"Samsung ရဲ့ရင်းနှိီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီး သတင်းအဟောင်းကိုပြန်ဖွနေတဲ့အတွက် ဒီစာကိုရေးပါတယ်" Samsung အုပ်စုရဲ့နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ ဆုံးဖြတ်တဲ့အခါမှာ မြန်မာနိုင်ငံကိုအရင်ဆုံးစဉ်စားပါတယ်။ စစ်အစိုးရလက်ထက်နဲ့ ဦးသိန်းစိန်အစိုးရလက်ထက်တွေမှာ အကြီးအကျယ်ရင်းနှီးမြုပ်နှံဖို့ကျိုးစားခဲ့ပါတယ် ရန်ကုန်အနီးက သီလဝါလိုနေရာမှာ ဘက်စုံသုံးစက်ရုံဆောက်ပြီး ကုန်ထုတ်လုပ်ဖို့ကျိုးစားခဲ့ပါတယ်။ အများပြည်သူသိပြီးသားကိစ္စပါ ၂၀၁၃ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ နောက်ဆုံး ညှိနှိုင်းမှုလုပ်ဆောင်ရာမှာ ဆမ်ဆောင်းရဲ့တောင်းဆိုမှုတွေဖြစ်တဲ့ ရေ၊မီး(စွမ်းအင်)တွေကို ဦးသိန်းစိန်အစိုးရက ဖြည့်ဆည်းမပေးနိုင်လို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု(FDA) တခုလက်လွှတ်ဆုံးရှုံးရပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာနစ်နာခဲ့ရပါတယ်။ ဆမ်ဆောင်းအုပ်စုအနေနဲ့လည်း မြန်မာပြည်အစား ဗီယက်နမ်ကို ရွေးချယ်သွားခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်ကဖြစ်ခဲ့တဲ့ ဒီသတင်းအဟောင်းကြီးကိုပဲ NLD အစိုးရလက်ထက် မနေ့တနေ့ကမှ ဖြစ်ခဲလေသရောင်မျိုးနဲ့ The Voice Journal က The Korea Times သတင်းဂျာနယ်ပါဆောင်းပါးကို မူရင်းအတိုင်းပြန်ဆိုရေးသားချင်းမပြုပဲ သူတို့ပေးချင်တဲ့ massage မျိုးဖြစ်အောင် လိုအပ်သလိုတည်းဖြတ်ပြီး စေတနာဆိုးနဲ့ ဖေါ်ပြခဲ့ပါတယ်၊ သတင်းမီဒီယာတွေရဲ့ လက်ရှိအစိုးရအပေါ် မလိုတမာစိတ်တွေနဲ့ လုပ်ဆောင်နေကျတာဟာ သတင်းစာကျင့်ဝတ်တွေနဲ့ ညီသလား၊ ပြည်သူအများ အားကိုးထိုက်တဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်ရဲ့လားဆိုတာ ဝေဖန်သုံးသပ်ကြဖို့လိုနေပါပြီ၊ အမှန်တော့ဒ ဒီလုပ်ရပ်တွေဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အထောက်အကူမဖြစ်တဲ့အပြင် စစ်အာဏာရှင်စနစ်ဆိုးကိုသက်ဆိုးရှည်အောင် ကျားကန်ပေးရာရောက်စေပါတယ်။ Samsung သတင်းနဲ့ ပတ်သက်ပြီး Samsung က The Korea Times ကို ဖြေကြားရမှာ သူတို့အနေနဲ့ မြန်မာကိုလာဖို့ လေ့လာမှုတွေ ၂၀၁၃ မှာလုပ်ခဲ့ပြီး စက်ရုံဆောက်ဖို့ စဉ်းစားခဲ့တယ် အဲဒီနှစ်မှာဘဲ မလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီနောက်ပိုင်း မြန်မာကို ပြန်လာဖို့ ဘယ်တုံးကမှ မစဉ်းစား ဖြစ်ဘူးလို့ စာနဲ့ ပြန်ကြားထားတဲ့ အကြောင်း ပြတ်ပြတ်သားသား ရေးထားပါတယ်။ The Voice Journal ဆောင်းပါးရှင် က အဲဒီအချက်ကို ထည့်မရေးခဲ့ပဲ တမင်ကလာချန်လှပ်ထားခဲ့ပါတယ်။ ဘာကြောင့် ချန်လှပ်ထားခဲ့ရသလဲဆိုရင် အရင်ကဖြစ်ခဲ့တာကို မနေ့တနေ့ကမှ ဖြစ်သရောင် စာဖတ်သူတွေကိုအထင်ရောက်စေလိုလို့ပဲဖြစ်ပါတယ် အဲ့ဒီတော့ သူတို့ရဲ့လုပ်ရပ်ဟာ ပြည်သူ့အစိုးရအပေါ်မှာ သဘောထားမှန် မမှန်လူကြီးမင်းတို့ဖာသာဆုံးဖြတ်စေချင်ပါတယ်ခင်ဗျာ ... =========================== မူရင်းဆောင်းပါးနဲ့ ကိုဖေါ်ပြထားပါတယ် By Kim Jae-kyoung Samsung Electronics has scrapped its plans to build a production base for smartphones or home appliances in Myanmar due to an unfavorable administrative environment as well as lingering political uncertainties. The world’s leading smartphone manufacturer, which has three production facilities in Vietnam, has been considering building another plant in Myanmar to capitalize on the country’s cheap labor and rising opportunities in Southeast Asia. Samsung has “made a final decision” not to build a manufacturing plant in Myanmar after a recent visit to the Southeast Asian country, sources said. It has been reviewing the investment as the Myanmar government continued to ask the firm to build production facilities there over the past few years, they said. Samsung Electronics currently has one marketing branch in the country's capital, Yangon, which is operated under Thai Samsung Electronics. “Recently, a small group of Samsung officials, including a ranking executive from the head office, visited Myanmar and had a meeting with Myanmar officials,” said a Myanmar-based source with direct knowledge about the matter. “After the meeting, Samsung decided not to make any investment as the Myanmar government demanded that Samsung construct power plants and roads (at the company’s own expense) that are essential to build and operate a factory,” he added. In January 2013, the Korean electronics giant won approval from the Myanmar government to build a factory near Yangon. However, the investment plan has been deferred as the Myanmar government and Samsung have failed to iron out differences on key issues, such as land area, investment incentives and power supply. Another source familiar with the matter who regularly visits Myanmar confirmed the cancellation of the investment, saying there are a couple of additional factors that discouraged Samsung from making the investment _ political uncertainty and decentralization. “People expect that once Aung San Suu Kyi became the leader, there would be many positive changes on the economic front but so far little has changed,” he said. “Also, the county’s move toward decentralization, driven by conflicts arising from many ethnic groups and different languages, are raising concerns that it will make the government’s decision-making process more complicated and inefficient.” Samsung denied that it has recently considered investment in Myanmar. In a written answer to The Korea Times, a company spokesman said, “In 2013, we considered building production lines for TVs in Myanmar but dropped the plan in the same year due to a lack of infrastructure, such as power and (industrial) water.” “We have never reviewed it again since then.” Samsung has been aggressively looking for a new manufacturing hub in underdeveloped areas, including Southeast Asia, in a bid to respond to rising labor costs in China and Vietnam and to develop new markets. The company has three manufacturing plants in Vietnam _ two for mobile phones in Hanoi and one for TVs and home appliances in Ho Chi Minh City. Myanmar is emerging as one of the most attractive investment destinations thanks to low labor costs and robust economic growth. With a population of 53.68 million, the country saw its gross domestic product grow 7 percent in 2017, the fastest expansion among 10 ASEAN member states.
