Friday, June 1, 2018


“နှလုံးအဆို့ရှင် မကောင်းတဲ့ ရောဂါရှိတယ်” ဆိုတဲ့ ညီညီမောင်(စမ်းချောင်း) ညီညီမောင်(စမ်းချောင်း) က သူ့မှာ နှလုံးရောဂါရှိတာကြောင့် ပစ်သွားတဲ့ ချစ်သူက သူကို စိတ်မပူတဲ့အတွက် ခံစားနေရကြောင်း ဧရာဝတီကို ဆိုလိုက်ပါတယ်။ “သုကိုစိတ်ပူတယ်ဆိုတာ မဖြစ်နိုင်ဘူးလေ။ စိတ်ပူတဲ့ချစ်သူက ၃၊ ၄ လ ပစ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ သုမှာ နှလုံးရောဂါရှိတာ အားလုံးလည်း သိတယ်။ အဲ့တော့ သူစိတ်ပူတယ်ဆိုတာ ဖြစ်နိုင်မလား။ တကယ်တမ်း စိတ်ပူတယ်ဆိုတဲ့ သူကတယောက်က နှလုံးရောဂါသည် တယောက်ကို စိတ်ပူပြီး ပစ်သွားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားရှင့်။ ကျမအဲ့မေးခွန်းကို စိတ်ဝင်စားနေပါတယ်။ ကျမမှာတော့ အဖြေမရှိဘူး။ သူ့မှာတော့ အဖြေရှိမယ် ထင်ပါတယ်” လို့ ညီညီမောင်က ဧရာဝတီကို ဆိုပါတယ်။ ဆက်ပြီး ညီညီမောင်က ချစ်သူ Zippy စိတ်ပူနေတယ်လို့ ဆိုတဲ့အပေါ် “သူကကိုယ့်ကို အပြင်ကနေ စိတ်ပူနေတာလား။ ဘယ်လိုစိတ်ပူနည်းနဲ့ စိတ်ပူနေတာလဲ။ ငါ့ရည်းစား ငါ့မိန်းမက အိမ်မှာ တယောက်တည်း သေသွားပြီးတော့မှ လာငိုမှာလား။ သူစိတ်ပူတယ်ဆိုတာ မဖြစ်နိုင်ဘူး။ လုံးဝ မယုံဘူး။ အပြင်ကနေ နှိပ်စက်နေတယ်လို့ ခံစားရတယ်။ သု နှလုံးအဆို့ရှင် မကောင်းတဲ့ အတွက် အိပ်ရာထဲမှာ လဲနေမလား အဲ့လိုမျိုး မပူဘဲနဲ့ သု့ကိုစိတ်ပူတယ်ဆိုတာ မဖြစ်နိုင်ဘူး”လို့ ဆိုပါတယ်။ မိတ်ကပ် ညီညီမောင်(စမ်းချောင်း) မိတ်ကပ် ညီညီမောင်(စမ်းချောင်း)ရဲ့ ချစ်သူ Zippy က သုသု(ညီညီမောင်)ရဲ့ ပတ်ဝန်းကျင်က သွေးထိုးစကား တွေကြောင့် ဖောက်ပြန်နေတာပါ သူယုံနေတယ်လို့ ဧရာဝတီနဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သတ်လို့လည်း သုသု(ညီညီမောင်)က “သု ပတ်ဝန်းကျင်ကလူတွေက သုကို အကောင်းပဲပြောကြတာပါ။ အဖိုးကအစ ပြန်မလာလို့ မေးနေကြတာ။ သူကအဆောင်မှာနေတာကို သောကြာ၊ စနေဆို ပြန်ပြန်သွားတာ အခုမှ သူအလုပ်တွေဖြစ်လို့ တိုက်ခန်းငှားနေနိုင်တာလေ။ အိမ်ထောင်ပြုပြီးတဲ့သူတွေဆို စဉ်းစားကြည့်ပါ” “ကိုယ့်ရဲ့ အိမ်ထောင်ဘက်က ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ မိဘအိမ်မှာ ၂ရက် ပြန်အိပ်တာ လက်ခံနိုင်တယ်။ သူငယ်ချင်းနဲ့ ၂ရက် ပြန်အိပ်တယ်ဆိုတာ ဘယ်သူ လက်ခံနိုင်မှာလဲ။ ကျမက၂နှစ်ခွဲတိတိ လက်ခံလာတဲ့ သူတယောက်ပါ။ ကျမ မပြောချင်ဘူး။ ပြောရင် မကောင်းဖြစ်မှာ စိုးလို့” ဆိုပြီး ပြောပါတယ်။ လက်ရှိမှာတော့ သုသု(ညီညီမောင်)(စမ်းချောင်း)က အချစ်သစ်ကို မရှာဘဲ မိတ်ကပ်လုပ်ငန်းကိုသာ အကောင်းဆုံး လုပ်ကိုင်သွားတော့မယ်လို့ ဆိုပါတယ်။ ဆက်စပ်ဖတ်ရှုရန် – “ဖောက်ပြန်တယ်ဆိုတာ တဖက်သတ်အထင်ပါ”လို့ ပြောတဲ့ ညီညီမောင်ရဲ့ ချစ်သူဟောင်း Zippy The post “နှလုံးအဆို့ရှင် မကောင်းတဲ့ ရောဂါရှိတယ်” ဆိုတဲ့ ညီညီမောင်(စမ်းချောင်း) appeared first on ဧရာဝတီ.
Source : https://ift.tt/2JfIhn5
via IFTTT

ဧရာဝတီ - Covering Burma and Southeast Asia

Gaming နားကြပ်တွေရဲ့ အားနည်းချက်တခုက တပ်ဆင်ထားရတာ ဘယ်လောက်ပဲ သက်သောင့်သက်သာ ရှိပါစေ၊ အသုံးပြုတဲ့အချိန် ကြာလာတာနဲ့အမျှ နားတွေ ပူခြစ်လာတာကို ခံစားရတာပါ။ ဒီပြဿနာကို သတိထားမိတဲ့ HP ဟာ Mindframe Headset မော်ဒယ်အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ Headset ရဲ့ အထူးခြားဆုံး စွမ်းဆောင်ရည် တခုကတော့ တနေကုန်အသုံးပြုရင်တောင် ပူလာခြင်း မရှိဘဲ အမြဲတမ်း အေးမြနေအောင် စွမ်းဆောင်ပေးနိုင်တာ ဖြစ်ပါတယ်။ Mindframe Headsets ရဲ့ နားကြပ်ခွက် (Earcup) ထဲမှာ သာမိုအီလက်ထရောနစ် စက်တခု ပါရှိပြီး၊ Acoustic Chamber ထဲက အပူတွေကို အပြင်သို့ စီးကူးစေကာ နားကြပ်ကို အစဉ်အမြဲ အေးမြနေအောင် ပြုလုပ်ပေးနိုင်တယ်လို့ HP က ဆိုထားပါတယ်။ ဒီအအေးပေးစနစ်ဟာ HP မူပိုင်ခွင့်ရ နည်းပညာဖြစ်ပြီး၊ Mindframe နားကြပ်ဟာ အဆက်မပြတ် အအေးပေးစနစ် ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး နားကြပ်ဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Omen Gaming Products အသစ်များ မိတ်ဆက်ပွဲမှာ မိတ်ဆက်ခဲ့တဲ့ Mindframe နားကြပ်ကို Engadget ရဲ့ အကြီးတန်းအယ်ဒီတာဖြစ်သူ Devindra Hardawar တယောက် ကိုင်တွယ် စမ်းသပ်ခွင့် ရရှိခဲ့ပြီး၊ အဲယားကွန်း တခုရှေ့မှာ လက်ကို ကပ်ထားရသလိုပဲလို့ ပြန်ပြောပြခဲ့ပါတယ်။ HP Mindframe မှာ နားကို အမြဲအေးမြစေတဲ့ နည်းပညာအပြင် အသံဆူညံမှုကို ဖယ်ရှားပေးကာ ဦးတည်ရာ တခုတည်းက အသံကိုဖမ်းပေးနိုင်တဲ့ မိုက်ခရိုဖုန်း၊ Audio နဲ့ 7.1 Virtual Surround Sound စနစ်၊ RGB Lighting စနစ်နဲ့ USB 2.0 Type-A Connector 3D တို့လည်း ပါဝင်ပါတယ်။ ဈေးနှုန်းကိုတော့ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိဘဲ၊ ၂၀၁၈ နှစ်ဝက်လောက်မှ ဈေးကွက်တွင်း ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ The post appeared first on ဧရာဝတီ.
