ပါကစ္စတန်တွင် ခရစ်ယာန်လူငယ်များ ဖိနှိပ်ခံရမှုနှင့် လိင်နှောင့်ယှက်ခံရမှုများကို ပြစ်တင်ရှုတ်ချ လာဟိုး၊ မတ် ၁ ပါကစ္စတန်တွင် စုံစမ်းထောက်လှမ်း ရေးအရာရှိများက ခရစ်ယာန်လူငယ်နှစ်ဦး အား နှိပ်စက်ညှဉ်းပန်းကာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့မှုကို လူ့အခွင့်အရေးအုပ်စု များက ပြစ်တင်ရှုတ်ချလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။ ဘာသာရေးပြစ်မှုဖြင့် စစ်ဆေးခံနေရသူ အသက် ၂၄ နှစ်အရွယ် ဆာဂျစ်မာဆီသည် သောကြာနေ့က လာဟိုးရှိ ဖက်ဒရယ် စုံစမ်းရေးဌာန FIA လေးလွှာမှ ခုန်ချခဲ့ရာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့သည်။ “FIA အရာရှိတွေက ကျွန်တော့်ကို ကိုယ့်ကိုယ်ကိုယ် လိင်ညှဉ်းပန်းမှု ပြုလုပ်ဖို့ အမိန့်ပေးတာကို ကျွန်တော်က ငြင်းဆန်ခဲ့ပါတယ်။ ဒါဆိုရင် ညီဝမ်းကွဲ ပါထရာ မာဆီကို လုပ်ရမယ်လို့ ထပ်ပြီးအမိန့်ပေးတယ်။ ကျွန်တော်က ငြိမ်နေလိုက်ပြီးမှ အောက်ကိုခုန်ချခဲ့တာပါ”ဟု ဆာဂျစ်မာဆီက ဗီဒီယိုဖိုင်တွင် တင်ထားသည်။ ဆာဂျစ်၏စွပ်စွဲမှုများ ထွက်ပေါ်လာပြီးနောက် FIA ညွှန်ကြားရေးမှူးချုပ် ဘာရှားအာမက်မီမွန်က တရားဝင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားခဲ့သည်။ လာဟိုးတွင်နေထိုင်သူ ပါထရာ ၂၁ နှစ်သည် Facebook တွင် ဘာသာရေးအရ ပုတ်ခတ်သော ဓာတ်ပုံတင်ထားခဲ့မှုဖြင့် ဇန်နဝါရီလအတွင်း ရဲများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ TLYRA အစ္စလာမ်ပါတီက ပါထရာကို ကန့်ကွက်ဆန္ဒပြခဲ့ပြီးနောက် ယင်းသို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ TLYRA အစ္စလာမ်ပါတီသည် မနှစ်က အစ္စလာမ် မာဘတ်တွင် ဘာသာရေးဝိုင်းပတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့ပြီးနောက် ပါကစ္စတန်တွင် လူသိ များလာခဲ့ခြင်းဖြစ်သည်။ ပါထရာအပေါ် ဘာသာရေးပုတ်ခတ်မှု စွပ်စွဲချက်များကို FIA ၏ ဆိုက်ဘာရာဇဝတ်မှုဌာနက စုံစမ်းစစ်ဆေးခဲ့သည်။ လူဦးရေ သန်း ၁၈၀ အနက် အစ္စလာမ်ဘာသာ ကိုးကွယ်သူ ၉၇ ရာခိုင်နှုန်းရှိသော ပါကစ္စတန်တွင် ဘာသာရေး စော်ကားမှုကို ဥပဒေအရ သေဒဏ်အထိ အပြစ်ပေးနိုင်ခွင့်ရှိသည်။ ပါကစ္စတန်တွင် ၁၉၈၀ ခုနှစ်များက ချမှတ်ခဲ့သော အဆိုပါ အငြင်းပွားဖွယ် ဥပဒေကိုပြင်ဆင်ရန် လူ့အခွင့်အရေး လှုပ်ရှားသူများက ယခင်ကတည်းက တောင်းဆိုခဲ့ကြသည်။ လာဟိုးရှိ ရှာဒါရာမြို့မှ ဒေသခံ ခရစ်ယာန်များသည် ယခုနောက်ဆုံး ဘာသာရေး အငြင်းပွားမှုများကြောင့် ထိုနယ်မြေမှ စွန့်ခွာထွက်ပြေးလျက်ရှိသည်။ အချို့ဖြစ်ရပ်များတွင် အာဏာပိုင်များက ကြားဝင် တားဆီးခြင်း မပြုနိုင်မီ အစ္စလာမ္မစ် အစွန်းရောက်ဝါဒီများက ခရစ်ယာန်အိမ်များကို မီးရှို့ခြင်း သို့မဟုတ် စွပ်စွဲခံရသူကို သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ “သူတို့တွေက ဓာတ်ဆီပုလင်းဗုံးတွေ၊ အုတ်ခဲတွေ၊ တုတ်တွေ ကိုင်လာပြီးတော့ ကျူပ်တို့အိမ်ကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ခဲ့ကြတယ်”ဟု ပါထရာ၏အဘိုးဖြစ်သူ ပါဗေ့စ်အက်ကတာနတ်စ်က ပြောကြားသည်။ “ဒီရပ်ကွက်က မိုဟာမက်ဆီဒီးဆိုတဲ့ မွတ်ဆလင်တစ်ယောက်က ပါထရာကို ဘာသာရေး စော်ကားတဲ့ ပုံတွေတင်တယ်လို့ စွပ်စွဲပြီး ရဲကို တိုင်ကြားလိုက်ပြီးတဲ့နောက် ဒီသတင်းပြန့်သွားပြီး အကြမ်းဖက်မယ့်လူတွေ စုရုံးရောက်ရှိလာတော့တာပါပဲ”ဟု ၎င်းကဆိုသည်။ ထို့နောက်တွင် ထိုဒေသမှ ခရစ်ယာန် ၁၅၀၀ ခန့်မှာ နေအိမ်များကို စွန့်ခွာ တိမ်းရှောင်သွားကြသည်။ ပါကစ္စတန်တွင် လွန်ခဲ့သောနှစ် အနည်းငယ်အတွင်း အထောက်အထား မရှိသော ဘာသာရေး စော်ကားမှု စွပ်စွဲချက်များကြောင့် ခရစ်ယာန်များနှင့် ဟိန္ဒူများ ရက်စက်စွာ အသတ်ခံရသည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်။
Source : https://goo.gl/a1c9e3
via IFTTT
Friday, March 2, 2018
