“အခုခေတ် ချစ်ကြည်ရေးပွဲတွေ ပိုပြီး ပွင့်လင်းမြင်သာလာတယ်” လို့ ပြောတဲ့ ဂျီလတ် အဆိုတော် ဂျီလတ်က ဇွန်လ ၁ ရက်နေ့ ညနေမှာ ကျင်းပမယ့် ကိုရီးယား-မြန်မာ ချစ်ကြည်ရေး Rock Concert & EDM Show ပွဲမှာ မြန်မာပြည်ဘက်က Rocker အနေနဲ့ ပါဝင်သီဆိုမယ်လို့ ဧရာဝတီကို ပြောပါတယ်။ အဆိုတော် ဂျီလတ်က “ချစ်ကြည်ရေးပွဲမှ ရယ်တော့ မဟုတ်ပါဘူး။ ပွဲတိုင်း တာဝန်ကြီးပါတယ်။ ပွဲတိုင်းမှာ သူ့ဟာနဲ့သူ Stress ရှိတယ်။ တခုက သူတို့နဲ့ တွဲလုပ်တဲ့ နေရာမှာ ပုံမှန်ထက် ပိုသတိထားစရာလေးတွေ ရှိပါတယ်။ တခုကောင်းတာက ဒီလိုကိစ္စတွေဟာ ဒီဖက်ခေတ်ကိုရောက်တော့ ပိုပြီးပွင့်လင်းမြင်သာရှိလာတယ်” လို့ ဆိုပါတယ်။ “အရင်တုန်းကဆို နှစ်နိုင်ငံချစ်ကြည်ရေးလို့ ဆိုလိုက်ရင် အဆင်ပြေတဲ့ အဆိုတော်တွေနဲ့ပဲ လက်သိပ်ထိုး လုပ်ကြပြီး ပြီးသွားတာပဲ။ မြန်မာသံအဆိုတော်တွေနဲ့တင် ပြီးသွားတာ။ အခုတော့ အဲဒီလို မဟုတ်ဘဲနဲ့ Rock ကို ခေါင်းစဉ်တခုနဲ့ လုပ်ရတာ ကောင်းပါတယ်” လို့ အဆိုတော် ဂျီလတ်က ဧရာဝတီကို ပြောပါတယ်။ ကိုရီးယားဘက်က စီစဉ်သူများအနေနဲ့ ဒီပွဲဖြစ်မြောက်ရေးအတွက် နှစ်ကြိမ်မြောက် ကြိုးစားခဲ့ရတယ်လို့ သိရပြီး ဒီပွဲမှာ ပါဝင်သီဆိုဖို့ နောက်မှသိရတယ်လို့လည်း အဆိုတော် ဂျီလတ်က ဆိုပါတယ်။ “ပထမ တကြိမ်တုန်းက ကြိုးစားပြီး မဖြစ်လိုက်ဘူးဆိုတာ ကျနော် မသိလိုက်ဘူး။ ကျနော့်ကို ပွဲလာပြောတာလည်း နည်းနည်း ကပ်တယ်။ ပွဲစီစဉ်သူတွေနဲ့ ပြောဖြစ်တယ်။ ရက်တွေ၊ ဈေးနှုန်းတွေ ပြောတယ်။ ကျနော်လည်း စိတ်ဝင်စားတယ်။ ဒီကြားထဲ ကျနော် ခရီးထွက်တယ်။ ပြန်လာတော့မှ ဒီပွဲအကြောင်း သေချာသိတာပါ”လို့ ဂျီလတ်က ဆိုပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးပွဲကနေ ဘာတွေရရှိနိုင်မလဲ ဆိုတာနဲ့ ပတ်သတ်ပြီး အဆိုတော် ဂျီလတ်က “ပွင့်ပွင့်လင်းလင် းပြောရရင် ကိုရီးယား Rock ကို ကျနော်မသိဘူး။ ထိုင်း၊ အင်ဒိုနီးရှား ဘက်တွေတော့ ကျနော် သိတယ်။ အဲဒါကြောင့်လည်း စိတ်ဝင်စားမိပါတယ်။ သူတို့က ဘယ်လိုပုံစံနဲ့ သွားတာလဲပေါ့။ အမြဲသတိထားကြည့်မိတာ ရှိတယ်။ စက် ကိရိယာ သုံးတာ၊ Crew သုံးတာ၊ Back Stage Control တွေ ၊ချဉ်းကပ်ပုံတွေ မတူကြဘူးပေါ့။ အဲဒါတွေမြင်ရမယ် ထင်ပါတယ်”လို့ ဆိုပါတယ်။ Rock Concert & EDM Show ကို ဇွန်လ ၂ ရက်နေ့၊ သုဝဏ္ဏ အားကစားရုံ အမှတ်-၁ မှာ ကျင်းပမှာဖြစ်ပြီး ဂျီလတ်က သီချင်း ၅ ပုဒ်သီဆိုမှာ ဖြစ်ပါတယ်။ အဆိုတော် ဂျီလတ်ရဲ့ Solo ခွေကိုလည်း အပြီးသတ်နေပြီး မကြာခင်မှာ ထွက်ရှိမယ်လို့ ဆိုပါတယ်။ The post “အခုခေတ် ချစ်ကြည်ရေးပွဲတွေ ပိုပြီး ပွင့်လင်းမြင်သာလာတယ်” လို့ ပြောတဲ့ ဂျီလတ် appeared first on ဧရာဝတီ.
Source : https://ift.tt/2IVsVVf
via IFTTT
Wednesday, May 30, 2018
Eleven Media Group
ဗန်းမောက်မြို့နယ်တွင် Unicef ထောက်ပံ့မှုပေးထားသည့် မူကြိုကျောင်းများ ထောက်ပံ့မှု မရရှိသောကြောင့် မူကြိုကျောင်းများအားလုံး ရပ်နားရတော့မည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြောကြား စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် Unicef ကထောက်ပံ့မှုပေးထားသည့် မူကြိုကျောင်းများသည် ယခုအခါတွင် ထောက်ပံ့မှု မရရှိသောကြောင့် မူကြိုကျောင်းများအားလုံး ရပ်နားရတော့မည်ဖြစ်ကြောင်း ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောကြားသည်။ မူကြိုကျောင်းများ တည်ထောင်စဉ်ကာလက ကျေးရွာ ပြည်သူလူထုသည် ဆန်းစပါးများပေး၍ ဆရာ၊ ဆရာမများ ငှားရမ်းခဲ့ကြောင်း၊ Unicef က သင်တန်းပို့ချပေးခဲ့သော ဆရာ၊ ဆရာမများသည် မူကြိုကျောင်းများတွင် ဆက်လက်တာဝန် ထမ်းဆောင်ရန်အတွက် တရားဝင် ပါမစ်ချပေးမလားဟု စောင့်ဆိုင်း မျှော်နေခဲ့သော်လည်း တရားဝင် ပါမစ်မရခဲ့ခြင်းကြောင့် အလုပ်ကနေ ထွက်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “မူကြိုကျောင်းရှိတဲ့ ရွာတွေမှာက နှစ်တိုင်းလိုလိုဆရာ၊ ဆရာမတွေကို ဆန်စပါးပေးပြီး ငှားခဲ့ကြတယ်။ တစ်နှစ်ကို ဆန်စပါး အတင်းရေ ၆၀၊ ၇၀ အဲဒီလို ငှားခဲ့ကြတာ။ နောက်ဆုံးတော့ သင်တန်းဆင်းပြီးတဲ့ ဆရာ၊ ဆရာမတွေကလည်း ပါမစ်ရမလားလို့ ငါးနှစ်လောက်ကို မျှော်ခဲ့တယ်။ သို့သော် ငါးနှစ်ပြည့်ပြီး ပေမယ့်လည်း ပါမစ်က မရခဲ့အတွက်ကြောင့်မို့လို့ အလုပ်ကနေ ထွက်သွားကြတယ်။ အပြင်မှာလည်း မူကြိုကျောင်းမှာ တာဝန်ထမ်းဆောင်ဖို့အတွက် ဆရာ၊ ဆရာမ ငှားရတာ ခက်ခက်ခဲခဲတွေ ရှိလာတယ်။ ဆရာ ဆရာမတွေ ဘက်ကလည်း တစ်နှစ်ကို ဆန်စပါး ၆၀၊ ၇၀ ဆိုတော့ တွက်ခြေမကိုက်တော့ဘူး။ ငှားတဲ့သူတွေ ဘက်ကလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်လာတဲ့ အခါကျတော့ အချို့ကျောင်းတွေဆိုရင် ဒီနှစ်ထဲမှာ ရပ်နားဖို့ အစီအစဉ်တွေရှိတယ်။ မနှစ်ကလည်း အချို့ကျောင်းတွေ ရပ်နားသွားရတဲ့ အနေအထားမှာ ရှိပါတယ်” ဟု ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောကြားသည်။ ဗန်းမောက်မြို့နယ်ရှိ မူကြိုများသည် အစိုးရက ချပေးထားသည့် မူကြိုကျောင်းများ မဟုတ်ကြောင်း၊ Unicef ၏ အထောက်အပံ့ဖြင့်တည် ဆောက်ထားသည့် မူကြိုကျောင်းများသာဖြစ်ကြောင်း ကနဦး မူကြိုကျောင်းများ တည်ဆောက်ခဲ့စဉ် ကာလက မူလတန်း အောင်ချက်ကောင်းသည့် ကျောင်းများအား ဦးစားပေး တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် Unicef ၏ အထောက်အပံ့များဖြင့် မူကြိုကျောင်းများအား ယင်းမြို့နယ်တွင် ဆက်လက် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဝင်းရွှေက ဆိုသည်။ Unicef သည် နှစ်အလိုက် စီမံကိန်းဖြင့် လာရောက်ခဲ့ခြင်းကြောင့် မူကြိုကျောင်းများသည် ငါးနှစ်ပြည့်ပြီးနောက်ပိုင်း Unicef ကအထောက်အပံ့များ ရပ်နားသွားခဲ့ခြင်း ဖြစ်ကြောင်း၊ မူကြိုကျောင်းများ အားလုံးသည် အခက်ခဲများ စတင်ဖြစ်ပေါ်ခဲ့ကြောင်း၊ လက်ရှိတွင် အချို့မူကြို ကျောင်းများသည် ရပ်/ရွာက မိဘများက ဆန်စပါးများပေးကာ ဆရာ၊ ဆရာမများအား ငှားရမ်း၍ မူကြိုကျောင်းများ ဖွင့်နေသေးသည့် ကျောင်းများရှိကြောင်း ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ဆက်လက် ပြောကြားသည်။
Source : https://ift.tt/2IWNscc
via IFTTT
Source : https://ift.tt/2IWNscc
via IFTTT