Source : https://ift.tt/2J4vRuH
via IFTTT


ဂျိုင်း(ဇာသပြင်) ကြိုးတံတား ဖြတ်သန်းရာ၌ ခရီးသွားများ အဆင်ပြေရန် စီစဉ်ပေးမည်ဟု ဆို ကရင်ပြည်နယ်ရှိ ခံနိုင်ဝန် အခြေအနေ ဆိုးနေသော ဂျိုင်း (ဇာသပြင်) ကြိုးတံတားပေါ် ဖြတ်သန်း သွားလာကြသည့် ခရီးသည်များ မိုးရွာနေချိန်များ၌ လမ်းလျှောက် ဖြတ်သန်းစရာမလိုရန် စီစဉ်ပေးမည်ဟု ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့့် က ပြောသည်။ မေ ၂၉ ရက်က ပြုလုပ်သည့် ကရင်ပြည်နယ် အစိုးရ၏ ၂ နှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲ၌ သတင်း မီဒီယာများ မေးမြန်း ချက် အပေါ် ပြည်နယ် ဝန်ကြီးချုပ်က ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။ ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က “မိုးအရမ်းရွာနေတဲ့ အခါကျရင် အန်တီက စဉ်းစားလိုက်တယ် ကား ၃၊ ၄ စီး မဖြတ်ဘဲ ၁ စီး ပြီးမှ ၁ စီး ပေးဖြတ်လိုက်ပေါ့၊ မိုးလေဝသ သာရင်တော့ ဆင်းလျှောက်ပေါ့ မဟုတ်ဘူးလား။ အခုလို ဆိုရင်တော့ ကား တစီး ပြီးမှ တစီး ဖြတ်ဖို့ ညွှန်ကြားရမှာပေါ့ နော်” ဟု ဆိုသည်။ အဆိုပါ တံတားသည် ကရင်ပြည်နယ် ဘားအံနှင့် မွန်ပြည်နယ် မော်လမြိုင်မြို့တို့ကို ဆက်သွယ်ထားသော ကြိုးတံတား ဖြစ်ပြီး ခံနိုင်ဝန် အခြေအနေ ဆိုးနေသော ကြိုးတံတား ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတိ ပေးထားသည့် တံတားလည်း ဖြစ်သည်။ ရာသီဥတု ကောင်းမွန်ချိန်တွင်မူ ဂျိုင်း (ဇာသပြင်) တံတား ဖြတ်သန်းမည့် မှန်လုံယာဉ်များက သက်ကြီး ရွယ်အို ခရီးသည် များမှ လွဲ၍ ကျန်ခရီးသည်များ လမ်းဆင်းလျှောက်ရမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ “သူတို့ရဲ့ အသက်အတွက် စိုးရိမ်လို့လေ၊ ဒီလမ်းကြီးက အန္တရာယ်ရှိတယ်လို့ ပြောထားတယ်လေ။ အဲဒီတော့ သူတို့ အတွက်လည်း အန်တီတို့ စဉ်းစားထားပါတယ်။ အသက်ကြီးတဲ့ သူတွေက ကားပေါ်က မဆင်းနဲ့ပေါ့” ဟု နန်းခင်ထွေးမြင့် က ဆက်လက်ပြောသည်။ မေ ၁၂ ရက်က ဂျိုင်း (ဇာသပြင်) ကြိုးတံတား ခံနိုင်ဝန်အားကို ယာဉ်နှင့် ကုန်စုစုပေါင်း ၁၃ တန်သို့ လျှော့ချ သတ်မှတ် သည့် သတိပေး ဆိုင်းဘုတ်များ စိုက်ထူခဲ့ပြီး ခရီးသည်တင် မှန်လုံယာဉ်များ ဖြတ်သန်း သွားလာရာ၌ ခရီးသည်များ လမ်းဆင်းလျှောက်ကာ ဖြတ်သန်းပြီးမှသာ ယာဉ်ဖြတ်သန်း သွားလာရန် သတ်မှတ်ထားသည်။ ယင်းကြိုးတံတားကို ၁၉၉၆ ခုနှစ်က စတင် တည်ဆောက်ခဲ့ပြီး တံတား အရှည်မှာ ပေ ၂၉၀၀ ကျော်ရှိကာ လက်ရှိတွင် တံတား ပညာရှင်များ၏ စစ်ဆေးချက်အရ အန္တရာယ်ရှိ အဆင့် ၅ ရှိကြောင်း သိရသည်။ ထို့ပြင် ဧပြီလ၌ မြဝတီ-ဘားအံ လမ်းကြောင်းပေါ်ရှိ ဂျိုင်း (ကော့ကရိတ်) ကြိုးတံတားသည်လည်း ခံနိုင်ဝန် လျော့ကျ လာ သဖြင့် ကုုန်နှင့်ယာဉ် စုစုပေါင် ၁၃ တန်အောက်သာ ဖြတ်သန်းခွင့်ပြုမည် ဖြစ်ကြောင်း ကရင်ပြည်နယ် လမ်းဦးစီး ဌာနက အသိပေးထားသည်။ မြန်မာနိုင်ငံတွင် ကြိုးတံတား ၂၉ စင်းရှိသည့်အနက် မကွေးတိုင်း ဒေသကြီးရှိ မယ်ဇလီတံတားနှင့် ကရင်ပြည်နယ်ရှိ ဂျိုင်း (ဇာသပြင်) တံတားတို့မှာ အဆိုးဆုံး အခြေအနေရှိနေကြောင်း မေ ၁၅ ရက်က ကျင်းပသည့် အစိုးရ ဒုတိယ တနှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများအား သတင်းစာ ရှင်းလင်းစဉ် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးကျော်လင်း က ပြောဆိုထားသည်။ မြောင်းမြ ကြိုးတံတား ကျိုးကျခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ကြိုးတံတားများ၏ ခံနိုင်ဝန်များကို တရုတ် နိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်း၍ စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ The post ဂျိုင်း(ဇာသပြင်) ကြိုးတံတား ဖြတ်သန်းရာ၌ ခရီးသွားများ အဆင်ပြေရန် စီစဉ်ပေးမည်ဟု ဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2swN3lw
via IFTTT


အီဂျစ်နိုင်ငံ၊ Miss Eco Teen International 2018 ပြိုင်ပွဲမှာ ဆု ၂ ခု ရရှိခဲ့တဲ့ အလှမယ် ခခစံ အီဂျစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Miss Eco International 2018 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ခခစံက ပြိုင်ပွဲမှာ Miss Eco Teen International Award Eco နဲ့ Dress Top Top 6 ဆု ၂ ဆု ရရှိခဲ့တယ်လို့ သိရပါတယ်။ “ဒီဆုကို ရခဲ့တာက သူတို့ခေါ်တဲ့အချိန် အတိအကျ သွားတယ်။ သူတို့ခေါ်တဲ့ နေရာတွေမှာ Active ဖြစ်တယ်။ သူတို့ ချထားတဲ့ စည်းကမ်းချက်တွေကို သေချာလိုက်နာတယ် ဆိုတဲ့သူတွေကို ဒီဆုချီးမြှင့်ပါတယ်။ ပြီးတော့ သူတို့ဝတ်လာခိုင်း တဲ့ အရောင်က အနက်ဆိုရင် တချို့က အဖြူဝတ်လာတာမျိုး ရှိတယ်။ ညီမကတော့ သူတို့ ညွှန်ကြားတဲ့အတိုင်းပဲ လိုက်နာခဲ့တယ်”လို့ ခခစံက ဧရာဝတီကို ပြောပါတယ်။ ဆက်လက်ပြီး “ဒီပွဲမှာ အတွေ့အကြုံတွေ အများကြီး ရခဲ့တယ်။ နိုင်င်ငံပေါင်း ၆၀ ကျော်က Miss တွေနဲ့ အတူ ယှဉ်ပြိုင်ခဲ့ရတာဆိုတော့လေ။ သူတို့ဆီက အတုယူစရာတွေလည်း လေ့လာယူခဲ့တယ်။ သူတို့ အကုန်လုံးကတော့ ဖော်ရွေကြပါတယ်။ စိတ်ဓာတ်ကတော့ အမျိုးမျိုးပေါ့။ ညီမက တောင်အာဖရိက၊ ပါကစ္စတန်၊ တရုတ်၊ ဗီယက်နမ် က Miss တွေနဲ့ ပေါင်းတာ များတယ်။ သူတို့ဆီက Miss တွေရဲ့ အနေအထိုင်၊ အစားအသောက်၊ လှုပ်ရှားမှုတွေကိုပါ လေ့လာခွင့်ရခဲ့တယ်”လို့ ဆိုပါတယ်။ အလှမယ် ခခစံက