တရုတ် ကွန်မြူနစ်ပါတီနဲ့ တွေ့ဖို့ ပြည်ခိုင်ဖြိုးခေါင်းဆောင်တွေ တရုတ်သွား နိုဝင်ဘာ - ၂၉ ၊၂၀၁၇ တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ပနိုင်ငံရေးပါတီတွေအကြား အဆင့်မြင့်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲကို အာဏာရ ပါတီဟောင်း ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကလည်း တက်ရောက်မယ်လို့ သိရပါတယ်။ အဲဒီဆွေးနွေးပွဲကိုတော့ တရုတ်ကွန်မြူ နစ်ပါတီ အထွေထွေအတွင်းရေးမှူး ဖြစ်သူ တရုတ်သမ္မတ ရှီကျင့်ဖျင် ရဲ့ ဖိတ်ကြားချက်အရ တက်ရောက်တာလို့ ပြည်ခိုင်ဖြိုးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာနန္ဒလှ မြင့်က သူရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာတင်ထားတာပါ။ ဒီကနေ့မှာ ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ ဦးသန်းဌေး ဦးဆောင်တဲ့ အဖွဲ့ဟာ ဆွေးနွေးပွဲတက်ရောက်ဖို့ အတွက် ရန်ကုန်မြို့ကနေ ထွက်ခွာသွားတယ်လို့ သိရပါတယ်။ ငါးနှစ်တစ်ကြိမ်ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ညီလာခံ ဟာ မကြာခင်က ကျင်းပပြီးစီးသွားတာဖြစ်ပြီး ပါတီထိပ်ပိုင်းခေါင်းဆောင်တွေအဖြစ် ရွေးချယ်ခံရသူတွေက ပြည်ပ ပါတီတွေကို ဖိတ်ခေါ်ပြီး တွေ့ဆုံ ဆွေးနွေးဖို့စီစဉ်တာဖြစ်ပါတယ်။ တရုတ်ကွန်မြူ နစ်ပါတီရဲ့ ဖိတ်ကြားချက်အရ တွေ့ဆုံပွဲကို ပြည်ပက ပါတီ နှစ်ရာနီးပါတက်ရောက်ဖို့ ရှိတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာလည်း တရုတ်နိုင်ငံကို တရုတ်သမ္မတရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း သွားရောက်ဖို့ရှိနေတာပါ။ အခုလထဲမှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပါသေးတယ်။ ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော် #တရုတ်ကွန်မြူနစ်ပါတီ #ပြည်ခိုင်ဖြိုးခေါင်းဆောင် #ရှီကျင့်ဖျင် #LocalNews #7DayNews #7DayTV (7Day News ဂျာနယ်နှင့် 7Day Daily သတင်းစာရဲ့ ရုပ်သံတင်ဆက်မှုတွေကို 7Day TV ဖေ့စ်ဘွတ်စာမျက်မှာ ဝင်ရောက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။) အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် http://ift.tt/2ioCkbJ https://youtu.be/UaHguqtME9M
Source : http://ift.tt/2AoTgWL
via IFTTT
Thursday, November 30, 2017
Eleven Media Group
ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်မတိုင်မီ ဘင်္ဂလားဒေ့ရှတွင် ကက်သလစ်ဘုန်းကြီး ပျောက်ဆုံးသွားခဲ့ နိုဝင်ဘာ ၂၉ ရက်က ဒါကာရှိ ခရစ်ယာန်ဘုရားကျောင်းမှ ထွက်ခွာလာသော ခရစ်ယာန်သီလရှင်များနှင့် ဝတ်ပြုသူများ (Photo – AFP) အစ္စလာမ္မစ်အစွန်းရောက်မှုကို ကြုံနေရသည့် ဘင်္ဂလားဒေ့ရှသို့ ပုပ်ရဟန်းမင်းကြီး၏ သမိုင်းဝင်ခရီးစဉ်မတိုင်မီ ဘင်္ဂလားဒေ့ရှ မြောက်ပိုင်းမှ ကက်သလစ်ဘုန်းတော်ကြီး တစ်ဦးသည် ပျောက်ဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် နိုဝင်ဘာ ၃၀ ရက်တွင် ဘင်္ဂလားဒေ့ရှသို့ ခရီးစဉ် စတင်မည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှမြောက်ပိုင်း နာတိုရီခရိုင်မှ ကက်သလစ် ခရစ်ယာန်ဘာသာရေးကျောင်းအုပ်လည်းဖြစ်သူ ဝေါ်တာဝီလျံရိုဆာရီရိုသည် ပျောက်ဆုံးနေကြောင်း မိသားစုက သတင်းပို့ခဲ့ပြီးနောက် ရှာဖွေရေးဆောင်ရွက်နေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ 3 “သူက တနင်္လာနေ့ (နိုဝင်ဘာ ၂၇ ရက်) ကတည်းက ပျောက်နေခဲ့ပါတယ်။ သူ့မိုဘိုင်းဖုန်းကလည်း စက်ပိတ်ထားပါတယ်” ဟု ဒေသခံရဲမှူး ဘစ်လော့ဘီဂျွိုင်းတာလူကဒါက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ အသက် ၄၀ အရွယ် ဝေါ်တာဝီလျံရိုဆာရီရိုသည် ပြန်ပေးဆွဲခံထားရသည်ဟု ယုံကြည်ကြောင်း အနီးအနားရှိ ရာရှာဟီမြို့မှခရိုင် ဘုန်းတော်ကြီး ဂါဘတ်ရိုဆာရီယိုက ပြောကြားခဲ့သည်။ “သူက ဒါကာမှာ ပုပ်ရဟန်းမင်းကို သွားတွေ့ဖို့ ကက်သလစ် ၃၀၀ လောက်ကို စုစည်းစီစဉ်နေခဲ့ပါတယ်။ ဒါပေမဲ့ သူပျောက်ဆုံးသွားတာကြောင့် သွားတွေ့မယ့်လူတွေက မပျော်ကြတော့ဘူး။ ဒါကာကို မသွားချင်ကြတော့ပါဘူး” ဟု ဂါဘတ်ရိုဆာရီယိုက ပြောကြားခဲ့သည်။ ရိုဆာရီယို၏ ဖုန်းနံပါတ်ဖြင့် ပြန်ပေးငွေတောင်းဆိုသည့် ဖုန်းဆက်သွယ်မှုကို မိသားစုက ရရှိခဲ့ကြောင်း သို့သော်လည်း ထိုဖုန်းဆက်သွယ်မှုသည် လိမ်ညာမှုဟု ရဲတပ်ဖွဲ့က ယူဆကြောင်း ရဲမှူးတာလူကဒါက ပြောကြားခဲ့သည်။ အစ္စလာမ္မစ်အစွန်းရောက်တို့က ပြန်ပေးဆွဲမှုဖြစ်နိုင်ခြေကို ရဲများက ပယ်ချမထားခဲ့ပေ။ ပြီးခဲ့သည့် လေးနှစ်အတွင်း ဘင်္ဂလားဒေ့ရှတွင် အစ္စလာမ္မစ်အစွန်းရောက်တို့က အနည်းစု ဘာသာဝင်အုပ်စုများအား အကြမ်းဖက်မှုများ ဆောင်ရွက်ထားခဲ့ကြသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ၃၁ နှစ်အတွင်း ပထမဆုံးအကြိမ် ဘင်္ဂလားဒေ့ရှသို့ လာရောက်သည့် ပုပ်ရဟန်းမင်းကြီးဖြစ်မည် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ၏ လူဦးရေ သန်း ၁၆၀ တွင် ခရစ်ယာန်ဘာသာဝင် ၀ ဒသမ ၅ ရာခိုင်နှုန်းအောက်သာရှိပြီး မကြာသေးခင်နှစ်များအတွင်း အစ္စလာမ္မစ်အစွန်းရောက်တို့၏ တိုက်ခိုက်မှုများကို ခရစ်ယာန်တို့ ကြုံထားခဲ့ရသည်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှစပြီး အစ္စလာမ်ဘာသာမှ ကူးပြောင်းလာသူနှစ်ဦး အပါအဝင် ခရစ်ယာန်သုံးဦးသည် ဓားထိုးအသတ်ခံခဲ့ရပြီး ယင်းတိုက်ခိုက်မှုများအတွက် အကြမ်းဖက် Jamayetul Mujahideen Bangladesh (JMB) ကို ဘင်္ဂလားဒေ့ရှအစိုးရက အပြစ်တင်ထားသည်။ Ref ; AFP