မြန်မာ ကွမ်းသီး တင်ပို့မှု သြစတြေးလျ တားမြစ် မြန်မာနိုင်ငံမှ ကွမ်းသီးများ သြစတြေးလျ နိုင်ငံသို့ တင်ပို့ခြင်းကို တားမြစ်လိုက်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ ကွမ်းသီးခြမ်း တင်ပို့မှုကို သြစတြေးလျက စားသောက်ကုန်များ တင်သွင်းခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် မညီညွတ် သဖြင့် တားမြစ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုသို့ တားမြစ်ရခြင်းသည် မြန်မာနိုင်ငံမှ တင်သွင်းလာသော ကွမ်းသီးခြမ်း ကုန်စည်သည် သြစတြေးလျ နိုင်ငံသို့ တင်သွင်း ရန် တားမြစ်ထားသည့် အပင်နှင့် အပင်ထွက်ပစ္စည်း အမျိုးအစားတွင် ပါဝင်နေပြီး တင်သွင်းခွင့် လုံးဝခွင့်မပြု ထားကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က စီးပွား/ကူးသန်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တင်သွင်းသည့် ကွမ်းသီး အရေအတွက် တန်ချိန်ကိုမူ ဖော်ပြမထားပေ။ သို့ဖြစ်၍ နောက်ပိုင်း ကွမ်းသီးခြမ်းကုန်စည်နှင့် အလားတူ ကုန်ပစ္စည်းများကို မြန်မာမှ သြစတြေးလျ ဘက်သို့ တင်ပို့မည် ဆိုလျှင် ယင်းနိုင်ငံ၏ အစားအသောက် လိုအပ်ချက်များနှင့် လျော်ညီကြောင်း တင်ပြနိုင်ခြင်း မရှိခဲ့လျှင် ယခုကဲ့သို့ပင် တားမြစ်မည်ဟု သြစတြေးလျနိုင်ငံ စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ် ဝန်ကြီးဌာနက ဇန်နဝါရီလ အတွင်း၌ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင် အတွင်းရှိ တော်ဝင်ပန်း ကွမ်းသီးပွဲရုံမှ တာဝန်ရှိသူတဦးက “ကွမ်းသီးကတော့ ပြည်တွင်း ကို အဓိက ရောင်းချတာများတယ်။ သြစတြေးလျ နိုင်ငံဆိုရင် ပမာဏနည်းနည်းပဲ ပို့တာ။ အိန္ဒိယတို့ ဘင်္ဂလားဒေ့ရှ် ဘက်တို့ကိုတော့ သွားတယ်။ မလေးရှား ဆိုလည်း မပို့တာကြာပြီ။ အခုလိုသူတို့ တားမြစ်လိုက်လည်း ဈေးကွက် ထိခိုက်မှု မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။ ကွမ်းသီးတင်ပို့မှုကို နယ်စပ်လမ်းကြောင်းများမှ တဆင့် တင်ပို့ကြကြောင်းလည်း ၎င်းက ဆက်ပြောသည်။ စီးပွား/ကူးသန်း ထုတ်ပြန်ချက်အရ မြန်မာပို့ကုန် လုပ်ငန်းရှင်များ အနေနှင့် ပြည်ပတင်ပို့မည် ဆိုပါက တင်ပို့မည့် နိုင်ငံ၏ လိုအပ်ချက်နှင့် သတ်မှတ်ချက်ကို သတိပြုလိုက်နာရန် လိုကြောင်း ဖော်ပြပါရှိသည်။ ကွမ်းသီးကုန်စည်မှာ မြန်မာနိုင်ငံ၏ အလားအလာရှိသော ကုန်စည်အမျိုးအစားတွင် ပါရှိပြီး ပို့ကုန် တင်ပို့မှု တိုးမြှင့်စေရန် အတွက် Re-Export စနစ်ဖြင့် တင်ပို့ရန် လျှောက်ထားမှုများအား ခွင့်ပြုပေးထားကြောင်း စီးပွား/ကူးသန်းမှ သိရသည်။ The post မြန်မာ ကွမ်းသီး တင်ပို့မှု သြစတြေးလျ တားမြစ် appeared first on ဧရာဝတီ.
Source : http://ift.tt/2oHsWPy
via IFTTT
Source : http://ift.tt/2oHsWPy
via IFTTT
The Voice
လုပ်ငန်းလိုင်စင်မရှိသည့် YBS ယာဉ် ၂၀၀၀ ကျော်ကို စီအန်ဂျီ ထုတ်ယူခွင့်ပိတ်မည် ရန်ကုန်၊ မတ် ၁ ရန်ကုန်မြို့တွင်း လုပ်ငန်းလိုင်စင်မရှိဘဲ ခရီးသည်တင်ဆောင်မောင်းနှင်ပြေးဆွဲလျက်ရှိသော YBS ယာဉ် ၂၀၀၀ ကျော်ကို မတ်လ ၃၁ ရက်နောက်ပိုင်းမှစ၍ စီအန်ဂျီ ထုတ်ယူခွင့် ပိတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ YRTA မှ တာဝန်ရှိသူက ပြောကြားသည်။ “လက်ရှိပြေးနေတဲ့ YBS ယာဉ်တွေ ခရီးသည်တင် လုပ်ငန်းလိုင်စင် လုပ်ထားခြင်း ရှိ၊ မရှိ စစ်ဆေးမယ်။ မလုပ်ရသေးတဲ့ယာဉ်တွေ မဖြစ်မနေ လုပ်ဖို့လိုတယ်”ဟု ၎င်းက ဆိုသည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(လုပ်ငန်းလိုင်စင်ဌာန)တွင် “ခ” ခရီးသည်တင် လုပ်ငန်းလိုင်စင် မလုပ်သည့် YBS ယာဉ်များကို မတ်လ ၃၁ ရက် နောက်ပိုင်းမှစ၍ စီအန်ဂျီ ထုတ်ယူခွင့်ပိတ်မည်ဟု ဖေဖော်ဝါရီလ ၂၇ ရက်က တိုင်းအစိုးရအဖွဲ့နှင့် YBS တာဝန်ခံယာဉ်လိုင်း ကုမ္ပဏီများနှင့် တွေ့ဆုံပွဲတွင် တိုင်းအစိုးရအဖွဲ့က အသိပေးခဲ့ကြောင်း ယာဉ်လိုင်း တာဝန်ခံများက ပြောကြားသည်။ “ယာဉ်တွေက တခြားကုမ္ပဏီအောက်ကိုရောက်ရင် ကုမ္ပဏီက ဦးဆောင်ပြီး လုပ်ငန်းလိုင်စင် လုပ်ရတာ။ အခုက စာရင်းမငြိမ်သေးဘူး။ ပြည်ပက ဝင်တဲ့ယာဉ်အသစ်တော့ လုပ်ပြီးသားတွေပေါ့။ ယာဉ်အဟောင်းတွေ အများစု ကျန်နေတာ”ဟု ယာဉ်လိုင်း တာဝန်ခံတစ်ဦးက ဆိုသည်။ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း အနေနှင့် တစ်လလျှင် စီအန်ဂျီ ကုဗပေ သန်း ၂၀ ကျော် သုံးစွဲနေရပြီး ခရီးသည်တင်ယာဉ် တစ်စီးလျှင် ၂၀၀ လီတာ၊ ၃၀၀ လီတာ၊ ၄၀၀ လီတာ၊ ၅၀၀ လီတာ၊ ၆၀၀ လီတာအထိ ထည့်ဝင်သုံးစွဲမှုရှိကာ စီအန်ဂျီ သုံးဘတ်စ်ကား ၃၇၀၀ စီးကျော်ရှိကြောင်း အဆိုပါ လုပ်ငန်းထံမှ သိရသည်။ လက်ရှိ YBS ယာဉ်လိုင်း ၉၃ လိုင်းတွင် ယာဉ်စီးရေ ၅၆၀၀ စီးခန့်ရှိပြီး ခရီးသည်တင် လုပ်ငန်းလိုင်စင် ပြုလုပ်ထားသည့်ယာဉ် ၂၇၀၀ စီးကျော်သာ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။
Source : https://goo.gl/qWwGtn
via IFTTT
Source : https://goo.gl/qWwGtn
via IFTTT
