လွတ်လပ်ရေးနေ့မှာ မင်္ဂလာဆောင်တော့မယ့် ယွန်းဝတီလွင်မိုး အကယ်ဒမီလွင်မိုးရဲ့ သမီးကြီးဖြစ်တဲ့ မော်ဒယ်လ်သရုပ်ဆောင် ယွန်းဝတီလွင်မိုးရဲ့ မင်္ဂလာဆောင်ဖိတ်စာဟာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေပြီး မကြာခင်မှာ မင်္ဂလာဆောင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ယွန်းဝတီလွင်မိုးရဲ့ မင်္ဂလာဆောင်အခမ်းအနားကိုတော့ ဇန်နဝါရီ ၄ ရက်နေ့၊ ရန်ကုန်မြို့ရှိ Melia Hotel တွင် ပြုလုပ်သွားမှာဖြစ်တယ်လို့ မင်္ဂလာဆောင်ဖိတ်စာတွင် ဖော်ပြထားတာကို တွေ့ရပါတယ်။ မော်ဒယ်လ်သရုပ်ဆောင် ယွန်းဝတီလွင်မိုးနဲ့သူ့ချစ်သူတို့ရဲ့ ဓာတ်ပုံများဟာ သိပ်မကြာသေးခင်ကာလလောက်က လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာများပေါ်တွင် တွေ့မြင်လာခဲ့ရပြီး သိပ်မကြာခင်မှာ အခုလို သူတို့ရဲ့မင်္ဂလာဖိတ်စာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပေါ်ပေါက်လာခဲ့ခြင်းလည်းဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးရဲ့ မင်္ဂလာဆောင် ဖိတ်စာ မော်ဒယ်လ်သရုပ်ဆောင် ယွန်းဝတီလွင်မိုးဟာ အောက်တိုဘာလ ၂၁ ရက်နေ့က အသက် ၁၉ နှစ်ပြည့်ခဲ့ပြီး သြစတြေးလျနိုင်ငံတွင် ပညာသင်ကြားလျက်ရှိပါတယ်။ ယွန်းဝတီလွင်မိုးဟာ သရုပ်ဆောင် အကယ်ဒမီလွင်မိုးရဲ့ သမီးဖြစ်ခြင်းကြောင့် ပရိသတ်ရဲ့ စိတ်ဝင်စားမှုကိုခံရသလို သူမရဲ့ ချောမောလှပမှုကြောင့်လည်း ပရိသတ်ရဲ့ ချစ်ခင်မှုကို ရရှိထားပြီး အမ်တီဗီများ၊ ဓာတ်ပုံများ ၊ ကြော်ငြာအများအပြားတွင် ပါဝင်သရုပ်ဆောင် ရိုက်ကူးထားသူပါ။ The post လွတ်လပ်ရေးနေ့မှာ မင်္ဂလာဆောင်တော့မယ့် ယွန်းဝတီလွင်မိုး appeared first on ဧရာဝတီ.
Source : http://ift.tt/2CCvPrD
via IFTTT
Tuesday, January 2, 2018
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို လေတပ်ဦးစီးချုပ်အဖြစ် ပြောင်းလဲခန့်အပ် သက်ပြည့်အငြိမ်းစားယူသွားသည့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၏ နေရာတွင် လေ-၁၉၂၅ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား ကာကွယ်ရေးဦးစီးချုပ်(လေ)အဖြစ် ယနေ့တွင် ခန့်အပ်တာဝန်ပေးအပ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးက သတင်းထုတ်ပြန်သည်။ ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် တို့သည် နိုင်ငံတော်သမ္မတရုံးသို့ သွားရောက်၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား ဂါရဝပြုတွေ့ဆုံခဲ့သည်။ The post ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို လေတပ်ဦးစီးချုပ်အဖြစ် ပြောင်းလဲခန့်အပ် appeared first on ဧရာဝတီ.
Source : http://ift.tt/2CohP85
via IFTTT
Source : http://ift.tt/2CohP85
via IFTTT
အားသာချက်တွေနဲ့ Fait ရဲ့ 124 Spider Abarth မော်ဒယ်သစ် တကယ်ဆိုရင် Fiat က အီတလီ အခြေစိုက် ကားကုမ္ပဏီ၊ အမေရိကန် အခြေစိုက် Chrysler နဲ့ မိတ်ဆက် ကုမ္ပဏီတွေ ဖြစ်ပြီး နည်းပညာပိုင်းရော မော်ဒယ် ထုတ်လုပ်မှု အပိုင်းမှာပါ ပူးပေါင်း လုပ်ဆောင်နေမှုတွေ ရှိပါတယ်။ ဒါပေမယ့် အခု နောက်ပိုင်း Fiat က ဂျပန် အခြေစိုက် Mazda နဲ့လည်း နည်းပညာ ပူးပေါင်းမှုတွေ ရှိလာပြီး အခု ပြောမယ့် 124 Spider က Mazda ရဲ့ ရောင်းအား အကောင်းဆုံး နှစ်ယောက်စီး Coupe မော်ဒယ် MX5 ကနေ ဖန်တီးမှု အခြေခံ ရယူ ထုတ်လုပ်ပြီး ဥရောပနဲ့ အမေရိကန် ဈေးကွက်မှာ အောင်မြင်မှု ရအောင် ရောင်းချလာတဲ့ မော်ဒယ်ပါ။ ဒါဆိုရင် 124 Spider ကရော MX5 နဲ့ ဘာတွေ ကွာခြားပါသလဲ။ မော်ဒယ်က လက်ကိုင်ပိုင်း အထူးပဲ ကောင်းမွန်လှပါတယ်။ မြန်နှုန်းမြင့် မောင်းနှင်ချိန်ရော ကွေ့လမ်းကြောင်း မောင်းနှင်မှုမှာပါ အကောင်းဆုံး ထိန်းချုပ်မောင်းနှင်နိုင်တာ တွေ့ရပါတယ်။ ပြီးတော့ လက်ကိုင်ဘီးကို ထိန်းချုပ် မောင်းနှင်ရမှုက စိတ်ကျေနပ်မှု အပြည့်ပေးသလို ဘရိတ်ကလည်း စိတ်ထဲမှာ ရာနှုန်းပြည့် ကျေနပ်မှု ဖြစ်စေပါတယ်။ အမြန်နှုန်းမြှင့် မောင်းနှင်နိုင်မှုလည်း ကောင်းတယ်၊ အမိုးဖွင့် မော်ဒယ် အနေနဲ့ပါ ရနိုင်ပြီး အမိုး အတင်၊ အချ မြန်မြန် ဆန်ဆန် လုပ်ဆောင်နိုင်တာလည်း တွေ့ရပါတယ်။ Abarth မော်ဒယ်ခွဲဆိုရင် ကိုယ်ထည်လည်း ပေါ့ပါးပြီး တန်းတူ မော်ဒယ် တွေထဲမှာ ကိုယ်ထည်အလေးချိန်၊ စွမ်းဆောင်ရည် ဟန်ချက် အညီဆုံး မော်ဒယ်ဖြစ်လာပါတယ်။ Auto စနစ်နဲ့ ကားတွေ ဆီစားလည်း ချိုလာတယ်၊ လူကြိုက်လည်း များလာတယ်၊ ဒါပေမယ့် 124 Spider ရဲ့ Auto စနစ်က ဆီစား ချိုပေမယ့် အသုံးပြု မောင်းနှင်ရမှု စိတ်ကြိုက် မဖြစ်စေပါဘူး။ ဂီယာချက် ပြောင်းလဲ မောင်းနှင်မှု အတွက် အနည်းငယ် လေးသလို ဖြစ်နေပါတယ်။ အတွင်းခန်း အပြင်အဆင် အားနည်းပါတယ်၊ နောက်ဘက် ဝန်တင်ခန်းလည်း ကျဉ်း ပါတယ်။ အင်ဂျင်ရော တာယာနဲ့ လမ်းသား တိုက်မိလို့ ထွက်လာတဲ့ ဆူညံသံ ရှိနေပါတယ်။ ပြီးတော့ ထိုင်ခုံတွေကို အနိမ့်၊ အမြင့် ပြင်ဆင် အသုံးပြုရမှု စိတ်ကြိုက် မဖြစ်ဘဲ အသုံးပြုရ မလွယ်စေသလို ဖြစ်နေပါတယ်။ မော်ဒယ်မှာ အင်ဂျင်စနစ် အနေနဲ့ကတော့ တမျိုးတည်း လာပါတယ်။ Turbocharged စနစ်ပါရှိတဲ့ ၁ ဒသမ ၄ လီတာသုံး အသေးစား လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး ဒီအင်ဂျင်က ရုန်းအား ၁၈၄ ပေါင်/ပေမှာ မြင်းကောင်ရေ ၁၆၄ ကောင်အား ထွက်ရှိပါတယ်။ နောက်ဘီးယက်စနစ် တမျိုးတည်းပဲ ရနိုင်ပါတယ်။ ဂီယာပိုင်းမှာတော့ ၆ ချက်သုံး Manual နဲ့ရော Auto နဲ့ပါ ရနိုင်ပေမယ့် အထက်မှာ ပြောခဲ့သလို Auto က စိတ်ကြိုက်မဖြစ်ဘဲ Manual နဲ့ကတော့ အကောင်းဆုံး မော်ဒယ်လို့တောင် ဆိုနိုင်ပါတယ်။ မော်ဒယ်က ၁၇ လက်မ ဘီးတွေနဲ့လာပါတယ်၊ လေအေးပေးစနစ်ပါမယ်၊ ယာဉ်မောင်းထိုင်ခုံက အနိမ့်၊ အမြင့် ချိန်နိုင်မယ်။ Cruise Control ပါမယ်။ လက်ကိုင်ဘီးကိုလည်း အနိမ့်၊ အမြင့် ချိန်နိုင်အောင် ဖန်တီးထားပါတယ်။ Suspension စနစ်က ပြိုင်ကားတွေမှာ တွေ့ရတဲ့ Peformance စနစ်နဲ့ ဖြစ်ပါတယ်။ Drive Mode ရွေးချယ် မောင်းနှင်နိုင်ပြီး Sport နဲ့ Eco တွေ အပါအဝင် Mode တွေ မျိုးစုံ ထည့်သွင်းထားတာ တွေ့ရပါတယ်။ အတွင်းခန်း အပြင်အဆင်ရော ထိုင်ခုံပါ သားရေနဲ့ ဖြစ်ပါတယ်။ ၇ လက်မ အရွယ် မျက်နှာပြင်စနစ် ပါရှိပြီး နောက်ဘက် ရိုက်ကူး ကင်မရာနဲ့ ချိတ်ဆက်ထားပါတယ်။ ဂြိုဟ်တု ရေဒီယိုလည်း ဖမ်းနိုင်ပါတယ်။ GPS စနစ် ပါရှိပါတယ်။ USB ပေါက် ၂ ပေါက်ပါတယ်၊ အသံပိုင်းမှာတော့ လက်ထဲ ရောက်မှ ပြန်ထည့်ရဖို့ ရှိပြီး စပီကာ ၃ လုံးပဲ ပါပါတယ်။ LED မီးကြီးတွေနဲ့ ဖြစ်ပြီး Comfort နဲ့ Convience လို နောက်ထပ် နည်းပညာစနစ်တွေ အဆင့်မြှင့် ထည့်သွင်းနိုင်မှု လုပ်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။ မော်ဒယ်က အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၇ စက္ကန့် ဝန်းကျင်နဲ့ ရောက်မှာ ဖြစ်ပြီး တန်းတူ မော်ဒယ်တွေနဲ့ စာရင်တော့ ပိုပြီး မြန်နေပါတယ်။ ဒါပေမယ့် အကောင်းဆုံး စွမ်းဆောင်ရည်တော့ မဟုတ်ပါဘူး။ ဘရိတ်ပိုင်းကတော့ အဆိုပါ တနာရီမိုင် ၆၀ အမြန်နှုန်းကနေ ရပ်တန့်ဖို့ အကွာအဝေး ၁၁၁ ပေပဲ ယူပြီးဈေးကွက်ဝင် မော်ဒယ်တွေထဲမှာ ဘရိတ်ပိုင်း စွမ်းဆောင်ရည် အကောင်းဆုံးပါ။ ဆီတစ်ဂါလံကိုတော့ မိုင် ၃၀ လောက် စီးနင်းနိုင်မှာ ဖြစ်ပြီး သင့်ရုံပဲ ရှိပါတယ်။ အခုထက် ဆီစား ပိုချိုရင်တော့ လူကြိုက် ပိုလာနိုင်ပါတယ်။ နိုင်ငံတကာ ဈေးကွက်မှာတော့ မော်ဒယ်ကို ဒေါ်လာ ၂၈၀၀၀ နဲ့ ရောင်းချနေပြီး မော်ဒယ်ခွဲ အပေါ် မူတည်လို့ ဈေးနှုန်း ထောင်ဂဏန်းလောက် ကွာခြားချက်နဲ့ပဲ ရောင်းချနေတာ တွေ့ရပါတယ်။ ။ The post အားသာချက်တွေနဲ့ Fait ရဲ့ 124 Spider Abarth မော်ဒယ်သစ် appeared first on ဧရာဝတီ.
Source : http://ift.tt/2q9wvSN
via IFTTT
Source : http://ift.tt/2q9wvSN
via IFTTT
Monday, January 1, 2018
အန္တရာယ်နဲ့ စစ်ပွဲကို ကိုယ်စားပြုနေတဲ့ ဟစ်ပီတို့ အခြေချခဲ့တဲ့ လွတ်လပ်မှု လမ်းကြောင်း ၁၉၅၀ ခုနှစ် အလယ်တဝိုက်ကနေ ၁၉၇၀ ခုနှစ်တအထိ လူအများအပြားဟာ တချိန်က ပါရှားလို့ ခေါ်ခဲ့ကြတဲ့ အီရန်ဒေသတဝိုက်မှာ လှည့်လည်သွားလာဖို့ အခွင့်အရေးကောင်းတွေ ရခဲ့ပါတယ်။ အဲဒီအချိန်က အရင်းရှင်စနစ်ကြီးစိုးတဲ့ အနောက်ကမ္ဘာနဲ့ ဝေးနိုင်သမျှ ဝေးဝေးနေလိုတဲ့ အမေရိကန် ဟစ်ပီအုပ်စုကြီး တွေဟာ မေတ္တာတရားနဲ့ လွတ်လပ်မှုရှိတဲ့ နေရာတွေကို ရှာဖွေခဲ့ရာမှာ လမ်းကြောင်း ကတော့ များသောအားဖြင့် လန်ဒန် ဒါမှမဟုတ် အမ်စတာဒမ် စတဲ့ ဥရောပ မြို့တော်တခုခုမှ စတင်ပြီး လမ်းတလျှောက်မှာ ရှိတဲ့ ဂျာမနီ၊ သြစထြီးယား၊ ဟန်ဂေရီ၊ ယူဂိုဆလားဗီးယား၊ ဂရိနဲ့ တူရကီကို ဖြတ် ကာ အရှေ့အလယ်ပိုင်းကို ရောက်ပြီးနောက်မှာ အိန္ဒိယမှာ ရက်ရှည်နေပြီး နောက်ဆုံး ရပ်နားရာက တော့ နီပေါပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့သော ဟစ်ပီကြီးတွေကတော့ အရှေ့တောင်အာရှက ထိုင်းနဲ့ ဗီယက်နမ်အထိအောင် ခြေဆန့်ခဲ့ကြပါတယ်။ ဒီလိုရှည်လျားလှတဲ့ ဟစ်ပီတို့ရဲ့ လွတ်လပ်မှုနှင့်အသိပညာရှာဖွေမှုရဲ့ သင်္ကေတဖြစ်ခဲ့ လမ်းကြောင်း ကြီး တလျှောက်မှာတော့ အခုအခါမှာ မြို့ပျက်ကြီးတွေ၊ ဧည်သည်တွေအတွက် အန္တရာယ်များတဲ့ အတွက် ပိတ်ပင်တားမြစ်ထားတဲ့ ဒေသတွေဖြစ်နေပါပြီ။ အေးငြိမ်းရာနဲ့ လွတ်လပ်မှုကို လိုလားတဲ့ ဟစ်ပီတွေဟာ Beatnik လို့ခေါ်တဲ့ ၁၉၅၀ နဲ့ ၆၀ ခုနှစ်တွေ အတွင်းက ပေါ်ခဲ့ကြတဲ့ စမတ်ကျကျ ဝတ်စားတဲ့ အစဉ်အလာ နဲ့ စည်းကမ်းကလနားတွေကို ချိုး ဖောက်ပစ်ပယ်သူတွေဖြစ်ပြီး ကီရူယတ်ရဲ့ လမ်းပေါ်မှာ ဝတ္တုကို သမ္မာကျမ်းစာသဖွယ် မှတ်ယူသလို ဘတ်စ်ကားကြီးတွေနဲ့ အမေရိကန်တနှံတလျား သွားလာကာ စိတ်ကြိုက်နေရာရောက်လေတိုင်း စတည်းချ လွတ်လပ်မှုကို ရှာရင်း ရှာဖွေတွေ့ရှိသမျှ မည်သည့် မူးယစ်ဆေးဝါးကို မဆို မှီဝဲကာ အသိပညာရှာဖွေကြသူတွေပါ။ ဟစ်ပီတို့ ခရီးသွားခဲ့သည့် လမ်းကြောင်းပြ မြေပုံ ၁၉၆၀ ခုနှစ်များလောက်မှာတော့ သူတို့ရဲ့ အာရုံဟာ အရှေ့တိုင်းဘက်ကို လှည့်သွားပြီး သမုဒ္ဒရာဖြတ် ကာ ဂင်းစ်ဘတ်ရဲ့ စိတ်ကူးယဉ် ရွှေမြို့တော် ဗာရာဏသီကို သွားခဲ့တာကြောင့် ဟစ်ပီတို့အတွက် တော့ ဗာရာဏသီဟာ နှစ်အတန်ကြာ မက္ကာဖြစ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ လူငယ်တွေကို လွှမ်းမိုးထားနိုင်တဲ့ ဂျွန်လင်နွန်ရဲ့ The beatles အဖွဲ့သားတွေဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ တောရကျောင်းတွေ ပြောင်းရွေ့လာတဲ့အတွက် အိန္ဒိယဟာ ဟစ်ပီတွေ အတွက် လူကြိုက်များရာ ဒေသဖြစ်လာပါတယ်။ အဲဒီဒေသတွဟာ ပြည်တွင်း လူနေမှုစရိတ်နဲ့ နှိုင်းယှဉ်ပါက ကုန်ကျစရိတ်နည်းတဲ့အတွက် အမေရိက က ဟစ်ပီလူငယ်ဟာ ဒီလိုဝေးလံတဲ့ ခရီးကို သွားလာနိုင်ပါတယ်၊ ဥရောပမြို့ကြီးတွေကလွှဲပြီး ယူဂို ဆလားဗီယားမှသည် နီပေါအထိ ခရီးစဉ်တလျှောက်လုံးဟာ အမေရိကန်တွေအတွက် မယုံနိုင် လောက်အောင်ပဲ စရိတ်နည်းတဲ့အတွက် ခရီးစဉ်တလျှောက် သင့်တင့် လျှောက်ပတ်အောင် နေနိုင်ခဲ့ ပါတယ်။ အဲဒီတုန်းက ကားကြုံစီးရတာလည်း များစွာ ဘေးကင်းလုံခြုံသလို၊ ဟစ်ပီအများအပြားဟာ ခရီးစဉ် တလျှောက် ဂျာမန်လုပ် ဗောက်စ်ဝက်ဂွန် ဗင်ကားနဲ့ သွားလာကြတဲ့အတွက် မြန်မာအများအပြားက ပေါင်မုန့်ကားလို့ ခေါ်တဲ့ ဗောက်စ်ဝက်ဂွန်ဟာ ဟစ်ပီလှုပ်ရှားမှုရဲ့ သင်္ကေတဖြစ်ခဲ့ပါတယ်။ တချို့ဟစ်ပီတွေဟာ ဆိုရင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ ဒါမှမဟုတ် ဥရောပက ငွေကြေးထောက် ပံတဲ့ ဖွံဖြိုး တိုးတက်ရေး စီမံကိန်းတွေမှာ စေတနာ့ဝန်ထမ်း အလုပ်လုပ်ရင်းကနေ သာမန် ကမ္ဘာလှည့် ခရီးသွားတွေထက်တောင် ဒေသခံတွေနဲ့ ပိုမို အတူနေနိုင်ခဲ့ကြပါတယ်။ မှတ်စုမှတ်ရာ အတိုအထွာများအရ ဟစ်ပီတွေရဲ့ ခရီးစဉ်မှာ ဆေးခြောက်လည်းပါပြီး အမ်စတာဒမ်နဲ့ လန်ဒန်မှာ ဆေးခြောက်ရှူရာမှ အာဖဂန်နစ္စတန်မှာလည်း လျှော်ပင်အစေးနဲ့ အိန္ဒိယနဲ့ နီပေါမှာတော့ ရရာကို ရှူတယ်လို့ ဆိုပါတယ်။ ဟစ်ပီတိုရဲ့ လမ်းကြောင်းဟာ ပိုးထည်နဲ့ ဟင်းခတ်အမွှေးအကြိုင်ကို မရှာဘဲ လွတ်လပ်မှုနဲ့ မေတ္တာ တရားကို အန္တိမ ရည်မှန်းချက်အနေနဲ့ ရှာဖွေတဲ့ တခြားပိုးလမ်းကြီးတခုလို့ ဆိုရမှာပါ။ ဟစ်ပီလှုပ်ရှားမှုရဲ့ သင်္ကေတဖြစ်တဲ့ ဗောက်စ်ဝက်ဂွန်း ကား ဒီခရီးလမ်းဟာ ရုပ်ဝတ္ထုဝါဒ ကြီးထွားလာတာကြောင့် မွန်းကျပ်တယ်လို့ ခံစားရတဲ့ အမေရိကန်တွေရဲ့ ဝိဉာဉ်ရှာဖွေရေးခရီး တမျိုးဖြစ်ပြီး၊ မိမိကိုယ် မိမိ ရှာဖွေရင်း မူးယစ်ဆေးတမျိုးမျိုးကို သုံးကာ ဒါမှ မဟုတ် ဘာသာရေးအမျိုးမျိုးကို စူးစမ်းလေ့လာကာ စိတ်ပိုင်းအသိဖွံ့ဖြိုးရေးကို ရှာဖွေတဲ့ ခရီးတခုပါ။ ဒါ မကောင်းဆိုရွား အနောက်တိုင်းကမ္ဘာကနေ ပိုမိုလူသားဆန်တဲ့ ကမ္ဘာ့အရှေ့ခြမ်းကို ထွက်ပြေးလွတ် မြောက်ခြင်းလည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် Huffington Post မှာ ဖော်ပြတဲ့ ခရစ်ရှန်ကားလ် ရဲ့ “ဟစ်ပီလမ်းကြောင်းမှာ အာဖဂန် နစ္စတန်ဟာ ခရီးတထောက် ကွန်းခိုရာဖြစ်စဉ်က” ဆိုတဲ့ ဆောင်းပါးမှာ အာဖဂန်ဟာ အဲဒီတုန်းက ဘယ်လိုနေရာဖြစ်ခဲ့တယ်ဆိုတာကို ပြန်ပြောင်း သတိရခြင်းများနဲ့ အတူ သရုပ်ဖော်ထားပြီး အဲဒီတုန်း က အခြေအနေကို ဒီကနေ့ ပြန်ဖတ်ရတဲ့အခါမှာတော့ နာကျင်စွာ ခံစားရပါတယ်။ အဲဒီတုန်းက အာဖဂန်ဟာ ခေတ်မီတိုးတက်ရေးခေတ်မှာ သူစိမ်းတရံ နိုင်ငံခြားသား တွေနဲ့ ပွင့်ပွင့် လင်းလင်း ဆွေးနွေးလိုသူများ နေထိုင်ရာလို့ ဆိုထားပြီး၊ အဲဒီတုန်းက မြို့တော် ကာဘူးလ်ဟာဆိုရင် အမေရိကန် ဉာဏ် အလင်းရှာလိုသူတွေ ရက်ပေါင်းများစွာ အလွယ်တကူ လှည့်ပတ်သွားလာနိုင်တဲ့ နေရာတခုဖြစ်ကာ စီဂီဟိုတယ်မှာဆိုရင် ဟစ်ပီအများအပြား တည်းခိုတဲ့အတွက် ဟစ်ပီလမ်း ကြောင်း မှာ သမိုင်းဝင်နေရာဖြစ်ခဲ့ပါတယ်။ ဒီလို အာဖဂန်နစ္စတန်ဟာ လှပတဲ့ ခရီးတထောက် ခိုနားရာ နေရာဖြစ်ခဲ့ပြီး ခေတ်မီခြင်းနဲ့ ပတ်သက်တဲ့ စူးစမ်းလိုတဲံ သဘောထားရှိသလို ချမ်းသာကြွယ်ဝလိုတဲ့ အဲဒီနိုင်ငံသားများရဲ့ စိတ်ဓာတ်ကို ၁၉၇၉ ခုနှစ် ရုရှားကျူးကျော်မှုက ရိုက်ချိုးခဲ့တာကို ဖတ်ရတဲ့အခါ စိတ်မကောင်းဖြစ်ရပါတယ်။ ၁၉၇၃ ခုနှစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဒေသခံတွေနဲ့ ဟစ်ပီများ သူတို့ကို သူတို့ ရဲရင့်သူတွေလို့ ခေါ်ဆိုခဲ့ကြတဲ့ အမေရိကန်ဆံရှည်လူငယ်တွေဟာ သူတို့ရဲ့ ခရီးစဉ်ကို ချစ်မြတ်နိုးရာမှာ တူညီကြပြီး၊ ဒီခရီးစဉ်တွေနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေကို ဂိုအာကမ်းခြေက ဆိုင် တွေ၊ ခတ္တမန္ဒူက ဟိုစတယ် လို့ခေါ်တဲ့ အခန်းကျဉ်းတွေ၊ ဒါမှမဟုတ် ကက်ရှ်မီးယားက လမ်းတွေမှာ အချင်းချင်း တွေ့ကြဖို့ အချိန်းအချက် ကတိတွေကို အစ္စတန်ဘူလ် က ပူတင်းဆိုင်နံရတွေမှာ အဲဒီတုန်းက ရေးကာ ဆက်သွယ်ခဲ့ပါတယ်။ အဲဒီ အမေရိကန် ဟစ်ပီတွေဟာ အိန္ဒိယကနေ အရှေ့တောင်အာရှအထိ ရှည်လျားတဲ့ မြင့်မြတ်တဲ့ ခရီးစဉ်တခုကို ရှာဖွေတွေ့ရှိသူများ ဖြစ်ရုံသာမက ဒေသခံများအတွက် အခြားသော လူသားအခြေပြု စီးပွားရေးတခုကိုလည်း ထူထောင်ပေးခဲ့ပါတယ်။ ဒေသခံတွေဟာ ဟစ်ပီတွေအတွက် အကုန်အကျ နည်းတဲ့ ဘတ်စ်ကားခရီးစဉ်တွေ အဆောင်တွေကို စီစဉ်ပေးခဲ့ပါတယ်။ အိန္ဒိယနဲ့ နီပေါတို့မှာ နိုင်ငံခြားသားများအတွက် သီးသန့် လူ့နယ်လွန် ဝိဉာဉ်နိုးကြားမှုကို အထူးပြု လုပ် ဆောင်ပေးတဲ့ ဘာသာရေးခေါင်းဆောင်တွေလည်း ရှိပါတယ်။ ခတ္တမန္ဒူမှာ ဒေသခံတွေက ထူးခြား ဆန်းကျယ်လမ်းလို့ အမည်ပေးထားတဲ့ လမ်းဟာ ထိုခေတ် ဟစ်ပီ ဝိဉာဉ်ရေးခရီးသည်များ အတွက် အထူးဆောင်ရွက်ပေးသောလမ်းလို့ ဆိုရမှာပါ။ အဲဒီအချိန်မှာ ကံအကြောင်းမလှချင်တော့ ၁၉၇၉ ခုနှစ် နောက်ပိုင်းမှာတော့ အခြေအနေတွေ ပြောင်း ကုန်ပါတယ်၊ ဆိုဗီယက် ကျူးကျော်မှုနဲ့ အီရန်တော်လှန်ရေးတွေကြောင့် အာဖဂန်နစ္စတန်ဟာ တခါး ပိတ်သွားပြီး ၁၉၇၃ ခုနှစ် အာရပ်- အစ္စရေး စစ်ပွဲကြောင့် လက်ဘနွန်၊ ဆီးရီးယား၊ အီရတ်တို့မှာလည်း အနောက်နိုင်ငံသား တွေ ပြည်ဝင်ခွင်ကို တင်းကျပ်လိုက်ပါတယ်။ ၁၉၇၅ ခုနှစ် လက်ဘနွန် ပြည်တွင်းစစ်နဲ့ အတူ ဒေသတခုလုံး တင်းမာမှု မြင့်မားနေတဲ့ အတွက် ခရီး သွားလာမှုဟာ အရင်လောက် ဘေးကင်းလုံခြုံမှု မရှိတော့သလို ကက်ရှ်မီးယားနဲ့ ချစ်ထရယ်လို နေရာ တွေဟာ မတည်မငြိမ်မှုတွေ ဖြစ်လာတဲ့အတွက် အရင်လောက် နွေးထွေးကြိုဆိုမှု မရှိတော့ပါဘူး။ တနေ့နေ့မှာ ဆက်လက်တည်ရှိတော့မှာ မဟုတ်ဖူးလို့ ဘယ်သူကမှ မထင်ခဲ့တဲ့ လောကတခုကို ဟစ်ပီ များဟာ နောက်ဆုံး ရထားနဲ့ သွားရောက်ခဲ့ကြတယ်လို့ ဆိုရမှာပါ၊ သူတို့ဖန်တီးထားခဲ့တဲ့ ခရီးစဉ်ရဲ့ ထက်ဝက်ခန့်ဟာ နိုင်ငံရေးနဲ့ အကြမ်းဖက်ဝါဒကြောင့် သမိုင်းမျာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်။ နီပေါ မြို့တော် ခတ္တမန္ဒူမြို့ ဆိုင်တဆိုင် ဆယ်စုနှစ် ၂ခုအတွင်း အရှေ့တိုင်းကို သွားရောက်ခဲ့တဲ့ အနောက်တိုင်းသားတွေကို အိန္ဒိယတိုက်ငယ်၊ နီပေါနဲ့ တောင်အာရှ ဝိဉာဉ်ရှာဖွေရေး ခရီးရဲ့ ရှေ့ဆောင်လမ်းပြများအဖြစ် သတ်မှတ်ခဲ့ပေမယ့် သူတို့ရဲ့ နေထိုင်ပြုမူမှုနဲ့ ရိုးသားဖြူစင်မှုကတော့ ထူးခြားပါတယ်။ ဟစ်ပီတို့က အဓိက ရှေ့ဆောင်လမ်းပြလုပ်ခဲ့တဲ့ ခရီးသွားလုပ်ငန်းဟာ နောက်ဆုံးမှာတော့ တကမ္ဘာ လုံး ဆက်စပ်လာတဲ့ စီးပွာေးရး အကျိုးအမြတ်ရှာသူတွေကြောင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများဟာ မျိုးတုံးပျောက်ကွယ်ကုန်ပါပြီ။ အဲ့ဒီနောက်မှတော့ တချို့နေရာတွေကတော့ ဓာတ်ပုံအရိုက်ခံခြင်းဟာ ကမ္ဘာ့လှည့်ခရီးသွားတွေအတွက် အန္တိမ ရည်မှန်းချက်ဖြစ်လာသလို ဒေသခံများဟာလည်း သူတို့ ဒေသကိုလာတဲ့ ဧည့်သည်တွေ အကြောင်းကို စိတ်ဝင် စားမှု မရှိတော့ဘဲ အနောက်နိုင်ငံတွေရဲ့ ငွေကနေ အကျိုးအမြတ်ရှာတဲ့ စနစ်တခုကို ထူထောင်လာကြပါတယ်။ ခရီးသွားလာခြင်းဟာ များပြားလှတဲ့ ယဉ်ကျေးမှုများရဲ့ တာဝန်တပိုင်း ဖြစ်လာတဲ့အတွက် ဘယ်နေရာ ကို သွားသွား ကိုယ်အိမ်မှာ ကိုယ်နေသလို ခံစားရသူများ ရှိလာပါတယ်၊ ခရီးသွားလုပ်ငန်းက နယ်မချဲ့ ရသေးတဲ့ အံ့ဖွယ်နေရာများရှိနေသေးတာကိုက ကံကောင်းထောက်မမှု တခုလို့ ဆိုရမှာပါ၊ အဲဒီနေရာ တွေကို စောင့်ရှောက်ဖို့ အထူးဂရုပြုကြလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ The Vintage News တွင် ဖော်ပြခဲ့သည့် Tijana Radeska ရေးသားသော The Hippie Trail, once a symbol of freedom and enlightenment, today is synonymous with danger and war ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ The post အန္တရာယ်နဲ့ စစ်ပွဲကို ကိုယ်စားပြုနေတဲ့ ဟစ်ပီတို့ အခြေချခဲ့တဲ့ လွတ်လပ်မှု လမ်းကြောင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2lxieKT
via IFTTT
Source : http://ift.tt/2lxieKT
via IFTTT
လျှို့ဝှက်ချက် ပေါက်ကြားမှုလား၊ မာယာထောင်ချောက်လား မြန်မာပြည် အခြေစိုက် Reuters သတင်းထောက် ၂ ဦး ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေနဲ့ မီဒီယာ အသိုင်း အဝိုင်းက သမားရိုးကျ ဖြစ်စဉ် မဟုတ်နိုင်ကြောင်း ယူဆမှုတွေ ရှိနေပါတယ်။ ဖမ်းဆီး ခံထားရတဲ့ သတင်းထောက် ကိုသက်ဦးမောင် (ခ) ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (ခ) ကိုမိုးအောင်တို့ အနေနဲ့ ရခိုင်ပြည်နယ် မောင်တော ပဋိပက္ခဖြစ်စဉ်မှာ အခြား သတင်းဌာနတွေလိုပဲ ဖြစ်စဉ်အမှန် သိရှိဖော်ပြနိုင်ရေး အတွက် ရနိုင်သမျှ သတင်း အချက်အလက်ကို စုဆောင်း လိုကြမယ် ဆိုတာ သံသယ ဖြစ်ဖွယ် မရှိပါ။ သူတို့ ၂ဦးကို ဒီဇင်ဘာ ၁၂ ရက်နေ့ညက ရန်ကုန် မင်္ဂလာဒုံ မြို့နယ်ရှိ ရဲတပ်ရင်း ၈ မှ ရဲတပ်ဖွဲ့ဝင် ၂ဦး က ညအချိန် ခေါ်ယူ တွေ့ဆုံတာမျိုး ပြုလုပ်ပြီးနောက် ကြီးလေးတဲ့ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ နဲ့ ဖမ်းဆီး ခဲ့တာက တော့ လူအများကြား သံသယတွေ ဖြစ်ပေါ်စေပါတယ်။ “မင်းတို့ ဒီနေ့လာမှ အဆင်ပြေမယ် ဆိုပြီး ဖိတ်တယ်၊ ဆိုင်ရောက်တဲ့ အခါမှာ စာလိပ် တလိပ်စီ ပေးဖွင့်ဖတ်မယ် လုပ် တော့ ဓာတ်ပုံ ရိုက်ချင်ရိုက်လို့ ပြောတယ်။ ဝလုံးက ရိုက်လို့အဆင်မပြေဘူး ပြောတော့ အိမ်ရောက်မှပဲ ဖွင့်ကြည့် လိုက် လို့ ထပ်ပြောတယ်၊ ဆိုင်အပြင် ပြန်ထွက်မှပဲ အဖမ်းခံလိုက်ရတာ၊ စာလိပ်ထဲမှာ ဘာတွေပါလဲ ဆိုတာတောင် သူတို့ မဖတ် လိုက်ရဘူး” လို့ ကိုဝလုံးရဲ့ ဇနီး မပန်းအိက ပြောပြပါတယ်။ သတင်းထောက် ၂ဦး အနေနဲ့ သတင်းပေးဖို့ ချိန်းဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို တကြိမ်မှ တွေ့ဆုံဖူးခြင်း မရှိဘဲ စာလိပ် ပေး တဲ့ ညမှသာ ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်း ဖြစ်တယ်လို့လည်း မပန်းအိက ပြောပါတယ်။ သူတို့ မဖတ်ရသေးတဲ့ အဲဒီ ဘာမှန်းမသိတဲ့ စာရွက်တွေကြောင့်ပဲ သတင်းသမား ၂ ဦး ချက်ချင်း ဆိုသလို ဖမ်းဆီး ခံခဲ့ ရပြီး အောင်သပြေ စစ်ကြောရေး စခန်းမှာ ၁၄ ရက်လောက် တနေရာစီ ခွဲ စစ်ဆေး ခံခဲ့ကြရတယ်လို့ မိသားစုဝင် တွေ ကလည်း ပြောဆိုကြပါတယ်။ အခုလို သတင်းထောက် ၂ ဦးကို ဖမ်းဆီးမှုအပေါ် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးကလည်း စိုးရိမ်မကင်း ဖြစ်မိ ကြောင်း ဖမ်းဆီးခံရပြီး နောက်တရက်ဖြစ်တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးမှုကို ရှင်းလင်း ထုတ်ဖော် ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။ မြန်မာ အစိုးရ ကမူ ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက ခွင့်ပြုချက် ပေးခဲ့ကြောင်း ထုတ်ဖော် ပြောကြား ခဲ့ပြီး သတင်းထောက် ၂ဦးအနေနဲ့ လုံခြုံရေး အရေးကြီး စာရွက် စာတမ်းတွေကို ပြည်ပ သတင်းဌာနကို ပေးပို့ဖို့ တရားမဝင် ရယူခဲ့တယ်လို့ ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ အစိုးရအဖွဲ့ကို ဦးဆောင်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဝင်းထိန် ကတော့ “သူတို့က ထောင်ပြီး အဖမ်းခံရတယ်လို့ပဲ ထင်တယ်”လို့ မှတ်ချက် ပေးပါတယ်။ တိုက်ဆိုင်မှု အနေနဲ့ပဲ ပြောရမလား ဖမ်းဆီးခံ သတင်းသမား ၂ ဦး သွားရောက်ခဲ့တဲ့ မောင်တောမြို့နယ် အင်းဒင် ကျေးရွာ သုသာန်မှာ အမည်မသိ လူသေ ၁၀ လောင်းခန့် တွေ့ရှိရတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းသမား ၂ ဦးကို ဖမ်းဆီးပြီး ၆ ရက်မြောက်နေ့ ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီ လူသေ အလောင်းတွေနဲ့ ပတ်သက်လို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှု ရှိပါက ထိရောက်စွာ အရေးယူ မှာ ဖြစ်ကြောင်းနဲ့ စုံစမ်း စစ်ဆေးရေး အဖွ့ဲတခုကို ဒီဇင်ဘာ ၂၀ ရက်မှာ ဖွဲ့စည်းကြောင်းလည်း တပ်မတော် က ထပ်မံ ထုတ်ပြန် ခဲ့ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခနဲ့ ပတ်သက်ပြီး မြန်မာ့ တပ်မတော်နဲ့ အစိုးရဟာ လူ့ အခွင့်အရေး ချိုးဖောက်မှု တွေ ရှိတယ်လို့ နိုင်ငံတကာက ဖိအားပေး ပြောဆိုမှုတွေ ပြုလုပ်နေချိန်မှာ ရခိုင်အရေး သတင်း ရယူနေတဲ့ သတင်းသမား ၂ဦးကို အခုလို ဖမ်းဆီးတဲ့ လုပ်ရပ်ဟာ မြန်မာအစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ စစ်ကြောရေးက ကျော်လွန်လာတဲ့ သတင်းသမားနှစ်ဦး အနေနဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ မင်္ဂလာဒုံမြို့နယ် တရားရုံး ထုတ် မှာ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ ပထမဆုံး တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် တရားခွင် စစ်ဆေးမေးမြန်မှုတွေ မပြုလုပ်ခဲ့ဘဲ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့မှာ မြောက်ပိုင်းခရိုင် တရားရုံးကို ရုံးချိန်း ထပ်မံချိန်းဆိုခဲ့ကာ အင်းစိန် အကျဉ်းထောင် အချုပ်ကို ပို့လိုက်ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ သတင်းသမားနှစ်ဦးကို ရခိုင်ပဋိပက္ခနဲ့ ပတ်သက်လို့ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ ပုဒ်မတပ်ပြီး စစ်ကြောရေး ပို့ခဲ့ပေမယ့် နောက်ထပ် တွေ့ရှိချက်တွေကို ပြည်သူလူထုသိအောင် ထပ်မံ ထုတ်ပြန်ကြေညာခြင်း မရှိ သေးပါဘူး။ ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်တဲ့ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ စွဲဆိုမှုဟာ နဂိုကတည်း က ကြံရွယ် ထားမှန်း သိသာပြီး စွဲဆိုထားတဲ့ ပုဒ်မဟာ ကြီးလွန်းတဲ့ အတွက်လည်း နိုင်ငံတကာ ဖိအား ၊ ရှေ့နေတွေရဲ့ ကျွမ်းကျင် မှု တွေနဲ့ ပြန်ဆွဲထုတ်ရလိမ့်မယ်လို့ ဦးဝင်းထိန်က ဆိုပါတယ်။ ရှေ့နေ ဦးသန်းဇော်အောင် ကလည်း သတင်း မီဒီယာသမားတွေ အနေနဲ့ မီဒီယာ ဥပဒေနဲ့အညီ သတင်းရယူရာမှာ နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေနဲ့ စွဲဆိုခံရမှုဟာ သတင်းသမားတွေ အတွက် များစွာနစ်နာရပြီး ပြည်သူလူထု အတွက် လည်း သိပိုင်ခွင့် ဆုံးရှုံးရကြောင်း ပြောပါတယ်။ အမေရိကန်နဲ့ ဗြိတိန်တို့လို အစိုးရတွေကလည်း Reuters သတင်းထောက် ၂ ဦး ဖမ်းဆီးမှု နဲ့ ပတ်သက်လို့ အခွင့် အရေး တွေ အပြည့်အဝ ရရှိဖို့ မြန်မာအစိုးရထံ တောင်းဆိုမှုတွေ ပြုလုပ်ထား ပါတယ်။ နယူယောက်တိုင်း၊ အေပီ နဲ့ Reuters စတဲ့ နိုင်ငံတကာ သတင်းဌာနတွေက ပူလစ်ဇာ ဆုရှင် ၅၀ တို့ကလည်း ဖမ်းဆီး ခံ သတင်းထောက် နှစ်ဦးကို ပြန်လွှတ်ပေးဖို့ ဒီဇင်ဘာ ၂၇ ရက်နေ့က လက်မှတ်ထိုး တောင်းဆိုကြပါတယ်။ ဖမ်းဆီးခံထားရသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦး / Reuters မြန်မာ သတင်းသမား အများစုကတာ့ ဒီဖြစ်ရပ်ကို မတရားဖမ်းဆီးမှုအဖြစ် ရှုမြင်ကြပြီး သတင်း လွတ်လပ်ခွင့် အပေါ် ဖိနှပ်ခြင်းနဲ့ သတင်းသမားတွေကို ခြိမ်းခြောက်ခြင်းသာ ဖြစ်တယ်လို့ ဝေဖန် ပြောဆိုကြပါတယ်။ “သူတို့က သတင်းမီဒီယာ ကျင့်ဝတ်နဲ့အညီ သတင်းအချက်အလက် ရယူ စုဆောင်းတာကို ဖမ်းတယ်ဆိုတာက ကျိန်းသေ ပေါက် မီဒီယာ လွတ်လပ်ခွင့် ကိုထိခိုက်စေတာ ဖြစ်ပြီး ဒီမိုကရေစီ စံနှုန်းနဲ့လည်း မညီတဲ့လုပ်ရပ်တွေပါ”လို့ မြန်မာ ဂျာနယ်လစ် ကွန်ရက် (MJN)ရဲ့ အမှုဆောင် ကိုဇေယျာလှိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၃ ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း သတင်း သွားရောက်ရယူခဲ့တဲ့ ပြည်တွင်း သတင်းထောက် နှစ်ဦးဟာလည်း တားဆီးခံရမှုဖြစ်ခဲ့ပြီး နာရီပိုင်းကြာ စစ်ဆေးခံရမှု ကြုံရပါသေးတယ်။ Reuters သတင်းသမား နှစ်ဦးကတော့ အခု ဖမ်းဆီးခံရမှုဖြစ်စဉ်ကို သူတို့ကိုယ်တိုင် သေချာပင် မသိရှိကြောင်းနဲ့ မှားယွင်းမှု ၊ ကျင့်ဝတ် ချိုးဖောက်မှုတွေ မရှိတဲ့အတွက်လည်း မကြာခင် ပြန်လွှတ်လိမ့်မယ်လို့ ယုံကြည်နေကြကြောင်း အင်းစိန် အကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံခဲ့တဲ့ မိသားစုဝင်တွေက ပြောပြကြပါတယ်။ ကိုမိုးအောင်ရဲ့ ညီမဖြစ်သူ မညိုညိုအေးက “ဥပဒေ အပေါ်မှာ ဘယ်သူမှ မရှိဘူးဆိုရင် ငါတို့ မကြာခင် ပြန်ရောက် လာလိမ့် မယ်လို့ အစ်ကိုက ပြောပါတယ်”လို့ ဆိုပါတယ်။ အစိုးရအနေနဲ့ သတင်း မီဒီယာတွေအပေါ် ဖမ်းဆီး တရားစွဲဆိုမှုတွေ များလာချိန်မှာ သတင်းသမားတွေ အနေနဲ့ အသေး အမွှား ကိစ္စတွေကအစ သတိထား လုပ်ဆောင်ကြဖို့လည်း ဖမ်းဆီးခံထားရတဲ့ ကိုမိုးအောင်က သတိပေး စကား ပြောကြားကြောင်း မညိုညိုအေးက ပြောပြပါတယ်။ Reuters သတင်းသမား နှစ်ဦးနဲ့ပတ်သက်လို့ ချိန်းဆိုကာ စာရွက်စာတမ်းတွေ ပေးခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင် နဲ့ ရဲ တပ်ကြပ် ကြီး ခင်မောင်လင်း တို့ကိုလည်း နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ အပြင် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေဖြင့်ပါ အရေးယူမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာ ထားပေမယ့်လည်း ထို ရဲတပ်ဖွဲ့ဝင် နှစ်ဦးနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်ကို ဒီနေ့အထိ ထုတ်ပြန် ကြေညာခြင်းတော့ မရှိသေးပါဘူး။ အဲဒီအပြင် အခု ဖမ်းဆီးမှုဟာ နိုင်ငံတော် လျှို့ဝှက်ချက် အမှန်တကယ် ပေါက်ကြားမှု ဟုတ်သလား၊ မဟုတ်ဘူးလား ဆိုတာလည်း မရှင်းလင်းသေးပါ။ ။ The post လျှို့ဝှက်ချက် ပေါက်ကြားမှုလား၊ မာယာထောင်ချောက်လား appeared first on ဧရာဝတီ.
Source : http://ift.tt/2Cs6fYC
via IFTTT
Source : http://ift.tt/2Cs6fYC
via IFTTT
အာဆင်နယ် အသင်းရဲ့ ရှယ်ယာကို ဒုတိယ အများဆုံးပိုင်ဆိုင်သူ အလီရှာ အူစမာနော့ဗ် အလီရှာ အူစမာနော့ဗ် က ရုရှား နိုင်ငံသား၊ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အာဆင်နယ် ဘောလုံး အသင်းပိုင်ရှင် နှစ်ဦး အနက် တဦးလို့လည်း ဆိုနိုင်ပါတယ်။ အာဆင်နယ် အသင်းရဲ့ ရှယ်ယာ အများဆုံးကို အမေရိကန် နိုင်ငံသား အီးစတန်လေ ကရိုးကီး (E. Stanley Kroenke) က ၆၇ ဒသမ ၀၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး အခု ရုရှားသူဌေးကြီး အလီရှာ အူစမာနော့ဗ် (Alisher Usmanov) ကတော့ ရှယ်ယာ ၃၀ ဒသမ ၀၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ ၂၀၁၇ အတွင်းက Forbes ရဲ့ ဖော်ပြချက် အရ အလီရှာရဲ့ ချမ်းသာမှုက အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၁ ဘီလီယံ ရှိတယ် လို့ ဆိုပါတယ်။ ဒါဟာ ကမ္ဘာပေါ်က အချမ်းသာဆုံး စာရင်းမှာ ထိပ်ဆုံး လူ ၁၀၀ စာရင်း ဝင်နေစေပါတယ်။ ဒါတောင် အခုနှစ်ထဲမှာ ပိုင်ဆိုင်မှု လျော့ကျသွားတာလို့ ပြောရမှာပါ။ အကြောင်းက ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းက Bloomberg ကနေ ဖော်ပြတဲ့ ဘီလီယံနာ စာရင်းမှာ အလီရှာက ပိုင်ဆိုင်မှု ၁၉ ဒသမ ၆ ဘီလီယံထိ ရှိပြီး ကမ္ဘာမှာ အချမ်းသာဆုံး အဆင့် ၃၇ ချိတ်ခဲ့ဖူးတာလည်း တွေ့ရပါတယ်။ ဒီလိုပဲ ၂၀၁၄ ခုနှစ် မေလအတွင်းကလည်း The Sunday Times ကနေ ဖော်ပြတဲ့ လူချမ်းသာ စာရင်းမှာ အလီရှာက အင်္ဂလန်ရဲ့ ဒုတိယမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး ပိုင်ဆိုင်မှု စတာလင်ပေါင် ၁၀ ဒသမ ၆၅ ဘီလီယံ ရှိတယ်လို့ တွေ့ခဲ့ရပါတယ်။ အလီရှာကို ၁၉၅၃ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့က မွေးပါတယ်၊ အခု အသက် ၆၄ နှစ်ထဲမှာပါ။ လက်ရှိ ဆွစ်ဇာလန်မှာ နေထိုင်ပါတယ်၊ မော်စကို နိုင်ငံတကာ ဆက်ဆံရေးသိပ္ပံကနေ ကျောင်းပြီးပါတယ်၊ ရုရှရဲ့ ဒုတိယမြောက် အကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာ MegaFon ရဲ့ ပိုင်ရှင်၊ USM Holdings ရဲ့ ပိုင်ရှင်၊ ရုရှရဲ့ အကြီးဆုံး အင်တာနက် ဝန်ဆောင်သူ Mail.Ru Group မှာ ရှယ်ယာဝင်၊ အာဆင်နယ်မှာလည်း ရှယ်ယာတွေ ပိုင်တယ်၊ Finch Farm ကို ထောက်ပံ့ကြေး ပေးထားသူ ဖြစ်တယ် လို့ လူသိများပါတယ်။ ချမ်းသာတယ်၊ အလှူအတန်းလည်း ရက်ရောတယ်၊ ဆက်ဆံရေးကောင်းတယ်၊ ဒီကြောင့်လည်း Order For Merit to the Fatherland အဆင့် ၄ ကို ပေးအပ်ခြင်း ခံထားရတယ်၊ Order