Talent Show ယှဉ်ပြိုင်မှုမှာလည်း အားလုံးသဘောကျအောင် လုပ်ပြနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ “ညီမက Talent မှာသင်္ကြန်ယိမ်းကို နွေဦးကဗျာ သီချင်းနဲ့ ကခဲ့တယ်။ သူတို့အရမ်း သဘောကျကြတယ်။ ညီမက မြန်မာဝတ်စုံ ဝတ်ပြီးကတာ သူတို့ဝတ်စုံကိုလည်း သဘောကျတယ်။ သဘော အကျဆုံးကတော့ မြန်မာဆိုပြီးတော့ ညီမက သနပ်ခါးပါးကွက် ကွက်လိုက်တာ။ သူတို့က သနပ်ခါးကို မမြင်ဖူးကြဘူး။ အဲဒါကို အထူးအဆန်းဖြစ်ပြီး သဘောကျကြတာ”လို့ ဆိုပါတယ်။ အလှမယ် ခခစံက အခုလက်ရှိမှာလည်း Miss Universe Myanmar (Yangon) ကိုလည်း ဝင်ရောက် ယှဉ်ပြိုင်နေပါတယ်လို့ သိရပြီး ဒါနဲ့ပတ်သတ်လို့ ” Miss Universe ပွဲမှာလည်း အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်မှာပါ။ ဒီပွဲကို ဝင်ပြိုင်ဖြစ်တဲ့ အကြောင်းရင်းကလည်း ရရှိလာတဲ့ အကျိုးရလဒ်ကို မိဘမဲ့ကလေးတွေကို အသက်မွေးဝမ်းကြောင်းတခုအနေနဲ့ ပညာသင်ပေးချင်တဲ့အတွက် ဒီပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ။ ဒါကြောင့်ညီမကိုအားပေးကြပါဦး လို့ပြောချင်ပါတယ်” လို့ ဧရာဝတီကို ဆိုပါတယ်။ ခခစံက ဆံပင်ပညာရှင်ချန်လုံးရဲ့ သွန်သင်၊ပြသ၊ လေ့ကျင့်မှုနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ထူးခြားဆန်းသစ်တဲ့ ဆံပင်အလှထုံးဖွဲ့မှုကိုလည်း ပရိသတ်အားပေးခြင်း ခံခဲ့ရတယ်လို့ ပြောပြပါတယ်။ ပြိုင်ပွဲမှာ အမှတ်တရဖြစ်ခဲ့တဲ့အရာနဲ့ ပတ်သက်ပြီးလည်းခခစံက “ညီမကိုမြန်မာလို့ ပီပီသသခေါ်တာ မဟုတ်ဘူး။ မြန်နမာလို့ ခေါ်တာ။ ပထမတော့ ဘယ်သူ့ခေါ်မှန်း မသိဘူး။ နောက်မှ ကိုယ့်ကိုခေါ်တာ ဖြစ်နေတယ်။ ဒါလေးကလည်း အမှတ်တရ ဖြစ်ခဲ့တယ်။ ပြီးတော့သူတို့က မြန်မာဆိုရင် စေတီ၊ပုထိုးတွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေ အသွားများတဲ့ ပုဂံကိုလည်း သိကြပါတယ်။ပြီးတော့ ညီမက ဝမ်းနည်းတဲ့စိတ် မရှိဘူး။ အားငယ်တဲ့ စိတ်မထားဘူး။ Top 20 ထဲမပါခဲ့ရင်လည်း မျက်ရည်မကျဘူး။ သူများတွေကငိုကြတယ်လေ ။ ညီမက ကိုယ့်ကိုယ်ကို Confident ထားတယ်။ ဘယ်တော့မှ မငိုဘူး” လို့ ဆိုပါတယ်။ အီဂျစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Eco International 2018 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ခခစံက မော်ရေးရှားနိုင်ငံမှာ ကျင်းပမယ့် Hair &Make Up Big Show မှာ ပါဝင်ပြသတင်ဆက်ဖို့ ဖိတ်ကြားထားပြီး ဇူလိုင်လမှာ သွားရောက်ရမယ်လို့ သိရပါတယ်။ The post အီဂျစ်နိုင်ငံ၊ Miss Eco Teen International 2018 ပြိုင်ပွဲမှာ ဆု ၂ ခု ရရှိခဲ့တဲ့ အလှမယ် ခခစံ appeared first on ဧရာဝတီ.
