တီဟီရန်တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က ဆီးရီးယားကို တာလတ်ပစ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်သံ) အီရန်မြို့တော်တီဟီရန်ကို IS က တိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဇွန်လ ၁၈ ရက်နေ့မှာ ဆီးရီးယားကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
Source : http://ift.tt/2rNypns
via IFTTT
Monday, June 19, 2017
The Voice
အခွန်ပြဿနာကြောင့် လာလီဂါသို့ ကမ္ဘာကျော်များ ပြောင်းရွှေ့မှု ကျဆင်းသွားမည်ကို ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ စိုးရိမ် မက်ဒရစ်၊ ဇွန် ၁၉ စပိန်လာလီဂါပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဂျာဗီးယား တီဘတ်စ်သည် စပိန်အစိုးရရှေ့နေများနှင့် စပိန်အခွန်ဦးစီးဌာနတို့၏ အချို့သော လုပ်ရပ်များက လာလီဂါပြိုင်ပွဲသို့ ကမ္ဘာကျော် ကစားသမားများ ပြောင်းရွှေ့ရောက်ရှိနိုင်ရေးကို အတားအဆီး ဖြစ်သွားနိုင်ကြောင်း ဝေဖန်ပြောကြားလိုက်သည်ဟု Marca က ဖော်ပြထားသည်။ တီဘတ်စ်သည် စပိန်အစိုးရရှေ့နေများနှင့် စပိန်အခွန်ဦးစီးဌာနတို့က ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုကို အခွန်တိမ်းရှောင်သည်ဟု စွပ်စွဲကာ အမှုစွဲဆိုရန် ပြင်ဆင်လိုက်ခြင်းကိစ္စတွင် စီရော်နယ်ဒိုဘက်က အပြည့်အဝ ထောက်ခံရပ်တည်လိုက်ပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကို စီရော်နယ်ဒို စွန့်ခွာသွားပါက ပြိုင်ပွဲ၏ပုံရိပ်ပါ ကျဆင်းသွားလိမ့်မည်ဟု တီဘတ်စ်က အသိပေးထားပြီဖြစ်သည်။ စပိန်အစိုးရရှေ့နေများနှင့် စပိန်အခွန်ဦးစီးဌာနတို့သည် စီရော်နယ်ဒို မတိုင်မီတွင် ဘာစီလိုနာ ကစားသမားများဖြစ်သည့် နေမာ၊ မက်ဆီ၊ မာရှေယာနိုနှင့် ဆန်းချက်ဇ်တို့ကို အခွန်တိမ်းရှောင်မှုဖြင့် အမှုစွဲဆိုခဲ့ပြီး ဆန်းချက်ဇ်နှင့် မာရှေယာနိုတို့က အခွန်တိမ်းရှောင်မိခဲ့ကြောင်း အပြစ်ဝန်ခံခဲ့သော်လည်း နေမာနှင့် မက်ဆီတို့ကမူ ၎င်းတို့အနေနှင့် မတရားစွပ်စွဲခံရခြင်း ဖြစ်သည်ဟု ငြင်းဆန်ကာ အမှုရင်ဆိုင်နေဆဲဖြစ်သည်။ တီဘတ်စ်သည် စီရော်နယ်ဒို၊ မက်ဆီနှင့် နေမာတို့ကို အခွန်တိမ်းရှောင်သည်ဟု စပိန်အစိုးရရှေ့နေများနှင့် စပိန်အခွန်ဦးစီးဌာနတို့က စွပ်စွဲထားခြင်းသည် အနာဂတ်ကာလတွင် ကမ္ဘာကျော် ကစားသမားများ လာလီဂါသို့ ပြောင်းရွှေ့ ရောက်ရှိနိုင်ရေးကို အတားအဆီး ဖြစ်လာလိမ့်မည်ဟု အခိုင်အမာ ယူဆထားပြီး