Tuesday, July 26, 2016

www.7daydaily.com

နေစွမ်းအင်သုံး လေယာဉ်၏ ကမ္ဘာတစ်ပတ် ပျံသန်းမှု ခရီးစဉ် အောင်မြင်စွာ ပြီးဆုံး Tuesday, July 26, 2016 Solar Impulseသည် နေရောင်ခြည် စွမ်းအင်ကို သီးသန့် အသုံးပြုထားသည့် လေယာဉ် တစ်စီးအနေဖြင့် ပထမဆုံးအကြိမ် ကမ္ဘာတစ်ပတ် ပျံသန်းမှု အထမြောက် အောင်မြင်ခဲ့ပြီ ဖြစ်သည်။ ဘာထရန် ပစ်ကတ်ဒ် မောင်းနှင်လာသည့် လေယာဉ်သည် ဇူလိုင် ၂၆ ရက်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ၊ အဘူဒါဘီမြို့သို့ အောင်မြင်စွာ ဆိုက်ရောက် ဆင်းသက်ခဲ့သည်။ Solar Impulseသည် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်မှ ထွက်ခွာပြီး အဘူဒါဘီသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် မတ် ၉ ရက်က အဘူဒါဘီမှ စတင်ထွက်ခွာကာ အရှေ့ဘက်သို့ ဦးတည်ပျံသန်းခဲ့သော လေယာဉ်သည် ယခုအခါ အဘူဒါဘီသို့ ပြန်လည်ရောက်ရှိကာ ကမ္ဘာတစ်ပတ် ခရီးစဉ် အဆုံးသတ်ခဲ့သည်။ ထိုအတောအတွင်း Solar Impulseကို ဆွစ်ဇာလန်သား နှစ်ဦးက အလှည့်ကျ မောင်းနှင်ခဲ့ပြီး ခရီးအစိတ်အပိုင်း ၁၇ ခု ခွဲခြား ပျံသန်းခဲ့သည်။ ပစ်ကတ်ဒ်နှင့်အတူ အန်ဒရီ ဘော့ချ်ဘာ့ဂ်သည်လည်း သန့်စင်စွမ်းအင် အသုံးပြု လေယာဉ် နည်းပညာ ကဏ္ဍ၏ သမိုင်းမှတ်တိုင် ရေးထိုးမှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နိုင်ခဲ့သည်။ Solar Impulseသည် ကမ္ဘာတစ်ပတ် ပျံသန်းခဲ့ရာတွင် စတုတ္ထ ခရီးအစိတ်အပိုင်း၌ မြန်မာနိုင်ငံ၊ မန္တလေးမြို့တွင် ဆင်းသက်ခဲ့သေးသည်။ ကမ္ဘာတစ်ပတ် ပျံသန်းမှု၌ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်ငယ်လေးသည် တိုက်ကြီးလေးတိုက်၊ ပင်လယ်သုံးခုနှင့် သမုဒ္ဒရာ နှစ်ခုတို့ကို ဖြတ်ကျော်ခဲ့ရသည်။ လေယာဉ်၏ ဆက်တိုက် ပျံသန်းမှု အရှည်ကြာဆုံး ခရီးစဉ်မှာ ဂျပန်နိုင်ငံ၊ နာဂိုယာမှ အမေရိကန်နိုင်ငံ ဟာဝိုင်ယီထိ ပျံသန်းမှုဖြစ်ပြီး ၅၅၄၅ မိုင် ရှည်လျားခဲ့သည်။ ထိုခရီးစဉ်ကို ဘော့ချ်ဘာ့ဂ်က တာဝန်ယူကာ ၁၁၈ နာရီနီးပါး ဆက်တိုက် ထိန်းချုပ် ပျံသန်းခဲ့ရခြင်း