ရောက်လာပါတယ်။ အခုပြီးခဲ့တဲ့ ၂နှစ်အတွင်း အောင်မြင်မှု အမြန်ဆုံး၊ အမြင့်ဆုံးဖက်ရှင်အမှတ်တံဆိပ်ပါ။ Birkin လက်ဆွဲအိတ်တွေကို အထူးပဲ လူကြိုက်များနေတာပါ။ Louis Vuitton ကတော့ အခုနှစ် အဆင့် ၁၉ မှာ ဆက်လက် ရပ်တည်နိုင်နေဆဲပါ။ စကိတ်စီး ပစ္စည်းထုတ်ကုမ္ပဏီSuperme နဲ့ ပူးပေါင်းမှုနဲ့အတူ Louisရဲ့အောင်မြင်မှုက ထိပ်တန်းမှာ ရှိနေဆဲပါ။ ဒါဆိုရင်တော့ ကျနော်တို့ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ ကားတွေကိုတောင် ခက်ခက်ခဲခဲ ဖန်တီးနေရမယ့်အစား စိတ်ကူးနဲ့ ပါရမီကို ပေါင်းစပ်ပြီး ဖက်ရှင်လောကမှာ အောင်မြင်မယ်ဆိုရင်ပဲ အောင်မြင်ချမ်းသာသူတယောက် ဖြစ်နိုင်နေတယ်ဆိုတာ ကို ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီစာရင်းမှာ ဖက်ရှင်ကုမ္ပဏီတွေ ပါဝင် ရပ်တည်လာနိုင်မှုက သက်သေလို ဖြစ်နေပါပြီ။ http://ift.tt/eKERsB The post ကမ္ဘာ့အကောင်းဆုံး ဖက်ရှင်အမှတ်တံဆိပ်များ appeared first on ဧရာဝတီ.
Source : http://ift.tt/2yjDBHK
via IFTTT


ဘူးသီးတောင် မောင်တောရှိ ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာကြရန် ARSA စည်းရုံးနေဟု ဆို ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောမြို့နယ် အတွင်းရှိ ဘင်္ဂါလီကျေးရွာမှ ဘင်္ဂါလီလူမျိုးများကို အောက်တိုဘာ ၉ ရက် နောက်ဆုံးထား၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ထွက်ခွာလာကြရန် ARSA အကြမ်း ဖက်သမားများက စည်းရုံး နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ဘူးသီးတောင် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဘင်္ဂါလီလူမျိုးများသည် စားဝတ်နေရေး၊ အခက်အခဲကြောင့် လည်း ကောင်း၊ လုံခြုံရေး အခြေအနေအရ ကျေးရွာတွင် လုံခြုံမှုမရှိဟုယူဆ၍ လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက် ရှိနေသည့် ဘင်္ဂါလီများက ထွက်ခွာလာရန် ဆက်သွယ် ပြောဆိုခြင်းများကြောင့် လည်းကောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ရန် စက်တင်ဘာ ၂၆ ရက်မှ စတင်၍ ထွက်ခွာခဲ့ကြပြီး နှစ်နိုင်ငံ နယ်စပ်အနီးသို့ စုပြုံရောက်ရှိနေကြောင်း အစိုးရ သတင်း ထုတ်ပြန်ရေး ကော်မတီ က ထုတ်ပြန်ထားသည်။ ထိုဘင်္ဂါလီ အုပ်စုသည် လူနည်းစု ဖြစ်မည်ကို စိုးရိမ်သဖြင့် တဖက်နိုင်ငံရှိ ၎င်းတို့မျိုးနွယ်စုများထံ သွားရောက် လိုခြင်း ကြောင့်လည်း ယခုကဲ့သို့ ထွက်ခွာလာကြခြင်း ဖြစ်သည်ဟု ဆိုသည်။ ARSA ၏ စည်းရုံးမှု နောက်သို့ ပါမသွားရေးနှင့် တဖက်နိုင်ငံသို့ ထွက်ခွာမသွားကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက တွေ့ဆုံ ညှိနှိုင်းနေပြီး နေထိုင်ရေး အပါအဝင် အလုပ်အကိုင် အခက်အခဲများ၊ လုံခြုံရေး အခြေအနေများကို