မြစ်ထဲပြုတ်ကျခဲ့တဲ့ ၆ ဘီးကား ရှာတွေ့ပြီ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြကြိုးတံတား ပျက်ကျရာတွင် ပါဝင်ပြီး မြစ်ထဲနစ်မြုပ်နေသော ၆ ဘီးကားကို ရှာဖွေ တွေ့ရှိခဲ့ပြီး ကုန်ကားမောင်းသူ သန့်ဇော်ထိုက် (ခ) မဲကြီး၏ အလောင်းအား ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က ရွေးမြစ်အတွင်းမှ ဆယ်ယူ ရရှိခဲ့ကြောင်း သိရသည်။ မြောင်းမြကြိုးတံတားမှာ ဧပြီလ ၁ ရက် နံနက် ၁ နာရီ ၄၅ မိနစ်အချိန်က ပျက်ကျခဲ့ရာ တံတားပေါ် မောင်းနှင်နေသည့် ၆ ဘီးကုန်ကားမှာလည်း မြစ်ထဲပြုတ်ကျကာ နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်း သန့်ဇော်ထိုက်၏ အလောင်းကို မြောင်းမြခရိုင် မီးသတ်ဌာနမှ ကယ်ဆယ်ရေးသမားများက ရေအောက်ထဲတွင် နစ်မြုပ်နေသည့် ကားခေါင်းခန်းအတွင်းမှ ဆယ်ယူရရှိခဲ့ခြင်းဖြစ်သည်။ ယာဉ်နောက်လိုက် အငယ်ကောင်၏ ရုပ်အလောင်းကိုလည်း တွေ့ရှိထားပြီး ယာဉ်နောက်လိုက်မှာ ရေအောက်ရှိ ကားနှင့် တံတားသံဘောင်ကြား ညပ်နေသည့်အတွက် အလောင်းဆယ်ယူနိုင်ခြင်း မရှိသေးကြောင်း၊ ရေပေါ်ကရိန်းဖြင့် ကားကိုဆွဲတင်ပြီး အလောင်းဆယ်ယူမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသည့် မြောင်းမြခရိုင် မီးသတ်ဌာနတာဝန်ရှိသူများထံမှ သိရသည်။ The post မြစ်ထဲပြုတ်ကျခဲ့တဲ့ ၆ ဘီးကား ရှာတွေ့ပြီ appeared first on ဧရာဝတီ.
Source : https://ift.tt/2Eaz8W1
via IFTTT
Monday, April 2, 2018
နွေရာသီ နေပူပူမှာ သတိထားသင့်တဲ့ အပူရှပ်ခြင်း အခုလို ပူပြင်းတဲ့ နွေရာသီမှာ ပြင်းထန်တဲ့ နေပူဒဏ်ကြောင့် နေပူထဲကနေ အဲကွန်းအခန်းထဲကို ရုတ်ချည်း ဝင်ရောက်ခြင်း၊ ရေခဲရေ သောက်ခြင်း၊ နေပူထဲ ထီး၊ ဦးထုပ် မပါဘဲ အပြင်သွားခြင်း၊ အအေးခန်းထဲမှ နေပူထဲသို့ ရုတ်တရက် ထွက်ခြင်း တို့ကြောင့် ခန္ဓာကိုယ်မှာ အပူအအေး ဆန့်ကျင်ဘက်ဖြစ်စဉ် (အပူရှပ်ခြင်း) ဖြစ်ပေါ်လာတတ်ပါတယ်။ အပူရှပ်ခြင်းကို အဓိကအားဖြင့် ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုနဲ့ နေပူထဲမှာ အလုပ်လုပ်သူ အများစု ခံစားရ တတ်ပါတယ်။ အပူရှပ်ခြင်းရဲ့လက္ခဏာတွေကတော့ ခန္ဓာကိုယ် အပူချိန်များခြင်း၊ ခေါင်းကိုက်ပြီး မအီမသာ ဖြစ်ခြင်း ၊ ကိုယ်လက်ကိုက်ခဲ ခြင်း၊ မျက်လုံးများ ပူခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ နှလုံးခုန် မြန်လာခြင်း၊ချွေးစေးများ ပြန်ပြီး အာခေါင်ခြောက်ခြင်းနဲ့ အဖျားတက်တာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အပူရှပ်တဲ့အခါ နဖူး၊လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံနေရာတွေကို ရေပတ် သေချာစွာ တိုက်ပေးဖို့လိုပြီး ရေပတ်တိုက်ပြီးတာနဲ့ အဝတ်ခြောက်နဲ့ ပြန်သုတ်ပေးရပါမယ်။ ဓာတ်ဆားရည် အပါအဝင် အရည်များများ သောက်ဖို့ လိုအပ်ပြီး သေချာစွာ အနားယူဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အဖျားက ပြန်တက်လိုက်၊ ကျလိုက် ဖြစ်တာမျိုးနဲ့ အပူအရမ်းကြီးတာမျိုးဆိုရင် ဆေးရုံ၊ဆေးခန်းတွေကို သွားပြဖို့ လိုအပ်ပါတယ်။ အပူရှပ်ခြင်းကို သေချာစွာ ဂရုစိုက်ခြင်း မရှိဘူးဆိုရင် ဦးနှောက်နဲ့ ခန္ဓာကိုယ်ရဲ့ အရေးကြီး အစိတ်အပိုင်းတွေကို ထိခိုက်စေပြီး သေဆုံးစေနိုင်ပါတယ်။ အပူရှပ်ခြင်းဟာ ကာကွယ်လို့ရတဲ့ ရောဂါဝေဒနာ အမျိုးအစား ဖြစ်ပါတယ်။ အပြင်မှာ နေအရမ်း ပူတဲ့အချိန် အပြင် ထွက်မယ် ဆိုရင် ဦးထုပ် (သို့မဟုတ်) ထီး ဆောင်းပါ။ ပေါ့ပါးပြီး ပွသော၊ အရောင်ဖျော့သော အဝတ်အစားများကို ဝတ်ဆင်ပါ။ ရေသောက်မယ်ဆိုရင် ရေခဲရေ အစား ရိုးရိုးရေသာ သောက်သုံးပါ။ နေပူထဲမှ အအေးခန်းထဲသို့ ဝင်ခါနီးတွင် ရေကို ကြိုတင် သောက်သုံးပါ။ ပူပြင်းတဲ့ နေ့လည်မှာ ကော်ဖီနဲ့ အရက်သေစာ သောက်စားခြင်းတို့ဟာ ရေပို ငတ်စေတဲ့အပြင့် အပူရှပ်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် ဒါတွေကို သောက်သုံးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ Ref : medicinenet.com The post နွေရာသီ နေပူပူမှာ သတိထားသင့်တဲ့ အပူရှပ်ခြင်း appeared first on ဧရာဝတီ.