ဖြစ်သည်။ ယင်းသည် လူတစ်ဦးတည်း အချိန်အကြာဆုံး ထိန်းချုပ်မောင်းနှင်သည့် ကမ္ဘာ့အချိန်အကြာဆုံး လေယာဉ် ခရီးစဉ် အဖြစ်လည်း စံချိန်တင်သွားစေခဲ့သည်။ ပစ်ကတ်ဒ်နှင့် ဘော့ချ်ဘာ့ဂ်တို့သည် Solar Impulse ပရောဂျက်ကို ဆယ်စုနှစ် တစ်ခုကျော်ကြာ အချိန်ယူ အကောင်အထည် ဖော်ခဲ့ရသည်။ ၎င်းတို့သည် ကမ္ဘာတစ်ပတ် ပျံသန်းမှုကို ပြီးခဲ့သည့်နှစ် ကတည်းက အပြီးသတ်နိုင်ရန် မျှော်လင့်ခဲ့သော်လည်း ရာသီဥတု အခြေအနေနှင့် အခြားသော အခက်အခဲများကြောင့် တိုးတက်မှု နှောင့်နှေးခဲ့ရသည်။ ၎င်းတို့ နှစ်ဦးက လေကြောင်းပျံသန်းရေး နည်းပညာတွင် သန့်စင်စွမ်းအင် ပိုမိုအသုံးပြုနိုင်စေရန် ရည်ရွယ်၍ ယခုခရီးစဉ်ကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ Solar Impulseသည် အလေးချိန်အားဖြင့် ကားတစ်စီးထက် မပိုချေ။ သို့သော် လေယာဉ်တောင်ပံနှစ်ဖက်မှာ Boeing 747 တစ်စီး၏ တောင်ပံများထက်ပင် အလျားပိုရှည်သည်။ ထိုတောင်ပံများပေါ်တွင် ဆိုလာဆဲလ်ပေါင်း ၁၇၀၀၀ ကို မြှုပ်နှံတပ်ဆင်ကာ နေရောင်ခြည်ကို ခံယူစုဆောင်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ဒီဇိုင်းပိုင်းနှင့် နည်းပညာပိုင်း စိန်ခေါ်မှုများကြောင့် လေယာဉ်ကို တည်ဆောက်ရာတွင် ရာသီဥတု အခြေအနေသည် ကြီးမားသည့် အခက်အခဲ တစ်ခုအဖြစ် တည်ရှိနေခဲ့သည်။ ကိုင်ရိုမှ ပျံသန်းသည့် နောက်ဆုံးခရီးစဉ်တွင် လေယာဉ်သည် အလွန်ခုန်ပေါက်နေခဲ့ပြီး ပစ်ကတ်ဒ် အနေဖြင့် ဆော်ဒီအာရေဘီးယား သဲကန္တာရပေါ်တွင် ပြင်းထန်သည့် လေစီးကြောင်း မငြိမ်သက်မှုများနှင့် တွေ့ကြုံခဲ့ရသည်။ Solar Impulse၏ လေယာဉ်မှူးခန်းသည် အများသုံး တယ်လီဖုန်းရုံ အရွယ်အစားမျှသာ ရှိသည်။ လေယာဉ်မှူးများ အနေဖြင့် အလွန်မြင့်မားသည့် နေရာများတွင် ပျံသန်းချိန်၌ အောက်စီဂျင် မျက်နှာဖုံးများကို တပ်ဆင်ခဲ့ရသလို ခရီးရှည် ပျံသန်းမှုများတွင်လည်း တစ်ကြိမ်လျှင် မိနစ် ၂၀ မျှသာ အိပ်စက်ခွင့် ရကြကြောင်း သိရှိရသည်။ #7day daily Ref: BBC
Source : http://ift.tt/2aaY7gg
via IFTTT

www.7daydaily.com

တရုတ် ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးကို အဂတိ လိုက်စားမှုဖြင့် ထောင်ဒဏ်တစ်သက် ချမှတ် Tuesday, July 26, 2016 အသက် ၇၄ နှစ်အရွယ် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဂေါင်ဘိုရှောင်သည် ၎င်းရာထူးလက်ကိုင် ရှိစဉ်က လာဘ်ငွေယူကာ ရာထူးတိုးမြှင့်ပေးခြင်းကဲ့သို့ အဂတိ လိုက်စားမှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲချက်ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။ တရားရုံး ဆုံးဖြတ်ချက်အရ ဂေါင်သည် ၎င်း၏ အငြိမ်းစား ဗိုလ်ချုပ်ကြီး ရာထူးဂုဏ်ထူးများ ရုပ်သိမ်းခံရသလို ပိုင်ဆိုင်မှုများလည်း သိမ်းဆည်းခံခဲ့ရကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။ တရုတ်သမ္မတ စီကျင်းပင်သည် ၎င်းလက်ထက်တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုများကို အင်နှင့်အားနှင့် အကောင်အထည် ဖော်နေရာ အာဏာရ ကွန်မြူနစ် ပါတီနှင့် စစ်တပ်မှ ထိပ်တန်း အရာရှိကြီးများပါ ဖမ်းဆီး စစ်ဆေးမှုများ ခံခဲ့ရသည်။ အဆိုပါ စီမံကိန်းသည် ၄ နှစ်မျှ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အရာရှိများ အပါအဝင် လူပေါင်း သိန်းနှင့်ချီ အရေးယူခံရသည့် အခြေအနေများ ကြုံတွေ့ခဲ့သည်။ ဂေါင်သည် ၂၀၀၂ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ တရုတ် ဗဟိုစစ်ရေး ကော်မရှင်၏ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အဆိုပါ ကော်မရှင်သည် ကမ္ဘာ့အကြီးဆုံး စစ်တပ်ဖြစ်သည့် တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို ဦးဆောင် ကိုင်တွယ်သည့် အဖွဲ့အစည်း ဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံရေး ဩဇာကို ချုပ်ကိုင်ထားသည့် ကွန်မြူနစ်ပါတီ ၂၅ ဦး ပေါ်လစ်ဗျူရို အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်း အဂတိ လိုက်စားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့သည့်နောက် ကွန်မြူနစ် ပါတီက ဂေါင်ကို ထုတ်ပယ်ခဲ့ကြောင်းလည်း သိရှိရသည်။ #7day daily တရုတ်တွင် စစ်ဘက် ထိပ်တန်း အရာရှိဟောင်း တစ်ဦးကို အဂတိ လိုက်စားမှု စွပ်စွဲချက်ဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ကြောင်း သိရသည်။
Source : http://ift.tt/2aa1jWh
via IFTTT

