အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲတွင် ဘင်္ဂါလီနှင့် ပတ်သက်၍ ခိုင်မာသော ရပ်တည်မှုကို ဖော်ထုတ်မည်ဟု မလေးရှား ပြောကြား ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁၈ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲတွင် ယင်းပြည်နယ်တွင်း အကြမ်းဖက် တိုက်ခိုက်မှုများကို ကန့်ကွက်ရှုတ်ချ သွားမည်ဖြစ်သည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆရီအနီဖာအာမန်က ပြောကြားလိုက်ကြောင်း မလေးရှားထုတ် The Star သတင်းစာက ရေးသား ဖော်ပြသည်။ မြန်မာအာဏာပိုင်များ၏ ဖိနှိပ် ညှဉ်းပန်းမှု ခံနေရပါသည်ဟု ဆိုသော (The Star သတင်းစာ၏ ရေးသားမှုအတိုင်း ဖော်ပြခြင်း ဖြစ်သည်) ဘင်္ဂါလီ မွတ်ဆလင်များရှိရာ ရခိုင်ပြည်နယ်၏ အခြေအနေ အရပ်ရပ်နှင့် ပတ်သက်၍ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများကို အသိပေး ပြောကြားမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကတိပေး ပြောဆိုထားကြောင်း ဒါတွတ်ဆရီအနီဖာအာမန်က ဆိုသည်။ ရခိုင်ပြည်နယ်တွင် နေထိုင်သော ဘင်္ဂါလီမွတ်ဆလင်များကို အာဏာပိုင်များက ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုး ပြုလုပ်နေရုံသာမက လူမျိုးတုံး သတ်ဖြတ်မှုပါ ကျူးလွန်နေသည်ဟု မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ဒီဇင်ဘာ လဆန်းပိုင်းက စွပ်စွဲ ပြောဆိုခဲ့ပြီး မြို့တော်ကွာလာလမ်ပူ၌ မြန်မာနိုင်ငံကို ကန့်ကွက်ရှုတ်ချသည့် ဆန္ဒပြမှုများကိုပါ လုပ်ဆောင်ခဲ့သည်။ The Star သတင်းစာ၏ ဖော်ပြချက်အရ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ခေါ်ယူသည့် အဆိုပါ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် မလေးရှားနိုင်ငံ အနေနှင့် ဘင်္ဂါလီများအပေါ် ထားရှိသည့် ယခင် သဘောထား အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်မည်ဟု နိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆရီအနီဖာ အာမန်က ပြောကြားသည်။ “ဒီဇင်ဘာ ၁၉ ရက် (ယနေ့) ကျင်းပမည့် ဆွေးနွေးပွဲသည် အဆိုပါ အရေးကိစ္စအပေါ် ထားရှိသည့် မလေးရှားနိုင်ငံ၏ ခိုင်မာသော ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ထုတ် ပြောဆိုနိုင်မည့် အခွင့်အလမ်း တစ်ရပ်ဖြစ်သည်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဒါတွတ်ဆရီအနီဖာအာမန်က ဖော်ပြသည်။ ထို့ပြင် မလေးရှားသည် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် ၂ဝ၁၆ အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ကာ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကို အဆက်မပြတ် ကန့်ကွက် ရှုတ်ချခဲ့သည်ဟူသော အချက်ကို ယင်းဆွေးနွေးပွဲတွင် သိသာ ထင်ရှားစွာ ဖော်ပြနိုင်မည်ဟုလည်း အပြည့်အဝ မျှော်လင့်ထားကြောင်း ၎င်းက ဆိုသည်။ အာဆီယံ အဖွဲ့ဝင်ဖြစ်သော မြန်မာကို အခြား အဖွဲ့ဝင်ဖြစ်သည့် မလေးရှား နိုင်ငံခေါင်းဆောင်က ဦးဆောင်ကာ ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့မှုအပေါ် ဒေသတွင်းနိုင်ငံ အချို့နှင့် မီဒီယာများက အာဆီယံ၏ ပဋိညာဉ်ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဆိုခဲ့ကြသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မလေးရှားသည် အာဆီယံ၏ ပင်မမူဝါဒ ဖြစ်သော ကြားဝင် စွက်ဖက်မှု မပြုရေး မူဝါဒကို အပြည့်အဝ နားလည် သဘောပေါက်ထားပါကြောင်း၊ သို့သော် အာဆီယံ အဖွဲ့ဝင် နိုင်ငံများဟူသည် လူ့အခွင့်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ မူဝါဒများကို လိုက်နာရမည်ဟု မလေးရှားက ယုံကြည်ပါကြောင်း ဒါတွတ်ဆရီအနီဖာအာမန်က ဆိုသည်။ ယနေ့ ရန်ကုန်မြို့တွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲသည် မလေးရှားနှင့် မြန်မာအကြား ဆက်ဆံရေး မပြေမလည်ဖြစ်မှုများကို လျှော့ချနိုင်သလို ရခိုင်ပြည်နယ်အတွင်း အမှန်တကယ် ဖြစ်ပေါ်နေသည့် ပကတိ တရားများကိုလည်း ဒေသတွင်းနိုင်ငံများ သိရှိအောင် မြန်မာ အနေနှင့် ကောင်းစွာ အသိပေး ဖော်ထုတ်နိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း လေ့လာ စောင့်ကြည့်သူများက ဆိုသည်။
Source : https://goo.gl/ZxfwDR
via IFTTT
Monday, December 19, 2016
The Voice
အင်ဒိုနီးရှားလေတပ်ပိုင် ဟာကျူလီလေယာဉ် ပျက်ကျ၊ လေယာဉ်ပေါ်ပါသူအားလုံး သေဆုံး ဂျကာတာ၊ ဒီဇင်ဘာ ၁၈ အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက် ပါပူအား ပြည်နယ်တွင် အင်ဒိုနီးရှား လေတပ်ကပိုင် ဆိုင်သော ဟာကျူလီ စီ-၁၃ဝ အမျိုးအစား လေယာဉ်ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁၃ ဦးစလုံးသေဆုံးသွားသည်ဟု အာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသား ဖော်ပြသည်။ အင်ဒိုနီးရှား လေတပ်မှ အရာရှိများ၏ အဆိုအရ ယင်းလေယာဉ်ပေါ်တွင် ပိုင်းလော့ (လေယာဉ်မှူး) သုံးဦးနှင့် အခြားစစ်ဘက် အရာထမ်း ၁ဝ ဦး လိုက်ပါခဲ့သည်။ လေယာဉ်ပျက်ကျရသည့် အဓိက အကြောင်းအရင်းမှာ ဆိုးရွားသည့် ရာသီဥတုကြောင့်ဟု ယူဆရကြောင်း အင်ဒိုနီးရှား လေတပ် အကြီးအကဲ အော်ဂတ်စ်ဆူပရီနာတာက Metro TV သို့ ပြောကြားသည်။ ဟာကျူလီ စီ-၁၃ဝ လေယာဉ်သည် တီမီကာမြို့မှ ဝါမာနာမြို့သို့ စားနပ်ရိက္ခာများ သယ်ဆောင်သွားစဉ် ပါပူအားပြည်နယ် တောတောင် ထူထပ်သည့်နေရာ၌ တနင်္ဂနွေနေ့ အစောပိုင်းက ပျက်ကျသွားခြင်း ဖြစ်သည်။ လေယာဉ် ပျက်ကျပြီး အစိတ်အပိုင်းများကို ပြန်လည် နေရာချထားပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကို ဝါမာနာသို့ သယ်ဆောင်သွားပြီဖြစ်ကြောင်း အင်ဒိုနီးရှား ကယ်ဆယ်ရေးနှင့် ရှာဖွေရေး အေဂျင်စီမှ ဒါရိုက်တာ အီဗန်အာမက်က ပြောသည်။ အဆိုပါ လေယာဉ်သည် တီမီကာမြို့မှ နံနက် ၅ နာနရီ ၃၅ မိနစ်ခန့်တွင် ထွက်ခွာလာပြီး ဝါမာနာမြို့သို့ ၆ နာရီ ၁၃ မိနစ်တွင် ဆင်းသက်ရန် စီစဉ်ထားသည်။ “ဝါမာနာ လေဆိပ်တာဝါတိုင်က အဲဒီလေယာဉ်ကို တွေ့တယ်၊ ဒါပေမဲ့ လေယာဉ်က ပြေးလမ်းကို သေသေချာချာ တွေ့၊ မတွေ့ဆိုတာ မသိနိုင်ဘူး”ဟု အင်ဒိုနီးရှား လေတပ်မှ ဒုတိယ စစ်ဦးစီး ဟီဒီရန်ဆူမီနာ မာဂျာက ဆိုသည်။ ယခုအခါ လေယာဉ် ပျက်ကျသည့် နေရာတွင် လေတပ် အမှုထမ်းများ ရောက်ရှိနေပြီး စုံစမ်း စစ်ဆေးနေသည်ဟု ၎င်းကဆိုသည်။ အင်ဒိုနီးရှား နိုင်ငံသည် လေကြောင်း လုံခြုံမှုနှင့် ပတ်သက်၍ နာမည်ပျက် မှတ်တမ်း များစွာ ရှိခဲ့သည်။
Source : https://goo.gl/VmolKO
via IFTTT
Source : https://goo.gl/VmolKO
via IFTTT
7Day News Journal
တကောင်းနီကယ်စက်ရုံမှ မြန်မာလုပ်သားများ လစာတိုးမြှင့်ရရှိရန်နှင့် တရုတ်လုပ်သားများနှင့် တန်းတူအခွင့်အရေးရရှိရန် ဆန္ဒထုတ်ဖော် ပုံ - လစာတိုးမြှင့်ရရှိရန်နှင့်တရုတ်လုပ်သားများနည်းတူ အခွင့်အရေးရရှိရန် ဆန္ဒထုတ်ဖော်နေသော တကောင်းနီကယ်စက်ရုံမှ မြန်မာလုပ်သားများ (ဓာတ်ပုံ-မောင်တာ) စစ်ကိုင်းတိုင်းဒေသ ကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအနီးတွင် တည်ဆောက်လုပ်ကိုင်နေသည့် တကောင်းတောင် ဖယ်ရိုနီကယ် စီမံကိန်းမှ မြန်မာအလုပ်သမား ငါးရာခန့်က လုပ်ခလစာ တိုးမြှင့် ရရှိရန်နှင့် တရုတ်-မြန်မာခွဲခြားမှု မရှိဘဲ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရန် ဒီဇင်ဘာ ၁၈ ရက်၌ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ သည်။ တကောင်းတောင် ဖယ်ရိုနီ ကယ်စက်ရုံတွင် မြန်မာနိုင်ငံသား အလုပ်သမားတစ်ထောင့်ငါးရာ ကျော်နှင့့် တရုတ်နိုင်ငံသားအလုပ် သမား လေးရာခန့် စုစုပေါင်း အ လုပ်သမားနှစ်ထောင်ကျော်ရှိပြီး လုပ်ခလစာတိုးမြှင့်ရရှိရန်၊ အ လုပ်သမားအခွင့်အရေး အပြည့် အဝရရှိရန်နှင့် တရုတ်နှင့်မြန်မာ အလုပ်သမားများကြား ခွဲခြား ဆက်ဆံနေခြင်းများ ရပ်တန့်ရန် မြန်မာနိုင်ငံသားအလုပ်သမားများ က လမ်းလျှောက်ဆန္ဒထုတ်ဖော် တောင်းဆိုခြင်းဖြစ်သည်ဟု ဆန္ဒ ပြပွဲဦးဆောင်သည့် အလုပ်သမား များကပြောသည်။ ‘‘ကျွန်တော်တို့ရနေတဲ့ လုပ် ခလစာက အရမ်းနည်းတယ်။ အ သက်နဲ့ရင်းပြီးလုပ်မှ လစာတစ် သိန်းခွဲပဲရတယ်။ လူမှုဖူလုံရေး မရှိဘူး။ ကျန်းမာရေးအာမခံချက် မရှိဘူူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ထိုက်သင့်တဲ့လစာရဖို့ အတွက် အခုလိုဆန္ဒပြတောင်းဆို တာဖြစ်ပါတယ်’’ဟု ဆန္ဒပြပွဲဦး ဆောင်သည့် တကောင်းတောင် နီကယ်စက်ရုံအလုပ်သမား ကို ထွန်းထွန်းဝင်းကပြောသည်။ အမေရိကန်ဒေါ်လာ သုံးရာ နှင့်ညီမျှသည့် လုပ်ခလစာရရှိရန်၊ အလုပ်သမားသမဂ္ဂတွင် အလုပ် သမားကိုယ်စားလှယ်များ ပါဝင် ခွင့်ပြုရန်၊ အလုပ်သမားများအ တွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်၊ တရုတ်-မြန်မာလူမျိုးရေး ခွဲခြားမှု မပြုလုပ်ရန်၊ ကုမ္ပဏီနှင့် နိုင်ငံတော်အကျိုးအမြတ်ခွဲဝေမှု ကို ပွင့်လင်းမြင်သာစွာ ဖော်ပြရန် စသည့်အချက်သုံးချက်ကို နီကယ် စက်ရုံဆန္ဒပြအလုပ်သမားများက တောင်းဆိုခဲ့သည်။ တကောင်းတောင် နီကယ် စက်ရုံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုဥပဒေနှင့်ညီညွတ်ခြင်းမရှိသည့် လုပ်ရပ်များကို ကုမ္ပဏီတာဝန်ရှိ သူများက လုပ်ဆောင်နေပြီး လုံ ခြုံရေး၊ ယာဉ်မောင်းအလုပ်များ ကအစ အောက်ခြေအလုပ်များကို ပင် မြန်မာနိုင်ငံသား အလုပ်သ မားများအား ခန့်အပ်ခြင်းမရှိဘဲ တရုတ်နိုင်ငံသား အလုပ်သမား များ အသုံးပြုနေသည်ဟု စက်ရုံ လုပ်သားများကပြောသည်။ ‘‘ကျွန်တော်တို့ မြန်မာ အ လုပ်သမားတွေ ဘယ်လောက် ကြိုးစားလုပ်လုပ်၊ လုပ်သက်ဘယ် လောက်ကြာကြာ လစာမတိုးဘူူး။ တရုတ်အလုပ်သမားတွေပဲ လစာ များများရတယ်။ တခြားစား သောက်ရေး၊ နေထိုင်ရေးမှာ လည်း တရုတ်အလုပ်သမားတွေ နဲ့ မြန်မာအလုပ်သမားတွေ အခွင့် အရေးတန်းတူမရဘူး။ ကျွန်တော် တို့အနှိမ်ခံရတယ်။ ခွဲခြားဆက်ဆံ ခံရတယ်’’ဟု ဆန္ဒပြပွဲတွင် ဦး ဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် တကောင်းတောင် နီကယ်စက်ရုံ စီမံကိန်းအလုပ်သမားကိုတင်မျိုး ထွန်းကပြောသည်။ တကောင်းတောင်ဖယ်ရိုနီ ကယ်စက်ရုံသည် မြန်မာအလုပ် သမားများအတွက် မည်သည့် တိုးတက်ရေးလမ်းမျှမရှိဘဲ လုပ်ငန်း ကျွမ်းကျင်သင်တန်းပို့ချပေးခြင်းများလည်းမရှိကြောင်း အလုပ်သမားများကဆိုသည်။ အဆိုပါ ကိစ္စများနှင့်ပတ် သက်၍ တကောင်းတောင်နီ ကယ်စက်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခွင့်ရရန် ကြိုးစား သော်လည်းတွေ့ဆုံခွင့်မရရှိပေ။ တကောင်းတောင်ဖယ်ရိုနီ ကယ်စက်ရုံစီမံကိန်း၊ သတ္တုတူး ဖော်ရေးလုပ်ငန်းကို တရုတ်သတ္တု တူးဖော်ရေးကုမ္ပဏီ မြန်မာ CNICO (Myanmar CNMC Nikel Co.) က၂၀၀၈ တွင် စတင်ကာ တူးဖော်လုပ်ကိုင်နေပြီး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာသန်းရှစ်ရာ ရင်းနှီးမြှုပ်နှံထားကြောင်း