Source : https://ift.tt/2xxSd6t
via IFTTT


ချွေးပေါက်ကျဉ်းဖို့အတွက် အလွယ်ကူဆုံး အိမ်တွင်းနည်းလမ်း ၃ ခု မျက်နှာက ချွေးပေါက်တွေက အနီးကပ် ကြည့်လိုက်ရင် ဆိုးရွားနေတာကြောင့် စိတ်ညစ်နေရတယ် ဆိုရင် အောက်က နည်းလမ်းတွေကို သုံးကြည့်လိုက်ပါ။ လွယ်ကူရိုးရှင်းပြီး အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ ပုံမှန် လုပ်ကြည့်ပေးမယ်ဆိုရင် ပြောင်းလဲလာတဲ့ သင့်အသားအရေကို တွေ့ရမှာပါ။ (၁) ရေခဲတုံး ရေခဲတုံးကို မိတ်ကပ် မလိမ်းခင် အသုံးပြုနိုင်ပါတယ်။ သူက ကျယ်နေတဲ့ ချွေးပေါက်တွေကို လှုံ့ဆော်ပေးပြီး ကျဉ်းသွား စေပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုကို ကောင်းစေတာကြောင့်ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်စေမှာပါ။ အသုံးပြုပုံ ကတော့ ရေခဲတုံးတွေကို သန့်ရှင်းတဲ့ အဝတ်နဲ့ ထုပ်ပါ။ မျက်နှာမှာ ၁၅ စက္ကန့်ကနေ ၃၀ စက္ကန့်အထိ ကပ်ထားပေးပါ။ ဒါ့အပြင် ရေခဲရေနဲ့လည်း တနေ့ကိုတကြိမ် မျက်နှာသစ်နိုင်ပါတယ်။ (၂) သကြား သကြားနဲ့ Scrub လုပ်ကြည့်မယ်ဆိုရင် ချွေးပေါက်တွေကို ကျဉ်းစေသလို အရေပြားကအဆီတွေနဲ့ အညစ်အကြေးတွေကို ကင်းစင်စေပါတယ်။ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သံပုရာအစက် အနည်းငယ် လောက်ကိုရောပြီး မျက်နှာမှာ လိမ်းပါ။ ပြီးနောက် မျက်နှာကို နှိပ်နယ်ပြီး စက္ကန့် ၃၀ ကြာတဲ့အခါ ရေဆေးချပါ။ သံပုရာသီး စိတ်ပေါ်မှာ သကြားအနည်းငယ်ဖြူးပြီး မျက်နှာကို နှိပ်နယ်ပေးလို့လည်း ရပါတယ်။ ၁၀ မိနစ်ကြာတဲ့အခါ ရေဆေးချပါ။ (၃) ကြက်ဥအကာ ကြက်ဥအကာတွေက ချွေးပေါက်နဲ့ဆားဝက်ခြံတွေ ဖယ်ရှားဖို့အတွက် ထိရောက်တာလည်း သိကြမှာပါ။ ကြက်ဥအကာကို ခေါက်မွှေပြီး မျက်နှာမှာ လိမ်းကြည့်ပါ။ ခြောက်တဲ့အခါ ရေဆေးချပါ။ ဒါ့အပြင် ကြက်ဥအကာ လိမ်းပြီးတဲ့အခါ မျက်နှာမှာ တစ်ရှူးစက္ကူ အဖြူအုပ်ထားပြီး ခြောက်သွားတဲ့အခါ ခွာချလို့ ရပါတယ်။ နောက်တခုက ကြက်ဥအကာကိုမွှေပြီး သံပုရာသီးတခြမ်း အရည်ညှစ်ချပါ။ အရည်ကိုလိမ်းပြီး ၁၀ မိနစ် (သို့မဟုတ်) ခြောက်သွားတဲ့အခါ ရေအေးနဲ့ဆေးပါ။ ကဲ… ဒီလိုနည်းလမ်းတွေက လွယ်ကူရိုးရှင်းပြီး ထိရောက်တာကြောင့် ပုံမှန်လုုပ်ပေးမယ်ဆိုရင် လှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။ The post ချွေးပေါက်ကျဉ်းဖို့အတွက် အလွယ်ကူဆုံး အိမ်တွင်းနည်းလမ်း ၃ ခု appeared first on ဧရာဝတီ.