www.7daydaily.com

ဩစတြေးလျ ဆေးရုံတစ်ခုတွင် ဓာတ်ငွေ့ မှားပေးမိရာမှ မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံး Tuesday, July 26, 2016 အဆိုပါ ကလေးငယ်ကို အောက်စီဂျင် ဓာတ်ငွေ့ ဖြည့်တင်းပေးခြင်း ဖြစ်သော်လည်း အလွဲအမှား တစ်ခုကြောင့် နိုက်ထရပ်စ် အောက်ဆိုက် ဓာတ်ငွေ့ကို မှားပေးမိရာမှ ကြေကွဲဖွယ် အဖြစ်ဆိုးနှင့် ကြုံခဲ့ကြောင်း တာဝန်ရှိသူများက ဇူလိုင် ၂၆ ရက်တွင် အတည်ပြုခဲ့သည်။ ရယ်မောစေသည့် ဓာတ်ငွေ့ (Laughing Gas)ဟု လူသိများသည့် နိုက်ထရပ်စ် အောက်ဆိုက်ကို ထုံဆေးသဖွယ် ရည်ရွယ်ချက်မျိုးဖြင့် ဆေးရုံများတွင် အသုံးပြုလေ့ ရှိသည်။ ဆစ်ဒနီရှိ ဘန့်စ်တောင်း လစ်ဒ်ကွမ်ဘီ ဆေးရုံတွင် ကလေးငယ်တစ်ဦး ရုတ်တရက် မမျှော်လင့်သော အခြေအနေဖြင့် ယခုလ အစောပိုင်းက သေဆုံးသွားပြီးနောက် ယင်းဖြစ်ရပ်ကို စုံစမ်းခဲ့ခြင်း ဖြစ်သည်။ တွေ့ရှိလာသည့် ရလဒ်များအရ ကလေးငယ်အတွက် အောက်စီဂျင် ဖြည့်တင်းပေးရာတွင် ဓာတ်ငွေ့ မှားယွင်း အသုံးပြုခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ဇွန်လအတွင်းကလည်း ဩစတြေးလျတွင် ဓာတ်ငွေ့ မှားပေးမိသဖြင့် ကလေးငယ်တစ်ဦး အသက်လု ကုသမှု ခံယူခဲ့ရသည်။ နယူးဆောက်သ်ဝေးလ်စ်ပြည်နယ် ကျန်းမာရေးဝန်ကြီး ဂျီလီယန် စကင်နာက အဆိုပါ ဆိုးရွားသော အမှားအယွင်းမျိုးအတွက် အလွန်ကြေကွဲမိကြောင်း ပြောကြားခဲ့ပြီး ဖြစ်စဉ်အပေါ် အသေးစိတ် စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားသည်။ “တစ်ဖက်က ဖြေတွေးရင် ဒီလို ဆိုးရွားတဲ့ အမှားမျိုးရဲ့ ဒဏ်ကို ကလေး ၂ ယောက်ပဲ ခံလိုက်ရတယ် ဆိုတာက ကံကောင်းတာပါ။ ဒီထက် ပိုဆိုးရင် ကလေးတွေ အများကြီးမှာ သက်ရောက်သွားနိုင်တယ်။ နောက်ထပ် ဒါမျိုး လုံးဝ ထပ်မဖြစ်စေရပါဘူး။ ကျွန်မ အာမခံပါတယ်”ဟု သူမက ပြောကြားခဲ့သည်။ ဆစ်ဒနီရှိ ဆေးရုံတစ်ခုတွင်လည်း ၂၀၁၂ မှစ၍ ကင်ဆာရောဂါသည်များကို မှားယွင်းသည့် ဓာတုကုထုံးများဖြင့် ကုသပေးနေကြောင်း လွန်ခဲ့သည့် ၆ လက ပေါ်ပေါက်ခဲ့ပြီး ယခုတစ်ဖန် မွေးကင်းစ ကလေးများကို ဓာတ်ငွေ့ မှားပေးသည့် ကိစ္စမျိုး ဖြစ်လာခြင်းဟု သိရသည်။ ယခုဖြစ်ရပ်များအပေါ် တာဝန်ယူပြီး နုတ်ထွက်ရန်မူ အကြောင်းမရှိဟု စကင်နာက ဆိုသည်။ “တကယ်လို့ ဒီဖြစ်ရပ်မှာ လုံးဝဥဿုံ ကပျက်ကချော် လုပ်ထားတာမျိုး ဖြစ်နေပြီး ကျွန်မက တစ်ဦးတစ်ယောက်တည်း အားထုတ်မှုနဲ့ ကြိုတင် ကာကွယ်နိုင်ခဲ့မယ် ဆိုရင်တော့ ဒါကို တာဝန်ယူပြီး ကျွန်မ နုတ်ထွက်မှာပါ။ ဒါပေမဲ့ ဒီကိစ္စမှာ အခုလို အခြေအနေ ရှိနေတယ်လို့ ကျွန်မ မထင်ဘူး”ဟု သူမက ပြောကြားခဲ့သည်။ သေဆုံးခဲ့သည့် ကလေးငယ်၏ ဦးလေးဖြစ်သူ ဒေးဗစ် ခါမားက သေမှုသေခင်း အကြောင်းရင်းကို သိရှိရသည့်အခါ မိသားစု အနေဖြင့် အလွန် တုန်လှုပ် ဒေါသထွက်မိကြောင်း ဆိုသည်။ “၂၁ ရာစုရဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတစ်ခုမှာ နေထိုင်နေလျက်နဲ့ ဒီလို အမှားမျိုး ဖြစ်ရတယ် ဆိုတာကို ဘယ်လိုမှ ယုံနိုင်စရာ မရှိဘူး”ဟု ၎င်းက ဆေးရုံကို ဝေဖန် ပြစ်တင်သွားခဲ့သည်။ #7day daily ဩစတြေးလျ နိုင်ငံမှ ဆေးရုံတစ်ခုတွင် ဓာတ်ငွေ့ မှားပေးမိရာမှ မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
Source : http://ift.tt/2aaYWG1
via IFTTT

