လူပြိန်းတွေရဲ့ အကျင့်များ တကယ်တော့ မူရင်းဆောင်းပါးမှာ ပြောထားတာက ဘဝမှာ မအောင်မြင်သူတွေ၊ ရည်မှန်းချက် ကောင်းကောင်းမရှိဘဲ ဖြစ်သလို နေထိုင်ကျင်လည်နေတဲ့ အောင်မြင်မှုမရတဲ့ သူတွေရဲ့ အကျင့် ၁၁ ခုကို ပြောထားတာ ဖြစ်ပါတယ်။ သို့ပေမယ့် ကျနော်ကတော့ ဒီလို ဘဝမှာ အောင်မြင်မှု မရသူတွေကို လူပြိန်းတွေလို့ မှတ်ယူလိုက်ပြီး လူပြိန်းတွေရဲ့ ပြီးစလွယ် အကျင့်တွေအကြောင်းကို ပြောပြချင်ပါတယ်။ တကယ်လို့ မိမိမှာ အခုပြောမယ့် အချက်တွေထဲက အကျင့်တွေ ရှိနေရင်လည်း အကောင်းဆုံး ပြုပြင်ပြီး အောင်မြင်သူတယောက်ဖြစ်အောင် ကြိုးစားနေထိုင်ဖို့ အကြံပေးပါရစေဗျာ။ (၁) မိမိချစ်သူတွေကို အလေးမထားကြဘူး ရုံးပိတ်ရက် ၃ ရက်ဆက်ပိတ်တဲ့ ကာလတွေ၊ အားလပ်ချိန်တွေဟာ တကယ်ကို တန်ဖိုးရှိပါတယ်။ ကိုယ့်ချစ်ရသူ မိသားစုတွေနဲ့ နေထိုင်သင့်တဲ့ အချိန်ပါလို့ အလုပ်သမားရေးရာ ကျွမ်းကျင်သူ Lynn Taylor က ပြောပါတယ်။ ဒါပေမယ့် လူပြိန်းတွေကတော့ အဲဒီလို အားလပ်တဲ့ တန်ဖိုးရှိ ရုံးပိတ်ရက်ကို မိသားစု(ချစ်ရသူ)တွေကို အချိန်ပေးတာထက် အခြား အဖွဲ့လိုက် အပျော်အပါးတွေပဲ လုပ်ဆောင်အချိန်ကုန်စေတတ်တယ်လို့ ဆိုပါတယ်။ (၂) စိတ်ဖိစီးမှုတွေ ထားတတ်ကြတယ် လူတိုင်း အနားယူဖို့လိုတယ်၊ စိတ်အပန်းဖြေဖို့ လိုပါတယ်၊ ဒါပေမယ့် လူပြိန်းတွေကတော့ အားလပ်ရက် အထိအောင် စိတ်ဖိစီးမှုတွေ၊ အဆင်မပြေမှုတွေကို တွေးနေ၊ စဉ်းစားနေတတ်ကြပါတယ်။ ရလဒ်ကတော့ အားလပ်ရက်သာ ကုန်သွားပေမယ့် စိတ်ဖိစီးမှုတွေနဲ့ လုပ်ငန်းခွင်ထဲ ပြန်ရောက်ပြီး နေထိုင်ရမှု ဘဝက ပျော်စရာမကောင်းတော့ပါဘူး။ (၃) ငွေသုံးကြမ်းတယ် အားလပ်ရက်မှာ အသုံးများလု့ိ ငွေပြတ်လပ်သွားတာမျိုး ဘယ်သူမှ မဖြစ်ချင်ပါဘူး။ ဒါပေမယ့် လူပြိန်းတွေကတော့ ရှေ့၊ နောက် သိပ်မတွေးကြပါဘူး။ အောင်မြင်ဖို့၊ ဘဝမှာ ပြည့်စုံဖို့ ကြိုးစားနေရသူ တယောက်အတွက် ငွေကို ချွေတာ သုံးစွဲတာ အကောင်းဆုံးပါ။ (၄) မှန်ကန်အောင် မစားသုံးတတ်ကြဘူး ဆိုလိုတာကတော့ ကျန်းမာရေးနဲ့ ညီညွတ်မယ့် အစားအစာကို မစားသုံးတတ်တာကို ပြောတာပါ။ ကွမ်းစားတယ်၊ ဆေးလိပ်သောက်၊ အရက်သောက်တဲ့ အကျင့်ကနေစပြီး အခြား နေ့စဉ် အစားအစာထိအောင် အာဟာရ ဖြစ်သည်၊ မဖြစ်သည်ထက် စားလိုရာကို စားသုံးတတ်ကြပါတယ်။ ငွေကုန်တယ်၊ အာဟာရ မဖြစ်ဘူး၊ မနာမကျန်း ဖြစ်နိုင်ချေ တိုးလာစေတာပဲ အဖတ်တင်နိုင်ပါတယ်။ ဈေးကြီးဖို့မလိုဘဲ အာဟာရစာကို စားသုံးကြပါ။ (၅) အလုပ်ကို မနားတမ်းလုပ်ကြတယ် နံပတ်၂ မှာ ပြောခဲ့သလို လူတိုင်းနားဖို့၊ အပန်းဖြေဖို့ လိုအပ်ပါတယ်။ အလုပ်ချိန်၊ အိပ်ချိန်၊ စားချိန်၊ လေ့ကျင့်ခန်းချိန်၊ သူ့အချိန်နဲ့သူ လည်ပတ်နေတာ အကောင်းဆုံးပါ။ အလုပ်လုပ်တိုင်းလည်း မပြီးမြောက်၊ မအောင်မြင်ပါဘူး။ နောက်ဆုံး အလုပ်ကို စွဲလန်းမှု ဖြစ်လာစေနိုင်ပြီး အလုပ်မလုပ်ဘဲ မနေတတ်တော့သလို ဖြစ်လာသလို အလုပ်ကလွဲရင် မိသားစုရေးနဲ့ အခြား အကြောင်းအရာတွေကို စိတ်မပါခြင်းမျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။ သင့်လျော်တဲ့ အချိန်ဇယား ရေးဆွဲပြီး လုပ်ကိုင်ဆောင်ရွက် နေထိုင်တာ အကောင်းဆုံးပါ။ (၆) အလုပ်အကြောင်းပဲ တွေးနေတတ်တယ် အထက်မှာ ပြောခဲ့တာက အမြဲတမ်း၊ မနားတမ်း အလုပ်လုပ်နေကြတယ်၊ အခုက အလုပ်ခွင်ထဲမှာ မဟုတ်တော့သည့်တိုင်အောင် အလုပ်အကြောင်းပဲ အမြဲ တွေးနေခြင်းမျိုးပါ။ အလုပ်ချိန်မှာ အလုပ်ပဲ လုပ်ပါ၊ အားလပ်ရက်မှာ အပန်းဖြေပါ၊ နောက်ထပ် နေ့ရက်တွေအတွက် အားအင်သစ်တွေ ရလာစေပါတယ်။ (၇) အပျင်းထူကြတယ် လူပြိန်းတွေမှာ အပျင်းထူတဲ့ အကျင့်လည်း ရှိကြပါတယ်။ တကယ်တမ်းက အားလပ်ရက်ဆိုတာ အပန်းဖြေဖို့ပါ။ မိသားစုကို အချိန်ပေးမယ်၊ မိမိ နှစ်သက်ရာ ခရီးတခုခုကို သွားမယ်ပေါ့။ ဒါပေမယ့် ပျင်းတဲ့သူတွေကတော့ ပြစရာ အကြောင်းရင်း မရှိဘဲ အားလပ်ရက်ကို ကုန်ဆုံးစေပါတယ်။ ကျွန်တော်တို့ဆီမှာတော့ တစ်ကိုယ်တည်း အခန်းအောင်းပြီး အိပ်နေကြ တယ်ပေါ့။ တကယ်တော့ စိတ်အပန်းပြေမှု ရှာရမှာပါ။ ပျော်အောင်နေပါ။ အပျင်းမထူပါနဲ့၊ အလုပ်ချိန်လည်း မပျက်ပါစေနဲ့။ (၈) လူမှုရေးနည်းကြတယ် အားလပ်ရက်မှာ Social Media ကနေပဲ ဖြစ်ဖြစ် အခြား ချိတ်ဆက်စနစ်တွေကနေပဲ ဖြစ်ဖြစ် မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ချိတ်ဆက် စကားပြောတာ၊ ချိန်းဆို တွေ့ဆုံတာတွေ လုပ်ဆောင်သင့်ပါတယ်။ ဒါမှလည်း အပျော်တွေ ရလာနိုင်မယ့် နည်းတနည်း ဖြစ်လာမှာပါ။ ဒါပေမယ့် လူပြိန်းတွေကတော့ လူမှုရေးနည်းတယ်လို့ ခေတ်စကားနဲ့ ဆိုရပါမယ်။ မိမိကနေ ကျွေးရမှာ စိုးလို့လား၊ အိမ်ခေါ်မလည်ချင်လို့လား၊ အကြောင်းတခုခုနဲ့ မခေါ်၊ မပြော၊ မဆုံဖြစ်ကြပါဘူး။ ဒါဆိုရင်တော့ ဘဝမှာ အပေါင်းအသင်းလည်း နည်းစေနိုင်သလို အားလပ်ရက်တွေမှာလည်း အပျော်တွေ နည်းသွားစေနိုင်ပါတယ်။ (၉) စူးစမ်းလိုစိတ်နည်းတယ် အားလပ်ရက်တွေဆိုတာ လူတယောက်အတွက် အတွေ့အမြင်သစ် ရရှိမယ့် နေရာကို ခရီးသွားတာတွေ၊ မစားဘူးသေး တဲ့ဆိုင်မှာ သွားထိုင်တာတွေ၊ အပန်းဖြေဖို့အတွက် ကမ်းခြေကို ခရီးထွက်ဖို့ အချိန်ကောင်းကောင်းရတဲ့ ကာလပါ။ ဒါပေမယ့် လူပြိန်းတွေကတော့ စူးစမ်းလိုစိတ် နည်းပါတယ်။ လူပျင်း ကျောခင်း ဆိုသလိုပဲ အိပ်ယာထဲမှာပဲ အချိန်ကုန်စေမှု များပါတယ်။ စူးစမ်းဖို့ဆိုတာ အတွေ့အမြင်သစ် ရှာဖို့ပါ။ ခရီးသွားရ ဝါသနာပါရင် ခရီးသွားပါ၊ အစားအသောက် ကောင်းကောင်း နှစ်သက်ရင် ဆိုင်သစ်ရှာဖွေ စားသောက်ပါ။ ဒီလိုပဲ မိမိ ဝါသနာပါရာလည်း လုပ်နိုင်ပါတယ်။ ဈေးဝယ်ထွက်မယ်၊ ဂေါက်ရိုက်မယ်၊ စာဖတ်မယ်၊ ပန်းချီဆွဲမယ်၊ တခုခုပေါ့။ အိပ်ယာထဲတော့ ခွေမနေပါနဲ့။ (၁၀) ကြိုတင်တွေးတောမှု မရှိဘူး အကြံပိုင်တချက်ဆိုတဲ့ မြန်မာစကား ရှိပါတယ်။ စိတ်ကူးနဲ့ အကြံကနေ လက်တွေ့အကောင်အထည်ဖော်ဆောင်ပြီး အောင်မြင်မှုကို ရယူရပါတယ်။ ဒါပေမယ့် လူပြိန်းတွေမှာတော့ အနာဂါတ်အတွက် အကြံဆိုတာ မရှိပါဘူး။ အချိန်တိုင်း တွေးဆနေဖို့ မဆိုလိုပါဘူး။ လက်ရှိ အလုပ်ထက် သာလွန်အောင်မြင်ဖို့၊ လက်ရှိ နေထိုင်မှုထက် ပိုမို အဆင့်မြင့်အောင် နေထိုင်နိုင်ဖို့ စတဲ့ စိတ်ကူး အကြံတွေ အားချိန်မှာတွေးပါ၊ လက်တွေ့ဆန်ဆန် တွေးဆပြီး အောင်မြင်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ (၁၁) အချိန်ကို တန်ဖိုးမထားတတ်ကြဘူး အချိန်ဟာ ပြန်လည်လို့ အစားထိုးမရနိုင်တဲ့ အရာတခုပါ။ အောင်မြင်နေသူ အများစုဟာ ဒီအချက်ကို ကောင်းကောင်း သဘောပေါက်ကြပေမယ့် လူပြိန်းတွေကတော့ အချိန်ကို တန်ဖိုးထားရကောင်းမှန်း မသိကြပါဘူး။ အားချိန်တွေကိုလည်း စားလိုက်၊ သောက်လိုက်၊ အပျော်တွေပဲ ရှာနေလိုက်နဲ့ ကုန်ဆုံးစေတတ်ကြပါတယ်။ အချိန်ကို တန်ဖိုးထားပြီး ဘဝအတွက် အောင်မြင်ဖို့ လုပ်ဆောင်သင့်ပါတယ်။ Ref: http://ift.tt/eKERsB The post လူပြိန်းတွေရဲ့ အကျင့်များ appeared first on ဧရာဝတီ.
