Sunday, April 1, 2018

The Voice

သူလျှိုအဆိပ်ခတ်မှု ပြဿနာ တင်းမာမှုကြောင့် ၂၃ နိုင်ငံမှ သံတမန်များကို ရုရှားနှင်ထုတ် မော်စကို၊ မတ် ၃၁ ဆာလစ်ဗျူရီအဆိပ် လုပ်ကြံမှုပြဿနာ တင်းမာမှုကြောင့် မျက်မှောက်ခေတ်ကာလတွင် လှံလှံချင်း၊ ဓားဓားချင်း အကြီးမားဆုံး လက်တုံ့ပြန်မှုအဖြစ် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ သံတမန်များကို ရုရှားက နှင်ထုတ်လိုက်သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။ အီးယူအဖွဲ့ဝင် ၂၃ နိုင်ငံမှ သံတမန်အကြီးအကဲများကို ဆင့်ခေါ်လိုက်ပြီး သံတမန်အချို့ တိုင်းပြည်မှထွက်ခွာရန် အသိပေးလိုက်သည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။ ပြင်သစ်၊ ဂျာမနီ၊ ကနေဒါ၊ ပိုလန်နိုင်ငံတို့မှ သံတမန်လေးဦးစီအိမ်ပြန်ရမည်ဖြစ်ပြီး၊ နယ်သာလန်၊ ဆွီဒင်၊ ချက်ရီပတ် ဘလစ်၊ ဖင်လန်၊ လစ်သူရေးနီးယား၊ နော်ဝေးတို့မှ သံတမန်အချို့လည်း ရုရှားမှ ထွက်ခွာရမည်ဖြစ်သည်။ ယူကရိန်းသံတမန် ၁၃ ဦးလည်း ရုရှားမှ ထွက်ပေးရမည်ဖြစ်သည်။ ဗြိတိန်တောင်ပိုင်း ဆာလစ်ဗျူရီတွင် ရုရှားသူလျှိုဟောင်း စခရီပယ်နှင့် သမီးဖြစ်သူတို့ အဆိပ်ဖြင့် လုပ်ကြံခံရမှုတွင် နောက်ကွယ်မှ ရုရှားတို့ ပါဝင်ပတ်သက်ခဲ့မှုနှင့်ပတ်သက်ပြီး ဗြိတိန်နှင့် မဟာမိတ်နိုင်ငံများက ရုရှားသံတမန်များကို အသီးသီး နှင်ထုတ်ခဲ့မှုအပေါ် မော်စကိုကလက်တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ “ဒါက အံ့အားသင့်စရာ မဟုတ်ပါဘူး” ဟုနယ်သာလန် နိုင်ငံခြားရေးဌာနက မှတ်ချက်ပေးသည်။ အဆိုပါ ရုရှားစစ်တပ်သုံး အာရုံကြောအဆိပ်ဖြင့် လုပ်ကြံမှုအပေါ် ဓာတုလက်နက် တားမြစ်ရေးအဖွဲ့အစည်း၏ စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းကူညီရန် ရုရှားကိုအီးယူက တောင်းဆိုထားသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဗြိတိန်သံတမန်များကို ရုရှားသံတမန်အရေအတွက်နှင့် အညီလျှော့ချရန် အချိန်တစ်လပေးထားသည်။ ယခုနောက်ဆုံးဖြစ်စဉ်များသည် မလိုလားအပ်သောကိစ္စများဖြစ်သည်ဟု ဗြိတိန်အစိုးရက ပြစ်တင်ရှုတ်ချလိုက်ပြီး ဗြိတိန်မြေပေါ်တွင် အရပ်သားနှစ်ဦးကို ဥပဒေမဲ့လုပ်ကြံရန် ကြိုးစားမှုအတွက် ရုရှားနိုင်ငံကို အပြစ်တင်ရန်သာရှိကြောင်း ထပ်မံကြေညာခဲ့သည်။ ရုရှားဘက်ကလည်း ဘယ်လ်ဂျီယံ၊ ဟန်ဂေရီ၊ ဂျော်ဂျီယာ၊ မွန်တီနီဂရိုးနိုင်ငံများမှ ရုရှားသံတမန်များ နှင်ထုတ်ခံရမှုကိုလည်း လက်တုံ့ပြန်သွားမည်ဟု ပြောကြားသည်။ ဗြိတိန်နှင့် မဟာမိတ်များအပေါ် လက်တုံ့ပြန်အရေးယူမှုများချမှတ်သည့် အစည်းအဝေးကို