Source : http://ift.tt/2t8eu8M
via IFTTT
Thursday, March 1, 2018
ဖွေးဖွေးကို ပြည့်တန်ဆာ ဇာတ်ရုပ်နဲ့ မြင်တွေ့ရမယ့် “ရွှေကြာ” ရုပ်ရှင် မကြာမီ ရုံတင်မည် စာရေးဆရာမ ပုညခင်ရဲ့ “အရှေ့တံခါးအဝင်” ဝတ္ထုကို ဒါရိုက်တာဝိုင်းမှ ရုပ်ရှင်အဖြစ် ပြန်လည် ပုံဖော် ရိုက်ကူးထားတဲ့ “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားမှာ ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် ဖွေးဖွေးကို ပြည့်တန်ဆာ ဇာတ်ရုပ်နဲ့ မြင်တွေ့ရဦးမှာပါ။ “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကို မတ်လ ၁၆ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပြီး အဲဒီဇာတ်ကားမှာ ထပ်ဆင့် အကယ်ဒမီ ဖွေးဖွေး၊ အလင်းရောင်၊ သင်ဇာဝင့်ကျော်တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ “ပြည့်တန်ဆာများသည်လည်း တစ်ချိန်က… ဖြူစင်အပြစ်ကင်းသော ကလေးသူငယ်များ ဖြစ်ခဲ့ကြပါသည်” ဆိုတဲ့ အဲဒီဇာတ်ကားမှာ ဖွေးဖွေးက ပြည့်တန်ဆာ တဦးအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ “ရွှေကြာ” ရုပ်ရှင်ဇာတ်ကား Official Trailer ကို ယနေ့၊ မတ်လ ၁ ရက်နေ့မှာ “ရွှေကြာ” Facebook စာမျက်နှာကနေ တင်ပေးခဲ့တာဖြစ်ပြီး ကြည့်ရှုသူပေါင်း ၅ သိန်းကျော်၊ Share လုပ်ထားသူပေါင်း ၉ သောင်းကျော် ရှိတာ တွေ့ရပါတယ်။ ဖွေးဖွေးအနေနဲ့ ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ “လက်ပံ” ရုပ်ရှင်ဇာတ်ကားဖြင့် ၂၀၁၂ ခုနှစ်မှာ တကြိမ်၊ “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားဖြင့်၂၀၁၅ ခုနှစ်မှာ တကြိမ်၊ စုစုပေါင်း နှစ်ကြိမ် “အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု” တို့ကို ရရှိခဲ့ပြီး “ရွှေကြာ” ရုပ်ရှင်မှာလည်း အကောင်းဆုံး သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကို ငွေသော်တာ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး အဲဒီဇာတ်ကားမှာ အဆိုတော် ဖြူဖြူကျော်သိန်းကလည်း ဇာတ်ဝင် သီချင်းတပုဒ် သီဆိုထားတာ တွေ့ရပါတယ်။ “ကျမတို့ကို လူရာ မသွင်းချင်ရင်တောင်၊ အသက်ရှိတဲ့ လူသားတယောက်အဖြစ် အသိအမှတ်ပြုပေးရင် ကျမ ကျေနပ်ပါပြီ” ဆိုတဲ့ သရုပ်ဆောင် ဖွေးဖွေးရဲ့ “ရွှေကြာ”ဇာတ်ရုပ်ကို ပရိသတ်တွေ မကြာခင် ကြည့်ရှုရတော့မယ်လို့ သတင်းပါး လိုက်ပါတယ်။ The post ဖွေးဖွေးကို ပြည့်တန်ဆာ ဇာတ်ရုပ်နဲ့ မြင်တွေ့ရမယ့် “ရွှေကြာ” ရုပ်ရှင် မကြာမီ ရုံတင်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2FGCwdR
via IFTTT
Source : http://ift.tt/2FGCwdR
via IFTTT