Source : https://ift.tt/2uDO7Zg
via IFTTT
Source : https://ift.tt/2uDO7Zg
via IFTTT
အိမ်သာမရှိတဲ့ ရွာဓလေ့ တခုကို ရိုက်ပြထားတဲ့ “Toilet” ရုပ်ရှင် ဒီတပတ်မှာတော့ ဘောလိဝုဒ်ပရိသတ်တွေ အကြိုက်တွေ့မှာ သေချာတဲ့ Toilet ဆိုတဲ့ ဇာတ်ကားကောင်းနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ IMDB rating (7.4) ရရှိထားတဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ Shree Narayan Singh ရိုက်ကူးထားပြီး နာမည်ကြီး မင်းသား Akshay Kumar နဲ့ အခြားသော သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ Comedy Drama ဇာတ်ကား အမျိုးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မန်ဂါဝန်ဆိုတဲ့ တောမကျ၊ မြို့မကျ ရွာလေး တရွာမှာ အမျိုးသမီးတွေဟာ မနက် အာရုဏ် တက်ပြီဆိုတာနဲ့ တအိမ်တက်ဆင်း အမျိုးသမီးတွေ အချင်းချင်း လူစုပြီး ရွာနဲ့ ခပ်လှမ်းလှမ်းမှာ ရေအိမ် စုသွားကြတာဟာ ရွာရဲ့ လက်ဆင့်ကမ်း ဓလေ့တခု ဖြစ်ပါတယ်။ အဲဒီ ရွာရဲ့ဓလေ့အရ အိမ်တွေမှာ အိမ်သာ မရှိကြပါဘူး။ အိမ်မှာ အိမ်သာထားရင် ယုတ်ညံ့တယ်ဆိုတဲ့ ရွာဓလေ့အရ အမျိုးသမီးတွေဟာ မနက်အစောကြီး ရေအိမ်စု သွားပြီးရင် နောက်တနေ့ မနက် အာရုဏ်တက်မှ ရေအိမ်တခါ စုသွားရသလို အမျိုးသားတွေကတော့ အိမ်သာကိစ္စကို အိမ်ရဲ့ တံစက်မြိတ်အောက်နဲ့ ကြုံရာကျပန်း ဖြေရှင်းလေ့ ရှိကြပါတယ်။ မန်ဂါဝန်ရွာက အသက် ၃၆ နှစ်အရွယ် စက်ဘီးရောင်းတဲ့ လူပျိုကြီး ကီရှက်ဖ်ဟာ တနေ့မှာ စက်ဘီးမှာတာ သွားပို့ရင်းနဲ့ ဂျာယာလို့ခေါ်တဲ့ ကောလိပ်ကျောင်းသူလေး တယောက်နဲ့ ဆုံရာကနေ ချစ်ကြိုက်ပြီး အချစ်တွေကတဆင့် ခက်ခက်ခဲခဲနဲ့ ကောလိပ် ကျောင်းသူလေးကို ပိုးပန်းပြီးမှ အဲဒီ ကောလိပ် ကျောင်းသူနဲ့ ညားသွားပါတယ်။ မင်္ဂလာဦးညအပြီး မနက်အာရုဏ်တက်မှာပဲ အဲဒီရွာရဲ့ အမျိုးသမီးတွေက ရွာရဲ့ရေအိမ်စုသွားတဲ့ ဓလေ့အတိုင်း ကောလိပ် ကျောင်းသူဂျာယာကို ရေအိမ်သွားဖို့ ဝင်ခေါ်ရာကနေ သူ့ယောကျာ်း ကီရှက်ဖ်တို့အိမ်မှာ အိမ်သာ မရှိတာကို သိသွားပြီး ပြဿနာ ကစပါတော့တယ်။ ပညာတတ် ကောလိပ် ကျောင်းသူတယောက်အနေနဲ့ ဒီရွာဓလေ့ကို လက်မခံနိုင်တဲ့ ဂျာယာနဲ့ ရွာဓလေ့နဲ့ မိန်းမဖြစ်သူ အကြား အခက်ကြုံရတဲ့ ကီရှက်ဖ်တို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေး အခြေအနေဟာ အိမ်သာတလုံးကြောင့်ပဲ လင်မယား ကွဲရမယ့် အခြေအနေ အထိဖြစ်သွားခဲ့ပြီး ဒီမှားယွင်းတဲ့ လက်ဆင့်ကမ်း အယူအဆနဲ့ ဓလေ့တွေကို ဘယ်လို ဖြေရှင်း ကြမလဲ ဆိုတာ ဒီဇာတ်ကားကို ဆက်လက် ကြည့်ရှုရင်း သိလာမှာပါ။ ဒီဇာတ်ကားဟာ ၂၀၁၇ ခုနှစ်ရဲ့ “အကောင်းဆုံး ရုပ်ရှင်ဆု”၊ “အကောင်းဆုံး ဒါရိုက်တာဆု” နဲ့ “အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု” တို့ ဆန်ကာတင်စာရင်း ဝင်ခဲ့ပြီး ပညာပေးဇာတ်ကားတွေ ရိုက်ရာမှာ ကြည့်ရှုသူတွေ မငြီးငွေ့ရအောင် ရိုက်ကူးတတ်တဲ့ အိန္ဒိယဒါရိုက်တာ Shree Narayan Singh ရဲ့ လက်ရာကို ဒီဇာတ်ကားမှာ တွေ့မြင်ရမှာ ဖြစ်လို့ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းဆိုပေး လိုက်ပါတယ်။ ဆက်စပ် သတင်းလင့်ခ် – “အိမ်သာမှ ဧည့်လာမည်။ အိမ်သာတွေကို အထူး သန့်ရှင်းစေချင်” The post အိမ်သာမရှိတဲ့ ရွာဓလေ့ တခုကို ရိုက်ပြထားတဲ့ “Toilet” ရုပ်ရှင် appeared first on ဧရာဝတီ.
