ဧရာဝတီတိုင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ရာထူးမှနှုတ်ထွက်မည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာန ဝန်ကြီး ဦးဘဟိန်းသည် ကျန်းမာရေးမကောင်းသဖြင့်ဟုဆိုကာ ရာထူးက နှုတ်ထွက်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ “ရာထူးက နှုတ်ထွက်မယ်ဆိုတာ အမှန်ပါပဲ။ ကျနော့် ကျန်းမာရေးက သိပ်မကောင်းတော့ဘူး။ ရုပ်ခံ ဓာတ်ခံတွေလည်း ကျလာတော့ ကျနော့်တာဝန်တွေ မကျေပွန်မှာစိုးတယ်။ ဒါကြောင့် ရာထူးက နှုတ်ထွက်စာ တင်တော့မှာ ဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးဘဟိန်းက ဧရာဝတီကို ပြောသည်။ စိုက်ပျိုးရေး ပညာရှင်တဦး ဖြစ်ပြီး စိုက်ပျိုးရေးနည်းပညာဆိုင်ရာစာပေများ ရေးသားထုတ်ဝေနေသူ ဦးဘဟိန်းမှာ အရပ်သားပညာရှင်အဖြစ် ဝန်ကြီးချုပ် မန်းဂျော်နီဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး ဧရာဝတီတိုင်း အစိုးရအဖွဲ့သက်တမ်း ၂ နှစ်ပြည့်ခါနီး ကာလတွင် ရာထူးမှ နှုတ်ထွက်ရန် စီစဉ်နေခြင်းဖြစ်သည်။ ဝန်ကြီး ဦးဘဟိန်းမှာ ၎င်းတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေလုပ်သားငယ်များ အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိရေး ကြိုးပမ်း ဆောင်ရွက်ခဲ့သည့်အတွက် ယခင်က ငွေကြေးချမ်းသာသည့် အင်းသားကြီးများ နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ် လုပ်ကိုင်ခဲ့သည့် အင်းတချို့အား ရေလုပ်သား အစုအဖွဲ့များအနေဖြင့် ကြမ်းခင်းဈေးဖြင့် လုပ်ကိုင်စားသောက်ခွင့်ရရှိခဲ့သည်။ အဆိုပါဆောင်ရွက်ချက်များကြောင့် ဧရာဝတီတိုင်းရှိ လုပ်ငန်းရှင် အင်းသားကြီးများက ဝန်ကြီး ဦးဘဟိန်းအား နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် သူရဦးရွှေမန်းတို့ထံ ၂၀၁၆ ခုနှစ်အတွင်းက တိုင်ကြားခဲ့သည့်အတွက် ဝန်ကြီး ဦးဘဟိန်းက ပြန်လည်ရှင်းလင်း ချေပမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ပြင် ယခင်အစိုးရမှ စည်းကမ်းနှင့်ညီညွတ်၍ ရောင်းချပေးခဲ့သည့် ကြေးတိုင်အင်းများကို ဖျက်သိမ်းခြင်း၊ တရားမဝင် အစုအဖွဲ့များကို အင်းများတိုက်ရိုက် ရောင်းချပေးခြင်းနှင့် ဥပဒေမဲ့ လုပ်ဆောင်နေခြင်းများအတွက် ဝန်ကြီး ဦးဘဟိန်းအား တာဝန်မှ ရုတ်သိမ်းပေးရန် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မေလ ၃၁ ရက်နေ့က အင်းသားကြီး ၃၀၀ ခန့် ပုသိမ်မြို့တွင်စုဝေး၍ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။ ဝန်ကြီး ဦးဘဟိန်းမှာ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လိုသည့် ဝန်ကြီးတဦး ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန် လုပ်ပိုင်ခွင့် မရသည့်အတွက် နှုတ်ထွက်ခြင်းဖြစ်သည်ဟု ထင်မြင်ကြောင်း ပုသိမ်မြို့အခြေစိုက် တောင်သူဖွံ့ဖြိုးရေး သင်တန်းကျောင်း – GPI ဒါရိုက်တာ ဦးတင်လင်းအောင်က ပြောသည်။ “ဝန်ကြီး ဦးဘဟိန်းအနေနဲ့ အင်းတွေကိုလည်း ရေလုပ်သားငယ်တွေ လုပ်ကိုင်ခွင့်ရအောင် သူကြိုးပမ်းတယ်။ လယ်သိမ်းခံရမှု ကိစ္စတွေ၊ သစ်တောဌာနကိစ္စတွေ ရှင်းချင်တယ်။ ဒါပေမယ့် ဥပဒေ အားနည်းချက်တွေ အများကြီးရှိနေသလို လုပ်ပိုင်ခွင့်က ဝန်ကြီးလက်ထဲမှာ မရှိဘဲ ဝန်ကြီးချုပ်လက်ထဲမှာပဲ ဖြစ်နေတယ်။ အဲဒီတော့ အလုပ်လုပ်ရတဲ့ နေရာမှာ အခက်အခဲတွေ အများကြီးရှိနေပြီး လုပ်ချင်ပေမယ့် လုပ်မရတာတွေ ရှိနေတယ်။ အဲဒီတော့ ကျန်းမာရေးအရ နှုတ်ထွက်တယ်ဆိုတာက ဘယ်သူ့ကိုမှ မထိခိုက်အောင် ပြောတာလို့ ထင်တယ်။ အဓိကက ဂုဏ်သိက္ခာရှိစွာ နှုတ်ထွက်သွားတာလို့ပဲ မြင်ပါတယ်”ဟု GPI ဒါရိုက်တာ ဦးတင်လင်းအောင်က ပြောသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက်က ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်သည့် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့တွင် သစ်တော၊ သဘာဝပတ်ဝန်းကျင်နှင့် သတ္ထုတွင်းဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာနဟူ၍ ဌာန ၂ ခု ထားရှိခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပြီး NLD အစိုးရလက်ထက်တွင် အဆိုပါ ဌာန ၂ ခုစလုံးကို ပေါင်းစည်း၍ ဝန်ကြီးဌာန တခုတည်း အဖြစ်ထားရှိကာ ဦးဘဟိန်းက ဝန်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ The post ဧရာဝတီတိုင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ရာထူးမှနှုတ်ထွက်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2lDnfSg
via IFTTT
Tuesday, January 2, 2018
burma.irrawaddy.com
၂၁ ပင်လုံ လမ်းကြောင်းဖြင့် ဖွဲ့စည်းပုံ ပြင်နိုင်ရေး အရပ်ဘက်အဖွဲ့များ မျှော်လင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ လမ်းကြောင်းမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း နေပြည်တော်တွင် ကျင်းပနေသည့် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်လာသူများက ဧရာဝတီသို့ ပြောသည်။ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၃ ခု ရှိရာ ၁၉၄၇ ဖွဲ့စည်းပုံမှာ အာဏာသိမ်းခံခဲ့ရသဖြင့် ပျက်စီးခဲ့ရပြီး ၁၉၇၄ ဖွဲ့စည်းပုံမှာ လူထု လှုပ်ရှားမှုအသွင်ဖြင့် ဖျက်သိမ်းနိုင်ခဲ့ကြောင်း၊ ယခု ၂၀၀၈ ကိုမူ ၂၁ ရာစု ပင်လုံ လမ်းကြောင်းမှတဆင့် ပြင်ဆင်နိုင်ရေးအတွက် စာတမ်းများ တင်သွင်းကာ ကြိုးပမ်းနေကြောင်း ပြည်ထောင်စုအဆင့် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဖိုရမ်ကော်မတီမှ ဦးစိုးဌေးက ပြောသည်။ ဦးစိုးဌေးက “ဗမာပြည်မှာ အကျပ်အတည်းကြီး ၂ ခု ရှိနေတယ်။ တခုကတော့ ငြိမ်းချမ်းရေးနဲ့ နောက်တခုကတော့ ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်းတွေပဲ။ အဲဒီ ၂ ခုကို ဖြေရှင်းဖို့အတွက် ပထမအဆင့် ၂၀၀၈ ကိုပြင်မယ်လို့ စဉ်းစားရင် (သို့မဟုတ်) အသစ်ရေးမယ်စဉ်းစားထားရင် ငြိမ်းချမ်းရေးဆိုတာ ကျနော်တို့ မေ့ထားလို့မရဘူး။ အဲဒီလိုပဲ ငြိမ်းချမ်းရေးကို သွားမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်ဘဲနဲ့ ငြိမ်းချမ်းရေးရဖို့ကလည်း အင်မတန်ခက်တယ်”ဟု ပြောသည်။ ယနေ့ နေပြည်တော်တွင် ပြုလုပ်နေသည့် အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတခုဖြစ်သည့် ပြည်ထောင်စု အဆင့် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဖိုရမ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ လမ်းညွှန်ချက်ဖြင့် ပြုလုပ်၍ ရရှိလာသော စာတမ်းတခုဖြစ်သည့် ပြန်လည်နေရာ ချထားရေးနှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာ မူဝါဒ အကြံပြုချက်စာတမ်း၊ ပြည်ထောင်စုအဆင့် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဖိုရမ်ကော်မတီ၏ လမ်းညွှန်ချက်ဖြင့် ပြုလုပ်သည့် ဖက်ဒရယ် အခြေခံ မူဝါဒဆိုင်ရာ အကြံပြုစာတမ်းတို့ကို တင်သွင်းမည် ဖြစ်သည်။ ယခု ဖိုရမ်ကို ၂ ရက်တာ ကျင်းပမည် ဖြစ်ပြီး ရရှိလာသည့် အကြံပြုစာတမ်းများကို UPDJC သို့တင်ပြသွားမည် ဖြစ်ရာ ယခု ဖိုရမ် မကျင်းပမီ အကြိုဖိုရမ်တခုကို မန္တလေးမြို့တွင် ကျင်းပခဲ့ပြီး သဘောတူညီချက်များ ရရှိခဲ့သော်လည်း အစိုးရက နိုင်ငံရေး ဆွေးနွေးခြင်းကို တရားဝင် ခွင့်ပြုထားခြင်း မရှိပါ။ “ဥပမာ နိုင်ငံရေးကို မဆွေးနွေးပါနဲ့လို့ ပြောတယ်။ လုံခြုံရေးကို မဆွေးနွေးပါနဲ့လို့ ပြောတယ်။ နိုင်ငံရေးက ကျနော်တို့ တကယ့် ပြည်သူလူထုတွေနဲ့ မဆိုင်ဘူးလား။ အမျိုးသမီးတယောက်က အပြင်ထွက်သွားတယ်။ သူ့ကိုယ်သူ မလုံခြုံဘူးလို့ ခံစားရတယ်။ လယ်သမားတယောက်က သူ့လယ်တွေ မတရား အသိမ်းခံရတယ်။ မလုံခြုံဘူးလို့ ခံစားရတယ်။ ကိုယ်အိမ်မှာကိုယ် နေရင်းနဲ့ သေနတ်ကျည်ဆံတွေ ကျလို့ ပြေးရတယ်။ မလုံခြုံဘူးလို့ ခံစားရတယ်။ အဲဒါကြောင့် ပြည်သူတွေကို အကုန်ဆွေးနွေးခွင့်ပေးခဲ့တယ်”ဟု ဖိုရမ်၏ ပြောခွင့်ရသူ ဦးစိုးဌေးက ပြောသည်။ လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကိုယ်တိုင်သည်ပင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ကြိုးပမ်းမည်ဟု ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ငြိမ်းချမ်းရေးရမှ ပြင်နိုင်မည်ဟု လေသံပြောင်း သွားခဲ့သည်။ ၁၉၈၈ ခုနှစ်က ဒီမိုကရေစီ အရေးတော်ပုံကို အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့သည့် တပ်မတော် အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံကို ၁၉၉၃ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ၎င်းတို့ တည်ထောင်ပေးခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ၂၀၁၀ ရွေးကောက်ပွဲဖြင့် အာဏာ လွှဲပေးခဲ့သည်။ “ဖွဲ့စည်းပုံ ပြင်နိုင်ဖို့ လမ်းကြောင်းသည် ဒီ၂၁ ရာစု ပင်လုံကနေပြီးတော့ ပြည်ထောင်စုအဆင့် နိုင်ငံရေး သဘောတူညီချက် တွေကနေပဲ သွားနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ဒီပင်လုံကနေ ပြည်ထောင်စုသဘောတူ စာချုပ်ပါအချက်တွေက ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ရင် ဖွဲ့စည်းပုံကို ပြင်ပြီးသားဖြစ်သလို တဖက်ကလည်း အသစ်လည်း ဖြစ်သွားနိုင်တယ်”ဟု မလှိုင်မြို့နယ် ၈၈ ငြိမ်း/ပွင့်မှ ဦးသက်နိုင်ဝင်းက ပြောသည်။ အရပ်ဘက်အဖွဲ့များကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေး၊ ဖျက်သိမ်းရေးတို့ထက် ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံ ဖြစ်ရေးကိုသာ ပို၍ အားသန်နေကြကြောင်း၊ ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်လာရန် ယခုလမ်းကြောင်းသာ ရှိ၍ ကြာမည်၊ မြန်မည်မှာမူ ပါဝင်ဆောင်ရွက်နေသူများ အပေါ်တွင် မူတည်ကြောင်း ၎င်းက သုံးသပ်သည်။ ကရင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းမှ ဦးစောကျော်စွာက “ကျနော်တဦးတည်း အမြင်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အပေါ်ယံအားဖြင့်တော့ ဖက်ဒရယ် ဖွဲ့စည်းပုံနဲ့ တူသော်လည်း အနှစ်သာရ အားဖြင့်တော့ လုံးဝကင်းမဲ့နေတယ်လို့ ကျနော်တို့ ခံယူထားတယ်။ ဖွဲ့စည်းပုံက ဗဟိုချုပ်ကိုင်မှု အရမ်းများတယ်။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ၂၀၀၈ ကတော့ ပြင်ရမှာပဲ”ဟု ပြောသည်။ ငြိမ်းချမ်းရေး လိုလားသူများကွန်ရက်မှ ဦးအောင်မှိုင်းဆန်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို အတည်မပြုခင်ကလည်း ကန့်ကွက်ခဲ့သလို ယခုလည်းပဲ ပြင်ဆင်နိုင်ရေး ကြိုးစားလျက်ရှိရာ ယခု NCA နောက်ဆက်တွဲအရ ဖြစ်ပေါ်လာသည့် ၂၁ ရာစု ပင်လုံ လမ်းကြောင်းသည် ဖွဲ့စည်းပုံ ပြင်နိုင်ရေး အကောင်းဆုံး လမ်းကြောင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။ “တခြားလမ်းကြောင်းတခုကို မစဉ်းစားနိုင်သေးခင် အရပ်ဘက် အဖွဲ့အစည်းတွေ အားလုံးကလည်း ဖွဲ့စည်းပုံ ပြင်ဆင် နိုင်ရေးအတွက် လတ်တလောမှာ ဒီလမ်းကြောင်းကိုပဲ ရွေးထားတယ်။ အဲဒီတော့ ၂၁ ပင်လုံမှာ စာတမ်းတွေ တင်နိုင် အောင် ကြိုးစားနေတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို သေချာလေ့လာကြည့်ရင် အပိုဒ်လိုက် ပြင်လိုက်၊ အခန်းလေး ကျော်ပြင်လိုက် လုပ်လို့ မရဘူး။ တခုနဲ့တခုက ချိတ်ဆက်နေတော့ ပြင်တယ်ဆိုပေမယ့် သဘောသဘာဝအရ တခုလုံးကို ပြောင်းလဲရမယ့် သဘော ဖြစ်ပါတယ်”ဟု ၎င်းက သုံးသပ်သည်။ ၎င်းက ဆက်၍ ပြည်တွင်းစစ် ဖြစ်နေရသည့် အကြောင်းရင်းကို အဖြေရှာပါက ဖွဲ့စည်းပုံ အကျပ်အတည်း ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံကို ပြင်နိုင်ပါက တဖက်တွင် ငြိမ်းချမ်းရေး ရလာနိုင်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်နေသည့် ကာလတွင် တိုက်ပွဲများ ဖြစ်နေနိုင်သော်လည်း စစ်ရပ်စဲရေး တပိုင်း လုပ်၍ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အောင်မြင်မှသာ တိုက်ပွဲများ ရပ်သွားနိုင်မည့် အနေအထားရှိကြောင်း ပြောသည်။ The post ၂၁ ပင်လုံ လမ်းကြောင်းဖြင့် ဖွဲ့စည်းပုံ ပြင်နိုင်ရေး အရပ်ဘက်အဖွဲ့များ မျှော်လင့် appeared first on ဧရာဝတီ.
