Facebook Digest (ရုပ်သံအစီအစဉ်) တစ်ပတ်အတွင်း Facebook စာမျက်နှာပေါ်က အများစိတ်၀င်စားဖွယ်တွေကို စုစည်း တင်ဆက် ပေးမှာပါ .. - မန္တလေးမြို့မှာ ဖြစ်ပေါ် ခဲ့တဲ့ ရေကြီးရေလျှံမှု မြင်ကွင်းတွေ... - မြန်မာနိုင်ငံအနှံ့က ရေဘေးဒဏ်ခံစားနေရသူတွေကို လှူဒါန်းဖို့ ပုံစံမျိုးစုံနဲ့ အလှူခံနေတဲ့ အကြောင်းအရာ.... - လှေတွေကို အသုံးပြုပြီး အိမ်အလုံးလိုက် ရွှေ့ပြောင်းခဲ့တဲ့ ဗီဒီယိုဖိုင်... - ဖားကန့်ဒေသက ရေမဆေးကျောက်ရှာသူတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်.... စတဲ့ အကြောင်းအရာတွေကို တင်ဆက်ထားပါတယ်။
Source : http://ift.tt/2aW0dxG
via IFTTT
Tuesday, August 16, 2016
ထိုင်းတောင်ပိုင်းတွင် ဗုံးနှစ်လုံး ပေါက်ကွဲပြီး စစ်သားနှစ်ဦး ဒဏ်ရာရ
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ လုံခြုံရေး တာဝန်ယူထားသည့် စစ်သားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ဩဂုတ် ၁၅ ရက်က နိုင်ငံတောင်ပိုင်းရှိ နာရာသီဝတ် ဒေသတွင် ဗုံးပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့ကြောင််း ဒေသခံ ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ ထိုင်းနိုင်ငံရှိ ကမာ္ဘလှည့် ခရီးသွားများ စည်ကားရာ ဒေသများတွင် ဗုံးများ အတွဲလိုက် ဆက်တိုက် ပေါက်ကွဲမှုကြောင့် လူလေးဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည့် ဖြစ်ရပ်အပြီး တစ်ပတ်မပြည့်မီ ယခုတိုက်ခိုက်မှု ထပ်မံ ပေါ်ပေါက်လာခြင်း ဖြစ်သည်။The Nation၏ ဖော်ပြချက်အရ နာရာသီဝတ်ရှိ ဘာချိုရပ်ကွက်တွင် မော်တော်ဆိုင်ကယ် လေးစီးဖြင့် စီးနင်းလိုက်ပါလာသည့် စစ်သား ၈ ဦးကို ရည်ရွယ်ကာ ဗုံးနှစ်လုံး ဖောက်ခွဲခဲ့ခြင်းဟု သိရသည်။ယခုဖြစ်ရပ် မတိုင်မီကလည်း ယာဟာ မြူနီစီပယ် ဧရိယာတွင် အသေးစား ပေါက်ကွဲမှုလေးများ ဆက်တိုက် ဖြစ်ပွားခဲ့ရာ ဈေးဆိုင်လေးခုတွင် အနည်းငယ် ထိခိုက်ပျက်စီးခဲ့သည်။ အခြား ဖောက်ခွဲရေး ပစ္စည်းတစ်ခုကို အာဏာပိုင်များက ရှာတွေ့ပြီး စနက်တံဖြုတ် ဖယ်ရှားနိုင်ခဲ့သည်။ ယာဟာမှ ပေါက်ကွဲမှုများသည် ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေပြီး လူအများ ထိတ်လန့်စေရန်သာ အဓိက ရည်ရွယ်ထားဟန် ရှိကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့က မှတ်ချက်ပေးခဲ့သည်။လတ်တလောတွင် ထိုင်းရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် သီတင်းပတ်က ကမာ္ဘလှည့် ခရီးသွားများ စည်ကားရာ ဒေသများကို ဦးတည် တိုက်ခိုက်ခဲ့သည့် ဆက်တိုက် ဗုံးကွဲမှုများနှင့် ပတ်သက်၍ စုံစမ်းနေဆဲ ဖြစ်သည်။ မည်သည့် အဖွဲ့အစည်းကမျှ ယင်းအတွက် တာဝန်ခံမှု မရှိသော်လည်း တိုက်ခိုက်မှု နည်းစနစ်များအရ ၂၀၀၄ ခုနှစ်ကတည်းက ထိုင်းနိုင်ငံ တောင်ပိုင်းတွင် လှုပ်ရှားနေသည့် မွတ်ဆလင် ခွဲထွက်ရေး သူပုန်များ၏ လက်ချက်ဟု ရဲတပ်ဖွဲ့က ယူဆထားကြောင်း သိရှိရသည်။