သတင်းရရှိသည်။ ယင်းစီမံကိန်းကို သတ္တုတွင်း ဝန်ကြီးဌာနနှင့် မြန်မာ CNICO ကုမ္ပဏီတို့အကြား ထုတ်လုပ်မှု အပေါ် ခွဲဝေခံစားစနစ်ဖြင့် နှစ် ဖက်သဘောတူစာချုပ် ချုပ်ဆို ကာ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ တကောင်းတောင်နီကယ် စက်ရုံသည် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအနီး တည်ရှိသော်လည်း သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် တကောင်း တောင်မှာ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တကောင်း မြို့နယ်ခွဲအတွင်း တည်ရှိသည်။ အလုပ်သမားအခွင့်အရေး အတွက် ပထမဆုံးအကြိမ် တောင်းဆိုခဲ့သည့် ဆန္ဒပြအလုပ် သမားများက ၎င်းတို့၏တောင်းဆို ချက်များကို ကုမ္ပဏီက လိုက် လျောမှု ရှိ၊မရှိကို တစ်ပတ်ကြာ စောင့်ကြည့်မည်ဖြစ်ပြီး လိုက်လျောမှုမရှိက ပိုမိုပြင်းထန်သည့်ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်မည်ဟုဆိုသည်။
Source : http://ift.tt/2hKjRnO
via IFTTT
Source : http://ift.tt/2hKjRnO
via IFTTT
Sunday, December 18, 2016
တာချီလိတ်တွင် မူးယစ်ဆေးဝါး၊ လက်နက်နှင့် မော်တော်ယာဉ်များ ဖမ်းမိ ======================================= 18-Dec-2016 tagged as မူးယစ်ဆေးဝါး ကျိုင်းတုံ၊ ဒီဇင်ဘာ ၁၈ ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဒီဇင်ဘာ ၁၇ ရက်က ကျပ်သိန်း တစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်း မျိုးစုံနှင့် မော်တော်ယာဉ် မျိုးစုံ ဖမ်းဆီးရမိကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။ အဆိုပါနေ့ နံနက် ၁၀ နာရီက စတင်၍ နယ်မြေခံ စစ်ဗျုဟာနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ မူးယစ်တရားခံ ကျော်မြင့်(ခ)အောင်ကျော်မြင့် ပိုင်ဆိုင်သည့် “ကျော်”ကုန်စည်ပို့ဆောင်ရေး ဂိုဒေါင်၊ ခြံဝင်း၊ နေအိမ်နှင့် စိုက်ပျိုးရေးခြံတို့ကို စီးနင်းရှာဖွေရာ ဘိန်းဖြူ ဘလောက်တုံးများ၊ စိတ်ကြွဆေးပြားများ၊ဆေးပြား ပြုလုပ်ရန် အသင့် ရောစပ်ထားသည့် အမှုန့်များနှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် လက်နက်ခဲယမ်း မျိုးစုံနှင့် မော်တော်ယာဉ် မျိုးစုံကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ “ရှမ်းတောင်က ကာလိရဲစခန်းမှာ မူးယစ်မှုနဲ့ ဖမ်းဆီးခံရတဲ့ တရားခံပိုင်တဲ့ နေရာကို ဝင်ရှာဖွေရာက မူးယစ်ဆေးဝါးတွေနဲ့ ထုတ်လုပ်တဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် လက်နက်မျိုးစုံ ၁၀ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ အများကြီး ဖမ်းဆီးရမိတယ်။ ရှမ်းတောင်ဘက်မှာ မူးယစ်ဆေးဝါး တန်ဖိုး ဘယ်လောက် ဖမ်းမိတယ်ဆိုတာတော့ မသိဘူး”ဟု ၎င်းက ဆိုသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၄၅ နှစ်အရွယ် ကျော်မြင့်(ခ)အောင်ကျော်မြင့်နှင့် အပေါင်းအပါများကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဥပဒေပုဒ်မများအရ အမှုဖွင့် အရေးယူထားကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။
Source : https://goo.gl/H9Ia42
via IFTTT
Source : https://goo.gl/H9Ia42
via IFTTT
7Day News Journal
လျှင်မြန်စွာ ကူးစက်နိုင် သော ကြက်ငှက်တုပ်ကွေးရောဂါ တစ်မျိုး နောက်ထပ်ပျံ့နှံ့မှုကို တားဆီးရန် ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းတွင် မွေးမြူရေး ကြက်နှင့် ဘဲအကောင်ရေ ၂၁၀,၀၀၀ ခန့်ကို စတင်သုတ်သင် ရှင်းလင်းခဲ့သည်ဟု တာ၀န်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောသည်။ နိုင်ငံတစ်လွှားရှိ မွေးမြူရေးခြံအချို့၌ ဖြစ်ပွားလျက်ရှိသော ပြင်းထန်သည့် H5 ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို တားဆီးရန် တာ၀န်ရှိသူ ရာပေါင်းများစွာဖြင့် ကြက်နှင့် ဘဲများကို သုတ်သင်ခြင်းမှာ ဂျပန်နိုင်ငံတွင် ငါးကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်သည်။ ထို့အပြင် ဟော့ကိုုင်းဒိုးကျွန်းတောင်ပိုင်း အေအိုမိုရီပြည်နယ်တွင် ဘဲအကောင်ရေ ၂၃,၀၀၀နှင့် နီဂါတာမြို့တွင် ကြက်အကောင်ရေ ၅၅၀,၀၀၀ ကိုလည်းသုတ်သင်ခဲ့သည်။ အာဏာပိုင်များက ရောဂါဖြစ်ပွားသော မွေးမြူရေးခြံအနီး ဧရိယာများတွင် ကြက်၊ ဘဲများ တင်ပို့မှုနှင့် ယင်းထွက်ကုန်များတင်ပို့မှုကို တားမြစ်ခဲ့သည်။ ဒီဇင်ဘာ ၁၇ ရက် ညနေက ဟော့ကိုင်းဒိုးကျွန်းမြောက်ပိုင်း ရှင်မ်ဇူမြို့ရှိ မွေးမြူရေးခြံတွင်လည်း ကြက်အကောင်ရေ ၃၂,၃၁၀ ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဒေသခံတာ၀န်ရှိသူများက ထုတ်ပြန်ချက်၌ ပြောသည်။ ‘‘ကျွန်တော်တို့ ဒီနေ့ကြက်တွေကို သုတ်သင်ရှင်းလင်းတာ ဆက်လုပ်ပါမယ်။ ဒါပေမဲ့ ညဘက်မှာ ၂၀ ဒီဂရီအထိ ကျဆင်းတဲ့အတွက်ကြောင့် အလုပ်လုပ်ရတာ ခက်ခဲပါတယ်’’ဟု နှင်းကျခြင်းကလည်း အလုပ်မတွင်ကြောင်း ထိုအရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းဌာနအား ပြောသည်။ ဂျပန်နိုင်ငံတွင် ၂၀၁၅ ဇန်န၀ါရီကလည်း မွေးမြူရေးခြံတစ်ခု၌ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားခဲ့သည်။ —Ref:AFP
Source : http://ift.tt/2hN15cG
via IFTTT
Source : http://ift.tt/2hN15cG
via IFTTT
7Day News Journal