Source : http://ift.tt/2qb032v
via IFTTT
Source : http://ift.tt/2qb032v
via IFTTT
ချေးငွေ အတိုးနှုန်း လျှော့ချပေးရန် ဗဟိုဘဏ်ထံ UMFCCI တင်ပြ ချေးငွေအပေါ် ကောက်ခံသည့် ဘဏ်အတိုးနှုန်း (Maximum Bank Lending Rate) ကို သင့်တင့်သော နှုန်းထားတခု အထိ လျှော့ချပေးရန် ဗဟိုဘဏ်သို့ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) က တောင်းဆိုခဲ့ကြောင်း သတင်း ရရှိသည်။ ရန်ကုန်မြို့ UMFCCI တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သော နိုင်ငံတော်ဒုသမ္မတ ၁ ဦးမြင့်ဆွေနှင့် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များအကြား ၁၃ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း UMFCCI တွဲဖက် အထွေထွေ အတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုး က သတင်းထောက်များကို ပြောသည်။ ပုဂ္ဂလိကကဏ္ဍတွင် လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများကို ဖြေရှင်းနိုင်ရန် အတွက် လုပ်ငန်းရှင်များမှ ချေးယူသည့် ချေးငွေပေါ် ကောက်ခံသည့် ဘဏ်အတိုးနှုန်းကို ယခုလက်ရှိ ၁၃ ရာခိုင်နှုန်း အတိုးနှုန်းမှ ၁၀ ရာခိုင်နှုန်း အထိ လျှော့ချပေးရန်နှင့် Deposit Rate (အပ်ငွေအတိုးနှုန်း) ကိုလည်း ယခု ၈ ရာခိုင်နှုန်းမှ ၅ ရာခိုင်နူန်းသို့ လျှော့ချပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြာင်းသိရသည်။ ဦးအောင်ကြည်စိုး က “စီးပွားရေး အခြေအနေ နည်းနည်း ပိုတိုးတက်လာအောင်လို့ အတိုးနှုန်းကို ဥပမာလက်ရှိ အတိုးနှုန်းက ၁၃ ရာခိုင်နှုန်း ဖြစ်နေတယ်။ ဒါကို ၁၀ လောက်ထားလို့ ရမလား။ အဲဒီလိုပဲ deposit Rate ဘဏ်က ပြန်ပေးတဲ့ နှုန်းကို ၅ ရာခိုင်နှုန်းလောက် ထားလို့ရမလားလို့ အန်ကယ်တို့ဘက်က တင်တာဖြစ်ပါတယ်” ဟု ပြောသည်။ ချေးငွေအပေါ် ကောက်ခံသည့် ဘဏ်အတိုးနှုန်း (Maximum Bank Lending Rate) သည် ဘဏ်မှသုံးစွဲသူ (Customer) ကိုချေးပေးသည့်နှုန်းဖြစ်ပြီး deposit Rate သည် အပ်ငွေအတိုးနှုန်းကို ခေါ်ခြင်းဖြစ်သည်။ “လောလောဆယ် ဗဟိုဘဏ်ဘက်က အစီစဉ်ရှိတာ Maximum Lending Rate ကိုတော့ သူတို့ ပြင်လိမ့်မယ်။ Lending Rate ဆိုတာက အခုအတိုးနူန်း ၁၃ ရာခိုင်နှုန်းကနေမှ နောက်ပိုင်းရာခိုင်နှုန်း ဘယ်လောက်ဆိုပြီး ပြင်မယ်ဆိုတာတော့ သမ္မတရုံးကို တင်ထားပြီးပြီ။ ဒီကနေ နှုန်းတခု ပြန်ကျလာမှ သူတို့ ပြန်ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ဦးအောင်ကြည်စိုး က ပြောသည်။ ယင်းတို့ကို အချိန်နှင့် တပြေးညီ လုပ်ကိုင်ရမည် ဖြစ်သော်လည်းယခု မြန်မာ့စီးပွားရေး အခြေအနေအရ အတိုးနှုန်း လျှော့ချရန်သင့်ကြောင်း ဘဏ်နှင့်ပတ်သက်သော လုပ်ငန်းရှင်များ၊ ပညာရှင်များကလည်း UMFCCI သို့ တင်ပြထားကြောင်းသိရသည်။ ဘဏ်ချေးငွေ အတိုးနှုန်းနှင့် ပတ်သက်၍ နိုင်ငံတော်ဗဟိုဘဏ်၏ လုပ်ထုံးလုပ်နည်းများကို နားလည်သော်လည်း လက်ရှိ နှောင့်နှေးနေသည့် စီးပွားရေး အခြေအနေအရ ဘဏ်အတိုးနှုန်း များနေခြင်းမှာ လုပ်ငန်းရှင်များအတွက် အခက်အခဲ ဖြစ်နေကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က ပြောသည်။ ဦးဇော်မင်းဝင်း က “အတိုးနှုန်းတွေကို လျှော့ချပေးဖို့ လုပ်ငန်းရှင်တွေက တော်တော်လေး ပြောလာကြတယ်။ အတိုးနှုန်းကိစ္စ ကတော့ Inflation Rate (ငွေကြေးဖောင်းပွမှုနှုန်း) ကိုပြန်ကြည့်ရမယ်။ နောက်တစ်ခုကလည်း Lending Rate တခုတည်းကို ကြည့်လို့လည်းမရဘူး။ လျှော့ချလို့လည်းမရဘူး။ အောက်က deposite Rate လည်းကျမှဖြစ်မယ်။ ဒါတွေက အများကြီး ဟန်ချက်ညီအောင် လုပ်ရမယ်” ဟု ပြောသည်။ UMFCCI တွင်ပြုလုပ်ခဲ့သော နိုင်ငံတော်ဒုသမ္မတ ၁ ဦးမြင့်ဆွေနှင့် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များအကြား ၁၃ ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းအား ချေးငွေ အတိုးနှုန်း လျှော့ချရေးနှင့် ပတ်သက်၍ မေးမြန်းရာတွင် “ဒီအကြောင်းအရာက Sensitive Issue (ထိလွယ်ရှလွယ် အကြောင်းအရာ) ဖြစ်နေလို့ ဖြေကြားလို့မရပါဘူး” ဟု ဧရာဝတီသို့ ပြောကြားခဲ့သည်။ The post ချေးငွေ အတိုးနှုန်း လျှော့ချပေးရန် ဗဟိုဘဏ်ထံ UMFCCI တင်ပြ appeared first on ဧရာဝတီ.