အစိုးရနှင့် KNPP အပစ်ရပ် လက်မှတ်ထိုးရန် တွေ့ဆုံညှိနှိုင်းမည် အစိုးရအနေဖြင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ချုပ်ဆိုနိုင်ရေး မတ်လထဲတွင် တွေ့ဆုံညှိနှိုင်းသွားမည် ဖြစ်ကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်စိုး က ပြောသည်။ ဦးအောင်စိုး က “ဒီလဆန်းမှာ တွေ့ကြမယ်ဆိုတာတော့ အကြမ်းဖျင်းသိထားပါတယ်။ အဓိက အကြောင်းရင်းကတော့ ဒီ NCA ကိစ္စပေါ့ဗျာ” ဟု ဧရာဝတီသို့ မတ်လ ၁ ရက်နေ့က ပြောသည်။ KNPP သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစုတွင် မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ချင်း အမျိုး သား တပ်ဦး (CNF) တို့နှင့် အတူ ရပ်တည်လျှက်ရှိသည်။ တပ်ပေါင်းစုဝင် NMSP နှင့် LDU တို့ကတော့ ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အစိုးရနှင့် NCA လက်မှတ်ရေးထိုးခဲ့ကြပြီး CNF ကတော့ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် NCA ရေးထိုးခဲ့သည်။ KNPP အနေဖြင့် NCA လမ်းကြောင်းအတိုင်း သွားရန် ဆုံးဖြတ်ထားပြီး NCA လက်မှတ်ထိုးနိုင်ရေး တွေ့ဆုံညှိနှိုင်းရန်အတွက် အစိုးရနေဖြင့် ၎င်းတို့အား မည့်သည့် ပုံစံဖြင့် ကမ်းလှမ်းမည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း KNPP ဒုဥက္ကဋ္ဌ ခူဦးရယ် က ပြောသည်။ ခူဦးရယ် က “ကျနော်တို့နဲ့ တသီးတခြားတွေ့မယ်ဆိုတဲ့ အခြေအနေ ဖြစ်ပေါ်လာတာကတော့ မကြာ သေးခင်တုန်းက မွန်ပြည်သစ်နဲ့ LDU လက်မှတ်ထိုးတဲ့ အခင်းအကျင်းမှာ ANC ပါဝင်လက်မှတ် ထိုးမယ်လို့ အခင်းအကျင်းပြင်ကြတယ်လို့ ကျနော်တို့ အဲဒီလို နားလည်တာပေါ့နော်။ ဒါပေမယ့် ကပ် တဲ့ အခါကြမှဘဲ အဆင်မချောလို့ ANC က လိုက်မပါနိုင်ဘူးဆိုတဲ့ အခြေ အနေ ပြောင်းသွားတာ” ဟု ဧရာဝတီသို့ ပြောသည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေဖြင့် NMSP နှင့် LDU တို့လက်မှတ်ထိုးချိန်တွင် ၎င်းတို့အနေဖြင့် တပါတည်း လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ချက် မချနိုင်သည့် အကြောင်းအရင်း ထဲတွင် ၎င်းတို့၏ ရဲဘော် ၃ ဦးနှင့် အရပ်သား တဦး အသတ် ခံလိုက်ရသည့် ကိစ္စလည်း အဓိက အကြောင်း အရင်း တချက်အဖြစ်ပါဝင်ခဲ့သည်ဟုဆိုသည်။ “ပြောရရင်တော့ ဒီကိစ္စရပ်ဟာလည်း ကျနော်တို့ အတွက် ဒီငြိမ်းချမ်းရေး ညှိနှိုင်းမှု ဖြစ်စဉ် အတွက် ဝင်ပြီးတော့ အဟန့် အတား ဖြစ်သွားသလိုလည်း ပါပါတယ်။ ဒါကြောင့်လည်း ကောက်ကာ၊ ငင်ကာ လက်မှတ်ထိုးပွဲမှာ ပါဝင်ဖို့ ဆုံးဖြတ်ချက် ချဖို့ မဖြစ်နိုင်တာပါ” ဟု ခူဦးရယ်က ရှင်းပြသည်။ KNPP နှင့် အစိုးရတို့အကြား NCA လက်မှတ် ရေးထိုးနိုင်ရေး တွေ့ဆုံညှိနှိုင်းရန် ဖေဖော်ဝါရီ လကုန် ရက်ပိုင်း ကျင်းပနေသည့် KNPP ၏ ၆ လပတ် အစည်းအဝေးအပြီးတွင် ဖြစ်နိုင်ဖွယ်ရှိ ကြောင်းနှင့် ထို ၆ လပတ် အစည်းအဝေးတွင် NCA ထိုးရေး အတွက် ဆုံးဖြတ်ချက် ရှိလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ NCA လက်မှတ်ရေးထိုးရေးအတွက် KNPP အဖွဲ့အစည်း အတွင်း သဘောထားကွဲလွဲမှု မရှိကြောင်း၊ ၎င်းတို့ အနေဖြင့် NCA လမ်းကြောင်း အတိုင်းသွားမည်ဟု ဆုံးဖြတ်ထားသော်လည်း ဆွေးနွေး ညှိနှိုင်းမှု၊ ဖြစ်ပေါ်တိုးတက်မှုများအပေါ်တွင်လည်း မူတည်ကြောင်း KNPP ဒုဥက္ကဋ္ဌ ကပြောသည်။ “ထိုးမယ်၊ မထိုးဘူးဆိုတဲ့ သဘောထားကို မေးရင် ကျနော်တို့က မထိုးဘူးလို့ ဘယ်သူမှ မပြောဘူး။ ထိုးမယ်လို့ ယူဆလို့ သဘောထားကျလို့လည်း ညှိနှိုင်းနေတာလေ။ အဲဒီတော့ ညှိနှိုင်းတဲ့ ဖြစ်စဉ်က ရလာဒ် အပေါ်မှာဘဲ မူတည်ပြီးတော့ ပြောရမှာဘဲ ဖြစ်တယ်” ဟု ခူဦးရယ် က ပြောသည်။ အစိုးရအနေဖြင့် တနိုင်ငံလုံး အပစ်ရပ်နိုင်ရေး အတွက် UNFC အဖွဲ့ဝင်များသာမက တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံညှိနှိုင်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ ပြုလုပ်နေလျှက် ရှိကြောင်း ငြိမ်းချမ်းရေး ကော်မရှင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်စိုး က ပြောသည်။ “လက်ရှိ ၂ ဖွဲ့ထိုးထားပြီးပြီ။ ကျန်တဲ့ အဖွဲ့တွေလည်း ထိုးလာအောင် ကျနော်တို့ ငြိမ်းချမ်းရေး ကော်မရှင် အနေနဲ့တော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ မထိုးရသေးတဲ့ အဖွဲ့တွေနဲ့လည်း တွေ့မှာဘဲ၊ ထိုးပြီးသားအဖွဲ့တွေနဲ့လည်း ရှေ့ဆက်နိုင်အောင်လုပ်နေတာပဲ” ဟု ဦးအောင်စိုး က ပြောသည်။ သို့သော်လည်း UNFC အဖွဲ့ဝင် အဖွဲ့အစည်းတဖွဲ့ဖြစ်သော ANC နှင့် အစိုးရတို့ အကြား တွေ့ဆုံ ဆွေးနွေးနိုင်ရေး အခြေအနေ ကိုတော့ ၎င်းအနေဖြင့် ပြောဆိုနိုင်ခြင်းမရှိသေးဟု ဆိုသည်။ KNPP သည် တပ်မတော်အစိုးရနှင့် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် တိုက်ပွဲပြန်ဖြစ်ပြီး ပျက်သွားခဲ့သည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့ပြီး လက်ရှိ NLDအစိုးရလက်ထက်တွင် ညှိနှိုင်းနေဆဲ အခြေအနေမှာပင်ရှိနေသည်။ The post အစိုးရနှင့် KNPP အပစ်ရပ် လက်မှတ်ထိုးရန် တွေ့ဆုံညှိနှိုင်းမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2CQxGYp