ဖြစ်ရပ်မှန်ရုပ်ရှင်မှာ အတူတွဲ သရုပ်ဆောင်မယ့် မင်းသား ဘရက်ပစ်နဲ့ လီယိုနာဒို ကမ္ဘာကျော် ဟောလိဝုဒ် ရွှေကြယ်ပွင့်တွေဖြစ်တဲ့ မင်းသား Brad Pitt (ဘရက်ပစ်) နဲ့ Leonardo DiCaprio (လီယိုနာဒို ဒီကာပရီယို) တို့ဟာ ဒါရိုက်တာ Quentin Tarantino ရိုက်ကူးမယ့် “Once Upon A Time In Hollywood” ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ကြတော့မယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ Deadline မီဒီယာရဲ့ အဆိုအရ ကာလကြာရှည် ကောလာဟလ ထွက်ခဲ့တဲ့ အဲဒီရုပ်ရှင်မှာ အော်စကာဆုရှင် မင်းသား လီယိုနာဒိုက ပါဝင်မယ်လို့ အတည်ပြုထားတာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ရုပ်ရှင်နာမည်နဲ့ ဇာတ်လမ်း အကျဉ်းကိုလည်း တရားဝင် ထုတ်ပြန်ထားခဲ့ပြီလို့ ဆိုပါတယ်။ မင်းသား လီယိုနာဒိုဟာ အနောက်တိုင်း ရုပ်သံဇာတ်လမ်းတွဲ သရုပ်ဆောင်ဟောင်း Rick Dalton အဖြစ်နဲ့ မင်းသား ဘရက်ပစ်ကတော့ Dalton ရဲ့ ကာလရှည်လက်တွဲခဲ့တဲ့ စတန့်သမား Cliff Booth အဖြစ် ပါဝင်မှာဖြစ်ပါတယ်။ သူတို့ နှစ်ယောက်လုံးဟာ အသိအမှတ် မပြုခံရတဲ့ ဟောလိဝုဒ်မှာ ရုန်းကန်ခဲ့ကြရပေမယ့် Rick ကတော့ နာမည်ကျော် မင်းသမီး Sharon Tate နဲ့ အိမ်နီးချင်းဖြစ်ပါတယ်။ ဒါရိုက်တာကြီး Tarantino ဟာ ကာလရှည်စောင့်စားခဲ့ရတဲ့ ရုပ်ရှင်အတွက် Weinstein ကုမ္ပဏီနဲ့ အလုပ်အတူ တွဲလုပ်ခဲ့တာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ ထုတ်လုပ်ရေးမှူး Harvey Weinstein အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စွပ်စွဲချက်တွေ ထွက်ပေါ်ပြီးတဲ့နောက် ကုမ္ပဏီနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ပါတယ်။ Sony က အဲဒီရုပ်ရှင်ကို ထောက်ပံ့ကူညီပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ဒါရိုက်တာ Tarantino က “ကျနော် ဒီဇာတ်ညွှန်း အတွက် ၅ နှစ်လောက် အလုပ်လုပ် နေခဲ့ပြီးတော့ ကျနော် ၇ နှစ်သားအရွယ်၊ ၁၉၆၉ ခုနှစ် အပါအဝင် ကျနော့်ဘဝရဲ့ အချိန်တော်တော်များများကို လော့စ်အင်ဂျလိစ် (Los Angeles) ကောင်တီမှာ နေထိုင်ခဲ့ပါတယ်။ LA နဲ့ ဟောလိဝုဒ်ရဲ့ ဒီဇာတ်လမ်းလေးကို ပြောပြဖို့ အရမ်း စိတ်လှုပ်ရှားနေပါတယ်။ ပြီးတော့ Rick နဲ့ Cliff အဖြစ် DiCaprio နဲ့ Pitt ကို အတူတွဲပြီးတွေ့ရမယ် ဆိုတော့ ပိုပြီးတော့ ပျော်ရွှင်မိပါတယ်” လို့ Deadline မီဒီယာကို ပြောပါတယ်။ အဲဒီရုပ်ရှင်ကို အခြေခံထားတဲ့ Labianca မိသားစုအပေါ် Manson အဖွဲ့ရဲ့ သတ်ဖြတ်မှု နှစ် ၅၀ ပြည့် နှစ်ပတ်လည်နေ့ ဖြစ်တဲ့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။ မင်းသား ဘရက်ပစ်နဲ့ လီယိုနာဒိုတို့ဟာ အရင်တုန်းကလည်း ဒါရိုက်တာကြီး Tarantino နဲ့အတူ ရုပ်ရှင်တွေ လက်တွဲရိုက်ကူးဖူးပါတယ်။ ဘရက်ပစ်ဟာ ၂၀၀၉ ခုနှစ်မှာ “Inglourious Basterds” ရုပ်ရှင်နဲ့ လီယိုနာဒိုဟာ ၂၀၁၂ ခုနှစ်မှာ “Django Unchained” ရုပ်ရှင်တို့မှာ ဒါရိုက်တာကြီးနဲ့အတူ လက်တွဲလုပ်ကိုင်ဖူးတာ ဖြစ်ပါတယ်။ ဒါရိုက်တာကြီး Martin Scorsese ရဲ့ The Audition အမည်ရှိတဲ့ ဇာတ်လမ်းတိုမှာ အတူတွဲ သရုပ်ဆောင်ဖူးတာကလွဲလို့ ရုပ်ရှင်တခုမှာ မင်းသားနှစ်ဦး အတူတွဲ ရိုက်ကူးတာ ဒါပထမဆုံးဖြစ်ပါတယ်။ Ref : contactmusic The post ဖြစ်ရပ်မှန်ရုပ်ရှင်မှာ အတူတွဲ သရုပ်ဆောင်မယ့် မင်းသား ဘရက်ပစ်နဲ့ လီယိုနာဒို appeared first on ဧရာဝတီ.