Reuters သတင်းထောက် ဖုန်း အထောက်အထားများ မသမာမှုရှိနိုင်ဟု ရှေ့နေများက ပြော လျှို့ဝှက် စာရွက်စာတန်းများကို ပိုင်ဆိုင်သည်ဟု စွပ်စွဲခံရသော Reuters သတင်းထောက်များ၏ ဖုန်းများအနက် အနည်းဆုံး တလုံးကို ၎င်းတို့ထံမှ သိမ်းဆည်းပြီး အသုံးပြုထားသောကြောင့် ထိုဖုန်းများမှ ရရှိသည်ဟု ရဲတပ်ဖွဲ့က ပြောသော အထောက်အထားများတွင် မသမာမှုများ ရှိနိုင်ကြောင်း စွပ်စွဲခံရသူများ၏ ရှေ့နေက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ သတင်းထောက် ကိုဝလုံးနှင့် လုပ်ဖော်ကိုင်ဘက် ကိုကျော်စိုးဦးတို့ကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးကာ အစိုးရ လိျှု့ဝှက်ချက် ဥပဒေ ချိုးဖောက်သည်ဟူသော သံသယဖြင့် ပြင်ပအဆက်အသွယ်ဖြတ် ထိန်းသိမ်းထားပြီးနောက် ကိုဝလုံး၏ မိုဘိုင်းဖုန်းရှိ WhatsApp မှ မက်ဆေ့ချ် တစောင် ပေးပို့ထားကြောင်း သိရသည်။ ထို WhatsApp မက်ဆေ့ချ်ပေးပို့ခြင်းကို မသိကြောင်းနှင့် ထိုဖုန်းကို ၎င်းတို့ စုံစမ်းစစ်ဆေးရန် ပေးပို့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့ မတိုင်မီ မည်သူအသုံးပြုသည်ကိုလည်း မသိရကြောင်း ထိုဖုန်းကို အခြားရဲတပ်ဖွဲ့ဝင်များနှင့်အတူ စစ်ဆေးခဲ့သူ တရားလိုပြ သက်သေ ရဲမှူး အောင်ကျော်ဆန်းက ပြောသည်။ သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်သော သမိုင်းဝင်အမှုအတွက် ရန်ကုန်ရှိ မြောက်ပိုင်းခရိုင် တရားရုံးသည် အသက် ၃၂ နှစ် အရွယ် ကိုဝလုံးနှင့် အသက် ၂၈ နှစ်အရွယ်ရှိ ကိုကျော်စိုးဦးတို့ကို ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သော ကိုလိုနီခေတ် အစိုးရ လျှို့ဝှက်ချက် ဥပဒေအရ စွဲချက် တင်သင့် မတင်သင့် ဆုံးဖြတ်ရန် ဇန်နဝါရီလမှ စတင်ပြီး ကြားနာစစ်ဆေးနေသည်။ ထို သတင်းထောက် ၂ ဦးကို ည ၉ နာရီ ၁၀ မိနစ်တွင် ဖမ်းဆီးကာ ဖုန်းများကို သိမ်းယူခဲ့ပြီးနောက် ည ၁၀ နာရီခန့်တွင် Reuters သတင်းဌာန၏ မြန်မာနိုင်ငံဗျူရို အကြီးအကဲထံမှ မေးခွန်းကို OK ဟူသည့် မက်ဆေ့ချ်စာတိုဖြင့် WhatsApp မှတဆင့် ပြန်လည် ဖြေကြားခဲ့သည်ဟု စွပ်စွဲခံရသူများ၏ ဥပဒေ အကျိုးဆောင် ဦးသန်းဇော်အောင်က ပြောသည်။ “ဒါက ဒီဖုန်းကို ဘယ်သူမဆို ယူသုံးလို့ ရတယ်ဆိုတာကို ပြသနေတယ်။ ဒါကြောင့် ဖုန်းနဲ့ပတ်သက်ပြီး ဘာမဆိုဖြစ်နိုင်တယ်” ဟု တခြားသော ရှေ့နေတဦးဖြစ်သူ ဦးခင်မောင်ဇော်က အင်္ဂါနေ့ ကြားနာစစ်ဆေးမှုအပြီးတွင် Reuters သတင်းဌာနသို့ ပြောသည်။ “ဖုန်းထဲမှာတွေ့တယ်လို့ သူတို့ပြောတဲ့ မက်ဆေ့ချ်အားလုံးဟာ အစစ်အမှန်တွေ မဟုတ်နိုင်ဘူး၊ ဒီဖုန်းမှာ မသမာမှုတွေ ရှိနိုင်တယ်” ဟုလည်း သူက ဆက်ပြောသည်။ တရားလို၏ အကျိုးဆောင်အဖွဲ့ ခေါင်းဆောင် ဦးကျော်မင်းအောင်က တစုံတရာ မှတ်ချက်ပေး ပြောကြားရန် ငြင်းဆိုသည်။ သတင်းထောက်များ၏ ဖုန်းများမှ တွေ့သည်ဟု ရဲတပ်ဖွဲ့၏ သတင်းနည်းပညာ ကျွမ်းကျင်သူ ရဲမှူးအောင်ကျော်ဆန်းက ပြောသော စာရွက်စာတမ်း ပုံနှိပ်မူများကို တရားသူကြီး ဦးရဲလွင်က လွန်ခဲ့သော တပတ်က အထောက်အထားအဖြစ် လက်ခံခဲ့သည်။ ထို စာရွက်စာတမ်းများတွင် မြန်မာနိုင်ငံအနောက်ဖက် ကမ်းလွန်ရှိ ကျွန်းတကျွန်းတွင် ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် အစီအစဉ်များနှင့် လျှို့ဝှက် စာရွက်စာတမ်းဟု စွပ်စွဲထားမှုများ ပါဝင်သည်။ တချို့သော စာရွက်စာတမ်းများမှာ Facebook မက်ဆင်ဂျာမှ ဖြစ်သည်ဟုလည်း စွပ်စွဲခံရသူ၏ ဥပဒေ အကျိုးဆောင်များက ပြောသည်။ ထို့ကြောင့် ထိုစာရွက်စာတမ်းများကို မည်သူမဆို ပို့နိုင်ပြီး သတင်းထောက်များသည် ထိုစာရွက်စာတမ်းများကို ကိုယ်တိုင်ရှာဖွေခြင်း ဖြစ်သည်ဟု မဆိုနိုင်ကြောင်း စွပ်စွဲခံရသူများ၏ ဥပဒေ အကျိုးဆောင်များက ဆိုသည်။ သတင်းထောက်များကို ဖမ်းဆီးချိန်တွင် ၎င်းတို့သည် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ကျေးရွာတခုရှိ အမျိုးသား ၁၀ ဦးအား သတ်ဖြတ်မှုကို သတင်းယူနေချိန် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လူ ၇၀၀၀၀၀ ကျော် ထွက်ပြေးစေသည်ဟု ကုလ သမဂ္ဂကပြောသော စစ်ဆင်ရေးများအတွင်း အထက်ပါ သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။ ရဲအရာရှိများနှင့် ညစာစားရန် ဖိတ်ကြားခံရပြီးနောက် ရန်ကုန်မြောက်ပိုင်းရှိ စားသောက်ဆိုင်တဆိုင်တွင် ၎င်းတို့ ယခင်က မမြင်ဖူးသော ရဲအရာရှိများက ၎င်းတို့ကို စာရွက်လိပ်များပေးပြီး ချက်ခြင်းဆိုသလို အဖမ်းခံရသည်ဟု ထိုသတင်းထောက်များက ၎င်းတို့၏ ဆွေမျိုးများကို ပြောသည်။ အမှုနှင့်ပတ်သက်ပြီး သတင်းထောက်များနှင့် တချိန်တည်း အဖမ်းခံရသော ဒုရဲမှူးဟောင်း မိုးရန်နိုင်က အဆင့်မြင့် ရဲအရာရှိတဦးက သတင်းထောက် ကိုဝလုံးကို အမှုဆင်ဖမ်းရန် သူလက်အောက်မှ လူများကို အမိန့်ပေးခဲ့သည်ဟု တရားရုံးတွင် လွန်ခဲ့သောလက သက်သေခံ ထွက်ဆိုခဲ့သည်။ မေလ ၁၅ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ် အောင်ဝင်းဦးက ထိုသက်သေခံချက် မမှန်ကန်ဟု ပြောခဲ့သည်။ ထိုသို့ တရားရုံးတွင် ထွက်ဆိုပြီးနောက် ဒုရဲမှူး မိုးရန်နိုင်ကို ရဲစည်းကမ်းချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့ပြီး သူ၏ မိသားစုကို ရဲဝန်ထမ်း လိုင်းခန်းမှ နှင်ထုတ်ခဲ့သည်။ သူ့ကို ထောင်ချခြင်းနှင့် မိသားစုကို နေအိမ်လိုင်းခန်းမှ ဖယ်ရှားခြင်းသည် သူ၏ သက်သေခံ ထွက်ဆိုချက်နှင့် မဆိုင်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောသည်။ နိုင်ငံတကာမှ လူ့အခွင့်အရေးဆော်သြသူများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ ကုလသမဂ္ဂနှင့် အနောက်နိုင်ငံ အမျာအပြားတို့က ထို သတင်းထောက် ၂ ဦးကို ပြန်လည် လွတ်ပေးရန် တောင်းဆိုနေကြသည်။ အင်္ဂါနေ့က ကြားနာစစ်ဆေးမှုကို ဒိန်းမတ်နှင့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံအများအပြားမှ သံတမန်များ သွားရောက် နားထောင်ခဲ့သည်။ နောက်တကြိမ် ကြားနာစစ်ဆေးမှုကို လာမည့် တနင်္လာနေ့တွင် ပြုလုပ်မည်ဖြစ်သည်။ ကိုးကား ။ ။ Reuters The post Reuters သတင်းထောက် ဖုန်း အထောက်အထားများ မသမာမှုရှိနိုင်ဟု ရှေ့နေများက ပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2xnNO6k
via IFTTT
Source : https://ift.tt/2xnNO6k
via IFTTT
NLD အစိုးရ သက်တမ်းအတွင်း ဗိုလ်ချုပ်ပုံ ငွေစက္ကူများ ထုတ်ဝေမည်ဟု ဗဟိုဘဏ်ပြော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ သက်တမ်းအတွင်း ဗိုလ်ချုပ် အောင်ဆန်းပုံ ထည့်သွင်း ရိုက်နှိပ်ထား သည့် ငွေစက္ကူများ ထုတ်ဝေမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ပြောသည်။ နေပြည်တော်တွင် မေလ ၂၉ ရက်က ပြုလုပ်သည့် အစိုးရ ၂ နှစ်ပြည် လုပ်ဆောင်ချက်များ သတင်းစာ ရှင်းလင်းပွဲတွင် ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးစိုးသိန်း က ပြောကြားခြင်း ဖြစ်သည်။ “အားလုံး ပြင်ထား ဆင်ထားပြီးသား။ အဲဒါကြောင့်မို့လို့ ဒီအစိုးရ လက်ထက်မှာ ထုတ်ကို ထုတ်မှာပါ။ တဖြည်းဖြည်းနဲ့ တပြိုင်နက်တည်း အကုန်ထုတ်လို့ မရဘူး။ တဖြည်းဖြည်း ထုတ်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်၌ အနာဂတ်တွင် ရိုက်နှိပ် ထုတ်ဝေမည့် ငွေစက္ကူ များတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ထည့်သွင်းရေး အဆိုကို မြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ခင်ဝင်း က တင်သွင်းခဲ့ပြီး မဲခွဲဆုံးဖြတ်ရာ တပ်မတော်သား ကိုယ်စားလှယ် ၁၀၈ ဦးနှင့် ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ် တဦးတို့က ကန့်ကွက်ခဲ့သော်လည်း ထောက်ခံမဲ ၂၈၆ မဲဖြင့် အတည်ပြုခဲ့ သည်။ ဦးအောင်ခင်ဝင်းက လွှတ်တော်တွင် အောင်မြင်ထားသည့် အဆိုတခု ဖြစ်၍ အစိုးရအနေဖြင့် နောင်ထပ်မံထုတ်ဝေမည့် ငွေစက္ကူ အသစ်တိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းပုံကို ထည့်သွင်း ရိုက်နှိပ်ရတော့မည် ဖြစ်ကြောင်း၊ ထို့ကြောင့် စိတ် ရှည်ရှည်ဖြင့် စောင့်ဆိုင်းလျက် ရှိကြောင်း ဧရာဝတီသို့ ပြောသည်။ “ရိုက်တာကလည်း မရိုက်ဘဲနေလို့ မဖြစ်ဘူး။ ဆွေးတာတွေ၊ ပျက်စီးတာတွေ ရှိလာရင် အသစ်က ထပ်ရိုက်ရမှာ။ အရင်တုန်းကတော့ ၈ နှစ်ကို ၅ ကြိမ် ရိုက်ထားတယ်။ အခုလည်း ဗိုလ်ချုပ်ပုံရိုက်ဖို့ လူကြီးတွေ စပြီး စီစဉ်နေပြီလို့ သူ (ဦးစိုးသိန်း)က ပြီးခဲ့တဲ့ ၂ လလောက်က ကျနော့်ကို ပြောတယ်။ မကြာတော့ဘူးလို့ ထင်တယ်။ ရိုက်တိုင်းလည်း တခြား ပုံနဲ့ ရိုက်လို့ မရတော့တာ သေချာတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။ ဗဟိုဘဏ်ကမူ ငွေစက္ကူ တန်ဖိုးမှာလည်း အမျိုးမျိုးရှိနေသဖြင့် သင့်လျော်သလို ဆက်လက် ထုတ်လုပ်သွားမည် ဖြစ် ကြောင်း၊ ငွေစက္ကူ တခု ထုတ်လုပ်နိုင်ရေး ဒီဇိုင်းဆွဲရာတွင်ပင် အချိန် ၈ လမှ ၁ နှစ်အထိ ကြာကြောင်း၊ ထို့ကြောင့် မည်သည့် အချိန် စတင်ထုတ်နိုင်မည် ဆိုသည်မှာ ပြောရန်ခက်နေပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဝါဇီစက်ရုံနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ဦးစိုးသိန်း က ပြောသည်။ “ငွေစက္ကူတခု ထုတ်တဲ့ဥစ္စာက တကယ်အသေးစိတ်ပြီး Technical အရမ်း ဆန်ပါတယ်။ ထုတ်ဖို့ စဉ်းစားရာကနေ ထုတ် တဲ့ အဆင့်ထိ ရောက်အောင်ဆိုရင် ၉ လကနေ ၁ နှစ်အထိ အချိန်ယူရပါတယ်။ ဘယ်ဟာက စထုတ်မလဲ ဆိုတာ လည်း ထိုနည်းလည်းကောင်းပါပဲ။ လူတွေရဲ့ လက်ထဲကို ဘယ်လို ရောက်စေချင်တာလဲ။ များများကြီး ပျံ့သွား စေချင် တာလား ဒီလို စဉ်းစားရမယ့် အချက်တွေ အများကြီး ရှိပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်းက ကျင်းပသည့် လွှတ်တော်တွင်လည်း လှည့်လည် သုံးစွဲလျက်ရှိသော ငွေစက္ကူ တခုကို အပြည့်အဝ လဲလှယ်ပေးနိုင်ရန် ရိုက်နှိပ် သိုလှောင်ရမည် ဆိုပါက ကျပ် ဘီလီယံ ၁၀၀ ခန့် ကုန်ကျမည် ဖြစ်ပြီး အားလုံး အသုံးများသည့် ငွေစက္ကူများအတွက် ရိုက်နှိပ်သုံးစွဲမည် ဆိုပါက ကျပ် ဘီလီယံ ၃၀၀ ခန့် ကုန်ကျနိုင်ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူ တဦးက ပြောဆိုဖူးသည်။ The post NLD အစိုးရ သက်တမ်းအတွင်း ဗိုလ်ချုပ်ပုံ ငွေစက္ကူများ ထုတ်ဝေမည်ဟု ဗဟိုဘဏ်ပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2kxUBAO
via IFTTT
Source : https://ift.tt/2kxUBAO
via IFTTT