Source : https://ift.tt/2pWIIYo
via IFTTT
Source : https://ift.tt/2pWIIYo
via IFTTT
မနက်နိုးနိုးချင်း ရေတခွက် သောက်ပြီး သင့်တနေ့တာကို စတင်ပါ ရေဓာတ်က လူ့ခန္ဓာကိုယ်အတွက် ဘယ်လောက် အရေးပါလဲဆိုတာ သိကြမှာပါ။ ခန္ဓာကိုယ် အလေးချိန် တခုလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို နေရာယူထားတာပါ။ ဒါကြောင့် လူတယောက်ဟာ နေ့စဉ် ရေ ၂ လီတာလောက် မသောက်ရင် ရေဓာတ် ခန်းခြောက်သွားနိုင်ပါတယ်။ မနက် မိုးလင်းတာနဲ့ ကော်ဖီ တခွက် (သို့မဟုတ်) ဖျော်ရည်တခွက် သောက်တာထက် ရေတခွက် သောက်တာက ကျန်းမာရေး အကျိုးကျေးဇူး ပိုရှိတယ်လို့ သိရပါတယ်။ မနက် နိုးနိုးချင်း ရေတခွက်သောက်ခြင်းက ဆိုဒီယမ် ဓာတ်လည်း နည်းသလို ကဖင်းဓာတ်လည်း မပါလို့ သင့်ခန္ဓာကိုယ်အတွက် အမှန်တကယ် လိုအပ်တဲ့ ရေဓာတ်ကို အကောင်းဆုံး ဖြည့်ဆည်း ပေးနိုင်တယ်လို့ ကလမ်ဆန် တက္ကသိုလ်ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။ မနက်နိုးနိုးချင်း အစာအိမ်ထဲ ဘာမှမရှိချိန် ရေတခွက် သောက်တာက အစာခြေစနစ် ပိုကောင်းအောင် လုပ်ဆောင် ပေးပါတယ်။ ညဘက် အိပ်နေချိန် အစာအိမ်မှာ အက်စစ်ဓာတ်တွေနဲ့ ပြည့်နေတာမို့ မနက်စာ မစားခင် အက်စစ်ဓာတ် လျော့နည်းသွားအောင် ရေသောက်ပေးရပါတယ်။ ဒါမှလည်း အစာအိမ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရေသောက်ခြင်းရဲ့ နောက်ထပ် အကျိုးကျေးဇူးတွေကတော့ ကိုယ်တွင်း အရည်ဓာတ်ကို ညီမျှစေတာပါ။ ဒါမှလည်း သွေးလည်ပတ်မှု၊ အာဟာရ စုပ်ယူမှု၊ အာဟာရ ကိုယ်တွင်းပို့ဆောင်မှု၊ တံတွေးရည် ထွက်ပြီး အစာခြေစနစ် ပိုကောင်း စေတာပါပဲ။ အစာ မစားခင်နဲ့ စားနေစဉ်မှာ ရေသောက်ပေးရင်လည်း ကယ်လိုရီများများ မစားဖြစ်ဘဲ သင့်အစာအိမ်ကို ပြည့်အောင် ဖြည့်စွမ်းပေးနိုင်လို့ပါ။ ပျိုမေတို့ အသားရေ လှပစေဖို့လည်း အသားရေက ရေဓာတ် ပြည့်ဝနေဖို့ လိုပါတယ်။ အသားရေ ခြောက်သွေ့ ကြမ်းတမ်းသူတွေဆိုရင် ပုံမှန်ထက် ရေများများ သောက်ပေးဖို့ ပိုလိုအပ်ပါတယ်။ ဒါမှလည်း အရွယ်မတိုင်ခင် အရေးအကြောင်း မဖြစ်ဘဲ အသားရေ တင်းရင်း လှပလာစေမှာပါ။ ရေများများ သောက်တာဟာ ကိုယ်တွင်း အရည်ဓာတ်တွေကို ထိန်းညှိပေးတာမို့ ကြွက်သား နာကျင်ကိုက်ခဲခြင်းကို သက်သာ စေပါတယ်။ ကိုယ်ကာယ လေ့ကျင့်ခန်း များများလုပ်ထားမိရင် ကုန်ခန်းသွားတဲ့ ရေဓာတ်ကို အလျင်အမြန် ပြန်ဖြည့်သင့် ပါတယ်။ ကာယ သိပ္ပံကျောင်းရဲ့ ဆေးဝါးဌာနက အကြံပြုချက်အရ အားကစား မလုပ်ခင် ရေ အနည်းဆုံး ၁၇ အောင်စ ပမာဏ လောက် ကြိုသောက်ထားသင့်ပြီး အားကစား လုပ်ပြီးတာနဲ့ ရေဓာတ် ပြန်ဖြည့်တင်းဖို့ ရေများများ သောက်ပါလို့ ဆိုပါတယ်။ ဆက်စပ် သတင်းလင့်ခ် – ရေသောက်ခြင်းနဲ့ ပက်သက်ပြီး ရှောင်ကြဉ်သင့်တဲ့ အခြေအနေများ Ref: Providr The post မနက်နိုးနိုးချင်း ရေတခွက် သောက်ပြီး သင့်တနေ့တာကို စတင်ပါ appeared first on ဧရာဝတီ.
Source : https://ift.tt/2JaZbAd
via IFTTT
Source : https://ift.tt/2JaZbAd
via IFTTT
Myanmar State Counsellor Office
နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်မှု (၂)နှစ်ပြည့် မိန့်ခွန်းမှတ်တမ်းဗွီဒီယို
Source : https://ift.tt/2pXGR4F
via IFTTT
Source : https://ift.tt/2pXGR4F
via IFTTT
Facebook ကို စွန့်သင့်ပြီလား Facebook ဟာ သုံးစွဲသူတွေ ကိုယ့်သဘောနဲ့ ကိုယ်တင်နေတဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို သုံးစွဲပြီး အမြတ်ထုတ်စီးပွားရှာနေတဲ့ အလွတ်စုံထောက် ကုမ္ပဏီတခုလို့ အမေရိကန် စီအိုင်အေ ဝန်ထမ်းဟောင်း စနိုး ဒင်လို ကွန်ပျူတာကျွမ်းကျင်ပညာရှင် တယောက်ကပါ စွပ်စွဲလာပြီဆိုတော့ သုံးစွဲနေသူတွေရဲ့ပုဂ္ဂိုလ်ရေး အ ချက်အလက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာဖြစ်လာပါတယ်။ “Facebook ဟာ သန်းချီတဲ့သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေအပြင် တဦးချင်း ကိုယ့်သဘောနဲ့ ကိုယ်တင်ထားတဲ့ အချက်အလက်တွေကိုပါ အသုံးချ ရောင်းစားပြီး စီးပွားရှာနေတယ်။ Facebook သုံးစွဲသူ တွေဟာ သားကောင် သက်သက်မကတော့ပဲ ကြံရာပါတွေပါဖြစ်နေတယ်” လို့ စနိုးဒင်က သူသုံးစွဲနေတဲ့ Twitter စာမျက်နှာပေါ်မှာ ရေးသားခဲ့တယ်။ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အလွဲသုံးစားပြုခဲ့တဲ့ Facebook ရဲ့ အကျိုးစီးပွား အမြတ် ထုတ်မှုအပေါ် စနိုးဒင်ရဲ့ စွပ်စွဲပြောဆိုချက်ဟာလည်း Facebook စီအီးအို ဇူကာဘတ်နဲ့ တကွ Facebook ကုမ္ပဏီပေါ်မှာရော တကမ္ဘာလုံးမှာပါ ရိုက်ခတ်မှု ရှိနေပါတယ်။ သုံးစွဲသူတွေရဲ့ သတင်းအချက်အလက် (Data) တွေကို ပေါက်ကြားစေခဲ့တဲ့ Facebook ကုမ္ပဏီရဲ့ အမှားကို ဇူကာဘတ်ကိုယ်တိုင် CNN နဲ့ အင်တာဗျူး လုပ်ခဲ့တုန်းက ဖွင့်ဟဝန်ခံတောင်းပန်ခဲ့ရပါတယ်။ အဲဒီ အပြင် အမေရိကန်နဲ့ ဗြိတိန်ထုတ် နာမည်ကြီး သတင်းစာတွေထဲမှာ မျက်နှာပြည့်ကြော်ငြာတွေထည့်ပြီး တောင်းပန် စာထည့်သွင်းခဲ့ရပါတယ်။ “ခင်ဗျားတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ပေးဖို့က ကျနော်တို့ တာဝန်ပါ။ မကာကွယ်နိုင်ဘူး ဆိုရင် ကျနော်တို့ဟာ ဒီအလုပ်ကို လုပ်ဖို့ မထိုက်တန်လို့ပဲ” ဆိုတဲ့ ဇူကာဘတ် ကိုယ်တိုင် လက်မှတ်ထိုးထား တဲ့ တောင်းပန်စာကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ရပါတယ်။ “တက္ကသိုလ်တစ်ခုက သုတေသနပညာရှင်တစ်ယောက်ရဲ့ ဉာဏ်စမ်းပဟေဋ္ဌိ ဆော့(ဖ)ဝဲ တစ်ခုကတဆင့် သန်းချီတဲ့ Facebook သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ၂၀၁၄ ခုနှစ်တုန်းက ပေါက်ကြားခဲ့တာဖြစ်တယ်” လို့ ဇူကာဘတ်က ဖြေရှင်းခဲ့ပေမယ့်လည်း ကိန်းဘရစ်တက္ကသိုလ်က သုတေသနပညာရှင် Aleksandr Kogan က တဆင့် ပေါက်ကြားသွားခဲ့တဲ့ Facebook သုံးစွဲသူ သန်းငါးဆယ်လောက်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘယ်လိုမှ အကာအကွယ်မပေးနိုင်ခဲ့တော့ပါဘူး။ Cambridge Analytica ကုမ္ပဏီဟာ ကိန်းဘရစ်ပညာရှင် Aleksandr Kogan ဆီက သန်းချီတဲ့ အမေရိကန်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဝယ်ယူခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အဲဒီကိုယ်ရေးအချက်အလက်တွေကို အသုံးပြုပြီး အမေရိကန် သမ္မတ ရွေးကောက်ပွဲကာလအတွင်းမှာ မဲဆွယ်စည်းရုံးမှုတွေ၊ သတင်းအတုအယောင်တွေနဲ့ ဝါဒဖြန့်ပြီး အမေရိကန်မဲဆန္ဒရှင်တွေအကြား စနစ်တကျ စိတ်ဓါတ်စစ်ဆင်ရေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Cambridge Analytica ကုမ္ပဏီဟာ လန်ဒန်အခြေစိုက် သတင်းအချက်အလက် သုတေသနပြုလုပ်တဲ့ ဗြိတိသျှကုမ္ပဏီကြီးတခုဖြစ်ပြီး ထရမ့်ရဲ့ သမ္မတမဲဆွယ်ပွဲအတွက် အလုပ်လုပ်ပေးခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ခုတလောတော့ Facebook ကို ဆက်သုံးစွဲသင့် မစွဲသင့် ဆိုတဲ့ တွေးဆချက်တွေဟာ သုံးစွဲသူ အတော်များများကြား စဉ်းစားစရာ ဖြစ်လာပါတယ်။ လက်ရှိ အနေအထားမှာတော့ လူအတော်များများ Facebook ကို ဘိန်းစွဲသလို စွဲနေကြတယ်လို့ပြောရင် မှား မယ် မထင်ပါဘူး။ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ တင်တယ်။ ထင်မြင်ယူဆချက်တွေ တင်တယ်။ မိတ်ဆွေ တွေနဲ့ အပြန်အလှန် ဆက်သွယ်ပြောဆိုကြတယ်။ တစုံတယောက်ရဲ့ ပုဂ္ဂိုလ်ရေးအကြောင်း မိသားစုဝင်တွေ အကြောင်းသိချင်ရင် သူ့ရဲ့ Facebook ပေါ်မှာပဲ အလွယ်တက ူရှာဖွေနိုင်လာတယ်။ Facebook ကို ကမ္ဘာတခု လို့ ထင်ပြီး နေထိုင် စားသောက်နေတဲ့သူတွေ တနေ့တခြား များလာပါတယ်။ တစတစနဲ့ Facebook ဟာ ပုဂ္ဂိုလ်ရေးတွေမှာပါ လုံးလုံးလျားလျား စွက်ဖက်လာမှုတွေ ရှိလာတယ်။ အုပ်စုဖွဲ့ တာ၊ အနုပညာရှင်တွေ နာမည်ထူထောင်တာ၊ ဈေးကွက်ရှာတာ၊ ရောင်းတာ ဝယ်တာ၊ လုံးလုံးမသိတဲ့ လူ တွေကို ကြားထဲက အသိမိတ်ဆွေတွေက တဆင့် မိတ်ဆွေဖြစ်လာအောင် အကြံပြုတာ၊ Dating Agency နဲ့ ကိုယ်ရေးအချက်အလက်တွေ ဖလှယ်တာ၊ ပုဂ္ဂိုလ်ရေး ရှေ့ဖြစ်ဟော Application ပေါင်းစုံကတဆင့် ကိုယ် ရေးအချက်အလက်တွေ မျှဝေသုံးစွဲတာ … တဖြည်းဖြည်းနဲ့ လူတဦးခြင်းစီရဲ့ တကိုယ်ရည် လွတ်လပ်မှုဇုန်တွေ ထဲအထိ ကျူးကျော် ချဉ်းနင်းဝင်ရောက်လာလိုက်တာ ကိုယ့်ကိုယ်ကိုတောင် မပိုင်တော့သလို ဖြစ်လာပါ တယ်။ ဆိုရှယ်မီဒီယာ နိုင်ငံရေး တကယ်တော့ ဆိုရှယ်မီဒီယာဆိုတာ အင်တာနက် အသုံးပြုပြီး နှစ်ပေါင်း၂၀ နီးပါးကြာမှပေါ်လာတဲ့ ကမ္ဘာသုံး လူမှုကွန်ရက် တခုဖြစ်ပါတယ်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနအတွက် စစ်ရေးသုတေသနတွေပြု လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ၁၉၆၀ အစောပိုင်းကာလတွေကစပြီး အင်တာနက်ကို စတင်သုံးစွဲခဲ့ကြတယ်။ လူတွေအတွက် အသုံးတည့်မှန်း သိလာကတည်းက ကမ္ဘာသုံးနည်းပညာ ကွန်ရက် တခုအနေနဲ့ ၁၉၈၀ နောက်ပိုင်းကစပြီး အင်တာနက်ကို စီးပွားဖြစ် စတင်သုံးစွဲလာကြတယ်။ ဒီနေ့မှာတော့ ဆိုရှယ်မီဒီယာဟာ အမေရိကန် သမ္မတ ရွေးကောက်ပွဲကိုတောင် ကပြောင်းကပြန် ဖြစ်သွားအောင် မွှေနိုင်စွမ်းရှိတဲ့ မီဒီယာ တခု ဖြစ်လာခဲ့ပါတယ်။ အရင်တုန်းက ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်တွေကို ရောင်းစားတဲ့ စီးပွားရေးလုပ်ငန်းတွေကို အလွတ်စုံထောက် ကုမ္ပဏီတွေလို့ ခေါ်ခဲ့ကြရာကနေ ဆိုရှယ်မီဒီယာအနေနဲ့ အသွင်ပြောင်းပြီး ပြန်ပေါ်လာတာဟာ စစ်ဆင်ရေးဌာနတွေကိုတောင် ခုခံရေးဌာနတွေအဖြစ် အသွင်ပြောင်းသွားရလောက်အောင် အောင်မြင်တဲ့ လှည့်ကွက်တခုပဲလို့လည်း စနိုးဒင်က ထောက်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲ ကာလတွေမှာ Facebook ကတဆင့် သတင်းတုတွေ အများကြီး ပျံ့နှံ့ခဲ့တာနဲ့ပတ်သက်ပြီး ဇူကာဘတ်ကိုယ်တိုင် ဝန်ခံပြောကြားခဲ့ရသလို သတင်းတုတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ပေးပါ့မယ်လို့လည်း ကတိပြုခဲ့ရပါသေးတယ်။ ၂၀၁၅ ကနေ ၂၀၁၇ အတွင်း “troll farm” လို့ခေါ်တဲ့ ရုရှား အင်တာနက် သုတေသန အေဂျင်စီ တခုဆီကနေ ဒေါ်လာတသိန်းတန် ရုရှားထောက်ခံတဲ့ ဝါဒဖြန့်ကြော်ငြာတွေ ဝယ်ခဲ့တဲ့ ကုမ္ပဏီအကြောင်း သတင်းအချက်အလက်တွေကို Facebook က Robert Mueller (ထရမ့်ရဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲနဲ့ ရုရှားရဲ့ အဆက်အစပ်ကို စုံစမ်းထောက်လှမ်းနေတဲ့ အထူးအရာရှိ) ကို မနှစ်ကပဲ ပေးအပ်ခဲ့ပါသေးတယ်။ အဲဒီဒေါ်လာတသိန်းဟာ ကြော်ငြာပေါင်း ၃ ထောင်အပြင် Facebook Account/ Page အတုပေါင်း ၄၇၀ လောက်နဲ့ ပတ်သက်နေတယ်လို့လည်း သိရပါတယ်။ နိုင်ငံရေးနဲ့ နေ့စဉ် လူမှုဘဝတွေဟာ အဆက်အစပ်ရှိနေတဲ့အတွက် ဆိုရှယ်မီဒီယာရဲ့ သြဇာသက်ရောက်မှု ဟာ တဦးတယောက်ချင်း၊ လူအုပ်စုတစုချင်း၊ နိုင်ငံတနိုင်ငံချင်းကနေ ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်တခုအနေနဲ့ပါ ဆင့်ကဲ ရိုက်ခတ်နေပါတယ်။ ကိုယ်ရေး အချက်အလက်တွေ ပေါက်ကြားမှုကြောင့် Facebook သုံးရတာ လုံခြုံမှုမရှိသလို ခံစားလာရ က တည်းက သူ့ကို စွန့်ခွာသင့်ပြီလားလို့ သုံးစွဲသူတွေကြားမှာ စတွေးမိလာကြပါတယ်။ နိစ္စဓူဝ လူမှုဘဝမှာ ထဲထဲဝင်ဝင် စိမ့်ဝင်နေခဲ့တဲ့ Facebook မရှိရင် ဘာဖြစ်မလဲဆိုတာကို စတွေးကြရတဲ့ အ ချိန်တခုကို ရောက်လာပါပြီ။ မရှိမဖြစ် Facebook လား သူမရှိရင်ဘာဖြစ်မလဲ။ အရင်ဆုံး ကိုယ့်မိတ်ဆွေအသိုင်းအဝိုင်းမှာ..ကိုယ့်ပတ်ဝန်းကျင်မှာ..ကိုယ့်နိုင်ငံမှာ.. ကိုယ့်မိတ်ဆွေတွေ နိုင်ငံမှာ.. တကမ္ဘာလုံးမှာ.. ဘာတွေဖြစ်နေသလဲဆိုတာ စက္ကန့်နဲ့အမှျှ သိနေရာကနေ အသိနောက်ကျသွားမယ်။ သူမရှိရင် ကိုယ့်ထင်မြင်ယူဆချက်တွေ လွတ်လွတ်လပ်လပ် ဖော်ပြလို့ရတဲ့နေရာ တခုပျောက်သွားမယ်။ သူမရှိရင် အချိန်နဲ့တပြေးညီ ရုပ်မြင်သံကြား လွှင့်လို့ရတဲ့ ကိုယ်ပိုင် မီဒီယာတခု ပျောက်သွားမယ်။ သူမရှိရင် မိသားစုဝင်တွေ မိတ်ဆွေတွေနဲ့ ၂၄ နာရီ အချိန်မရွေးဆက်သွယ်နိုင်တဲ့ ဆက်သွယ်ရေး ဝန်ဆောင် မှုတခု ပျောက်သွားမယ်။ သူမရှိရင် ကိုယ်တိုင်တည်ခင်းထားတဲ့ တနိုင်တပိုင် ဈေးခင်းကလေးတွေ ပျောက်သွားမယ်။ သူမရှိရင် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး တရားဟောစင်မြင့်တွေ ပျောက်သွားမယ်။ သူမရှိရင် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကြီးထဲမှာ တည်ဆောက်ထားတဲ့ ကိုယ်ပိုင် ကမ္ဘာငယ်တခု ပျောက်သွား မယ်။ ဘယ်လိုပဲဖြစ်စေ သူမရှိပေမယ့် အရင်ကလည်း နေလို့ရခဲ့တဲ့ အချိန်တွေရှိခဲ့ဖူးတာပါပဲ။ ကမ္ဘာကြီးမှာ အင် တာနက် မရှိဘဲ နေလို့ရခဲ့တဲ့ နှစ်ကာလပေါင်းများစွာ ရှိခဲ့ဖူးပါတယ်။ မရှိမဖြစ်ဆိုတာ ဘာမှမရှိပါဘူး။ သူ့ အပေါ်မှာ လုံးလုံးလျားလျားကြီး မှီခိုလိုက်မိလို့သာ မရှိမဖြစ်ဆိုတာမျိုး ဖြစ်လာတာပါ။ သူမရှိပေမယ့် နေ့စဉ်အလုပ်ကိစ္စအတွက် အသုံးပြုလို့ရတဲ့ အီးမေးလ်တွေ၊ တခြားဖတ်စရာ သတင်းဝက်(ဘ) ဆိုက်တွေ၊ ဆက်သွယ်ရေးဝန်ဆောင်မှု application တွေ၊ ဉာဏ်အလင်းပွင့်စေတဲ့ အင်တာနက်ပေါ်က သ တင်းအချက်အလက် ရှာဖွေရေးအေဂျင်စီတွေလည်း ရှိနေပါသေးတယ်။ သူမရှိရင် အချိန်တွေ အများကြီး ပိုထွက်လာမယ်။ အလုပ်လုပ်ချိန်၊ စာဖတ်ချိန်၊ ခရီးသွားချိန်၊ မိသားစုနဲ့ အပန်းဖြေတဲ့အချိန်တွေ ရှိလာမယ်။ သူမရှိရင် ကွန်ပျူတာတလုံး ဖုန်းတလုံးနဲ့ အချိန်ကုန်မနေတော့ဘဲ ကိုယ်လက်လှုပ်ရှားကျန်းမာရေး လုပ်ဖို့ အချိန်တွေရှိလာမယ်။ သူမရှိရင် တနေ့တနေ့ Facebook ကြည့်ရင်းဖြစ်နေတဲ့ မစ္ဆရိယစိတ်တွေ လျော့ပါးလာပြီး စိတ်ကျန်းမာရေး ကောင်းလာမယ်။ သူမရှိရင် လက်ဖက်ရည်ဆိုင်မှာ ကိုယ်စီကိုယ်ငှ ဖုန်းထိုင်ပွတ်နေကြမယ့်အစား မိတ်ဆွေအချင်းချင်း စကား ပြောငြင်းခုံဖို့ အချိန်တွေပိုထွက်လာမယ်။ သူမရှိရင် မိမိကိုယ်မိမိပဲ အာရုံပြုစူးစိုက်နေရာက အများသူငါအတွက် စဉ်းစားတွေးခေါ်ပေးမှုတွေ ရှိလာမယ်။ သူမရှိရင် ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံမှု ပိုရှိလာပြီး မိမိကိုယ်မိမိ ယုံကြည်မှု ပိုရှိလာမယ်။ သူမရှိရင် ကိုယ်ဟာ သူပြုစားခံထားရတဲ့သူ သူ့အပေါ် လုံးလုံးလျားလျား မှီခိုအားထားနေသူ တယောက် မဟုတ်တော့ပဲ မိမိကိုယ်မိမိ ပြန်လည်ပိုင်ဆိုင်မှု ရှိလာမယ်။ တကယ်တော့ Facebook အပါအဝင် ဆိုရှယ်မီဒီယာဆိုတာ ပုံရိပ်ယောင်တွေအပြည့်နဲ့ ဟုတ်ယောင်ထင်မှု အနန္တနဲ့ ဖမ်းစားထားတဲ့ သူယောင်ပေါတဲ့ တောအုပ်တွေပါပဲ။ ကိုယ့်ဝိဉာဉ် အနှုတ်မခံရသေးခင် သူယောင် တောအပြင်က လောကဓာတ်တခွင်ကို မျှော်ကြည့်လိုက်စမ်းပါ။ လောကဓံအပြည့်နဲ့ စိတ်လှုပ်ရှားစရာ အပြည့် ရှိတဲ့ အစစ်အမှန် သတ္တလောကကြီးက သင့်ကိုကြိုဆိုနေပါလိမ့်မယ်။ (မွန်မွန်မြတ်သည် အမျိုးသမီး ကဗျာဆရာနှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူဖြစ်ပြီး ယခုအခါ ချင်းမိုင်မြို့ရှိ Payap တက္ကသိုလ်တွင် Peace Studies ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာမှု Phd ဘွဲ့အတွက် တက်ရောက်သင်ကြားနေသူဖြစ်သည်။) The post Facebook ကို စွန့်သင့်ပြီလား appeared first on ဧရာဝတီ.
Source : https://ift.tt/2q2hmzx
via IFTTT
Source : https://ift.tt/2q2hmzx
via IFTTT
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ဘယ်သူအထိနာမလဲ အမေရိကန်ပြည်ထောင်စုသည် ကုန်သွယ်ရေးစစ်ပွဲတွင် အလွယ်တကူ အောင်မြင်နိုင်သည်ဟု ထရမ့်က တွစ်တာတွင် ရေးသောအခါ လှောင်ပြောင်ခံရသည်။ သို့သော် ကုန်သွယ်ရေး လိုငွေပြနေသောနိုင်ငံများသည် ပိုငွေပြနေသော နိုင်ငံများထက် ကုန်သွယ်ရေးစစ်ပွဲတွင် အသာရသည်ဟူသော သုံးသပ်ချက်တွင် အမှန်တရားအချို့ရှိကြောင်း ဘောဂဗေဒပညာရှင်များက ပြောသည်။ တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးပိုငွေသည် ၎င်း၏ စီးပွားရေးကို နှစ်စဉ်ဖောင်းပွစေပြီး အသားတင်သွင်းကုန်များသည် အမေရိကန် စီးပွားရေးတိုးတက်မှုကို လျှေ့ာကျစေသည်။ ထိုအမြင်အရကြည့်လျှင် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလျှော့ချရသည်ကို သူ့အနေဖြင့် ရှီကျင့်ဖျင်လောက် ကြောက်စရာမလိုကြောင်းပြောခြင်းအတွက် ထရမ့်မှန်သည်။ သို့သော် ထရမ့်နှင့်သူ၏ အကြံပေးများသည် အသာစီးရရန် မည်သို့လုပ်ဆောင်ရမည်ကို နားလည်ကြောင်း ယုံကြည်လာစေရန် ယနေ့အထိ လုပ်နေသော အိမ်ဖြူတော်၏ လုပ်ရပ်များက မစွဲဆောင်နိုင်သေးပေ။ “သဘောတရားအရပြောရရင်တော့ ကုန်သွယ်ရေးစစ်ပွဲမှာ လိုငွေပြပြီး စီးပွားရေးကို ကဏ္ဍပေါင်းစုံမှာ ဖြန့်ခွဲချထားတဲ့နိုင်ငံက နိုင်မှာဖြစ်ပြီး ပိုငွေပြနေတဲ့နိုင်ငံက ရှုံးမယ်။ ဒါကြောင့်မို့လို့ ဒါဟာ တဘက်သက်ပဲ ဖြစ်တယ်” ဟုဘေ့ဂျင်းတက္ကသိုလ် Guanghua စီမံခန့်ခွဲရေးကျောင်းမှ ဘဏ္ဍာရေးပါမောက္ခ မိုက်ကယ်ပက်တစ်က ပြောသည်။ “ဒီလိုပြောလို့ လိုငွေပြနေတဲ့နိုင်ငံတွေ ဒုက္ခမရောက်သွားဘူးလို့ မဆိုလိုဘူး။ ကံဆိုးချင်တော့ အမေရိကန်ပြည်ထောင်စုက ကျင့်သုံးမယ့်နည်းလမ်းက လိုငွေပြဿနာကို ဖြေရှင်းမယ့်နည်းလမ်း မဟုတ်သေးဘူး” ဟု သူပြောသည်။ ထုံးစံအားဖြင့် လိုငွေပြနေသော နိုင်ငံများအနေဖြင့် မည်သည့်အတွက် ရှုံးနိမ့်ရသည်ကို နားလည်ရန် ပဲပိစပ် သို့မဟုတ် သံမဏိ ကဲ့သို့သော ကုန်စည်တခုချင်းစီကို အာရုံစိုက်ခြင်းထက် ကုန်သွယ်ရေးပိုငွေ၊ လိုငွေကို ဖြစ်စေသည့် ကျယ်ပြန့်သောစီးပွားရေး စနစ်ကို နားလည်ရန် လိုသည်။ ပို့ကုန်နှင့် သွင်းကုန်ကြား ချိန်ခွင်လျှာညီမျှမှုသည် အမျိုးသားစုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုအကြား ကွာဟမှုနှင့် အလားတူသည်ဟု အခြေခံဘောဂဗေဒ သဘောတရားက ဆိုသည်။ အမျိုးသားစုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုအကြား ကွာဟမှုကို ဘောဂဗေဒပညာရှင်များက ပိုမိုအရေးပါသည်ဟု သတ်မှတ်ကြသည်။ စုဆောင်းမှုနှင့် ရင်နှီးမြှုပ်နှံမှုကြားကွာဟမှုကသာ ကုန်သွယ်ရေးချိန်ခွင်လျှာ ညီမျှမှုကို အဆုံးအဖြတ်ပေးပြီး အပြန်အလှန် ဆက်စပ်နေသည်တော့ မဟုတ်ပေ။ ထိုအမြင်အရကြည့်ပါက တစုံတခုသော ကုန်စည်ကို ပစ်မှတ်ထားသော ကုန်သွယ်ရေးမူဝါဒအစီအစဉ်များသည် လမ်းလွဲလိုက်ခြင်းသာ ဖြစ်နိုင်ခြေများသည်။ သံမဏိခွန်သည် သံမဏိတင်သွင်းမှုကို ပြတ်တောက်သွားစေမည်ဖြစ်ပြီး စုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု ညီမျှခြင်းကို မချိန်ညှိနိုင်လျှင် အခြားသောသွင်းကုန်မျ ားအလားတူ တိုးလာမည်ဖြစ်လာကာ ကုန်သွယ်ရေးမညီမျှမှု တခုလုံးအနေဖြင့် အပြောင်းအလဲရှိမည် မဟုတ်ပေ။ အမေရိကန်ပြည်ထောင်စုအနေဖြင့်ဆိုလျှင် ကုန်သွယ်ရေးမညီမျှမှုကို အဆုံးသတ်ရန် ရင်းနှီးမြှုပ်နှံမှုထက် စုဆောင်းမှု ပိုမိုလိုအပ်သည်။ အမေရိကန်နိုင်ငံ၏ စုဆောင်းမှုကို မြှင့်တင်ပေးမည့် မူဝါဒများက အထောက်အကူပြုနိုင်သော်လည်း မကြာသေးမီကပြုလုပ်ခဲ့သည့် လိုငွေကိုပံ့ပိုးမည့် အခွန်ဖြတ်တောက်ခြင်းနှင့် အသုံးစရိတ်တိုးရေ းလှုပ်ရှားမှုမှာမူ ဆန့်ကျင်ဖက်သို့ သွားနေသည်။ “သွင်းကုန်အခွန်က ကုန်သွယ်ရေးမညီမျှမှုအပေါ် သက်ရောက်မှု သိပ်များများ မရှိဘူး။ စီးပွားရေးစွမ်းဆောင်ရည်အပြည့်နီးပါးရှိနေပြီး အမေရိကန်ဝယ်လိုအားတက်နေရင် တယောက်ယောက်ဆီကနေ တင်သွင်းနေရမှာပဲ” ဟု ယခင်အမေရိကန်ဘဏ္ဍာရေးဌာန တရုတ်နိုင်ငံရေးရာ ဝါရင့်ညှိနှိုင်းရေးမှူးနှင့် ယခု TCW အုပ်စု ထွန်းသစ်စဈေးကွက်များဆိုင်ရာ အစိုးရငွေရန်ပုံငွေ သုတေသနဌာနမှ မန်နေဂျင်းဒါရိုက်တာ ဒေးဗစ်လိုဗင်ဂျာ ကပြောသည်။ “ဒါကရေပူဖောင်းလိုပဲ တနေရာကို ညှစ်လိုက်ရင် တခြားတနေရာမှာ သွားဖောင်းမှာပဲ” ဟု သူပြောသည်။ ဘဏ္ဍာရေးမူဝါဒအပြင် တရုတ်နှင့် အခြားကုန်သွယ်ရေးပိုငွေပြနိုင်ငံများ၏ အမေရိကန်ငွေတိုက်စာချုပ်နှင့် အခြားဒေါ်လာဖြင့် တန်ဖိုးသတ်မှတ်သော ရင်းနှီးမြှုပ်နှံမှုများ ဝယ်ယူခြင်းဖြင့် အမေရိကန်လိုငွေကို ငွေကြေးထောက်ပံ့နိုင်သော စွမ်းရည်ကို အမေရိကန်ပြည်ထောင်စုက ကန့်သတ်နိုင်သည်။ ငွေရင်းထိန်းချုပ်မှု ချမှတ်ခြင်းသည် ဘဏ္ဍာရေးပွင့်လင်းမှုနှင့် ငွေရင်းစီးဆင်းမှု လွတ်လပ်ခွင့်ပေးရေး အမေရိကန်ကတိကဝတ်ကို အခြေခံကျသော ငြင်းဆန်မှုဖြစ်သည်။ ထိုကတိကဝတ်သည် အမေရိကန်ဒေါ်လာကို ကမ္ဘာ့အရန်ငွေကြေးအဖြစ်ကျားကန်ထားပေးခြင်းဖြစ်သည်။ သို့သော် ထရမ့် သို့မဟုတ် သူ၏ အကြံပေးများသည် ထိုသို့သောကိစ္စများကို အလေးထားသည့် လက္ခဏာ မရှိသလောက်ဖြစ်နေသည်။ အထူးသဖြင့် ဂယ်ရီကိုဟင် ဦးဆောင်သော တကမ္ဘာလုံးဆက်စပ်စဉ်းစားသူများ စီးပွားရေးအကြံပေးအဖွဲ့တွင် မရှိတော့သောအခါ အခြေအနေ ပိုမိုဆိုးရွားလာသည်။ ဤသို့သောနည်းဖြင့် တိုက်ခိုက်သော ကုန်သွယ်ရေးစစ်ပွဲသည် တရုတ်နိုင်ငံကို အကြီးအကျယ် ထိခိုက်စေပြီး အမေရိကန်အတွက် အကျိုးအမြတ်အချို့ တော့ ရလာနိုင်သည်။ အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးတိုက်ပွဲသည် တရုတ်နိုင်ငံ၏ စုစုပေါင်း အမျိုးသားထုတ်ကုန်- GDP ကို ၁.၃ ရာခိုင်နှုန်း မှ ၃.၂ ရာခိုင်နှုန်း အထိ ထိခိုက်နိုင်သည်ဟု ရှန်ဟိုင်းရှိ Standard Chartered မှ ဝါရင့်တရုတ်ဘောဂဗေဒပညာရှင် ဝေလီက ပြောသည်။ ၃.၂ ရာခိုင်နှုန်းမှာ တရုတ်ပို့ကုန်အားလုံးကို အမေရိကန်နိုင်ငံက ပိတ်ပင်သည့် အဆိုးရွားဆုံး အခြေအနေတွင်ဖြစ်လာမည့် အတိုင်းအတာဖြစ်သည်။ အမေရိကန်နိုင်ငံ၏ ဆုံးရှုံးမှုမှာ ဝ.၂ ရာခိုင်နှုန်း မှ ဝ.၉ ရာခိုင်နှုန်း သာရှိမည်ဟု သူပြောသည်။ ငွေရင်းစီးဆင်းမှု ထိန်းချုပ်ခြင်းကို အသုံးပြုပြီ းကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲခြင်း၏ ဥပမာကို ၂၀၀၀ ပြည့်နှစ်များက တရုတ်နိုင်ငံကို လေ့လာလျှင် သိနိုင်သည်။ တရုတ်နိုင်ငံ၏ နိုင်ငံခြားငွေကြေးထိန်းချုပ်မှုသည် ငွေရင်းစီးထွက်ခြင်းကို ကန့်သတ်ရန်နှင့် ၎င်း၏ စတော့နှင့် ငွေတိုက်စာချုပ်များမှတဆင့် ပြည်တွင်းသို့ငွေရင်း စီးဝင်စေရန် ရည်ရွယ်သည်။ သို့သော် လွန်ခဲ့သော ဆယ်စုနှစ်တခုက ပိုငွေအထွဋ်အထိပ်သို့ ရောက်လာသောအခါ တရုတ်နိုင်ငံသည် ပြည်တွင်းဘဏ္ဍာရေးဈေးကွက်များသို့ ငွေကြေးစီးဝင်မှုကို ပိတ်ဆို့ခဲ့သည်။ ထိုစဉ် ၂၀၀၇ ခုနှစ်က စာရင်းရှင် ပိုငွေ ၁၀ ရာခိုင်နှုန်း နီးပါးအထိရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၁.၄ ရာခိုင်နှုန်းသို့ပြန်လည်ကျဆင်းသွားသည်။ “ဘယ်လို ငွေရင်းစီးဆင်းမှု ထိန်းချုပ်ခြင်းမဆို ကုန်သွယ်ရေးမညီမျှမှုကို ဖြေရှင်းဖို့ နည်းလမ်းဖြစ်တယ်” ပက်တစ်ကပြောသည်။ အမေရိကန်နိုင်ငံအတွက် အခက်အခဲမှာ ငွေရင်းထိန်းချုပ်ခြင်းကို တရုတ်ကဲ့သို့သော အဓိကပြိုင်ဖက်ကိုသာ ကွက်ပြီး ချမှတ်နိုင်ခြင်း မရှိခြင်းဖြစ်သည်။ စစ်ရေးမဟာမိတ်များဖြစ်သော ဂျာမဏီနှင့် တောင်ကိုရီးယားတို့သည်လည်း အမေရိကန်အား စာရင်းရှင် လိုငွေဖြစ်စေသော အဓိကနိုင်ငံများဖြစ်သည်။ ထိုအချက်ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲ၏ ထိခိုက်ပျက်စီးမှုများမှ အကာအကွယ်ရနေသည်ဟု တရုတ်နိုင်ငံက မြင်သည်။ တရုတ်နိုင်ငံက အာရုံစိုက်သောအချက်မှာ ဥရောပသမဂ္ဂနှင့် ဂျပန်ကဲ့သို့သော မဟာမိတ်များ တိုက်ပွဲအတွင်း ဝင်မလာဘဲ အမေရိကန်ကို အထီးကျန်ထားရေးဖြစ်သည်ဟု ဘေဂျင်းအခြေစိုက် သုတေသနလုပ်ငန်း Gavekal-Dragonomics မှ အာသာခရိုးဘား က ပြောသည်။ “အမေရိကန်အပါအဝင် ပြိုင်ဖက် တနိုင်ငံချင်းစီနဲ့ ယှဉ်လို့ရတယ်ဆိုတာကို တရုတ်က သိတယ်။ စက်မှုဒီမိုကရေစီနိုင်ငံတွေ ပူးပေါင်းပြီး တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးဝါဒအစီအစဉ်ကို ထိန်းချုပ်ရင် တရုတ်အတွက် ပိုပြီး အထိနာမယ်” ဟု လွန်ခဲ့သောအပတ်က သူရေးခဲ့သည်။ ဂျာမန်ဝန်ကြီးချုပ် မာကယ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မကြာသေးမီက သံမဏိ အလွန်အကျွံထုတ်လုပ်မှုဆိုင်ရာ သဘောတူညီမှု ရရှိခြင်းသည် တရုတ်ဆန့်ကျင်ရေးမဟာမိတ်တွင် ပါဝင်ရန် ငြင်းဆန်ခြင်းဖြစ်ပြီး အမေရိကန်က အနိုင်အထက်ပြုခြင်းကို ဂျာမဏီက ကန့်ကွက်လိုက်ခြင်းဖြစ်သည်ဟု အာသာခရိုးဘားက မြင်သည်။ တရုတ်နိုင်ငံ၏ အခြားသော ဩဇာမှာ တရုတ်၏ ကြီးမားလှသော ပြည်တွင်း ဈေးကွက်ကို အမေရိကန် ကုမ္ပဏီများ မှီခိုနေရခြင်းဖြစ်သည်။ ထိုကဲ့သို့သော မှီခိုမှုမျိုးကို ကုန်ပစ္စည်း စာရင်းတွင် မဖော်ပြဘဲ ဝန်ဆောင်မှု စာရင်းအောက်နှင့် Apple, General Motors နှင့် Caterpillar တို့ကဲ့သို့သော အမေရိကန်ကုမ္ပဏီများ၏ တရုတ်နိုင်ငံလုပ်ငန်းခွဲများမှ ဝင်ငွေစာရင်းတို့တွင်သာ ထည့်သွင်း ဖော်ပြနေသည်။ အမေရိကန် စီးပွားရေးလုပ်ငန်းများသည် အတားအဆီး ပုံစံမျိုးစုံကြောင့် ထိခိုက်နိုင်ပြီး ထိုအတားအဆီးများသည် တရုတ်အစိုးရ၏ လုပ်ထုံးလုပ်နည်းအရ နှောင့်ယှက်ခြင်းများ ဖြစ်လာနိုင်သည်။ တရုတ်အနေနှင့်မူ မကြာသေးမီက ပြည်ပရင်းနှီးမြှုပ်နှံမှု အကြီးအကျယ်ပြုလုပ်ခဲ့သော်လည်း ပြည်တွင်းကိုသာ အာရုံစိုက်လာသည်။ “အမေရိကန် စီးပွားရေးလုပ်ငန်းတွေကို တရုတ်က နှေးကွေးအောင် လုပ်ဖို့၊ ပိတ်ဆို့ဖို့ နည်းလမ်းပေါင်းစုံရှိတယ်” ဟု ဘေဂျင်းရှိ အမေရိကန်ကုန်သည်ကြီးများအသင်းဥက္ကဌ ဝီလျှံဇာရစ်ကပြောသည်။ “တခါတခါ ရေးမထားတဲ့ စည်းမျည်းတွေက ရေးသားပြဌာန်းထားတဲ့ စည်းမျည်းတွေကို ချေဖျက်တတ်တယ်။ ပစ္စည်းအရည်အသွေး အသိအမှတ် မပြုဘူး။ အခွန်ကို ကြည့်မယ်။ ဗီဇာကအစ ရစ်လို့ ရတယ်” ဟု သူက ပြောသည်။ ( www.ft.com ပါ Gabriel Wildau ၏ Who will fare worse in a China-US trade war? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်) The post အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ဘယ်သူအထိနာမလဲ appeared first on ဧရာဝတီ.
Source : https://ift.tt/2uGY5cp
via IFTTT
Source : https://ift.tt/2uGY5cp
via IFTTT
Subscribe to:
Posts (Atom)