Source : http://ift.tt/2jwUmFy
via IFTTT
Source : http://ift.tt/2jwUmFy
via IFTTT
Facebook ပေါ်မှာ ဝေဖန်ခံရတဲ့အပေါ် ဝမ်းသာဂုဏ်ယူတယ်ဆိုတဲ့ သန္တာလှိုင် မော်ဒယ်လ် သန္တာလှိုင်က လွန်ခဲ့တဲ့ရက်ပိုင်းက သူမရဲ့ Facebook စာမျက်နှာတွင် ခင်ပွန်းဖြစ်သူကို မနက်စာ ပြင်ဆင်ပေးနေတဲ့ ပို့စ်တခုကို တင်ခဲ့ရာမှ ဝေဖန်ခံရတဲ့အပေါ် ဂုဏ်ယူပြီး ပျော်ပါတယ်လို့ ဧရာဝတီကို ပြောပါတယ်။ “အစ်မပေးလိုက်တဲ့ Message တခုခုကို ပရိသတ်က ဝေဖန်တာပဲဖြစ်ဖြစ် ထောက်ခံတာပဲဖြစ်ဖြစ် တခုခုတုံ့ပြန်လာပြီဆိုရင် အစ်မပြောချင်တဲ့အကြောင်းကို ပရိသတ်တွေက တကယ်ပဲကြားပြီး တကယ်နားထောင်လို့ တုံ့ပြန်တယ်လို့ ယူဆတဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်။ နောက်ပြီးတော့ Troll တွေ တက်လာတော့ပိုပြီးတော့ ပျော်သွားတယ်။ တော်ရုံတန်ရုံလူက Troll လုပ်ခံရတာမဟုတ်ဘူး။ ဒါက တကယ်ကြီးကို လူတွေအာရုံစိုက်လို့ Troll လုပ်ခံရတာဆိုတော့ အဲ့ဒီအတွက်လည်း အရမ်းဂုဏ်ယူပါတယ်” လို့ သန္တာလှိုင်က ပြောပါတယ်။ အဲဒီနေ့က တင်ခဲ့တဲ့ ပို့စ်မှာ မနက်စာ စားရင်း ခင်ပွန်းဖြစ်သူအတွက် မနက်စာပြင်ပေးဖြစ်တာကို တင်ခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်ရေးမှာ မအောင်မြင်ခဲ့ခြင်းများ၊ ကြုံတွေ့ရတဲ့အခက်အခဲများကို ဝေမျှရင်း ဆောင်ရန်၊ ရှောင်ရန်များကို တင်ဖြစ်ခဲ့ခြင်း ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ “အဲဒီနေ့က တင်လိုက်တဲ့ပို့စ်လေးမှာလည်း ကိုယ်ကတော့ မနက်စာစားရင်းနဲ့ ကိုယ့်ယောင်္ကျားအတွက် မနက်စာ လုပ်ပေးတာကို တင်လိုက်တာပဲ။ အိမ်ထောင်ရေးမှာ အစ်မကြုံခဲ့ရတဲ့အခက်အခဲမျိုးတွေ အစ်မ မအောင်မြင်ခဲ့တဲ့အရာတွေကို မျှဝေပေးချင်တယ်။ ရှောင်လို့ရတဲ့အရာလေးတွေ ဆောင်ရမယ့်အရာလေးတွေကို မျှဝေပေးတဲ့သဘောပါ။ ကိုယ့်ရဲ့ စေတနာကိုတော့ ပရိသတ်တွေကတော့ နားလည်မှာပါ” လို့ သန္တာလှိုင်က ပြောပါတယ်။ မော်ဒယ်လ် သန္တာလှိုင်က Facebook စာမျက်နှာတွင် “Thandar Hlaing” သန္တာလှိုင်အမည် Page ဖြင့် အိမ်ထောင်ရေးနဲ့ ပတ်သက်သော အကြောင်းအရာများ၊ အလှအပနဲ့ ပတ်သက်သော အကြောင်းအရာများ၊ အမျိုးသမီးများနဲ့ ပတ်သက်သော အကြောင်းအရာများကို တနေ့လျှင် အကြောင်းအရာတခု တင်ဖြစ်အောင်ကြိုးစားလျက်ရှိတယ်လို့လည်း သိရပါတယ်။ မော်ဒယ်လ် သန္တာလှိုင်ဟာ ယခင် အိမ်ထောင်ဖြင့် သားသမီးနှစ်ဦးထွန်းကားခဲ့ပြီး ယခုလက်ရှိ ခင်ပွန်းဖြစ်သူမှာတော့ သူမထက် အသက် ၁၀ နှစ်ငယ်သူဖြစ်ကာ အောက်တိုဘာလ ၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဂျပ်ဆင်ဘုရားကျောင်းတွင် လက်မှတ်ရေးထိုး လက်ထပ်ခဲ့တာဖြစ်ပါတယ်။ The post Facebook ပေါ်မှာ ဝေဖန်ခံရတဲ့အပေါ် ဝမ်းသာဂုဏ်ယူတယ်ဆိုတဲ့ သန္တာလှိုင် appeared first on ဧရာဝတီ.
Source : http://ift.tt/2ApNyDO
via IFTTT
Source : http://ift.tt/2ApNyDO
via IFTTT
“အခြားသူများ”အဖြစ် ခွဲခြားရှုမြင်မှုကို ဘယ်လိုငြင်းပယ်မလဲ အလျှင်အမြန် ပြောင်းလဲနေသော ကမ္ဘာ၏ အလယ်တွင် ကျနော်တို့ ရောက်နေပါသည်။ သူတို့ နိုင်ငံ၏ အပြင်ဘက်တွင် လက်ရှိ နေထိုင်နေရသူက သန်း ၃၀၀ ကျော်ရှိသည်။ ကမ္ဘာ၏ နောက်ဆုံးပေါ် လူမျိုးဖြုတ်သတ်ဖြတ်ခြင်းဟု အများအပြားက ပြောကြသော ရိုဟင်ဂျာများ မြန်မာနိုင်ငံမှ ထွက်ပြေးကြခြင်းမှသည် သမ္မတ ဒေါ်နယ်ထရမ့်က အပြစ်တင်ဝေဖန်ရန် ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သော ဗာဂျီးနီးယားပြည်နယ် ရှားလော့စ်ဗေးလ်၏ လမ်းများပေါ်မှ နာဇီလက်သစ်တို့၏ ချီတက်ပွဲအထိ လူမျိုးရေးကို အခြေခံသော အမျိုးသားရေး ဝါဒက မြင့်တက်လာနေသည်။ လူသားများအနေဖြင့် ကာလတိုတခုအတွင်း စိုးရိမ်ကြောင့်ကြမှု မကြုံတွေ့ရဘဲ ပမာဏ အကန့်အသတ်ရှိသည့် ပြောင်းလဲရေးုကို ပြုလုပ်နိုင်ပါသည်။ ၎င်းက လူသားတို့၏ သဘာဝ တုန့်ပြန်မှု ဖြစ်သည်။ သို့သော်လည်း ထိုစိုးရိမ်မှုကို မည်သို့ တုန့်ပြန်သည် ဆိုသည်က လူမှုရေး ဖြစ်သည်။ လူ့အသိုင်းအဝိုင်းများက ကြီးမားသော၊ လျှင်မြန်သော အပြောင်းအလဲများနှင့် တွေ့သည့် အချိန်တွင် အများအားဖြင့် ပြုတတ်သော တုန့်ပြန်မှုမှာ မည်သူက လူ့အဖွ့ဲ့ အစည်း၏ အဖွဲ့ဝင် အပြည့်အဝ ဖြစ်သနည်းဟု ဖွင့်ဆိုရန် ဖြစ်သည်။ ထိုဖြစ်စဉ်ကို “အခြားသူများ (Others)” အဖြစ် သတ်မှတ်ခွဲခြားခြင်းဟု ကျနော်က ခေါ်ပါသည်။ အခြားသော တုန့်ပြန်မှုမှာ ပြောင်းလဲမှုကို အပြုသောဆောင်သည့် အနေဖြင့် မြင်ခြင်းနှင့် ကျနော်တို့၏ ဘဝနှင့် ကျနော်တို့ မည်သူဆိုသည်ကို မြှင့်တင်ပေးခြင်းအဖြစ် သဘောထားခြင်းတို့ ဖြစ်ပါသည်။ ၎င်းကို ကျနော်က “ပတ်သက်ခြင်းနှင့် ဆက်သွယ်ခြင်း (Belonging and bridging)” ဟု ရည်ညွှန်းပါသည်။ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ရှားလော့စ်ဗေးလ်ရှိ လူဖြူကြီးစိုးမှု ထောက်ခံသူများ/Reuters “အခြားသူ”ဟု သတ်မှတ်ခြင်းက တစုံတယောက်ကို နှစ်ချိုက်ခြင်း သို့မဟုတ် မနှစ်ချိုက်ခြင်းနှင့် မဆိုင်ပါ။ သိစိတ်က ဖြစ်စေ မသိစိတ်က ဖြစ်စေ အဖွဲ့အစည်း အသိုင်းအဝိုင်း တခုခုက မိမိသဘောကျသည့် အဖွဲ့အစည်း အသိုင်းအဝိုင်းအတွက် ခြိမ်း ခြောက်မှု ဖြစ်စေသည်ဟု ယူဆခြင်းအပေါ်ကို အခြေခံသည်။ ဆက်ဆံထိတွေ့မှုကို ဆန့်ကျင်သည့် အနေဖြင့် ဖြစ်ပြီး နိုင်ငံရေးသမားများနှင့် မီဒီယာက အဓိက မောင်းနှင်သည်။ များသောအားဖြင့် ၎င်းတို့က အခြားသူများအဖြစ် ခွဲခြားထားသူများကို အများပြည်သူများက မရိပ်မိပါ။ ထို့ကြောင့် ဂလိုဘယ်လိုက်ဇေးရှင်း၊ နည်းပညာနှင့် စီးပွားရေးပြောင်းလဲမှုတို့က ကမ္ဘာ့ စိုးရိမ်ကြောင့်ကြမှုတွင် ပါဝင်နေချိန်၌ လူဦးရေဆိုင်ရာကိစ္စက “အခြားသူများ”အဖြစ် ခွဲခြားသည့်ကိစ္စတွင် အဓိကနေရာမှ ပါဝင်နေသည်။ “အခြားသူ”အဖြစ် သတ်မှတ်ခွဲခြား ယူဆခြင်းက နေရာအလိုက် ကွဲပြားနေပြီး လူမျိုး၊ ကိုးကွယ်သည့် ဘာသာ၊ နိုင်ငံသား သို့မဟုတ် ဘာသာ စကား တို့ကို အခြေခံနိုင်ပါသည်။ အဆိုပါ သတ်မှတ် ယူဆချက်များ ကိုယ်တိုင်က ပြဿနာရှိနေသည်မက ၎င်းတို့က လူများကို အသံတိတ်စေသည်၊ ချယ်လှယ်သည်။ ထို့ကြောင့် ယနေ့ ခေတ်၏ အာဏာဖွဲ့စည်းမှုများတွင် အခြားသူအဖြစ် ခွဲခြားသတ်မှတ်ခြင်းက မည်သို့ ရောက်လာသည်ဆိုခြင်းနှင့် ပတ်သက်၍ ကျနော် အထူး စိုးရိမ်ပါသည်။ အပြောင်းအလဲက အဓိပ္ပါယ်ရှိစေရေး ကျနော်တို့ကို ကူညီရာတွင် လူ့အဖွဲ့အစည်း ခေါင်းဆောင်များနှင့် ယဉ်ကျေးမှုက ကြီးမားလွန်းသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ စိုးရိမ်ကြောင့်ကြမှုကို ကျနော်တို့ ဘယ်လိုတုန့်ပြန်သည်ဆိုသည့်အပေါ် ကြီးစွာ သက်ရောက်စေသည်။ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ရှားလော့စ်ဗေးလ်ရှိ လူဖြူကြီးစိုးမှု ကန့်ကွက်ဆန္ဒပြသူများ/Reuters ဥပမာပြရလျှင် အမေရိကန်နိုင်ငံတွင် နိုင်ငံရေးသမားများက “အဲဒီ မက္ကဆီကန်တွေ”၊ “အဲဒီ မွတ်ဆလင်တွေ” အစရှိသဖြင့် သူတို့ မည်သည့်အခါမျှ ပြောကြမည် မဟုတ်ပါ။ သို့သော်လည်း သမ္မတ ဒေါ်နယ်ထရမ့်က လူများ ပို၍ တိတိလင်းလင်း ပြောဆိုရဲလာအောင် လမ်းဖွင့်ပေးခဲ့သည်။ ယခုအခါတွင် ကျနော်တို့၏ ခေါင်းဆောင်ပိုင်းမှသာလျှင် မဟုတ်ဘဲ ကျနော်တို့၏ သတင်းအချက်အလက် ကွန်ရက် အများအပြားတွင် ခွဲခြားရန် နှင့် လူသားဂုဏ်သိက္ခာ နိမ့်ကျစေရန် ပွင့်ပွင့်လင်းလင်း တောင်းဆိုမှုများ အကျယ်တဝင့် ရှိနေပြီ ဖြစ်သည်။ ဒေါ်နယ်ထရမ့် ထံမှ ထွက်လာသည့် အပြောအဆိုများနှင့် စကားလုံးများက “အခြားသူ”အဖြစ် ခွဲခြားခြင်း ဖွင့်ဆိုချက်နှင့် ပုံမှန်ကိစ္စတခုလို သတ်မှတ်ခြင်း ၂ ခုလုံးကို စတင်စေခဲ့သည်။ ကျနော်တို့ တန်ဖိုးထားသည့် အရာအားလုံးအတွက် ခြိမ်းခြောက်မှု ဖြစ်ပါသည်။ အဖြစ်မှန်များနှင့် တိုက်ရိုက်ဆန့်ကျင်၍ မက္ကဆီကန်များကို “မုဒိန်းကောင်များ၊ မူးယစ်ဆေးရောင်း သူများ” အဖြစ် ခေါ်သည့် အချိန်တွင် သူတို့ကို နိုင်ငံမှ ပြန်လည်နှင်ထုတ်ရန် နှင့် ကျနော်တို့ကို ပိုင်းခြားမည့် တံတိုင်းတခု တောင်းဆိုရန် ပိုမို၍ လွယ်ကူသော ခြေလှမ်းဖြစ်လာသည်။ ဖယ်ထုတ်ခြင်းနှင့် လူအဖြစ်မှ လျော့ချခြင်း နိုင်ငံ ခေါင်းဆောင် အများအပြားက သုံးစွဲနေသည့် စကားလုံးများက “အခြားသူ”ဟု သတ်မှတ်ခြင်းခံရသူများနှင့် ပတ်သက် ၍ ပြည်သူတို့၏ စိုးရိမ်ပူပန်မှုနှင့် ကြောက်လန့်မှုကို အသက်ဝင်စေသည်သာမက ဖယ်ထုတ်ခြင်းနှင့် လူသား ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေရေး ဖြစ်စဉ် အသစ်များကိုလည်း ဖန်တီးပေးခဲ့သည်။ လက်ယာစွန်း အမျိုးသားရေး ဝါဒီများနှင့် အခြားသူအဖြစ် ခွဲခြားခြင်းများ မြင့်တက်လာခြင်းနှင့် ပတ်သက်၍ ဖွင့်ဆိုရန် အ များစုက စီးပွားရေး ကျဆင်းမှုအပေါ်တွင်သာ အာရုံစိုက်ကြသော်လည်း ၎င်းတခုတည်းက ကမ္ဘာတလွှားမှ စိုးရိမ်ပူပန်မှုများကို ဖြစ်စေသည် မဟုတ်ပါ။ စီးပွားရေး ကျဆင်းခြင်း မရှိသော်လည်း ဆွီဒင်နိုင်ငံတွင် အမျိုးသားရေးဝါဒ အခြေပြု အဖွဲ့အစည်းများ မြင့်တက်လာခြင်းနှင့် ရင်ဆိုင်နေရသည်။ ဒေါ်နယ်ထရမ့်ကို မဲပေးခဲ့သူများထဲတွင် ချမ်းသာကြွယ်ဝသော လူဖြူများလည်း ပါဝင်သည်။ ဆင်းရဲ နွမ်းပါးသူများ နှင့် အလုပ်သမား လူတန်းစားများ သက်သက်သာ မဟုတ်ပါ။ စီးပွားရေးက အရေးမကြီးဟု ဆိုလိုခြင်း မဟုတ်ပါ။ စီးပွားရေးတခုတည်းနှင့် ဇာတ်ကြောင်းတခုလုံးကို ရှင်းမပြနိုင်ဟု ဆိုလို ခြင်းသာ ဖြစ်ပါသည်။ ၁၉၆၀ နှစ်များအတွင်းတွင် အမေရိကန်နိုင်ငံ၌ နိုင်ငံသား အခွင့်အရေး ဆိုင်ရာ အရေးပါသော အောင်မြင်မှု အများအပြား ရရှိခဲ့ပြီးနောက် အဆိုပါ အောင်မြင်မှုများ အပေါ် တောင်ပိုင်းသားလူဖြူတို့၏ နာကျည်းမှုကို တငွေ့ငွေ့ လောင်ကျွမ်းစေရန် အခွင့်ကောင်းယူ၍ ရှေးရိုးစွဲဝါဒီ အထက်တန်းလွှာများက ဗျူဟာချမှတ်ခဲ့သည်။ လူဖြူတို့၏ မခံမရပ်နိုင်မှုကို မီးထိုးပေးသည့် တောင်ပိုင်းဗျူဟာနှင့် အတူ ရီပတ်ဘလစ်ကင်ပါတီ ပြန်လည် ပြင်ဆင်ရေးတွင် သူတို့ အောင်မြင်မှု ရရှိခဲ့သည်။ နောက်ဆုံးတွင် ပြည်သူတို့အား ကာကွယ်ရေးမှ အရင်းရှင် ကာကွယ်ရေးသို့ အစိုးရက ပြောင်းသွားသည်။ “အခြားသူ”များအပေါ် ကြောက်ရွံ့မှုကို ဗျူဟာမြောက်စွာဖြင့် မည်သို့ ဖန်တီးရမည်၊ အသုံးပြုရမည် ဆိုသည်ကို ရှေးရိုးစွဲ အထက်တန်းလွှာများက ကောင်းစွာ သိကြသည်။ သမ္မတ နစ်ဆင်က “ဥပဒေနှင့် အမိန့်” ဆိုသည့် စကားလုံးကို စတင်သုံးစွဲခဲ့ချိန်တွင် သူ့အပေါ် လူကြိုက်များမှု အခိုင်အမာ ရရှိခဲ့ခြင်းမှာ သူက ရှေးရိုးစွဲဝါဒီ လူဖြူတို့၏ ကြောက်ရွံ့မှု ပုံစံတမျိုးကို ဖော်ပြနေသောကြောင့် ဖြစ်သည်။ အလုပ်အကိုင်များကြောင့် အဓိက မဟုတ်ပါ။ လူမှုရေး အစီအစဉ် ပြောင်းလဲခြင်းကြောင့် ဖြစ်ပါသည်။ စီးပွားရေး ကျဆင်းမှုတခုကြောင့် ဟုလည်း အတိကျ မဟုတ်ခဲ့ပါ။ နစ်ဆင်၏ ဗျူဟာမှ ရလဒ်က ချမ်းသာကြွယ်ဝသူများအတွက် အကျိုးဖြစ်စေသည့် စီးပွားရေးတခုကို သေချာစေခဲ့သည်။ အခြားသော အုပ်စုတခုကို ကြောက်ရွံ့ရန် လိုအပ်နေခြင်း အပေါ် ပြည်သူများက ကိုယ်တိုင်ဖော်ထုတ်ခြင်းလည်း မပြုခဲ့ ကြပါ။ ခေါင်းဆောင်ပိုင်းက အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့သူများအတွက် ပင်လျှင် အဆိုပါ ကွဲပြားခြားနားမှုများက ခြိမ်းခြောက်မှု ဖြစ်လာနေကြောင်း ရုတ်တရက် ခံစားသွားအောင် ပြုလုပ်လေ့ရှိသည်။ လတ်တလောတွင် အမေရိကန်တွင် စာရွက်စာတမ်း အထောက်အထားမရှိဘဲ နေထိုင်သူများ (အများအပြားမှာ သူတို့ သက်တမ်း တလျှောက်လုံး အမေရိကန်တွင် နေထိုင်ခဲ့ကြသူများ) နှင့် ပတ်သက်၍ ပြောဆိုနေမှုများက လူသန်းပေါင်းများစွာအတွက် ကြောက်ရွံ့မှုများ ဖန်တီးခဲ့သည်။ ကလေးငယ်များကို ခြိမ်းခြောက်ခဲ့သည်။ အသိုင်းအဝိုင်းများ ကြားတွင် ယခင်က မရှိခဲ့သော သံသယနှင့် ဒေါသများကို ဖန်တီးခဲ့သည်။ အကယ်၍ စားသောက်ဆိုင်မှ စားပွဲထိုးတယောက်တွင် စာရွက်စာတမ်း အထောက်အထားများ မရှိဟု သံသယရှိပါက သက်ဆိုင်ရာသို့ တိုင်ရန် သင့် မသင့် သူ၏ ဖခင် ဖြစ်သူက မေးနေကြောင်း တောင်ပိုင်းမှ ကျနော့် မိတ်ဆွေတယောက်က ပြောပြပါသည်။ လွန်ခဲ့သော ၅ နှစ်လောက်ကဆိုလျှင် ထိုထက် သူ့ကို ဝန်ဆောင်မှု ပေးနေခဲ့သော စားပွဲထိုးနှင့် ပတ်သက်၍ ထို အတွေးမျိုး သူ တွေးမိလိမ့်မည် မဟုတ်ပါ။ အဆိုပါ စိုးရိမ်မှုကို မည်သူက လှုံ့ဆော်ခဲ့ပါသနည်း။ စကားလုံးများ၏ စွမ်းအားနှင့် ပြည်သူတို့၏ ဘဝတွင် တွေကြုံရသော အရေးပါသည့် အချက်များ၏ နက်ရှိုင်းမှုကို ပရိသတ်ကို လှုံဆော်ပေးနိုင်သူ နိုင်ငံရေးသမားက နားလည်သည်။ အဆိုပါ နိုင်ငံရေးသမားများက သူတို့ပြောသည့် စကားကို သူတို့ ယုံကြည်ရန် မလိုအပ်ပါ။ ကျနော်တို့ ပြောသော၊ ကျနော်တို့ နေထိုင်သော ဇာတ်ကြောင်းများက အချက်အလက်များ မဟုတ်ပါ။ သို့သော်လည်း ကျနော်တို့၏ တန်ဖိုးများ၊ ကြောက်ရွံ့မှုများနှင့် မျှော်လင့်ချက်များ ဖြစ်ပါသည်။ အားလုံးက အတိုင်းအတာတခုအထိ သြဇာ သက်ရောက်နိုင်ပါသည်။ ကျနော်တို့ပြောသော ဇာတ်ကြောင်းများက ရောင်ပြန်ဟပ်ခြင်း သက်သက ်မဟုတ်ပါ။ ပုံဖော်ခြင်းလည်း ဖြစ်နိုင်ပါသည်။ အပြောင်းအလဲနှင့် ပတ်သက်၍ စိုးရိမ်ကြောင့်ကြခြင်းက သဘာဝ ဖြစ်ပါသည်။ သို့သော်လည်း အခြားသူအဖြစ် ခွဲခြားခြင်းက သဘာဝမဟုတ်ပါ။ လူမှုရေးအရ၊ ယဉ်ကျေးမှုအရ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ အောက်တိုဘာလအတွင်း ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော ဘာသာပေါင်းစုံ ဆုတောင်းပွဲ/သက်ထွန်းနိုင်/ဧရာဝတီ ထို့ကြောင့် ယနေ့ ခေတ်၌ ကျနော်တို့တွင် ပေါင်းစုနေသော စိုးရိမ်ကြောင့်ကြမှုများကို မည်သို့ တုန့်ပြန်မည်နည်း။ ကျနော်တို့တွင် ကွဲပြားခြားနားမှုများ ရှိနေသည်ကို အသိအမှတ်ပြုရင်း အခြားသော အဖွဲ့အစည်းများဆီနှင့် ကျနော်တို့၏ ပင်ကိုယ်ဗီဇ ကြားတွင် လူသားဆန်မှုနှင့် ဆက်သွယ် ဝေမျှမည့် တံတားတခု ထိုးမည်လား။ သို့ မဟုတ် ကျနော်တို့က အခြားသော လူ့အဖွဲ့အစည်းများနှင့် ဝေးရာသို့ ခွဲခွာခြင်းအားဖြင့် “ငါတို့ နှင့် သူတို့” ဆိုသည့် ပုံပြင်မှားများကို ပြောရန်၊ ယုံကြည်ရန် ပြုလုပ်ရင်း လူသား ဂုဏ်သိက္ခာ ကျဆင်းစေမည့် အလေ့အထများကို အားပေးမည်လား။ “အခြားသူ”အဖြစ် ခွဲခြားသတ်မှတ်ခြင်းကို ဖြေရှင်းမည့် အဖြေက ကျနော်တို့ ပြောသော ဇာတ်ကြောင်းများမှ လာရမည် ဖြစ်သည်။ ကမ္ဘာက သိမ်မွေ့နက်နဲသော အပြောင်းအလဲများ ရှိနေချိန်တွင် စစ်မှန်စွာ သက်ဆိုင်ပါဝင်မှုရှိသည့် လူမှုအသိုင်းအဝိုင်းများ ကျနော်တို့ မည်သို့ တည်ဆောက်မည်နည်း။ ကနေဒါနိုင်ငံကို အပြုသဘောဆောင်သော နမူနာတခုအဖြစ် ကြည့်နိုင်ပါသည်။ ခက်ခဲသော ပြဿနာများ ရှိနေသော်လည်း ကနေဒါနိုင်ငံက “ကိုယ်ပိုင်စရိုက် လက္ခဏာကို ထိန်းထားသည့်” လူမျိုးစု စုံလင်သော လူဦးရေ တခုအဖြစ် ပြောနိုင်ပါသည်။ ကနေဒါနိုင်ငံသားများသည် “အခြားသူ”များနှင့် ဆက်သွယ်ရင်း သူတို့၏ ဘာသာရေးနှင့် လူမျိုးရေး နောက်ခံအကြောင်းများကို ထိန်းထားနိုင်ခဲ့သည်။ ကနေဒါမှ လက်ယာစွန်းရောက်များက ၁၀ ရာခိုင်နှုန်း မရှိပါ။ အကယ်၍ ကျနော်တို့က ကမ္ဘာတလွှားမှ အစွန်းရောက်ဝါဒလှိုင်းကို ရင်ဆိုင်မည်ဆိုလျှင် ကွဲပြားခြားနားမှုများကြားမှ ဆက်သွယ်ပေါင်းကူးမှုများကို ဖန်တီးရမည် ဖြစ်သည်။ ကျနော်တို့၏ စိုးရိမ်ကြောင့်ကြမှုများက ဗျူဟာမြောက် အနိုင်ယူမှုများကို ခုခံရမည် ဖြစ်သည်။ ဆက်သွယ်ပေါင်းကူးရာတွင် ကျနော်တို့က အခြားသူများအတွက် တံခါးဖွင့်ရမည်သာမက ကျနော်တို့ ကိုယ်တိုင်လည်း ပြောင်းလဲရန် တံခါးဖွင့်ရမည် ဖြစ်သည်။ ကျနော်တို့ အားလုံးနှင့် သက်ဆိုင်သော လူ့အသိုင်းအဝိုင်းတခု ပူးပေါင်း ဖန်တီးရေးတွင် တက်ကြွစွာ ပါဝင်ရမည် ဖြစ်သည်။ “အခြားသူများ”အဖြစ် ခွဲခြားသတ်မှတ်ခြင်း၏ ဆန့်ကျင်ဖက်က တူညီခြင်း (Saming) မဟုတ်ပါ။ ပတ်သက်ခြင်း (Belonging) ဖြစ်ပါသည်။ ပတ်သက်ခြင်းက ကျနော်တို့ အားလုံး တူညီသည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ကျနော်တို့ အားလုံးပါဝင်နေသည့် လူ့အဖွဲ့အစည်းတခုတွင် ကျနော်တို့၏ ကွဲပြားခြားနားမှုများကို အသိအမှတ်ပြုခြင်း၊ လက်ခံခြင်းဟု အဓိပ္ပါယ်ရပါသည်။ (John A Powell သည် ကယ်လီဖိုးနီးယားတက္ကသိုလ် ဘာကလေရှိ Haas Institute for a Fair and Inclusive Society မှ ဒါရိုက်တာဖြစ်ပါသည်။ သတင်းစာပါ ၎င်း၏ Us vs them: the sinister techniques of ‘Othering’ – and how to avoid them ကို ဘာသာပြန်ဆိုသည်။) The post “အခြားသူများ”အဖြစ် ခွဲခြားရှုမြင်မှုကို ဘယ်လိုငြင်းပယ်မလဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2AgzKeL
via IFTTT
Source : http://ift.tt/2AgzKeL
via IFTTT
7Day News Journal
ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာ- ဗာတီကန် သံတမန်ဆက်ဆံရေး အရ လာရောက်သည့် ခရီးစဉ်ဖြစ် ပြီး ဒုက္ခသည်များ၊ ရွှေ့ပြောင်းသူ များအတွက် သီးသန့်လာရောက် ခြင်းမဟုတ်ဟု ပုပ်ရဟန်းမင်းကြီး၏ ပြောရေးဆိုခွင့်ရှိသူ Mr. Greg Burke က ပြောကြားသည်။ ပုပ်ရဟန်းမင်းကြီး၏လေး ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်း လင်းပွဲကို နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်ရာ နိုင်ငံတကာမီဒီယာ များက ခရီးစဉ်အတွင်း ရခိုင်ပြည် နယ်ရှိ မွတ်စလင်များအရေးကို ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း ပြောကြားမှုမရှိခြင်းအပေါ် မေး မြန်းမှုကို ၎င်းက ယင်းသို့ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။ ‘‘ဒီခရီးစဉ်က မြန်မာအစိုးရ ရဲ့ ဖိတ်ကြားချက်အရ လာရောက်တဲ့ မြန်မာ-ဗာတီကန်သံတမန် ဆက်ဆံရေးအတွက်၊ ကက်သ လစ်ဘာသာဝင်တွေကို အားပေး လိုတဲ့အတွက် လာရောက်တာ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွေ၊ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းသူ တွေရှိတဲ့နေရာကို သီးသန့်လာ ရောက်တဲ့ခရီးစဉ်မဟုတ်ပါဘူး’’ ဟု Mr.Greg Burke က ဆိုသည်။ပုပ်ရဟန်းမင်းကြီးအနေဖြင့် မြန်မာနိုင်ငံရှိ ကက်သလစ်ဘုန်း တော်ကြီးများကို ရခိုင်နယ်စပ်သို့ သွားရောက်ကူညီရန် ပြောကြား ခြင်းရှိ၊ မရှိ မေးမြန်းမှုကို လက်ရှိ အချိန်ထိ ယင်းသို့ပြောကြားခြင်း မရှိကြောင်း မြန်မာနိုင်ငံကက်သ လစ်ဆရာတော်များအဖွဲ့ချုပ်မှ ဆရာတော် John Hsane Hgyiက ဖြေကြားသည်။ ‘‘ပုပ်ရဟန်းမင်းကြီးက ဒုက္ခ သည်အကြောင်း၊ ရခိုင်က ကိစ္စ တွေအကြောင်း ဘာမှ မပြောဘူး လားလို့ သတင်းထောက်တွေ မေး ကြတယ်။ သူ နေပြည်တော်မှာ ပြောသွားတဲ့စကားရှိတယ်။ အစိုး ရရဲ့ကြိုးပမ်းအားထုတ်မှုတွေဟာ နိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ ကိစ္စ တွေနဲ့ ပတ်သက်ပြီး နှစ်သက်အား ရမှုရှိတယ်လို့ ပြောရုံကလွဲပြီး ဘာမှ မရှိပါဘူးလို့ ပြောသွား တယ်။ I have nothing to say express than appreciation လို့ ပြောသွားတယ်။ ဒီကိစ္စနဲ့ပတ် သက်ပြီး ဗာတီကန်အနေနဲ့ မြန်မာ နိုင်ငံကို စွပ်စွဲပြောဆိုစရာ ဘာမှ မရှိဘူးလို့ Mr. Greg Burke က လည်း ပြောပါတယ်’’ဟု ပုပ်ရဟန်းမင်းကြီးခရီးစဉ်ဆိုင်ရာ မီဒီယာ ပြောရေးဆိုခွင့်ရှိသူ ဖာသာမာရီ ရာနိုစိုးနိုင်က ပြောသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် ယခင်က ‘Our Rohinja Brothers and Sisters’ ဟု သုံးနှုန်းကာ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ပြောကြားမှုများရှိခဲ့ရာ မြန်မာနိုင်ငံခရီးစဉ်အတွင်း အဆိုပါအသုံးအနှုန်းကို မသုံးစွဲရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က တိုက်တွန်းခဲ့သည်။ ပုပ်ရဟန်းမင်းကြီးအနေဖြင့် ယခင်က မြန်မာနိုင်ငံရှိ ရခိုင်ဒေသ အရေးနှင့်ပတ်သက်ပြီး တစ်ဆင့် ကြားသိရခြင်းမျိုးသာ ဖြစ်ခြင်း ကြောင့် အဆိုပါအသုံးအနှုန်းဖြင့် ပြောဆိုခဲ့သော်လည်း ယခုခရီးစဉ် မတိုင်မီ မြန်မာနိုင်ငံအရေး ၎င်း ကိုယ်တိုင် ကြိုတင်လေ့လာမှု၊ ကိုဖီအာနန်၏ တွေ့ဆုံရှင်းပြမှုနှင့် ၎င်းမြန်မာနိုင်ငံသို့ ရောက်ရှိချိန် တွင် တွေ့ရှိ၊ သိရှိမှုများကြောင့် ရခိုင်အရေးနှင့်ပတ်သက်ပြီး သီး ခြားပြောဆိုခဲ့ခြင်း မရှိခြင်းဖြစ် ကြောင်း ဖာသာမာရီရာနိုစိုးနိုင်က ပြောသည်။ ပုပ်ရဟန်းမင်းကြီး၏မြန်မာ နိုင်ငံခရီးစဉ်အတွင်း ရခိုင်အရေး နှင့်ပတ်သက်၍ အထူးပြုပြော ကြားခဲ့ခြင်းမရှိသည့်အပေါ် နိုင်ငံ တကာအသိုင်းအဝိုင်းအချို့နှင့် ပြည်ပမီဒီယာများ၊ လူ့အခွင့်အ ရေးစောင့်ကြည့်လေ့လာသည့်အ ဖွဲ့များက စိတ်ပျက်ရကြောင်း ရေး သားဖော်ပြခဲ့ကြသည်။ ပုပ်ရဟန်းမင်းကြီးသည် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ် အဖြစ် လာရောက်ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှနိုင်ငံသို့ ဆက်လက် သွားရောက်မည်ဖြစ်သည်။
Source : http://ift.tt/2zzMo5b
via IFTTT
Source : http://ift.tt/2zzMo5b
via IFTTT
ရခိုင် ပဋိပက္ခက ရေနံနှင့် ဓာတ်ငွေ့ တူးဖော်ရေး ရင်းနှီးမြှုပ်နှံမှုကို ထိလာ ရခိုင်ပြည်မြောက်ပိုင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပြဿနာများကြား မြန်မာနိုင်ငံမှ စွမ်းအင်ကုမ္ပဏီများ အပေါ် ဖိအားများ တိုးလာခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူတချို့ စတင် စွန့်ခွာနေသော ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်း ကဏ္ဍအတွက် အချိန်ဆိုးသို့ ရောက်လာသည်။ အောင်မြင်မှု ကြီးမားခဲ့သော လိုင်စင်ချထားမှုများရှိခဲ့ပြီး ထိပ်တန်းရေနံကုမ္ပဏီများက ရှာဖွေရေးလုပ်ကွက်များ ရရှိခဲ့သည်ကို မြင်တွေ့ခဲ့ရသော ၂၀၁၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်လုပ်ရေး လုပ်ငန်းများ အတွက် အလွန်ဆွဲဆောင်မှုရှိသော နေရာတခု ဖြစ်ခဲ့သည်မှာ အနည်းဆုံး ၂၀၁၇ ခုနှစ် အစောပိုင်း အထိဖြစ်သည်။ သို့သော်လည်း လတ်တလောလများ အတွင်းတွင် ကုမ္ပဏီများက အောင်မြင်ရန် အလားအလာနည်းပါးသော အကြောင်း များကြောင့် လုပ်ကွက်များကို စတင် စွန့်လွှတ်ခဲ့ကြသည်။ ပထမအဆင့် ရှာဖွေရေး လုပ်ငန်းများ အတွက် နောက်ဆုံးသတ်မှတ်ထားချိန် ဖြစ်သော ၂၀၁၈ ခုနှစ် မတ်လနှင့် နီးလာသည်နှင့် အမျှ လာမည့်လများအတွင်းတွင် မြန်မာပြည်မှ ပြန်လည်ထွက်ခွာခြင်းများ ပိုများလာမည်ဟု မျှော်လင့်ရပါသည်။ ရေနံကုမ္ပဏီများ အနေဖြင့် အရေးကြီးသော ဆုံးဖြတ်ချက် ပြုလုပ်ရမည့် အခြေအနေရောက်နေချိန်တွင် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်မှုများအတွက် ပြစ်တင် ဝေဖန်ခံနေရသော