မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် ထပ်မံစမ်းသပ်၊ အမေရိကန်ပြည်ထောင်စု တစ်ခုလုံး ပစ်ကွင်းအတွင်း ကျရောက်ဟုဆို ဆိုးလ်၊ ဇူလိုင် ၂၉ မြောက်ကိုရီးယားတို့က အမေရိကန်ပြည်ထောင်စု နယ်မြေအားလုံးကို ပစ်ခတ်နိုင်စွမ်း ရှိသော တိုက်ချင်းပစ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု စနေနေ့က ပြောကြားခဲ့ရာ သမ္မတထရမ့်၏ သတိပေးမှုနှင့် တရုတ်နိုင်ငံ၏ ဝေဖန်မှုတို့ ထွက်ပေါ်လာခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။ သောကြာနေ့ည သန်းခေါင်ယံ ဒုံးကျည်စမ်းသပ်မှုကို ကိုယ်တိုင်ကြီးကျပ်ခဲ့သော ခေါင်းဆောင်ကင်ဂျုံအန်းက အမေရိကန်သည် မြောက်ကိုရီးယားကို တိုက်ခိုက်ရန် ကြိုးစားပါက ဖျက်ဆီးခံရမည့်ဘေးက လွတ်မည်မဟုတ်ကြောင်းကို ပြင်းထန်စွာ သတိပေးခြင်း ဖြစ်သည်ဟု ပြောကြားလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ ယခုစမ်းသပ်မှုသည် တိုက်ချင်းပစ်ဒုံးကျည်စနစ်၏ စိတ်ချရမှုနှင့် အမေရိကန်ပြည်ထောင်စု တစ်ခုလုံးကို နေရာမရွေး၊ အချိန်မရွေး ပစ်ခတ်နိုင်မှုတို့ကို ပြသလိုက်ခြင်း ဖြစ်သည်ဟု KCNA သတင်းဌာနက ပြောကြားသည်။ ယခုနောက်ဆုံး စမ်းသပ်မှုသည် ပြုယမ်း၏ ပထမဆုံး တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုအပြီး တစ်လမပြည့်မီ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်သမ္မတ ထရမ့်က “မြောက်ကိုရီးယားဟာ ဒီလိုလက်နက်တွေ စမ်းသပ်ပြီး ကမ္ဘာကို ခြိမ်းခြောက်ခြင်းအားဖြင့် စီးပွားရေး ကျဆင်းလာပြီး သူ့ရဲ့ပြည်သူတွေကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အမိမြေ လုံခြုံရေးနဲ့ ဒေသတွင်း မဟာမိတ်တွေ လုံခြုံရေးအတွက် လိုအပ်တဲ့ အရာအားလုံးကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု သတိပေး ကြေညာချက် ထုတ်ပြန်သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ဆန့်ကျင်သည့် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများကို ကန့်ကွက်ကြောင်းနှင့် ဒေသတွင်း ငြိ်မ်းချမ်းမှု၊ တည်ငြိမ်မှုကို ပျက်ပြားစေမည့် တင်းမာမှုများကို တားဆီးရန် သက်ဆိုင်သည့် နိုင်ငံအားလုံး သတိထား လုပ်ဆောင်ကြမည်ဟု မျှော်လင့်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။ ပြုံယမ်း၏ လုပ်ရပ်ကို တုံ့ပြန်သည့် အနေနှင့် စနေနေ့ အစောပိုင်းတွင် ဒုံးကျည်အစစ်များဖြင့် ပစ်ခတ်လေ့ကျင့်မှု ပြုလုပ်ကာ တိုက်စွမ်းရည်ကို ပြသခဲ့သည်ဟု အမေရိကန်နှင့် တောင်ကိုရီးယား စစ်ဘက်က ပြောကြားသည်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကလည်း အမျိုးသားလုံခြုံရေးကောင်စီနှင့် တွေ့ဆုံစည်းဝေးပြီးနောက် ကုလလုံခြုံရေးကောင်စီ အနေနှင့် မြောက်ကိုရီးယားအပေါ် ပြင်းထန်သော အရေးယူပိတ်ဆို့မှု အသစ်များ ချမှတ်ရေးကို ဆွေးနွေးစေလိုကြောင်းနှင့် Thaad ဒုံးခွင်းဒုံးစနစ် နောက်ထပ်ယူနစ် လေးခု ဖြန့်ကြက်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။ ပြုံယမ်း၏ ဒုံးကျည်စမ်းသပ်မှုသည် မြောက်ကိုရီးယား၊ ရုရှားနှင့် အီရန်တို့အပေါ် အရေးယူ ပိတ်ဆို့မှုများ ချမှတ်မည့် အစီအစဉ်ကို