via IFTTT
Source : http://ift.tt/2CQxGYp
via IFTTT
Thursday, March 1, 2018
The Voice
ဆီးရီးယား အရှေ့ဂိုတာဒေသတွင် နေ့စဉ်ငါးနာရီ အပစ်ရပ်ပေးထားရန် ပူတင်ညွှန်ကြား မော်စကို၊ ဖေဖော်ဝါရီ ၂၈ ဆီးရီးယားနိုင်ငံတွင်း သူပုန်များထိန်းချုပ်ထားသော အရှေ့ဂိုတာဒေသကို ဆီးရီးယားအစိုးရတပ်များ၏ တိုက်ခိုက်မှုအား နေ့စဉ်ငါးနာရီကြာ ရပ်ဆိုင်းထားပေးရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က ညွှန်ကြားခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် စတင်မည့် အစီအစဉ်၌ အရပ်သားများစွန့်ခွာနိုင်ရန် “လူသားချင်းစာနာမှု စင်္ကြံလမ်းကြောင်း” ဖန်တီးမှုလည်း ပါဝင်သည်။ မြို့တော် ဒမ္မစကတ်အနီးရှိ အရှေ့ဂိုတာဒေသတွင် အရပ်သား ၄ သိန်းနီးပါး ပိတ်မိနေပြီး ရုရှား ကျောထောက်နောက်ခံပြုထားသော ဆီးရီးယားအစိုးရတပ်များက နေ့စဉ်ရက်ဆက် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ရှစ်ရက်ကြာဗုံးကြဲ၊ ပစ်ခတ်မှုများကြောင့် အရပ်သား ၅၆၀ ကျော် သေဆုံးခဲ့သည်ဟု စောင့်ကြည့်အဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ထားသည်။ နေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ လေးနာရီကြာမြင့်မည့် တိုက်ခိုက်မှု ယာယီရပ်စဲသည့် အစီအစဉ်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က ကြေညာခဲ့သည်။ ဆီးရီးယားကြက်ခြေနီအဖွဲ့က လူသားချင်းစာနာမှု စင်္ကြံလမ်းကြောင်းထူထောင်ရေး ကူညီပေးသွားမည်ဖြစ်ပြီး ပြည်သူများထံ လက်ကမ်းစာဆောင်များ၊ ဖုန်းစာတိုပေးပို့မှုများ၊ ဗီဒီယိုများဖြင့် အသိပေးသွားမည်ဖြစ်သည်ဟု ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သီးခြားကြေညာချက် ထုတ်ပြန်ထားသည်။ ယင်းမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုခဲ့သော ဆုံးဖြတ်ချက်နှင့် ကွဲလွဲမှုရှိနေသည်။ လူသားချင်းစာနာမှု အကူအညီများပေးအပ်ရန်နှင့် ရောဂါပြင်းထန်နေသော ပြည်သူများကို ကုသနိုင်ရေးကယ်ထုတ်ရန် အနည်းဆုံးရက် ၃၀ ဆက်တိုက် အပစ်အခတ်ရပ်စဲပေးရန် ကောင်စီက တောင်းဆိုထားခြင်းဖြစ်သည်။ သို့သော်လည်း ကုလသမဂ္ဂက တောင်းဆိုသော အပစ်အခတ်ရပ်စဲရေးမှာ ပဋိပက္ခတွင် ပါဝင်သည့် အဖွဲ့အစည်းအားလုံး မည်သို့မည်ပုံ စီမံမည်ဆိုခြင်းကို သဘောတူနိုင်သောအခါတွင်မှ စတင်မည်ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗ်ရော့က ပြောကြားခဲ့သည်။ အပစ်အခတ်ရပ်စဲမှုတွင် IS နှင့် အယ်လ်ကေဒါတို့ကို မထည့်သင့်သလို အစ္စလာမ္မစ် သူပုန်အဖွဲ့ကြီးများဖြစ်သော အာရာအယ်လ်ရှမ်နှင့် ဂျေရှအယ်လ် အစ္စလာမ်တို့ကိုလည်း မထည့်သင့်ဟု လက်ဗ်ရော့က ပြောကြားခဲ့သည်။ ကုလသမဂ္ဂက တောင်းဆိုသော အပစ်အခတ်ရပ်စဲမှုမျိုး ဖြစ်မလာချိန်တွင် ရုရှားက ညွှန်ကြားသည့်အတိုင်း အပစ်ရပ်ပေးနိုင်ပါက ဆီးရီးယားအရေးတွင် ရုရှား၏အရေးပါမှုမှာ ပိုမိုထင်ရှားလာမည် ဖြစ်သည်။ ထို့အပြင် ရုရှားက ထောက်ခံပေးထားသော အစိုးရတပ်များအနေနှင့်လည်း စစ်ရေးအသာစီးရနေချိန်တွင် တိုက်ခိုက်မှုကို လချီရပ်တန့်စရာမလိုဘဲ သူပုန်များ လက်နက်ချ သို့မဟုတ် ဒေသမှ စွန့်ခွာသွားသည်အထိ ဆက်လက်တိုက်ခိုက်နိုင်မည် ဖြစ်သည်။ ယင်းမှာ သူပုန်အဖွဲ့အချို့ကို ထောက်ပံ့ပေးထားသော အမေရိကန်အတွက်မူ ထိုးနှက်ချက်တစ်ရပ် ဖြစ်လာမည်လည်း ဖြစ်သည်။
Source : https://goo.gl/R9s9XH
via IFTTT
Source : https://goo.gl/R9s9XH
via IFTTT
Mizzima - News in Burmese