Source : http://ift.tt/2Bpsn1Q
via IFTTT
Friday, December 1, 2017
ကမ္ဘာ့ အကြီးဆုံး အားကစားဝတ်စုံထုတ် ကုမ္ပဏီ နှစ်ခုရဲ့ ရာဇဝင် ကမ္ဘာပေါ်မှာ ဒီနေ့ခေတ် လူအများဆုံး စိတ်အဝင်စားဆုံးက အားကစားနဲ့ နည်းပညာ လို့ ဆိုနိုင်ပါတယ်။ လူတိုင်း ဖုန်း၊ ကွန်ပျူတာကနေ TV, Air-Con ထိအောင် နည်းပညာ ပစ္စည်းတွေကို သုံးတယ်၊ အားလပ်ချိန်တွေမှာ ကိုယ်တိုင်လည်း အားကစား လေ့ကျင့်ခန်းတွေ လုပ်တယ်၊ အားပေးကြတယ်။ အခုတော့ နည်းပညာအကြောင်း မပြောသေးဘဲ အားကစား ဘက်ကို ကြည့်ရအောင်ပါ။ အားကစားလုပ်ဖို့ ဝတ်စုံတွေ၊ ဖိနပ်တွေ၊ အခြား အကူပစ္စည်းတွေကို ဘယ်သူတွေ ထုတ်လုပ်ပါသလဲ။ လူသိများ တာက Puma, Nike နဲ့ Adidas တို့လို တံဆိပ်တွေပေါ့။ ဒါပေမယ့် နိုင်ငံအလိုက်ရော ကမ္ဘာမှာရော နာမည်ကျော် အားကစား ဝတ်စုံထုတ် ကုမ္ပဏီပေါင်း ဆယ်ဂဏန်းကျော်က ကမ္ဘာ့ဈေးကွက်ကို ချုပ်ကိုင်ထား ပါတယ်။ ဘယ်သူက အင်အား အကြီးဆုံး အားကစားဝတ်စုံထုတ် ကုမ္ပဏီပါလဲ။ နာမည်ကျော် သတင်းအချက်အလက်ပြ Website တခု ဖြစ်တဲ့ Statista မှာတော့ ကုန်ထုတ်လုပ်မှုနဲ့ အတူ ပြန်လည် ဝင်ငွေ ရရှိမှု အပေါ်မှာ မူတည်ပြီးတော့ အင်အား အကြီးဆုံး အားကစားဝတ်စုံ ထုတ်လုပ်သူကို ပြောထားတာကတော့ Nike ကုမ္ပဏီပါ။ ၂၀၁၆ ခုနှစ်မှာလည်း အင်အား အကြီးဆုံး ဖြစ်သလို အခုနှစ် အတွင်းမှာလည်း ပျမ်းမျှ ဒေါ်လာ ၃၄ ဒသမ ၃၅ ဘီလီယံဖိုးထိ ရောင်းချရပြီး ဝင်ငွေရနိုင်လိမ့်မယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။ Nike နဲ့ အနီးစပ်ဆုံး ပြိုင်ဘက်ကတော့ Adidas ဖြစ်ပါတယ်။ ၂၀၁၃-၁၄ ခုနှစ်တွေမှာ ဆိုရင် ဒီကုမ္ပဏီ နှစ်ခုပေါင်း ဝင်ငွေက ဒေါ်လာဘီလီယံ ၅၀ ဖိုးလောက်ထိ ရခဲ့ပြီး အနီးစပ်ဆုံး ပြိုင်ဖက်တွေ အဖြစ် ရှိလာခဲ့ကြတာပါ။ ဝင်ငွေ ရနှုန်းတွေ အရတော့ ဒီကုမ္ပဏီ နှစ်ခုက သိပ်မကွာကြပါဘူး။ Nike ရဲ့ ဝင်ငွေ အများဆုံး ရရှိ လူကြိက်များတဲ့ ထုတ်ကုန်ကတော့ အားကစားသုံး ဖိနပ်တွေဲ ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၁၃ ခုနှစ် အတွင်း Nike က ဖိနပ်တမျိုးတည်း ရောင်းရငွေ ဒေါ်လာ ၁၅ ဘီလီယံ ရှိချိန်မှာ Adidas ကတော့ ဖိနပ်ရောင်းရငွေ ၉ ဒသမ ၄၆ ဘီလီယံပဲရှိလို့ အဆိုပါ အချိန်ကနေစပြီး အသာစီး ရလာတယ် လို့လည်း ဆိုနိုင်ပါတယ်။ Adidas ကတော့ ဥရောပမှာ လူကြိုက်အများဆုံး အမှတ်တံဆိပ် အဖြစ် ရှိနေသေးပေမယ့် ကမ္ဘာ့အဆင့် ဝင်ငွေ ရရှိမှု အပိုင်းမှာတော့ Nike နောက်မှာ ရှိနေပါသေးတယ်။ Adidas အမှတ်တံဆိပ် တခုတည်း တန်ဖိုးတင် ၂၀၁၃ ခုနှစ် ကတည်းက ယူရို ၁၁ ဘီလီယံထိ တန်ဖိုးရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ ဈေးကွက် ပိုင်ဆိုင်မှု အနေအထားမှာ Adidas က ဥရောပဈေးကွက် တခုလုံးရဲ့ ၃၂ ရာခိုင်နှုန်း၊ မြောက်အမေရိက ဈေးကွက်ရဲ့ ၁၈ ရာခိုင်နှုန်းနဲ့ တရုတ်ပြည်မကြီး ဈေးကွက်ရဲ့ ၁၆ ရာခိုင်နှုန်းလောက် ရရှိထားပါတယ်။ ဆက်ပြီးတော့ ဗဟုသုတအနေနဲ့ Nike နဲ့ Adidas အကြောင်း ပြောပြပါဦးမယ်။ Nike Inc. လို့ ခေါ်တဲ့ အားကစားဝတ်စုံ ထုတ် ကုမ္ပဏီက အမေရိကန်မှာ အခြေစိုက်ပါတယ်။ ဒီဇိုင်းရေးဆွဲမှုကနေ ထုတ်လုပ်ဖြန့်ချိ ရောင်းချမှု အားလုံး ကုမ္ပဏီက လုပ်ဆောင်ပါတယ်။ အမေရိကန် အော်ရီဂွန်ပြည်နယ် Beaverton မှာ ရုံးချုပ်ရှိပါတယ်။ ကမ္ဘာနဲ့ အဝှမ်း ဝန်ထမ်းအင်အား ၂၀၁၅ အတွင်းမှာတောင် ၆၂၆၀၀ လောက်ရှိပါတယ်။ အမှတ်တံဆိပ် တန်ဖိုးက ၂၀၁၄ ခုနှစ်မှာတင် ဒေါ်လာ ၁၉ ဘီလီယံလောက် တန်နေပါပြီ။ အခုနှစ် စာရင်းတွေ အရတော့ Nike ရဲ့ တန်ဖိုးက ၂၉ ဒသမ ၆ ဘီလီယံထိ တန်ဖိုးရှိနေပြီလည်း ဖြစ်ပြီး အားကစားဝတ်စုံထုတ် အမှတ်တံဆိပ်တွေထဲမှာ တန်ဖိုးအမြင့်ဆုံး ဖြစ်လာပါတယ်။ ၁၉၆၄ ခုနှစ်ကနေ ၁၉၇၁ ခုနှစ် အတွင်း Blue Ribbon Sports လို့ ခေါ်ခဲ့သေးပါတယ်။ နောက်မှ အမည်ပြောင်းလဲလာတာ ဖြစ်သလို ကုမ္ပဏီကို ၁၉၆၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှာ တည်ထောင်ခဲ့လို့ သက်တမ်း ၅၃ နှစ် ရှိပါပြီ။ တည်ထောင်သူတွေက Bill Bowerman နဲ့ Phil Knight တို့ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကုမ္ပဏီရဲ့ ရှယ်ယာအများဆုံးကို Phil Knight ရဲ့ မိသားစုတွေက ပိုင်ဆိုင်ထားပါတယ်။ Adidas နဲ့ ပတ်သတ်ရင်တော့ Adidas AG အမည်နဲ့ ကုမ္ပဏီကနေ Adidas တံဆိပ်နဲ့ အားကစားဝတ်စုံတွေ ထုတ်လုပ် ပါတယ်။ ဂျာမနီ အခြေစိုက် ကုမ္ပဏီ ဖြစ်ပြီး ဥရောပမှာ အကြီးဆုံး အားကစားဝတ်စုံ ထုတ်လုပ်သူ အဖြစ်နဲ့ ကမ္ဘာမှာတော့ Nike ရဲ့ နောက်မှာ ဒုတိယလိုက် နေပါတယ်။ ၁၉၂၄ ခုနှစ်ကနေ ၁၉၄၉ ခုနှစ် အထိေ အမှတ်တံဆိပ်ကို Dassler Schuhfabrik အဖြစ် ခေါ်ခဲ့ပါသေးတယ်။ ၁၉၂၄ ခုနှစ် ဇူလိုင်ကတည်းကတည်ထောင် လုပ်ကိုင်နေတာ ဖြစ်လို့ Nike ထက် သက်တမ်းရင့်ပြီး ၉၃ နှစ်တာကာလထဲရောက်နေပါပြီ။ Adidas အဖြစ်နဲ့တော့ ၁၉၄၉ ခုနှစ် သြဂုတ် ၁၈ ရက်မှာ အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့တာမို့ Adidas အမည်နဲ့ သက်တမ်းက ၆၈ နှစ် ရှိနေပြီ ဖြစ်ပါတယ်။ ကုမ္ပဏီကိုတည်ထောင်သူက Adolf Dassler ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ Herzogenaurach မှာ ရုံးချုပ် ရှိပါတယ်။ ၂၀၁၄ ခုနှစ် စာရင်းတွေ အရတော့ Adidas မှာ ဝန်ထမ်းအင်အား ၅၃၇၀၀ ကျော် ရှိပါတယ်။ လက်ခွဲ အမှတ်တံဆိပ်တွေ အဖြစ် Reebok, Runtastic နဲ့ Matix လို တံဆိပ်တွေနဲ့ ထုတ်ကုန်တွေ ထုတ်လုပ်မှု ရှိပါသေးတယ်။ နာမည်ကျော် ဂျာမနီဘောလုံး အသင်း ဘိုင်ယန်မြူးနစ်မှာ ပိုင်ဆိုင်မှု ၈ ဒသမ ၃၃ ရာခိုင်နှုန်းထိ ရှိထားပါတယ်။ ၂၀၁၆ ခုနှစ် တနှစ်တည်းမှာတင် ကုမ္ပဏီက ဝင်ငွေ ယူရို ၁၉ ဒသမ ၂၉ ဘီလီယံလောက် ရှိတယ် လို့ စာရင်းတွေ အရ သိရပါတယ်။ Ref: www.statista.com The post ကမ္ဘာ့ အကြီးဆုံး အားကစားဝတ်စုံထုတ် ကုမ္ပဏီ နှစ်ခုရဲ့ ရာဇဝင် appeared first on ဧရာဝတီ.