ခြင်တွေ ဝေးဝေးပြေးစေမယ့် သဘာဝနည်းလမ်းများ ကျန်းမာရေးကို အလွယ်တကူထိခိုက်စေနိုင်တဲ့ အချက်တွေထဲမှာ ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေဟာလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ ခြင်ကိုက်ခံရခြင်းဟာ သာမန်အရေပြားယားယံခြင်းကနေ သွေးလွန်တုပ်ကွေး၊ငှက်ဖျား၊ ဆင်ခြေထောက် ရောဂါနဲ့ တခြားသောကျန်းမာရေးပြသာနာတွေအထိ ဖြစ်ပေါ်စေနိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ ခြင်ပြေးစေတဲ့ ခြင်ဆေးခွေတွေမှာလည်း ဓာတုပစ္စည်းတွေ အလွန်အကျွံပါဝင်နေတာကြောင့် သဘာဝအတိုင်းခြင်ပြေးစေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ကြက်သွန်ဖြူဟာ ခြင်တွေကို ဝေးဝေးပြေးစေနိုင်တဲ့ သဘာဝပစ္စည်း တမျိုးဖြစ်ပါတယ်။ ကြက်သွန်ဖြူစားခြင်းဖြင့် ခြင်တွေရဲ့အနှောင့်အယှက်ကနေ ကင်းဝေးစေနိုင်သလို ကြက်သွန်ဖြူကို မကြိုက်နှစ်သက်သူတွေအတွက်တော့ အနီးအနားမှာ ထားရှိခြင်းဖြင့် ခြင်တွေရဲ့အန္တရာယ်ကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ (၂) ပန်းကန်ဆေးဆပ်ပြာဆီ တစက်နှစ်စက်ခန့် သင့်အနီးအနားမှာ ညှစ်ချထားဖြင့်လည်း ခြင်ကိုက်ခံရခြင်းကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ပန်းကန်ဆေးဆပ်ပြာမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ခြင်တွေအနားမလာနိုင်အောင် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ (၃) လာဗင်ဒါအဆီကို အသုံးပြုခြင်းဟာလည်း ခြင်နိုင်ဆေးတွေလိုပဲ အသုံးဝင်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ လာဗင်ဒါအနံ့ဟာ ခြင်တွေအတွက် အရမ်းကို ပြင်းထန်လှတဲ့အတွက် ရှုထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ခြေရာခံနိုင်တော့မှာ မဟုတ်ပါဘူး။ (၄) ပူစီနံအရွက်နဲ့ ပူစီနံအရွက်ကနေ ထုတ်လုပ်ထားတဲ့ ပူစီနံအဆီဟာလည်း ခြင်တွေကို အနားမကပ်နိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ပူစီနံအဆီကို အရေပြားပေါ်မှာ ခပ်ပါးပါးသုတ်လိမ်းပေးထားခြင်းအားဖြင့် ခြင်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ (၅) သံပုရာသီးတလုံးကို တခြမ်းခြမ်းပြီး ခြမ်းထားတဲ့သံံပုရာခြမ်းတွေပေါ်မှာ လေးညှင်းပွင့်လေးတွေကို စိုက်ထားကာ အနီးအနားမှာထားပေးရုံနဲ့လည်း ခြင်တွေကို ဝေးဝေးပြေးစေမှာ ဖြစ်ပါတယ်။ Ref. https://ift.tt/1sEw3B6 The post ခြင်တွေ ဝေးဝေးပြေးစေမယ့် သဘာဝနည်းလမ်းများ appeared first on ဧရာဝတီ.
Source : https://ift.tt/2L5jyio
via IFTTT
Source : https://ift.tt/2L5jyio
via IFTTT
“အရင်တည်းက ရုပ်ရှင်တွေကို မှီငြမ်းရိုက်ကူးတာ ရှိတယ်” ဆိုတဲ့ ဒါရိုက်တာ စတီးလ် ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးနေတဲ့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က နိုင်ငံခြားဇာတ်လမ်းများကို မှီငြမ်း ရိုက်ကူးတယ်လို့ ဝေဖန်ပြောကြတဲ့အပေါ် အက်ရှင်ကားဆိုရင် အနည်းအများတော့ နိုင်ငံခြားကားတွေကို မှီငြမ်း ရတာပါပဲလို့ ဒါရိုက်တာ စတီးလ်က ဆိုပါတယ်။ “ကျနော်က ၁၉၉၂ ခုနှစ်မှာတည်းက ဇာတ်လမ်းတွေ ရေးခဲ့တာပါ။ ကိုသားကြီးအတွက် ရေးခဲ့တဲ့ ဇာတ်လမ်းတွေလည်း ကျနော် အိန္ဒိယကားတွေကို မှီငြမ်းပြီး ရေးခဲ့တာပါ။ ကျနော်ဝတ္ထုတွေကို နာမည်ကြီး မင်းသား နာမည်ကြီး ဒါရိုက်တာ တွေနဲ့ပဲ ရိုက်ခဲ့တာပါ။ ကျနော် မှီငြမ်းပြီး ရေးခဲ့တဲ့သူပါ။ ရှေ့မှာလည်း မှီငြမ်းတွေ အများကြီး ရှိပါတယ်။ ဆရာ့ ဆရာကြီးတွေလည်း မှီငြမ်းတွေ ရှိပါတယ်” လို့ ဒါရိုက်တာ စတီးလ်က ဧရာဝတီကို ပြောပါတယ်။ “ထူးထူးခြားခြား ကျနော်ကိုပဲ မှီငြမ်းလို့ မြင်ကြတယ်။ ရုပ်ရှင် တလောကလုံးနီးပါး မှီငြမ်းသလောက် ရှိပါတယ်။ ဘာလို့လဲဆို ကျနော်တို့မှာ နေရာကျဉ်းကျဉ်းလေး