မြန်မာ အစိုးရနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည့် ရင်းနှီးမြှုပ်နှံသူများကို လော်ဘီ အဖွဲ့ အစည်းများက စတင် ပစ်မှတ်ထားလာသဖြင့် ယခုအခါ ကုမ္ပဏီ ဂုဏ်သိက္ခာနှင့် နိုင်ငံရေးဆိုင်ရာ စွန့်စားရမှုများက စိုးရိမ်စရာ ဖြစ်လာခဲ့သည်။ “မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ ရှာဖွေတူးဖော်ရေး လုပ်ငန်းကဏ္ဍရဲ့ အရှိန် ကုန်သွားပြီ။ နာမည်ကြီးခဲ့တဲ့အတိုင်း ဖြစ်နိုင်တုန်းပဲ ဆိုတာကို ပြသစရာ ကျနော်တို့ အတွက် အရိပ်အယောင် တချို့ လိုအပ်ပါတယ်” ဟု အင်္ဂလန် အခြေစိုက် စွမ်းအင် သုတေသနနှင့် အတိုင်ပင်ခံ လုပ်ငန်းတခု ဖြစ်သည့် Wood Mackenzie မှ ရှာဖွေရေး နှင့် တူးဖော်ရေးဆိုင်ရာ လေ့လာဆန်းစစ်သူ တဦးဖြစ်သော Jean-Baptiste Berchoteau က ပြောသည်။ မြန်မာနိုင်ငံ၏ အလားအလာကို လုံးဝ ပယ်ဖျက်ပစ်ရန်လည်း စောလွန်းနေဆဲဟု သူက ပြောသည်။ သို့သော်လည်း ပြီးခဲ့သည့် လ အနည်းငယ် အတွင်းတွင် အရှေ့တောင် အာရှမှ မြန်မာ နိုင်ငံ၏ ရေနံ နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းက အားလျော့လာခဲ့သည့် အသွင်ရှိပါသည်။ “စွန့်လွှတ်သွားတဲ့ သို့မဟုတ် စွန့်လွှတ်တော့မယ့် လုပ်ကွက် ၄ ကွက် ၅ ကွက်လောက် ရှိပါတယ်။ ခုချိန်မှာ ကျနော့်ကို သေချာမလား မေးရင် ရိုဟင်ဂျာ ကိစ္စက အထောက်အကူ မဖြစ်ပါဘူး ” ဟု Jean-Baptiste Berchoteau က ပြောသည်။ အရောင်မှိန်လာခြင်း ရေနံ ကုမ္ပဏီများက ရေနံဈေးနှုန်း ကျဆင်းမှုနှင့် ကြီးမားသော (ရေနံ နှင့်သဘာဝ ဓာတ်ငွေ့) တွေ့ရှိမှုများ မရှိသောကြောင့် ရှာဖွေရေးနှင့် တူးဖော်ရေး အသုံးစရိတ်များ လျှော့ချနေသည့် အချိန်တွင် မြန်မာနိုင်ငံက အရှေ့တောင် အာရှတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးအတွက် ရေပန်းစားသော နေရာခု ဖြစ်လာခဲ့သည်။ ကုမ္ပဏီများက ဈေးနှုန်း ကျဆင်းသော်လည်း ရှာဖွေရေးစရိတ် နည်းပါးခြင်းဖြင့် ရေနံကို ဈေးပေါပေါ ထုတ်လုပ်ရေး နောက်ထပ် ရှုထောင့်တခုကိုလည်း အားသာချက် ရယူရန် လုပ်ကိုင်ကြသည်။ ဥပမာအားဖြင့် သြစတြေးလျနိုင်ငံမှ Woodside Energy က ၂၀၁၄ ခုနှစ် မတိုင်မီက လုပ်ပိုင်ခွင့်ရရှိခဲ့သော လုပ်ကွက်များတွင် အပူတပြင်း ရှာဖွေမှုများ ပြုလုပ်ခဲ့သည့် ရလဒ် အဖြစ် ဓာတ်ငွေ့ရရှိနိုင်မည့် နေရာအမြောက်အများ တွေ့ရှိခဲ့သည်။ အာရှ-ပစိဖိတ်တွင် အကြီးဆုံးအဖြစ် ဓာတ်ငွေ့ ၁.၅ ထရီလီယံ ကုဗပေ တွေ့ရှိရခြင်း အပါအဝင် အဆိုပါ တွေ့ရှိမှုများက မြန်မာနိုင်ငံကို ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး မြေပုံပေါ်သို့ တင်ပေးခဲ့သည်ဟု Jean-Baptiste Berchoteau က ဆိုသည်။ လိုင်စင်အသစ် ချထားပေးမှုများ မရှိသည့် အချိန်တွင် ၂၀၁၄ ခုနှစ် အတွင်းက ချထားပေးခဲ့သော လုပ်ကွက်များတွင် လေ့လာသည့် ပထမအဆင့်အတွက် သတ်မှတ်ကာလ ပြီးဆုံးရန် နီးကပ်လာသည်။ သတ်မှတ်ကာလ မကုန်မီ ကုမ္ပဏီ များက တူးဖော်သည့် နောက်တဆင့်ကို ဆက်လက်ဆောင်ရွက်ရန် ဆန္ဒ ရှိ၊ မရှိကို အစိုးရသို့ အသိပေးရမည် ဖြစ်သည်။ အသိပေး အကြောင်းကြားမှုများကို လုပ်ကွက်များ လုပ်ကိုင်ခွင့်ရရှိခဲ့သည့် အချိန်ကာလပေါ် မူတည်၍ ၂၀၁၇ စက်တင်ဘာ လ နှင့် ၂၀၁၈ ခုနှစ် မတ်လ အတွင်း တင်သွင်းရမည် ဖြစ်သည်။ ကုမ္ပဏီ အချို့က သူတို့၏ လုပ်ကွက်များကို စွန့်လွှတ်ခဲ့ပြီး ဖြစ်သည်။ အောက်တိုဘာလလယ်ပိုင်းတွင် အိန္ဒိယနိုင်ငံမှ Reliance Industries က လေ့လာရေးကာလ ပြီးဆုံးသည့် အချိန်တွင် လုပ်ကွက် M17 နှင့် M18 တို့ကို စွန့်လွှတ်တော့ မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Shell ကုမ္ပဏီက သူတို့၏ စီးပွားဖက်များနှင့် အတူ လုပ်ကွက် ၃ ခု(တနင်္သာရီ ကမ်းရိုးတန်း မှ လုပ်ကွက် MD-5 နှင့် ရခိုင်ကမ်းရိုးတန်း ဘင်္ဂလားပင်လယ်အော်မှ လုပ်ကွက် AD-9 နှင့် AD-11 တို့ကို စွန့်လွှတ်ခဲ့သည်ကို ဝန်ကြီးဌာနသို့ အသိပေးပြီး ဖြစ် ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြောသည်။ “ကျနော်တို့ ဒီလုပ်ကွက်တွေကို မြန်မာ အစိုးရဆီ ပြန်ပေးခဲ့ပြီးပါပြီ။ ဘာကြောင့်လဲဆိုတော့ သုံးဖက်မြင် မြေလွှာစမ်းသပ် တွက်ချက်မှုတွေ အရ ဒီ လုပ်ကွက်တွေက စီးပွားရေးအရ စိန်ခေါ်မှု အလွန်များလို့ ဖြစ်ပါတယ်” ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ Oil India နှင့် သြစတြေးလျ စတော့အိတ်ချိန်းတွင် စာရင်းသွင်းထားသော Tap Oil တို့ လည်း ရရှိထားသော လုပ်ကွက်များကို ပြန်လည်စွန့်လွှတ်ပြီး သို့မဟုတ် စွန့်လွှတ်လု နီးပါးဖြစ်သည်။ ကုမ္ပဏီ အများစုက နောက်ထပ် ဆက်လက်ဆောင်ရွက်တော့မည် မဟုတ်ကြောင်း Jean-Baptiste Berchoteau က ပြောသည်။ မေးမြန်းစုံစမ်းမှုများကို Tap Oil က တုန့်ပြန်ခဲ့ ခြင်း မရှိပါ။ Oil India ထံမှ မှတ်ချက် မရရှိနိုင်ခဲ့ပါ။ Woodside ကလည်း ၎င်းတို့၏ ရှာဖွေတွေ့ရှိမှုကို သိသိသာသာ တိုးတက်အောင် မပြုလုပ်နိုင်ခဲ့ဟု Jean-Baptiste Berchoteau က ပြောသည်။ ၁ ထရီလီယံ ကုဗပေ တွေ့ရှိခြင်းကလည်း ကမ်းလွန်ရေနက်လုပ်ငန်း သို့မဟုတ် ဝေးလံ ခက်ခဲသည့် စီမံကိန်းများအတွက် စီးပွားရေးအရ အကျိုးအမြတ်ရရန် အလွန်ခက်ခဲသည့်အတွက် လုံလောက်လိမ့်မည် မဟုတ်ဟု သူက ဆိုသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ တင်းကျပ်သော ဘဏ္ဍာရေး ဆိုင်ရာ သတ်မှတ်ချက်များကြောင့် ဖြစ်သည်။ “တကယ်လို့ ဓာတ်ငွေ့ ကုဗပေ ၄ ထရီလီယံက နေ ၅ ထရီလီယံ လောက်အထိ တွေ့တာမျိုး မဟုတ်ခဲ့ရင် ငွေရှာဖို့ အရမ်း ကို ခက်ပါတယ်” ဟု သူက ပြောသည်။ နိုင်ငံရေးအရ စွန့်စားရမှု ပိုကြီးလာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများနှင့် စစ်အင်အား အလွန်အကျွံသုံးစွဲမှုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လူသိရှင်ကြား အပြစ်တင်ခဲ့သည့် နိုဝင်ဘာလ အစောပိုင်းလောက်မှ စ၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ စိတ်တထင့်ထင့် ပိုဖြစ်လာခဲ့ကြသည်။ ယခုအချိန်အထိ မြန်မာနိုင်ငံမှ မည်သည့် စီးပွားရေးလုပ်ငန်းမှ ပြန်လည်ထွက်ခွာသွားခြင်း မရှိသေးသော်လည်း ကုမ္ပဏီ များမှာ အနောက်တိုင်းမှ အရေးယူပိတ်ဆို့မှုများ ပြန်လည်ရောက်ရှိလာမည်ကို ကြီးမားစွာ စိုးရိမ်ခြင်းနှင့်အတူ သူတို့၏ ဂုဏ်သိက္ခာ လျော့ကျသွားမည်ကို ပူပန်နေကြသည်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပြဿနာများ ရပ်တန့်ပြေလည်သွားစေရေး ပျက်ကွက်ခဲ့သည့်အတွက် မလေးရှား အစိုးရပိုင် ရေနံကုမ္ပဏီ ဖြစ်သော Petronas ကို မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရန် မလေးရှား နိုင်ငံရေး သမား ၄၇ ဦးပါဝင်သော အဖွဲ့က တောင်းဆိုခဲ့သည်။ Petronas သည် ဝေဖန်ခံရသော ပထမဆုံး ကုမ္ပဏီမဟုတ်ပါ။ အောက်တိုဘာလအတွင်းတွင် ၎င်းတို့၏ စီမံခန့်ခွဲမှုအောက်၌ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံကျော်ကို ကိုယ် စားပြုသည့် ရင်း နှီးမြှုပ်နှံသူများက ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကုမ္ပဏီ ၆ ခု ဖြစ်သည့် China National Offshore Oil Corp၊ Daewoo၊ PetroChina၊ Petronas၊ Total နှင့် Woodside Petroleum တို့ထံသို့စာရေး၍ လူ့အခွင့်အရေးချိုး ဖောက်မှုများရှိနေသည့် အချိန်တွင် မြန်မာနိုင်ငံမှ သူတို့၏ သဘောတူညီမှုများကို ပြန်လည်စဉ်းစား သုံးသပ်ရန် တောင်းဆို ခဲ့သည်။ အဆိုပါ လှုပ်ရှားမှုကို Azzad Asset Management ၏ တစိတ်တပိုင်း ကျောထောက်နောက်ခံမှုဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။ သြဂုတ်လအတွင်း Azzad Asset Management က Chevron ကုမ္ပဏီသို့ ရှယ်ယာပိုင်ရှင်များ၏ ကိုယ်စား စာတစောင် ရေးသားပေးပို့၍ Chevron ၏ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းများကို ပြန်လည်သုံးသပ်မှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ “Chevron က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခ ကိစ္စနဲ့ ပတ်သက်လို့ ရှယ်ယာရှင်တွေနဲ့ ပြုလုပ်နေတဲ့ ဆွေးနွေးမှု တွေကို တန်ဖိုးထားပါတယ်။ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုက စီးပွားရေးတိုးတက်မှုနဲ့ ဖွံ့ဖြိုးရေးအတွက် အင်အားကောင်းတဲ့ ယန္တယားတခု ဖြစ်တယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ကုမ္ပဏီ၏ ပြောရေးဆို ခွင့်ရှိသူ တဦးကပြောသည်။ Chevron က မြန်မာနိုင်ငံတွင်း အပါအဝင် အားလုံးကို လွှမ်းခြုံနိုင်သည့် လူ့အခွင့်အရေးကို လေးစားသော စီးပွားရေးကို ဆောင်ရွက်နေခြင်း ဖြစ်သည်ဟုလည်း ထပ်ပြောသည်။ ရခိုင်ပြည်နယ်မှ အခြေအနေက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို တိုက်ရိုက်သက်ရောက်စေခြင်း မရှိသော်လည်း အနာဂတ်တွင် တူးဖော်ရေး လုပ်ငန်းများ မပြုလုပ်မီ ဆောင်ရွက်ရန် လိုအပ်သည့် မြောက်ပိုင်းမှ ငါးဖမ်းကျေးရွာများမှ ပြည်သူ အသိုင်းအဝိုင်း အချို့နှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ရေးကို ပယ်ဖျက်ခဲ့ကြကြောင်း သြစတြေးလျနိုင်ငံမှ Woodside ကုမ္ပဏီက ပြောသည်။ “လုံခြုံရေး အခြေအနေကြောင့် ကျနော်တို့ အနေနဲ့ လူမှုရေး အစီအစဉ်တချို့ကို ရပ်ဆိုင်းထားရပါတယ်” ဟု ကုမ္ပဏီ ပြော ရေးဆိုခွင့် ရှိသူကပြောသည်။ လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေနှင့် ပတ်သက်၍ Woodside က စိုးရိမ်ကြောင်းနှင့် ရေရှည်ခိုင်မြဲ၍ ငြိမ်းချမ်းသော အဖြေတခုကို မျှော်လင့်ကြောင်းလည်း ထပ်ပြောသည်။ အခြား အဓိက လုပ်ငန်းကြီးများ ဖြစ်ကြသည့် Total၊ Petronas နှင့် PTTEP တို့က သူတို့၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော သဘောထားကို မေးမြန်းခြင်းကို ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါ။ လန်ဒန်အခြေစိုက် စီးပွားရေး အတိုင်ပင်ခံလုပ်ငန်းတခု ဖြစ်သည့် The Economist Intelligence Unit မှ အာဆီယံ လေ့လာဆန်းစစ်ရေး အဖွဲ့ခေါင်းဆောင် Miguel Chanco က“မလေးရှားနိုင်ငံမှာ လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကျနော် သိပ်အများကြီး မတွေးပါဘူး” ဟု Petronas အပေါ် တောင်းဆိုမှုကို ရည်ညွှန်း၍ ပြောသည်။ “ဒီလွှတ်တော်ကိုယ်စားလှယ်တွေက အများစိတ်ဝင်စားမှုကို ရယူချင်တဲ့ သဘောမျိုးရှိတယ်လို့ ကျနော် သံသယ ရှိတယ်။ အထူးသဖြင့် မွတ်ဆလင် လူများစုဖြစ်တဲ့ မလေးရှားနိုင်ငံမှာ ရွေးကောက်ပွဲအတွက် အရှိန်တက်နေတဲ့ အချိန်မှာပါ” ဟု သူက ဆိုသည်။ မလေးရှားနိုင်ငံတွင် နိုင်ငံရေး အခြေအနေက အကဲဆတ်မှု တိုးလာနေသည့်ကြား Petronas က မည်သို့ တုန့်ပြန်မည် ဆိုသည်ကို ဆက်လက် စောင့်ကြည့်ရန်သာ ရှိပါသည်။ (စွမ်းအင်ဆိုင်ရာ သတင်းဌာန S&P Global Platts မှ Eric Yep ၏ Rohingya crisis hits Myanmar’s upstream at critical investment phase ကို ဘာသာပြန်ဆိုသည်) The post ရခိုင် ပဋိပက္ခက ရေနံနှင့် ဓာတ်ငွေ့ တူးဖော်ရေး ရင်းနှီးမြှုပ်နှံမှုကို ထိလာ appeared first on ဧရာဝတီ.