Source : https://ift.tt/2H8Iwv5
via IFTTT

The Ladies News

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံ --- --- --- ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မေလ ၃၁ ရက်နေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ် ကြီး H.E.Mr. Hong Liang နှင့် တွေ့ဆုံခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ တာဝန်ရှိသူတို့ တက်ရောက် ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အတူ စစ်သံမှူး Senior Colonel Xiong Shaowei နှင့်တာဝန်ရှိသူတို့ တက်ရောက်ကြသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး နှင့် ဘက်စုံ မဟာဗျူဟာမိတ်ဖက် ဆက်ဆံရေး အခြေ အနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား အဆင့်လိုက် ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် လည်ပတ် ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်း ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ရခိုင်ပြည် နယ်တည်ငြိမ်အေးချမ်းရေး၊ ထွက်ပြေး တိမ်းရှောင်ဘင်္ဂါလီများ ပြန်လည် လက်ခံရေးဆိုင်ရာ အခြေအနေ၊ ရခိုင်ပြည်နယ် လူမှုစီးပွားပြန်လည်ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ် တို့တွင် တရုတ်နိုင်ငံက ကူညီထောက်ပံ့ရေး ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်း၍ စီးပွားရေးစင်္ကြံ စီမံကိန်း ဆောင်ရွက်နေမှုနှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား မဟာဗျူဟာ ဆွေးနွေးပွဲ ဆက်လက်ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ 2 Plus 2 အစည်းအဝေးကျင်းပရေး ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆေးပညာရပ် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးနှင့် တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့များ အပြန်အလှန်စေလွှတ်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ဘက်ဆိုင်ရာ သင်တန်းသား ကိစ္စရပ်များနှင့် စစ်ဘက်ဆိုင်ရာ စက်မှုလက်မှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်စေရေးအတွက် ယဉ်ကျေးမှု အနုပညာအဖွဲ့များ အပြန်အလှန် စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် အကြမ်းဖက် နှိမ်နင်းရေး တို့တွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် အပြန်အလှန် ဆွေးနွေးကြသည်။ တွေ့ဆုံပွဲအပြီးတွင် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အား မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ပြီး အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြ ကြောင်းလည်း သိရသည်။ Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး The Ladies News https://ift.tt/2LPgYhz
Source : https://ift.tt/2LPgYhz
via IFTTT