Source : http://ift.tt/2F3gmp1
via IFTTT
Source : http://ift.tt/2F3gmp1
via IFTTT
အတိုက်အခံပါတီဌာနချုပ်ကို သိမ်းပိုက်ရန် ကမ္ဘောဒီးယားတရားရုံးက အမိန့်ချ
အတိုက်အခံပါတီဌာနချုပ်ကို သိမ်းပိုက်ရန် ကမ္ဘောဒီးယားတရားရုံး အမိန့်ချ ကမ္ဘောဒီးယားတရားရုံးတရုံးက ယခင်အတိုက်အခံဟောင်းများ၏ ပါတီဌာနချုပ်များကို ဖမ်းဆီးသိမ်း ပိုက်ရန် အမိန့်ချမှတ် လိုက်သည်။ ဝန်ကြီးချုပ်ဟွန်ဆန်နှင့် အာဏာရပါတီ၏ အခြားခေါင်းဆောင်တဦးတို့အပေါ် အသရေဖျက်မှုဖြင့် လျော်ကြေးဒေါ်လာ ၁ သန်းပေးအပ်ရန် တရားရုံးစီရင်ချက်ကို ကမ္ဘောဒီးယားအမျိုးသား ကယ်တင် ရေး ပါတီ၏ခေါင်းဆောင်ဟောင်း ဆမ်ရိန်းဆီက ပျက်ကွက်ခဲ့သဖြင့် ၎င်းပါတီဌာနချုပ်ကို ထိုသို့ အရေးယူရန် မြို့တော် ဖနွမ်ပင် စည်ပင်တရားရုံးက အင်္ဂ ါနေ့ အမိန့်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း ဟွန်ဆန်၏ရှေ့နေက ပြောသည်။ ယင်းဌာနချုပ်များသည် ဝန်ကြီးချုပ်ဟွန်ဆန်အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှုတွင်ပါဝင်ပတ်သက်မှု စီရင်ချက်ချအပြီး ယမန် နှစ်နိုဝင်ဘာလက ဖျက်သိမ်းခံခဲ့ရသည်။ ယင်းအမှုကို ဟွန်ဆန်အစိုးရနှင့် ၎င်း၏ကမ္ဘောဒီးယားပြည်သူ့ပါတီတို့က လာမည့်ဇူလိုင်လ ရွေး ကောက်ပွဲတွင် အတိုက် အခံနိုင်ငံရေးသမားများကို နှုတ်ဆိတ်စေရန် ဦးတည်လျက် ပြင်းထန်သော တွန်းအားပေးမှု၏ တစိတ်တပိုင်းအဖြစ် ရှုမြင် သုံးသပ်ကြသည်။ ကမ္ဘောဒီးယား တရားစီရင်ရေးစနစ်မှာ အစိုးရမျက်နှာပေးမှုအပေါ်မူတည်လျက် နိုင်ငံရေး အနေ အထားနှင့် ပုံမှန်ဥပဒေစိုးမိုး ရေးတို့ဘက်သို့ စောင်းပေးလျက်ရှိသည်။ ၂၀၁၅ ခုနှစ်က သီးခြားအသရေဖျက်မှုတခုဖြင့် ထောင်ဒဏ်စီရင်ခံရသည့်အတွက် ပြည်ပသို့ တိမ်းရှောင်ခဲ့သူ ဆမ်ရိန်းဆီ သည် ပြီးခဲ့သည့်ဒီဇင်ဘာလက ဖေ့စ်ဘုတ်လူမှုမီဒီယာပေါ်တွင် ဟွန်ဆန်ကို စွပ်စွဲအပြစ်တင်ရေးသားသဖြင့် လျော်ကြေး ဒေါ်လာ ၁ သန်းပေးဆောင်ရန် အမိန့်ချခံရခြင်းဖြစ်သည်။ အကယ်၍ ရုံးတော်က ချမှတ်သည့်အတိုင်း ဟွန်ဆန်ကို ဒေါ်လာ ၁ သန်းနှင့် ဟန်ဆမ်ရင်ကို ဒေါ်လာ ၆၂၅၀၀ ပေးအပ်ပါ က ၎င်းပိုင်ဆိုင်သည့်ဌာနချုပ်အဆောက်အဦကို ပြန်ပေးမည်ဟု ဟွန်ဆန်နှင့်အမျိုးသား ညီလာခံဥက္ကဋ္ဌ ဟန်ဆမ်ရင်တို့၏ ရှေ့နေဖြစ်သူ ကီတက်က ပြောသည်။ အခြားရာဇဝတ်မှုများတွင်လည်း စစ်ဆေးဆဲ(သို့မဟုတ်)ဆိုင်းငံ့ဆဲဖြစ်သူ ဆမ်ရိန်းဆီ သည် အစိုးရကို ဒဏ်ကြေး ဒေါ်လာ ၂၅၀၀ ပေးဆောင်ရန်လည်း အမိန့်ချခံထားရသည်။ The post အတိုက်အခံပါတီဌာနချုပ်ကို သိမ်းပိုက်ရန် ကမ္ဘောဒီးယားတရားရုံး အမိန့်ချ appeared first on ဧရာဝတီ.
Source : http://ift.tt/2oFhKmE
via IFTTT
Source : http://ift.tt/2oFhKmE
via IFTTT
တတိယအကြိမ် ၂၁ ပင်လုံညီလာခံ မေလဆန်းတွင် ကျင်းပနိုင်ရေး အစိုးရ မျှော်လင့် ရှမ်းနှင့် ရခိုင်ပြည်နယ်တို့တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် မသေချာ သေးသော်လည်း ၂၀၁၈ ခုနှစ်၊ မေလ ဆန်းပိုင်းတွင် တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) ကို ကျင်းပနိုင်ရန် အစိုးရက မျှော်လင့်နေကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က နေပြည်တော်ရှိ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဗဟို ဌာနတွင် ၇ ကြိမ်မြောက် တနိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) တွင် အထက်ပါ အတိုင်း သဘောတူခဲ့ ခြင်းဖြစ် ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။ “ဒီနေ့ အစည်းအဝေးမှာ အဓိက အရေးအကြီးဆုံးကတော့ ငြိမ်းချမ်းရေး ညီလာခံ တတိယ အစည်း အဝေးကို ဧပြီလကုန် မေလဆန်းမှာ ကျင်းပဖို့ လျာထားဆုံးဖြတ်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကျပါ တယ်”ဟု အစည်းအဝေးအပြီးတွင် ဦးဇော်ဌေးက သတင်းထောက်များကို ပြော သည်။ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး မသေချာဘဲ နှစ်ဘက် သဘော တူညီချက်များ အပြီးမသတ်နိုင်သေး၍ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု) ပင်လုံ၏ နိုင်ငံရေး ဆွေးနွေးမှုများအပေါ် ထိခိုက်မှုများ ရှိလာနိုင် ကြောင်း အပစ်ရပ်အဖွဲ့များက ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက သုံးသပ်မှုများလည်း ရှိသည်။ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည် အမျိုးသားတပ်မတော် (RCSS/SSA) နှင့် ရခိုင် ပြည် လွတ်မြောက်ရေး ပါတီ(ALP)တို့ ၏ ဒေသများတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးမှာ ရှမ်းပြည်နယ်တွင် ကျင်းပခွင့် ရပြီးသော်လည်း အကြို ဆွေးနွေးပွဲများကြောင့် ရပ်ဆိုင်းသွားခဲ့ရသလို ရခိုင်ပြည်နယ်တွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် ကျင်းပခွင့်ပင် မရရှိ သေး ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ “ကျနော်တို့ RCSS ကို လင်းခေးမြို့မှာ အောင်မြင်စွာ ကျင်းပနိုင်ရေးနဲ့ပတ်သက်ပြီးတော့ အစိုးရဘက် က ညှိနှိုင်းချက်တွေပေးထားတယ်။ RCSS ကလည်း အစိုးရဘက်က ကမ်းလှမ်းချက်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောထားပေး ပါတယ်။ အဲတော့ RCSS က ပြန်ရောက်သွားရင် သူ့အကြီးအကဲတွေကို ပြန်တင်ပြီး အစိုးရ ဘက်ကပေးတဲ့ အကြံပြု ချက်ထဲကနေ သူတို့ ကြိုက်တဲ့ အကြံပြုချက်နဲ့ ဒီလင်းခေးကို အောင်မြင်စွာကျင်းပနိုင်လိမ့်မယ်လို့ ကျနော်တို့က မျှော်မှန်းထားပါတယ်”ဟု ညွှန်ချုပ် ဦးဇော်ဌေး က ပြောသည်။ ထို့ပြင် ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ မကျင်းပနိုင်ရခြင်းမှာ လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေးနှင့် လုံခြုံ ရေး အခြေအနေများအရ ထိလွယ်ရှလွယ်သည့် အနေအထား ဖြစ်နေကြောင်း၊ သို့သော် ဆွေးနွေးပွဲများကို အဖြစ်နိုင်ဆုံး ပြုလုပ်သွားရန် သဘောတူညီမှု ရရှိခဲ့ပြီး ALP ကလည်း နားလည်မှု ရှိကြောင်း အစိုးရဘက်မှ သိရသည်။ “မကြာသေးခင်ကပဲ မြောက်ဦးဖြစ်စဉ် ဖြစ်တယ်။ စစ်တွေမှာ ဗုံးကွဲမှုတွေ ဖြစ်တယ်။ ဒီလိုမျိုး ဖြစ်နေတဲ့ အနေအထားမှာ ဒီလူမျိုးအလိုက် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို လည်း အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်က ရှင်းပြတယ်။ အစိုးရက နိုင်ငံ တကာ မျက်နှာစာမှာ ဆောင် ရွက်နေရတဲ့ အခြေအနေတွေ၊ အလားအလာတွေကို အကျယ်တဝင့် ရှင်းပြတယ်။ နောက် ALP က သူတို့ ဒါကို နားလည်မှုရှိတယ်”ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။ ၂၁ ရာစု ပင်လုံ ညီလာခံကို နေပြည်တော်တွင် ၂ ကြိမ်တိုင်တိုင် ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စု သဘော တူညီမှု စာချုပ်၏ အစိတ်အပိုင်း ဖြစ်မည့် အချက် ၃၂ ချက်ကို အတည်ပြုနိုင်ခဲ့ပြီး ဖြစ်သည်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးလိုက်သည့် အဖွဲ့သစ် ၂ ခု ဖြစ်သော မွန်ပြည် သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့ကို UPDJC အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခဲ့ပြီး လက်နက်ကိုင် တပ်ဖွဲ့ ရှိသည့် မွန်ပြည်သစ်ပါတီကို JICM အဖွဲ့ ဝင်အဖြစ်ပါ အစိုးရက အသိအမှတ်ပြုခဲ့သည်။ ယင်း ၂ ဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ လက်မှတ် ရေးထိုးခဲ့သည့် သဘောတူညီချက် ၉ ချက်ကိုလည်း JICM အစည်းအဝေးက မှတ်တမ်းတင်အတည်ပြုသလို NCA လက်မှတ်ရေးထိုးသည့် ကိစ္စကိုလည်း JICM က ထပ်လောင်း အတည်ပြုခဲ့ကြောင်း သတင်းရရှိ သည်။ ဆက်စပ်ဖတ်ရှု့ရန် – ရခိုင် နှင့် ရှမ်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပနိုင်ပါက ၂၁ ပင်လုံ ထိခိုက်နိုင်ဟု ဆို The post တတိယအကြိမ် ၂၁ ပင်လုံညီလာခံ မေလဆန်းတွင် ကျင်းပနိုင်ရေး အစိုးရ မျှော်လင့် appeared first on ဧရာဝတီ.