Source : http://ift.tt/2aXWrY0
via IFTTT
Source : http://ift.tt/2aXWrY0
via IFTTT
Myanmar Net ကြိုးမဲ့အင်တာနက် ၀န်ဆောင်မှု ရန်ကုန်တစ်မြို့လုံး ရရှိရန် ဆောင်ရွက်မည်ဟုဆို လက်ရှိတွင် ရန်ကုန်မြို့တွင်းမြို့နယ်အနည်းငယ်သာ စတင်ဝန်ဆောင်မှုပေးလျက်ရှိသည်(ဓာတ်ပုံ−စိုင်းဇော်) ကြိုးမဲ့အင်တာနက် (Wifi) ၀န်ဆောင်မှုပေးနေသော Myanmar Net အင်တာနက်သည် ရန်ကုန် တစ်မြို့လုံးတွင် ကွန်ရက် လွှမ်းခြုံနိုင်ရန် လုပ်ဆောင်မည်ဟု ယင်းကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းသိမ်းက ပြောသည်။ Myanmar Net အင်တာနက် ကုမ္ပဏီသည် ဩဂုတ် ၁၃ ရက် တွင် ပန်းဘဲတန်းမြို့နယ်အတွက် ကွန်ရက်တိုးချဲ့နိုင်ခဲ့ပြီး လက်ရှိ တွင် လသာ၊ လမ်းမတော်၊ ပန်းဘဲတန်းနှင့် ရန်ကင်းမြို့နယ်၏ အချို့နေရာများ၌ ၎င်းတို့၏၀န်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ ‘‘ကျွန်တော်တို့ ၀န်ဆောင်မှု ကို ရန်ကုန်တစ်မြို့လုံး လွှမ်းခြုံနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ Myanmar Net ငွေဖြည့်ကတ်တွေ အလွယ်တကူ ၀ယ်လို့ရအောင် အ ရောင်းကိုယ်စားလှယ်တွေလည်း ခန့်အပ်ထားပါတယ်’’ဟု MyanmarNet ဒုတိယဥက္ကဋ္ဌဦးမင်းသိမ်းက ဆိုသည်။ အထက်ပါ Myanmar Net အင်တာနက် ၀န်ဆောင်မှုကို မိုဘိုင်းဖုန်းတွင် အကောင့်ပြုလုပ် ၍လည်းကောင်း၊ အိမ်သုံးနှင့် လုပ်ငန်း/ ရုံးသုံးများ အတွက်လည်း ကောင်း၊ ကွန်ရက်ဖြန့်ကြက်ထား သော မြို့နယ်များ၌ အသုံးပြုနိုင် မည်ဖြစ်သည်။ ပြည်တွင်း၌ Broadband အင်တာနက်စနစ် ကျယ်ပြန့်လာ စေရန် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက လုပ်ဆောင်နေပြီး Myanmar Net ၏ အင်တာနက် ၀န်ဆောင်မှုသည် သုံးစွဲသူများအတွက် အမြန်ဆုံးနှင့် ဈေးနှုန်းသက်သာစွာအသုံးပြုနိုင်ရန် ရည်မှန်း ထားကြောင်း ဦးမင်းသိမ်းက ပြောသည်။ Myanmar Net ၀န်ဆောင်မှု ကို ၂၀၁၅ ဒီဇင်ဘာက လမ်းမ တော်နှင့် လသာမြို့နယ်များတွင် စတင်မိတ်ဆက်ခဲ့ပြီး ယင်းကုမ္ပဏီ ၌ နည်းပညာ ကျွမ်းကျင်ပညာရှင် မြန်မာလူငယ် ၃၀၀ ကျော်ခန့် အပ်ထားကြောင်း သတင်းရရှိသည်
Source : http://ift.tt/2aW0Veh
via IFTTT
Source : http://ift.tt/2aW0Veh
via IFTTT
Eleven Broadcasting