ဆောင်ရွက် ပေးသွားရန် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ တခြားသော ဘင်္ဂါလီကျေးရွာမှ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူး၊ ဆယ် အိမ် မှူးများမှ တဆင့် ဖျောင်းဖြ ခိုင်းနေကြောင်း မောင်တောမြို့နယ် ကျီးကန်းပြင် ရဲစခန်းမှ ရဲမှူး ကိုကိုစိုးက ပြော သည်။ “ဟိုဘက်ကတော့ သူတို့ကို ဘယ်လို အကြောက်တရားတွေနဲ့ ခြိမ်းခြောက်နေလည်းတော့ မပြောတတ်ဘူးဗျ။ တဖက် နိုင်ငံကို သွားရောက်ဖို့ အတွက်ပဲ စိတ်အား ထက်သန်နေတယ်။ အဲ့ဒါကတော့ ARSA က ယခုလ ၉ ရက်နေ့ ထွက်လာ ဖို့ ပြောတယ်ဆိုတဲ့ အကြောင်း၊ ကျနော်တို့က တိကျတဲ့ သတင်းမျိုးတော့ မဟုတ်ဘူးပေါ့။ ဒီ မြေပြင် သတင်းမှာတော့ တိတိကျကျတော့ မရနိုင်ဘူး၊ သို့သော်လည်းပဲ သူတို့အချင်းချင်း၊ ဘင်္ဂါလီအချင်းချင်း ဖုန်းနဲ့ဆက်သွယ်ပြီးတော့မှ ပြောတာ ဆိုတာမျိုး ဆိုရင်တော့လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။ စက်တင်ဘာ ၂၆ ရက်က ဘူးသီးတောင်မြို့မှ ဂူတာပြင်ကျေးရွာရှိ ဘင်္ဂါလီ ၁၆၈ ဦးသည် ရွာသစ်ကျေ ကျေးရွာ အနီး သို့ စုပြုံရောက်ရှိလာကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ခွာရန် ပြင်ဆင်လျက်ရှိပြီး ရွှေထား ကျေးရွာနှင့် ဇင်ခါးမ ကျေးရွာမှ ဘင်္ဂါလီ ၂၅၅ ဦး၊ တောင်ချောင်း ကျေးရွာနှင့် ပေါက်တော ကျေးရွာမှ ဘင်္ဂါလီ ၂၈၁ ဦး၊ သိမ်တောင်ပြင် ကျေးရွာနှင့် ကာလီကျေးရွာမှ ဘင်္ဂါလီ ၂၀၀ ၊ ဒုအိုးသည်မကျေးရွာ မှ ဘင်္ဂါလီ ၃၅ ဦး တို့သည် စက်တင်ဘာ ၂၇ ရက် က လေယာဉ်ကွင်း ကျေးရွာအနီး ကမ်းစပ်သို့ ရောက်ရှိလာပြီး တဖက်နိုင်ငံသို့ ထွက်ခွာရန် ပြင်ဆင်နေကြောင်း သတင်း ထုတ်ပြန်ရေး ကော်မတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အပြင် တောင်ချောင်း ကျေးရွာ၊ ဇင်ခါးမ ကျေးရွာ၊ ဘိုလီ ကျေးရွာနှင့် ငွေတောင် ကျေးရွာတို့မှ ဘင်္ဂါလီ ၈၉၅ ဦးတို့ သည် စက်တင်ဘာ ၂၈ ရက်တွင် လေယာဉ်ကွင်း ကျေးရွာအနီး ကမ်းစပ်၌ လည်းကောင်း၊ ဂူတာပြင် ကျေးရွာမှ ဘင်္ဂါလီ ၅၃၀ သည် စက်တင်ဘာ ၂၉ ရက်တွင် ပညောင်ပင်ကြီးနှင့် နယ်စပ်ခြံစည်းရိုး ကြားတွင်လည်းကောင်း စုပြုံ ရောက်ရှိလာကာ တဖက်နိုင်ငံသို့ ထွက်ခွာရန် ပြင်ဆင်နေကြောင်းလည်း ဖော်ပြထားသည်။ ရခိုင် အမျိုးသားပါတီ (ANP) မှ ဒုဥက္ကဌ ဦးခိုင်ပြည်စိုး က “ကြားတော့ ကြားပါတယ် ခင်ဗျာ(ဘင်္ဂါလီများ ထွက်လာဖို့ စည်းရုံးမှု သတင်း) အောက်ခြေ သတင်းတွေမှာလေ။ ဒီဘက် မှာတော့ ကြားရတာ သိပ်တော့ မဆိုးဘူးလို့ ကြားတယ်။ ရွာတွေမှာလည်း ကိုယ့်ဟာနဲ့ကိုယ် နေထိုင် နေကြ တယ်လို့ သိရပါတယ်။ ထွက်သွားဖို့ ပြင်ဆင်နေတဲ့ လူကို ထွက် မသွား ဖို့တော့ တားဆီးနိုင်ဖို့ ခက်ခဲတယ်။ ဒါက ဒုက္ခသည် စခန်းမှာ လူအများအပြား ရောက်ရှိလာရေးနဲ့ တည်ငြိမ်မှု မရှိတာ ဆိုပြီးတော့ ပြသလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်နိုင်တယ်”ဟု ပြောသည်။ ရဲမှူး ကိုကိုစိုး ကလည်း ARSA မှ စည်းရုံးလှုံ့ဆော်မှု အထမမြောက်၍ တိုက်ခိုက်မှုများ ပြုလုပ်လာပါက ကာကွယ် ဟန့် တား နိုင်ရန်အတွက် လုံခြုံရေးပိုင်း ဆိုင်ရာကို တပ်မတော်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ဖြင့် လုပ်သင့် လုပ်ထိုက်သည့် ပြင်ဆင်မှုများကို ဆောင်ရွက်လျက် ရှိကြောင်း ပြောဆိုသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားရန် ပြင်ဆင်နေသော ဘင်္ဂါလီများကို အစိုးရ ဝန်ကြီးများက တွေ့ဆုံကာ ဖျောင်းဖြ နေပြီး ခရိုင် အုပ်ချုပ်ရေးမှူးက စားဝတ်နေရေး အခက်အခဲရှိပါက ဆန်၊ ဆီ၊ ဆား၊ ပဲ စသည်တို့ကို ဒေသ အတွင်းရှိ နှစ်ဖက် လူ့အဖွဲ့အစည်းများကို လူမျိုး ဘာသာမရွေး ထောက်ပံ့ ပေးနေကြောင်းလည်း သိရသည်။ The post ဘူးသီးတောင် မောင်တောရှိ ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာကြရန် ARSA စည်းရုံးနေဟု ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2wsH8ia
via IFTTT


အမေရိကန် လာဗီးဂက်စ် ဂီတပွဲတော်၌ ပစ်ခတ်မှုဖြစ်ပွား ၂ဦးသေဆုံး အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ် လာဗီးဂက်စ်မြို့က ဂီတပွဲတော်တခုမှာ မနေ့ညက ပစ်ခတ် မှုဖြစ်ပွား ရာ အနည်းဆုံး လူ ၂ဦး သေဆုံးကာ ၂၄ဦးခန့် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ မန္တလေးဘေလ် ကာစီနို ရုံအနီးက လေဟာပြင်မှာ ပြုလုပ်တဲ့ ဂီတပွဲတော်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ် ပြီး မျက်မြင်သက်သေများရဲ့ အဆိုအရ ပစ်ခတ်သူဟာ အော်တိုမက်တစ် သေနတ်တလက်နဲ့ ရောက် ရှိလာပြီး ပေ ၂၀ခန့်အကွာမှ ပစ်ခတ်တာဖြစ်တာဖြစ်ကြောင်း၊ ဒဏ်ရာရသူများ သေဆုံးသူများ ထံမှ သွေးများဟာ နေရာအနှံမှာ တွေ့ရကြောင်း ဆိုပါတယ်။ တက္ကသိုလ် ဆေးကုသရေး စင်တာမှ ပြောခွင့်ရသူရဲ့ အဆိုအရ လူ ၂၆ဦး ဆေးရုံရောက်လာတယ်လို့ ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာ ရဲတပ်ဖွဲ့ရောက်ရှိလာသလို အာဏာပိုင်များကလည်း အဲ့ဒီနေရာတဝိုက် ကို ပိတ်ဆို့မှုပြုလုပ်ထားတယ်လို့ သိရပါတယ်။ ယခုနှစ်မေလအတွင်းက အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့က အားကစားရုံမှာ ပြုလုပ်တဲ့ အမေရိကန် အဆိုတော် အရီယာနာ ရဲ့ပွဲအပြီးမှာ ဗုံးပေါက်ကွဲမှုဖြစ်တဲ့အတွက် လူပေါင်း ၂၂ဦး သေဆုံးခဲ့ပါသေးတယ်။ The post အမေရိကန် လာဗီးဂက်စ် ဂီတပွဲတော်၌ ပစ်ခတ်မှုဖြစ်ပွား ၂ဦးသေဆုံး appeared first on ဧရာဝတီ.
Source : http://ift.tt/2fF5U8a
via IFTTT


