Saturday, December 30, 2017


အွန်လိုင်းမှတဆင့် ရှယ်ယာဝယ်ယူမှု ၂၀၁၈ တွင် စတင်မည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် စတင်မည့် စတော့ရှယ်ယာများကို အွန်လိုင်းမှ တဆင့် အရောင်းအဝယ်ပြုလုပ်ရာတွင် ကျပ်သိန်းတရာ အထိ ဝယ်ယူခွင့် ပြုမည် ဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းရုံးမှ သိရသည်။ ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင် အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦး က “အွန်လိုင်းကနေ စတော့ အရောင်းအဝယ် လုပ်မယ် ဆိုရင် ၁ ကြိမ်ကို ၁၀ သန်း (ကျပ်သိန်း ၁၀၀) အရောင်းအဝယ် လုပ်လို့ ရပါတယ်။ ကုမ္ပဏီတွေ အားလုံးအတူူတူပဲ ဖြစ်တယ်။ ဒီသတ်မှတ်ချက်ကတော့ ငွေချေးသက်သေခံ ကြီးကြပ်ရေးကော်မတီက သတ်မှတ်ပေးတာ ဖြစ်ပါတယ်”ဟု ပြောသည်။ သတ်မှတ် ပမာဏထက်ပိုမိုဝယ်ယူ လိုပါက ယခင်အတိုင်း ချေးငွေ သက်သေခံ လက်မှတ် လုပ်ငန်း ကုမ္ပဏီသို့ တိုက်ရိုက်ဝယ်ယူခြင်း သို့မဟုတ် မိမိဝယ်ယူမည့် ကုမ္ပဏီထံသို့ ဖုန်းဖြင့်ဆက်သွယ် ဝယ်ယူနိုင်ကြောင်း ၎င်းက ပြောသည်။ ထိုသို့သတ်မှတ်ရခြင်းမှာ ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်မှ ငွေမည်းများစီးဆင်းမှု မရှိစေရန်အတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ စတော့ အရောင်းပမာဏကို သတ်မှတ် ထားခြင်း မရှိကြောင်း အွန်လိုင်း ထရေးဒင်း ခွင့်ပြုလိုက်သည့် ကုမ္ပဏီများထံမှ သိရသည်။ အွန်လိုင်း ထရေးဒင်း လုပ်ကိုင်ခွင့် ပြုလိုက် သော ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများမှာ မြန်မာ့စီးပွားရေးဘဏ် နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါ Securities Group တို့ အကျိုးတူပူးပေါင်းထားသည့် Myanmar Securities Exchange Centre Co.,Ltd.(MSEC)၊ KBZ Stirling Coleman Securities Co.,Ltd.(KBZSC)၊ CB Securities Co.,Ltd.(CBSC) နှင့် AYA Trust Securities Co.,Ltd.(AYA Trust) တို့ဖြစ်ကြောင်း သိရသည်။ ဦးသက်ထွန်းဦးက “ ဝယ်ယူမယ့် သူတွေ အနေနဲ့လည်း ဒီစနစ်ကို ကျင့်သား ရချင်မှ ရအုံးမှာဖြစ်တယ်။ ဒါကိုလေ့ကျင့်မှု အချိန်ယူ ကောင်း ယူရအုံးမှာပါ။ ဒါပေမယ့် ၂၀၁၈ ခုနှစ်ကတော့ ပိုပြီးတော့ လူပ်ရှား သက်ဝင်လာမယ်လို့ မျှော်လင့်ပါတယ်။ စာရင်းဝင်ကုမ္ပဏီတွေလည်း နောက်ထပ် ၁ ခု၊ ၂ ခုလောက်လာဖို့ရှိနေတာ ဖြစ်တယ်”ဟု ပြောသည်။ လက်ရှိတွင် စတော့ရောင်းဝယ်ရေးအနေနှင့် တရက်လျှင် ၂ ကြိမ် အရောင်းအဝယ် ပြုလုပ်နေပြီး အွန်လိုင်းအနေဖြင့် အရောင်း အဝယ်ပြုလုပ်မည် ဆိုလျှင် တရက် အတွင်း ကြိုက်နှစ်သက်ရာအချိန်အတွင်း ပြုလုပ်နိုင် ကြောင်း ရန်ကုန်စတော့ အိတ်ချိန်း ရုံးမှ သိရသည်။ အွန်လိုင်းမှတဆင့် စတော့ရှယ်ယာ အရောင်း အဝယ်ပြုလုပ်လိုသူများသည် အထက်ပါ ကုမ္ပဏီ ၄ ခု၏ Online Application များကို download ဆွဲနိုင်ပြီး အရောင်းအဝယ်ပြုလုပ်ပုံ အဆင့်ဆင့်ကို သိရှိနိုင်သည်။ ယင်း Online Application အတွက် ကုမ္ပဏီများက အခကြေးငွေကောက်ခံမည် မဟုတ်ဘဲ အွန်လိုင်းစနစ်ကို ဇန်နဝါရီလ ပထမတပတ်အတွင်း ရောင်းဝယ်နိုင်ရန် ကုမ္ပဏီများဘက်မှ ပြင်ဆင်နေကြောင်း သိရသည်။ စတော့ ရှယ်ယာများကို အွန်လိုင်းမှတဆင့် ရောင်းဝယ်လိုသူများအနေဖြင့် ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီ ၄ခုထဲမှ နှစ်သက်ရာ ကုမ္ပဏီနှင့် ဆက်သွယ်ပြီး အွန်လိုင်းရောင်းဝယ်မှုစည်းမျဉ်းများနှင့်ပတ်သတ်သည့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးရန် လိုအပ်မည်ဖြစ်သည်။ ယင်း လက်မှတ်ရေးထိုးပြီးမှသာ Online Application ကို download ဆွဲခြင်း (သို့) install လုပ်ခြင်းဖြင့် စတင်အသုံးပြု၍ ရမည်ဖြစ်ကြောင်း ကုမ္ပဏီများထံမှ သိရသည်။ CB Traderကုမ္ပဏီမှ သုတေသနအရာရှိ ဒေါ်နန်းနှင်းရွှေရည်ထူးက “ အမှန်တော့ ကျမတို့ အရောင်းအဝယ်စတင်လို့ရတာ အခု ၂၈ ရက်နေ့ထဲက တရားဝင် ရောင်းဝယ်လို့ ရ တယ်။ ၃၀ ရက်နေ့မှာ မိတ်ဆက်ဖို့ ရှိပါတယ်”ဟု ပြောသည်။ လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း၏ Listed Sercurities ၄ခုမှာ FMI၊မြန်မာသီလဝါ SEZ ကုမ္ပဏီ မြန်မာနိုင်ငံသားများဘဏ်နှင့်ပထမပုဂ္ဂလိက ဘဏ် တို့မှ အစုရှယ်ယာများရောင်းချလျက်ရှိသည်။ The post အွန်လိုင်းမှတဆင့် ရှယ်ယာဝယ်ယူမှု ၂၀၁၈ တွင် စတင်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2ll0Rga