ငြိမ်းစုစီဥပဒေပြင်ရန် ကြိုးပမ်းခြင်းက လူထုရဲ့ အင်အားကို ကြောက်လို့ဟု ကြံ့ခိုင်ရေးပါတီ ဝေဖန် နေပြည်တော်(မတ်လ ၁ရက်၊ ၂၀၁၈ခုနှစ်)။ ။ ငြိမ်းစုစီဟု လူသိများသည့် ငြိမ်းချမ်းစွာနှင့် စုဝေခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်ရန် အာဏာရပါတီက လွှတ်တော်တွင် ကြိုးပမ်းလာမှုအပေါ် အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဖြစ်သူ ဦးသန်းဌေးက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။ အဆိုပါ ငြိမ်းစုစီဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းခြင်းမှာ ပြည်သူများ၏ အခြေခံဥပဒေပါ အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ခြင်း ဖြစ်သည်ဟု ဦးသန်းဌေးက ဝေဖန်သည်။ “အဲ့ဒီ ကန့်သတ်ချက်တွေ ဘာ့ကြောင့်လုပ်သလဲ။ ပြည်သူလူထုရဲ့ အင်အားကို ကြောက်လို့” ဟု ၎င်းက ဆိုသည်။ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အမတ်ဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုးက ဖေဖော်ဝါရီ ၁၉ရက်က အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။ ယင်းဥပဒေကြမ်း၏ ရည်ရွယယ်ချက်နှင့် ကျိုးကြောင်းဖော်ပြချက်တွင် “ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ရာတွင် ဥပဒေ၏ အကာအကွယ်ကို အခွင့်အရေးအဖြစ် အသုံးပြု၍ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို သိလျက်နှင့် တမင်အဖျက်အမှောင့်လုပ်ရပ်များဖြင့် နှောင့်ယှက်ဖျက်ဆီးမည့် အန္တရာယ်မှ ကာကွယ်ဟန့်တားရန်” ဟူ၍ ဖော်ပြထားသည်။ ဥပဒေကြမ်းအရဆိုလျှင် ငြိမ်းချမ်းစွာ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ပြုလုပ်လိုသူများသည် ပြုလုပ်မည့် အစီအစဉ် အသေးစိတ်၊ ခန့်မှန်းလူဦးရေအပြင် ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက မည်သူဖြစ်သည်ကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ကြိုတင် အသိပေးရမည် ဖြစ်သည်။ ထို့ပြင် ဥပဒေကြမ်း၏ ပုဒ်မ ၁၈တွင် “မည်သူမဆို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးတို့ကို ပျက်ပြားစေရန် အကြံဖြင့် ဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေဖြစ်နိုင်ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ငွေ သို့မဟုတ် ပစ္စည်းကိုသော်လည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခုကို သော်လည်းကာင်း သုံးစွဲ၍ သူတစ်ဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းတို့ကိုပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟူ၍ ဖြည့်စွက်ထားသည်။ ထိုဥပဒေကြမ်းပါ ပြင်ဆင်ချက်များအပေါ် ဦးသန်းဌေးက “ခင်ဗျားစိတ်ထဲမှာ ကြံနေတယ်လို့ ယူဆရင် ခင်ဗျား အရေးယူခံရမယ်။ ခင်ဗျားစိတ်ထဲမှာ ကြံတာ မကြံတာကို ဘာနဲ့ တိုင်းတာမလဲ။ ခင်ဗျား ဒီလို ကြံပါတယ်လို့ ဘာနဲ့ စွပ်စွဲမလဲ” ဟုဆိုကာ “ဒါသာ အတည်ပြုရင် ဥပဒေသည် မျှော့ကြိုးကဲ့သို့ ဖြစ်သွားမယ်” ဟု ၎င်းက ပြောသည်။ ထို့ပြင် “ဒီမိုကရေစီခေတ်၊ ဒီမိုကရေစီကာလလို့ ပြောတဲ့အချိန်မှာ အခြေခံဥပဒေက ပေးထားတဲ့ ခင်ဗျားတို့ရဲ့ အခွင့်အရေးတွေ လည်ပင်းညှစ်ခံနေရပြီ” ဟုလည်း ဦးသန်းဌေးက ဝေဖန်သည်။ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ကူးတို့ဆိပ်အုပ်စုတွင် ဖေဖော်ဝါရီ ၂၇ရက်က ပြုလုပ်သည့် ရွှေပြည်သာကျေးရွာနှင့် သစ်ဆိမ့်ပင်ကျေးရွာ ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်းအနားတွင် ဦးသန်းဌေးက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ NLD ဦးဆေင်သည့် အစိုးရ၏ နှစ်နှစ်တာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍လည်း “ဒီ နှစ်နှစ်အတောအတွင်းမှာပဲ မိမိတို့ရဲ့ ပတ်ဝန်းကျင်အခြေအနေ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း ကိုယ်တိုင်ပဲ သုံးသပ်ကြပါ” ဟုလည်း ဦးသန်းဌေးက အဆိုပါ အခမ်းအနားတွင် ပြောဆိုခဲ့သေးသည်။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သည့် လွှတ်တော်သက်တမ်းဖြစ်သော ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စတင်ပြဌာန်းခဲ့သည်။ ထို့နောက် ၂၀၁၄ခုနှစ်၊ ဇွန်လတွင် ပထမဆုံးအကြိမ်အဖြစ် ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့သည်။ ထို့နောက် NLD ဦးဆောင်သည့် လွှတ်တော်သက်တမ်းစစချင်း ၂၀၁၆ခုနှစ်၊ အောက်တိုဘာလတွင်လည်း ထိုဥပဒေကို ဒုတိယအကြိမ် ပြန်လည် ပြန်ဆင်ခဲ့သေးသည်။
Source : http://ift.tt/2t7IJNe
via IFTTT
Source : http://ift.tt/2t7IJNe
via IFTTT