Source : http://ift.tt/2j79wBR
via IFTTT
Source : http://ift.tt/2j79wBR
via IFTTT
ကမ္ဘာ့ဘဏ်၏ Ease of Doing Business Index အရ အာရှနိုင်ငံများ တွင် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသဖြင့် အရေးတကြီး လုပ်ဆောင် ကြရမည့် အခြေအနေရောက်နေ ကမ္ဘာ့ဘဏ်၏ Ease of Doing Business Index တွင် မြန်မာနိုင်ငံက ၁၇၁ ရရှိပြီး အာရှ နိုင်ငံများတွင် နောက်ဆုံး အဆင့်သို့ရောက်ရှိနေသဖြင့် အရေးတကြီး လုပ်ဆောင်ကြရမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း စီးပွား / ကူသန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ကုန်သွယ်ရေးနှင့် စီးပွားရေး လုပ်ငန်းများ မြှင့်တင်ရေး အထူးလုပ်ငန်း အဖွဲ့က ပြုလုပ်သည့် Ease of Doing Business ကိစ္စရပ်များ ညှိနှိုင်း အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ Ease of Doing Business Index အရ မြန်မာနိုင်ငံ၏ Ease of Doing Business သည် ၂၀၁၄ ခုနှစ် ကစပြီး တိုးတက်လာသည်ဆိုသော်လည်း သိသိသာသာ တိုးတက်မှု မရှိသည်ကို တွေ့ရသည်။ ထို Index ပေါ် မူတည်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်မှုများ တိုးပွားလာနိုင်ကြောင်း၊ နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အထောက်အကူ ပြုနိုင်သကဲ့သို့ အလုပ်အကိုင် ဖန်တီးနိုင်မှု၊ ပြည်သူပြည်သားများ၏ သာယာ ဝပြောမှုတို့ကို အထောက်အကူပြုမည် ဖြစ်သည်။ အရပ်က ခေါ်ဝေါ်ကြသည့် ကြိုးနီ စနစ်များကို လျှော့ချပြီး မြန်မြန်ဆန်ဆန် လုပ်ကိုင် နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးရမည် ဖြစ်ကြောင်း၊ ထိုသို့ မဖန်တီးနိုင်ခြင်း မှာ ပြည်သူပြည်သား ပိုပြီး ဆင်းရဲအောင် အလုပ်အကိုင် အခွင့်အလမ်း မရအောင် လုပ်ပေးနေသည့် သဘောမျိုးပင် ဖြစ်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ “Ease of Doing Business” တိုးတက် ကောင်းမွန်လာရေးအတွက် ပြုပြင်ပြောင်းလဲ မှုများတွင် ဝန်ထမ်းအားလုံးက အလေးထား ဆောင်ရွက်ကြစေလိုကြောင်း လည်းဒုတိယဝန်ကြီး ဦးအောင်ထူးကပြောသည်။ “လက်ရှိအဆင့်ကို ကျော်လွန် တိုးတက်လာစေဖို့ မဖြစ်မနေ ဆောင်ရွက်ကြရပါမယ်၊ ဒီလို မဖြစ်မနေ လုပ်ဆောင်ဖို့ ဆန္ဒနည်းပါးနေတယ်ဆိုရင် .. လုပ်ချင်စိတ် မရှိဘူးဆိုရင်တော့ ပြည်သူတွေကို အလေးထားရာ မရောက်ပါဘူး၊ ပြည်သူတွေရဲ့ ဆင်းရဲ မွဲတေမှုကို လျှော့ချဖို့၊ အလုပ် အကိုင် အခွင့် အလမ်း ဖန်တီးမှုတွေ ပြည်သူတွေရဲ့ သာယာဝပြောမှုတွေကို လျစ်လျူရှုရာ ရောက်ပါတယ်၊ ပြည်သူ တွေရဲ့ အခွန်ကို စားနေတဲ့ ဝန်ထမ်းတွေအနေနဲ့ တာဝန်ကျေရာ မကျဘူး လို့ ကျွန်တော် ခံယူပါတယ်၊ ဒါကြောင့် ဒီကိစ္စဟာ အရေးတကြီး ဆောင်ရွက်ရမယ့်ကိစ္စပါ၊ ဒါကို မဆောင်ရွက်နိုင်သမျှ ပြည်သူတွေ ဟာ ဆင်းရဲနွမ်းပါးမှု သံသရာမှာ နစ်သထက်နစ်သလို ဖြစ်နေပါမယ်၊ ဒါကို ကျွန်တော်တို့က ပိုမို ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးကြရပါမယ်၊ ဒီလို ဖန်တီးနိုင်ဖို့ Commitment ပေးပြီး အလေးထား ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်”ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ Ease of Doing Business Index အထောက်အကူပြု ဌာန ဆယ်ခုတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်အတူ ကမ္ဘာ့ဘဏ် အုပ်စုမှ ပုဂ္ဂလိက ကဏ္ဍ ကျွမ်းကျင်ပညာရှင် Mr. Jose Ricardo Silva, Doing Business ဆိုင်ရာ အတိုင်ပင်ခံ Mr. Antony Dickison တို့တက်ရောက်ခဲ့ကြသည်။ The Ladies News
Source : http://ift.tt/2zGEPJR
via IFTTT
Source : http://ift.tt/2zGEPJR
via IFTTT
ကျနော်တို့ ရည်မှန်းချက်က မြန်မာနိုင်ငံမှာ လူတိုင်း Viber ကို အသုံးပြုဖို့ပါ မက်ဆေ့ချ်ပေးပို့ခြင်း နှင့် VoIP (အင်တာနက် ကဲ့သို့သော ကွန်ရက်များမှ တဆင့် အသံဖြင့် ဆက်သွယ်ခြင်း၊ မာလ်တီ မီဒီယာ ဖြင့်ဆက်သွယ်ခြင်းများ ပြုလုပ်ခြင်း) အပလီကေးရှင်းတခု ဖြစ်သော Viber သည် စတင်တည်ထောင် ခဲ့သည့် ၂၀၁၀ ခုနှစ်မှ စ၍ ၇ နှစ်အတွင်းတွင် သုံးစွဲသူ သန်း ၉၀၀ အထိရောက်ရှိလာခဲ့ သည်။ မြန်မာနိုင်ငံတွင် တယ်လီဖုန်း ဆက်သွယ်ရေး ဈေးကွက်ကို ဖွင့်လှစ်ခဲ့ပြီးသည့် နောက်ပိုင်းတွင်လည်း Viber က ဈေးကွက်ကို ဦးဆောင်သူ နေရာကို ရရှိခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဧရာဝတီသတင်းဌာန မြန်မာပိုင်း အယ်ဒီတာ ရဲနည်က Viber ၏ တောင်အာရှ နှင့် အရှေ့တောင် အာရှ လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ အကြီးအကဲ Anubhav Nayyar နှင့် တွေ့ဆုံ၍ ကုမ္ပဏီ၏ ဗျူဟာများ နှင့် ပြည်တွင်း အဆင့်နှင့် ကမ္ဘာ့အဆင့် အစီအစဉ်များကို မေးမြန်းခဲ့ပါသည်။ မေး ။ ။ မက်ဆေ့ချ်နှင့် VoIP ထိပ်တန်း အပလီကေးရှင်း တခု အနေနဲ့ Viber ရဲ့ ကမ္ဘာ့အတိုင်းအတာအရ အောင်မြင်မှုနဲ့ လက်ရှိ အနေအထားကို Viber က ဘယ်လို ရရှိလာသလဲ ဆိုတာကို အတိုချုပ် ပြောပြပေးပါ။ ဖြေ ။ ။ Viber က သက်တမ်း ၇ နှစ် ရှိပါပြီ။ တကယ်တော့ ၇ နှစ် ပြည့် အခန်းအနားကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒါက ၇ နှစ် သက်တမ်းရှိ အပလီကေးရှင်း တခုပါ။ ၂၀၁၀ မှာ တည်ထောင်ခဲ့ပါတယ်။ သုံးစွဲသူ သန်း ၉၀၀ နီးပါး အထိရောက်ရှိခဲ့ပါပြီ။ ကျနော်တို့ကို ထူးခြားစေတာကတော့ ကမ္ဘာတလွှားမှာ ခိုင်မာတဲ့ ဈေးကွက်တွေ ရှိနေတာပါပဲ။ အရှေ့တောင်အာရှမှာ အင်အားကောင်းပါတယ်။ တကယ်လို့ တောင်အာရှ ဘက်ကိုသွားမယ် ဆိုရင် သီရိလင်္ကာ၊ နီပေါ စသဖြင့် ရှိပါတယ်။ အနောက်ဘက်ကို ထပ်ပြီးသွားမယ် ဆိုရင် ရုရှား၊ ယူကရိန်း တွေမှာ ကျနော်တို့ အင်အား ကောင်းတဲ့ ဈေးကွက် ရှိပါတယ်။ အထက်ဘက် ဥရောပအရှေ့ပိုင်းမှာ ကျနော်တို့က ဈေးကွက်ကို ဦးဆောင်သူတွေပါ။ အမေရိကန်မှာလည်း ကျနော်တို့ ဈေးကွက်တချို့ ရထားပါတယ်။ ကျနော်တို့ ပျော်ရွှင်ရတာကတော့ တကမ္ဘာလုံးက ပြည်သူတွေက ဈေးကွက်တွေ အတွင်းမှာ Viber အသုံးပြုရတာကို နှစ်ခြိုက်ကြခြင်းပဲ ဖြစ်ပါတယ်။ တကယ်လို့ ဒါကို သေသေချာချာ ကြည့်မယ် ဆိုရင် … ၊ မြန်မာနိုင်ငံကို ကြည့်မယ် ဆိုရင် … ဒီမှာ အသုံးပြုသူတွေက ဝန်ဆောင်မှုကို အလွန် ကျေနပ်ကြတယ်၊ Viber ကို နှစ်ခြိုက်ကြတယ် ဆိုတာကို တွေ့ရှိရတဲ့ အတွက် Viber အတွက် အလွန် အရေးကြီး တဲ့ ဈေးကွက်တခု ပါ။ ဒီနိုင်ငံမှာ အချိန်နဲ့ အရင်းအမြစ်တွေ ရင်းနှီးမြှုပ်နှံရတဲ့ အတွက် ကျနော်လို့ ပျော်ရွှင်ရပါတယ်။ မေး ။ ။ အစပိုင်းမှာ ခင်ဗျားတို့ရဲ့ ရပ်တည်မှုက အကန့်အသတ်ရှိနေခဲ့တယ် လို့ သိထားပါတယ်။ ခုချိန်မှာတော့ အထူးသဖြင့် အာရှမှာ Line ၊ FB Messenger ၊ WeChat အစရှိသဖြင့် တခြား အပလီကေးရှင်းတွေ အများကြီး ရှိနေပါ တယ်။ ကမ္ဘာ့အဆင့်နဲ့ ဒေသတွင်း အဆင့် ယှဉ်ပြိုင်မှုမှာ ခင်ဗျားတို့ရဲ့ အားသာချက်ကို အတိုချုပ် ရှင်းပြပေးပါ။ ဖြေ ။ ။ ဆိုရှယ်မီဒီယာ chat မှာ ဝန်ဆောင်မှု ပေးသူတွေ အများကြီး ရှိပါတယ်။ ကျနော်တို့ အတွက်ကတော့ ကျနော်တို့ချင်း ကွဲပြား ခြားနားတဲ့ အရာတွေ အများကြီးကို ကြည့်ပါတယ်။ နံပါတ်တစ်၊ ကျနော်တို့က ပြည်တွင်း အဆင့်နဲ့ ဆက်စပ် နေတဲ့ နှစ်သက်ဖွယ်ရာ ဖြစ်တဲ့ အသွင်အပြင်တွေ (features) ကို ပေးပါတယ်။ ဒါကြောင့် တခါတလေမှာ feature တခုက မြန်မာနိုင်ငံမှာ အလွန် လူကြိုက်များ ပေမယ့် ဥရောပအရှေ့ပိုင်းနိုင်ငံတခုနဲ့ လုံးဝကို မအပ်စပ်တာမျိုးတွေ ရှိနိုင်ပါတယ်။ အမေရိကန်မှာ အလွန်လူကြိုက်များတာ တခုကလည်း ဒီမှာ သိပ်ပြီး မအပ်စပ်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့က အဆက်မပြတ် တီထွင် ဆန်းသစ်နေရုံသာ မဟုတ်ဘဲ အလွန်ကို စပ်ဆိုင်မှုရှိတဲ့ နည်းလမ်းနဲ့ တီထွင် ဆန်းသစ်ခြင်းက နံပါတ်တစ် ဖြစ်ပါတယ်။ ကျနော်တို့ကို အမှန်တကယ်ကို ကွဲပြားစေပါတယ်။ ဒါက