ပြင်သစ်ထိပ်တန်း ကလပ်အသင်း တခု ဖြစ်တဲ့ Olympique de Marseille ပြင်သစ်ပြည်တွင်း အမှတ်ပေး ဘောလုံး ပြိုင်ပွဲ Ligue 1 ဆိုတာက ဥရောပအဆင့်မှာ ဆိုရင် အင်္ဂလန်၊ စပိန်၊ အီတလီ၊ ဂျာမနီတွေ ပြီးရင် သတ်မှတ်ချက် အဆင့် အမြင့်ဆုံးနဲ့ လူစိတ်ဝင်စားမှု အများဆုံး ဘောလုံး ပြိုင်ပွဲ တပွဲပါ။ အထူးသဖြင့် ဘောလုံးလောကနဲ့ အလှမ်းဝေးသူ တချို့တောင်မှ PSG ဆိုတဲ့ အသင်းကို ကြားဖူးသလို သူနဲ့ အတူ ပြင်သစ် အမှတ်ပေးပွဲ ကိုလည်း သိကြပါတယ်။ အခုပြောမယ့် အသင်းကတော့ မာဆေးလို့ ပြည်တွင်းမှာ လူသိများတဲ့ Olympique de Marseille ဖြစ်ပါတယ်။ အသင်းကို နာမည်ပြောင် အဖြစ် The Olypmians အဖြစ်ရော The Phocians အဖြစ်ရော ခေါ်ကြပါတယ်။ နာမည် အတိုကောက် မှတ်ယူမှု အဖြစ် OM လို့ ခေါ်ပါတယ်။ အသင်းကို ၁၈၉၉ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ လွန်ခဲ့တဲ့ ၁၁၈ နှစ်က စတင် တည်ထောင်ဖွဲ့စည်းခဲ့ပါတယ်။ အိမ်ကွင်းအဖြစ် StadeVelodrome ကို အသုံးပြု လက်ခံကစားပါတယ်။ ဒီကွင်းက ပြင်သစ်မှာ ရှိတဲ့ ဘောလုံးကွင်းတွေ ထဲမှာ အကြီးဆုံး စာရင်းဝင် ကွင်းတကွင်း ဖြစ်ပြီး ပရိသတ် ၆၇၃၉၄ ဦးထိ ဆံ့ပါတယ်။ အသင်းကို Frank McCourt က ပိုင်ဆိုင်ပြီး အသင်းဥက္ကဌ အဖြစ် Jaccques-Henri Eyraud က တာဝန်ယူနေသလို အသင်းနည်ပြ အဖြစ်တော့ လက်ရှိမှာ Rudi Garcia က တာဝန်ယူ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ လက်ရှိ ပြင်သစ် အမှတ်ပေး ပြိုင်ပွဲတွေထဲမှာ အမြင့်ဆုံး အမှတ်ပေးပြိုင်ပွဲ ဖြစ်တဲ့ Ligue 1 မှာ ကစားနေပြီး အရင်နှစ်က အဆင့် ၅ နဲ့ ရာသီသိမ်းနိုင်တဲ့ အထိ ဇယားထိပ်ပိုင်းမှာ ရပ်တည်နိုင်ထားတာ ဖြစ်ပါတယ်။ အိမ်ကွင်း အဖြစ် အဖြူရောင်ပေါ်မှာ အပြာရောင် လိုင်းစင်းပါ အင်္ကျီ၊ ဘောင်းဘီနဲ့ ခြေအိတ်တွေကို ဝတ်ဆင်ကစားပါတယ်။ အဝေးကွင်းမှာတော့ အင်္ကျီက အပြာနုရောင်၊ ဘောင်းဘီက အပြာရောင်နဲ့ ခြေအိတ်က အပြာနုရောင် ခြေအိတ်မှာ အပြာရောင် လည်ပင်း အရစ်နဲ့ ဝတ်ဆင်ကစားတာ ဖြစ်ပါတယ်။ တတိယ ဝတ်စုံ အဖြစ်နဲ့တော့ ခရမ်းရောင်ပေါ်မှာ အဖြူရောင် အစင်းလေးတွေ ပါရှိတဲ့ အင်္ကျီ၊ ဘောင်းဘီးနဲ့ ခြေအိတ်တွေကို ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။ အခုချိန်ထိ စာရင်းတွေ အရ ကြည့်မယ် ဆိုရင် ပြင်သစ်ရဲ့ အမြင့်ဆုံး အမှတ်ပေးချန်ပီယံ အဖြစ် ၁၀ ကြိမ်ထိအောင် ဖြစ်ခဲ့ဖူးပြီး Ligue 1 အမည်နဲ့ ပွဲစဉ်တွေ ကျင်းပနေချိန် အတွင်းမှာ ၉ ကြိမ်ထိအောင် ချန်ပီယံ ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ပြီးတော့ ပြင်သစ် ပြည်တွင်းဖလားတခု ဖြစ်တဲ့ Coupe de France ကိုလည်း ၁၀ ကြိမ်ထိ ရယူပြီး စံချိန်တင်ထားတာ တွေ့ရပါတယ်။ ပြီးတော့ ၁၉၉၃ ခုနှစ် အတွင်းက နည်းပြ Raymond Goethals လက်ထက်မှာ အသင်းက ပြင်သစ် အခြေစိုက် အသင်းတွေထဲက ပထမဆုံးနဲ့ တကြိမ်တည်းသော ဥရောပချန်ပီယံလိဂ် ဖလားကို ရယူထားနိုင်တာ တွေ့ရပါတယ်။ ဒါဟာ PSG နဲ့ မိုနာကိုလို