စပိန်အစိုးရရှေ့နေများနှင့် စပိန်အခွန် ဦးစီးဌာနတို့က နာမည်ကျော် ကစားသမားများကို အခွန်ကိစ္စဖြင့် အမြဲတစေ ပြဿနာရှာလေ့ ရှိသည်ဟု ထင်မြင်ယူဆသွားပါက ကမ္ဘာကျော် ကစားသမားများမှာ လာလီဂါသို့ ပြောင်းရွှေ့ကစားရန် လွန်စွာတွေဝေသွားလိမ့်မည်ဟု တီဘတ်စ်က အသိးေထားသည်။ သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် တီဘတ်စ်က “စပိန်အစိုးရရှေ့နေတွေနဲ့ စပိန်အခွန်ဦးစီးဌာနတို့အနေနဲ့ တစ်ချို့ကိစ္စတွေကို သတိထား ကိုင်တွယ်သင့်နေပါပြီ။ စီရော်နယ်ဒိုလို ကစားသမားမျိုးသာ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာသွားခဲ့ရင် လာလီဂါပြိုင်ပွဲရဲ့ ပုံရိပ်လည်း ကျဆင်းသွားပါလိမ့်မယ်။ ဒီအတိုင်းဆိုရင် အနာဂတ်ကာလမှာ လာလီဂါပြိုင်ပွဲက ကမ္ဘာကျော် ကစားသမားတွေကို ဆွဲဆောင်နိုင်စွမ်း လျော့ကျသွားတော့မှာပါ။ ဒါဟာ ကျွန်တော်တို့အတွက် စိုးရိမ်ရမယ့် အခြေအနေပါပဲ”ဟု ပြောကြားသွားခဲ့သည်။
Source : https://goo.gl/Ubia4a
via IFTTT
Source : https://goo.gl/Ubia4a
via IFTTT
Eleven Broadcasting
ဇွန်လ ၁၉ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု) ■ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၇၂ နှစ်ပြည့် မွေးနေ့အခမ်းအနားများ နိုင်ငံတစ်ဝန်းပြုလုပ် ■ ကုန်သွယ်မှုမြှင့်တင်ရေး ကြိုးစားဆောင်ရွက်ရန် ရုရှားရှိ မြန်မာသံရုံးနှင့် စစ်သံရုံးမိသားစုများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မှာကြား ■ ရန်ကုန်မြို့လယ်ရှိ ကုမ္ပဏီတစ်ခုတွင် ဖြစ်ပွားခဲ့သော လုယက်မှုနှင့် ပတ်သက်ပြီး နှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ■ ပစ္စတိုသေနတ်နှင့် မူးယစ်ဆေးဝါးများ မြိတ်မြို့တွင် ဖမ်းဆီးရမိ ■ သမီးအရင်းဖြစ်သူအား သားမယားအဖြစ် ပြုကျင့်သည်ဆိုသည့် ဖခင်ဖြစ်သူကို ကမ်းဝေးငါးဖမ်းလှေပေါ်တွင် ရဲတပ်ဖွဲ့ဝင်များ သွားရောက်ဖမ်းဆီး ■ ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်လုံးတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး ဖြစ်ပွားသူ ရှစ်ရာကျော်တွင် သေဆုံးသူ ၁၂ ဦးရှိ ■ တီဟီရန်တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က ဆီးရီးယားကို တာလတ်ပစ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက် ■ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံသစ်များ တည်ဆောက်မည့် အစီအစဉ်ကို ရပ်ဆိုင်းသွားမည်ဟု တောင်ကိုရီးယားသမ္မတ ပြောကြား ■ အင်ဒိုနီးရှားနို်င်ငံ ဘာလီကျွန်းပေါ်ရှိ အကျဉ်းထောင်မှ နိုင်ငံခြားသားအကျဉ်းသား (၄) ဦး လိုဏ်ခေါင်းတူးပြီး ထွက်ပြေးလွတ်မြောက်သွား ■ ကိုလမ်ဘီယာရှိ ဈေးဝယ်စင်တာပေါက်ကွဲမှုနှင့် ပတ်သက်၍ သတင်းပေးနိုင်သူအား ပီဆိုသန်း ၁၀၀ ဆုတော်ငွေထုတ်ထား ■ ထိုင်းနိုင်ငံတောင်ပိုင်းတွင် လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် ထိုင်းစစ်သား ၆ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရ ■ မိုဆူးလ်ရှိ IS စစ်သွေးကြွများအား လက်နက်ချရန်နှင့် မဟုတ်ပါက အသေခံရန် အီရတ်စစ်တပ် သတိပေး
Source : http://ift.tt/2sHkuDB
via IFTTT
Source : http://ift.tt/2sHkuDB
via IFTTT
7Day News Journal
ငါးနှစ်ကြာ ကျင်းပခဲ့သော အိပ်မက်ဆုံရာ အစီအစဉ် ရပ်ဆိုင်း ‘အိပ်မက်ဆုံရာ ရာသက်ပန်’ Season 5 ပြိုင်ပွဲကို နောက်ဆုံး အစီအစဉ်အဖြစ် ကျင်းပခဲ့ပြီး မိုးသောက်က Winner ဆုကို ပရိ သတ်မဲအရေအတွက် အများဆုံးဖြင့် ရရှိခဲ့သည်။ အဆိုပါ ပွဲကို ဇွန်လ ၁၇ ရက် ညက Myanmar Event Park ၌ ပြုလုပ်ခဲ့ပြီး အိပ်မက်ဆုံ ရာပြိုင်ပွဲ ဆက်လက်ပြုလုပ်တော့ မည်မဟုတ်ဘဲ ရပ်နားတော့မည်ဟု ဆုမကြေညာမီ အစီအစဉ် တင်ဆက်သူက ပြောကြားခဲ့သည်။ ‘‘အခု အိပ်မက်ဆုံရာ ရာသက်ပန်ကို နှုတ်ဆက်တဲ့အတွက်ကြောင့် ဝမ်းနည်းပါတယ်’’ ဟု Forever BEC Tero ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်ခင်လေးက ဆုချီးမြှင့်ပြီးချိန်တွင် ပြောကြားခဲ့သည်။ အစီအစဉ် ရပ်နားရခြင်းနှင့် ပတ်သက်၍ Forever BEC Tero မှ တာဝန်ရှိသူတစ်ဦးထံ ဆက် သွယ်မေးမြန်းသော်လည်း အကြောင်းရင်းကို မသိရသေးပေ။ အိပ်မက်ဆုံရာ ရာသက်ပန် Season 5 ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်တွင် ဆန်ခါတင် လေးဦးဖြစ်သည့် ထက်အိမ်၊ စိုးမိုး၊ ဟိန်းဇော် နှင့် မိုးသောက်တို့က သီချင်းနှစ် ပုဒ်စီဖြင့် သီဆိုဖျော်ဖြေပြီး မိုးသောက်က ပရိသတ်မဲ ၄၆ ရာခိုင် နှုန်းကျော်ရရှိ၍ ဆုရရှိခဲ့သည်။ အခြားပြိုင်ပွဲဝင်များအနေ ဖြင့် ထက်အိမ်က ဒုတိယဆု၊ စိုး မိုးက တတိယဆုနှင့် ဟိန်းဇော်က စတုတ္ထဆု ရရှိခဲ့ပြီး နောက်ဆုံး ပြိုင်ပွဲနေ့တွင် ဆန်ခါတင်ဆယ်ဦး အဆင့်ထိ ပါဝင်ခဲ့သူများက သီဆို ဖျော်ဖြေပေးခဲ့သည်။ အကဲဖြတ် ဒိုင်နှစ်ဦးဖြစ်သည့် ဇော်ပိုင်နှင့် L ဆိုင်းဇီတို့က ဧည့်သည်အဆိုရှင် အနေဖြင့် သီဆို ဖျော်ဖြေခဲ့ကြ သည်။ ထို့အပြင် အိပ်မက်ဆုံရာအ စီအစဉ် နှုတ်ဆက်အစီအစဉ် အ နေဖြင့် အိပ်မက်ဆုံရာပွဲစဉ်များ တွင် ပါဝင်ခဲ့သည့် အဆိုရှင် ဆယ်ဦးက စုပေါင်းသီချင်း သီဆို ဖျော်ဖြေခဲ့သည်။ အိပ်မက်ဆုံရာ သီချင်းဆို ပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၁၂ က စ တင် ပြုလုပ်ခဲ့ပြီး အိပ်မက်ဆုံရာ အမည်ဖြင့် Season 1 မှ 10 အထိ အိပ်မက်ဆုံရာ ရာသက်ပန်အ မည်ဖြင့် Season 1 မှ 5 အထိ ပြု လုပ်ခဲ့ပြီးချိန်တွင် ရပ်နားခဲ့သည်။
Source : http://ift.tt/2sK6SZn
via IFTTT
Source : http://ift.tt/2sK6SZn
via IFTTT
7Day News Journal
တက္ကသိုလ်ဝင်ခွင့် ရွေးချယ်မှု အမှတ်ဖြင့်သာ ဆုံးဖြတ်မည်ဟုဆို တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်မှုကို တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်ဖြင့်သာ ဆုံးဖြတ်မည်ဖြစ်ပြီး ယခုနှစ်အနည်းငယ် အတွင်း ယင်းစနစ်ကို ပြောင်းလဲမည်မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲကပြောသည်။ ‘‘ကိုယ်ဝါသနာပါတဲ့ တက္က သိုလ်တက်ခွင့်ရဖို့အတွက် အ ပြောင်းအလဲတစ်ခုကတော့ လို သေးတယ်။ ချက်ချင်းကြီးပြောင်း လဲလို့မရနိုင်ဘူး။ ပြောင်းမယ်ဆို ရင်လည်း ပြည်သူကိုချပြရမယ်။ ပြည်သူကလက်ခံမှ ပြောင်းလို့ရ မယ်’’ ဟု ၎င်းကပြောသည်။ အရှေ့တောင်အာရှနှင့် အာ ရှနိုင်ငံများတွင် တက္ကသိုလ်ဝင်ခွင့် အတွက် အမှတ်ဖြင့်သာ ဆုံးဖြတ် နေခြင်းဖြစ်ပြီး စနစ်သစ်တစ်ခု သို့ ပြောင်းလဲရန် အချိန်ယူလုပ် ဆောင်ရမည်ဖြစ်ကာ ယခုနှစ်အ တွင်း ပညာရေးဝန်ကြီးဌာနက ချ မှတ်ထားသည့် မူဝါဒအတိုင်းသာ ကျင့်သုံးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ တက္ကသိုလ်ဝင်ခွင့် ရွေးချယ် မှုနှင့်ပတ်သက်၍ ၎င်းတို့၏ဆန္ဒ ကို အခြေခံပြီး သင်ယူလိုသော ဘာသာရပ်နှင့် သက်ဆိုင်ရာကျောင်းတု့ိကို သတ်မှတ်ထားသော အရည်အချင်းပြည့်မီမှုအရ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိစေရန် စီစဉ်ဆောင်ရွက်ရမည်ဟု အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်အထဲတွင် ဖော်ပြထား သည်။ တက္ကသိုလ်ဝင်ခွင့်စီစစ်ရွေး ချယ်ရာတွင် ဝင်ခွင့်စာမေးပွဲစနစ် ကျင့်သုံးရန် ၂၀၁၄ က စတင်၍ နှစ်စဉ်ပြုလုပ်သည့် ပညာရေးမြှင့် တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲများတွင် ထည့် သွင်းဆွေးနွေးခဲ့သော်လည်း အ ကောင်အထည်ဖော်နိုင်ခြင်း မရှိ သေးပေ။ ၂၀၁၆-၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသား ၇၁၀,၀၀၀ ကျော်ဝင်ရောက်ဖြေဆိုပြီး ၂၄၂,၇၃၆ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၃၃ ဒသမ ၈၉ ရာခိုင်နှုန်း အောင်မြင်ခဲ့ကာ ယခင်နှစ်ကထက် ၃ ဒသမ ၉၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အခြေခံပညာဦးစီးဌာန စာရင်းများအရ သိရသည်။