of Alexander Nevsky, Order of Honour, Order of Friendship စတဲ့ ဆုတံဆိပ်တွေကို ပေးအပ်ခြင်း ခံထားရသူပါ။ သတ္တုဖူးဖော်ရေး လုပ်ငန်းတွေနဲ့ အတူ အောင်မြင်ချမ်းသာလာတဲ့ အလီရှာက အခု နောက်ပိုင်း ရင်းနှီးမြှပ်နှံမှုနဲ့ အတူ ပိုပြီး ချမ်းသာလာပါတယ်။ ၂၀၀၈ ခုနှစ်မှာ ရုရှား ကလပ် ဒိုင်နမိုမော်စကိုကို စပွန်ဆာပေးတယ်၊ အသင်းရဲ့ အကျႌ စပွန်ဆာ နေရာမှာ သူ့ရဲ့ လုပ်ငန်း အမည် Metalloinvest ဖြစ်သွားခဲ့ပြီး အဆိုပါ ဂျာစီ စပွန်ဆာ အတွက် အသင်းကို ဒေါ်လာ ၇ သန်းပေးခဲ့သူလည်း ဖြစ်ပါတယ်။ အခုလို ကမ္ဘာ့အချမ်းသာဆုံး လူ ၁၀၀ စာရင်းဝင် အလီရှာက ချမ်းသာမှု တခုတည်းနဲ့တော့ လူသိများ နာမည်ကြီးဖို့ သိပ် မရှိပါဘူး။ ဒါပေမယ့် အလီရှာဟာ ကမ္ဘာပေါ်မှာ လူသိ အများဆုံး ဘီလီယံနာတွေထဲက တဦးပါ။ ဘာကြောင့်ပါလဲ။ အဓိက သူ့ကို လူသိများစေတဲ့ အချက်ကတော့ ပရဟိတ လုပ်ငန်းတွေ လုပ်လို့ အလှူအတန်း ရက်ရောလို့ပဲ ဖြစ်ပါတယ်။ အင်္ဂလန် နိုင်ငံ၊ လန်ဒန်မှာ သူထည်ထောင်ထားတဲ့ Art, Science and Sport ဆိုတဲ့ လူမှု ထောက်ပံ့ရေး အဖွဲ့ ရှိပါတယ်၊ အနုပညာ၊ သိပ္ပံနဲ့ အားကစား ကဏ္ဍတွေမှာ လိုအပ်နေသူတွေကို ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာပါ။ အနုပညာမြတ်နိုးသူ တဦးလည်း ဖြစ်တဲ့ အလီရှာက ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၇ တစ်ရက်တည်းမှာတင် ပေါင် သန်း ၂၀ ဖိုးလောက် ပန်းချီကားတွေ ဝယ်ယူခဲ့ပါတယ်၊ Mstislav Rostropovich ပန်းချီပြခန်း တခန်းလုံးကို ဝယ်လိုက်တာပါ၊ ဒီပန်းချီ ပြခန်းက ဘဏ္ဍာရေး အခက်အခဲကြောင့် လန်ဒန်မှာ လေလံတင်နေတဲ့ ပြခန်းပါ၊ ဒီပြခန်းကို ဝယ်လိုက်ပြီး အဆိုပါ ပန်းချီ ကားတွေ အားလုံးကို ရုရှ၊ စိန့်ပီတာ စဘတ်က သူ့အိမ်အနီးမှာ ပြောင်းရွှေ့ပြီး ပြခန်း ပြန်ဖွင့်ပေးခဲ့ပါတယ်။ အဆိုပါ လအတွင်းမှာပဲ ရုရှားသရုပ်ဆောင်မင်းသား၊ ၁၉၈၅ မှာ အမေရိကန်ကို ပြောင်းရွှေ့နေထိုင်ခဲ့သူ Oleg Vidov စုဆောင်း ထားတဲ့ ရုရှ ကာတွန်းလက်ရာပေါင်း များစွာကို ထပ်မံ ဝယ်ယူခဲ့တာလည်း တွေ့ရပါတယ်။ အဆိုပါ ဝယ်ယူ စရိတ်ကို ဒေါ်လာ ၅ သန်းကနေ ၁၀ သန်း အတွင်း သုံးခဲ့တယ် လို့လည်း သိရပါတယ်။ အလီရှာက အဆိုပါ ကာတွန်းတွေ ဝယ်ယူပြီး ရုရှား ရုပ်မြင်သံကြားက ကလေးကဏ္ဍ အတွက် ပြသဖို့ ပြန်လည် လှူဒါန်းခဲ့တာလည်း တွေ့ရပါတယ်။ ရုရှား စက်မှု လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းပေါင်း များစွာမှာ ဘုတ်အဖွဲ့ဝင်၊ ဥက္ကဌ ရာထူးတွေကို ရယူ ထမ်းဆောင်နေသူ လည်း ဖြစ်သလို ရုရှား အခြေစိုက် အနုပညာနဲ့ အားကစားဆိုင်ရာ ပရဟိတ အဖွဲ့ကိုလည်း ထူထောင်ထားပြီး ရုရှားမှာ ရှိတဲ့ မြို့ပေါင်း ၁၀၀၀ မှာ ထောက်ပံ့ရေးတွေ လုပ်ဆောင်နေတာလည်း တွေ့ရပါသေးတယ်။ ၂၀၁၃ ခုနှစ် အတွင်း The Sunday Times ရဲ့ ဖော်ပြချက်မှာကိုပဲ အလီရှာဟာ ကမ္ဘာပေါ်က အလှူအတန်း အများဆုံး စာရင်းဝင်သူ တဦး ဖြစ်နေခဲ့ပြီး ဖော်ပြချက် မတိုင်ခင် ၁၂ လ အတွင်း လှူဒါန်းမှု အားလုံးပေါင်း စတာလင်ပေါင် ၁၁၂ ဒသမ ၆ သန်းဖိုးလောက် ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှာ အလီရှာက ဆေးပညာနဲ့ ရူပဗေဒဆိုင်ရာ နိုဗယ်ဆုရှင် ဒေါက်တာ James Waston ရဲ့ နိုဗယ်ဆုတံဆိပ်ကို ဒေါ်လာ ၄ ဒသမ ၉ သန်းနဲ့ ဝယ်ခဲ့ပါတယ်။ ဂျိမ်းက လေ့လာရေး လုပ်ငန်းတွေ အတွက် လှူဖို့ အဆိုပါ ဆုတံဆိပ်ကို ရောင်းချခဲ့တာ ဖြစ်ပြီး အလီရှာကလည်း အလှူငွေ ထည့်ဝင်တဲ့ သဘောနဲ့ ဆုတံဆိပ်ကို ဝယ်ခဲ့တာပါ။ ဒါပေမယ့် ဝယ်ယူပြီးချင်းပဲ အလီရှာက ဆုတံဆိပ်ကို ဂျိမ်းဆီ ပြန်ပေးခဲ့ပါတယ်။ သူက အခု ဆုတံဆိပ်ကို ဂျိမ်း ရောင်းရတဲ့ အဓိက အကြောင်းက ကင်ဆာဆိုင်ရာ လေ့လာရေးတွေမှာ အသုံးစရိတ် ပိုရဖို့ ဖြစ်ပါတယ်။ “ကျနော့် ဖခင်က ကင်ဆာနဲ့ သေဆုံးခဲ့သူပါ၊ ဒီလိုပဲ အခြား ကင်ဆာ ဝေဒနာရှင်တွေကို ကုသနိုင်ဖို့ လုပ်ဆောင်မယ့် အခု လေ့လာချက် အတွက် ကျနော် လှူဒါန်းခွင့် ရလို့ ကျေနပ်ပါတယ်၊ ဆုတံဆိပ်ကလည်း မူလ ဆုရရှိသူ လက်ထဲမှာပဲ ရှိသင့်ပါတယ်” လို့ ပြောပြီး တံဆိပ်ကိုလည်း ပြန်ပေးခဲ့တာကြောင့် အားလုံးက အံ့သြစေလောက်အောင် လှူဒါန်းတတ်သူလည်း ဖြစ်ခဲ့ပါတယ်။ အခု နောက်ဆုံး သူ့ရဲ့ အကြီးမားဆုံး လှူဒါန်းမှုကတော့ ရောမမြို့က Basilica Ulpia အဖွဲ့ကို ပြန်လည် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ယူရို ၁ ဒသမ ၅ သန်း လှူထားတာပဲ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းနဲ့ ပတ်သတ်ရင်တော့ ရင်းနှီးမြှပ်နှံမှု တခု အနေနဲ့ပဲ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကျော်ကို ဝယ်ယူထားတဲ့ သဘော ဖြစ်ပါတယ်။ လက်ရှိမှာလည်း အာဆင်နယ်က အင်္ဂလန်အသင်းတွေထဲမှာ ပွဲကြည့်လက်မှတ် ဈေးကြီးတဲ့ အသင်းတွေ ထဲက တသင်း ဖြစ်နေသလို စီးပွားရေး အရ အောင်မြင်မှု ရရှိနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။ Ref: http://ift.tt/1nTw5C9 The post အာဆင်နယ် အသင်းရဲ့ ရှယ်ယာကို ဒုတိယ အများဆုံးပိုင်ဆိုင်သူ အလီရှာ အူစမာနော့ဗ် appeared first on ဧရာဝတီ.
Source : http://ift.tt/2EpJ8vT
via IFTTT
Source : http://ift.tt/2EpJ8vT
via IFTTT
ဆွဲဆောင်မှုရှိသူထက် ခန္ဓာကိုယ်တောင့်တင်းသူကို အမျိုးသမီးတွေ ပိုသဘောကျ တကယ်တော့ ဆွဲဆောင်မှုရှိတဲ့ ချောမောတဲ့ ရုပ်ရည်နဲ့ အမျိုးသားတယောက်က ခေတ်စကားနဲ့ ပြောရရင် စော်ကြည်ဘဲတယောက်လား၊ ဒါမှမဟုတ် အနေအထိုင်၊ အပြောအဆို တက်ကြွသွက်လက်ပြီး လူအများအလယ်မှာ ထင်ပေါ်သူတယောက်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါလား။ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် သူတို့တွေထက် မိန်းကလေးတွေ ပိုပြီး နှစ်သက်သဘောကျတဲ့ အမျိုးသားတွေရဲ့ ပုံစံတခု ရှိပါ သေးတယ်။ အဲဒါကတော့ ကိုယ်ခန္ဓာတောင့်တင်းခိုင်မာပြီး ကျန်းမာသန်စွမ်းတဲ့ အမျိုးသားပုံစံပဲ ဖြစ်ပါတယ်။ Royal Society Journal မှာ ဖော်ပြချက်အရ မိန်းကလေးတွေဟာ ရုပ်ချောသူတွေ၊ ထင်ပေါ်သိသာသူတွေထက် ခန္ဓာကိုယ်ပိုပြီး တောင့်တင်းသန်မာမယ့်ပုံစံရှိတဲ့ အမျိုးသား တွေကို ပိုပြီးနှစ်သက်တယ်လု့ိ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါဆိုရင်တော့ အခုခေတ် ပြည်တွင်းက လူငယ်တွေအကြားမှာ ခေတ်စားနေတဲ့ Gym ကစားနည်းနဲ့ ကိုယ်ထည် လှလှ ပိုင်ဆိုင်သူတွေကတော့ စော်ကြည်ဘဲတွေဖြစ်ဖို့ နှာတဖျားသာနေသလိုပါပဲ။ အခု လေ့လာချက်ကို လုပ်ဆောင်ခဲ့တဲ့ လေ့လာရေး အဖွဲ့က အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာကို ပုံစံမျိုးစုံနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို အမျိုးသမီးပေါင်း ၁၆၀ ကျော်ကို ပြသပြီး လေ့လာမှု လုပ်ဆောင်ခဲ့တယ်လို့ ဆိုပြီး အမျိုးသမီး အများစု၊ ရာခိုင်နှုန်း တော်တော်များများက Body အရမ်းလှတဲ့ အမျိုးသားတွေကိုပဲ ရွေးချယ်ပြီး သဘောကျတယ်လို့ ဖြေဆိုတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ Body တောင့်တောင့်နဲ့ အမျိုးသားတွေကို အမျိုးသမီး ၇၀ ရာခိုင်နှုန်းလောက်က သဘောကျကြတာ တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ အခု လေ့လာရေးကို လုပ်ဆောင်ခဲ့တဲ့ သြစတြေးလျနိုင်ငံ Griffith University က လေ့လာသူ Aaron Sell က အမျိုးသမီးတွေဟာ သူတို့ ဘယ်လောက် သန်မာတယ်၊ ယောင်္ကျားပီသတယ် ဆိုတာထက် Body တောင့်တောင့်တင်းတင်းရှိတဲ့ အမျိုးသား တွေကို ပိုပြီး စိတ်ဝင်စားမှုများတာ တွေ့ခဲ့ရတယ်လို့ The Guardian သတင်းစာကို ပြောပြခဲ့တာလည်း တွေ့ရပါတယ်။ Sell ကပဲ ဆက်ပြီးတော့ ကျမတို့ လုပ်ခဲ့တဲ့ လေ့လာချက်ထဲမှာ Single ဆိုတဲ့ ချစ်သူ မရှိသေးတဲ့ မိန်းကလေးတိုင်းရဲ့အဖြေမှာ ခပ်နွဲ့နွဲ့၊ ခပ်ပိန်ပိန် အမျိုးသားတွေကို သဘောကျတယ် ဆိုတဲ့ အဖြေမျိုး လုံးဝကို မတွေ့ခဲ့ရပါဘူးလို့လည်း ဆက်ပြောပါတယ်။ အမျိုးသမီးတွေ အမြင်မှာ Body တောင့်တောင့် အမျိုးသားတွေဟာ သူမတို့ စိတ်ကူးထဲမှာကို ဆွဲဆောင်မှု ကောင်းသူပုံစံ ဖြစ်သွားပြီး မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှု ရရှိနိုင်တယ်လို့ သူမက သုံးသပ်ပါတယ်။ အလွယ်ဆုံး အနေနဲ့ လူကိုယ်တိုင် မဟုတ်ဘဲ ဓါတ်ပုံတွေ ပြသ လေ့လာမှုမှာကိုပဲ Body တောင့်တဲ့ အမျိုးသားတွေကိုပဲ သဘောကျနှစ်ခြိုက်တဲ့ အဖြေရလာခဲ့တာပါ။ ပြီးတော့ အခု လေ့လာချက်အတွင်းမှာ နောက်ဆက်တွဲအနေနဲ့ ပထမပိုင်းမှာ အထက်က ပြောခဲ့သလို အမျိုးသားတွေရဲ့ ဓါတ်ပုံတွေ ပြသမေးမြန်းတယ်။ တချို့ကိုတော့ စိတ်ကူးထဲက လိုချင်တဲ့ အမျိုးသားတယောက်ရဲ့ ပုံပန်းသဏ္ဍာန်ကို မေးမြန်းမှုတွေလည်း လုပ်ဆောင်ခဲ့ပြီး အဆိုပါ ဖြေဆိုမှုတွေမှာလည်း ကြွက်သားတွေနဲ့ တောင့်တောင့်တင်းတင်း ကြည့်ကောင်းတဲ့ ပုံစံမျိုးကို ဖြေဆိုသူများတာ တွေ့ခဲ့ရတယ်လို့ ဆိုပါသေးတယ်။ ဒီအပြင် Body တောင့်တောင့်နဲ့ အမျိုးသားတွေအပြင် အမျိုးသမီးတွေဟာ ဝတဲ့ သူတွေကို ဒုတိယ သဘောကျမှု အများဆုံးလို့ ဆိုပါတယ်။ ဒါက နည်းနည်းတော့ ဆန်းပါတယ်။ ဒါပေမယ့် သူတို့ အမြင်မှာ အမျိုးသားဟာ တောင့်တင်းတဲ့သူ ဒါမှမဟုတ် မီခိုစရာ လူကောင်းကြီးကြီးတွေကိုများ လူကြိုက်များလေသလား တွေးစရာ ဖြစ်စေ ပါတယ်။ ကျမတို့ရဲ့ လေ့လာချက် ရလဒ်မှာ Body တောင့်တဲ့ အမျိုးသားတွေပြီးရင် အမျိုးသမီးတွေ သဘောကျတဲ့ ခန္ဓာကိုယ်ဝတဲ့ သူတွေ ဖြစ်နေပါတယ်လို့ လေ့လာချက်မှာ ပူးပေါင်း လုပ်ဆောင်ခဲ့တဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်က စိတ်ပညာရှင် Aaron Lukaszewski က ဆက်ပြောပါတယ်။ ဒါဆိုရင်တော့ သင့်အနေနဲ့ ဗလကောင်းမလား၊ ဒါမှမဟုတ် ဝနေသလား၊ မိန်းကလေး တွေ သဘောကျ လက်ခံကြပါလိမ့်မယ်။ ပိန်ပိန်းပါးပါး Body နဲ့ ဆိုရင်တော့ စကားတွေ ဖောင်ဖွ့ဲ၊ Post တွေ အများကြီး ပေးနေပေမယ့် Body တောင့်တောင့် ခပ်၀၀ လူတွေ ပြီးမှပဲ သင့်ကို မိန်းကလေးတွေက စဉ်းစားပေးပါလိမ့်မယ်နော်။ www.maxim.com တွင်ဖော်ပြထားတဲ့ New study confirms that women find stronger men more attractive ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ The post ဆွဲဆောင်မှုရှိသူထက် ခန္ဓာကိုယ်တောင့်တင်းသူကို အမျိုးသမီးတွေ ပိုသဘောကျ appeared first on ဧရာဝတီ.
Source : http://ift.tt/2lAfSdl
via IFTTT
Source : http://ift.tt/2lAfSdl
via IFTTT
Subscribe to:
Posts (Atom)