ထိုင်းအငှားယာဉ်မောင်းအား သေနတ်ဖြင့် ပစ်သတ်သူဟု သံသယရှိသော မြန်မာလုပ်သားတစ်ဦးကို ဖမ်းဆီး ပုံ - ထိုင်းအငှားယာဉ်မောင်းအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟုဆိုသူ မြန်မာလုပ်သား မင်းရဲအောင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်များက ပြန်လည်သရုပ်ပြခိုင်းနေစဉ် ထိုင်းနိုင်ငံမဟာချိုင်နယ် မြေ ဘန်ပေါ်ရပ်ကွက်တွင် အ သက်(၂၂)နှစ်အရွယ် မြန်မာလုပ် သားတစ်ဦးကို ထိုင်းနိုင်ငံသား တက္ကစီယာဉ်မောင်းအား သေနတ်ဖြင့် ပစ်သတ်သည်ဆိုကာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ ဘန်ပေါ်ရပ်ကွက် အဝင် လမ်းတစ်နေရာတွင် ထိုင်းတက္ကစီ မောင်းသမားတစ်ဦး ဒီဇင်ဘာ ၁၃ ရက်က သေနတ်ဖြင့် ပစ်သတ်ခံရ ပြီး ထိုင်းရဲတပ်ဖွဲ့က လူသတ်မှု အတွက် သံသယရှိသော မြန်မာ လုပ်သားတစ်ဦးကို ဒီဇင်ဘာ ၁၆ ရက်တွင် ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ ‘‘ထိုင်းကားသမားကို သေ နတ်နဲ့ ပစ်သတ်တယ်ဆိုပြီး မြန်မာတစ်ယောက်ကို ဖမ်းဆီးထားတာ ဟုတ်ပါတယ်။ မနက်ဖြန်မှာ အဲဒီ အမှုကို သွားပြီးကြည့်ရှုပါမယ်’’ ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး မှ အလုပ်သမားသံအရာရှိ ဦးမိုး အောင်ခိုင်က ဒီဇင်ဘာ ၁၇ ရက် တွင် ပြောသည်။ လူသတ်မှုသံသယဖြင့် ဖမ်း ဆီးခံထားရသော မြန်မာလုပ်သား သည် ထိုင်းတက္ကစီယာဉ်မောင်း အား သေနတ်ဖြင့် ပစ်သတ်ခဲ့ သည်ဟု ထိုင်းရဲတပ်ဖွဲ့ထံတွင် ဝန်ခံထားကြောင်း မြန်မာလုပ် သားများအရေးကို ကူညီဆောင် ရွက်ပေးနေသော မဟာချိုင်မြို့ အခြေစိုက် AAC မဟာမိတ်အဖွဲ့ မှ ကိုရဲမင်းကပြောသည်။ ‘‘ကားသမားဆီက ပိုက်ဆံ လုတယ်လို့ ပြောကြတယ်။ ပိုက် ဆံမရလို့ သေနတ်နဲ့ပစ်လိုက်တာ လို့ ပြောကြတာပဲ။ သူ့ကို ဆဲဗင်း အလဲဗင်းစတိုးဆိုင်က CCTV ကနေ ပုံရိပ်ရပြီး ဖမ်းမိတာလို့ သိရတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံမှာ မြန်မာ ကလေးတစ်ယောက်က သေနတ်ကိုင်ဖို့ လွယ်ပါ့မလားဆို တာ စဉ်းစားစရာပါ’’ဟု ကိုရဲမင်း က ဆိုသည်။ ထိုင်းရဲတပ်ဖွဲ့သည် လူသတ် မှုဖြင့် ဖမ်းဆီးထားသည့် မြန်မာ လုပ်သားကို လူသတ်မှုပုံစံများ ဒီဇင်ဘာ ၁၇ ရက်က သရုပ်ပြမှုများ ပြုလုပ်ခိုင်းခဲ့သည်။ လူသတ်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာလုပ်သား မင်းရဲအောင်သည် ဘားအံမြို့ဇာတိဖြစ်ကြောင်း သိရသည်။
Source : http://ift.tt/2gYwk61
via IFTTT
Source : http://ift.tt/2gYwk61
via IFTTT
The Voice