NCA လမ်းကြောင်းကနေ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲကို တက်လှမ်းမယ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့ဝင် အဖွဲ့အစည်း ၂ ခုဖြစ်တဲ့ မွန်ပြည်သစ် ပါတီ (NMSP) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အစိုးရ နဲ့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ UNFC အနာဂတ်နဲ့ ပတ်သက် ပြီး အစည်းအဝေး တရပ် ပြုလုပ်ခဲ့ပါတယ်။ ချင်းမိုင်မြို့မှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ချင်းအမျိုးသား တပ်ဦး (CNF)နဲ့ ကချင်အမျိုးသား အစည်းအရုံး (KNO) တို့ကို အဖွဲ့ဝင်အဖြစ် လက်ခံဖို့ ဆွေးနွေးခဲ့ကြသလို UNFC ရှေ့ဆက် ရပ်တည်မယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးမှာUNFC အနာဂတ်အရေး ဆွေးနွေးချက်တွေ အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်သွားမယ့် အခြေ အနေနဲ့ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ရဲ့ တနိုင်ငံ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ် (NCA) ထိုးနိုင်မယ့် အခြေအနေတွေကို UNFC အထွေထွေ အတွင်းရေးမှူးလည်းဖြစ် KNPP ခေါင်းဆောင် တဦးလည်း ဖြစ်တဲ့ ခူဦးရယ် ကို ဧရာဝတီ သတင်းထောက် ကျော်ခ က တွေ့ဆုံ မေးမြန်းထားပါတယ်။ မေး။ ။ ဒီ UNFC အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးဖြစ်သလဲဆိုတာ အရင်ဆုံး ရှင်းပြပေးပါဦး။ ဖြေ။ ။ ဒီအစည်းအဝေးကတော့ ကျနော်တို့ ကောင်စီ နှစ်ပတ်လည် အစည်းအဝေးဖြစ်ပါတယ်။ ညီလာခံပြီးတဲ့ နောက်မှာ ဌာနအလိုက် ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းအားလုံး အရပ်ရပ်တွေ ပါမယ်။ သွားနေတဲ့ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ် ဆောင်ရွက်မှု လုပ်ငန်းစဉ်တွေလည်း ပြန်လည်သုံးသပ်တာပေါ့။ နောက် ကျနော်တို့ အဖွဲ့အစည်းတွေရဲ့ အခြေအနေ တပ်ပေါင်းစုရဲ့ အခြေအနေ အရပ်ရပ် နှစ်ပတ်လည်မှာ ကျနော်တို့ လုပ်ရိုးလုပ်စဉ် အတိုင်း သုံးသပ်စရာ တင်ပြစရာ အစီရင်ခံစာတွေကို ကျနော်တို့ အဓိကထား ဆွေးနွေးပါတယ်။ အထူးသဖြင့် ကတော့ ကျနော်တို့မှာ ဌာနဆိုင်ရာ လုပ်ငန်းအစီရင်ခံစာတွေ တင်သွင်းတာတွေရှိတယ်။ နောက်တခါ ရှေ့လုပ်ငန်းစဉ် ချမှတ်မယ့်ဟာတွေ ရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ အခုသွားနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်းပဲ ပြန်လည်သုံးသပ်မှုတွေ လုပ်နေတာရှိပါ တယ်။ လောလောဆယ်တော့ အားလုံးလည်း ယဉ်ပါးနေပြီးသား အခြေအနေတွေဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက် လို့ အများကြီးတော့ ပြောစရာမရှိပါဘူး။ သွားနေတဲ့ လမ်းကြောင်းရယ် အခုကျနော်တို့ ဘယ်အခြေအနေ ရောက်နေလဲ အဲဒီလိုသုံးသပ်မှုတွေပဲ ကျနော်တို့ လုပ်ပါတယ်။ မေး။ ။ အခုအချိန်မှာ UNFC ထဲက မွန်ပြည်သစ်နဲ့ လားဟူ တို့က ဒီလ ၁၃ ရက်နေ့မှာပဲ နေပြည်တော်မှာ အစိုးရနဲ့ NCA စာချုပ် လက်မှတ် ရေးထိုးခဲ့ကြတယ်။ ဒီ ၂ ဖွဲ့ လက်မှတ် ထိုးပြီးတဲ့နောက်မှာ UNFC ဘယ်လို ဆက်သွားမလဲ ဆိုပြီးတော့ အများကလည်း စိတ်ဝင်စားနေကြတယ်။ UNFC ထဲက ခေါင်းဆောင်တယောက် အနေနဲ့ ဘယ်လိုပြောချင် လဲ။ ဖြေ။ ။ အေးပေါ့။ သတင်းမီဒီယာတွေ အပေါ်မှာတော့ ရေးကြ၊ ဖွကြတာတွေတော့ ကျနော်တို့လည်း တွေ့ပါတယ်။ ကျနော် တို့ UNFC စုဖွဲ့မှုဟာ NCA အခြေခံနဲ့ စုဖွဲ့ကြတာ မဟုတ်ပါဘူး။ ကုန်ကုန်ပြောရရင် ဖက်ဒရယ် ပြည်ထောင်စု ကို စုဖွဲ့ကြတာပါ။ အဲဒီတော့ NCA ဆိုတာက ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ အဆင့်တဆင့်ပဲ ဖြစ်ပါတယ်။ အဲဒါ လည်း တလျှောက်လုံး NCA ဆိုပြီးတော့ ကျနော်တို့ စခဲ့ကြတာလေ။ ဒါက UNFC စခဲ့တာလည်း မဟုတ်ပါဘူး။ တိုင်းရင်းသား အားလုံး UNFC ရော အဖွဲ့မဝင်သေးတဲ့ ဘဝတူ တိုင်းရင်းသား အဖွဲ့အစည်းတွေရော ရေးဆွဲချမှတ်ခဲ့တဲ့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး သဘောတူစာချုပ် မူပါပဲ။ ကွဲပြားနေတာကတော့ ကျနော်တို့ အရင်လက်မှတ် ထိုးနှင့်တဲ့လူတွေနဲ့ လောလောဆယ် လက်မှတ်ထိုးဖို့ အတွက် အဆင် မပြေသေးတဲ့ အဖွဲ့အစည်းရယ်လို့ ကွဲနေတာပဲ ရှိပါတယ်။ ဒါပေမယ့် ရည်မှန်းချက်ကတော့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုတော့ ကျနော်တို့ အဲဒီအပေါ်မှာပဲ စုဖွဲ့ကြတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ လက်ရှိ ကျနော်တို့ ရှိနေတဲ့ အဖွဲ့အစည်းတွေ၊ အရေအတွက် ကျလာတာတွေ၊ နုတ်ထွက်မှုတွေ ရှိခဲ့တာတွေကတော့ တည်ရှိ နေတဲ့ အခြေအနေတွေ၊ အခက်အခဲတွေနဲ့ ဖိအားတွေကြောင့် တချို့ကတော့ မလွှဲမရှောင်သာ နုတ်ထွက် သွားတယ် ဆိုတဲ့ သဘောပါပဲ။ ဆန္ဒ အလျှောက် နုတ်ထွက်သွားတယ် ဆိုတာမျိုး မဟုတ်ပါဘူး။ ဒါအခြေအနေ အကြောင်း ကြောင်း ကြောင့် ဖြစ်တာပါ။ လက်ရှိမှာလည်းပဲ ကျနော်တို့ ဒီရှိနေတဲ့ အဖွဲ့အစည်းတွေထဲက မကြာခင်တုန်းက မွန်ပြည်သစ် ပါတီနဲ့ LDU တို့ NCA လက်မှတ် ရေးထိုးသွားတယ် ဆိုတာက NCA ပဲထိုးသွားတာ ဖြစ်တယ်။ UNFC ရဲ့ မူဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ် ဆိုတဲ့ လမ်းကြောင်းကနေ သွေဖည်တာ မဟုတ်ပါဘူး။ နောက် ကျနော်တို့ UNFC တခုလုံးကလည်း CNA လမ်းကြောင်းသွားမယ် ဆိုတဲ့ အခြေခံ ရပ်တည်ချက်ကလည်း မူလကတည်းက အတူတူဖြစ်ပါတယ်။ ကွဲလွဲတာ တွေတော့ မဟုတ်ပါဘူး။ ဒါကြောင့် အဖွဲ့ဝင် အဖွဲ့အစည်းတွေကတော့ ရှိမြဲအတိုင်းပဲ ရှိနေပါတယ်။ မေး။ ။ ဒီကောင်စီ အစည်းအဝေးမှာ အဖွဲ့ဝင်အသစ်တွေ လက်ခံတာရှိတယ်လို့ သိရတယ်။ အဲဒါဟုတ်လား။ ဟုတ်တယ် ဆိုရင် ဘယ်အဖွဲ့တွေများလဲ ခင်ဗျ။ ဖြေ ။ ။ ဒီမှာကတော့ လောလောဆယ် ဆုံးဖြတ်ထားတာကတော့ မူလတုန်းက အဖွဲ့ဝင်အဖြစ်ကနေ ယာယီရပ်စဲ ထားတဲ့ ချင်းအမျိုးသား တပ်ဦး (CNF) ကိုအဖွဲ့ဝင်အဖြစ် ပြန်လည်လက်ခံတဲ့ ဆုံးဖြတ်ချက်ပဲရှိပါတယ်။ အဖွဲ့ဝင်သစ် ရယ် လို့တော့ မဟုတ်ပါဘူး။ KNO လည်း ပြန်လည် လက်ခံဖို့ ဆိုတဲ့ ဆွေးနွေးချက်တွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီ KNO ကြတော့ အခြေအနေ အကြောင်းကြောင်း ကြောင့်ပေါ့နော် ကျနော်တို့ အရေးပေါ် ညီလာခံတခုကျင်းပပြီးတော့ ဒီအရေးပေါ် ညီလာခံမှာ ပြန်လည်လက်ခံသွားမယ် ဆိုတဲ့ သဘောမျိုးကိုတော့ အများသဘောတူ ဆုံးဖြတ်ထားတာမျိုး ရှိပါတယ်။ မေး။ ။ အရေးပေါ် ညီလာခံက ဘယ်တော့လောက် လုပ်ဖြစ်မလဲ ခင်ဗျ။ ဖြေ။ ။ ဒါလည်း ကျနော်တို့ ညီလာခံသက်တမ်းက ၂ နှစ်လေ။ ၂ နှစ်ဆိုတော့ တနှစ်ပြည့်တဲ့ အချိန်မှာ လုပ်ငန်းလိုအပ် ချက် အရ အရေးပေါ် ညီလာခံခေါ်ဖို့ လိုအပ်မလား။ လိုအပ်မယ်ဆိုရင် အဲဒီအချိန်ကြရင် ခေါ်ဖို့ မှန်းထားတာပေါ့။ မေး။ ။ UNFC ထဲက KNPP နဲ့ ရခိုင် အမျိုးသား ကောင်စီ (ANC) က လက်မှတ် မထိုးရသေးဘူး ဆိုတော့ အဲဒီ အတွက်ရော UNFC အနေနဲ့ပဲ ဆက်သွားကြမလား ဘယ်လိုမျိုးရှိလဲ ခင်ဗျ။ ဖြေ။ ။ ကျနော်တို့ ဒီအတိုင်းပဲ ဆက်သွားဖို့ ရှိပါတယ်။ ပြောရရင်တော့ SSPP (ရှမ်းပြည် တိုးတက်ရေး ပါတီ) လည်း ကျနော်တို့ အဖွဲ့ဝင်အဖြစ်က တရားဝင် မရပ်စဲထားပါဘူး။ မထုတ်ပယ်ထားပါဘူး။ ဒါက ကျနော်တို့ ညီလာခံမှာမှ ဆုံးဖြတ်ရမယ့် ကိစ္စတွေဖြစ်ပါတယ်။ SSPP က သူတို့ ကိုယ်စားလှယ်ကိုတော့ ဆက်လက် ထားရှိနေတာပါပဲ။ ကြား ကာလမှာ တရားဝင်လည်း ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးလေ။ ညီလာခံကြမှပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အခါကြတော့ ကျနော်တို့ ညီလာခံကိုပဲ ရွှေ့ထားတာဖြစ်ပါတယ်။ မေး။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ရှေ့ဘယ်လို ဆက်သွားမလဲ ဆိုတာကိုရော ဆွေးနွေးပြီးကြပြီလား။ ဖြေ။ ။ ကျနော်တို့ကတော့ NCA လမ်းကြောင်းကနေ တဆင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲကို တက်လှမ်းမယ်လို့ အခြေခံ သဘောထား မူလကတည်းက ရှိတယ်လေ။ ခုနက ပြောခဲ့သလိုပါပဲ။ NCA ထိုးနှင့်ပြီးသား အဖွဲ့တွေကတော့ ကျနော်တို့ NCA လမ်းပြမြေပုံ ၇ ဆင့် အရ အခြေပြုပြီးတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး မူဘောင်ကလည်း ရေးဆွဲ ထားတာဆိုတော့ အဲဒီမူဘောင် အတိုင်းပဲ လိုက်ပါဆောင်ရွက်ဖို့ ရှိပါတယ်။ လောလောဆယ်မှာ NCA အခင်းအကျင်း ကို မဝင်နိုင်သေးတော့ ဝင်နိုင်တဲ့ အချိန်ကြလို့ရှိရင်လည်း ဒီလမ်းကြောင်းအတိုင်းပဲ သွားမယ့် အနေအထားမျိုးပါ။ ဒါကြောင့်မလို့ လောလောဆယ်မှာကတော့ ကျနော်တို့ ကွဲပြားတဲ့ အမြင်တွေတော့ မရှိပါဘူး။ ဖြစ်စဉ်ထဲမှာ အခုလောလောဆယ် အကောင်အထည်ဖော်ဖို့ ပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ လောလောဆယ် အကောင် အထည် ဖော်တဲ့ အပိုင်းမှာ မပါဝင်သေးတဲ့ အဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားတွေအပေါ် ကျနော်တို့ကြားထဲမှာ ညှိယူပြီးတော့ အားလုံးရဲ့ သဘောထား ပါဝင်တယ်ဆိုတဲ့ သဘောထားနဲ့ပဲ အကောင်အထည်ဖော်ဖို့ သဘောထား ချမှတ်ပါတယ်။ မေး။ ။ UNFC ကရော အသွင်သစ် ပုံစံမျိုးနဲ့ ဖြစ်လာမလား။ ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်လာမယ်လို့ ပြောလို့ရမလဲ။ ဖြေ။ ။ ဘာမှ မဖြစ်သေးခင်မှာကတော့ ဘာဖြစ်မယ်လို့ ကြိုပြောတာမျိုးတွေ သိပ်လက်တွေ့ မကျဘူးလို့ ထင်ပါတယ်။ မေး။ ။ UNFC ထဲက မွန်ပြည်သစ်နဲ့ LDU တို့ NCA လက်မှတ်ထိုးတဲ့ အခါမှာ KNPP နဲ့ ANC တို့က ဘာလို့ ပါမလာကြ တာလဲ ဆိုပြီး မေးခွန်း ထုတ်လာကြတာလည်း ရှိပါတယ်။ ဒီအပေါ်မှာ ဘာပြောချင်လဲ။ ဖြေ။ ။ ကျနော်တို့ကတော့ ကုန်ကုန်ပြောရလို့ရှိရင် အားလုံး ပါဝင်ရေးလို့လည်း ကျနော်တို့ ပြောနေကြတာပေါ့နော်။ အားလုံး ပါဝင်ရေးကလည်း မူလတုန်းကတော့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အားလုံး ပါဝင်ရေးပေါ့။ ဒါကတော့ မူလက အားလုံးအတူတကွ ချခဲ့တဲ့ မူပါပဲ။ ဒါပေမယ့် နောက်ပိုင်း UNFC အဖွဲ့ အစည်း အတွင်းမှာ ဆွေးနွေးပြီး ချမှတ်တာကတော့ UNFC အဖွဲ့ဝင် အားလုံး ပါဝင်ရေးပေါ့။ ဒါပေမယ့် အခုအချိန်မှာက ကျနော်တို့ အနေနဲ့ မွန်ပြည်သစ်နဲ့ LDU ကတော့ ထိုးသွားတယ်ဆိုတဲ့ သဘောမျိုးပေါ့နော်။ အားလုံးပါဝင်ရေးနဲ့ ပတ်သက်ပြီးတော့ အချိန်ကာလ တခုအထိ ကျနော်တို့ ဆောင်ရွက်တဲ့ အခါမှာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေမျိုး ရောက်တော့ အဖွဲ့ဝင် အဖွဲ့အစည်း ၂ ခုက အခြေအနေ တွန်းပို့အရ လက်မှတ် ထိုး လိုက်ရတဲ့ အခြေအနေမျိုးပါ။ ကျနော်တို့ အနေနဲ့လည်းပဲ ဆက်လက်ပြီးတော့ ညှိနှိုင်း ဆောင်ရွက်သွားဖို့ သဘောထား ရှိပါတယ်။ အခုလည်းပဲ ဆက်လက် ညှိနှိုင်း ဆောင်ရွက်နေဆဲပါ။ ဒီအပေါ်မှာကတော့ အခက်အခဲမရှိပါဘူး။ မေး။ ။ အခုကြားနေတာက KNPP အနေနဲ့ ဒီကြားကာလမှာ bilateral ထိုးသွားမယ်ဆိုတဲ့ သတင်း ကြားနေပါတယ်။ အဲဒါ ဟုတ်လား။ ဖြေ။ ။ ဒါကတော့ တိတိပပ ကံသေ၊ ကံမ ပြောလို့မရပါဘူး။ ကျနော်တို့က တပ်ပေါင်းစုထဲမှာ အဖွဲ့ဝင် အနေနဲ့ ရှိနေ တာ လေ။ ဒါပေမယ့် ကျနော်တို့ အခုတွေ့ဆုံ ညှိနှိုင်းမှုကတော့ အစိုးရဘက်က ကျနော်တို့ကို ဘယ်လိုပုံစံနဲ့ လက်ခံ တွေ့ဆုံမလဲ ဆိုတဲ့ အပေါ်မှာမူတည်ပါတယ်။ ကျနေ်ာတို့ကတော့ တပ်ပေါင်းစုအနေနဲ့ နဂိုကတည်းက အတူတူ သွား နေ တာလေ။ ခုကတော့ ကျနော်ထင်တာကတော့ ကျနော်တို့နဲ့ တသီးတခြား တွေ့မယ်ဆိုတဲ့ အခြေအနေ ဖြစ်ပေါ်လာ တာကတော့ မကြာသေးခင်တုန်းက မွန်ပြည်သစ်နဲ့ LDU လက်မှတ်ထိုးတဲ့ အခင်းအကျင်းမှာ ANC ပါဝင် လက်မှတ် ထိုး မယ်လို့ အခင်းအကျင်း ပြင်ကြတယ်လို့ ကျနော်တို့ အဲဒီလို နားလည်တာပေါ့နော်။ ဒါပေမယ့် ကပ်တဲ့ အခါကြမှပဲ အဆင်မချောလို့ ANC က လိုက်မပါနိုင်ဘူး ဆိုတဲ့ အခြေအနေ ပြောင်းသွားတာဖြစ်ပါတယ်။ အဲဒီအပေါ်မှာကတော့ အစိုးရရဲ့သဘောထားအပေါ် ဘာလဲ ဆိုတာ တိတိပပ ပြောထားတာမရှိပါဘူး။ ဒါပေမယ့် ကျနော် တို့ ကလည်း ကိစ္စရပ် တခုတည်း မဟုတ်ဘူးလေ။ မကြာခင်တုန်းကလည်း ကျနော်တို့ ရဲဘော် ၃ ဦးနဲ့ အရပ် သား တဦး အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့လည်း ညှိနှိုင်းဆောင်ရွက်ဖို့ ရှိတော့ ပြောရရင်တော့ ဒီကိစ္စရပ်ဟာ လည်း ကျနော်တို့ အတွက် ဒီငြိမ်းချမ်းရေး ညှိနှိုင်းမှု ဖြစ်စဉ်အတွက် ဝင်ပြီးတော့ အဟန့်အတား ဖြစ်သွား သလိုလည်း ပါပါတယ်။ ဒါကြောင့်လည်း ကောက်ခါ၊ ငင်ခါ လက်မှတ်ထိုးပွဲမှာ ပါဝင်ဖို့ ဆုံးဖြတ်ချက် ချဖို့ မဖြစ်နိုင်တာပါ။ မေး။ ။ KNPP ထဲမှာရော NCA ထိုးရေး၊ မထိုးရေး ကိစ္စနဲ့ပတ်သက်ပြီး သဘောထား ဘယ်လိုရှိကြလဲ။ ဖြေ။ ။ လောလောဆယ်ကတော့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့ ဖြစ်ပေါ် တိုးတက်မှု အပေါ်မှာ လည်း မူတည်တာပေါ့။ ညှိနှိုင်းရဦးမှာလေ။ ညှိနှိုင်းရလာတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ အားလုံးကတော့ ထိုးမယ် မထိုးဘူး ဆိုတဲ့ သဘောထား ကွဲလွဲတာတော့ မရှိပါဘူး။ ကျနော်တို့ကတော့ NCA လမ်းကြောင်း သွားမယ် ဆိုတဲ့ အခြေခံနဲ့ ညှိနှိုင်းဆွေးနွေးတာလေ။ အဲဒီတော့ ထိုးမယ်၊ မထိုးဘူးဆိုတဲ့ သဘောထားကိုမေးရင် ကျနော်တို့က ဘယ်သူ မှ မပြော ဘူး။ ထိုးမယ်လို့ ယူဆလို့ သဘောထားကျလို့လည်း ညှိနှိုင်းနေတာလေ။ အဲဒီတော့ ညှိနှိုင်းတဲ့ ဖြစ်စဉ်က ရလဒ် အပေါ်မှာ ပဲ မူတည်ပြီးတော့ ပြောရမှာပဲ ဖြစ်တယ်။ မေး။ ။ မကြာခင်ရက်ပိုင်းမှာ ကျင်းပမယ့် KNPP ၆ လပတ် အစည်းအဝေးမှာ NCA ထိုးရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် တစုံတရာ ကျလာနိုင်မယ့် အနေအထားရှိလား။ ဖြေ။ ။ ဒါလည်း ကျနော်တို့ မပြောနိုင်ပါဘူး။ ခုနပြောသလို တွေ့ဆုံဆွေးနွေးမှုက ကျလာမယ့် ရလဒ် အပေါ်မှာ မူတည် ပါတယ်။ ဒါပဲ ပြောဖို့ ရှိပါတယ်။ ။ The post NCA လမ်းကြောင်းကနေ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲကို တက်လှမ်းမယ် appeared first on ဧရာဝတီ.
Source : http://ift.tt/2F3XaYi
via IFTTT
Source : http://ift.tt/2F3XaYi
via IFTTT
Subscribe to:
Posts (Atom)