၂၁ ရာစုပင်လုံ - ပြည်ထောင်စုငြိမ်ချမ်းရေး ညီလာခံ ပူးတွဲကျင်းပရေးကော်မတီတွင် အပစ်မရပ် အဖွဲ့များ ပါ၀င်သွားရန် UPDJC အတည်ပြု (ရုပ်သံ) ၂၁ ရာစုပင်လုံ- ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပူးတွဲကျင်းပရေး ကော်မတီမှာ အပစ်ရပ် လက်မှတ်ထိုးမထားတဲ့ အဖွဲ့တွေ ပါ၀င်ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအ၀ေးမှာ အတည်ပြုခဲ့တယ်လို့ သမ္မတရုံး၀န်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအ၀ေး ပထမနေ့မှာ ညီလာခံကျင်းပရေး ပူးတွဲကော်မတီ ဖွဲ့စည်းရေး အပါအ၀င် ညီလာခံ ကျင်းပဖို့ နေ့ရက်၊ အစီအစဉ်နဲ့ နိုင်ငံရေး ပါတီတွေဘက်က အဆိုပြုထားတဲ့ ကိုယ်စားလှယ် အသုံးအနှုန်းအစား ညီလာခံ တက်ရောက်သူများလို့ သုံးနှုန်းဖို့ အချက်ကိုလည်း ဆွေးနွေးအတည်ပြု ခဲ့တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။
Source : http://ift.tt/2bALU7Q
via IFTTT
Source : http://ift.tt/2bALU7Q
via IFTTT
Eleven Broadcasting
အမေရိကန် ဘော်တွန်ရုရှ်မြို့မှာ ရေမြှုပ်နေသည့် ကားအတွင်းက အမျိုးသမီးနှင့် ခွေးကို သက်စွန့်ဆံဖျား ကယ်တင်ခဲ့ရ (ရုပ်သံ) အမေရိကန် ဘော်တွန်ရုရှ်မြို့မှာ စံချိန်တင် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ကားတစ်စီးနစ်မြုပ်ခဲ့ပြီး ကားအတွင်းက အမျိုးသမီးတစ်ဦးနဲ့ ခွေးတစ်ကောင်ကို လှေပေါ်က လူတစ်ဦးက ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရပါတယ်။ ကားထဲကနေ အော်ဟစ် အကူအညီ တောင်းသံ ကြားရတဲ့အတွက် လှေပေါ်မှာ လိုက်ပါလာတဲ့ လူ ၃ ဦး ဟာ ကားခေါင်မိုးကို တုတ်နဲ့ ဆွဲဖြဲ ခဲ့ကြပေမယ့်လည်း ကားဟာ ရေထဲကို တစ်ဖြည်းဖြည်း နစ်မြုပ်နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒေးဗစ်ဖွန်းလို့ အမည်ရတဲ့ သူတစ်ဦးဟာ ရေထဲကိုဆင်းပြီး ကားခေါင်မိုး ကနေတစ်ဆင့် ကားထဲက အမျိုးသမီးကို ခက်ခက်ခဲခဲ ကယ်တင်နိုင်ခဲ့ပါတယ်။ အသက် အန္တရာယ်ကနေ ကင်းလွတ်ခဲ့ပြီဖြစ်တဲ့ အမျိုးသမီးဟာ သူမရဲ့ ခွေးကလေး ကျန်ရ ှိနေသေးကြောင်း ထပ်မံအကူအညီ တောင်းတဲ့အတွက် ၎င်းဟာ လုံး၀ နစ်မြုပ်သွားပြီ ဖြစ်တဲ့ ကားထဲကနေ ခွေးကလေးကိုပါ ထပ်မံ ကယ်ဆယ်ခဲ့ရပါတယ်။
Source : http://ift.tt/2aZMp7p
via IFTTT
Source : http://ift.tt/2aZMp7p
via IFTTT
Monday, August 15, 2016
Eleven Broadcasting
ဧရာ၀တီတိုင်းအတွင်းရေကြီးမှု အခြေအနေပိုမိုဆိုးရွားလာပြီး ရန်ကုန်-ပုသိမ်ကားလမ်း သွားလာဆက်သွယ်ရေး ပြတ်တောက် (ရုပ်သံ) ဩဂုတ်လ ၁၅ ရက်နေ့ ရရှိထားတဲ့ သတင်းများအရ ဧရာ၀တီတိုင်းအတွင်း ရေကြီးမှု အခြေအနေ ပိုမိုဆိုးရွားလာပြီး ရန်ကုန်-ပုသိမ်ကားလမ်း သွားလာဆက်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်ပေါ်နေတယ်လို့ သတင်းရရှိပါတယ်။ လက်ရှိမှာ ဧရာ၀တီတိုင်းအတွင်း ပုသိမ်မြို့က အနိမ့်ပိုင်း ဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဆက်လက် ဖြစ်ပေါ်လျက်ရှိပြီး အချို့ဟာ ရေဘေးကယ်ဆယ်ရေး စခန်းတွေမှာ ဆက်လက် နေထိုင်နေရဆဲ ဖြစ်ပါတယ်။