ပုဂံတွင် အဂါရဝပုံ မရိုက်ရန် သတိပေး ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ပုဂံယဉ်ကျေးမှုဒေသရှိ ဘုရားဆင်းတုတော်များကို နောက်ခံထား၍ အဂါရဝပုံများ ရိုက်ကူးခြင်း မပြုရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သတိပေးစာ ထုတ်ပြန်ခဲ့သည်။ ပုဂံယဉ်ကျေးမှုဒေသတွင် ဘုရားဆင်းတုတော်များကို နောက်ခံထားပြီး အဂါရဝပုံ ရိုက်ကူးသည့် ဖိလစ်ပိုင် အခြေစိုက် Mymetrophoto ဓာတ်ပုံများ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ပြီး သုံးရက်အကြာ ယဉ်ကျေးမှု ကာကွယ်ထိန်းသိမ်းရန် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၆ ရက်တွင် သတိပေးစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးအတွက် ပြည်တွင်းပြည်ပ နိုင်ငံသားများအကြား ပြုမူနေထိုင်ပုံများနှင့် ပတ်သက်၍ ခေတ်ကာလ အခြေအနေနှင့် လိုက်လျောညီထွေမှု ရှိစေရန် လိုအပ်ချက်များကို ဖြည့်စွက်ကာ သတိပေးစာ ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးအာကာထွန်းက ပြောကြားသည်။ “လတ်တလော ဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေနဲ့ ကိုက်ညီအောင် သတိပေးစာကို အသစ်ထုတ်ပြန်တာပါ။ ဒါကတော့ သတိပေး နှိုးဆော်စာပေါ့။ ပုဂံမှာတင် မဟုတ်ပါဘူး၊ တခြားယဉ်ကျေးမှု နေရာဒေသတွေမှာလည်း ဝိုင်းဝန်းထိန်းသိမ်းနိုင်အောင်ပါ” ဟု ၎င်းက ဆိုသည်။ အဂါရဝ နေထိုင်ပြုမှုများအတွက် စည်းကမ်းချက် ထုတ်ပြန်ခြင်းကို လူထုအသိပညာပေး ပုံစံများဖြင့် ဆောင်ရွက်မည် ဖြစ်ပြီး နိုင်ငံခြား ခရီးသည်များအတွက် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ထပ်မံထုတ်ပြန်ခြင်း ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (စီမံ) ထံမှ သိရသည်။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းမှုများအတွက် သတိပေးစာတွင် အဂါရဝ ဖြစ်စေမည့် ဘုရားဆင်းတုတော်များနှင့် တွဲဖက်ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်း၊ ခြေကန်ခြင်း၊ မဖွယ်မရာ ပြုမူနေထိုင်ခြင်း၊ ဘုရားပုံတော်နှင့် ကိုးကွယ်မှုဆိုင်ရာ ပုံတော်များကို ခန္ဓာကိုယ်တွင် ဆေးမင်ကြောင်၊ တက်တူးထိုးခြင်းတို့ မပြုလုပ်ရဟူသော အချက်များ ပါဝင်ပြီး ရှေးဟောင်းအဆောက်အအုံ အတွင်းရှိ နံရံဆေးရေး ပန်းချီများကို ပွတ်သပ်ကိုင်တွယ်မှုများ၊ အညစ်အကြေးနှင့် အမှိုက်များ စွန့်ပစ်ခြင်းတို့ကို မပြုလုပ်ရဟူ၍ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ပုဂံယဉ်ကျေးမှု နယ်မြေအတွင်းရှိ အနော်ရထာလမ်းနှင့် ရွှေဆံတော်ဘုရားလမ်းဆုံ အနီးတွင် ယခုနှစ် မတ်လ ၂၄ ရက်က အဝတ်ဗလာဖြင့် သွားလာခဲ့သည့် အင်္ဂလန် နိုင်ငံသားကို မတ်လ ၂၈ ရက်တွင် ပြည်နှင်ဒဏ် ပေးခဲ့သည်။
Source : https://goo.gl/59Xa09
via IFTTT
Source : https://goo.gl/59Xa09
via IFTTT
Subscribe to:
Posts (Atom)