ကမ္ဘာရဲ့ ကွဲပြားတဲ့ အစိတ်အပိုင်းတွေမှာ ကျနော်တို့က အောင်မြင်နေရခြင်းနဲ့ တခြား သူတွေနဲ့ ကျနော်တို့ကို ကွဲပြားခြားနားစေခြင်း အကြောင်း ဖြစ်တဲ့ အတွက် ကျနော်တို့ အလွန်ဂုဏ်ယူရတဲ့ အပိုင်း ဖြစ်ပါတယ်။ ဒုတိယ အချက်က ဒေသတွင်းမှာ အသုံးပြုနိုင်အောင် ဖန်တီးရေး Localization က အလွန်အရေးကြီး ပါတယ်။ ကမ္ဘာအနေနဲ့ရော ဒေသ အလိုက်ရော ဆီလျော်နေဖို့ သေချာစေဖို့ ကျနော်တို့မှာ Glocalization ဆိုတဲ့ အသုံးအနှုံး ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ က တိုင်းပြည်ကို လိုက်ပြီး အပြောင်းအလဲ ရှိတဲ့ ဒေသနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေ၊ ဒေသတွင်း မိတ်ဖက်တွေ အများကြီး ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဥပမာပေးရမယ် ဆိုရင် ကျနော်တို့က မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အဖွဲ့ အစည်းအမျိုးမျိုး၊ စီးပွားရေး လုပ်ငန်း အမျိုးမျိုးနဲ့ စီးပွားဖက် ပါတနာ ပြုလုပ်ခဲ့ပါတယ်။ တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီတွေ၊ မီဒီယာနဲ့ ကုန်အမှတ်တံဆိပ်တွေ အစရှိသဖြင့် ပါ။ ဒါပေမယ့် အဲဒီလောက်တင် မဟုတ်ဘဲ ဒေသတွင်းမှာ လူကြိုက်များတဲ့ လွှမ်းမိုးမှုရှိတဲ့ နာမည်ကြီး တချို့နဲ့လည်း ချိတ်ဆက်ခဲ့ပါတယ်။ ဥပမာ စိုင်းစိုင်းနဲ့ ဖွေးဖွေး တို့လိုမျိုးပါ။ သူတို့က မကြာသေးမီကမှ ကျနော်တို့နဲ့ ပါတနာ ဖြစ်ခဲ့တဲ့ သူတွေ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ တိုင်းပြည်တိုင်းက လူတွေက သူတို့နဲ့ အလွန်သက်ဆိုင်တဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကို လိုချင်ကြတယ်။ ဒါကြောင့် အဲဒါက အလွန်ကို အထောက်အကူ ဖြစ်စေတယ်လို့ ကျနော်ထင်ပါတယ်။ Viber အတွင်းမှာ ဒေသအလိုက် အသုံးပြုနိုင်တဲ့ စတစ်ကာတွေလည်း ကျနော်တို့မှာ ရှိခဲ့ပါတယ်။ ကျနော်တို့မှာ ဒေသအတွက် ဖြစ်တဲ့ (လူတိုင်း ပါဝင်နိုင်တဲ့) public account တွေနဲ့ တခြား ဒီလို ဝန်ဆောင်မှုတွေ ရှိပါတယ်။ ဒါကြောင့် ဒေသတွင်းမှာ အသုံးပြုနိုင်အောင် လုပ်ပေးခြင်းက အလွန် အရေးပါတယ် လို့ ကျနော်ပြောချင်ပါတယ်။ ကျနော်တို့ကို တကယ်ကွဲပြားစေတဲ့ တတိယ အချက်ကတော့ ကျနော်တို့ လုပ်တာ၊ အနည်းဆုံးပြောရရင် ကျနော်တို့ အားထုတ်ခဲ့တာက ကျနော်တို့ရဲ့ သုံးစွဲသူတွေနဲ့ အလွန်ကို နီးစပ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က အသုံးပြုသူတွေရဲ့ တုံ့ပြန်မှုကို အထူး အလေးထားပြီး ရယူပါတယ်။ အသုံးပြုသူတွေရဲ့ တုံ့ပြန်မှုကြောင့် ဖြစ်လာတဲ့ တိုးတက်ပြောင်းလဲမှုတွေ အများကြီး ရှိပါတယ်။ ကျနော်တို့က အသုံးပြုသူတွေရဲ့ တုံ့ပြန်မှု အများကြီး ရယူပြီး တီထွင်ဆန်းသစ်မှုတွေ ပြု လုပ်လေ့ ရှိပါတယ်။ ကျနော် ပြနိုင်တဲ့ ဥပမာလေး တခုကတော့ ဒီဒေသတွင်းက ဈေးကွက်တွေထဲက တခုမှာ ဖြစ်ပါတယ်။ ကျနော်တို့မှာ စတစ်ကာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီ စတစ်ကာတွေ ကြားထဲမှာ ဘာပို့ရမလဲ ဆိုတာကို လိုက်ရှာနေရတယ် လို့ သူက ပြောတယ်။ အဲဒါကြောင့် ကျနော်တို့ ဒီစာလုံးကို ရိုက်ထည့်ပြီး ရှာလိုက်တာနဲ့ အဲဒီ စကားလုံး အတွက် စတစ်ကာတွေကို ရှာပေးတဲ့ feature ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါကြောင့် တကယ်လို့ ကျနော်က Hi လို့ ရိုက်လိုက်မယ် ဆိုရင် Hi လို့ ပြောတဲ့ စတစ်ကာတွေ ရပါလိမ့်မယ်။ သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုက အလွန်အရေးကြီးကြောင်း ပြနိုင်တဲ့ ဥပမာတွေ အများကြီး ရှိပါ တယ်။ ဒါကြောင့် ပြောရမယ် ဆိုရင် ဒီ ၃ ချက်က ကျနော်တို့ကို အမှန်တကယ် ကွဲပြားခြားနားစေတာ ဖြစ်ပါတယ်။ မေး ။ ။ ၂၀၁၄ ခုနှစ် က မြန်မာနိုင်ငံမှာ Viber က ဈေးကွက်ကို ၇၉ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ခဲ့တယ် လို့ ကျနော်တို့ သိရပါတယ်။ ၂၀၁၇ ခုနှစ် အနေအထားကို ရှင်းပြပေးနိုင်ပါသလား။ အလားတူ အခြေအနေကို ဆက်ပြီး ထိန်းသိမ်းထားဆဲပဲလား။ ဖြေ ။ ။ ကောင်းပါပြီ။ ဒါကို ကြည့်ဖို့ နည်း ၂ နည်း ရှိပါတယ်။ တခုကတော့ ကံမကောင်းစွာနဲ့ပဲ ဈေးကွက်အတွင်းမှာ တရားဝင် ထုတ်ပြန်ထားတဲ့ အစီရင်ခံစာ မရှိပါဘူး။ ဒီမှာတင် မဟုတ်ပါဘူး။ ကမ္ဘာမှာလည်း message ပို့တဲ့ ကိစ္စနဲ့ ပတ်သက်ရင် များသောအားဖြင့် ဒီလိုပါပဲ။ ဒါက အလွန်ကို ကိုယ်ရေးကိုယ်တာ ဆန်ပါတယ်။ ဒါကြောင့် တခါတရံမှာ ခြေရာခံဖို့ ဘယ်သူ့အတွက်မဆို ခက်ခဲပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အပလီကေးရှင်းတွေ မျိုးစုံ သုံးနေတဲ့ လူတွေ အများကြီး ရှိနေလို့ပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ကျနော်တို့အတွက် စိန်ခေါ်မှုက ဈေးကွက်ကို ဦးဆောင်နေသူ အနေနဲ့ ကျနော်တို့ အတွက် စိန်ခေါ်မှုက လူတွေ Viber ကို ပိုပိုပြီး သုံးလာကြဖို့ ဖြစ်ပါတယ်။ အခြေခံအားဖြင့် ဆိုရင် ကျနော်တို့က အဲဒါကို အမြင် ၂ ခုက နေကြည့်ပါ တယ်။ လက်ရှိ သုံးစွဲနေကြသူတွေ ရှိပါတယ်။ ကျနော်တို့က ပိုပြီး ဆန်းသစ်တဲ့၊ သုံးဖို့ အဆင်ပြေတဲ့ features တွေ သူတို့ကို ဆက်ပြီး ပေးနေဖို့ လိုပါတယ်။ နောက်ပြီးတော့ ခုချိန်မှာ မြန်မာနိုင်ငံမှာ စမတ်ဖုန်းတွေကလည်း တကယ်ကို တိုးပွားလာနေပါတယ်။ အဲဒါက ဘာကို ဆိုလိုသလဲ ဆိုတော့ နေ့စဉ် နိုင်ငံအတွင်းမှာ စမတ်ဖုန်းတလုံးကို ကို ပထမဆုံး အဖြစ် စတင် အသုံးပြုတဲ့သူ ထောင်ပေါင်းများစွာ ရှိပါတယ်။ သူတို့က အင်တာနက်ကို ပထမဆုံး သုံးတဲ့ သူတွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့က ဒီမှာ အလွန် အားကောင်းတဲ့ ဈေးကွက်တခု ဖြစ်လာအောင်၊ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေ ပိုကျယ်ပြန့်လာ အောင် လုပ်ရင်း ကျနော်တို့ရဲ့ ဝန်ဆောင်မှုတွေက သူတို့နဲ့ အလွန်ကို အဆင်ပြေ အပ်စပ်အောင် ဆက်ပြီး ပေးနေဖို့ အရေး ကြီးပါတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ သူတိုင်း Viber ကို အသုံးပြုဖို့ ဖြစ်ပါတယ်။ ဧရာဝတီသတင်းဌာန မြန်မာပိုင်း အယ်ဒီတာ ရဲနည်က Viber မှ Anubhav Nayyar နှင့် တွေ့ဆုံမေးမြန်းစဉ်မျိုးမင်းစိုး/ဧရာဝတီ မေး ။ ။ ခင်ဗျားက မြန်မာနိုင်ငံဈေးကွက်ကို ကြည့်ပြီးပြီ။ မြန်မာဈေးကွက်က တခြားဒေသတွင်းနဲ့ ကမ္ဘာ့ဈေးကွက်တွေနဲ့ စာရင် သေးငယ်နေဆဲပဲလား။ Viber က မြန်မာနိုင်ငံမှာ ဘယ်လို ငွေရှာသလဲ ဆိုတာကိုလည်း ရှင်းပြနိုင်မလား။ ဖြေ ။ ။ ကျနော် နည်းနည်းတော့ ပြင်ပေးပါရစေ။ မြန်မာနိုင်ငံက သေးငယ်တဲ့ ဈေးကွက် မဟုတ်ပါဘူး။ ဒေသဆိုင်ရာ အမြင်ကနေ ပြောရမယ် ဆိုရင် မြန်မာက ကျနော်တို့ အတွက် အလွန် အရေးပါပါတယ်။ တကယ်လို့ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်ကနေ ကြည့်မယ်ဆိုရင်၊ ကျနော်က ဒီဒေသ တခုလုံးကို ကြည့်မယ် ဆိုရင် အများကြီး မဟုတ်ရင်တောင် အနည်းဆုံး တလကို တကြိမ်လောက် ကျနော် ခရီးတခု ထွက်နိုင်အောင် ကြိုးစားပါတယ်။ အနည်းဆုံးတော့ ကျနော်က ကျနော်တို့ရဲ့ ဖောက်သည်တွေနဲ့ တွေ့ဆုံနေပြီး၊ ကျနော့် အဖွဲ့ ကလည်း ခရီးတွေ သွားပြီး၊ လူတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံတွင်းက ပြည်သူတွေ ဘာလိုချင်သလဲ ဆိုတာကို သေချာအောင် ပြုလုပ်နေပါတယ်။ တိုင်းပြည်ကလည်း တိုးတက်မှု လျင်မြန်လွန်းနေတာ တွေ့ရပါတယ်။ စမတ်ဖုန်း ဈေးကွက် ထိုးဖောက်မှုက ပေါက်ကွဲနေတယ် လို့ ကျနော် ထင်ပါတယ်။ အခုဆိုရင် အင်တာနက်က တိုင်းပြည်ရဲ့ နေရာတိုင်းမှာ ရနေပါပြီ။ ဒါကြောင့် ကျနော်တို့ အတွက်ကတော့ နေရာကောင်းတခုမှာ ရှိနေပါတယ်။ ကျနော် တို့ရှေ့ဆက် ဆောင်ရွက်ဖို့လည်း အာရုံစူးစိုက်ရမယ့် အင်အားကောင်းတဲ့ နေရာတခု ဖြစ်ပါတယ်။ အကျိုးအမြတ်ရရှိမှု ကတော့ ကျနော်တို့ ငွေပြန်ရှာတဲ့ ဧရိယာ ၃ ခု ရှိပါတယ်။ ပထမတခုက Viber Out ပါ။ အဲဒီ feature က အလွန်ကို ရိုးရှင်းပါတယ်။ Viber အပလီကေးရှင်းကို သုံးပြီးတော့ ကမ္ဘာပေါ်က မည်သည့် ဖုန်းနံပါတ်ကို မဆို အဲဒီဘက်မှာ အင်တာနက် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ဗိုက်ဗာ ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ၊ စမတ်ဖုန်း ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ အလွန်သက်သာတဲ့ နှုန်းနဲ့ ဖုန်းခေါ်ဆိုနိုင်ပါတယ်။ ဒုတိယ တခုကတော့ စတစ်ကာ ပုံစံနဲ့ပါ။ ကျနော်တို့မှာ ပိုက်ဆံပေးရတဲ့ စတစ်ကာတွေနဲ့ လုံးဝ အခမဲ့ရတဲ့ စတစ်ကာတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒါကို (ငွေပေးရသော စတစ်ကာများကို အသုံးပြုတာ) သိပ်မတွေ့ပါဘူး။ ဥရောပ၊ အမေရိကန် နဲ့ စင်ကာပူ စတဲ့ တခြား အာရှနေရာတွေမှာပဲ လူတွေက စတစ်ကာအတွက် ငွေပေးတာ တွေ့ရပါတယ်။ ဒီမှာတော့ သိပ် မများပါဘူး။ တတိယကတော့ ကျနော်တို့က စီးပွားရေး လုပ်ငန်း အမျိုးမျိုးနဲ့ ပါတနာ လုပ်ထားပါတယ်။ တကယ်လို့ သူတို့က Viber အပလီကေးရှင်းမှာ ကြော်ငြာထည့်လို့ ရတဲ့ ပုံစံမျိုး ရှာဖွေနေတယ် ဆိုရင် ထည့်လို့ရပါတယ်။ အဲဒါတွေက ကျနော်တို့ လက်ရှိ အချိန်မှာ ငွေပြန်ရှာတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ မေး ။ ။ Viber က လုံခြုံရေးကို သေချာအောင် ဘယ်လို ပြုလုပ်ထားသလဲ။ သုံးစွဲသူတွေ အတွက် လုံခြုံမှု ရှိပါသလား။ ဖြေ ။ ။ Viber က အစကနေ အဆုံးတိုင် encrypt (သင်္ကေတများ အဖြစ် အသွင်ပြောင်းလဲ ထားခြင်း) ပြုလုပ်ထားပါတယ်။ အလွယ်ကူဆုံး ပြောပြရရင် လူ ၂ ဦးကြားမှာ သို့မဟုတ် အဖွဲ့တခုအတွင်းမှာ ပြောဆိုမှုတွေက လုံးဝကို သီးသန့် ဖြစ်နေပါတယ်။ ဒီလူတွေ ကြားမှာ အပြန်အလှန် ပြောဆိုတာ၊ တုံ့ပြန်တာတွေက ထိုနည်း အတိုင်းပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အစကနေ အဆုံးတိုင် encrypt လုပ်ထားလို့ ဖြစ်ပါတယ်။ ပြောဆိုမှုတွေကို Viber ကုမ္ပဏီ အပါအဝင် ဘယ်သူကမှ မရယူနိုင်ပါဘူး။ မေး ။ ။ လူအများစုက Viber နဲ့ တခြားဆိုရှယ် ပလက်ဖောင်းတွေကို ရွေးချယ်ကြတယ်။ စိုးရိမ်စရာ ရှိတာက ဆိုရှယ်မီဒီယာ ပလက်ဖောင်းကို အမုန်းစကားတွေ၊ တရားမဝင် လှုပ်ရှားမှုတွေ၊ ဥပဒေပြင်ပ အဖွဲ့အစည်းတွေရဲ့ အမြတ်ထုတ်မှုတွေအတွက် အသုံးပြုခြင်း ဖြစ်ပါတယ်။ ဒါကို ခင်ဗျားတို့ ဘယ်လို ကိုင်တွယ်သလဲ။ ဖြေ ။ ။ ကျနော်တို့ အပြည့်အဝကို နားလည်ပါတယ်။ ဒါက အလွန်ကို ထိရှလွယ်တဲ့ ကိစ္စပါ။ ဒီမှာ ၂ ချက် ရှိတယ် လို့ ကျနော် ထင်ပါတယ်။ ပထမအချက်က လူ ၂ ယောက်ကြားမှာ ပြောဆိုမှုက အစကနေ အဆုံးတိုင် သင်္ကေတ အဖြစ် ပြောင်းလဲ ထားပါ တယ်။ ဒါကြောင့် ကျနော်တို့က ဆက်သွယ်ရေး ပလက်ဖောင်းတခု ဖြစ်တဲ့ အတွက် ဘယ်ဟာက မှန်ပြီး ဘယ်ဟာက မှားတယ် ဆိုတာ အမြင်တခုကို သေချာပေါက် ဖော်ပြနိုင်ဖို့က ကျနော်တို့ အတွက်လည်း အရမ်းကို ခက်ခဲလာပါတယ်။ အဲဒါက ဒီနေ့ ခေတ်မှာ လူ ၂ ယောက်က တယ်လီဖုန်းနဲ့ စကားပြောဆိုမှုတခုကို အဲဒါက မှားသလား မှန်သလား ဆိုတာ တခြား တယောက်က သေချာပေါက် မပြောနိုင်သလိုမျိုး ပါပဲ။ ဒါကြောင့် ကျနော်တို့က လူတွေ ဆက်သွယ်ရေးအတွက် ပလက်ဖောင်း တခု ပေးပါတယ်။ ကျနော်တို့မှာ public account တွေလည်း ရှိပါတယ်။ အခုဆိုရင် public account တွေက ကုမ္ပဏီတွေက အမှတ်တံဆိပ်တွေ၊ အရောင်းမြှင့်တင်ရေးတွေ အကြောင်း ပြောလို့ရတဲ့ နေရာ ဖြစ်နေပါပြီ။ သီရိလင်္ကာနဲ့ ဖိလစ်ပိုင်လိုမျိုး တချို့နိုင်ငံတွေမှာ ကျနော်တို့နဲ့ အစိုးရနဲ့ ပါတနာလုပ်တာတွေ၊ public account တွေတောင် ရှိပါတယ်။ ကျနော်တို့က အမြဲတမ်း အပြုသဘော ဆောင်တဲ့ ဘက်က ကြည့်ပါတယ်။ အကောင်းဘက်ကို ဦးတည် ဖြစ်နေတာတွေ အများကြီး ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကုမ္ပဏီတွေနဲ့ ကုန်အမှတ်တံဆိပ်တွေက ကျနော်တို့နဲ့ ပါတနာ လုပ်နေပါတယ်။ ကျနော်တို့နဲ့ အတူ ကောင်းမွန်တဲ့ သတင်းစကား တွေ ဖြန့်ဝေဖို့ လုပ်နေတာမျိုးတွေ ရှိပါတယ်။ အဲဒါက အရေးကြီးတယ် လို့ ထင်ပါတယ်။ တကယ်လို့ Viber က အဓိက ပြဿနာတခု ဖြစ်လာနေတဲ့ အသံလွှင့် ဆက်သွယ်ရေး အတွက် ပလက်ဖောင်းတခု အနေနဲ့ အသုံးပြုခံနေရတယ် ဆိုရင် စည်းကမ်းနဲ့ မညီညွတ်တာတွေကို သတင်းပို့ နိုင်တဲ့ တိုင်ကြားနိုင်တဲ့ အရာ (option) တခု အမြဲတမ်း ရှိပါတယ်။ ဒါပေမယ့် အဲဒါက ကျနော်တို့ရဲ့ public account ဖိုရမ်မှာပဲ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါက public account ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ် အားလုံးအတွက် ဖွင့်ဖေါ်ထားရ ပါတယ်။ တကယ်လို့ လူ ၂ ယောက်ကြားထဲက ပြောဆိုမှုပဲ ဆိုရင်တော့ ကျနော်တို့ အဲဒါကို မသိနိုင်ပါဘူး။ ဒါ ကြောင့် အဲဒါအတွက် ရွေးချယ်စရာတခု ပေးဖို့ အလွန်ကို ခက်ခဲပါတယ်။ ဒါပေမယ့် တစုံတယောက်က public chat သို့မဟုတ် public account ကို လာတယ်။ လူတွေအများကြီး ရှိနေတဲ့ နေရာမှာ တခုခု တင်တယ်။ တကယ်လို့ အဲဒါကို မသင့်လျော်တဲ့ ကိစ္စလို့ လူတွေက တိုင်ကြားမယ် ဆိုရင် Viber မှာ အဲဒီ ရွေးချယ်စရာ (option) တွေ ရှိပြီးသား ဖြစ်ပါတယ်။ ကျနော်တို့မှာ ကျနော်တို့ရဲ့ public account တွေကို ထိန်းသိမ်းတဲ့ အဖွဲ့ တခု ရှိပါတယ်။ တိုင်ကြားခံရတဲ့ အကြောင်းအရာ တခုကို အဲဒီအဖွဲ့က အမြဲတမ်း သိနိုင်ပါတယ်။ Viber တွင် အခမဲ့ပေးထားသော စတစ်ကာများမျိုးမင်းစိုး/ဧရာဝတီ မေး ။ ။ မြန်မာနိုင်ငံက IT ကဏ္ဍမှာ လူငယ်မျိုးဆက်သစ်တွေ တိုးပွားလာတာကို သတိထားမိ ပါလိမ့်မယ်။ သူတို့ကို ဘယ်လို မြင်ပါသလဲ။ သူတို့နဲ့ အတူ လုပ်ဖို့ Viber မှာ စီမံကိန်း တစုံတရာ ရှိပါသလား။ ဖြေ ။ ။ ကျနော်က အဲဒါကို သိပါတယ်။ ဒါပေမယ့် ကျနော်ပိုပြီး အသေးစိတ်ပြောချင်ပါတယ်။ အမြင် ၂ ခုရှိပါတယ်။ နိုင်ငံ တခု အနေနဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်မှုက ပြီးခဲ့တဲ့ ၂ နှစ်က နေ ၄ နှစ် အတွင်းမှာ သိသိသာသာကို မြင်နေရပါတယ်။ အပြင်လူ တယောက်ရဲ့ အမြင်အရ ဆိုရင် အဲဒါ အရင်ကနဲ့ စာရင် အများကြီး နက်ရှိုင်းလာပါတယ်။ ကမ္ဘာ အမြင်က ကြည့်မယ် ဆိုရင် မြန်မာနိုင်ငံက အသိအမှတ်ပြုခြင်း ခံနေရတယ် လို့ ကျနော်ထင်ပါတယ်။ အဲဒါက ဘာကြောင့်လဲ ဆိုတော့ အဓိက အားဖြင့် လူငယ် အင်အားစုကြောင့်ပါ။ အတော်အသင့် နုပျိုတဲ့ ဈေးကွက်တခု ဖြစ်ပါတယ်။ ကျနော်က နုပျိုတဲ့ ဈေးကွက်လို့ ပြောတဲ့နေရာမှာ သူတို့ရဲ့ အလုပ်အကိုင် တက်လမ်းတွေ ရှိနေတဲ့ အလုပ်သမားတွေ လူငယ်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျနော်တို့ ပျော်ရွှင်ရတာ၊ ဂုဏ်ယူတယ် လို့ ပြောနိုင်တာက ကျနော်တို့ ကုမ္ပဏီတွေ အများအပြားနဲ့ အလုပ် လုပ်နေခဲ့ပါတယ်။ ဒီမှာ ကျနော်တို့ရဲ့ ပါတနာတွေလည်း ရှိပါတယ်။ ဒီက လူတွေနဲ့ အလုပ် လုပ်ရတာ ကျနော်တို့ အတွက် ကြီးကျယ်တဲ့ အတွေ့အကြုံတခုပါ။ Viber က ကုမ္ပဏီတခု အနေနဲ့ လူတွေဆီကို ရောက်တဲ့ အချိန်မှာ အလုပ်သဘော ဆန်ပေမယ့် ကျနော်တို့က ကွဲပြားခြားနားတဲ့ ကုမ္ပဏီတွေ၊ ကွဲပြားတဲ့ ကုန်အမှတ်တံဆိပ်တွေ၊ ကွဲပြားတဲ့ အဖွဲ့ အစည်းတွေနဲ့ အလုပ် လုပ်ဖို့ တံခါးဖွင့်ထားပါတယ်။ တချို့ ကိစ္စတွေမှာ ဆိုရင် ဦးတည်ချက်ကို လိုက်ပြီး တခြားဈေးကွက်တွေမှာ ကျနော်တို့ လုပ်သလိုမျိုးပဲ တသီးပုဂ္ဂလ သမားတွေနဲ့လည်း အလုပ် လုပ်ပါတယ်။ ဒီက ပါရမီ ရှိတဲ့သူတွေ အတွက်လည်း ကျနော့်မှာ စိတ်ကူး တချို့ ရှိပါတယ်။ ဒီက ပါရမီရှိတဲ့သူတွေက အလွန်တော်ပါတယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့ တချို့ တာဝန်တွေ သို့မဟုတ် စီမံကိန်းတွေ ရှိရင် ဒီက ဒေသခံတွေနဲ့ ပူးပေါင်းပြီး ကျနော်တို့ လုပ်ခဲ့တာတွေ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံက လူကပဲ မြန်မာနိုင်ငံက လူတွေကို နားလည်မှာ၊ အသေးအဖွဲက အစ သိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော် အစပိုင်းမှာ ပြောခဲ့သလိုပါပဲ။ တိုင်းပြည်က ကောင်းကောင်း