“Ex-Baghdad” ရုပ်ရှင်မှာ ဂျက်ကီချန်းနဲ့အတူ မြင်တွေ့ရမယ့် မင်းသား John Cena WWE နပမ်း ချန်ပီယံဟောင်း၊ မင်းသား John Cena ဟာ တရုတ်မင်းသားကြီး ဂျက်ကီချန်းနဲ့အတူ “Ex-Baghdad” လို့ အမည်ရတဲ့ အက်ရှင်ရုပ်ရှင်မှာ ပါဝင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ သူဟာ မင်းသားကြီး Sylvester Stallone နေရာမှာ အစားထိုးပါဝင်သရုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။ WWE ချန်ပီယံ ၁၆ ကြိမ်ဖြစ်ဖူးတဲ့ မင်းသား John ဟာ အခုတော့ အသက် ၄၁ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ သူက နဂို ကတည်းက နပန်းသမား ဘဝကို လက်လွှတ်ရမယ်ဆိုရင် သရုပ်ဆောင်လောကဘက်ကို သွားချင်တဲ့အကြောင်း ဝန်ခံပြောကြားခဲ့ဖူးပါတယ်။ မင်းသား John ဟာ ၂၀၁၅ ခုနှစ်မှာ “Trainwreck” ဆိုတဲ့ ရုပ်ရှင်မှာပါဝင်ခဲ့ပြီး ဟောလိဝုဒ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက်တော့ “Daddy’s Home” နဲ့ “Sisters” တို့လိုမျိုး ဟာသဇာတ်မြူးရုပ်ရှင် တွေ မှာလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ “The Wall” ဆိုတဲ့ ဒရမ်မာရုပ်ရှင်မှာ ပါဝင်ခဲ့ပြန်ပါတယ်။ သူဟာ “Daddy’s Home 2” မှာလည်း ဆက်လက်ပါဝင်ခဲ့သလို အန်နီမေးရှင်းရုပ်ရှင်တခုဖြစ်တဲ့ “Ferdinand” မှာ ကျွဲရိုင်းလေးအဖြစ် အသံသရုပ်ဆောင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ မင်းသား John ဟာ ဟာသဇာတ်မြူး “Blockers” ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့အပြင် “Bumblebee” ဆိုတဲ့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်မှာလည်း အဓိကနေရာကနေ ပါဝင်ဖို့ ပြင်ဆင်ထားပါတယ်။ အခုတော့ သူဟာ ဂန္တဝင်အက်ရှင် မင်းသားကြီး ဂျက်ကီချန်းနဲ့အတူ “Ex-Baghdad” ဆိုတဲ့ သည်းထိတ်ရင်ဖို အက်ရှင်ရုပ်ရှင်မှာ အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ရဖို့ ဖြစ်လာခဲ့ပါပြီ။ အဲဒီရုပ်ရှင်ကို အက်ရှင်မင်းသားကြီးတွေ ဖြစ်တဲ့ Stallone နဲ့ ဂျက်ကီချန်းတို့က ပထမဆုံးပူးတွဲ သရုပ်ဆောင်ကြမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ်မှာ ကြေညာခဲ့ပေမယ့် အခုတော့ မင်းသားကြီး Stallone နေရာမှာ မင်းသား John Cena ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ Ex-Baghdad ရုပ်ရှင်ကတော့ အီရတ်နိုင်ငံ၊ မိုဆူးလ်မြို့က အသိမ်းပိုက်ခံထားရတဲ့ တရုတ်နိုင်ငံသားပိုင် ရေနံချက် စက်ရုံတခုမှာ ဇာတ်အိမ်တည်မှာ ဖြစ်ပါတယ်။ အဲဒီရေနံချက် စက်ရုံပိုင်ရှင်တွေက ပိတ်မိနေတဲ့ သူတို့ရဲ့ ဝန်ထမ်းတွေကို ကယ်ဆယ်ဖို့ Snow Leopard Commando Unit လို့ခေါ်တဲ့ အဖွဲ့အစည်းက သီးသန့်လုံခြုံရေးမှူး Jackie Luo ကို တာဝန် ပေးခဲ့ပါတယ်။ ဒါပေမယ့် တိုက်ခိုက်သူတွေဟာ စက်ရုံကို ဖျက်ဆီးဖို့ဆိုတာထက် ရေနံတွေကို ခိုးယူဖို့သာ စိတ်ဝင်စားနေခဲ့ကြတာပါ။ အဲဒါကို ရပ်တန့်နိုင်ဖို့ Jackie နဲ့ အမေရိကန် မရိန်းတပ်သားဟောင်း Chris Saatchi တို့ပူးပေါင်းပြီးတော့ စစ်ဆင်ရေး လုပ်ဆောင်ပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Ref: screenrant The post “Ex-Baghdad” ရုပ်ရှင်မှာ ဂျက်ကီချန်းနဲ့အတူ မြင်တွေ့ရမယ့် မင်းသား John Cena appeared first on ဧရာဝတီ.
Source : https://ift.tt/2J0CZfI
via IFTTT