via IFTTT

The Voice

ကွဲသွားလျှင် အလိုအလျောက် ပြန်ဆက်သည့်မှန် ဂျပန်တီထွင် တိုကျို၊ ဒီဇင်ဘာ ၂၈ ဂျပန်နိုင်ငံမှ သုတေသီတစ်ဦးသည် မတော်တဆ ကွဲသွားသည့်မှန်ကို လက်နှင့်ဖိလိုက်လျှင် အလိုအလျောက် ပြန်ဆက်ကာ အကောင်းအတိုင်းဖြစ်သွားစေရန် တီထွင်နိုင်ခဲ့ကြောင်း The Citizen သတင်းတွင် ဖော်ပြထားသည်။ အနာဂတ်တွင် ကားမှန်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး မှန်များ၊ ငါးကန်များကို ပြုလုပ်သည့်မှန်များသည် လက်ရှိ သက်တမ်းထက် သုံးဆပိုခံနိုင်သည့် ဆူပါမှန်များအဖြစ် ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။ ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်မှ ဓာတုဗေဒသုတေသီ ယာနာဂီဆာဝါသည် ကွဲအက်သည့်မှန်များကို ပြန်ဆက်နိုင်သည့် နည်းပညာဖြင့် တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီး ရေစိုခံ၊ ရေလုံသည့် မှန်မျိုးလည်းဖြစ်ကြောင်း ပြောကြားသည်။ ဤတီထွင်မှုကြောင့် မကြာသောကာလတွင် စမတ်ဖုန်းမှန်များသည် ကွဲသွားလျှင်လည်း ပြန်ဆက်စေရန် လုပ်ဆောင်နိုင်တော့မည် ဖြစ်ပြီး ကွဲအက်သွားသော နေရာကို ဖိလိုက်သည်နှင့် ပြန်လည် အကောင်းအတိုင်း ဖြစ်နိုင်ကြောင်း ယာနာဂီဆာဝါက ဆိုသည်။ ယခုတွေ့ရှိမှုအတွက် ဖော်ထုတ်ရန် ကြာဦးမည်ဆိုသော်လည်း အနာဂတ်တွင် မကွဲနိုင်သည့် မှန်များကို တီထွင်ထုတ်လုပ်ရန်အတွက် လမ်းစတစ်ခုဖြစ်ကြောင်း၊ ပေါ့ပါးပြီး မှန်ကဲ့သို့ မကွဲနိုင်သည့် ကားမှန်တစ်မျိုးကိုလည်း တီထွင်နိုင်တော့မည်ဟု ယူဆကြောင်း AFP သတင်းတွင် ရေးသားထားသည်။ သရုပ်ပြပွဲတွင် ယာနာဂီဆာဝါက မှန်ကွဲစနှစ်စကို စက္ကန့် ၃၀ အတွင်း ပြန်ဆက်သွားစေရန်လည်းကောင်း၊ Polyether Thioureas ဟုခေါ်သည့် အော်ဂဲနစ် ဖန်တစ်မျိုးနှင့် ပြုလုပ်ထားသော ရေပုလင်းများကို ခွဲလိုက်သော်လည်း အစများ လွင့်မထွက်သွားဘဲ အက်ကြောင်းများနှင့် ရေကိုထိန်းသိမ်းထားနိုင်မှုတို့ကိုလည်းကောင်း ဖော်ထုတ်ပြနိုင်ခဲ့သည်။ မိမိအနေနှင့် ကွဲသွားလျှင် ပြန်ဆက်မည့်မှန်ကို တီထွင်ရခြင်းထက် မကွဲနိုင်သည့်မှန်ကိုသာ တီထွင်ရန် ဆန္ဒရှိကြောင်း၊ မှန်ကိုကြည့်ပြီး ကွဲသွားမှာလားဆိုသော စိုးရိမ်စိတ်မျိုး အနာဂတ်တွင် မဖြစ်ပေါ်စေရန် လုပ်ဆောင်လိုခြင်း ဖြစ်ကြောင်း ယာနာဂီဆာဝါက ပြောကြားသည်။ လက်ရှိအသုံးပြုနေသည့် မှန်များထက် သုံးဆပိုခံနိုင်ရည်ရှိသော မှန်မျိုးထုတ်လုပ်ရန် နောက်ထပ် ၁၀ နှစ်ခန့် ကြာနိုင်သေးကြောင်း AFP တွင် ရေးသားထားသည်။
Source : https://goo.gl/Acdwgo
via IFTTT

The Voice

ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေး ဇန်နဝါရီလအတွင်း အပြီးသတ် ဆွေးနွေးမည် မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၈ ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကို လာမည့် ဇန်နဝါရီလအတွင်း ပါတီတစ်ခုတည်း ပေါင်းစည်းနိုင်ရေးအတွက် အပြီးသတ် ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)ထံမှ သိရသည်။ ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီ လေးခုဖြစ်သော ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင်ဒီမိုကရက်ပါတီ (KDP)၊ ကချင်အမျိုးသား ကွန်ကရက်ပါတီ (KNC)နှင့် လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNUDP) ပါတီများအနက် လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ပေါင်းစည်းတော့မည် မဟုတ်ကြောင်း ကချင်ပြည်နယ်၊ ဒီမိုကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောကြားသည်။ “သေချာတာကတော့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)နဲ့ ကချင် ဒီမိုကရက်ပါတီ (KDP)တို့က အဓိက ပေါင်းစည်းဖို့ သေချာတယ်။ လော်ဝေါ်ပါတီကတော့ မပေါင်းနိုင်ဘူးလို့ အကြောင်းကြားလာတဲ့အတွက် မပါတော့ဘူး”ဟု ၎င်းက ဆိုသည်။ အဆိုပါ ပါတီပေါင်းစည်းရေး အစည်းအဝေးကို ဇန်နဝါရီလ ၁၀ ရက်နောက်ပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC)ပါတီအနေဖြင့် ယင်းအစည်းအဝေး မတိုင်မီ ပေါင်းစည်းနိုင်ခြင်းရှိ မရှိကို လူထုတွေ့ဆုံပွဲ ပြုလုပ်ပြီးမှ သိရမည်ဖြစ်သည်။ “လော်ဝေါ်ပါတီကိုကျတော့ ကျွန်တော်တို့ မဖိတ်တော့ဘူး။ သူတို့က ပေါင်းစည်းရေးမှာ မပါနိုင်တော့ဘူးလို့ ပြောတဲ့အတွက် KNC ကိုတော့ စောင့်ကြည့်နေတယ်။ ဇန်နဝါရီလမှာ သူတို့က လူထုညီလာခံလုပ်ပြီး ပေါင်းမယ် မပေါင်းမယ်ကို အကြောင်းကြားမယ်လို့ ပြောတယ်”ဟု ဒေါက်တာ တူးဂျာက ရှင်းပြသည်။ အဆိုပါ တစ်ပါတီတည်းပေါင်းစည်း ပြီးပါက လက်ရှိပါတီများ၏ နာမည်နှင့် လိုဂိုများကို ထည့်သွင်း အသုံးပြုမည်မဟုတ်ဘဲ နာမည်သစ်၊ လိုဂိုတံဆိပ်သစ်ကို ရွေးချယ် အသုံးပြုမည်ဖြစ်ကြောင်း ယင်းပါတီတာဝန်ရှိသူများထံမှ သိရသည်။ အဆိုပါ ပါတီပေါင်းစည်းရခြင်းသည် အဓိက ပြည်နယ်အစိုးရဖွဲ့စည်း၍ ကချင်ပြည်နယ်အတွင်း ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူငယ်များ၏ အခန်းကဏ္ဍများ၊ တရားဥပဒေ စိုးမိုးရေးများကို ပိုမိုလုပ်ဆောင်ပေးနိုင်ရန်အတွက် ရွေးကောက်ပွဲတွင် မဲနိုင်သည့် ကိုယ်စားလှယ်များ များများရှိမှ လုပ်ဆောင်နိုင်မည်ဖြစ်သောကြောင့် ယခုကဲ့သို့ ပါတီများ ပေါင်းစည်းရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီ လေးခုဖြစ်သော ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင်ဒီမိုကရက် ပါတီ (KDP)၊ ကချင် အမျိုးသား ကွန်ဂရက်ပါတီ (KNC)နှင့် လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNUDP) ပါတီတို့သည် နိုင်ငံရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ KPCC ကို ၂၀၁၆ ခုနှစ် ဧပြီလမှ စတင်ဖွဲ့စည်းခဲ့သည်။
Source : https://goo.gl/SbB1i6
via IFTTT

Friday, December 29, 2017

The Voice

အနည်းဆုံး အခကြေးငွေ တစ်ရက် ၄၈၀၀ ကျပ်ပေးရန် သတ်မှတ် နေပြည်တော်၊ ဒီဇင်ဘာ၂၉ အလုပ်သမား ၁၀ ဦးအထက်ပိုသည့် ပုဂ္ဂလိကလုပ်ငန်းများတွင် အနည်းဆုံး အခကြေးငွေကို တစ်ရက် ၄၈၀၀ ကျပ်ပေးရန် အဆိုပြု သတ်မှတ်လိုက်သည်ဟု အလုပ်သမား၊​ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။ နေပြည်တော် အလုပ်သမား၊​ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ဒီဇင်ဘာ ၂၉ ရက်က ကျင်းပသည့် စတုတ္တအကြိမ် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်ကို မီဒီယာများအား ပြောကြားခဲ့ခြင်းဖြစ်သည်။ အနည်းဆုံး အခကြေးငွေ ၄၈၀၀ ကျပ်ကို လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှု မရှိသေးသည့်အသစ် စတင်ဝင်ရောက်လာသည့် အလုပ်သမားများကို ပေးရန်ဖြစ်ပြီး ကျွမ်းကျင်မှုရှိသော ဝန်ထမ်းများကို ကျွမ်းကျင်မှုအလိုက် စက်ရုံ၊ အလုပ်ရုံများက ပေးရမည်ဖြစ်ကြောင်း၊ ယခုသတ်မှတ်အဆိုပြုသည့် အနည်းဆုံး အခကြေးငွေ ၄၈၀၀ ကျပ်သည် လုပ်သားအင်အား ၁၀ ဦးထက်မနည်းရှိသည့်လုပ်ငန်းများမှ အလုပ်သမား အသစ်များအတွက် သတ်မှတ်ခြင်းဖြစ်ပြီး လုပ်သားအင်အား နည်းပါးသည့် အသေးစား အလတ်စား လုပ်ငန်းများ ရှင်သန်နိုင်ရေးအတွက် လိုအပ်နေသေး၍ မပါဝင်သေးကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ “ယခင်သတ်မှတ်ချက်က တစ်ရက်အနည်းဆုံး အခကြေးငွေ ၃၆၀၀ ကျပ်ပါ။ အခု နောက်ထပ် ၁၂၀၀ ကျပ် ထပ်တိုးတဲ့သဘောပါ။ ဒါအတည်ဖြစ်ဖို့ ရက်ပေါင်း ၆၀ စောင့်ရမယ်”ဟု ဦးသိန်းဆွေက ဆိုသည်။ အနည်းဆုံး အခကြေးငွေ ၄၈၀၀ ကျပ်ကို အစည်းအဝေး တက်လာသည့် အလုပ်ရှင်၊​ အလုပ်သမား ကိုယ်စားလှယ်များက အိမ်နီးချင်းနိုင်ငံများက လုပ်ခနှုန်းထားများ၊ ​နိုင်ငံတော် GDP အခြေအနေများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ သက်ဆိုင်ရာဝန်ကြီးများမှ အောက်ခြေအထိ ကွင်းဆင်းစုံးစမ်းပြီး ယခုလိုသတ်မှတ်ခြင်းဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ စုံးစမ်းသိရှိရသည်။