Source : http://ift.tt/2F2qASA
via IFTTT
Source : http://ift.tt/2F2qASA
via IFTTT
ပြည်သူ့ဘဏ္ဍာအသုံးပြုပြီး ဂျာနယ်ထုတ်သည့် ချင်းအစိုးရ ဒေသခံ မီဒီယာများကန့်ကွက် ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူ့ဘဏ္ဍာ အသုံးပြုပြီး တောင်ဇလပ်တိုင်း(မ်)ဂျာနယ်အား ထုတ်ဝေသည့် ချင်းမီဒီယာများအနေဖြင့် အပြင်းအထန်ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်သည်။ ယင်းထုတ်ပြန်ချက်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့၌ ချင်းဒေသခံ မီဒီယာ ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ချင်းမီဒီယာကွန်ရက် မှ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ထုတ်ပြန်ချက်၌ သတင်းမီဒီယာ စာနယ်ဇင်းလုပ်ငန်းသည် အစိုးရတရပ်၏ လုပ်ငန်းမဟုတ်သကဲ့သို့ ယခုလက်ရှိ နိုင်ငံ တော် ဘဏ္ဍာငွေသုံးပြီး အစိုးရမှ ထုတ်ဝေသည့် မြန်မာ့အလင်းနှင့် ကြေးမုံကဲ့သို့ သော သတင်းစာများပင်လျှင် မရှိသင့် တော့ဟု လွတ်လပ်သော သတင်းမီဒီယာများက ထောက်ပြဝေ ဖန်နေသည့်ကြားတွင် ယခုကဲ့သို့ ချင်းပြည်နယ်အစိုးရမှ ပြည်သူ့ဘဏ္ဍာအသုံးပြုပြီး ဂျာနယ် ထုတ်ဝေ လာသည့်အပေါ် ချင်းမီဒီယာများအနေဖြင့် အပြင်းအထန်ကန့်ကွက်သည်ဟု ပါရှိသည်။ ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုင်ဇက်ခင်က “ ပြည်သူလူထုက သတင်း အချက်အ လက်တွေ ပြည့်ပြည့်စုံစုံ သိနိုင်ဖို့ လိုအပ်လို့ ဂျာနယ်ထုတ်ဝေတာပါ။ ကျနော်တို့ ထုတ်တာက အစိုးရဝါဒဖြန့်ဖို့ ဟုတ်မဟုတ် ကို ဖတ်ကြည့်ပါ။ လူထုကို အကျိုးပြုမပြု စောင့်ကြည့်ကြ ပါ။ လူထုကသတင်းတွေက ပြည့်ပြည့်စုံစုံရလာနိုင်ပြီဆိုရင် ဆက် ထုတ်ဖို့ မလိုအပ်ပါဘူး။ ဒါက ဒေသခံမီဒီယာတွေကို အသိအမှတ်မပြုတာမဟုတ်ပါဘူး။ ကျနော်တို့ ပြည်နယ်တခုလုံး လွှမ်းခြုံတဲ့ မီဒီယာ လိုအပ်နေတာပါ” ဟု ပြောသည်။ ချင်းပြည်နယ်အစိုးရအနေဖြင့် သတင်းရယူခွင့် ပိတ်ပင်ထားမှုမရှိသည့်အပြင် အစိုးရလုပ်ဆောင် ပြောဆိုချက်များ အပေါ် ဖြတ်ညှပ်ကပ်ပုံစံ ပြည့်စုံမှုမရှိသည့် သတင်းအချက်အလက်များကြောင့် လူထုအတွက်ထိခိုက်မှုမရှိစေရေးအတွက် ပြည့်စုံ သည့်သတင်းများ လူထုပိုမိုရရှိရေးကို ရည်ရွယ် ထုတ်ဝေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်ဇလပ်တိုင်း(မ်)ကို ထုတ်ဝေရခြင်းမှာ လမ်းပန်ဆက်သွယ် ရေး ခက်ခဲခြင်းကြောင့် မီဒီယာများ မလာရောက်နိုင်ခြင်း၊ မိုးတွင်းကာလတွင် လမ်းတံတားများ ပျက်စီးမှုကို လူထုသိရှိနိုင်ရေး၊ လွှတ်တော်နှင့် အစိုး ရ အစည်းအဝေးများ လုပ်ဆောင်နေသည့် အခြေ အနေများ၊ ချင်းလူထုသည် Facebook သာ ကြည့်ရှုပြီး သတင်းစာ ဖတ်ရှုမှု အားနည်းနေခြင်းကို မြှင့်တင်နိုင်ရေး စသည့် အခြေအနေများကြောင့် ဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ပြောသည်။ “ကျနော်တို့က တောင်ဇလပ်တိုင်း(မ်)ဆိုပြီးတော့ အစိုးရ ဂျာနယ်တခု အနေနဲ့ စမ်းကြည့်တာ ဖြစ် တယ်။ ကျနော်တို့ လုပ် ငန်းတွေကို ပြည်သူတွေသိအောင် ဒါလေးနဲ့ ပြည်သူ ကို ကျနော်တို့ လုပ် ဆောင်နေတာသိအောင် အသိပေးတဲ့ သဘော မျိုးနဲ့ ကြိုးစားပြီးတော့ ကျနော်တို့ လုပ်တာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။ မီဒီယာ ၁၃ဖွဲ့ ပါဝင်သော ချင်းမီဒီယာကွန်ယက်ဖြင့် ချင်းပြည်နယ်အစိုးရအနေဖြင့် ယခုကဲ့သို့ ဂျာနယ် ထုတ်ဝေခြင်းထက် မီဒီယာ သမားများ သတင်းအချက်အလက် (Information) များကို အချိန်နှင့် တပြေးညီ လွယ်ကူစွာရရှိနိုင်ရေးနှင့် သတင်း မီဒီယာ လွတ်လပ်ခွင့်ကို ပိုမိုဖန်တီးပေးရမည်ဖြစ် ကြောင်း အလားတူ အစိုးရအနေဖြင့် ယခင်အွန်လိုင်းဖြင့် သတင်းအချက် အလက်ဖြန့်ဝေခဲ့သကဲ့သို့ သတင်းအချက် အလက်များ ပို၍ ထုတ်ပြန်ပေးရန် တာဝန်ရှိသည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။ Chin World မီဒီယာမှ ဆလိုင်းစီလျံက “ ပြည်နယ်အစိုးရအနေနဲ့ သူတို့ လုပ်ငန်းစဉ်တွေကို ပြည်သူ တွေကို တကယ်ချပြ ချင်ရင်တော့ တိုင်းရင်းသား ဘာသာစကားကို သုံးရမှာပေါ့။ ဘာကြောင့်ဆို ချင်းပြည်သူ ၇၀ ရာခိုင်နှုန်းက ကျေးရွာတွေမှာပဲ ရှိတယ်။ အခုက ဗမာလိုထုတ်တယ်ဆိုတော့ တိုင်းရင်းသား ကျေးရွာထဲက လူတွေက ဘယ်လို ဖတ်နိုင်မှာလဲ။ တကယ်လို့ ဖတ်နိုင်ရင်တောင်မှ ချင်းမျိုးနွယ်စု ၅၀ ကျော်ကို ချင်းဘာသာနဲ့ ထုတ်နိုင်ဖို့ မလွယ်တဲ့ကိစ္စပါ။ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံး ပြည်နယ်ဖြစ်နေလို့ ဒေသဖွံ့ဖြိုးရေးအတွက် မအားမလပ် လုပ်နေတဲ့ အချိန်မှာ ဒီဂျာနယ်ကို ထုတ်တာ က လုံးဝ မဖြစ်သင့် ဘူး။ ပြည်နယ်အစိုးရ ကိုယ်တိုင်ဦးဆာင်တာက သူ့ အာဘော်ကို ဝါဒဖြန့်ချင်လို့ လုပ်တယ်လို့ ကျနော်က မြင်တယ်”ဟု ပြောသည်။ အစိုးရကိုယ်တိုင် ဂျာနယ်ထုတ်ဝေခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် စတုတ္ထမဏ္ဍိုင်ကို အားမပေးသည့် အနေအထားဖြစ်သကဲ့သို့ လွတ်လပ်သည့် ချင်းမီဒီယာများကို အသိအမှတ်ပြု လေးစားမှုမရှိသည်ကို ပြသရာ ရောက်ပါကြောင်း ထို့ပြင် လွတ်လပ်သည့် သတင်းဌာနများထံ အစိုးရမှ သတင်းအချက်အလက် ပေးဝေမှု အားနည်းလာမည်ဖြစ်ကြောင်း ချင်း မီဒီယာ ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသော ချင်းမီဒီယာကွန်ယက်က ဆိုထားသည်။ ဂျာနယ်ထုတ်ဝေသည့် ချင်းပြည်နယ်အစိုးရအနေဖြင့် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် စတုတ္တ မဏ္ဍိုင်ကို အားမပေးသည့် အနေအထားဖြစ်ပြီး လွတ်လပ်သည့် ချင်းမီဒီယာများအပေါ် အသိအမှတ်ပြု လေစားမှုမရှိသည်ကို ပြသရာ ရောက်နေ ကြောင်း ချင်းမီဒီယာကွန်ရက်က ဝေဖန်ထားသည်။ အစိုးရမှ ပြည်သူ့ဘဏ္ဍာငွေများသုံးစွဲကာ ကိုယ်ပိုင်ဂျာနယ်ထုတ်ဝေခြင်းဖြင့်လည်း လွတ်လပ်သည့် ပုဂ္ဂလိက မီဒီယာများနှင့် အစိုးရမီဒီယာတို့အကြား ကြော်ငြာလုပ်ငန်းများ အပါအဝင် ဈေးကွက် အရ ယှဉ်ပြိုင်မှုမျာလည်း ဖြစ်ပေါ်လာမည်ဖြစ်ပြီး ကိုယ် ပိုင်ငွေစိုက်ထုတ်ကာ ရပ်တည်နေရသည့် ပုဂ္ဂလိက မီဒီများ ရပ်တည်ရန် ခက်ခဲလာနိုင်ကြောင်း ချင်းမီဒီယာ ကွန်ယက်၏ အမှုဆောင်ဒါရိုက်တာ ဆလိုင်းရောဘတ်က ပြောသည်။ ချင်းပြည်နယ်အစိုးရအနေဖြင့် တောင်ဇလပ်တိုင်း(မ်)ဂျာနယ်ကို ပြည်နယ်စည်ပင်၊ လျှပ်စစ်နှင့် စက်မှု လက်မှုဝန်ကြီး၏ ဦး ဆောင်မှုဖြင့် ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။ ဆလိုင်းအိုင်ဇက်ခင်က “ဂျာနယ်က အစိုးရဘတ်ဂျက်သုံးပြီး ထုတ်တာမဟုတ်ပါဘူး။ သီးသန့် စီးပွား ရေး Plan တခုအနေနဲ့ လုပ်တာပါ။ ကျေးရွာတွေအထိ သတင်းအချက်အလက် စီးဆင်းမှုကောင်း အောင် လုပ်သွားမှာပါ။ အစိုးရဘာလုပ်နေလဲ လူ ထုကို အသိပေးဖို့ လိုပါတယ်” ဟု ပြောသည်။ တောင်ဇလပ်တိုင်း(မ်) ဂျာနယ်ထုတ်ဝေမှုအား ကန့်ကွက်သည့် ချင်းမီဒီယာကွန်ယက်တွင် Khonumthung Media Group, The Chinland Post, The Hakha Post, Chin World Media, Matupi Time, Zomi Time, Falam Today, Zomi Post, Zolengthe, Tedim Post, The Chinland Herald, Lair awn Post နှင့် The Chin Journal တို့ ပါဝင်သည်။ (ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် ချစ်မင်းထွန်းနှင့် ထွန်းထွန်း ပူးပေါင်းရေးသားသည်) The post ပြည်သူ့ဘဏ္ဍာအသုံးပြုပြီး ဂျာနယ်ထုတ်သည့် ချင်းအစိုးရ ဒေသခံ မီဒီယာများကန့်ကွက် appeared first on ဧရာဝတီ.