လုပ်နေပါတယ်။ သူတို့ အလွန်ပျော်နေပါတယ်။ ကျနော်တို့ Viber ကို အသုံးပြုနေတဲ့ သူတွေ အများကြီး ရှိပါတယ်။ ကျနော်တို့ကလည်း မြန်မာနိုင်ငံက ပြည်သူတွေ ဆက်သွယ်ရာမှာ အနည်းဆုံးတော့ Viber ကနေ တဆင့် ဆက်သွယ်ရာမှာ တိုးတက်လာအောင်လို့ ကုမ္ပဏီတခု အနေနဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေ အချိန်တွေ ရင်းနှီး မြှုပ်နှံနေပါတယ်။ မေး ။ ။ နောက်ဆုံး မေးခွန်းကတော့ ခင်ဗျားရဲ့ ဖောက်သည်တွေနဲ့ ဒီက Viber အသုံးပြုသူတွေကို ဘာပြောချင်ပါသလဲ။ ဖြေ ။ ။ တနိုင်ငံလုံး အတွက်ဆိုရင် ကျနော် ၂ ပိုင်းခွဲပြောရမယ် ထင်ပါတယ်။ တနိုင်ငံလုံး အတွက် ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ လူတိုင်း တယောက်နဲ့ တယောက် ဆက်သွယ်နိုင်ကြဖို့ ဖြစ်ပါတယ်။ အကြောင်းပြချက် ကတော့ ကျနော်တို့ ကုမ္ပဏီတည်ထောင်ရတဲ့ အကြောင်းရင်းကို ပြန်သွားရမယ် ထင်ပါတယ်။ အဲဒါက အလွန်ရိုးရှင်းပါတယ်။ ဆက်သွယ်ရေး ဆိုတာ မွေးရာပါ အခွင့်အရေးပါ။ လူတိုင်း မှာ ပြောဆိုဖို့ သတင်းစကား သို့မဟုတ် တစုံတရာကို တယောက်ကနေ တယောက်ကို ပေးမယ့် နေရာမျိုးမှာ ဆက်သွယ်နိုင်မှု ရှိသင့်ပါတယ်။ ကျနော်တို့ နည်းပညာ တခုလုံးက တိုးတက်လာနေတာနဲ့ အမျှ ကျနော်တို့က ဒီစိန်ခေါ်မှုမှာ ဦးဆောင်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ်။ တနေ့မှာ ၅၃ သန်းသော ပြည်သူ ထဲက တယောက်ချင်းစီတိုင်းက သူတို့ ချစ်ခင်သူ၊ လေးစားသူ အမျိုးမျိုးနဲ့ ဆက်သွယ်နိုင်အောင် ကျနော်တို့ လုပ်ပေးနိုင် လိမ့်မယ် လို့လည်း မျှော်လင့်ပါတယ်။ ကျနော်တို့ Viber ကို အသုံးပြုသူတွေ အတွက်ကတော့ ကုမ္ပဏီတခု အနေနဲ့ရော ကျနော်ကိုယ်တိုင် အတွက်ပါ ကျနော်တို့က ကျေးဇူးတင် ပါတယ်။ မြန်မာနိုင်ငံက ကျနော်တို့ရဲ့ သုံးစွဲသူတွေ အတွက်လည်း အလွန် ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံက များစွာသော ချစ်ခြင်း မေတ္တာတွေနဲ့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှု မှတ်ချက်တွေ ရခဲ့တဲ့ အတွက် ကျနော်တို့ အလွန်ကို ပျော်ရွှင်ရပါတယ်။ ပြည်သူ အများစုက ကျနော်တို့အတွက် အလွန် အရေးကြီးနေတာတွေကို ပေးနေတဲ့အတွက် ကျနော်တို့ အလွန်လည်း ဂုဏ်ယူပါတယ်။ ကုန်ပစ္စည်းတခု အမြင်နဲ့ ကြည့်မယ် ဆိုရင်တောင် အကြံဉာဏ်ကောင်းတဲ့ တုံ့ပြန်မှု မှတ်ချက်တခုကို ကျနော်တို့က တခြားဈေးကွက် အမျိုးမျိုးမှာလည်း ပြန်လည် အသုံးပြုလို့ ရနိုင်ပါတယ်။ ဒါကြောင့် ပြောရမယ် ဆိုရင် ကျနော် ပြောခဲ့သလို ဂုဏ်ယူမှုနဲ့ ရောနေပါတယ်။ တချိန်တည်းမှာပဲ အသုံးပြုသူ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။ The post ကျနော်တို့ ရည်မှန်းချက်က မြန်မာနိုင်ငံမှာ လူတိုင်း Viber ကို အသုံးပြုဖို့ပါ appeared first on ဧရာဝတီ.
Source : http://ift.tt/2i4Nlva
via IFTTT
Source : http://ift.tt/2i4Nlva
via IFTTT
အင်တာနက် ဖွံ့ဖြိုးလာမှုက အွန်လိုင်းဝန်ဆောင်မှု အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ ထွန်းကားလာသည်မှာ ၃ နှစ်ခန့်ရှိပြီ ဖြစ်သည်။ ဆက်သွယ်ရေး ကဏ္ဍတွင် ပြည်ပ ယှဉ်ပြိုင်ခွင့် ဖွင့်ပေးလိုက်သည့် ၂၀၁၄ ခုနှစ်မှ စတင်ပြီး ထောင်ပေါင်းများစွာသော ဆက်သွယ်ရေး တာဝါတိုင်ကြီးများ နိုင်ငံအဝှမ်း ပေါ်ပေါက်လာပြီး ဖိုက်ဘာအော့ပတစ် ကြိုး ကီလိုမီတာ ၃၀၀၀၀ ကျော်ကို ဆက်သွယ်နိုင်ခဲ့သည်။ မိုဘိုင်းဖုန်း အသုံးပြုမှုသည် လည်း ၁၀ ရာခိုင်နှုန်းသာ ရှိရာမှ ၇၀ ရာခိုင်နှုန်းသို့ တက်သွားသလို အင်တာနက် အမြန်နှုန်းလည်း မြင့်တက်လာပြီး ဒေတာ အသုံးပြုမှု လည်း အဆ ၁၅၀၀ တိုးသွားသည်။ ပထမအဆင့်မှာ အခြေခံအဆောက်အအုံ ဖြစ်သည်။ ဒုတိယအဆင့်မှာ ကိုရီးယား ရုပ်သံဇာတ်လမ်းမှသည် ပြည်တွင်း ပေါ့ဂီတ၊ ဆေးဝါး အထောက်အကူနှင့် ပညာရေး အထိ အရာရာပါဝင်သော ဝန်ဆောင်မှု ဖြစ်သည်။ “ဆရာဝန်တွေ၊ သူနာပြုတွေ အားလုံး တိုက်ရိုက် ဗီဒီယိုက တဆင့် ဆေးပညာ အကြံဥဏ်ပေးတာမျိုးကို တွေ့ရတော့မယ်။ ဒီလိုဖြစ်ဖို့ ဆယ်နှစ် အနှစ် ၂၀ စောင့်စရာ မလိုတော့ဘူး ၂ နှစ်ကနေ ၅ နှစ် အတွင်းမှာ ဖြစ်လာတော့မှာ” ဟု ပြည်တွင်း အင်တာနက် ဝန်ဆောင်မှုလုပ်ငန်း Frontiir မှ အမှုဆောင်အရာရှိ ကိုဝေလင်းထွန်းက စက်တင်ဘာလလယ်က နေပြည်တော်တွင် ကျင်းပသည့် Myanmar Connect အမည်ရှိ ညီလာခံတွင်ပြောသည်။ မြန်မာနိုင်ငံ၏ ထိပ်တန်း နည်းပညာနှင့် တည်ထွင်ဖန်တီးမှု လုပ်ငန်းဖြစ်သော ဖန်တီးရာ (Phandeeyar) သည် ၎င်း၏ အရှိန်မြှင့်တင်ရေး အစီအစဉ် အတွက် လူငယ်လုပ်ငန်းရှင်သစ်များကို နောက်တကြိမ် ထပ်မံစုစည်း ကြိုဆိုရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ထို အစီအစဉ်တွင် ကျောင်းသားများ အတွက် သင်ကြားပေးမည့်ဆရာကို အွန်လိုင်းတွင် ရှာဖွေနိုင်သော အပလီကေးရှင်းတခု၊ ဒီဂျစ်တယ် ဆေးမှတ်တမ်း အသုံးပြုနိုင်စေမည့် ဆေးရုံများ အတွက် အပလီကေးရှင်းတခုတို့လည်း ပါဝင်သည်ဟု ဖန်တီးရာ ၏ အမှုဆောင် အရာရှိချုပ် ဂျက်စ် ကာလိုင်ဘီ ပက်တာဆန် (Jes Kaliebe Petersen) က ပြောသည်။ သို့သော် ဆက်သွယ်ရေး လုပ်ငန်း၏ အဓိက အာရုံစူးစိုက်သော နယ်ပယ်မှာ ဖျော်ဖြေရေး လုပ်ငန်းဖြစ်သည်။ မလေးရှား ဗီဒီယိုဖြန့်ချိရေး လုပ်ငန်း iflix သည် မြန်မာနိုင်ငံ ဈေးကွက်သို့ မတ်လမှ စတင်ဝင်ရောက်လာသည်။ ပြင်သစ် ကေဘယ်ရုပ်သံ လိုင်း Canal+ ကလည်း ပြည်တွင်း မီဒီယာလုပ်ငန်း ဖြစ်သော Forever Group နှင့် ပူးပေါင်းဆောင်ရွက်မည် ဟု ကြေညာသည်။ တချိန်တည်းတွင် ပြည်တွင်း လုပ်ငန်းများ ဖြစ်သော Pyone Play နှင့် Mahar တို့ကလည်း အင်တာနက်တွင် ကဏ္ဍအလိုက် ထုတ်လွှင့် တင်ဆက်မှုများ ပြုလုပ်နေသည်။ “တခုတည်းသော အွန်လိုင်း ဝန်ဆောင်မှုကနေ ဖြန့်ချိဖို့ မြန်မာရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းမူပိုင်ခွင့်တွေ ဝယ်တဲ့ လုပ်ငန်းတွေကို တွေ့နေရပြီ။ ဂီတသမားတွေကလည်း သူတို့ရဲ့ဂီတကို ထုတ်လွှင့်ဖို့ နေရာသစ်တွေကို ရှာဖွေနေကြပြီ” ဟု ရန်ကုန်အခြေစိုက် နည်းပညာလုပ်ငန်း Nexlabs ကို တည်ထောင်သူ ကိုရဲမြတ်မင်းက ပြောသည်။ ထိုသို့သော အခြေအနေများသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသော လုပ်ငန်းများ ဖြစ်သည့် အော်ရီဒူးမြန်မာ၊ တယ်လီနောမြန်မာနှင့် နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ အပါအဝင် အင်တာနက် ဝန်ဆောင်မှုပေးသော ကုမ္ပဏီများ နှင့် ကဏ္ဍအလိုက်ထုတ်လွှင့် တင်ဆက်သူများအကြား အလျင်အမြန် ပူးပေါင်းဆောင်ရွက်မှုကို ဖြစ်စေခဲ့သည်။ Iflix က အော်ရီဒူးနှင့် ပူးပေါင်းဆောင်ရွက်မည် ဟု ဇွန်လတွင် ကြေညာသည်။ ဂျပန်လုပ်ငန်းကြီးများ ဖြစ်သော KDDI နှင့် Sumitomo တို့နှင့် ဖက်စပ်လုပ်ဆောင်နေသော မြန်မာ့ဆက်သွယ်ရေးသည်လည်း ကဏ္ဍအလိုက် ထုတ်လွှင့်တင်ဆက်သူ အများအပြားနှင့် မကြာမီ ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်ဟု ထိုဖက်စပ်လုပ်ငန်း၏ လုပ်ငန်းလည်ပတ်ရေး ဆိုင်ရာ အရာရှိချုပ် ရိုရှီယာကီ ဘန်နီနို (Yoshiaki Benino) က ပြောသည်။ လန်ဒန်တွင် စတော့အိပ်ချိန်းစာရင်းသွင်းထား မြန်မာလူမှုကွန်ရက်လုပ်ငန်း (MySQUAR) ကလည်း ၎င်းတို့သည် နိုင်ငံတွင်းရှိ ရထားလမ်းမျာတွင် အခမဲ့အင်တာနက် ဝန်ဆောင်မှုပေးရန် အတွက် ပြည်တွင်းလုပ်ငန်း အများအပြားနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ထားကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့က ကြေညာသည်။ ကြိမ်နှုန်းမြင့် အင်တာနက် ဘရော့ဘန်း ယှဉ်ပြိုင်ပွဲ မြန်မာပြည်သူများ၏ အင်တာနက်အသုံးပြုပုံမှာလည်း ပြောင်းလဲလာသည်။ အင်တာနက် အသုံးပြုသူများတွင် အဓိက အားဖြင့် စမတ်ဖုန်း အသုံးပြုသူများ ပါဝင်ပြီး ၎င်းတို့သည် မိုဘိုင်းဖုန်း အသုံးပြုသူများ၏ ၈၀ ရာခိုင်နှုန်း ဖြစ်ကာ ဖေ့စ်ဘွတ်ခ် နှင့် ယူကျု ဝန်ဆောင်မှု ၂ မျိုးကိုသာ သုံးကြခြင်း ဖြစ်သည်။ LIRNEasia ပညာရှင်အဖွဲ့၏ ၂၀၁၆ ခုနှစ်က စစ်တမ်းတစောင် အရ မိုဘိုင်းဖုန်း မဟုတ်သော ရင်းမြစ်မှတဆင့် အင်တာနက် သုံးစွဲသူမှာ နိုင်ငံလူဦးရေ၏ ၁ ရာခိုင်နှုန်းပင် မရှိကြောင်း သိရသည်။ သို့သော် အင်တာနက်ဝန်ဆောင်မှု ပေးသူများသည် ထို အခြေအနေကို ပြောင်းလဲလာစေရန် လုပ်ဆောင်နေကြသည်။ “ကြိမ်နှုန်းမြင့် အင်တာနက် ဘရော့ဘန်း အသုံးပြုမှု ရုတ်တရက် မြင့်မားလာတော့မယ်။ ပုံသေ နေရာတခုတည်းကနေ သုံးရတဲ့ ကြိမ်နှုန်းမြင့် ဘရော့ဘန်းအင်တာနက်တွေ အခု ရှိလာနေပြီး အများပြည်သူ တတ်နိုင်တဲ့ နှုန်းနဲ့ အိမ်တွေကို ရောက်လာ တော့မယ်” ဟုလည်း Frontiir မှ ကိုဝေလင်းထွန်းက ညီလာခံကိုယ်စားလှယ်များကို ပြောသည်။ အိမ်သုံး ဘရော့ဘန်းအင်တာနက် ဝန်ဆောင်မှု ဈေးနှုန်းများသည် လွန်ခဲ့သော နှစ်က ၅၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်း အထိ ကျဆင်းလာခဲ့သည်။ လာမည့်နှစ် ပတ်ဝန်းကျင်တွင် အိမ်သုံးအင်တာနက် ဈေးနှုန်းများ နောက်ထပ် ၅၀ ရာခိုင်နှုန်း ကျဆင်းမည် ဟု လုပ်ငန်းအမှုဆောင်များက မျှော်လင့်နေကြသည်။ ထိုသို့ ဈေးနှုန်းကျဆင်းစေသော အကြောင်းရင်းတခုမှာ ဆယ်သွယ်ရေး လုပ်ငန်းကြီးများက အိမ်သုံး ကြိမ်နှုန်းမြင့် ဘရောဘန်း ဈေးကွက်သို့ ဝင်ရောက်လာပြီး လက်ရှိ အင်တာနက် ဝန်ဆောင်မှုပေးသူများနှင့် ယှဉ်ပြိုင်လာသောကြောင့် ဖြစ်သည်။ ဆက်သွယ်ရေး လုပ်ငန်းကြီး ၃ ခုပေါင်းသည် လူဦးရေ ၅၃ သန်းရှိသော မြန်မာနိုင်ငံတွင် ဆင်းကဒ်စုစုပေါင်း ၅၂ သန်း ဖြန့်ချိထားပြီး ဖြစ်ကာ ဒေတာဈေးနှုန်း ယှဉ်ပြိုင်မှု ပြင်းထန်လာသောကြောင့် စည်းကမ်းကြီးကြပ်သူများက ယခုနှစ်အတွင်း ၁ မီဂါဘိုက်လျှင် ၁ ဒဿမ ၂၅ ကျပ် (၁ ကျပ် ၂၅ ပြား) အနိမ့်ဆုံးနှုန်းသို့ လျှော့ချပေးရန် ဖြစ်စေခဲ့သည်။ အသုံးပြုသူတဦးချင်း ထံမှရငွေမှာ ကျဆင်းလာခဲ့ပြီး စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော Viettel နှင့် မြန်မာ လုပ်ငန်းများ အကြား ဖက်စပ်လုပ်ငန်း Mytel ၂၀၁၈ ခုနှစ်တွင် စတင်ပြီး ဈေးကွက်သို့ ဝင်ရောက်လာမည် ဖြစ်သည်။ တယ်လီနောသည် ဖိုက်ဘာမှတဆင့် အိမ်သုံးအင်တာနက် ဝန်ဆောင်မှုပေးခြင်းကို ရန်ကုန်ရှိ မြို့နယ် အချို့တွင် စမ်းသပ် လုပ်ဆောင်လျှက် ရှိပြီး အများအပြား တိုးချဲ့လုပ်ကိုင်နိုင်ခြင်း ရှိ/မရှိ ဆုံးဖြတ်မည် ဖြစ်သည်ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် လားစ် အီးရစ် တဲလ်မင်း (Lars Erik Tellmann) က Myanmar Connect ညီလာခံတွင်ပြောသည်။ ၎င်းတို့၏ ဈေးနှုန်းသည် အချို့သော ပြိုင်ဘက်များထက် ၅ ဆမှ ၁၀ ဆအထိ လျှော့နည်းသည်ဟု တယ်လီနော၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ အော်ရီဒူးသည် နောက်ကျကျန်နေရစ်ပြီး ပြည်တွင်း အင်တာနက် ဝန်ဆောင်မှုလုပ်ငန်း ရတာနာပုံတယ်လီပို့စ်နှင့် ပူးပေါင်းပြီး ဖိုက်ဘာ ကြိမ်နှုန်းမြင့်အင်တာနက်ကို မန္တလေးမြို့နှင့် ပတ်ဝန်းကျင်တွင် နိုဝင်ဘာလတွင် စတင်ဖြန့်ချိပြီး နောင်တွင် အခြား ဒေသများတွင် ဖြန့်ချိမည်ဟု အောက်တိုဘာလ ၂၁ ရက်နေ့က ကြေညာသည်။ ကြိမ်နှုန်းမြင့် ဘရော့ဘန်းကို စတင်မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သြဂုတ်လတွင် ကြေညာခဲ့သောကြောင့် ပုဂ္ဂလိက ပြိုင်ဘက်များ၏ ဈေးနှုန်းများ ထက်ဝက် ကျဆင်းကာ မြန်နှုန်း ၁ ဆ တိုးလာခဲ့သည်။ ယှဉ်ပြိုင်မှုများ ထပ်မံဖြစ်ပေါ်လာမည် ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများ စည်းကမ်း ထိန်းသိမ်းသူများသည် နေရာ ၃ ခုတွင် အင်တာနက် ဝန်ဆောင်မှု ပေးခွင့်သစ်များကို ပြည်တွင်း ဘရော့ဘန်း ဝန်ဆောင်မှုပေးသူ ၄ ဦးကို လေလံစနစ်ဖြင့် ရောင်းချပေးခဲ့သည်။ Global Technology သည် နေပြည်တော် အပါအဝင် ဖြစ်သော ဒေသတခုတွင် လုပ်ကိုင်ခွင့် ရရှိပြီး ၂၀၁၈ ဧပြီလတွင် စတင် ဝန်ဆောင်မှုပေးမည် ဖြစ်သည်။ Amara Communications က ရန်ကုန်နှင့် မန္တလေးတို့တွင် အင်တာနက် ဝန်ဆောင်မှု ပေးခွင့် ရပြီး ၂၀၁၇ မကုန်မီ စတင် ဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားသည်။ မြန်နှုန်းများ ပိုမိုမြင့်မားလာ ကြိမ်နှုန်းမြင့် ဘရော့ဘန်းကို လူတိုင်းက မျှော်လင့်နေသည်တော့လည်း မဟုတ်ပေ။ မိုဘိုင်းအင်တာနက် မြန်နှုန်းသည်လည်း ဆက်သွယ်ရေး လုပ်ငန်းများကိုသာ ပေးသည့် 4G စနစ် ဝန်ဆောင်မှုကြောင့် ယခုနှစ်အတွင်း ၂ ဆ တိုးလာသည်။ စမတ်ဖုန်း အင်တာနက် ဝန်ဆောင်မှုသည် ကျောင်းသားများနှင့် လုပ်ငန်းအမှုဆောင်များ၏ စိတ်ကြိုက်ရွေးချယ်မှု ဖြစ်နေသေးသည်။ “မိုဘိုင်းဖုန်းမှာ လုပ်မရဘဲ ဘရော့ဘန်းမှာပဲ လုပ်လို့ရတာ သိပ်များများတော့ မရှိပါဘူး” ဟု ဖန်တီးရာ မှ ပက်တာဆန်က ပြောသည်။ ကုန်းတွင်းနှင့် ပင်လယ်နက် အင်တာနက် ကေဘယ်လိုင်းသစ်များလည်း ထပ်မံ ရောက်ရှိလာနေကြသည် ဟု စင်္ကပူလုပ်ငန်း Campana မှ အမှုဆောင်အရာရှိချုပ် ကိုမျိုးအုန်းက ပြောသည်။ မြန်မာနိုင်ငံအတွက် စုစုပေါင်း အင်တာနက် ဝန်အားမှာ ၁ စက္ကန့်လျှင် ၃၂၄ ဂစ်ဂါဘိုက် အထိ ရှိလာမည် ဟု ခန့်မှန်းရသော်လည်း ဝယ်လိုအားကသာ ဝန်ဆောင်မှု ပေးနိုင်အားထက် ပိုမို မြင့်မားနေဆဲ ဖြစ်သည်ဟုလည်း သူက ပြောသည်။ ထိုပမာဏသည် ယခင်နှစ်ကထက် ၂ ဆ တိုးလာကြောင်းနှင့် နှစ်စဉ် ၂ ဆ တိုးလာမည်ဟု မျှော်လင့်ကြောင်းလည်း ကိုမျိုးအုန်းက ပြောသည်။ Campana သည် မြန်မာနှင့် စင်္ကာပူကြား အင်တာနက်ကေဘယ်သစ် တခုကို ၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင် စတင်၍ လုပ်ငန်းလည်ပတ်နိုင်ရန် လုပ်ဆောင်နေသည် ဟုလည်း ပြောသည်။ ထိုကေဘယ်ကြောင့် မြန်မာ နိုင်ငံ၏ အင်တာနက်ဝန်ဆောင်အား လိုအပ်ချက်ကို ၁၅ နှစ်မှ နှစ် ၂၀ အထိ ဖူလုံစေမည် ဖြစ်သည် ဟုလည်း သူက ရှင်းပြသည်။ ထိုကေဘယ်၏ ဝန်ဆောင်မှု ပေးနိုင်စွမ်းသည် တစက္ကန့်လျှင် ၂၀ တီရာဘစ် (20 terabits) ရှိမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ လက်ရှိလိုအပ်ချက်ထက် အဆ ၂၀ ပိုမိုများပြားသည်။ ဆက်သွယ်ရေး လုပ်ငန်း ၃ ခုကသာ နိုင်ငံတကာ အင်တာနက် ဂိတ်ဝေး (international gateway – IGW) ဝန်ဆောင်မှုပေးခွင့် လိုင်စင်ရှိသောကြောင့် Campana သည်ယခုနှစ်အထိထိုဝန်ဆောင်မှုကိုပေးနိုင်ခြင်းမရှိသေးပေ။ သို့သော် ၂၀၁၄ ခုနှစ်တွင် အစိုးရက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ လက်ဝါးကြီးအုပ်မှုကို ဖျက်သိမ်းလိုက်သကဲ့သို့ပင် မြန်မာနိုင်ငံသည် ယခုနှစ်တွင် ပြည်တွင်း လုပ်ငန်း ၁၁ ခုကို နိုင်ငံတကာ ဂိတ်ဝေး လုပ်ကိုင်ခွင့် ချပေးခြင်းဖြင့် နယ်စပ် ဖြတ်ကျော် အင်တာနက်ဆက်သွယ်မှုကို လူနည်းစု၏ ချုပ်ကိုင်လုပ်ဆောင်နေခြင်းကို ဖျက်သိမ်းခဲ့သည်။ အထက်ပါကေဘယ် အပြင် Campana ၏ နောက်ထပ် ခြေလှမ်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံး အင်တာနက်အိတ်ချိန်း တည်ဆောက်ရေး ဖြစ်သည်။ ထို အင်တာနက်အိတ်ချိန်းသည်၎င်းတို့၏ ကေဘယ်မှတဆင့် မြန်မာနိုင်ငံ အတွင်းရှိ သတင်းနည်းပညာလုပ်ငန်း အားလုံး၏ ဒေတာ အချက်အလက်များကို တနေရာတည်းတွင် အပြန်အလှန် ဆယ်သွယ်နိုင်ပြီး စင်ကာပူရှိ ကြီးမားလှသော အင်တာနက်အိတ်ချိန်းနှင့်လည်း ချိတ်ဆက် အသုံးပြုနိုင်စေမည် ဖြစ်သည်ဟု သူက ပြောသည်။ အဲဒီအခါကျရင် သတင်းအချက်အလက် ဂေဟစနစ်သစ်ကြီး တခုပေါ်ပေါက်စေဖို့ အထောက်အကူ ပြုနိုင်ပြီး မြန်မာနိုင်ငံဟာ ခေတ်သစ်ကမ္ဘာနဲ့ ပိုမိုနီးကပ်သွားမယ်” ဟုလည်း သူက ပြောသည်။ (www.asia.nikkei.com တွင် ဖော်ပြထားသည့် Steve Gilmore ၏ Myanmar’s internet boom creates new frontier for services ကို ဘာသာပြန်သည်။) The post အင်တာနက် ဖွံ့ဖြိုးလာမှုက အွန်လိုင်းဝန်ဆောင်မှု အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာ appeared first on ဧရာဝတီ.