လေ။ နေရာကျဉ်းကျဉ်းလေးဆိုတာက ကျနော်တို့ဆီမှာ ဟာသ ရိုက်မလား၊ ဒရာမာ ရိုက်မလား။ ဒီနှစ်ခုပဲ ရှိတယ်။ အက်ရှင်ဆိုရင်တော့ ကျနော်တို့က အနည်းနဲ့ အများတော့ နိုင်ငံခြားကားတွေကို မှီငြမ်းရတာပဲလေ။ ကျနော်ရိုက်တဲ့ ဇာတ်လမ်းတော်တော်များများက မှီငြမ်းပြီး မြန်မာမှုပြုပြီး ရိုက်တာပါ”လို့ ဒါရိုက်တာ စတီးလ်က ပြောပါတယ်။ အရင်ခေတ် သရုပ်ဆောင်တွေနဲ့ ယနေ့ခေတ် သရုပ်ဆောင်တွေ ရိုက်ကွင်း အချိန်လေးစားမှုနဲ့ ပတ်သတ်ပြီးတော့လည်း ကွာခြားမှုတွေ ရှိတယ်လို့လည်း ဒါရိုက်တာစတီးလ်က ဆိုပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး “ကိုသားကြီးတို့ လက်ထက်နဲ့ အခု လက်ထက် တော်တော်ကွာတယ်။ ကိုသားကြီးတို့တုန်းက ကိုသားကြီးနဲ့ တတန်းတည်း မင်းသားတွေရှိတယ်။ ကိုလွင်မိုး၊ ကိုကျော်ရဲအောင်၊ ကိုရန်အောင်၊ ကိုရဲအောင် ရှိတယ်။ အဲ့လိုသရုပ်ဆောင် အကြီးကြီးတွေပါ” “ကျနော်သိသလောက်က ရိုက်ကွင်းပေါ်မှာ ၈ နာရီလို့ ဆိုလိုက်တာနဲ့ အားလုံးကို ၈ နာရီ ရောက်တာနဲ့ တွေ့နေရတယ်။ ဦးကျော်ဟိန်းတို့လို မင်းသားကြီးတွေက အစပေါ့။ အရင်တုန်းက အနုပညာရှင်တွေနဲ့ ဒါရိုက်တာတွေနဲ့ ရှိခဲ့တဲ့ Relation တခုပေါ့။ ကျနော် ဒါရိုက်တာ လုပ်ပြီးနောက်ပိုင်း အချိန် မပေးနိုင်တဲ့ သရုပ်ဆောင် တယောက်၊ နှစ်ယောက်နဲ့ ကျနော် ရိုက်ဖူးတယ်ဗျ ။ သူတို့က ကျနော်ကို အချိန်မပေးနိုင်ဘူးပေါ့” လို့ ဒါရိုက်တာ စတီးလ်က ဆိုပါတယ်။ “နောက်ပိုင်း ကျနော်တို့က သူတို့နဲ့ မရိုက်ဖြစ်ဘူး။ကိုယ့်ကို အချိန်ပေးနိုင်မယ့် သရုပ်ဆောင်မျိုးနဲ့ပဲ ကျနော်ရိုက်တာ များပါတယ်။ အနုပညာရှင်တွေ အချိန် မလေးစားတာလားဆိုတော့ ကျနော်မပြောတတ်ဘူးဗျ။ သူတို့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ အလုပ်နဲ့ ရောနေတယ်လို့ပဲ ကျနော်မြင်တယ်” လို့ ဒါရိုက်တာ စတီးလ်က ဧရာဝတီကို ပြောပါတယ်။ ဒါရိုက်တာ စတီးလ်ဟာ သရုပ်ဆောင်ဒွေး သက်ရှိထင်ရှားရှိစဉ်က ဒွေးရဲ့နောက်မှ တောက်လျှောက်လိုက်ပါခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ ယနေ့ခေတ် လူငယ်ဒါရိုက်တာတွေ ရိုက်ကူးမှု တိုးတက်လာတဲ့အပေါ် ဒါရိုက်တာတယောက်အနေနဲ့ လူငယ် ဒါရိုက်တာ အကုန်လုံးက ကြိုးစားကြတဲ့အတွက် တော်ကြကြောင်း၊ ကွန်ပျူတာနဲ့ ပတ်သတ်တာများ၊ အင်တာနက်များလည်း ကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့အတွက် အားသာချက်များ ရှိကြောင်းဆိုပါတယ်။ ဒါနဲ့ပတ်သတ်ပြီးတော့လည်း “ကျနော်တို့က ကျောက်သင်ပုန်းနဲ့ ကျောက်တံနဲ့ ရေးပြီးမှ သင်ကြားခဲ့ရတယ်။ သူတို့က လက်ရှိ ကွန်ပျူတာနဲ့ အလုပ်လုပ်နေတဲ့ သူတွေဆိုတော့ အဲ့လိုတော့ ကွာခြားသွားမယ်လို့ ကျနော်မြင်ပါတယ်။ ကျတော်တို့ ရိုးရိုးကြီးသွားတာကို သူတို့က ဆန်းပြီး လုပ်သွားတယ်။ သူတို့တွေက ရေရှည်မှာတော့ စိုးမိုးလာနိုင်ပါတယ်။ အချိန်တန်ရင် ကျနော်တို့ကလည်း လူငယ်တွေကို နေရာဖယ်ပေးရမှာပဲလေ”လို့ ပြောပါတယ်။ ဒါရိုက်တာ စတီးလ် ကိုယ်တိုင် ရိုက်ကူးပုံဖော်ထားတဲ့ “သားပိုက်ကောင်” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ဇွန်လ ၈ ရက် နေ့ ကစပြီး ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒါရိုက်တာ စတီးလ်က လက်ရှိမှာတော့ ပြင်ဦးလွင်မှာ “သစ္စာတရားရဲ့ အမိန့်ပေးသံ” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေကြောင်း သိရပါတယ်။ The post “အရင်တည်းက ရုပ်ရှင်တွေကို မှီငြမ်းရိုက်ကူးတာ ရှိတယ်” ဆိုတဲ့ ဒါရိုက်တာ စတီးလ် appeared first on ဧရာဝတီ.