Source : http://ift.tt/2GUCUov
via IFTTT
Source : http://ift.tt/2GUCUov
via IFTTT
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် သက်တမ်းတိုး ကန့်ကွက်မှုရှိ ဦးရွှေမန်း ဥက္ကဌ အဖြစ် တာဝန်ယူထားသည့် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို သက်တမ်း တနှစ်တိုးရန် အတွက် ပြည်သူ့လွှတ်တော်၌ သဘောတူညီချက် ရယူရာ တပ်မတော်သား ကိုယ်စားလှယ် က ကန့်ကွက်ကြောင်း သတင်းရသည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျင်းပသည့် ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး ၁၁ ရက် မြောက်နေ့တွင် ကျင်းပသည့် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို သက်တမ်း တနှစ်တိုးရန် သဘောတူညီချက် ရယူရာတွင် တပ်မတော်သား ကိုယ်စား လှယ် ဒု ဗိုလ်မှူးကြီး မျိုးထက်ဝင်းက မတ်တတ်ရပ်၍ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ ဗိုလ်မှူးကြီး မျိုးထက်ဝင်းက “ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှာ ရှိတဲ့ ဥပဒေကြမ်းကော်မတီရယ်၊ ပြည်ထောင်စု အဆင့်မှာ ရှိတဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီတွေရဲ့ လုပ်တဲ့ဟာတွေမှာ သွားပြီးတေ့ာ ရောထွေးနေတယ်လို့ မြင်ပါတယ်။ ဒါကြောင့် လက်ရှိဒါကို ဒီမှာပဲ ထားပြီးတေ့ာမှ သက်တမ်းတိုးတာကို ကန့်ကွက်ရခြင်း ဖြစ်ပါတယ်”ဟု လွှတ်တော် အစည်း အဝေးအပြီးတွင် မီဒီယာများကိုပြောသည်။ ဆက်လက်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွင် ရှိသည့် ဥပဒေကြမ်း ကော်မတီ များ၊ ဥပဒေကြမ်း တင်သွင်းခွင့် ရှိသည့် အဖွဲ့များက လွှတ်တော်တွင် တင်သွင်းမှုများသည် ရောထွေးမှုများ ရှိနေသဖြင့် ကန့်ကွက် ရခြင်း ဖြစ်ကြောင်းလည်း ဒု ဗိုလ်မှူးကြီး မျိုးထက်ဝင်း က ပြောဆိုသည်။ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို တနှစ် တကြိမ် သက်တမ်းတိုးပြီး ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သဖြင့် ထပ်မံ၍ သက်တမ်း တနှစ် ပြန်လည် တိုးမြှင့်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို ယခင် အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ လအတွင်းက ကော်မရှင် သက်တမ်းတိုးရာ တွင် လည်း တပ်မတော်သား ကိုယ်စားလှယ်များက ယခုကဲ့ ကန့်ကွက်ခဲ့သည်။ ဒက္ခိဏ သီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက “ဒီကော်မရှင်က ပြည်ထောင်စု လွှတ်တော်မှာ အထောက် အကူ အများကြီးပြုပါတယ်။ ဥပဒေပြုတဲ့ အပိုင်းတွေမှာဆိုရင် သူတို့ဆီမှာက ဥပဒေ ပညာရှင်တွေ များတယ်။ ပြည်ထောင်စု လွှတ်တော် ဥပဒေ ဆိုင်ရာမှာလည်း ကော်မရှင်တွေ၊ ကော်မတီတွေကို လိုအပ်ရင် လိုအပ်သလို ဖွဲ့စည်းလို့ ရတယ်ဆိုတာ ရှိပါတယ်”ဟု ပြောသည်။ ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော်၌ လွှတ်တော် စတင် တည်ထောင် ကတည်းက ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ ငွေစာရင်းကော်မတီ၊ လွှတ်တော် အခွင့်ရေးကော်မတီ၊ အစိုးရရဲ့ အာမခံ ကတိကဝတ် စောင့်ကြည့်ရေး ကော်မတီ ဖြင့် အမြဲတမ်း ကော်မတီ ၄ ရပ်ရှိသည်။ ထို အမြဲတမ်းကော်မတီ ၄ ရပ်ကို ပြုပြင်ပြောင်းလဲ ဖွဲ့စည်းရန် မလိုအပ်ပေမယ့် အခြား ဖွဲ့စည်းထားသည့် ကော်မတီ နှင့် ကော်မရှင်များက စတင်ဖွဲ့စည်း ကတည်းက အမြဲတမ်း မဟုတ်သည့် အဖွဲ့အစည်း ဖြစ်သည့် အတွက် သက်တမ်း ၁ နှစ် တကြိမ် ပြန်တိုးရန် အတွက် ဖြစ်စေ၊ ပယ်ဖျက်ရန် အတွက် ဖြစ်စေ၊ သက်တမ်းတိုးမှု အတွက် ဖြစ်စေ ပြုပြင်ပြောင်းလဲ ရခြင်း ဖြစ်သည်။ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးမောင်မောင်အုန်းက “ဥပဒေကို ဝင်ပြီး စွက်ဖက်တာ မဟုတ်ဘဲနဲ့ အကြံပေးတဲ့ အဖွဲ့ ဖြစ်ပါတယ်။ နိုင်ငံတကာ အတွေ့အကြုံ နဲ့ ယှဉ်ပြီးပြောတာပါ။ ပြည် တွင်း မှာ ရှိတဲ့ အတွက် ပြည်တွင်း အမြင်နဲ့ ပြောတာဖြစ်ပါတယ်။ အဲ့ဒီတေ့ာ ဒီအဖွဲ့ဟာ နိုင်ငံ အကျိုး၊ နိုင်ငံသား အကျိုး အတွက် လုပ်တဲ့ အဖွဲ့ဆိုတာ ရဲရဲ ပြောရဲပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ တပ်မတော်စား ကိုယ်စားလှယ်က “လုပ်ပိုင်ခွင့်တွေက သွားပြီးရောနေတယ် မြင်လို့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်။ ကျန်တာ မရှိပါဘူး။ အနိုင်၊ အရှုံး လာပြိုင်နေတာ မဟုတ်ပါဘူး၊ ဥပဒေနဲ့ မညီလို့ ထကန့်ကွက်ရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။ ထိုသို့ ကန့်ကွက် သူရှိသဖြင့် စက်ခလုပ်နှိပ် မဲခွဲ ဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၅၈၉ ဦးရှိပြီး၊ ထောက်ခံ ဆန္ဒမဲပေါင်း ၂၉၅၊ ကန့်ကွက် ဆန္ဒမဲပေါင်း ၁၇၉၊ ကြားနေ ဆန္ဒမဲပေါင်း ၆ မဲ ဖြစ်ပြီး ထောက်ခံ ဆန္ဒမဲပေါင်း ၁၁၆ မဲ သာနေသဖြင့် သက်တမ်း တိုးမြှင့်ခြင်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုကြောင်း ဥက္ကဌ မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။ The post ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် သက်တမ်းတိုး ကန့်ကွက်မှုရှိ appeared first on ဧရာဝတီ.
Source : http://ift.tt/2COYbNZ
via IFTTT
Source : http://ift.tt/2COYbNZ
via IFTTT
Subscribe to:
Posts (Atom)