Source : http://ift.tt/2tjussV
via IFTTT
Source : http://ift.tt/2tjussV
via IFTTT
The Voice
ကွန်ဖက်ဒရေးရှင်းဖလား ပွဲစဉ်များကို ဝက်ဝံမလေး နီကာနှင့်ကြောင်ကြီး အာခီလိစ်တို့က ခန့်မှန်းပေး မော်စကို၊ ဇွန် ၁၉ ရုရှားနိုင်ငံတွင် ကျင်းပနေသည့် ကွန်ဖက်ဒရေးရှင်းဖလားပွဲစဉ်များကို ဝက်ဝံမလေး နီကာနှင့် ကြောင်ကြီး အာခီလိစ်တို့က ခန့်မှန်းပေးနေပြီး နီကာနှင့် အာခီလိစ်တို့ကို ၂၀၁၈ ကမ္ဘာ့ဖလားပွဲစဉ်များကို ခန့်မှန်းပေးရန်အတွက်လည်း ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေး ကော်မတီက ရွေးချယ်ထားပြီဖြစ်ကြောင်း RT News က ဖော်ပြထားသည်။ ဝက်ဝံမလေး နီကာနှင့် ကြောင်ကြီး အာခီလိစ်တို့ကို ဆဋ္ဌမအာရုံရ သတ္တဝါများဟု တင်စားမှုများရှိနေပြီး ဝက်ဝံမလေး နီကာမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ တရားဝင်ဟောကိန်းထုတ် သတ္တဝါအဖြစ် သတ်မှတ်ပေးခြင်း ခံထားရပြီလည်းဖြစ်သည်။ အသက် ၂ နှစ်အရွယ်ရှိ ပိုလာဝက်ဝံမလေး နီကာသည် လွန်ခဲ့သည့် တစ်နှစ်ခန့်က ချူကော့ကာဒေသမှနေ၍ မော်စကိုသို့ ရောက်လာခဲ့ခြင်းဖြစ်ပြီး နီကာမှာ သူမ၏စိတ်စွမ်းအင်ကြောင့် ယခုအချိန်တိုင်သည်အထိ အသက်ရှင်သန်နေခြင်း ဖြစ်သည်ဟု ၎င်း၏လေ့ကျင့်ရေးမှူး အလက်ဇန္ဒား အိုင်ဂိုရော့ဗ်က ပြောကြားထားသည်။ နီကာသည် ၎င်း၏ဝက်ဝံအုပ်စုနှင့် လှည့်လည် သွားလာနေစဉ်တွင် ဒဏ်ရာရရှိကာ တစ်ကောင်တည်း သင်းကွဲ ကျန်နေရစ်ခဲ့ခြင်းဖြစ်ပြီး လူများ နေထိုင်ရာ နေရာတစ်ခုသို့ တွားသွားရောက်ရှိလာခဲ့ခြင်းက သူမကို အသက်ဆက်ရှင်ခွင့် ရစေခဲ့ခြင်းဖြစ်သည်။ လေ့ကျင့်ရေးမှူး အိုင်ဂိုရော့ဗ်သည် လူအများနေထိုင်ရာ နေရာကို နီကာ မှန်ကန်စွာ မှန်းဆနိုင်ခဲ့ခြင်းမှာ သူမ၏ စိတ်စွမ်းအင်ကြောင့်ဖြစ်သည်ဟု ယုံကြည်ထားပြီး မော်စကိုတိရစ္ဆာန်ရုံတွင် နေထိုင်ခဲ့စဉ်ကာလအတွင်း၌လည်း နီကာ၏ စိတ်စွမ်းအင်ဆိုင်ရာ အံ့ဩလောက်ဖွယ် စွမ်းဆောင်ရည်များကို ၎င်းတို့အနေနှင့် အကြိမ်ကြိမ် အဖန်ဖန် မြင်ခဲ့ရပြီးဖြစ်သည်ဟုလည်း အိုင်ဂိုရော့ဗ်က အသိပေးထားသေးသည်။ နီကာသည် ဘောလုံးများနှင့် ဆော့ကစားရခြင်းကို လွန်စွာခုံမင်ပြီး ဘောလုံးများကို ခေါင်းအုံး၍ အိပ်စက်တတ်လေ့ ရှိသည်မှာလည်း နီကာ၏ထူးခြားသည့် အလေ့အထတစ်ခုဖြစ်ကြောင်း အိုင်ဂိုရော့ဗ်က