Source : http://ift.tt/2A4XsXw
via IFTTT
Source : http://ift.tt/2A4XsXw
via IFTTT
ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ MPT LTE+ ကွန်ရက် စတင် အသုံးပြုနိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ အသစ်တိုးချဲ့လိုက်တဲ့ LTE+ ကွန်ရက်ကို ချင်းပြည်နယ်ဟားခါးမြို့နဲ့ မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးစေတီတော်တို့မှာ စတင် အသုံးပြုနိုင်ပြီဖြစ်ပြီး LTE+ ကွန်ရက်ကို မြန်မာနိုင်ငံအနှံ့ ပြည်နယ်နဲ့တိုင်း အသီးသီးကို တိုးချဲ့နေပြီလို့ သိရပါတယ်။ MPT အနေနဲ့လက်ရှိ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့ အပါအဝင် နိုင်ငံတဝန်းမှ မြို့နယ်ပေါင်း ၈၂ မြို့ ကို LTE+ ကွန်ရက် ဖြန့်ကျက်ထားပြီး ယခုနှစ် ၂၀၁၈ ခုနှစ်အတွင်း ကျန်တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ မြို့နယ်ပေါင်း ၂၈၀ ကို LTE+ ကွန်ရက် ဖြန့်ကျက်သွားမယ်လို့ သိရပါတယ်။ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မြန်နှုန်းမြင့် အင်တာနက်လိုင်း LTE+ ဖြန့်ကျက်လိုက်ခြင်းအားဖြင့် ယင်းဒေသမှာ နေထိုင်သူများအနေနဲ့ အင်တာနက်သုံးခြင်း၊ သီချင်းနားထောင်ခြင်း၊ HD အရည်အသွေးရှိ ဗီဒီယိုများ ကြည့်ရှုခြင်းတို့ကို အရည်အသွေး ကောင်းမွန်သော အင်တာနက်လိုင်းဖြင့် အသုံးပြုနိုင်မှာဖြစ်ပြီး မွန်ပြည်နယ်၊ ကျိုက်ထီးရိုးဒေသမှာလည်း ယင်းကဲ့သို့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ MPT ဟာ မကြာသေးမီ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း အင်တာနက်ဒေတာ အမြန်နှုန်း ၂ ဆ ပိုမိုမြန်ဆန်တဲ့ LTE+ 4×4 MIMO ကွန်ရက်အဆင့်မြှင့်တင်မှု ဆောင်ရွက်ခဲ့ပြီး အဆိုပါ နည်းပညာနဲ့ ကိုက်ညီတဲ့ စမတ်ဖုန်းများကို အသုံးပြုပါက အမြန်နှုန်း 300Mbps အထိ ရရှိနိုင်မယ့်အကြောင်း မိတ်ဆက်ခဲ့ပါတယ်။ “MPT အတွက် ၂၀၁၈ ခုနှစ်ဟာ ကြီးကျယ်ခမ်းနားတဲ့ နှစ်တနှစ်ပါ။ ၂၀၁၈ ခုနှစ်အကုန်မှာ LTE+ ကွန်ရက်ကို နိုင်ငံတဝန်းမှာရှိတဲ့ မြို့ပေါင်း ၂၈၀ မှာ ဖြန့်ကျက်သွားဖို့ မျှော်မှန်းထားပါတယ်။ သုံးစွဲသူများအနေနဲ့ LTE+ ကွန်ရက်နည်းပညာနဲ့ ကိုက်ညီတဲ့ မည်သည့် 4G မိုဘိုင်းလ်ဖုန်း အမျိုးအစားမှာမဆို ဖုန်း Settings မှာ 4G Network ကို ဖွင့်ထားပြီး အမြန်ဆုံး အင်တာနက်လိုင်းကို အသုံးပြုနိုင်မှာဖြစ်ပါတယ်” လို့ MPT-KSGM Joint Operations မှ Chief Commercial Officer, Mr. Reizo Umeda က ပြောပါတယ်။ ဆက်လက်ပြီး “အမြန်ဆုံး အင်တာနက်ဆုရထားတဲ့ LTE+ ကွန်ရက်ကို နိုင်ငံတဝန်း အသုံးပြုသူတွေက အံ့အားသင့်ဖွယ်ကောင်းအောင် အသုံးပြုနေတာကို တွေ့ရပါတယ်။ ဒါကြောင့် LTE+ ကွန်ရက်ကို ဟားခါးနဲ့ ကျိုက်ထီးရိုး စေတီတို့မှာ မိတ်ဆက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ အခုလို အရေးပါတဲ့ သမိုင်းမှတ်တိုင်အဖြစ် ချင်းပြည်နယ်မှာ တိုးချဲ့ချိတ်ဆက်နိုင်ခြင်းဟာ MPT LTE+ ကို နိုင်ငံတဝန်းက ပြည်နယ်နဲ့တိုင်းအသီးသီးမှာ အသုံးပြုနိုင်ပြီဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ဟာ ၂၀၁၆ ခုနှစ်မှ၂၀၁၇ ခုနှစ်အတွင်း “မြန်မာ့အမြန်ဆုံး မိုဘိုင်းလ် ကွန်ရက်ဆု” ကို ကမ္ဘာ့ထိပ်တန်း အင်တာနက်အမြန်နှုန်းစစ်ဆေးရေ အဖွဲ့အစည်းဖြစ်တဲ့ Ookla ထံမှ ၂ ကြိမ် တိုင်တိုင် ချီးမြှင့်ခြင်း ခံရတယ်လို့ သိရပါတယ်။ MPT ဟာ KDDI ကော်ပိုရေးရှင်း ၊ Sumitomo ကော်ပိုရေးရှင်းတို့ ပူးပေါင်းဆောင်ရွက်တဲ့ KDDI Summit Global Myanmar Company Limited (KSGM) နဲ့အတူ လုပ်ငန်းစပ်တူ ပူးပေါင်းရန် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ က သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံရှိ မိုဘိုင်းလ်ဆက်သွယ်ရေး နည်းပညာ ပိုမိုအဆင်ပြေလွယ်ကူစေရန် ကွန်ရက်များကို တိုးချဲ့ခြင်းနဲ့နည်းပညာအသစ်များ အသုံးပြုပြီး အရည်အသွေးမြင့် ဆက်သွယ်မှုကွန်ရက်ကို ပြည်သူအများ အသုံးပြုနိုင်အောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဆက်စပ်သတင်းလင့်ခ် – MPT မှ ဒေတာမြန်နှုန်း ၂ ဆ ပိုမြန်ဆန်တဲ့ LTE+ နည်းပညာ မိတ်ဆက် The post ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ MPT LTE+ ကွန်ရက် စတင် အသုံးပြုနိုင် appeared first on ဧရာဝတီ.
Source : http://ift.tt/2Cs1E9X
via IFTTT
Source : http://ift.tt/2Cs1E9X
via IFTTT
စည်ပင်ဝန်ကြီးဦးမင်းအောင်အား တာဝန်မှရပ်စဲရန် ရခိုင်ပြည်နယ် လွှတ်တော်ဆုံးဖြတ် နိုင်ငံတော်နှင့် အများပြည်သူအကျိုးစီးပွားကို ထိခိုက်နစ်နာဆုံးရှုံးမှုများ ရှိနေသည်ဟုဆိုကာ တိုင်ကြား ခံထားရသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးမင်းအောင်အား ယနေ့ ဇန်နဝါရီလ ၂ ရက်က ကျင်းပသည့် ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးက တာဝန်မှ ရပ်စဲရန် ဆုံးဖြတ် လိုက်သည်။ စည်ပင်ဝန်ကြီး ဦးမင်းအောင် ကိစ္စနှင့်ပတ်သက်၍ ယနေ့ ရခိုင်ပြည်လွှတ်တော် အရေးပေါ်အစည်း အဝေးကျင်းပရာ ကိုယ်စားလှယ် ၄၆ ဦး တက်ရောက်ခဲ့ပြီး လွှတ်တော်တွင် လျို့ဝှက်မဲခွဲရာ ထောက်ခံ မဲ ၃၇ မဲ ၊ ကန့်ကွက်မဲ ၈ မဲတို့ဖြင့် ၎င်းအား ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်ဟု ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။ “ပြည်နယ် လွှတ်တော်က လုပ်တဲ့ကိစ္စဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လုပ်တာဆိုတော့ ကျနော့် အနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရပဲ ဆက်ပြီး လုပ်သွားရမှာပါ” ဟု ဦးမင်းအောင် က ပြော သည်။ ၎င်းနှင့် ပတ်သက်၍ စွပ်စွဲချက်များမှာ မှန်ကန်မှုမရှိသလို စွပ်စွဲချက် ၉ ချက်ပါအကြောင်းအရာများကို လွှတ်တော်၌ အသေးစိတ်ချပြခွင့် တောင်းဆိုခဲ့သော်လည်း အခွင့်အရေးမရရှိ၍ သတင်း စာရှင်းလင်းပွဲ လုပ်ဆောင်ကာ ပြည်သူသိအောင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက လွှတ်တော်သို့ စွပ်စွဲပြစ်တင် ဆုံးဖြတ်မည့်ကိစ္စ ဆိုင်းငံ့ထားပါရန် ညှိနှိုင်းစာပေးပို့ခဲ့ရာ လွှတ်တော်ဥက္ကဌက လွှတ်တော်တွင် ဆိုင်းငံ့သင့် မသင့်ကို မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ ၃၃ မဲ ၊ ကန့်ကွက်မဲ ၁၁ မဲ ရရှိသောကြောင့် မဆိုင်းငံတော့ဘဲ လွှတ်တော်ဆက်လက် ကျင်းပကာ စည်ပင်ဝန်ကြီး ဦးမင်းအောင်၏ကိစ္စကို ထပ်မံမဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ယနေ့ ရခိုင်ပြည်နယ် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်စဉ် (ဓာတ်ပုံ – မင်းအောင်ခိုင်/ ဧရာဝတီ) ပြည်နယ်လွှတ်တော်သည် အစိုးရအဖွဲ့အား အပြန်အလှန်ထိန်းကျောင်းခွင့်ရှိရာ မေးခွန်းများ မေးမြန်း ခြင်း၊ အဆိုများတင်သွင်းခြင်း စသည့်တို့ဖြင့် ထိန်းကျောင်းခဲ့သော်လည်း ဝန်ကြီးဦမင်းအောင်မှာ လွှတ်တော်အား အလေးထားခြင်း မရှိသဖြင့် ယခုကဲ့သို့ ဖွဲ့စည်းပုံပါ ဥပဒေအတိုင်း ထိန်းကျောင်းခြင်း လုပ်ငန်းများကို ဝမ်းနည်းစွာဖြင့် လုပ်ဆောင်ခဲ့ရကြောင်း လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက လွှတ်တော်တွင် ပြောကြားခဲ့သည်။ စည်ပင်ဝန်ကြီး ဦးမင်းအောင်အပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၇ဦး၏ စွပ်စွဲပြစ်တင်ချက် ၉ချက် တွင် စစ်တွေ၊ ကျောက်တော်၊ ရမ်းဗြဲ၊ တောင်ကုတ်၊ ဂွ စသည့်မြို့နယ်များတွင် ဈေးသစ် ၅ ခု ဆောက် လုပ်ရန် လွှတ်တော်သို့ အသိမပေးဘဲ တင်ဒါခေါ်ယူကာ ကုမ္ပဏီများအား ချပေးခြင်း၊ မောင်တောဒေသ ဖွံဖြိုးရေးအတွက် ပြည်ထောင်စုမှ ချပေးသော ဘဏ္ဍာငွေများအား မောင်တောဒေသတွင် အနည်း ငယ်မျှသုံးကာ တောင်ကုတ်မြိုနယ်အတွင်း ပြောင်းရွေ့ပြီး တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင် ခြင်း ၊ မင်းပြားမြို့နယ်ရှိ ကူးတို့ကိစ္စများ၊ စစ်တွေမြိုနယ်အတွင်းက ပါဒလိတ် ကူးတို့ အရှုပ်အထွေး ကိစ္စရပ်များ စသည်တို့ ပါဝင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။ ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်အား လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက လက်မှတ်ရေးထိုးပြီး စွပ်စွဲပြစ်တင်ခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ စုံစမ်းစစ်ဆေး ရေးအဖွဲ့၏ အပြီးသတ်အစီရင်ခံစာကို ဒီဇင်ဘာလ ၁၉ ရက်နေ့က လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှထံ တင်ပြခဲ့သည့်အတွက် လွတ်တော်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၃ ( င ) အရ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၃ ( င ) ၊ ( ၁ )တွင် တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ်ဝန်ကြီး ချုပ် သို့မဟုတ် ပြည်နယ် ဝန်ကြီး တဦးဦး အပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်း စစ်ဆေးတွေ့ရှိ ချက်များကို တင်ပြလာပါက လွှတ်တော်ဥက္ကဋ္ဌသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းအပြင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေ အနည်းဆုံး သုံးပုံ နှစ်ပုံက စွပ်စွဲ ပြစ်တင်မှု မှန်ကန်၍ စွပ်စွဲခံရသူသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ် ဝန်ကြီးရာထူး တွင် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင့် ဆုံးဖြတ်လျှင် ဥက္ကဋ္ဌသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်စာခံရမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော် သမ္မတသည် တင်ပြချက်ရရှိလျှင် စွပ်စွဲပြစ်တင်ခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးအား ရာထူးမှ ရပ်စဲရမည် ဖြစ်ကြောင်း ၎င်းပုဒ်မတွင် ဖော်ပြပါရှိသည်။ ရခိုင်ပြည်နယ် လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ် ၃၅ဦး နှင့် တပ်မတော်သား ကိုယ်စား လှယ် ၁၂ ဦး စုစုပေါင်း ကိုယ်စားလှယ် ၄၇ ဦးတို့ဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်အမျိူးသားပါတီ ( ANP ) ပါတီမှ ကိုယ်စားလှယ် ၂၃ ဦး ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီမှ ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး အပါအဝင် ၉ ဦး ၊ ပြည်ခိုင်ဖြိုးပါတီမှ ၃ ဦး အသီးသီး အနိုင်ရရှိခဲ့သည်။ ယနေ့ ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် ခွင့်တိုင်ကြားသူ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁ ဦးရှိပြီး ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် ၁ ဦး ကွယ်လွန်သွားပြီ ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးသာ တက်ရောက်ခဲ့ကြောင်း သိရသည်။ The post စည်ပင်ဝန်ကြီးဦးမင်းအောင်အား တာဝန်မှရပ်စဲရန် ရခိုင်ပြည်နယ် လွှတ်တော်ဆုံးဖြတ် appeared first on ဧရာဝတီ.