သမ္မတပူတင်ကိုယ်တိုင် ကြီးမှူးလုပ်ဆောင်ခဲ့သည်။ အနောက်အုပ်စုနှင့် သံတမန်စစ်ပွဲကို ရုရှားဘက်က စတင်ခြင်း မဟုတ်ဟုပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပီထရော့က ပြောကြားသည်။ အမေရိကန် သံတမန် ၆၀ ကိုလည်း နှင်ထုတ်မည်ဖြစ်ပြီးစိန့်ပီတာစဘတ်ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကိုပိတ်သိမ်းမည်ဟုလည်း မော်စကိုက ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာထားသည်။ ယခုပြဿနာတွင် အနောက်အုပ်စု နိုင်ငံများမှ နှင်ထုတ်ခံရသောရုရှားသံတမန် စုစုပေါင်း ၁၅၀ ကျော်သည်ဟု သိရှိရသည်။ ရုရှားတို့သည် နှစ်နိုင်ငံဆိုင်ရာကိစ္စရပ်များတွင် ဆွေးနွေးညှိနှိုင်းရန် စိတ်မဝင်စားကြောင်း ထင်ရှားသည်ဟုအမေရိကန် နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်သည်။ အမေရိကန် သံတမန်များနှင်ထုတ်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုယိုယွင်းသွားစေသည်ဟု အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံဆာရာဆန်ဒါက မှတ်ချက်ပေးသည်။ ထိုအတောအတွင်း ဆာဂျီစခရီပယ်တို့သားအဖ ဆေးကုသမှုခံယူနေသော ဆေးရုံက သမီးဖြစ်သူ ယူလီယာ ၃၃ နှစ်မှာ မြန်မြန်ဆန်ဆန် နေကောင်းလာပြီဖြစ်ကြောင်းနှင့် စခရီပယ် ၆၆ နှစ်မှာစိုးရိမ်ရဆဲဖြစ်သော်လည်း အခြေအနေတည်ငြိမ်လာပြီဖြစ်ကြောင်း ကြာသပတေးနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။
Source : https://goo.gl/grHsK2
via IFTTT

The Voice

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဘိုကတော်ကျေးရွာအုပ်စု အင်ဒိုင်းကျေးရွာအနီး အင်ဒိုင်းဆည်မှ ရေပေးဝေသည့်မြောင်းအတွင်း၌ သေဆုံးနေသည့် အမျိုးသမီး ၂ ဦးအလောင်းကို မတ်လ ၃၀ ရက်နေ့က တွေ့ရှိကြောင်း တောင်ငူမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းထံမှ သိရသည်။ မတ်လ ၂၉ ရက်နေ့လယ်ပိုင်းက အင်ဒိုင်းကျေးရွာနေ ဒေါ်စန်းစန်းအေး (၁၈ နှစ်) ဆိုသူသည် တစ်ရွာတည်းအတူနေသူဒေါ်စန်းစန်းဝင်း (၂၂ နှစ်) ကို ဆိုင်ကယ်ဖြင့်ခေါ်ဆောင် မောင်းနှင်သွားပြီးနောက် ညပိုင်းအထိပြန်မလာသဖြင့် လိုက်လံရှာဖွေသော်လည်း မတွေ့ခဲ့ဘဲ မတ်လ ၃၀ ရက်နေ့တွင်ထပ်မံရှာဖွေရာမှ ညနေ ၅ နာရီခွဲခန့်တွင် အင်ဒိုင်းဆည်မင်းလက်တံတစ်ခုတွင် ရေနစ်သေဆုံးနေသည့်ပုံစံဖြင့်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း တောင်ငူမြို့နယ်အမှတ် (၂) နယ်မြေရဲစခန်းထံမှ သိရသည်။ "အလောင်းတွေ တွေ့တဲ့အချိန်မှာ ရေနစ်သေဆုံးထားတဲ့ လက္ခဏာလို့ယူဆရတဲ့ အနေအထားတွေ့ရတယ်။ လက်ရှိ အချိန်ထိတော့ ဆိုင်ကယ်ကိုရှာဖွေနေဆဲ ဖြစ်ပါတယ်။ အရှိန်လွန်ပြီး ဆိုင်ကယ်ပြုတ်ကျပုံရပါတယ်” ဟု အမှတ် (၂) နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါအမှုနှင့် ပတ်သက်ပြီး တောင်ငူမြို့နယ် အမှတ် (၂)နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ် ၃/၂၀၁၈ ဖြင့် အမှုဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။
Source : https://goo.gl/67rjQk
via IFTTT

Myanmar Fire Services Department

၁.၄.၂၀၁၈ ရက်နေ့၊ ၁၆းဝဝ အချိန်၊ မြောက်ဥက္ကလာမြို့နယ်၊ဌ ရပ်ကွက်၊ ပုလဲ ၁ လမ်းတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် level 2 ယာဉ်အုပ်စုများထွက်ခွာလျှက် ငြှိမ်းသတ်လျှက်ရှိပါသည်။
Source : https://ift.tt/2pWfd8c
via IFTTT

Eleven Broadcasting

အသင်းကြီးအားလုံး အနိုင်ရရှိခဲ့သည့် စနေနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်ရလာဒ်များ ပေါ်ထွက်ခဲ့ (ရုပ်သံ) စနေနေ့ညရဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရာမှာ အသင်းကြီးတွေ ဖြစ်တဲ့ မန်ယူ လီဗာပူးနဲ့ မန်စီးတီး တို့ အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။
Source : https://ift.tt/2J8T1k7
via IFTTT

The Voice

၁၅ နှစ်အရစ်ကျ အိမ်ရာ ဝယ်ယူနိုင်မည့် အစီအစဉ် AYA Bank မိတ်ဆက် ရန်ကုန်၊ မတ် ၃၁ အိမ်ရာဝယ်ယူလိုသူများအနေနှင့် မိမိဝယ်ယူလိုသည့် အိမ်၊ ခြံ၊ မြေတိုက်ခန်း၏ ၃၀ ရာခိုင်နှုန်းပေးသွင်းပြီး ၁၅ နှစ် အရစ်ကျစနစ်ဖြင့် အိမ်ရာဝယ်ယူနိုင်မည့် AYA Home Loan Launch အစီအစဉ်ကို မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုတယ် ရန်ကုန်မက်စ်ဟိုတယ်တွင် စတင်မိတ်ဆက်ခဲ့သည်။ ဧရာဝတီဘဏ် အိမ်ရာချေးငွေ အစီအစဉ်ဖြင့် ဘဏ်နှင့် မိတ်ဖက် ဆောက်လုပ်ရေးများထံမှ ၇၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးထားသည့် အိမ်ရာများနှင့် ကိုယ်တိုင် ရွေးချယ်သည့် အစီအစဉ်ဖြင့် ၁၀၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးသည့် ကျပ်သိန်း ၂၀၀ မှစတင်၍ တိုက်ခန်း၊ ကွန်ဒိုနှင့် အသင့် နေထိုင်နိုင်သည့်အိမ်ရာများ စသည့် အစီအစဉ်နှစ်မျိုးဖြင့် ရွေးချယ် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ အိမ်ရာနှင့် တိုက်ခန်းများကို စရန်ငွေ ၃၀ ရာခိုင်နှုန်း၊ အတိုးနှုန်း ၁၃ ရာခိုင်နှုန်းနှင့် ၁၅ နှစ်ကြာသည်အထိ အရစ်ကျပေးချေနိုင်မည်ဖြစ်ကာ သက်တမ်းစေ့ချိန်တွင် အတိုးအရင်းပါ ပေးချေပြီးစနစ်ဖြစ်ကြောင်း ဧရာဝတီဘဏ်ထံမှ သိရသည်။ “အခုလို အိမ်ရာ အရစ်ကျဝယ်ယူတဲ့အစီအစဉ်ကို အများပြည်သူကို စတင် မိတ်ဆက်နိုင်တဲ့အတွက် ဝမ်းသာမိပါတယ်။ အိမ်ပိုင်၊ ရာပိုင်ဖြစ်အောင် အခွင့်အရေးတွေ ဖော်ဆောင်ပေးခြင်းအားဖြင့် တိုင်းပြည်ရဲ့စီးပွားရေး၊ ဆောက်လုပ်ရေးကဏ္ဍကို အားဖြည့်ကူညီရာ ရောက်ပါတယ်”ဟု ဧရာဝတီဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြင့်ဇော်က ပြောကြားသည်။ ဘဏ်မိတ်ဖက်အိမ်ရာပြခန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများထဲမှ မိမိတို့နှင့်ထိုက်တန်သည့် အိမ်ရာအရစ်ကျပမာဏကို အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ကူညီရွေးချယ်ပေးသွားမည်ဖြစ်ပြီး ဘဏ်မိတ်ဖက်များထံမှမဟုတ်ဘဲ ပြင်ပ အိမ်၊ ခြံ၊ မြေဈေးကွက်ထဲမှ သင့်လျော်နှစ်သက်ရာ အိမ်ရာများကိုလည်း ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိကြောင်း ၎င်းကပြောဆိုသည်။ လျှောက်ထားသူများသည် မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ရပ်ကွက်ထောက်ခံစာမူရင်း၊ ဝင်ငွေ အထောက်အထားဆိုင်ရာ စာရွက်စာတမ်းများ၊ ကုမ္ပဏီဝန်ထမ်း (သို့) အစိုးရဝန်ထမ်း ထောက်ခံစာ၊ လစာပြေစာ သုံးလစာ၊ ခြောက်လအတွင်း ဘဏ်စာရင်း ရှင်းတမ်း၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ပါက ကုမ္ပဏီနှင့်ပတ်သက်သည့် မှတ်ပုံတင် စာရွက်စာတမ်းများ၊ အရှုံးအမြတ်စာရင်းများ လိုအပ်ကြောင်း ဧရာဝတီဘဏ်ထံမှ သိရသည်။ အိမ်ရာလျှောက်ထားသူများကို သီတင်းနှစ်ပတ်မှ သုံးပတ်အတွင်း ဝယ်ယူလိုသည့်အိမ်ရာအတွက် ချေးငွေ ရ၊ မရကို အကြောင်းကြားသွားမည်ဖြစ်ပြီး အိမ်ရာ အရစ်ကျ အရောင်းပြပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ သုံးရက်တိုင်တိုင် ပြုလုပ်မည်ဖြစ်ကြောင်း ဧရာဝတီဘဏ်ထံမှ သိရသည်။
Source : https://goo.gl/GgnDmd
via IFTTT

The Voice

ရှစ်လေးလုံးပါတီ အမည်ပြောင်းမည် ရန်ကုန်၊ မတ် ၃၁ ၈၈ မျိုးဆက် ကျောင်းသားဟောင်း အများစုဖြင့် ဖွဲ့စည်းထားသည့် ရှစ်လေးလုံးပါတီကို အမည်ပြောင်းလဲရန် မတ်လ ၃၁ ရက်က ကျင်းပခဲ့သော ပါတီဖြစ်မြောက်ရေး ဗဟိုကော်မတီ အစည်းအဝေးက အကြမ်းဖျင်း ဆုံးဖြတ်ခဲ့ကြောင်း ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ကိုမင်းဇေယျက ပြောကြားသည်။ အဆိုပါ ဗဟိုကော်မတီ အစည်းအဝေးမှ အကြမ်းဖျင်း ဆုံးဖြတ်ချက်များကို ဧပြီလ ၁ ရက်တွင်ပြုလုပ်မည့် တစ်နိုင်ငံလုံးမှ နယ်ကိုယ်စားလှယ်များ ပါဝင်သော ပါတီမျက်နှာစုံညီ အစည်းအဝေး၌ အတည်ပြု ဆုံးဖြတ်မည်ဖြစ်သည်။ “အဓိကတော့ ပါတီနာမည်ရွေးတဲ့ကိစ္စကို ဆွေးနွေးတာပေါ့။ ဒါကို မနက်ဖြန် အတည်ပြုမယ်၊ နာမည်ကတော့ အကြမ်းဖျင်း ရွေးထားတာပဲ ရှိသေးတယ်”ဟု ၎င်းက ဆိုသော်လည်း ရွေးထားသည့်နာမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ ရွေးကောက်ပွဲကော်မရှင်၏ ကမ်း လှမ်းချက်အရ မတ်လ၂၆ ရက်၌ ရှစ်လေးလုံးပါတီဖြစ်မြောက်ရေး ဗဟိုဦးဆောင်ကော်မတီနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ နေပြည်တော်၌ အလွတ်သဘောတွေ့ဆုံ ခဲ့ကြပြီးနောက် ယခုကဲ့သို့ အမည်ပြောင်းရန် စဉ်းစားလာခြင်းဖြစ်သည်။ ဆက်လက်ပြီး ဧပြီ ၆ ရက်၌လည်း ပါတီဖြစ်မြောက်ရေး ဗဟိုဦးဆောင်ကော်မတီနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ ထပ်မံ တွေ့ဆုံမည်ဖြစ်ပြီး ဧပြီလ ၁ ရက် ဆုံးဖြတ်ချက်များကို ကော်မရှင်သို့ တင်ပြသွားမည်ဖြစ်သည်။ “ကော်မရှင်တွေ့တုန်းက ဆွေးနွေးထားတာတွေနဲ့ ဒီနေ့အကြမ်းဖျင်းဆွေး နွေးတာတွေကို မနက်ဖြန်ပြည်နယ်နဲ့တိုင်း ကိုယ်စားလှယ်တွေကို ချပြမယ်။ ဘာဆက်လုပ်မယ်ဆိုတာတွေကို သူတို့တိုင်ပင်ပြီး ၆ ရက်နေ့ကော်မရှင်နဲ့တွေ့ ပြီး ဘာဆက် လုပ်မလဲဆိုတာတွေပါ ပြောဖြစ်မယ်”ဟု ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ကိုရဲနိုင်အောင်က ဆိုသည်။ ရှစ်လေးလုံးပါတီအမည်ဖြင့် ရွေးကောက်ပွဲ ကော်မရှင်တွင် တရားဝင်ပါတီအဖြစ် ရပ်တည်ရန် မှတ်ပုံတင် လျှောက်ထားသော်လည်း သုံးလကျော်သည်အထိ တရားဝင်မှတ်ပုံတင် မကျသေးပေ။ ရှစ်လေးလုံးပါတီဟူသော အမည်နှင့်ပတ်သက်၍ အငြင်းပွားမှုများ ရှိနေခဲ့ပြီး ထိုအမည်သည် ၈၈ အရေးတော်ပုံ၏ အစဉ်အလာနှင့် နိုင်ငံရေး အနှစ်သာရများကို အပိုင်စီးသလိုဖြစ်နေသည်ဟု နိုင်ငံရေး စိတ်ဝင်စားသူများက အပြင်းအထန် ဝေဖန်နေကြသည်။ လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံရေး ပါတီပေါင်း ၉၀ ကျော် ရှိသော်လည်း တစ်နိုင်ငံလုံးကိုလွှမ်းခြုံ၍ အင်အားကောင်းသောပါတီမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် လက်ရှိအစိုးရကို ဦးဆောင်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတို့သာရှိပြီး တတိယ အင်အားကောင်းသော ပါတီတစ်ခု ပေါ်ပေါက်ရန် နိုင်ငံရေးလောကမှ မျှော်လင့်နေချိန်တွင် ယခုကဲ့သို့ ရှစ်လေးလုံးပါတီအမည်ဖြင့် မှတ်ပုံတင်လာခြင်းဖြစ်သည်။ ဝေလင်း
Source : https://goo.gl/q1gsq4
via IFTTT


အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်မည့် AYA Home Loan Launch အိမ်ရာ အရောင်းပြပွဲ မြန်မာနိုင်ငံ၏ ဝန်ဆောင်မှု အကောင်းဆုံး ဘဏ်တခုဖြစ်သော AYA Bank ၏ချေးငွေရယူပြီး အိမ်ငှားခအတွက် လစဉ်ပေးချေရသော ငွေပမာဏနှင့် တိုက်ခန်းဝယ်ယူနိုင်မည့် AYA Home Loan Launch အိမ်ရာအရောင်းပြပွဲကို ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ နိုဗိုတယ် ဟိုတယ်တွင် စတင်ကျင်းပနေလျှက်ရှိသည်။ ပြပွဲကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ဧရာဝတီဘဏ်တို့မှ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ဆောက်လုပ်ရေး အသင်းအခန်းပေါင်း ၄၀၀၀ ကျော် လာရောက်ပြသထားကြောင်း ဧရာဝတီဘဏ် Head of Domestic Corporate Banking ဒါရိုက်တာ ဦးနေလင်းထွဋ် က ပြောသည်။ ဦးနေလင်းထွဋ် က “ကျနော်တို့ အဓိက လုပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ တိုက်ဆောက်ပြီးတဲ့ အချိန်မှာ လွယ်လွယ် ကူကူ အခန်းတွေကို ရောင်းလို့ ရအောင်နဲ့ ဝန်ထမ်းတွေ အနေနဲ့ ရတဲ့လစာထဲကနေ တဆင့် ကျပ် ၂ သိန်း၊ ကျပ် ၃ သိန်း ပေးသွင်း သွားရုံနဲ့ အိမ်တလုံးပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးရရှိအောင် ဖြစ်ပါတယ်” ဟု ပြပွဲ ပြပွဲအခမ်းအနားတွင် ပြောသည်။ အဆိုပါပြပွဲတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အစုံမှ တိုက်ခန်း၊ ကွန်ဒိုပေါင်း ၄၀၀၀ ကျော်ကို ကုမ္ပဏီ ၄၀ ကျော်မှ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်၊ ဧပြီလ ၁၊ ၂ ရက်နေ့များတွင် မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်၌ ပြသ ရောင်းချသွားမည်ဖြစ်ပြီး ပြပွဲသို့ လာရောက် ကြည့်ရူ့သူများ အဆင်ပြေစေရန်အတွက် Grab တက်စီနှင့် ချိတ်ဆက်ပြီး လာရောက်ကြည့်ရူ့မည် ဆိုလျှင် ပရိုမိုရှင်းကျပ် ၁၅၀၀ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။ AYA Home Loan Launch အိမ်ရာအရောင်းပြပွဲ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ) ဧရာဝတီဘဏ် အနေဖြင့် အိမ်ရာများဝယ်ယူသော ဝန်ထမ်းများ၊ Customer များကို အနည်းဆုံးကျပ် သိန်း ၂၀၀ မှ ကျပ်သိန်းပေါင်း ၁ သောင်း အထိ အတိုးနူန်း ၁၃ ရာခိုင်နူန်း ဖြင့် ချေးပေးသွားမည်ဖြစ်ပြီး ပထမထပ်ဆိုလျှင် Down payment အနေနှင့် ချေးငွေ ပိုချပေးမည် ဖြစ်ကြောင်း ဧရာဝတီဘဏ်မှ သိရသည်။ ဦးနေလင်းထဋ် က “နူန်းအနေနဲ့ အခန်းတန်ဖိုးကို ကျနော်တို့ ကနဦးပေးချေငွေ ၃၀ ရာခိုင်နူန်းပေးရပါမယ်။ ကျန် ၇၀ ရာခိုင်နူန်းကိုချေးငွေနဲ့ အတိုးအရင်း ပေါင်းပြီးတွက်ပါတယ်။ အတိုးအရင်းပေါင်းစနစ်ဖြစ်တဲ့အတွက် လစဉ်၊လစဉ် ပြန်ဆပ်တဲ့အခါ အတိုးကတော့ အရင်းဆပ်တဲ့ အပေါ်မှာ ပြန်လည် သက်သာသွားမှာဖြစ်ပါတယ်။ ဥပမာကျပ်သိန်း ၁၀၀ ချေးတယ်ဆိုပါစို့ အဲထဲမှာ အတိုးနဲ့ အရင်းတလကို ဘယ်လောက် ဆိုတာ ပါပြီးသားပါ။ နောက်လဆိုရင် အရင်းနူတ်ပြီးတဲ့အတွက် ကျန်တဲ့ အရင်းနဲ့ အတိုးကိုပဲ ပေးရမှာဖြစ်တယ်” ဟု ချေးငွေစနစ်နှင့် ပတ်သတ်ပြီး ရှင်းပြသည်။ AYA Home Loan Launch အိမ်ရာအရောင်းပြပွဲ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ) ဆက်လက်၍ ၎င်းက “ဒါကြောင့် အတိုးနူန်းက ၁၃ ရာခိုင်နူန်းလို့ ပြောပေမယ့်လည်း တကယ်တမ်း ပြန်တွက်တဲ့အခါ အတိုးက တနှစ်လုံးကိုမှ ၇ နဲ့ ၈ ရာခိုင်နူန်း ကြားထဲမှာပဲရှိပါတယ်။ နှစ်ကာလအနေနဲ့ ၅ နှစ်ကနေ အများဆုံး ၁၅ နှစ်အထိ ပေးထားပါတယ်။ ဝယ်သူရဲ့ အပေါ် မူတည်ပြီးတော့ နှစ်ရှည်လည်းရတယ်။ တိုလည်းရပါတယ်” ဟု ပြောသည်။ ဘဏ်မှ ချေးငွေ ထုတ်ချေးပေးရာတွင် အိမ်ရာဝယ်ယူသူ၏ လစာကို ကြည့်၍ ဖြစ်စေ၊ ကုမ္ပဏီပိုင်ရှင် ဆိုလျှင်လည်း ကုမ္ပဏီ၏ ဝင်ငွေ၊ ထွက်ငွေကို ကြည့်၍ ဖြစ်စေ၊ အသေးစားအလတ်စား (sme) လုပ်ငန်းရှင်များဆိုလည်း ၎င်းတို့၏ လုပ်ငန်းဝင်ငွေအပေါ်မူတည်၍ တွက်ချက် ထုတ်ချေးပေးခြင်းဖြစ်ပြီး အိမ်ရာဝယ်ယူမည်ဆိုလျှင် အချက်၂ ချက်နှင့် ကြည့်၍ ဆုံးဖြတ်ခြင်းဖြစ်သည်။ AYA Home Loan Launch အိမ်ရာအရောင်းပြပွဲ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ) ယင်းအချက် ၂ ချက်မှာ ဝယ်ယူသူ၏ လစဉ်ဝင်ငွေကို ကြည့်၍ လည်းကောင်း၊ ၎င်း၏ ကိုယ်ရေးအချက်အလက်များကို ကြည့်၍ လည်းကောင်း ယင်းတို့ပေါ်တွင် မူတည်ပြီး ဧရာဝတီဘဏ်မှာ AYA Home Loan မည်မျှယူနိုင်သည်ကို တွက်ချက်ပေးခြင်းဖြစ်သည်ဟု ဧရာဝတီဘဏ်မှ ပြောသည်။ AYA Home Loanဆိုသည်မှာတိုက်ခန်း၊ ကွန်ဒို နှင့် အသင့်နေထိုင်နိုင်သောအိမ်နှင့်မြေအစရှိသည်တို့ကိုလွယ်ကူစွာ ဝယ်ယူနိုင်ရန် အတွက်အဆောက်အဦးတန်ဖိုးအားအရစ်ကျစနစ်ဖြင့် လစဉ်ပြန်လည် ပေးဆပ်နိုင်ရန် ဧရာဝတီဘဏ်မှ ဘဏ္ဍာရေးအထောက်အပံ့ပေးခြင်း ဖြစ်သည်။ AYA Home Loan Launch အိမ်ရာအရောင်းပြပွဲ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ) “ဥပမာ ဝန်ထမ်းတယောက်အနေနဲ့ လစာကျပ် ၄ သိန်းရတယ်။ အခန်းဝယ်ချင်တယ်။ ဒါပေမယ့် ဝင်ငွေမလောက်ဘူးဆိုရင် income အနေနဲ့ နှစ်ကိုဆွဲဆန့်ပေးတာဖြစ်တယ်။ဒါအများဆုံး ၁၅ နှစ်အထိဆွဲလိုက်တယ်။ အဲလိုလုပ်တာနဲ့ သူလစဉ် ပေးချေတဲ့နူန်းကလျှော့ကျသွားလိမ့်မယ်။ အခုလက်ရှိတော့ ရန်ကုန် စည်ပင်သာယာနယ်နိမိတ်အတွင်းမှာရှိတဲ့ ဘယ်အခန်းကို မဆိုဝယ်လို့ရပါတယ်”ဟုဒါရိုက်တာဦးနေလင်းထွဋ်ကပြောသည်။ အကယ်၍ BCC ကျပြီးပြီဖြစ်ခြင်း၊ တိုက်ခန်း၏ ကနဦးပေးသွင်းငွေ ၃၀ ရာခိုင်နူန်းပေးသွင်းပြီးပြီးဖြစ်ခြင်းနှင့် ဧရာဝတီဘဏ်မှ ချေးငွေ ၁၀၀ ရာခိုင်နူန်း ကျပြီးပြီဆိုလျှင် တိုက်ခန်းဝယ်ယူသူမှ ယင်းတိုက်ခန်းတွင် နေထိုင်နိုင်ပြီဖြစ်ကြောင်း၊ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများကိုတိုက်ခန်းဖိုးငွေ အကုန်ဆပ်ပြီးမှသာလျှင် ဧရာဝတီဘဏ်မှ ပိုင်ရှင်ထံသို့ လွဲပြောင်းပေးမည်ဖြစ်ကြောင်း ဧရာဝတီ ဘဏ်မှ သိရသည်။ AYA Home Loan Launch အိမ်ရာအရောင်းပြပွဲ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ) ဧရာဝတီဘဏ်မှ AYA Home Loanချေးပေးခြင်းမှာ အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် အဓိကအားဖြင့် ပုံမှန် လခရရှိနေသော ဝန်ထမ်းများကို အိမ်ပိုင်ရရှိစေရန် လုပ်ဆောင်ပေးခြင်း၊ smeလုပ်ငန်းရှင်များအနေနှင့်လည်းရင်းနှီးမြှုပ်နှံမှုများကိုအိမ်ရာများတွင် ထည့်ထားစေရန် အတွက် ခွင့်ပြုပေးသွားမည် ဖြစ်သည်။ AYA Home Loan Launch အိမ်ရာအရောင်းပြပွဲ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ) Shwe Property.com တည်ထောင်သူ ဦးကောင်းမြတ်သူဝင်းက “ဒီဧရာဝတီဘဏ်က လူကြီးတွေကလည်းသူတို့ရဲ့ AYA Home Loanကိုချပေးချင်တယ်။ ကျနော်တို့ တားဂတ်ကလည်းသွားတူတယ်။ သူတို့ကလည်း တကယ်အိမ်ဝယ်ချင်တဲ့သူ အဲလူတွေ ချပေးချင်တယ်ဆိုတော့ လက်တွေ့ကျအောင် ဧရာဝတီဘဏ်နဲ့ လက်တွဲဖြစ်သွားတာပါ။ ဒီနေ့ထဲမှာကုမ္ပဏီပေါင်း ၄၀ ကျော်ရှိတယ်။တန်ဖိုးသင့်တိုက်ခန်းကျပ်သိန်း ၂၀၀ ကျော်ကနေစပြီးတော့ ကျပ်သိန်း ၂၀၀၀ ကျော်ထိ ပါဝင် ပြသထားပါတယ်”ဟုပြောသည်။ AYA Home Loan Launch အိမ်ရာအရောင်းပြပွဲ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ) ထူးခြားချက်ကအရင်ကဘဏ်နှင့် ချိတ်ဆက်ပြီးဝယ်လျှင် ရောင်းရမည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ဘဏ်တို့မှ ချိတ်ဆက်ထားမှသာ ဝယ်ယူသူများက ဝယ်ယူနိုင်မည် ဖြစ်ပြီးယခုAYA Home Loanစနစ်မှာကချိတ်ဆက်စရာမလိုကြောင်း ဝယ်ယူသူမှ တိုက်ရိုက်ဝယ်ယူနိုင်ကြောင်း ၎င်းက ပြောသည်။ The post အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်မည့် AYA Home Loan Launch အိမ်ရာ အရောင်းပြပွဲ appeared first on ဧရာဝတီ.
Source : https://ift.tt/2GofQm7
via IFTTT