Source : http://ift.tt/2aUndh4
via IFTTT
Source : http://ift.tt/2aUndh4
via IFTTT
7Day News Journal
18+ ဇာတ်လမ်းတွဲအတွက် Sexy ကျသော အမျိုးသမီး သရုပ်ဆောင်များ ခေါ်ယူနေ ဇွဲဉာဏ် ================= လိင်ပညာပေး အဖြစ် ရိုက်ကူးမည့် 18+ ဇာတ်လမ်းတွဲ အဖြစ် (၁၈)နှစ်အထက် Sexy ကျသည့် အမျိုးသမီး သရုပ်ဆောင်များ ခေါ်ယူထားကြောင်း ဒါရိုက်တာ သည်ခေတ်နေက ပြောသည်။ ‘‘ကျွန်တော့် ဖေ့စ်ဘွတ်ခ်ပေါ် ကနေ ပထမဆုံးစမ်းသပ်ပြီး လုပ် ကြည့်မှာ။ ဖေ့စ်ဘွတ်စ်bပေါ်ကနေ လွှင့်ပေးမယ့် ဇာတ်လမ်းတွဲ ပုံစံမျိုး၊ Sexy ဖြစ်တဲ့ ကောင်မလေးတွေ နဲ့ ရိုက်မယ့် လိင်ပညာပေး ဇာတ်လမ်းတွဲပါ’’ ဟု အဆိုပါ ဇာတ်လမ်းတွဲ ရိုက်ကူးမည့် အကြောင်း ပြောသည်။ လိင်ကိစ္စနှင့် ပတ်သက်၍ အကြောင်းအရာကို အခြေတည် ရိုက်ကူးမည် ဖြစ်ပြီး ပညာပေး အနေဖြင့် ပထမဆုံး ရိုက်ကူးမည့် ဇာတ်ကား ဖြစ်ကြောင်း ၎င်းကဆိုသည်။ ‘‘(၁၈)နှစ်အထက် Sexy ဖြစ်သော အမျိုးသမီးများကို အလိုရှိသည်လို့ ကြေညာထားတယ်။ ပြီးတော့လည်း 18+လို့လည်း နာမည် ပေးထားတော့ လျှောက်ချင်တဲ့သူတွေက နည်းနည်းတော့ တွန့်နေကြပါတယ်။ လျှောက်တဲ့သူတွေလည်း ရှိတော့ ရှိပါတယ်။ ကျွန်တော်ကလည်း ပြောထားပါတယ်။ ဒါက Sex ဇာတ်ကား ဖြစ်တဲ့ အတွက် ရိုက်နိုင်မှ အဆင်ပြေမှာပါ။ ရိုက်နိုင်မယ့် လူတွေကိုပဲ ရွေးချယ်သွားမှာပါ’’ ဟု သည်ခေတ် နေက ပြောသည်။ ဖေ့စ်ဘွတ်ခ်ပေါ်မှ ထုတ်လွှင့်ခြင်းသည် ဆင်ဆာကိစ္စကို ရှောင်ချင်နေသည့် သဘောပါသလို ဖေ့စ်ဘွတ်ခ် ပေါ်တွင်လည်း ဇာတ်လမ်းတွဲ လုပ်၍ ရကြောင်းကို စမ်းသပ် လုပ်ကြည့်ချင်သောကြောင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟုဆိုသည်။ ‘‘သန်းခေါင်ယံ ရုပ်သံကနေ လွှင့်မှာပါ။ အပတ်စဉ် စနေနေ့ ညတိုင်း တစ်ပိုင်းစီ လွှင့်သွားဖို့ စီစဉ်ထားပါတယ်’’ ဟု ဖေ့စ်ဘွတ်ခ် မှ ထုတ်လွှင့်မည့် အကြောင်း ၎င်းက ပြောသည်။ ဖေ့စ်ဘွတ်ခ်မှ ထုတ်လွှင့်မည် ဖြစ်သောကြောင့် နာမည်ကြီး အနုပညာရှင်များ ပါဝင်ရန် မသေချာသကဲ့သို့ မျက်နှာသစ် သရုပ်ဆောင်များဖြင့်သာ ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း ၎င်းကဆို သည်။ ‘‘Sex ကိစ္စကို ဇောင်းပေးတဲ့ ကားမျိုးပဲ ဖြစ်မှာပါ။ အလွန်အကျွံ Heavy တော့ မဖြစ်ပါဘူး’’ ဟု ဒါရိုက်တာ သည်ခေတ်နေက 18+ ဇာတ်ကားအကြောင်း ပြောသည်။ မှတ်ချက် ။ ။ မူရင်း ကော်မန့်တွေလည်း အဆင်ပြေရင် ဖတ်သွားပါဦး။ 😄😄 (admin)
Source : http://ift.tt/2bhR4DG
via IFTTT
Source : http://ift.tt/2bhR4DG
via IFTTT
Subscribe to:
Posts (Atom)