Source : http://ift.tt/2iuMvM8
via IFTTT
Source : http://ift.tt/2iuMvM8
via IFTTT
လူ ၈ ဦး သေဆုံးခဲ့သည့် ဟန်ထက် ကျောက်မီးသွေးတွင်းလုပ်ကွက် ပိတ်သိမ်း မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ် ငဖဲ-ရွှေစက်တော် ကားလမ်းဘေး ဆပ်ပြာချောင်းအနီး ဟန်ထက်(၁)ကျောက် မီးသွေးတူးဖော်ရေး ကုမ္ပဏီမှ တူးဖော်နေသည့် ကျောက်မီးသွေးတွင်းပြိုကျမှုတွင် လူ ၈ ဦး သေဆုံးခဲ့မှုကြောင့် ကုမ္ပဏီပိုင် ကျောက်မီးသွေးတွင်းလုပ်ကွက်ကို နိုဝင်ဘာ ၂၉ ရက်တွင် ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် လုပ်ကွက်ပိတ်သိမ်းလိုက်သည့်အပြင် ကုမ္ပဏီပိုင်ရှင်နှင့် လုပ်ငန်းတာဝန်ခံတို့ နှစ်ဦးကိုလည်း မင်းဘူး (စကု)မြို့နယ် ရဲစခန်းမှ လူသေမှု ပုဒ်မ ၃၀၄ (က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး တိုင်းမီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်က ဧရာဝတီသို့ အတည်ပြု ပြောသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၇ ရက် နေ့လယ် ၁ နာရီခန့်က ပေ ၃၀၀ ခန့်နက်သည့် အဆိုပါ ကျောက်မီးသွေးတွင်းအတွင်း လေပေးသွင်းသည့် လေပြွှန်အရင်း ချုပ်ရိုး ပေါက်ထွက်ရာမှ ဖိအားများပြီး အောက်ဆီဂျင်ပြတ်တောက်မှုနှင့် တွင်းနံရံပြိုကျမှု ဖြစ်ပွားခဲ့ရာမှ တွင်းထဲတွင် လူ ၈ ဦး ပိတ်မိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တွင်းထဲ၌ ပိတ်မိသေဆုံးသူ ၈ ဦး၏ အလောင်းများကို သယ်ထုတ်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက အခင်း စတင်ဖြစ်ပွားသည့် ညနေကတည်းက ကြိုးပမ်းသယ်ထုတ်ခဲ့ရာ နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် အလောင်းအားလုံးကို သယ်ထုတ်နိုင်ခဲ့ပြီးနောက် လုပ်ကွက်ကို ပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ဦးအောင်ဝင်းစိန်က ရှင်းပြသည်။ “လူသေ ၈ လောင်းစလုံး သယ်ထုတ်ပြီးတာနဲ့ ပိတ်ထားလိုက်ပြီ။ ဆင်းခွင့်လည်း မပြုတော့ဘူး။ ဘာမှလည်း လုပ်ခွင့်မပြု တော့ဘူး။ ရဲကတော့ အမှုဖွင့် အရေးယူထားပါတယ်” ဟု ၎င်းက ဆိုသည်။ သေဆုံးသူ၏အလောင်းများကို ယနေ့ နိုဝင်ဘာ ၃၀ ရက်တွင် မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ပြီး ၎င်းတို့၏ နစ်နာမှုများအတွက် အလုပ်ရှင်နှင့် အလုပ်သမားများ ညှိနှိုင်းရန် ဖိတ်ခေါ်ထားကြောင်း ငဖဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်က ပြောသည်။ လုပ်ကွက်ပိတ်သိမ်းနှင့်ပတ်သက်၍ ၎င်းက “ဒါဟာ ဘယ်လိုဖြစ်တာလဲ။ သူတို့ကတော့ လေပိုက်ပေါက်ကွဲတယ်ပေါ့။ ဒါပေမယ့် အထဲမှာ လက္ခဏာက တချို့ရဲ့ ထင်မြင်ယူဆချက်ပေါ့နော်။ ဓာတ်ငွေ့ပေါက်ကွဲတယ်ဆိုတဲ့ အယူအဆတွေရှိလို့ ဒါကို ကျွမ်းကျင်ပုဂ္ဂိုလ်တွေလာပြီး အမြန်ဆုံးစစ်ဆေးဖို့ အစီစဉ်ရှိပါတယ်။ ပိတ်သိမ်းမှုက စစ်ဆေးဆောင်ရွက်မှု မပြီးမချင်း ကာလအထိပါ” ဟု ဆိုသည်။ ကျောက်မီးသွေးတွင်းထဲ၌ ပိတ်မိသေဆုံးသွားသည့် လူ ၈ ဦးအနက် တရုတ်နိုင်ငံသား တဦးနှင့် စကားပြန် တဦးလည်း ပါဝင်ကြောင်း သိရသည်။ ဆက်စပ်ဖတ်ရန် – မင်းဘူးမြို့နယ် ကျောက်မီးသွေးတွင်း ပြိုမှု လူ ၈ ဦး သေဆုံး The post လူ ၈ ဦး သေဆုံးခဲ့သည့် ဟန်ထက် ကျောက်မီးသွေးတွင်းလုပ်ကွက် ပိတ်သိမ်း appeared first on ဧရာဝတီ.
Source : http://ift.tt/2AtCtlw
via IFTTT
Source : http://ift.tt/2AtCtlw
via IFTTT
The Voice
မြန်မာကုမ္ပဏီတွင် နိုင်ငံခြားသား ရှယ်ယာပါဝင်မူ ၃၅ ရာခိုင်နှုန်းအထိ ခွင့်ပြု ရန်ကုန်၊ နိုဝင်ဘာ ၃၀ ကုမ္ပဏီအက်ဥပဒေသစ်အရ တိုင်းရင်းသား ကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသား ရှယ်ယာ ၃၅ ရာခိုင်နှုန်းထိ ပါဝင်ခွင့်ပြုသော်လည်း တိုင်းရင်းသားကုမ္ပဏီအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ယင်းဥပဒေသစ်အရ သိရသည်။ ယခင်ဥပဒေအဟောင်းတွင် နိုင်ငံခြားသား အစုရှယ်ယာ ၁ ရာခိုင်နှုန်း ပါဝင်ပါက ဖက်စပ်ကုမ္ပဏီဟု သတ်မှတ်ပြီး ကုန်သွယ်မှုလုပ်ငန်းများနှင့် အခြားလုပ်ငန်းများကိုလည်း အကန့်အသတ်ဖြင့်သာ လုပ်ကိုင်ခွင့်ပေးပြီး ထို့ကြောင့် ၃၅ ရာခိုင်နှုန်းထိ နိုင်ငံခြားသား ရှယ်ယာ ပါဝင်ခွင့်ပြုမည်ဖြစ်သည့်အတွက် ဖက်စပ်ကုမ္ပဏီများအတွက် အကျိုးရှိစေမည်ဖြစ်သည်။ “ပြည်တွင်းမှာ နိုင်ငံခြား လုပ်ငန်းရှင်တွေဆိုရင် ပေးမလုပ်တဲ့ဟာတွေ တော်တော် များတယ်။ အဓိကက ကုန်သွယ်မှု လုပ်တဲ့နေရာမှာ နိုင်ငံခြားသားပိုင်ဆိုရင် လုပ်ရကိုင်ရ နည်းနည်း ခက်တယ်။ နိုင်ငံသားပိုင်ဆိုရင် ပိုပြီး လွယ်တယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။ ယင်းကဲ့သို့ အစိုးရမှ ဖြေလျှော့မှုများ ပေးလိုက်သည့်အတွက် ဘဏ်နှင့် အာမခံ လုပ်ငန်းများတွင် နိုင်ငံခြား ကုမ္ပဏီများ ပိုမိုဝင်လာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ် ပြောဆိုကြသည်။ “ဘဏ်ကတော့ ဗဟိုဘဏ်က ခွင့်ပြုမှ နိုင်ငံခြားနဲ့ ဖက်စပ် လုပ်လို့ရမှာ။ အာမခံ လုပ်ငန်းတွေကတော့ ဖက်စပ်လုပ်ဖို့ ပိုပြီး အလားအလာ ကောင်းတယ်။ အခုလည်း အာမခံက နိုင်ငံခြား ကုမ္ပဏီ ၂၄ ခုလောက် လျှောက်ထားတယ်။ အစိုးရကလည်း JV(Joint Venture) ပေးမယ်လို့ မျှော်လင့်တယ်”ဟု CB ဘဏ်မှ အကြီးတန်း အရာရှိတစ်ဦးကဆိုသည်။ လတ်တလော တရားဝင် မှတ်ပုံတင်ထားသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီပေါင်း ခြောက်သောင်းနီးပါး ရှိပြီး တိုင်းရင်းသားကုမ္ပဏီမှာ ငါးသောင်းကျော်၊ နိုင်ငံခြားသားပိုင် ကုမ္ပဏီမှာ ၅ ထောင်ကျော်နှင့် ဖက်စပ် ကုမ္ပဏီမှာ ၆၉ ခုရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
Source : https://goo.gl/eJYrTQ
via IFTTT
Source : https://goo.gl/eJYrTQ
via IFTTT
Subscribe to:
Posts (Atom)