Source : https://ift.tt/2kzw3HK
via IFTTT
Source : https://ift.tt/2kzw3HK
via IFTTT
ကုမ္ပဏီများ အွန်လိုင်း မှတ်ပုံတင်စနစ် ကျင့်သုံးတော့မည် ၂၀၁၈ ခုနှစ် သြဂုတ်လတွင် အသက်ဝင်မည့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေသစ် အရ ကုမ္ပဏီများ ပွင့်လင်း မြင်သာမှု အားကောင်း လာစေရန် အွန်လိုင်း မှတ်ပုံတင်စနစ်ကို စတင် ကျင့်သုံးသွားမည် ဖြစ်ကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးက“အွန်လိုင်း မှတ်ပုံ တင် စနစ် ဖြစ်တာကြောင့် ကုမ္ပဏီရဲ့ရာဇဝင်အားလုံးက အွန်လိုင်းမှာ ရှိသွားမယ်။ အခု လက်ရှိမှာ ကုမ္ပဏီ တခုက ဘယ်လောက်ထိ ဥပဒေ လိုက်နာမှုရှိတယ် မရှိဘူးဆိုတဲ့ မှတ်တမ်းတွေကို DICA နဲ့ ကုမ္ပဏီပဲ သိလိမ့်မယ်။ နောင် အနာဂတ်မှာတော့ တကမ္ဘာလုံး တနိုင်ငံလုံးက သိနိုင်ပြီ” ဟု ၎င်းက ပြောသည်။ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း၌ ယနေ့ ကျင်းပသည့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ (၂၀၁၇) ရှင်းလင်းပွဲတွင် ဦးအောင်နိုင်ဦးက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာက အတည်ပြုထားပြီး ယင်းဥပဒေ အသက်ဝင်မည့် သြဂုတ် ၁ ရက်တွင် အွန်လိုင်းမှတဆင့် ကုမ္ပဏီ မှတ်ပုံတင်ခြင်း လုပ်ငန်းများကို စတင်လုပ်ဆောင်နိုင်မည် ဖြစ်သည်ဟု ဆိုသည်။ လက်ရှိ ကုမ္ပဏီများ ပွင့်လင်းမြင်သာမှု အားနည်းသည့် အတွက် အားကောင်းလာစေရန် ယခု ဥပဒေ အသစ်တွင် လိုက်နာရမည့် အချက်များ ထည့်သွင်းထားခြင်း ဖြစ်ပြီး ဥပဒေအရ ပေးထားသည့် အခွင့်အရေး၊ အကာအကွယ်များ ကို လုပ်ငန်းရှင်များ အနေနှင့် ရယူသင့်သည်ဟုလည်း ဦးအောင်နိုင်ဦးက ပြောဆိုသည်။ အွန်လိုင်းမှ မှတ်ပုံတင်ထားသော ကုမ္ပဏီများသည် ဥပဒေလိုက်နာရန် ပျက်ကွက်ပါက အကြိမ်ရေ အလိုက် မင်နီ အမှတ်အသားဖြင့် ဖော်ပြထားမည် ဖြစ်ရာ အကယ်၍ ယင်းကုမ္ပဏီက ဝန်ကြီးဌာန တင်ဒါများ ဝင်ပြိုင်ခြင်း (သို့မဟုတ်) မိမိလုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင်ရန် ချိတ်ဆက်လာပါက ကုမ္ပဏီ၏ နောက်ကြောင်း ရာဇဝင်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဝက်ဆိုက် www.dica.gov.mm/mm (MyCO) ၌ ဝင်ရောက် စစ်ဆေးနိုင်မည် ဖြစ်သည် ဟု ကုမ္ပဏီရေးရာ ဌာနခွဲမှ ညွှန်ကြားရေးမှုး ဦးမျိုးမင်း ကလည်း ပြောသည်။ အွန်လိုင်း မှတ်ပုံတင် စနစ်၌ အသစ် တည်ထောင်မည့် ကုမ္ပဏီများ သာမက တည်ထောင်ပြီး ကုမ္ပဏီ အဟောင်းများ လည်း ပြန်လည် မှတ်ပုံတင်ရမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ မှတ်ပုံတင်ရာတွင် ကုမ္ပဏီ မှတ်ပုံတင်ကြေးကို ကျပ် ၂ သိန်းခွဲ သတ်မှတ်ထားပြီး ကုမ္ပဏီ အဟောင်းများ အတွက်မူ အခမဲ့ ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ပြောသည်။ မြန်မာသကြား ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းဌေးက“အွန်လိုင်းစနစ် ဖြစ်လာ မယ် ဆိုတဲ့အတွက် အချိန်ကုန်၊ ငွေကုန်သက်သာသွားမယ်။ ပွဲစား ရှာစရာ မလိုတော့ဘူးပေါ့။ တိတိကျကျ ဖြစ်လာ မယ်။ ဒါပေမယ့် အွန်လိုင်းမှာ တင်ထားတဲ့ အချက်အလက်တွေ မှန်ကန်မှု ရှိ မရှိဆိုတာ တကယ့် လက်တွေ့မှာ ဘယ်လို ပြန်စိစစ်မလဲ ဆိုတဲ့ အပိုင်းတော့ ရှိတာပေါ့”ဟု ပြောဆိုသည်။ အွန်လိုင်းမှ မှတ်ပုံတင်ရန်အတွက် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ တက်ဘလက် တို့ဖြင့် လျှောက်ထားနိုင်ပြီး အခက်အခဲရှိပါ က သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် သွားရောက်ကာ ဆောင်ရွက်နိုင်မည် ဟု သိရသည်။ ယခင် ကုမ္ပဏီ အက်ဥပဒေအဟောင်းမှာ ၁၉၁၄ ခုနှစ်က ပြဌာန်းခဲ့သည့်အတွက် ခေတ်စနစ်နှင့် မလျော်ညီတော့ဘဲ ကုမ္ပဏီများ အတွက် ရှုပ်ထွေးသည့် လုပ်ငန်းစဉ်များ ရှိသဖြင့် ပြောင်းလဲ ပြင်ဆင်ခြင်း ဖြစ်ကြောင်း ယင်းဥပဒေ အသစ် ရေးဆွဲရာ၌ ပါဝင် အကူအညီ ပေးခဲ့သည့် Aust Cham Myanmar အဖွဲ့ ဥက္ကဋ္ဌ Mr. Chris Hughes က ပြောသည်။ လက်ရှိ မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ စုစုပေါင်း ၆ သောင်းကျော်ရှိပြီး အာဆီယံ နိုင်ငံများတွင် အရေ အတွက် အနည်းဆုံး ဖြစ်ကြောင်း သိရသည်။ The post ကုမ္ပဏီများ အွန်လိုင်း မှတ်ပုံတင်စနစ် ကျင့်သုံးတော့မည် appeared first on ဧရာဝတီ.
Source : https://ift.tt/2H30BdF
via IFTTT
Source : https://ift.tt/2H30BdF
via IFTTT
Subscribe to:
Posts (Atom)