Source : http://ift.tt/2AmkOMz
via IFTTT
Source : http://ift.tt/2AmkOMz
via IFTTT
ဆင်းရဲသော ကျောင်းများနှင့် အလှူရှင်များကို မွန်ဖောင်ဒေးရှင်းက ဆက်စပ်ပေးနေ ကျောင်းသားကျောင်းသူများသည် လက်များဝှေ့ယမ်းပြီး ဧည့်သည်တော် မွန်တေးဂီတအဖွဲ့က တီးခတ်နေသည့် လူသိများသော သီချင်းသံစဉ်အတိုင်း သီဆိုနေကြသည်။ စာသင်ခန်းမမှလည်း အခြားသော ကျောင်းသူကျောင်းသားများသည် ထိုသီချင်းကို ပျော်ရွှင်စွာ သီဆိုရင်း အဆုံးပိုင်းသို့ရောက်ရှိသွားသောအခါ သီဆိုသူများကို အားပေးသောအားဖြင့် လက်ခုပ်တီးကြသည်။ “မွန်ကျောင်းသားတွေ ဂီတကို လာခံစားပြီး စာကြိုးစားဖို့အားပေးချင်လို့ပါ” ဟု လူသိများသော မွန်အဆိုတော် နိုင်စပိုင်က ကျောင်းသားများကို ပြောသည်။ “ကျနော်တို့မှာ ပညာတတ်တွေ ပိုမို များပြားလာတဲ့တနေ့မှာ ကျနော်တို့ လွတ်လပ်ရမယ်” ဟုလည်း သူက မွန်ပြည်နယ်နိုင်ငံရေးအခြေအနေကို ရည်ညွှန်းပြောသည်။ မွန်အစိုးရကျောင်း အများစုကဲ့သို့ပင် အန်းဒင် အထက်တန်းကျောင်းသည် ရင်းမြစ်နှင့် ဘဏ္ဍာရေးထောက်ပံ့မှု မရှိခဲ့ပါ။ သို့သော် ယနေ့တွင်မူ မွန်အသိုင်းအဝန်းသည် ထိုကျောင်းသို့ လာရောက်လှူဒါန်းကြပြီး မွန်ကလေးငယ်များ၏ ပညာရေးကို ထောက်ပံ့ကြသောကြောင့် အခြားသောကျောင်းများနှင့် အနည်းငယ် ခြားနားလာသည်။ အားအာ သည် ဆရာတော် အုတ်ဂျေးဘွဲ့အမည်ရှိ ဘုန်းတော်ကြီး တပါးဦးဆောင်သည့် အလှူဒါနပြုအဖွဲ့ဖြစ်သည်။ ထိုဘုန်းတော်ကြီးသည် အန်းဒင်ကျေးရွာ အထက်တန်းကျောင်းအတွက် အဖြူရောင် ပလပ်စတစ် သင်ပုန်းများ လာရောက် လှူဒါန်းသူလည်းဖြစ်သည်။ ဆရာတော် အုတ်ဂျေးသည် အဖြုရောင်သင်ပုန်း တဒါဇင်ခန့်ကိုလာရောက်လှူဒါန်းရင်း သူနှင့်အတူ မွန် အဆိုတော်များကိုလည်း ခေါ်ဆောင်လာခဲ့သည်။ မွန်ဖျော်ဖြေရေး အဖွဲ့များကလည်း ကျောင်းသားများကို ဖျော်ဖြေကြသည်။ သင်ပုန်းဖြူများအပြင် ဆရာတော်သည် ကျောက်သင်ပုန်းငယ်များကိုလည်း ကျောင်းသားများကို ပေးသည်။ ဆရာတော်သည် ထိုသို့ လာရောက်လှူဒါန်းသည်မှာ ယခု အကြိမ်နှင့်ဆိုလျှင် ၃ ကြိမ်ရှိပြီဖြစ်သည်။ “ဦးဇင်းက ကျောင်းသားတွေ ၈၀၀၀ လောက်ကို ကျောက်သင်ပုန်း လှူပြီးသွားပြီ။ သင်ပုန်းဖြူတွေကတော့ ကျောင်းတွေအတွက်ပဲ” ဟု ဆရာတော်က မိန့်သည်။ ယခုနှစ်အတွင်း စာရေးကိရိယာများအတွက် ငွေ ကျပ် ၄၅ သန်းလှူဒါန်းပြီးဖြစ်သည်ဟုလည်း ပြောသည်။ ဆရာတော်သည် ယခင်က မွန်အမျိုးသား တက်ကြွလှုပ်ရှားသူဖြစ်ခဲ့ပြီး ထောင် ၁၅ နှစ်ချခံရဖူးသည်။ သမ္မတ ဦးသိန်းစိန်က တနိုင်ငံလုံးမှ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးသောအခါ ဆရာတော် ထောင်တွင်းတွင် ၂ နှစ်ကြာ နေထိုင်ခဲ့ရပြီးသွားပြီဖြစ်သည်။ ဆရာတော်သည် ထိုင်း၊ မလေးရှားနှင့် အမေရိကန်ပြည်ထောင်စုတို့သို့လည်းသွားရောက်ခဲ့ဖူးပြီး ထိုဒေသများမှ မွန်အသိုင်းအဝန်းများက အလှူငွေများ ပေးအပ်ခဲ့သည်။ ထိုငွေကို ဆရာတော်က မြန်မာနိုင်ငံမှ မွန်ကျောင်းများကို ထောက်ပံ့ရန် အသုံးပြုသည်။ အဖွဲ့အစည်း၏ အမည်ဖြစ်သော အားအာ ဟူသောဝေါဟာရ၏ အဓိပ္ပါယ်ကို ဆရာတော်က ရှင်းပြသည်။ ထိုဝေါဟာရသည် “ လှူကြ၊ သွားကြ” ဟု အဓိပ္ပါယ်ရှိသည်ဟု သူရှင်းပြသည်။ ပညာရေးနှင့် အခြားကိစ္စများအတွက် ငွေလှူဒါန်းလိုသော မွန်အမျိုးသားများနှင့်တွေ့ဆုံသောအခါ ထိုအလှူရှင်များ သူနှင့်အတူ လိုက်ပါဆောင်ရွက်ကြရန်လည်း ဆရာတော်က ဖိတ်ခေါ်သည်ဟု ဆိုသည်။ “သူတို့က ဆရာတော်ကို ဒီလိုပြောလာတာနဲ့ အလှူလိုနေတဲ့ ကျောင်းကို အတူူသွားလိုက်ကြတာပဲ” ဟု ဆရာတော်က ရှင်းပြသည်။ ထိုရန်ပုံငွေကို ကျောင်းများ တည်ဆောက်ရန်နှင့် စစ်သင်တန်းတက်နေသော မွန်လူမျိုးစု လက်နက်ကိုင်များအတွက် ရိက္ခာ ဝယ်ရန်လည်း အသုံးပြုသည်။ “အလှူရှင်ပေးချင်တဲ့ အကူအညီ အမျိုးအစားပေါ်မှာ မူတည်ပါတယ်” ဟု ဆရာတော်က ရှင်းပြသည်။ ထို အလှူရှင်များအပြင် မွန်အဆိုတော်များသည်လည်း ဆရာတော်ကို ကြည်ညိုလေးစားပြီး ဆရာတော်၏ လုပ်ရပ်များကို သဘောကျသောကြောင့် ထိုသို့သော ခရီးစဉ်များတွင် လိုက်ပါလိုကြောင်း ပြောကြသည်။ “မွန်ကလေးတွေအတွက် ပညာရေးက ပထမ ဦးစားပေးပဲ၊ တခြား ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ကြည့်ဖို့ လိုတယ်။ သူတို့ဆီမှာ ပညာရေးက ပထမ ဦးစားပေးပဲ” ဟု ဆရာတော်က ရှင်းပြသည်။ ယနေ့ အန်းဒင် ကျေးရွာ အထက်တန်းကျောင်းသည် ၎င်းတို့၏ အမဲရောင် သင်ပုန်းဟောင်းများကို ဆရာတော်လှူဒါန်းသည့် အဖြူရောင်သင်ပုန်းသစ်များနှင့် လဲလှယ်ကြသည်။ သင်ပုန်းတခုလျှင် ၅ သောင်းကျပ် ကုန်ကျသည်။ ကျောင်းတွင် မူလတန်းအဆင့်မှ ၁၀ တန်းအဆင့်ရှိ ကျောင်းသား ၃၀၀ ခန့်ရှိသည်။ ထိုကျောင်းသည် ပညာရေးဝန်ကြီးဌာန၏ကျောင်း တစိတ်တပိုင်းဖြစ်သော်လည်း မွန်ပြည်သစ်ပါတီ၏ ထိန်းချုပ်မှုအောက်ရှိ မွန်အမျိုးသားပညာရေးဌာန ကြီးကြပ်မှုကို ခံယူသည်။ မွန်ပြည်သစ်ပါတီသည် ၁၉၉၂ ခုနှစ်တွင် ပြည်ထောင်စုအစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ဖြစ်သော်လည်း ပြည်နယ်၏ တစိတ်တပိုင်းကို ထိန်းချုပ်ထားသည်။ မွန်ပြည်သစ်ပါတီသည် ၁၉၇၂ ခုနှစ်မှစတင်ပြီး မွန်အမျိုးသားပညာရေးဌာနအောက်တွင် ကိုယ်ပိုင်ကျောင်းများ ထားရှိသည်။ မွန်ပြည်သစ်ပါတီသည် ကျောင်းစုစုပေါင်း ၁၅၆ ကျောင်း ထူထောင်ထားပြီး ကျောင်းသား ၁ သောင်း ၇ ထောင်ခန့်ကို သင်ကြားရန် ဆရာ၊ ဆရာမ ၈၀၀ ခန့်ထားသည်။ “တပည့်တော်တို့ ကျောင်းကို လာလှူလို့ အရမ်းဝမ်းသာပါတယ်။ အရမ်းကို ကြီးမားတဲ့ အကူအညီပါ” ဟု ကျောင်းဆရာတဦးဖြစ်သူ နိုင်မဂျောက ဆရာတော်ထံသို့ လျှောက်သည်။ ကျောင်းတွင် လစာ ၉ သောင်းကျပ်စီ ရရှိသော ဆရာ၊ ဆရာမ ၁၈ ယောက်ရှိသည်။ ထိုလစာငွေသည် နည်းပါးသော်လည်း ဆရာ ဆရာမများသည် မွန်အသိုင်းအဝန်းကို ကူညီချင်ကြသောကြောင့် အဆင်ပြေသည်ဟုလည်း နိုင်မဂျောက ရှင်းပြသည်။ (ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ လဝီဝမ်၏ Give and Go: Foundation Connects Donors with Poor Mon Schools ကို ဘာသာပြန်သည်) The post ဆင်းရဲသော ကျောင်းများနှင့် အလှူရှင်များကို မွန်ဖောင်ဒေးရှင်းက ဆက်စပ်ပေးနေ appeared first on ဧရာဝတီ.
Source : http://ift.tt/2BmLhpZ
via IFTTT
Source : http://ift.tt/2BmLhpZ
via IFTTT
Subscribe to:
Posts (Atom)