Source : http://ift.tt/2lHSJ99
via IFTTT
Source : http://ift.tt/2lHSJ99
via IFTTT
ခွင့်ပြုမိန့် ရရှိထားပြီး အကောင်အထည်ဖော်ရန် ကြန့်ကြာနေသည့် လုပ်ငန်းများ စိစစ်တော့မည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်ရယူထားရှိထားပြီး အကောင်အထည်ဖော်ရန် ကြန့်ကြာ နေသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ၂၀၁၈ ခုနှစ်နှစ်ဆန်းပိုင်း၌ စီစစ်ကြီးကြပ်ရေး အဖွဲ့ဖြင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ MIC က ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အမြန်ဆုံး စတင်နိုင်ရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အကောင် အထည်ဖော် ဆောင်ရွက်ရန် ကြန့်ကြာ နေသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား စိစစ်ကြပ်မတ်ရေးအဖွဲ့၏ အဖွဲ့ဝင် (၂) ဦးဌေးချွန် က ဧရာဝတီသို့ ပြောသည်။ ဦးဌေးချွန် က “အခုအဖွဲ့ ဖွဲ့ပြီးပြီ။ လုပ်ငန်းကြန့်ကြာမှု ကိစ္စတွေကို စစ်ဆေးဖို့က အမြန်ဆုံး လုပ်မှာဖြစ်တယ်။ ရင်းနှီးမြှုပ်နှံသူကြောင့်လား၊ သက်ဆိုင်ရာ အစိုးရ ဌာနဆိုင်ရာ ကြောင့်လား၊ ဘာကြောင့် လုပ်ငန်းလုပ်ဖို့ ကြန့်ကြာနေလဲဆိုတာ စစ်ဆေးမှာ” ဟု ပြောသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း လုပ်ငန်း ၁၆၉ ခု ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၄ဒသမ ၃၇၁ ဘီလီလျှံ ရရှိထားသည်။ သို့သော်လည်း ခွင့်ပြချက် ရယူထားသော လုပ်ငန်းအချို့ အနေဖြင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ အစည်း၏ ခွင့်ပြုချက်ရရှိရန် ကြန့်ကြာနေ၍ သော်လည်းကောင်း၊ အခြားအခြေ အနေတစ်ရပ်ရပ်ကြောင့် သော်လည်းကောင်း လုပ်ငန်းစတင် အကောင်ထည်ဖော်ရန် နှောင့်နှေးနေမှုများ ရှိနေသည်ဟု ဆိုသည်။ ထို့ကြောင့် ယင်းသို့ ဖြစ်ပွားနေရသည့် အကြောင်းအရင်းများကို စိစစ်ကြပ်မတ်ရန်နှင့် အမြန်ဆုံး အကောင် အထည်ဖော်နိုင်ရန် အတွက် အဓိက ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း MIC ၏ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ သတင်းထုတ်ပြန်ချက် အရသိရသည်။ စိစစ်ကြပ်မတ်ရေး အဖွဲ့အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ခွင့်ပြုပေးထားသော ကဏ္ဍအသီးသီးက လုပ်ငန်းများ အားလုံးကို တပြိုင်နက်တည်း စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း MIC တာဝန်ရှိသူများက ရှင်းပြသည်။ ဦးဌေးချွန် က “ဘယ်အဖွဲ့အစည်းတွေရဲ့ လိုင်စင်မရလို့လဲဆိုတာ ကြည့်ပြီးတော့မှ လုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင် ကူညီပေးမှာ ဖြစ်တယ်။ လိုအပ်ရင် ကျနော်တို့ကပေါင်းစပ် ညှိနှိုင်းပေးမှာ ဖြစ်တယ်” ဟု ပြောသည်။ The post ခွင့်ပြုမိန့် ရရှိထားပြီး အကောင်အထည်ဖော်ရန် ကြန့်ကြာနေသည့် လုပ်ငန်းများ စိစစ်တော့မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2DN0qSC
via IFTTT
Source : http://ift.tt/2DN0qSC
via IFTTT
ရေခဲတောင် အရည်ပျော်သွားမယ့် ရုရှားဟော်ကီမယ်များ ရုရှား အမျိုးသမီးဟော်ကီ အဖွဲ့ချုပ် (WHL) က ရုရှားနိုင်ငံရှိ ဟော်ကီအသင်း ၇ သင်းမှ အမျိုးသမီး ကစားသမား ၁၂ ဦး၏ ရုပ်ပုံများဖြင့် “ရေခဲများကို အရည်ပျော်စေခြင်း” အမည်ရှိ ပြက္ခဒိန်သစ် တစောင် ထုတ်ဝေလိုက်သည်။ အမျိုးသမီး ဟော်ကီ အဖွဲ့ချုပ် ၏ အတက်ကြွဆုံးနှင့် အအောင်မြင်ဆုံး အမျိုးသမီး ကစားသမားများ ပါဝင်ကိုယ်ဟန်ပြပြီး L’uomo Vogue, Harper’s Bazaar, Elle Russia နှင့် အခြားသော ဖက်ရှင် မဂ္ဂဇင်းများ၏ ထင်ရှားသော ရုရှား ဓာတ်ပုံဆရာ ပျိုတာတစ်တာရန်ကို (Pyotr Titarenko) က ရိုက်ကူးပေးခြင်း ဖြစ်သည်။ အန်နာ ပရူဂိုဗာ (Anna Prugova) အန်နာ ပရူဂိုဗာ (Anna Prugova) အန်နာ ပရူဂိုဗာ က အဂျီဒယ် အိတ်ချ်စီ (Agidel HC) ရေခဲပြင်ဟော်ကီအသင်း၏ ဂိုးသမားတဦး ဖြစ်သည်။ သူသည် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များတွင် ကြေးတံဆိပ်ရ ကမ္ဘာ့ချန်ပီယံအသင်းတွင် ပါဝင်ခဲ့သည်။ ထိုအသင်းသည် နှစ်နှစ်လုံးတွင် တတိယ နေရာလုပွဲတွင် ဖင်လန်အသင်းကို အနိုင်ရခဲ့သည်။ သူသည် သူ၏ ကလပ်အသင်းဟောင်း တော်နေဒိုအသင်း (မော်စကိုဒေသ) နှင့်လည်း IIHF ဥရောပ အမျိုးသမီး ချန်ပီယံဖလား ၄ ကြိမ်နှင့် အမျိုးသားချန်ပီယံ ၄ ကြိမ်ရဖူးသည်။ ၂၀၁၀ ခုနှစ်က အသက် ၁၆ နှစ်သာ ရှိသေးသောကြောင့် ဗန်ကူးဗား အိုလံပစ်တွင် အသက်အငယ်ဆုံး ရေခဲပြင်ဟော်ကီ ကစားသမားဖြစ်ခဲ့သည်။ ပရူဂိုဗာသည် အသက် ၁၁ နှစ်တွင် ဟော်ကီဂိုးသမား ဝတ်စုံနှင့် ကိရိယာများ လက်ဆောင်ရရှိရာမှ ဟော်ကီလောကသို့ စတင် ဝင်ရောက်ခဲ့သည်။ သူမ၏ ဇာတိမြို့ဖြစ်သော ခါဘာရော့ဗ်တွင် အမ်မာ အိတ်ချ်စီ အသင်း၏ ပွဲတပွဲကို ကြည့်ရာမှ ရေခဲပြင် ဟော်ကီကစားခြင်းကို နှစ်သက်စွဲလမ်းလာသည်။ ထိုအချိန်မှ စတင်ပြီး ရေခဲပြင် ဟော်ကီကစားလိုသော စိတ် ဆက်လက်ကြီးထွားလာကာ ဟော်ကီ ဂိုးသမား ဖြစ်လိုသော အိပ်မက်သည် ပြည့်ဝသွားခဲ့ပြီး အဆင့်မြင့်ပွဲများတွင် ဂိုးပိုက်ကို ဆယ်စုနှစ် တခုမျှ လုံခြုံအောင် စောင့်ကြပ်နိုင်ခဲ့သည်။ မာရီယာ ပက်ချ်နီကိုဗာ (Maria Pechnikova) မာရီယာ ပက်ချ်နီကိုဗာ (Maria Pechnikova) စပိန်နှင့် ဆလိုဗက်ကီးယားတို့ ပူးပေါင်းအိမ်ရှင် အဖြစ်ကျင်းပသော ၂၀၁၅ ခုနှစ် Winter Universiade တွင် အနိုင်ရသူ တဦး ဖြစ်သည်။ ပက်ချ်နီကိုဗာသည် ဥရောပ အမျိုးသမီး ချန်ပီယံ ဖလားတွင်လည်း ငွေတံဆိပ်ဆုရှင် ဖြစ်သည်။ သူ၏ ယခင်ကလပ်အသင်းဖြစ်သော SKIF တွင် ကစားစဉ်က အမျိုးသားအဆင့် ဆုများ ရရှိခဲ့ပြီး ငွေတံဆိပ် ၄ ခုရယူ နိုင်ခဲ့ကာ ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် အမျိုးသားချန်ပီယံဆု ၉ ကြိမ်ရထားသော တော်နေဒို အိတ်ချ်စီအသင်း၏ နောက်တွင် ရပ်တည်နေသည်။ ပက်ချ်နီကိုဗာသည် ရေခဲပြင်ဟော်ကီ မကစားမီ အခြား အားကစားများစွာ ကစားခဲ့သည်။ လှပမှု၊ ခွန်အားနှင့် အဖွဲ့အစည်းစိတ်ဓာတ် စသည်တို့ ပြည့်စုံရသည့် ဟော်ကီကစားနည်းကို နှစ်သက်သူ ဖြစ်သည်။ ငယ်စဉ်က ဖခင်ဖြစ်သူက ဟော်ကီရိုက်တန် တခုပေးပြီး “ရေခဲပြင်ဟော်ကီကစား၊ ဒါပေမယ့် အိမ်မှာ တော့ မကစားနဲ့” ဟု ပြောခဲ့သည်။ သို့သော် မာရီယာသည် သူမ၏ ရေခဲပြင်ဟော်ကီ ကျွမ်းကျင်မှု ပိုမိုကောင်းမွန်စေရန် သူမ၏ အခန်းအတွင်းရှိ ကောဇောပေါ်တွင် လေ့ကျင့်ခဲ့ပြီးနောက်မှသာ ရေခဲပြင်တွင် ကစားသည်။ သူမသည် သူမ၏ အနှစ်သက်ဆုံး ကစားနည်း ဖြစ်သည့် ရေခဲပြင်ဟော်ကီ ကစားခြင်းကို ဆက်လက်မြတ်နိုးနေဆဲဖြစ်သည်။ အော့ဆာနာ အဖိုနီနာ (Oksana Afonina) အော့ဆာနာ အဖိုနီနာ (Oksana Afonina) အော့ဆာ အဖိုနီနာသည် အသက် ၇ နှစ်အရွယ်တွင် ရေခဲပြင် ဟော်ကီ စတင်ကစားပြီး သူ၏ ဇာတိမြို့ဖြစ်သော ပါဘော်ရက်စ် ရှိ ယူရယ်လော့ချာ အိတ်စီ အသင်းတွင် ကစားခဲ့သည်။ ကစားသည့် သက်တမ်းအတွင်း အသင်းအမျိုးမျိုး ပြောင်းခဲ့ပြီး စပါတက်-မာကာရိုင်၊ ဖက်ကယ်၊ တော်ပီဒို အသင်းများတွင်လည်းကစားခဲ့ပြီး တော်ပီဒို အသင်းတွင် သူမ၏ တခုတည်းသော အမျိုးသားအဆင့် ဆုတံဆိပ်ကို ရရှိခဲ့သည်။ သူမသည် ရေခဲပြင်ဟော်ကီ ကစားခြင်းအပြင် ကမ္ဘာတွင် လူသိနည်းသော်လည်း ရုရှားနိုင်ငံ ယူရယ်လ် ဒေသတွင် လူကြိုက်များသည့် အားကစားနည်း တမျိုးဖြစ်သည့် ဘန်ဒီကစားနည်းကိုလည်းကစားသည်။ အိဗ်ဂျန်နီယာ ဒိုယူပီနာ (Evgeniya Dyupina) အိဗ်ဂျန်နီယာ ဒိုယူပီနာ (Evgeniya Dyupina) လက်ရှိ ဒီနာမို အက်စ်ပီဘီ အိတ်ချ်စီ (Dinamo-Spb HC) တွင် ကစားနေသူ ဖြစ်သည်။ ရုရှား အမျိုး သမီး အသင်း၏ အဖွဲ့ဝင်တဦး အနေဖြင့် ဂျူပီနာသည် Winter Universiades တွင် ၃ ကြိမ်ပြိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ငွေတံဆိပ်နှင့် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် ရွှေတံဆိပ်များရခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ရုရှား အငယ်တန်း အသင်း၏ ကစားသမား အနေဖြင့် အုပ်စု ၁ တွင် ယူ ၁၈ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သည်။ အိဗ်ဂျန်နီယာသည် ဟော်ကီမိသားစုတွင် မွေဖွားခဲ့သောကြောင့် ထိုကစားနည်းကို နှစ်သက်ခြင်း ဖြစ် သည်။ ဖခင်သည် ရေခဲပြင်ဟော်ကီ နည်းပြ ဖြစ်သည်။ ဖခင်ဖြစ်သူ၏ လေ့ကျင့်ကွင်းသို့ လိုက်သွား ရင်း အသက် ၇ နှစ် အရွယ်တွင် ရေခဲပြင် ဟော်ကီ စတင်ကစားခဲ့သည်။ ဒိုင်ယာနာ ကာနေဗာ (Diana Kanaeva) ဒိုင်ယာနာ ကာနေဗာ (Diana Kanaeva) သူမသည် ဒီနာမို အက်စ်ပီဘီ အိတ်ချ်စီ (Dinamo-Spb HC) တွင် ကစားနေသူ ဖြစ်သည်။၂၀၁၅ ခုနှစ် လူငယ် ကမ္ဘာ့ချန်ပီယံလုပွဲတွင် ကြေးတံဆိပ်ရထားသူဖြစ်သည်။ ကာနေဗာသည် လွန်ခဲ့သော ရာသီက ဒီနာမို အက်စ်ပီဘီ အိတ်ချ်စီ အသင်းအတွက် ကစားရင်း အမျိုးသား ချန်ပီယံလုပွဲတွင်လည်း ကြေးတံဆိပ်ရခဲ့သည်။ ငယ်စဉ်က စည်းချက်ညီ ဂျွမ်းဘားကစားခဲ့သော်လည်း နောက်ပိုင်းတွင် ရေခဲပြင်ဟော်ကီသို့ပြောင်း လဲကစားခဲ့သည်။ နာဒက်ဇာ မိုရိုဇိုဗာ (Nadezda Morozova ) နာဒက်ဇာ မိုရိုဇိုဗာ (Nadezda Morozova ) သူမသည် လက်ရှိ ဘာရုဆာ အိတ်ချ်စီ (Biryusa HC) အသင်းမှ ဖြစ်ပြီး၊ ၁၉၉၈ မှ ၂၀၀၄ အထိ ပစ်စ်ဘာ့ဂ် ပင်ဂွင်း အသင်းတွင် ကစားခဲ့သော အမျိုးသားအဆင့် ဟော်ကီသမားဟောင်း အလက်ဇီ မိုရိုဇော့ဗ် နှင့် ဝမ်းကွဲတော်စပ်သည်။ ရေခဲပြင် ဟော်ကီကစားခြင်းကို မိသားစုက သဘောမတူသဖြင့် ခွင့်ပြုချက်ရရန် ၃ နှစ်ခန့်မိသားစုကို ဖျောင်းဖျ ပြောဆိုခဲ့ရသည်။ မိုရိုဇိုဗာ၏ အားထုတ်မှုများသည် နောက်ဆုံံးတွင် ဆုလာဘ်များ ဖြစ်လာခဲ့သည်။ သူမသည် ရေခဲပြင် ကစားကွင်းတွင် အောင်မြင်မှု အချို့ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ် ကမ္ဘာ့ အငယ်တန်း ချန်ပီယံလုပွဲတွင် ကြေး တံဆိပ် ရခဲ့ပြီး ၂၀၁၅ နှင့် ၂၀၁၇ ခုနှစ်များက Winter Univesiades ပွဲများတွင်လည်း အနိုင်ရခဲ့ သည်။ တာတီယာနာ ရှာတာလိုဗာ(Tatiana Shatalova) တာတီယာနာ ရှာတာလိုဗာ(Tatiana Shatalova) သူမသည် လက်ရှိ ဘိုင်ရုဆာ အိတ်ချ်စီ (Biryusa HC) အသင်းမှ ဖြစ်သည်။ ၂၀၁၇ ခုနှစ် ကမ္ဘာ့ အငယ်တန်း ရေခဲပြင် ဟော်ကီ ချန်ပီယံလုပွဲတွင် ကြေးတံဆိပ်ဆုရခဲ့သည်။ သူမသည် မိသားစုနှင့် အတူနေထိုင်ရာ ဘယ်လာရပ်စ်နိုင်ငံ မင့်စ်ခ် မြို့ရှိ ရေခဲပြင် ဟော်ကီကစားကွင်းတွင် စတင်ကစားခဲ့ သည်။ ထိုစဉ်က အသက် ၅ နှစ်သာ ရှိသေးသောကြောင့် ကစားခွင့် ရရန် မိသားစုကို ပူဆာခဲ့ရ သော်လည်း သမီးဖြစ်သူကဲ့သို့ စိတ်အားထက်သန်မှုမရှိသော မိဘများက အပြင်းအထန် ငြင်းဆန် ကြသည်။ နောက်ပိုင်းတွင် ရှာတာလိုဗာသည် လက်ဝှေ့ကစားခဲ့သောကြောင့် မိဘများက ရေခဲပြင်ဟော်ကီသည် သမီးဖြစ်သူ အတွက် ပိုမို ကောင်းမွန်သည်ဟု ဆုံးဖြတ်ခဲ့သည်။ အနက်စ်တာဆီယာ ဆမာနိုဗာ (Anastasia Smirnova) အနက်စ်တာဆီယာ ဆမာနိုဗာ (Anastasia Smirnova) သူမက လက်ရှိ SKIF အသင်းမှ ဖြစ်သည်။ ယူရိုဖလားပွဲတွင် ရွှေနှင့်ငွေ တံဆိပ်များ ရခဲ့သူ မော်ဒယ်လ် ဟောင်း ဆမာနိုဗာ သည်ရေခဲပြင်ဟော်ကီ လောကသို့ အသက် ၁၉ နှစ်မှ ရောက်ရှိလာသဖြင့် အတန် ငယ် နောက်ကျသည်ဟု ဆိုရမည် ဖြစ်သည်။ ရေခဲပြင်ဟော်ကီ ကစားသမားဖြစ်လိုသော ညီမငယ် အတွက် သင့်တော်ခြင်း ရှိ/မရှိလေ့လာရန် ကစားကွင်းသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။ ရေခဲပြင် ဟော်ကီသည် အမျိုးသားများ အတွက် ကစားနည်းဖြစ်သည် ဟုသာ ဆမာနိုဗာ မူလက ထင်ခဲ့သည်။ သို့သော် ရေခဲပြင်ဟော်ကီ ကစားခြင်းကို လွန်စွာနှစ်ခြိုက်သွားပြီး ကျွမ်းကျင်သူဖြစ်လာသည်အထိ ကစားမည် ဟု ဆုံးဖြတ်လိုက်သည်။ ရေခဲပြင်ဟော်ကီလောကသို့ မရောက်မီ အလှမယ်ရွေးပွဲများနှင့် ဖက်ရှင်ပြပွဲများစွာတွင် ပါဝင်ခဲ့သူ ဆမာနိုဗာသည် အသက် ၂၀ အရွယ်တွင် ရေခဲပြင်ဟော်ကီအသင်းများနှင့် စတင် စာချုပ်ချုပ်နိုင်ခဲ့ပြီး ငွေအကြွေစေ့စုဆောင်းခြင်းနှင့် ဓာတ်ပုံရိုက်ခြင်း တို့ကိုလည်း ဝါသနာပါသည်။ တာတီယာနာ ရှချူးကီးနား (Tatiana Shchukina) တာတီယာနာ ရှချူးကီးနား (Tatiana Shchukina) ဆဗာ့ဒ်လိုဗက် ဒေသ အသင်း (Sverdlovsk Region Team) တွင် ကစားနေသူ၊ အမျိုးသားအဆင့် ချန်ပီယံအဆင့် ၃ ကြိမ် ရသူဖြစ်ပြီး ဇာတိ ပိုဒိုလက်ခ်တွင် အသက် ၁၃ နှစ်မှ စတင်ပြီး ရေခဲပြင် ဟော်ကီကစားသည်။ တနှစ်ခန့် ကစားပြီးနောက် ဂိုးသမား အဖြစ် ကစားခွင့်ပြုရန် နည်းပြထံ ခွင့်တောင်းပြီး ထိုမှစတင်ပြီး ထိုနေရာမှသာ ကစားခဲ့သည်။ သူမသည် ဥရောပ အလယ်ပိုင်း တောင်ပေါ်ဒေသများတွင် စကီးစီးလေ့ရှိပြီး စကီးစီးခြင်းကြောင့် စိတ်လှုပ်ရှားရခြင်းသည် ဟော်ကီဂိုးသမားများ ကစားကွင်းတွင် မရနိုင်သည့် ခံစားမှုကိုပေးသည်ဟု သူပြောသည်။ သူမသည် ရုရှား ဂန္ဓဝင်စာပေနှင့် နိုင်ငံတကာ ခေတ်ပြိုင်စာပေများ ဖတ်ရှုခြင်းကိုလည်း ဝါသနာပါသည်။ နီနာပီရိုဂိုဗာ (Nina Pirogova) နီနာပီရိုဂိုဗာ (Nina Pirogova) တော်နေးဒိုး အိတ်ချ်စီ (Tornado HC) တွင် ကစားနေသူ ပီရိုဂိုဗာသည် ၂၀၁၆ ခုနှစ် ကမ္ဘာ့ချန်ပီယံ လုပွဲတွင် ကြေးတံဆိပ် ရသူဖြစ်ပြီး ကမ္ဘာ့ အငယ်တန်းပြိုင်ပွဲများတွင်လည်း ကြေးတံဆိပ် ၂ ကြိမ်နှင့် အမျိုးသားအဆင့် ပွဲများတွင်လည်း ၂ ကြိမ် ဆုရဖူးသည်။ နီနာပီရိုဂိုဗာသည် ၂၀၁၇ ခုနှစ် ကမ္ဘာ့ အငယ်တန်းချန်ပီယံလုပွဲတွင် ရုရှားအသင်း၏ ခေါင်းဆောင် တာဝန်ယူခဲ့ပြီး ကွာတားဖိုင်နယ် ပွဲတွင် ချက်အသင်းနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ရာတွင် ပါဝင်ခဲ့သည်ကို လူသိများသည်။ ထိုပွဲအပြီးတွင် MMA ပွဲများကို ကြိုက်လာသည် ဟု ဆိုသော်လည်း သူမသည် ချက် အသင်းမှ ပြိုင်ဘက်များကို ထိုးကြိတ်ရန် မရည်ရွယ်ခဲ့ဘဲ သူမ၏ အသင်းမှ ဂိုးသမားကို ကာကွယ် ရန်သာ ရည်ရွယ်သည်ဟု ဆိုသည်။ အလဗ်တီနာ ရှာတာရိုဗာ (Alevtina Shtaryova) အလဗ်တီနာ ရှာတာရိုဗာ (Alevtina Shtaryova) တော်နေးဒိုး အိတ်ချ်စီ (Tornado HC) တွင် ကစားနေသူ ဖြစ်ပြီး ၂၀၁၅ ခုနှစ် ကမ္ဘာ့ အငယ်တန်း ချန်ပီယံလုပွဲတွင် ကြေးတံဆိပ်တခု၊ ၂၀၁၆ ခုနှစ် ကမ္ဘာ့ချန်ပီယံလုပွဲတွင် ကြေးတံဆိပ်တခုနှင့် Winter Universiade တွင်လည်း အနိုင်ရထားသည်။ ရှတာယိုဗာသည် အကိုဖြစ်သူ ဟော်ကီ ဘောလုံးနှင့် နှင်းလျှောစီးသည်ကို အသက် ၇ နှစ်အရွယ်တွင် တွေ့ခဲ့ပြီး ရေခဲပြင် ဟော်ကီကစားခြင်းကို စတင် စိတ်ဝင်စားခဲ့သည်။ ရေကူးခြင်းနှင့် အလှပြ နှင်းလျှောစီးခြင်း အပါအဝင် အားကစားနည်း အများအပြားကို ကစားခဲ့ပြီးနောက် ရေခဲပြင် ဟော်ကီ ကိုသာ အာရုံစိုက်ခဲ့သည်။ ရေခဲပြင်ဟော်ကီ ကစားခွင့်ရရန် အချိန်နှင့် အားထုတ်မှု အများအပြား ပြုလုပ်ခဲ့ရသည်။ ၆ လ ကြာမှ ငြင်းခုန်ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် ခွင့်ပြုချက်ရခဲ့သည်။ အန်နာ ရှိုခီနာ (Anna Shokhina) အန်နာ ရှိုခီနာ (Anna Shokhina) သူမသည် တော်နေးဒိုး အိတ်ချ်စီ (Tornado HC) မှပင် ဖြစ်ပြီး ၂၀၁၅ ခုနှစ် ကမ္ဘာ့အငယ်တန်း ချန်ပီယံလုပွဲတွင် ကြေးတံဆိပ်ရပြီး Winter Univesiade တွင် ဆု ၂ ကြိမ်ရထားသည်။ ၂၀၁၄ ခုနှစ် ဆိုချီ အိုလံပစ် ပွဲတွင် ပါဝင်ခဲ့သော်လည်း ရုရှားအမျိုးသမီး အသင်းသည် မည်သည့်ဆုမျှ မရခဲ့ဘဲ အဆင့် ၆ သာ ရခဲ့သည်။ သူမသည် WHL တွင် စိုးမိုးထားသော တော်နေးဒိုး အိတ်ချ်စီ အသင်း၏ အသင်းခေါင်းဆောင်ဖြစ်သည်ပြီး ၂၀၁၆/၂၀၁၇ တွင် အသင်းအတွက် ဂိုးအများဆုံး သွင်းခဲ့သည်။ The post ရေခဲတောင် အရည်ပျော်သွားမယ့် ရုရှားဟော်ကီမယ်များ appeared first on ဧရာဝတီ.
Source : http://ift.tt/2lDmRD4
via IFTTT
Source : http://ift.tt/2lDmRD4
via IFTTT
Subscribe to:
Posts (Atom)