Source : https://goo.gl/sQhwZX
via IFTTT


မြေတိုင်းတာမှု အချိန်ကုန်သက်သာ လွယ်ကူမြန်ဆန် တိကျစေသည့် အတွက် UAV Drone များဖြင့် ဆောင်ရွက်သွားမည် မကွေးတိုင်းဒေသကြီး၌ သမားရိုးကျ မြေတိုင်းတာမှုစနစ် များအပြင် မြေတိုင်းရာတွင် လွယ်ကူမြန်ဆန်တိကျ စေရေးအတွက် UAV Drone များဖြင့် မြေတိုင်းတာပုံထုတ်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် မကွေး၊ ဂန့်ဂေါ၊ ပခုက္ကူ၊ သရက်နှင့် မင်းဘူးခရိုင်တို့မှ ဌာနဝန်ထမ်း သင်တန်းသား ၄၅ ဦးအား မကွေးမြို့၌ ဒီဇင်ဘာ ၂၇ ရက်မှ ၃၁ ရက်အထိ သင်တန်းပို့ချပေးလျက် ရှိကြောင်း သိရသည်။ UAV Drone ဖြင့် တိုင်းတာပါက ဧက ၄ဝဝ ရှိ ကွင်းတစ်ကွင်းကို နှစ်ရက်ခန့်သာ ကြာမြင့်မည်ဖြစ်ပြီး သမားရိုးကျတိုင်းတာပါ က ၇ ရက်မှ ၁ဝ ရက်အထိ ကြာမြင့်နိုင်ကြောင်း သိရသည်။ ''မြေတိုင်းတဲ့နေရာမှာ အဆင့်တွေ အများကြီးရှိတယ်၊ အဲဒီအဆင့်တွေကို ကျော်လွှားပြီးတော့ Drone နဲ့ တိုင်း တဲ့စနစ်ကို သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်၊ အရင် စနစ်တွေက အလွန်ကြာတယ်၊ လုပ်ရကိုင်ရတာ လက်ဝင် ပြီး လူအင်အားသုံးရတယ်၊ အခုစနစ်နဲ့ဆိုရင် အချိန်ရော၊ လူအင်အားရော တိကျမှုပါ အလွန်ကွာခြားသွား မှာဖြစ်ပါတယ်'' ဟု သင်တန်းနည်းပြ ဒုတိယ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးစိန်ဝင်းက ပြောသည်။ တစ်စုံလျှင်ကျပ် ၅၅၄၂ဝဝဝ တန်ဖိုးရှိ Agisoftware မပါသည့် ဒရုန်းသုံးစီးနှင့် ဆက်စပ်ပစ္စည်း သုံးစုံ၊ တစ်စုံလျှင်ကျပ် ၁၄၂ဝ၄၅ဝဝ တန်ဖိုးရှိ Agisoftware ပါရှိသည့် ဒရုန်းယာဉ်တစ်စီးနှင့် ဆက်စပ်ပစ္စည်းများ အတွက် စုစုပေါင်းကျပ် ၃ဝ၈၃ဝ၅ဝဝ ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဘတ်ဂျက်မှ ချထားပေးခြင်း ဖြစ်သည်။ ''တိုင်းဒေသကြီး အစိုးရအဖွဲ့က Drone ငါးစင်း ဝယ်ယူဖို့ ခွင့်ပြုခဲ့တာဖြစ်ပေမယ့်၊ ခြိုးခြံချွေတာတဲ့အနေ နဲ့ Drone လေးစင်းနဲ့ ရရှိတဲ့ Dataတွေကို အသေးစိတ် ပြုစုနိုင်ဖို့ ှSoftware တစ်ခုဝယ်ပါတယ်၊ ဒီလိုပံ့ပိုးပေး တဲ့အတွက် တိုင်းဒေသကြီးရဲ့ မြေယာအသုံးချမှုတွေ၊ မြေယာစီမံခန့်ခွဲမှုတွေ၊ သဘာဝဘေးအန္တရာယ်ကြောင့် လယ်ယာ မြေဘယ်နှဧက ရေနစ်တယ် ဆိုတာတွေကို ဒီစနစ်နဲ့ တိုင်းတာရင် ချက်ချင်းသိရှိနိုင်မှာဖြစ်လို့ တိုင်းဒေသကြီး အတွက်ရော၊ ဌာနအတွက်ပါ အလွန်အကျိုးရှိမှာ ဖြစ်ပါတယ်''ဟု တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးဇော်ဝင်းက ပြောသည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနများမှ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းတာဝန်များနှင့် ထမ်းဆောင်ရမည့် တာဝန်များ များပြားနေခြင်းကြောင့် ၂ဝ၁၇ ခုနှစ် မေလပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် မြေကြီးမြေပုံ မှန်ကန်ရေးနှင့် မြေတိုင်းတာ ဆောင်ရွက်ရာတွင် လွယ်ကူ မြန်ဆန်တိကျစေရေးအတွက် UAV Drone ငါးစင်း ဝယ်ယူရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။ The Ladies News
Source : http://ift.tt/2ChUC6t
via IFTTT

ဒီတပတ္ ဖတ္စရာ

ဒီတပတ် ဖတ်စရာ စာရေးသူ – ဒေါက်တာသန်းထွန်း စာအုပ်အမည် – ပုဂံလက်သစ်နှင့် ပုဂံအနုပညာတန်ဖိုးထိန်းရန် အမျိုးအစား – သမိုင်း `ဘုရားဂေါပက ဆိုသူတွေဟာ အလှူခံကောင်းတယ်။ အလှူခံများများရရင် ဘုရားကို အသစ်ဖြစ်အောင် မွမ်းမံမယ်။ မူလလက်ရာ မပျက် လုပ်ရကောင်းတယ် လို့ နည်းနည်းမှမသိဘူး’ လို့ ဒေါက်တာသန်းထွန်းက ဆိုပါတယ်။ ဒီစာအုပ်မှာ ပုဂံ အာနန္ဒာအနောက်စောင်းတန်း၊ ရန်ကုန်တက္ကသိုလ်မှာ ဖတ်ကြားခဲ့တဲ့ ပုဂံလက်သစ် (DEFACING OLD BAGAN) နဲ့ ပုဂံ အနုပညာ တန်ဖိုးထိန်းရန် (DEPRECIATION OF BAGAN ART) ဆိုတဲ့ စာတမ်းနှစ်စောင်ကို မြန်မာ+အင်္ဂလိပ် နှစ်ဘာသာနဲ့ လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ `တချို့ ရှေးဟောင်းသုတေသနသမားဟာ ရှေးပစ္စည်းကို မူလအတိုင်း ရှိအောင် လုပ်ဖို့ သူ့မှာ တာဝန်ရှိပေမယ့် ဘာကြောင့်ရယ်လို့ မပြောပဲ အဲဒီတာဝန်ကို လေးလေးနက်နက် မဆောင်ရွက်ရင် ကျနော်တို့မှာ အံ့သြတာကလွဲလို့ ဘာမှ မလုပ်နိုင်တော့ပါ’ လို့ ဒေါက်တာသန်းထွန်းက ဆိုပါတယ်။ စိတ်ကူးချိုချိုစာအုပ်တိုက်က တန်ဖိုး ၂၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။ စာရေးသူ – နေမျိုး စာအုပ်အမည် – ဘူတာဈေးကလေးနှင့် အခြားဝတ္ထုတိုများ အမျိုးအစား – ဝတ္ထုတိုများ ကဗျာရေး၊ ပန်းချီဆွဲတဲ့ မန္တလေးက ဆရာနေမျိုးရဲ့ ဝတ္ထုတို စုစည်းမှု စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်မှာ မြေအောက်ကမ္ဘာ၊ မွေးမြူထားသော အန္ဓများ၊ တောသည်၊ ဘူတာဈေးကလေး၊ အနက်ထဲက အဖြူ၊ တွေ့ခဲ့ဖူးတဲ့ ကျားတစ်ကောင်၊ နေ့စဉ် ဘဝထဲမှ ရုပ်ပုံကားချပ်များ သူရဟန်၊ နေ့စဉ်ဘဝထဲမှ ရုပ်ပုံကားချပ်များ ဝေယံလင်း၊ အမေ့မင်္ဂလာဆောင်မှာ ကိတ်မုန့်စားတဲ့ ကောင်လေး၊ နေ့စဉ်ဘဝထဲမှ ရုပ်ပုံကားချပ်များ စောထူးထူး၊ နေ့စဉ်ဘဝထဲမှ ရုပ်ပုံကားချပ်များ မေသန္တာမျိုး စတဲ့ ဝတ္ထုတို ၁၁ ပုဒ်ကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ဘူတာဈေးကလေးက ဈေးသည်တွေရဲ့ `သာတယ်နော်’၊ `ဝယ်ပါဦး အစ်ကိုကြီးရဲ့’ ဆိုတဲ့စကားသံတွေ၊ အမေ့မင်္ဂလာဆောင်မှာ ကိတ်မုန့်စားတဲ့ ကောင်လေးဝတ္ထုတိုထဲက ညစ်ပေမည်းတူးနေတဲ့ ကျော်စိန်ဝင်းလေးရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို မြင်နိုင် ကြားနိုင်ကြမှာ ဖြစ်ပါတယ် ၊၊ the key collection က တန်ဖိုး ၁၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။ စာရေးသူ – ဇော်ဂျီနှင့်အခြား စာအုပ်အမည် – ကံ့ကော်မြိုင်စာတမ်း အမျိုးအစား – စာပေ `မည်သည့် ရည်ရွယ်ချက်ရှိရှိ၊ မည်သည့် အကြောင်းကိုရေးရေး၊ မည်သည့် ပုံသဏ္ဌာန်ကို ဖော်ဖော်၊ ထိုစာ မတိုမရှည်သည် စာဖတ်ပရိတ်သတ်အား နှစ်သက်မှုရသကို ဖြစ်စေသင့်သည်။ ရသဖြစ်သည်နှင့် အတူတကွ ဘ၀ သို့မဟုတ် ပတ်ဝန်းကျင် အသိအမြင်ကိုလည်း ဖြစ်လာစေသင့်သည်’ လို့ ဆရာဇော်ဂျီက ဆိုပါတယ်။ ဒီစာအုပ်မှာ ဇော်ဂျီရဲ့ နွေဦးကျက်သရေ၊ ကဗျာဝိုင်း စာဝိုင်းနှင့် ကျွန်တော်၊ ပုဂံမြို့ဟောင်းနှင့် ကျွန်တော်၊ မင်းသုဝဏ်ရဲ့ အိုးစည်သံ၊ အလွမ်းရယ်တဲ့ ၁၂ ထွေ၊ လူလည်းတထွေ ရေလည်း တခြား၊ နွယ်စိုးရဲ့ ကုသိုလ်ဆက်၊ စိမ်းလန်းသော တောင်ကုန်းများ၊ တိုက်စိုးရဲ့ သုခုမ၊ ဇော်ဂျီနှင့် နှုတ်ခမ်းဆိုးဆေး၊ နေဝင်မြင်သည် ဝရွှေပြည်၊ မင်းယုဝေရဲ့ တစ်နှစ်တစ်ခါ၊ ပိုင်ဆိုင်ခြင်း၊ ဦးရာကျော်ကောင်းမှု၊ အောင်သင်းရဲ့ အနီးအဝေး၊ ချိုတကူးနှင့် ဂုဏ်ရည်မတူ၊ ရွှေယုန်နှင့် ရွှေကျား၊ တက္ကသိုလ်ဝင်းမွန်ရဲ့ ဗမာစွန်၊ မိဖြူ၊ ဆားဒယ်၊ မောင်ဇော်ရဲ့ မနက်စောစော၊ သိင်္ဂါရ ရသ၊ တင်မိုးရဲ့ သချႋုင်းကုန်းမှာ၊ မောင်ဖေသန်းရဲ့ ထင်းရှူးပင်ငယ် ပုံပမာ၊ သီချင်းညည်းတတ်သည့် အလေ့၊ စလောင်းပုံးတစ်ချပ် စတဲ့ စာတမ်း ၂၆ ပုဒ်ကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ရာပြည့်စာအုပ်တိုက်ကတန်ဖိုး ၁၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။ စာရေးသူ – ဦးဖိုးလှ စာအုပ်အမည် – ဆရာယုဒသန် အမျိုးအစား – အတ္ထုပ္ပတ္တိ ၁၉၁၁ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဆရာယုဒသန်နဲ့ ပတ်သက်တဲ့ ရှားပါးစာအုပ်ကို ပြန်လည် ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ အခန်း ၁၂ ခန်းပါဝင်ပြီး ဆရာယုဒသန်ရဲ့ ထူးချွန်ထက်မြက်တဲ့ ငယ်ဘဝ၊ အမေရိကန်နိုင်ငံတွင် သာသနာပြုပုံ၊ ရေဖြန်းဂိုဏ်းမှ ရေနှစ်ဂိုဏ်းသို့၊ အိန္ဒိယမှ နှင်ထုတ်ခံရပြီးနောက် မြန်မာနိုင်ငံတွင် ဆက်လက် သာသနာပြုပုံ၊ မြန်မာ ဘာသာစကား လေ့လာခဲ့ပုံနှင့် ဆရာယုဒသန် ပြုစုခဲ့သော အဘိဓာန်များနှင့် ဘာသာပြန် စာအုပ်များ၊ သာသာပြု ဆောင်ရွက်ချက်များ၊ လက်မရွံ့ထောင်ဆိုတာ၊ ပုဂံမင်းနဲ့ မင်းတုန်းမင်းတို့က ဗုဒ္ဓဘာသာ အားထုတ်သဖြင့် သာသနာပြုရန် မျှော်လင့်ချက် နည်းကြောင်း၊ ဆရာယုဒသန်ကြောင့် အမေရိကန်နှင့် အရှေ့ပိုင်းတိုင်းပြည်များတွင် သာသနာထွန်းလင်းပုံ စတဲ့ အကြောင်းအရာတွေ အပါအဝင် ဆရာယုဒသန်ရဲ့ အတ္ထုပ္ပတ္တိ အသေးစိတ်ကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ the key collection က တန်ဖိုး ၃၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။ The post ဒီတပတ် ဖတ်စရာ appeared first on ဧရာဝတီ.
Source : http://ift.tt/2DuD0kW
via IFTTT


ဓာတ်ပုံများက ပြောသော ၂၀၁၇ ၂၀၁၇ တနှစ်တာကာလအတွင်း ဖြစ်ပွားပေါ်ပေါက်ခဲ့သော ဖြစ်ရပ်များစွာကို ဧရာဝတီဓာတ်ပုံဆရာများ မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများထဲမှ အကောင်းဆုံးဟု အယ်ဒီတာအဖွဲ့က သတ်မှတ်ယူဆသောပုံများကို ရွေးထုတ်ဖော်ပြလိုက်ပါသည်။ ၁။ ကချင်ပြည်နယ် ဝိုင်းမော်ဒေသတွင် ၂၀၁၇ ဇန်နဝါရီလ အတွင်း တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် စစ်ဘေးဒုက္ခသည်များသည် တရုတ်နယ်စပ် အနီး ရှအိယန်ဒေသအတွင်းရှိ ဒုက္ခသည်စခန်းတွင် အပူချိန် အနုတ် ၄ ဒီဂရီ စင်တီဂရိတ် အထိ ကျဆင်းနေသည့် ရေခဲမှုန်များကြားတွင် နေထိုင်နေရသည်။ ပုံမှာ ယင်း ဒုက္ခသည် စခန်း အတွင်း သွားလာနေသည့် စစ်ဘေးရှောင် အဘိုးအိုတဦးကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၂။ ကချင်ပြည်နယ် ဝိုင်းမော်ဒေသတွင် ၂၀၁၇ ဇန်နဝါရီလ အတွင်း တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် စစ်ဘေးဒုက္ခသည်များသည် တရုတ်နယ်စပ် အနီး ရှအိယန်ဒေသအတွင်းရှိ ဒုက္ခသည်စခန်းတွင် အပူချိန် အနုတ် ၄ ဒီဂရီ စင်တီဂရိတ် အထိ ကျဆင်းနေသည့် ရေခဲမှုန်များကြားတွင် နေထိုင်နေရသည်။ ပုံမှာ ယင်း ဒုက္ခသည် စခန်း အတွင်း ထမင်းစားနေသည့် ကလေးငယ်တဦးကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၃။ ၂၀၁၇ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သေနတ်သမား ကြည်လင်း၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံရသော NLD ဥပဒေအကြံပေး ဦးကိုနီ၏ အသုဘဈာပန အခမ်းအနား ဇန်နဝါရီလ ၃၀ ရက်မြင်ကွင်း (ဓာတ်ပုံ- ဧရာဝတီ) ၄။ ၂၀၁၇ ဇန်နဝါရီလအတွင်း ရန်ကုန်မြို့ တရုတ်ဘုံကျောင်း တခု၌ ကျင်းပသော တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်၌ ပျော်ရွင်စွာ ဆော့ကစားနေသော ကလေးငယ်တဦး (ဓာတ်ပုံ- ဧရာဝတီ) ၅။ ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၌ ၂၀၁၇ မတ်လ ၂၅ ရက်နေ့က ဖျော်ဖြေခဲ့သော အာဇာနည်စန်းစန်း ဆပ်ကပ်အဖွဲ့မှ အမျိုးသမီး တဦး၏ ပြကွက်တခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဧရာဝတီ) ၆။ ၂၀၁၇ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သော ၇၂ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ ချီတက်အလေးပြုကြသည့် တပ်မတော်သားများ (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၇။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့က တာမွေမြို့နယ် အတွင်း ကျင်းပသော ဟိန္ဒူ ဘာသာရေး မီးနင်းပွဲတော်တွင် ပါဝင်ဆင်နွဲနေသည့် ရိုးရာမီးနင်းပူဇော်နေသော ယုံကြည်သူ ဟိန္ဒူဘာသာဝင်တဦး (ဓာတ်ပုံ- ဧရာဝတီ) ၈။ ၂၀၁၇ ခုနှစ် ဧပြီ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်သည့် မန္တလေးမြို့တော်ဝန် မဟာသင်္ကြန် ၁၃၇၉ ဖွင့်ပွဲ မြင်ကွင်း (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ) ၉။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သော အတွင်းဝန်ရုံးသို့ ဝင်ရောက်လေ့လာရန် တန်းစီ စောင့်ဆိုင်းနေကြသော ပြည်သူများကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ-သက်ထွန်းနိုင်/ဧရာဝတီ) ၁၀။ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် တဖက်ကမ်းရှိ ငါးရံ့ခြောက် လုပ်ငန်းတွင် လုပ်ကိုင်နေသော အလုပ်သမတဦး (ဓာတ်ပုံ-ချမ်းစွန်း/ဧရာဝတီ) ၁၁။ မောင်တောမြို့နယ် တောင်ပိုင်းရှိ ရွှေ့ပြောင်းသွားသည့် မွတ်စလင် ဘာသာဝင်များ နေထိုင်ခဲ့သော ဂေါ်ဒူသာရ ကျေးရွာကို အမည်မသိ လူတစုက နေအိမ်များကို ၂၀၁၇ စက်တင်ဘာ ၇ ရက် နေ့လည် ၁၂ နာရီခန့်က မီးရှို့ဖျက်ဆီးခဲ့ရာ မီးလောင်ပြင်တွင် တွေ့ရသော လုံခြုံရေးတပ်ဖွဲ့ဝင်တဦး (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၁၂။၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် သတင်းယူရင်း စက်တင်ဘာလ ၂၇ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်နှိမ်နှင်းမှုကြောင့် သေဆုံးသွားသည့် ဂျပန်နိုင်ငံသား သတင်းထောက် ကန်ဂျီနာဂါအိ ၁၀ နှစ်ပြည့် အောက်မေ့ဖွယ် ပန်းစည်းချခြင်း အခမ်းအနားကို ၎င်း သေနတ်မှန်သေဆုံးခဲ့သော ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် သတင်းထောက်အချို့က ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၁၂၊ a။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရဲဘော်ကျ ကျေးရွာအတွင်း တူးဖော်တွေ့ရှိရသော ဟိန္ဒူဘာသာဝင် အလောင်းများနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၇ ရက်နေ့တွင် နိုင်ငံတော် အစိုးရ၏ အစီအစဉ်ဖြင့် ပြည်တွင်း၊ ပြည်ပ သတင်း မီဒီယာများ သတင်းယူခွင့်ပြုခဲ့သည်။ (ဓာတ်ပုံ-မင်းအောင်ခိုင်/ဧရာဝတီ) ၁၃။ မြန်မာ့တောဆင်ရိုင်များ သတ်ဖြတ်ခြင်းအား တားဆီးကာကွယ်ရေး လှုပ်ရှားမှုတခုကို ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဆင်ရုပ်များဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်းက ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၁၄။ နေပြည်တော်တွင် အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပသော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၁၅။ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုနယ်မြေ အမျိုးသားလုံခြုံရေးကို ခြိမိးခြောက်လာသည့် ရခိုင်ပြည်နယ်အရေး ဆွေးနွေးပွဲကို ဦးဆောင် ဟောပြောနေသော ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင် (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၁၆။ ၂၀၁၇ ခုနှစ် ဇူလိုင်လက ရှမ်းပြည်မြောက်ပိုုင်း နမ့်ဆန်မြို့နယ် အတွင်း TNLA က ဦးစီးပြုလုုပ်သည့် မူးယစ်ဆေးဝါး တိုုက်ဖျက်ရေးနေ့ အခမ်းအနားသိုု့ သွားရောက်သတင်းယူပြီး အပြန်တွင် ဧရာဝတီသတင်းဌာန နှင့် DVB သတင်းဌာတို့မှ သတင်းထောက်များကိုု တပ်မတော်က မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံသတင်ထောက်များ သီပေါတရားရုံုးသိုု့ စစ်ဆေးရန် ရုံုးထုုတ်လာစဉ် (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ) ၁၇။ သတင်းသမားများ ဖမ်းဆီးထောင်ချခံရမှုကိုု ကန့်ကွက်ခြင်း နှင့် ပုုဒ်မ ၆၆ ဃ ဖျက်သိမ်းရေး လက်မှတ်ရေးထိုုး လှုပ်ရှားမှုကို ရန်ကုုန်မြို့ မြို့တော်ခန်းမရှေ့တွင် ၂၀၁၇ ဇွန်လ ၃၀ ရက်နေ့က သတင်း မီဒီယာများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ စုပေါင်း ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၁၈။ ရန်ကုန်မြို့ ဒဂုံမြို့နယ် အတွင်း ဂျူဗလီဟောတည်ရှိရာ စစ်သမိုင်းပြတိုက်ဟောင်း အဆောက်အအုံအား ဆင့်မြင့်ဟိုတယ် စီမံကိန်းဖော်ဆောင်ရန် ဖြိုဖျက်ရှင်းလင်းရေး လုပ်ငန်းများ ပြုလုပ်နေသည်ကို ၂၀၁၇ သြဂုတ် ၁၄ ရက်နေ့က တွေ့ရသည်။ (ဓာတ်ပုံ-သက်ထွန်းနိုင်/ဧရာဝတီ) ၁၉။ ၂၀၁၇ အောက်တိုဘာလ၂၉ ရက်နေ့တွင်ပြုလုပ်သော မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲတွင် ထောက်ခံချီတက်လာကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၂၀။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးရှိ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင်သည်ဟု လူသိများသော ကန်တော်ကြီး ပဲလေ့စ် ဟိုတယ် မီးလောင်မှုဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level 4 အဆင့် သတ်မှတ်ပြီး