www.7daydaily.com

တနင်္သာရီတိုင်းအတွင်းရှိ မိရိုးဖလာ တံငါလှေများ တရားဝင်ဖြစ်ရန် မှတ်ပုံတင်ရမည် Tuesday, July 26, 2016 တနင်္သာရီတိုင်းဒေသ ကြီးရှိ မိရိုးဖလာလုပ်ကိုင်နေသော တံငါလှေငယ်များအနေဖြင့် တရားဝင်ဖြစ်စေရန် မှတ်ပုံတင်ရ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ ရေလုပ်ငန်းကို အဓိကအ သက်မွေးဝမ်းကျောင်းလုပ်ငန်းအ ဖြစ် လုပ်ကိုင်နေကြသော တနင်္သာရီတိုင်းဒေသကြီးရှိ ကျေးရွာအ များစုတွင် အသုံးပြုနေသော တံငါ လှေငယ်များတည်ဆောက်ပြုပြင် ရန် ပြည်ထောင်စုအစိုးရက ဥပဒေပြဋ္ဌာန်းချက်များ ထုတ်ပြန်ထား ခြင်း မရှိပေ။ သို့သော် အဆိုပါ တံငါလှေများ တရားဝင်ဖြစ်စေရန် တိုင်းဒေသကြီးရေချိုနှင့် ကမ်းနီး ငါးလုပ်ငန်းဥပဒေအရ မှတ်ပုံတင် ထားရမည်ဖြစ်ကြောင်း တိုင်းဒေ သကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောကြားသည်။ ဇူလိုင် ၂၅ ရက်က ပြုလုပ် သည့် ဒုတိယအကြိမ် တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော် ဒုတိ ယပုံမှန်အစည်းအဝေးတွင် တံငါ လှေငယ်များ အသစ် တည် ဆောက်ခြင်း၊ ပြုပြင်ခြင်းများကို အသေးစား၊ အလတ်စားလုပ်ငန်း များအဖြစ် လုပ်ကိုင့်ခွင့်ရရှိရေး နှင့်ပတ်သက်၍ ကျွန်းစုမဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးတိုးလွင် က မေးမြန်းခဲ့သည်။ ကျေးရွာအချို့တွင် တံငါ လှေငယ်များတည်ဆောက်ခြင်း၊ ပြုပြင်ခြင်းများကို မိရိုးဖလာလုပ် ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေ သည်မှာ ဆယ်စုနှစ်များစွာကြာ မြင့်ခဲ့ပြီဖြစ်သော်လည်း တရားမ ဝင်လုပ်ငန်းဖြစ်သည်ဟု သတ် မှတ်ထားသောကြောင့် စိုးရိမ်ထိတ်လန့်စွာ လုပ်ကိုင်နေရ ကြောင်း ကျွန်းစုမဲဆန္ဒနယ်အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတိုးလွင်က ပြောကြားသည်။ ‘‘ကမ်းနီးငါးဖမ်းလှေတွေကို အများစုက တစ်နိုင်တစ်ပိုင်လုပ် ငန်းအနေနဲ့ အသုံးပြုကြတယ်။ တစ်ခါတလေ ကမ်းဝေးငါးဖမ်း လှေတွေ ကမ်းနီးဧရိယာမှာ ဝင် ဖမ်းသွားလို့ ငါးဖမ်းကိရိယာတွေ၊ ပျက်စီးသွားကြတာတွေ ရှိတယ်။ ဒါကြောင့် ကမ်းနီးငါးဖမ်းသမား တွေက ဆုံးရှုံးမှုတွေ အမြဲတမ်း ကြုံတွေ့နေရတတ်တယ်’’ဟု လောင်းလုံးမြို့နယ် သဘော့ဆိပ် ကျေးရွာနေ ကိုမျိုးက ပြောသည်။ တနင်္သာရီတိုင်းဒေသကြီးရှိ မိရိုးဖလာတံငါလှေငယ်ကို တိုင်းဒေသကြီး ရေချိုနှင့် ကမ်းနီးငါး လုပ်ငန်းဆိုင်ရာဥပဒေပုဒ်မ ၁၀ နှင့် မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်း ဥပဒေ၊ ညွှန်ကြားချက်များနှင့်အ ညီ ကမ်းနီးငါးဖမ်းလိုင်စင်များ ထုတ်ပေးထားသည်ဟု သိရသည်။ #7day daily ကမ်းနီး ငါးဖမ်းလှေ အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − စိုးမိုးအောင်)
Source : http://ift.tt/2aa1Yqv
via IFTTT

Monday, July 25, 2016

Mizzima - News in Burmese

အပိုင်း ၂ မန္တလေးမြို့မှာ ဒီနေ့ မူးယစ်ဆေးဝါးသုံးစွဲနေသည့်နေရာများ ကို မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီး (ရိုက်ကူး။အောင်ကိုဦး။မဇ္ဈိမ)
Source : http://ift.tt/2apm1Up
via IFTTT

Mizzima - News in Burmese

မန္တလေးမြို့မှာ ဒီနေ့ မူးယစ်ဆေးဝါးသုံးစွဲနေသည့်နေရာများ ကို မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီး (ရိုက်ကူး။အောင်ကိုဦး။မဇ္ဈိမ)
Source : http://ift.tt/2anFmZt
via IFTTT

The Irrawaddy - Burmese Edition

မန္တလေးမြို့တွင် တရားမဝင် မူးယစ် ဆေးဝါးများ ရောင်းချခြင်းကို ရဲတပ်ဖွဲ့ မှ လိုက်လံ ဖမ်းဆီး စစ်ဆေးခြင်းကို ပြုလုပ်နေပါတယ်။ #Live #Mandalay
Source : http://ift.tt/29YByIV
via IFTTT