ပြောကြားထားသေးသည်။ မော်စကိုတိရစ္ဆာန်ရုံ အုပ်ချုပ်ရေးအဖွဲ့သည် နီကာကို ၂၀၁၇ ကွန်ဖက်ဒရေးရှင်းဖလားနှင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတို့အတွက် တရားဝင် ခန့်မှန်းသတ္တဝါအဖြစ် သတ်မှတ်ပေးပါရန် ဖီဖာနှင့်ဆက်သွယ်၍ ခွင့်ပြုချက် တောင်းခံခဲ့ခြင်းဖြစ်ပြီး မက္ကဆီကိုနှင့် ပေါ်တူဂီတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ကွန်ဖက်ဒရေးရှင်းပွဲစဉ်တွင် နီကာက ပွဲစတင်ခန့်မှန်းခဲ့ခြင်းဖြစ်သည်။ ကြောင်ကြီး အာခီလိစ်သည် ရုရှားနှင့် နယူးဇီလန်တို့ ယှဉ်ပြိုင် ကစားခဲ့သည့်ပွဲစဉ်တွင် ရုရှားအလံစိုက်ထားသည့် အစာခွက်အတွင်းမှ အစာကိုစား၍ ရုရှားနိုင်မည်ဟု ခန့်မှန်းပေးခဲ့ပြီး ကြောင်ကြီး အာခီလိစ်မှာ စိန့်ပီတာစဘတ်ဂ်ျမြို့တွင် ၎င်း၏ပိုင်ရှင်နှင့်အတူ နေထိုင်လျက်ရှိသည်။
Source : https://goo.gl/SAe9nu
via IFTTT
Source : https://goo.gl/SAe9nu
via IFTTT
7Day TV
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ လွှတ်တော်မှာ ကျင်းပ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်ပြည့်မွေးနေ့ အခမ်းအနားကို နေပြည်တော်က လွှတ်တော် ဝန်းအတွင်းမှာရှိတဲ့ အိုင် ၁၂ အဆောင်မှာ ဒီကနေ့ ဇွန်လ ၁၉ ရက် မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ၊ နိုင်ငံတော် သမ္မတရဲ့ ဇနီး ဒေါ်စုစုလွင် ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ လွှတ်တော်ရုံးက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ မွေးနေ့ရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့မွေးနေ့ အမှတ်တရစကားအဖြစ် တစ်ဦးပေါ်တစ်ဦး မေတ္တာထားပြီး စိတ်ချမ်းသာအောင် ဆောင်ရွက်ကြဖို့ ပြောခဲ့ပါတယ်။ မွေးနေ့ပွဲကို တက်ရောက်ခဲ့ကြတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ သမ္မတရဲ့ ဇနီးတို့ကလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို သူမ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရှိနေတဲ့အချိန်တွေ ကတည်းက နေပြည်တော်က လွှတ်တော်ဝန်း အတွင်းမှာ ကျင်းပပြုလုပ်ခဲ့တာ ရှိပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ရုံးချုပ် အပါအဝင် နိုင်ငံတစ်ဝှမ်းက ပါတီဝင်တွေကလည်း ကျင်းပပြုလုပ်ပေးခဲ့ကြပါတယ်။ ရုပ်သံသတင်းထောက် - စိုးရ
Source : http://ift.tt/2rHUOI0
via IFTTT
Source : http://ift.tt/2rHUOI0
via IFTTT
Subscribe to:
Posts (Atom)