မီးငြိမ်းသတ်ခဲ့ကြရသည်။ (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၂၁။ ၂၀၁၇ အောက်တိုဘာလ ၂ ရက်မှ ၆ ရက်အထိ ၅ ရက်တိုင်ကျင်းပခဲ့သော နှစ်စဉ် ကျင်းပသော ရေကျော် သီတင်းကျွတ်မီးထွန်းပွဲတော်ကို တွေ့ရစဉ် (ဓာတ်ပုံ – ချမ်းစွန်း/ဧရာဝတီ) ၂၂။ ၂၀၁၇ နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည့် ONE Championship ၏ အထူးအစီအစဉ် Hero’s Dream ပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့် ကင်မရွန်းနွယ်ဖွားဟဲဗီးဝိတ်ကစားသမား အန်ဂယ်လာနီတို့ ယှဉ်ပြိုင်ထိုးသတ်နေစဉ် (ဓာတ်ပုံ- သက်ထွန်းနိုင်/ဧရာဝတီ) ၂၃။ ၂၀၁၇ စက်တင်ဘာလ ၂၅ ရက်နေ့က မန္တလေးမြို့ရှိ တောင်သမာန်အင်းတွင် နိုင်ငံခြားသားများ စုုပေါင်းကာ ငှက်လေစီးခြင်းနှင့် ဦးပိန်တံတား၏ နေဝင်ချိန်ကိုု ကြည့်ရှုနေကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ) ၂၄။ နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကျောက်ဆည်ဆင်ပွဲ မြင်ကွင်းတခု (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ) ၂၅။ မန္တလေးမြို့တွင် ၂၀၁၇ ဒီဇင်ဘာလ ၃ ရက်နေ့က ကျင်းပပြုလုုပ်ခဲ့သည့် ပရဟိတဆိုုင်ကယ်ပွဲတော်တွင် ဆိုုက်ကယ်စတန့်ပြသနေသည့် လူငယ်တဦး (ဓာတ်ပုံ- ဇော်ဇော်/ဧရာဝတီ) ၂၆။ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁ မဟာရွှေမြင်တင်ဘုရား အနီး၌ တည်ထားကိုးကွယ်သော နဂါး ၉ ကောင် ရေထွက်စေတီတော်မြတ်ကြီးနှင့် နတ်ရေကန် ကန်တော်မင်္ဂလာတွင် ၁၄ ကြိမ်မြောက် အလင်းတိုင် ၁၄၀၀၀ ပူဇော်ပွဲကို ၂၀၁၇ နိုဝင်ဘာလ ၁၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ) ၂၇။ ၂၀၁၇ နိုဝင်ဘာလ ၅ ရက်နေ့က ရှမ်းပြည်တောင်ပိုုင်း ကလောမြို့တွင် မီးလျော်တိုုင်လွှတ်ပွဲကျင်းပနေစဉ် (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ) ၂၈။ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ (RC-2) ကို ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျာင်းခွဲ အဖြစ် ဖွင့်လှစ်ထားရာမှ ရန်ကုန်တက္ကသိုလ်ကျောင်သားများ တက်ရောက်ရန် အတွက် ရန်ကုန်တက္ကသိုလ်သို့ ပြန်လည်လွှဲပြောင်းခဲ့ပြီး၊ အဆိုပါ ကျောင်းဆောင်အချို့ပြင်ဆင်နေမှုများကို ၂၀၁၇ နိုဝင်ဘာလ ၂၃ ရက် နေ့လယ်ပိုင်းက တွေ့ရသည်။ (ဓာတ်ပုံ-သက်ထွန်းနိုင်/ဧရာဝတီ) ၂၉။ ၂၀၁၇ ဒီဇင်ဘာ ၇ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြိုသစ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမပေါ်ရှိ မသန်စွမ်း ဘောလုံးကွင်းနှင့် မသန်စွမ်း အားကစားရုံများတွင် ၂၉ ကြိမ်မြောက်မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်တဦး ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ-သက်ထွန်းနိုင်/ဧရာဝတီ) ၃၀။ ၂၀၁၇ နိုုဝင်ဘာလ ၁၇ ရက်နေ့က မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများတွင် ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေး ထိုုးပေးနေသည့် မြင်ကွင်း (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ) ၃၁။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်း အတွင်းရှိ ဦးပိန်တံတားအနီးတွင် ၂၀၁၇ ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၈ ရက်ကြာ ပြသထားသည့် Myanmar LED Beautiful World Festival ပြပွဲ မြင်ကွင်းတခု (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ) ၃၂။ ၂၀၁၇ ဒီဇင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ညောင်ပင်ကျေးရွာအုပ်စု ဒိုင်းစုကျေးရွာအနီး အမှတ် ၅၃၂ ကွင်း၊ လယ်ကွင်းပြင်တွင် ဓာတ်ဆီ ဒီဇယ်လောင်စာ ပီပါများထားရှိသည့် နေရာ၌ မီးလောင်မှုဖြစ်ပွားရာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်နေစဉ်။ (ဓာတ်ပုံ-သက်ထွန်းနိုင်/ဧရာဝတီ) The post ဓာတ်ပုံများက ပြောသော ၂၀၁၇ appeared first on ဧရာဝတီ.
Source : http://ift.tt/2ChEodE
via IFTTT