နာမည်ကျော် အသင်းတွေကို ကျော်ဖြတ်ပြီး ပြင်သစ် အသင်းတွေထဲက ဥရောပအဆင့် အောင်မြင်မှု ရယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အသင်းနဲ့ ပတ်သတ်တဲ့ နောက်ထပ် စံချိန်တခုကို ပြောရမယ် ဆိုရင် မာဆေးက ပရိသတ် အများဆုံးရှိတဲ့ ပြင်သစ် အသင်းအဖြစ် ရပ်တည်နေပြီး ပျမ်းမျှ တပွဲအတွက် ပရိသတ် အများဆုံး လာရောက် အားပေးတဲ့ အသင်းအဖြစ်လည်း ရပ်တည်နေတာပါ။ ဒါကြောင့်လည်း အဆိုပါ ပရိသတ်တွေဆီကနေ ဝင်ငွေ ရရှိမှု အရ ၂၀၁၂ ခုနှစ်က ထုတ်ပြန်တဲ့ စာရင်းတွေ အရဆိုရင် အသင်းက တနှစ် ဝင်ငွေ ယူရို ၁၃၅ ဒသမ ၇ သန်းလောက် ရှိပြီး ဝင်ငွေ အကောင်းဆုံး အသင်းစာရင်းမှာ ကမ္ဘာမှာ အဆင့် ၁၆ ဆင့်မြောက် ဝင်ငွေ အကောင်းဆုံးအသင်း ဖြစ်လာပါတယ်။ မာဆေးရဲ့ အိမ်ကွင်း အကြောင်း ပြောရရင် ၁၉၀၄ ခုနှစ်ကနေ ၁၉၃၇ ခုနှစ်ထိ Stade de I’Huveaune မှာ လက်ခံ ကစားခဲ့ပါတယ်။ အဆိုပါ ကွင်းက ပရိသတ် ၁၅၀၀၀ လောက် ဆံ့ခဲ့ပါတယ်။ အဲဒီနောက် နှစ်မှာတော့ အခုအိမ်ကွင်း Stade Velodrome ကို ရောက်လာပါတယ်။ ဒီကွင်းက အစပိုင်းမှာ ပရိသတ် ၄၀၀၀၀ ဆံ့ပေမယ့် ၂၀၁၁ ခုနှစ်မှာတော့ တိုးချဲ့မှုတွေ လုပ်ဆောင်ခဲ့ပြီး ပရိသတ် ၆၀၀၃၁ ထိအောင် ဆံ့လာတယ်၊ အပြီးသတ် ပြင်ဆင်မှုတွေ ၂၀၁၄ ခုနှစ်မှာ ပြီးမြောက်သွားခဲ့ပြီး နောက်ဆုံး ပရိသတ် ၆၇၀၀၀ ကျော်ထိ ဆံ့လာတာ ဖြစ်ပါတယ်။ အောင်မြင်မှု ရရှိတဲ့ အပိုင်းမှာတော့ အထက်မှာ ပြောခဲ့တဲ့ အောင်မြင်မှုတွေ အပြင် Ligue 2 ကို တန်းဆင်း ကစားရချိန် ၁၉၉၄-၉၅ ခုနှစ်မှာ ဖလားရတယ်၊ Championnate de France Amature ကို ၁၉၂၉ ခုနှစ်က ရဖူးတယ်၊ Coupe de la Ligue ကို ၃ ကြိမ်ရဖူးတယ်၊ Trophee des champions ကို ၃ ကြိမ်၊ Coupe Charles Drago ကို ၁ ကြိမ်ရဖူးတာ တွေ့ရပါ တယ်။ နိုင်ငံတကာ ပြိုင်ပွဲမှာတော့ ချန်ပီယံလိဂ် ဖလားရဖူးသလို ၁၉၉၀-၉၁ ခုနှစ် ရာသီမှာလည်း ချန်ပီယံလိဂ်မှာ ဒုတိယ ရဖူးသေးတာ တွေ့ရပါတယ်။ ယူရိုပါလိဂ်မှာတော့ ဖလားမရဖူးပေမယ့် ဒုတိယ ၂ ကြိမ်ရဖူးတယ်၊ Intertoto Cup ကို ၂၀၀၅ နဲ့ ၂၀၀၆ တွေမှာလည်း ၂ နှစ်ဆက်တိုက် ရဖူးတာလည်း တွေ့ရပါတယ်။ အသင်းသားတွေထဲက အောင်မြင်မှုမှာတော့ ဒီနေ့ခေတ် ဘောလုံးသမားတွေထဲမှာ သြဇာအကြီးဆုံး ဆုဖြစ်တဲ့ Ballond’Or ဆုကို ပြင်သစ်ကစားသမား Jean Pierre Papin ကမားဆေးမှာ ကစားနေစဉ် ၁၉၉၁ ခုနှစ်က ရရှိဖူးတာလည်း တွေ့ရ ပါတယ်။ Ref: http://ift.tt/1nTw5C9 The post ပြင်သစ်ထိပ်တန်း ကလပ်အသင်း တခု ဖြစ်တဲ့ Olympique de Marseille appeared first on ဧရာဝတီ.
Source : http://ift.tt/2yD3zBU
via IFTTT

Sunday, October 1, 2017


လူကြိုက်နည်းခြင်းရဲ့အခြားတဖက်က ကဗျာဆရာမောင်ချောနွယ် ပြီးခဲ့တဲ့ စက်တင်ဘာ ၃ရက်နေ့မှာ အာဏာရှင် ၂ဆက်လောက်ကို တွန်းတိုက်တော်လှန်ခဲ့ရတဲ့ ခေတ်ပေါ်ကဗျာ ဆ ရာ မောင်ချောနွယ်ကွယ်လွန်ခြင်း ၁၅နှစ်ပြည့်ခဲ့ပါတယ်။ မြန်မာပြည်တဝန်း ရန်ကုန်၊ မန္တလေး၊ ပြည်၊ မကွေး၊ လာရှိုး အစ ရှိတဲ့မြို့ကြီးတွေမှာ မောင်ချောနွယ်အထိမ်းအမှတ်ပွဲတွေ တရက်တည်း ပြိုင်တူကျင်းပခဲ့ကြပါတယ်။ ကဗျာဆရာမောင်ချောနွယ်ဟာ ၁၉၆၉ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့တော်လှန်ကဗျာစာအုပ်မှာ အသက်၁၉နှစ်အရွယ်က စပါဝင်ခဲ့ တာဖြစ်ပါတယ်။ ကြွေဒါကိုက ပွင့်ခြင်းပဲဆိုတဲ့ အဘိဓမ္မာကို အသက်၁၉နှစ်သားကစလို့နှလုံးသွင်းခဲ့လို့ပဲ ကွယ်လွန်ခဲ့တာ ဘယ်လောက်ကြာကြာ မမှိတ်မသုန်ရှိနေကြတာဖြစ်ပါတယ်။ လူသားတယောက် လောကမှာထဲ မရှိတော့ရင် သတိရလွမ်းဆွတ်နေဖို့ဆိုတာ လူထုကို ရှင်နေစဉ် ဒုက္ခမပြုဘဲ လူထုနဲ့ ယှဉ်လျက် ခါးဆီးခံစိတ်ဓာတ်မျိုးနဲ့မှ ဖြစ်နိုင်ပါတယ်ဆိုတာ မောင်ချောနွယ်ကွယ်လွန်ပြီး ၁၅နှစ်တိုင် သက်သေထူခဲ့တာဖြစ် ပါတယ်။ ရန်သူပေးတဲ့ အထူးအခွင့်အရေးတွေကို စား ရန်သူအားကာကွယ်ခြင်းကို မလုပ်ခဲ့လို့ဘဲ ဆရာမောင်ချောနွယ် ကဗျာတွေ ဟာ တိုင်းပြည်မြို့ရွာတွေကို ရောက်ခဲ့တာဖြစ်မယ်လို့လည်း နှလုံးသွင်းရပါတယ်။ ယခုစာအုပ်ကတော့ ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်ခြင်း ၁၅နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မောင်ချောနွယ်နဲ့ ထိတွေ့ ရင်းနှီးစွာ ချစ်ခင်ပတ်သက်မှုများနှင့်ပတ်သက်ပြီး အမှတ်တရ ကဗျာ၊ စကားပြေများနဲ့ မောင်ချောနွယ်ရဲ့ စာ အုပ်များမှာ မပါဝင်သေးတဲ့ ကဗျာ၊ စကားပြေများကို စုစည်းထားတဲ့ စာအုပ်ဖြစ်ပါတယ်။ လူကြီး၊ လူလတ်၊ လူငယ် လူတန်းစားမရွေး မြန်မာပြည်တနံ့တလျား ချစ်ခင်သတိရမှုများနှင့် ရေးသားခဲ့တဲ့ စာစုတွေထဲမှာ ကဗျာဆရာမောင်ချောနွယ်ရဲ့ကဗျာအပေါ်ချစ်ခင်စုံမက် ကာကွယ်သိမ်းပိုက်ရပုံများကို တွေ့ရမှာဖြစ်ပါတယ်။ ပါဝင်တဲ့ကဗျာများကတော့ အမှတ်တရကဗျာကဏ္ဍမှာ မောင်ချောနွယ်ကို လွမ်းနေမိတော့တယ်၊ သူငယ်ချင်း၊ မောင်ချော နွယ်အတွက် မနေနိုင်လို့ရေးတဲ့ကဗျာ၊ ရာစုဟောင်းလွမ်းချင်းတစ်ပုဒ်၊ ဂေါ်ဘာချော၊ မောင်ချောနွယ်နဲ့ ပြောစဖွယ်၊ ချောရဲ့ နှင်း၊ စက်တင် ဘာပထမအပတ်ရထား၊ ကဗျာဆရာမောင်ချောနွယ်ကိုရှာဖွေနေတဲ့ မေးခွန်း၊ အလွန်ရိုးစင်း သော၊ ကိုချော အတွက် သီချင်း၊ ကိုချောလာတယ် ၂၊ ရထားပုံပြင်၊ ကဗျာဆရာရဲ့သစ္စာပန်းများ၊မောင်ချောနွယ် နတ်ပူးချိန်၊ အမှတ်တရ တစ်ခု၊ ကျောက်သားခုနှစ်၊ မောင်ချောနွယ်၊သစ်ငြိမ်းရဲ့အမှတ်ရချက်၊မြို့လေးထဲ ရထားဝင်လာတယ်၊ ရာဇဝင် ကားတွေ ကြည့်ပြီးတဲ့အခါ၊ ဂျင်းကစားသမား၊ ကဗျာဆရာရဲ့ဈာပနသဝဏ်လွှာ၊ အပေါစား ကျော်ကြားမှုသို့၊ စတုတ္ထမြစ်ကျဉ်း၊ မောင်ေ ချာနွယ် အစရှိတဲ့ကဗျာများပါဝင်ပါတယ်။ စကားပြေအနေနဲ့ အမှတ်တရစာမှာတော့ ဆောင်းပါးများပါဝင်သလို မောင်ချောနွယ် ရဟန်းဝတ်စဉ်ဗျူးထားတဲ့ မောင်ချော နွယ်နဲ့ သာသနာ ပိတောက်ဆိပ်ကမ်းဆိုတဲ့ အင်တာဗျူးကို ဖတ်ရမှာဖြစ်ပါတယ်။ ပါဝင်တဲ့မောင်ချောနွယ်အမှတ်တရစာများကတော့ ပင်လယ်လေသွားရှူတာ ဘယ်သူလဲ၊ မြို့တွေရွာတွေ ဟိုတယ်တွေ ထဲမှာ ရွာလည်နေတဲ့ မောင်ချောနွယ်၊ မောင်ချောနွယ်သို့မဟုတ် မော်ဒန်ကဗျာဆရာ၊ မောင်ချောနွယ် မောင်ချောနွယ်ဟုခေါ်သည်၊ တစေ့တစောင်း ကိုချော၊ မောင်ချောနွယ်ဟုခေါ်သည်၊ မောင်ချောနွယ်၊ ရေထဲ မြို့ ၊ဖြူး မောင်ချောနွယ် သြဂတ်စတြာ၊ ပျော်ရာပျော်ကြောင်းရှာသူ၊ မောင်ချောနွယ်နဲ့ဝစနလင်္ကာရ၊ လွမ်းစာ ၊ကမ္ဘာကြီး ရဲ့ကျောက သား၊ပွန်ပီ၊ ၂၀၁၂ ပထမပတ် ရထား၊ထင်းရှူးပြား ဗီရိုကြီး၊ ဇာတ်လိုက်မင်းသား၊ ဘဝရဲ့ ဂျစ်ဆောဂျပ်လေးတွေထဲမှာ၊ ကိုချောပြောတဲ့ ကဗျာအကြောင်း၊ မော်တော်ဆိုင်ကယ် ဒိုင်ယာရီ၊ ကိုချော အမှတ်တ ရ၊ မောင်ချောနွယ်အကြောင်း ဒိုင်ယာရီ၊ မောင်ချောနွယ် တူးဖော်ခဲ့တဲ့ ကဗျာလက်ယက်တွင်းများ၊ ကိုယ်တော်ချောနှင့် ဆေးလိပ်အသစ်ကလေး၊ စံညိမ်းဦးရဲ့အ မှတ်တရ၊ ဗိုချောသို့၊ ဗိုချော အမှတ်တရ၊ ကိုချောရဲ့ဇာတိ၊ကျွန်တော်၊ကိုချောနဲ့ညနှစ်ည၊ အမျိုးကောင်း သားကြီး၊ ကျွန်တော်သိတဲ့ ကိုချော၊ နှစ်ထပ် သင်္ဘောမြို့နှင့်မြစ်အောက်ကမြို့တို့တွေ့ဆုံခြင်း၊ နာကျင်မှု၏အခြားတစ်ဖက်မှ ရထား၊ ဆက်သွား၊ အပ်ချုပ်သမား ရန် ကုန်မြို့ကြီး၊ နာကျင်မှု၏အခြားတစ်ဖက်မှ ချန်ထားသော အရက်ခွက်များ၊ ကျွန်တော့်ရင်ထဲက လူလွန်မသားကြီး သို့မဟုတ် မောင်ချောနွယ်၊ ကိုချောလာတဲ့တစ်နေ့၊ ဖျတ်ခနဲပုံရိပ်များ နဲ့မောင်ချောနွယ်၊ ကိုချောသို့၊ အမှာစာ၊ မောင်ချောနွယ်၊ ငွေယံ ဦးနဲ့ကျွန်တော်၊ ထက်ရာဇာရဲ့ အမှတ်ရမှု တစ်ခု ၊ မောင်ချောနွယ်၊ လမ်းရွေးမှားသူမြစ်၊ ကဗျာရေးသူ တစ်ဦးရဲ့အမှတ် ရချက်များ၊ မောင်ချောနွယ်ချန်ထားခဲ့တဲ့ အရက်၊ မောင်ချောနွယ်တို့ကမ္ဘာ ၃၊ ၉၊ ၂၀၀၃၊ ကမ္ဘာကြီးရဲ့ မောနင်းပက် သို့မဟုတ် တစ်မနက်၊ ဟိမဝန္တာ ကျားသစ်နက်ကြီးသို့ လွမ်းဆွတ်ခြင်းတို့ပါဝင်ပါတယ်။ မျိုးဆက် ၃ဆက်နီးပါး အသက် ဝါ တန်း စုံလင်တဲ့ ကဗျာဆရာများကတော့ မောင်သင်းခိုင်၊ သုခမိန်လှိုင်၊ အောင်ချိမ့်၊ မောင်စမ်းအေး(သဲကုန်း)၊ ကိုငြိမ်း(မန္တလေး) ဟင်္သာတ မောင်နွယ်ထွဋ်၊ ခေါင်ခါးခါး(ကလေး)၊ မိုးဃ်ဇော်၊ ဇေယျာလင်း၊ ဂျွန်ဘွား၊ မင်းဆွေနှစ်၊ ပြေမြင့်၊ အိုအောင်၊ လှိုင်းထက်၊ ဟိန်းမြတ်ဇော်၊ သစ်ငြိမ်း၊ ငွေယံဦး၊ ဥက္ကာကျော်၊လူဆန်း၊ ဝေမှူး သွင်၊ တိုးနှောင်မိုး၊ ကောင်းဟန်၊ ညွှန့်သစ်၊ သော်ဒီဝေ၊ အောင်ဝေး၊ ထွန်းဝေမြင့်၊ လီကီ၊ မောင်ခိုင်လတ်၊ ခင်အောင်အေး၊ မောင်သိန်းဇော်၊ သြဂတ်စ်လင်း၊ မချော၊ ဝင်းမောင်၊ နိုင်းနိုင်၊ ဇော်ဝေ၊ စံညိမ်းဦး၊ မိုးကျော်သူ၊ ဖေစိုးအောင်၊ ဆာအို၊ ဝေး ခေါင်၊ မော်မင်းသန်း၊ ဗညားလှိုင်ဦး၊မျိုးသန့်၊ မိုးမင်းသိမ်း၊ ခက်ထန်ပိုင်စိုး၊ မောင်ဖီလာ ၊ဝင်းမြင့်၊ မိုးဝေး၊ မောင်သက်ငြိမ်၊ ထက်ရာဇာ၊ ကြည်ဇော်အေး၊ သစ်ကောင်းအိမ်၊ စိုင်းဝင်းမြင့်၊ အောင်ခင်မြင့်၊သည်မော်နိုင်၊ ဒေါက်တာလွမ်းဆွေ၊ ပြည် အောင်ဇော်မိုးတို့ ပါ ဝင်ပါတယ်။ စာအုပ်ရဲ့နောက်ဆုံးပိုင်းမှာတော့ ကဗျာဆရာမောင်ချောနွယ်ရဲ့ထွက်ရှိပြီး စာအုပ်များမှာ မပါဝင်သေးတဲ့ ကဗျာ၊ စကားပြ များ ပါဝင်ပါတယ်။ ငါတို့ဟာ ပလိန်းကိတ်တွေ ဖြစ်တယ်၊ ပဲခူးပွဲတော်ည ၊ သုညသီအိုရီဖြင့် ဖြစ်တည်နေသော၊ဒုတိယ ရောဂါ၊ ကမ္ဘာကြီး၊ လက်ဝှေ့၊ နွေဦးဝိုင်၊ ဆရာဝန်မလေးနဲ့ တောသုဿာန်၊ ဝှက်ဖဲ၊ ဂီတအပြာ၊ မငွေတင်ရဲ့ဆန်အရက်၊ ကြေကွဲမှုအရောင်၊ ဘတ်စ်မှတ်တိုင်၊ သေခြင်းတရားနဲ့ ဝိုင် စတဲ့ကဗျာတွေပါဝင်သလို သစ်သားဘတ်စ်ကားနှင့် ခရီးစဉ်၊ မိုးရွာထဲမှာကွယ်၊ တင့်တင့်နှင့်တင့်တယ်တယ် ထင်သလား ဒိုင်နိုဆောနဲ့ နှစ်သစ်ကူးပွဲတော်၊ သက်ထားချစ်တာ ကိုရိုလာစတဲ့ မောင်ချော နွယ်ရဲ့စကားပြေတွေ ပါဝင်ပါတယ်။ ကဗျာဆရာဘဝမှာ ကဗျာရေးသားခြင်းဟာ နေ့စဉ်ရုံးတက်ရုံးဆင်းဆောင်ရွက်နေထိုင်ခဲ့လို့ပဲ မောင်ချောနွယ်ကဗျာတွေဟာ လူထုကြားအောင်မြင်ကျော်ကြားခဲ့တာအပြင် မောင်ချောနွယ်ရဲ့ကဗျာအပေါ်ထားတဲ့ ခံယူချက်ရပ်တည် ချက်များကို သိချင် တယ်ဆိုရင် အမှတ်တရစာတွေမှာ မောင်ချောနွယ်ချစ်သူများရေးထားတာတွေကို မမေ့မလျော့ ဖတ်ရှုဖို့ လိူပါတယ်။ ကဗျာအပေါ်ထားတဲ့သဘောာထားရပ်တည်များကို ကမ္ဘာကျော်မြို့ပိုင်ဆိုတာ မရှိဘူး၊ ကမ္ဘာကျော်ကဗျာဆရာပဲရှိတယ် အ ဖေ။ ကဗျာဆိုတာ ခရီးရှည်ချီတက်ပွဲကွ။ ကဗျာဆရာသေရင် ကဗျာတွေနဲ့ သရဏဂုဏ်တင်ရမယ်၊ ကဗျာဆိုတာ တော်ဝင် အမျိုးသမီးကွ ဦးစွန်းဖုတ်ကေနဲ့ လာဖန်လို့မရဘူး၊လူလည်လုပ်နည်းနဲ့မကြီးပွားချင်ဘူးပေါ့ကွာ၊ အဲဒီလို စိတ်မျိုးကလည်း တကယ့်ကဗျာဆရာအစစ်တွေမှာသာ ရှိတာ၊ အတုတွေမှာ မရှိဘူး။ စတဲ့ ခံယူချက်များကို ဖတ်ရပါတယ်။ အသက်၁၉ နှစ်ကစလို့ ကဗျာဆရာဘဝကို ရရှိပိုင်ဆိုင်ခဲ့တဲ့ ကဗျာဆရာမောင်ချောနွယ်ဟာ၂၀၀၂ ခုနှစ် စက်တင်ဘာ၃ရက် အသက်၅၄မှာ ကွယ်လွန်ခဲ့တာဆိုတော့ ယခုသက်ရှိထင်ရှားရှိမယ်ဆိုရင် အသက်(၆၉)နှစ်ပြည့်ပြီလည်း ဖြစ်ပါတယ်။ ဆယ်တန်းစာမေးပွဲမှာ ဂုဏ်ထူး၂ခုရပါရဲ့၊မြို့ပိုင်ကြီး သားဖြစ်ပါရဲ့၊ တဆင့်စကားကြားခဲ့ရတဲ့ စိန်ကို ပြည်တောင်းနှင့်ချမ်း သ ကြွယ်ဝခဲ့ပါရဲ့။ ကဗျာမှ ကဗျာ သစ္စာရှိရှိ ကာကွယ်စောင့်ရှောက်ခဲ့လို့သာ ကွယ်လွန်ပြီး ၁၅နှစ်တိုင် တသအောက်မေ့ ရတာ ဖြစ်ပါတယ်လို့ ဆိုလိုက်ရပါတယ်။ စာရေးသူ – ကလောင်စုံစာအုပ်အမည် – လူကြိုက်နည်းတဲ့ ကောင် မောင်ချောနွယ်အမျိုးအစား – ကဗျာထုတ်ဝေသည့်တိုက် – နှစ်ကာလများထုတ်ဝေသည့် ခုနှစ် – ၂၀၁၇၊ စက်တင်ဘာတန်ဖိုး – ၄၀၀၀ ကျပ် The post လူကြိုက်နည်းခြင်းရဲ့အခြားတဖက်က ကဗျာဆရာမောင်ချောနွယ် appeared first on ဧရာဝတီ.
Source : http://ift.tt/2yP9nZW
via IFTTT