အမေရိကန် ဆီနိတ်လွှတ်တော်က အတည်ပြုပြီး တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းဥပဒေကြမ်းကို သမ္မတထရမ့်က လက်မှတ်ထိုးရန် အဆင်သင့် ဖြစ်နေပြီဟု အိမ်ဖြူတော်က သောကြာနေ့တွင် ပြောကြားသည်။ သောကြာနေ့က စမ်းသပ်ပစ်လွှတ်သော ဟွာဆောင်း ၁၄ တိုက်ချင်းပစ် ဒုံးကျည်သည် ၄၇ မိနစ် ၁၂ စက္ကန့်ကြာ ပျံသန်းကာ အမြင့် ၂၇၂၄ ဒသမ ၉ ကီလိုမီတာအမြင့်နှင့် ၉၉၈ ကီလိုမီတာ အကွာအဝေးသို့ ရောက်ရှိခဲ့ပြီး ကိုရီးယားအရှေ့ဘက် ကမ်းလွန်ရေပြင်သို့ ကျရောက်ခဲ့သည်ဟု KCNA က သတင်းထုတ်ပြန်သည်။ အဆိုပါဒုံးကျည်ကို အထောင်လမ်းကြောင်းဖြင့် မပစ်လွှတ်ဘဲ အလျားလိုက် လမ်းကြောင်းအတိုင်း ပစ်လွှတ်ပါက အမေရိကန်ပြည်ထောင်စုရှိ နေရာဒေသများစွာသို့ ရောက်ရှိနိုင်သည်ဟု လွတ်လပ်သော လက်နက်ကျွမ်းကျင်သူများက မှတ်ချက်ပေးသည်။ လော့စ်အိန်ဂျယ်လိစ်မှာ ပစ်ကွင်းအတွင်း ကျရောက်နေပြီး ချီကာဂို၊ နယူးယောက်နှင့် ဝါရှင်တန်တို့ကိုမူ လက်လှမ်းမီရုံသာ ရှိမည်ဟု ကယ်လီဖိုးနီးယား အခြေစိုက် မစ်ဒယ်ဗျူရီ နိုင်ငံတကာလေ့လာရေး စင်တာမှ ဂျက်ဖရီလူးဝစ်က ပြောကြားသည်။ အမေရိကန်အခြေစိုက် သိပ္ပံပညာရှင်များ အဖွဲ့ကလည်း ၎င်းတို့၏ တွက်ချက်မှုများအရ ယင်းဒုံးကျည်သည် ဒင်ဗာနှင့် ချီကာဂိုတို့အထိ ရောက်ရှိနိုင်သည်ဟု ပြောကြားသည်။ နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျုမှ မိုက်ကယ်အယ်လီမန်ကလည်း “ဒီပုံစံအတိုင်းသာဆိုရင် ပြုံယမ်းဟာ နှစ်မကုန်ခင်မှာပဲ လက်သင့်ခံနိုင်စရာ အဆင့်ရှိတဲ့ တိုက်ချင်းပစ် ဒုံးကျည်ကို တီထွင်နိုင်တော့မှာပါ။ သံတမန် နည်းလမ်းအရ ညှိနှိုင်းနိုင်မယ့် အခွင့်အရေးက နည်းလာပါပြီ” ဟု ပြောကြားသည်။
Source : https://goo.gl/knfC5U
via IFTTT
Sunday, July 30, 2017
၂၀၁၇ ခုနှစ် MTV ဂီတဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်မယ့် ကေတီပယ်ရီ
၂၀၁၇ ခုနှစ် MTV ဂီတဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်မယ့် ကေတီပယ်ရီ လာမယ့် သြဂုတ်လ ၂၇ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန်နိုင်ငံရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ပွဲတွေထဲကတခုဖြစ်တဲ့ MTV ဂီတဆုပေးပွဲဟာ ဂီတအနုပညာရှင်များအတွက်တော့ တကယ့်ကို စိတ်လှုပ်ရှားစရာပါ။ မတူညီတဲ့ တေးဂီတသီချင်း အမျိုးအစားတွေထဲကမှ ကဏ္ဍအလိုက် ဆုများကို ရွေးချယ်ပြီး ချီးမြှင့်တာဖြစ်ပါတယ်။ ယခုနှစ် ကျင်းပမယ့်ပွဲမှာတော့ ထူးထူးခြားခြားအနေနဲ့ အဆိုတော် ကေတီပယ်ရီကို အစီအစဉ်တင်ဆက်သူအဖြစ် ရွေးချယ်ထားတာပါ။ သူမရဲ့ ကိုယ်တိုင်တွစ်တာအကောင့်မှလည်း သူမရဲ့ ပရိသတ်တွေအတွက် ဗီဒီယိုတခုကိုလည်း ဝေမျှခဲ့ပါသေးတယ်။ အဆိုပါ ဗီဒီယိုထဲမှာတော့ သူမဟာ အာကာသဝတ်စုံလိုမျိုး ပုံစံတူဝတ်စုံကို ဝတ်ဆင်ရင်း အာကာသထဲမှာ လွင့်မျောနေတဲ့အတိုင်း ရိုက်ကူးထားတာပါ။ ဆက်လက်ပြီး သူမရဲ့ Facebook စာမျက်နှာမှလည်း “ ဒီ MTV အဖွဲ့နဲ့အတူ ကမ္ဘာ့ဆွဲအားလုံးဝမရှိတဲ့အခြေအနေမှာ အာကာသယာဉ်မှူးတွေစားတဲ့ ရေခဲမုန့်ကိုစားခဲ့ရင်းနဲ့ လေ့ကျင့်ခဲ့ပြီးပါပြီ။ လာမယ့် သြဂုတ် ၂၇ ရက်နေ့မှာ အားလုံး လာခဲ့ကြပါ။ ကျမဟာ သင်တို့ကို ဖျော်ဖြေပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ” လို့ ပရိသတ်များကို ဖိတ်ကြားခဲ့ပါတယ်။ ဆက်လက်ပြီး MTV ဂီတဆုပေးပွဲရဲ့ တရားဝင် စာမျက်နှာတခုဖြစ်တဲ့ အင်စတာဂရမ်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က တရားဝင်ထုတ်ပြန်ထားတဲ့ ဆန်ခါတင်ဆုများ စာရင်းကို ဖော်ပြလိုက်ရပါတယ်။ BEST HIP HOP VIDEO Kendrick Lamar – “HUMBLE.” (TDE/Aftermath/Interscope) Big Sean – “Bounce Back” (Def Jam) Chance the Rapper – “Same Drugs” (Chance the Rapper LLC) D.R.A.M. ft. Lil Yachty – “Broccoli” (Atlantic Records) Migos ft. Lil Uzi Vert – “Bad &Boujee” (300 Entertainment) DJ Khaled ft. Justin Bieber, Quavo, Chance the Rapper & Lil Wayne – “I’m The One” (Epic Records/We The Best) BEST NEW ARTIST (Presented by Taco Bell®) Khalid (RCA Records) Kodak Black (Atlantic Records) SZA (TDE/RCA Records) Young M.A (3D) Julia Michaels (Republic Records) Noah Cyrus (Records) BEST FIGHT AGAINST THE SYSTEM Logic ft. Damian Lemar Hudson – “Black SpiderMan” (Def Jam) The Hamilton Mixtape – “Immigrants (We Get the Job Done)” (Atlantic Records) Big Sean – “Light” (Def Jam) Alessia Cara – “Scars To Your Beautiful” (Def Jam) Taboo ft. Shailene Woodley – “Stand Up / Stand N Rock #NoDAPL” John Legend – “Surefire” (Columbia Records) BEST POP VIDEO Shawn Mendes – “Treat You Better” (Island Records) Ed Sheeran – “Shape of You” (Asylum/Atlantic Records) Harry Styles – “Sign Of The Times” (Columbia Records) Fifth Harmony ft. Gucci Mane – “Down” (Syco Music/Epic Records) Katy Perry ft. Skip Marley – “Chained To The Rhythm” (Capitol Records) Miley Cyrus – “Malibu” (RCA Records) VIDEO OF THE YEAR Kendrick Lamar – “HUMBLE.” (TDE/Aftermath/Interscope) Bruno Mars – “24K Magic” (Atlantic Records) Alessia Cara – “Scars To Your Beautiful” (Def Jam) DJ Khaled ft. Rihanna & Bryson Tiller – “Wild Thoughts” (Epic Records/We The Best) The Weeknd – “Reminder” (XO/Republic Records) ARTIST OF THE YEAR Bruno Mars (Atlantic Records) Kendrick Lamar (TDE/Aftermath/Interscope) Ed Sheeran (Atlantic Records) Ariana Grande (Republic Records) The Weeknd (XO/Republic Records) Lorde (Republic Records) BEST COLLABORATION Charlie Puth ft. Selena Gomez – “We Don’t Talk Anymore” (Atlantic Records) DJ Khaled ft. Rihanna & Bryson Tiller – “Wild Thoughts” (Epic Records/We The Best) D.R.A.M. ft. Lil Yachty – “Broccoli” (Atlantic Records) The Chainsmokers ft. Halsey – “Closer” (Disruptor Records/Columbia Records) Calvin Harris ft. Pharrell Williams, Katy Perry & Big Sean – “Feels” (Columbia Records) Zayn & Taylor Swift – “I Don’t Wanna Live Forever (Fifty Shades Darker)” (Republic Records) BEST DANCE VIDEO Zedd and Alessia Cara – “Stay” (Interscope) Kygo x Selena Gomez – “It Ain’t Me” (Ultra/Interscope) Calvin Harris – “My Way” (Columbia Records) Major Lazer ft. Justin Bieber and MØ – “Cold Water” (Mad Decent) Afrojack ft. Ty Dolla $ign – “Gone” (Wall Recordings/Latium/RCA Records) BEST ROCK VIDEO Coldplay – “A Head Full of Dreams” (Parlophone/Atlantic Records) Fall Out Boy – “Young And Menace” (Island) Twenty One Pilots – “Heavydirtysoul” (Fueled by Ramen/Atlantic Records) Green Day – “Bang Bang” (Warner Bros. Records) Foo Fighters – “Run” (RCA Records) BEST CINEMATOGRAPHY Kendrick Lamar – “HUMBLE.” (TDE/Aftermath/Interscope) (Scott Cunningham) Imagine Dragons – “Thunder” (KIDinaKORNER/Interscope) (Matthew Wise) Ed Sheeran – “Castle On The Hill” (Asylum/Atlantic Records) (Steve Annis) DJ Shadow ft. Run The Jewels – “Nobody Speak” (Mass Appeal Records LLC) (David Proctor) Halsey – “Now or Never” (Astralwerks/Capitol) (Kristof Brandl) BEST DIRECTION Kendrick Lamar – “HUMBLE.” (TDE/Aftermath/Interscope) (Dave Meyers & the little homies) Katy Perry ft. Skip Marley – “Chained To The Rhythm” (Capitol Records) (Mathew Cullen) Bruno Mars – “24K Magic” (Atlantic Records) (Cameron Duddy& Bruno Mars) Alessia Cara – “Scars To Your Beautiful” (Def Jam) (Aaron A) The Weeknd – “Reminder” (XO/Republic Records) (Glenn Michael) BEST ART DIRECTION Kendrick Lamar – “HUMBLE.” (TDE/Aftermath/Interscope) (Spencer Graves) Bruno Mars – “24K Magic” (Atlantic Records) (Alex Delgado) Katy Perry ft. Migos – “Bon Appetit” (Capitol Records) (Natalie Groce) DJ Khaled ft. Rihanna & Bryson Tiller – “Wild Thoughts” (Epic Records/We The Best) (Damian Fyffe) The Weeknd – “Reminder” (XO/Republic Records) (Creative Director: Lamar C Taylor / Co-creative Director: Christo Anesti) BEST VISUAL EFFECTS Kendrick Lamar – “HUMBLE.” (TDE/Aftermath/Interscope) (Company: Timber/Lead: Jonah Hall) A Tribe Called Quest – “Dis Generation” (Epic Records) (Company: Bemo/Lead: Brandon Hirzel) KYLE ft. Lil Yachty – “iSpy” (Atlantic Records) (Company: Gloria FX/Leads: Max Colt &TomashKuzmytskyi) Katy Perry ft. Skip Marley – “Chained To The Rhythm” (Capitol Records) (Company: MIRADA) Harry Styles – “Sign Of The Times” (Columbia Records) (Company: ONE MORE/Lead: CédricNivoliez) BEST CHOREOGRAPHY Kanye West – “Fade” (Def Jam) (Teyana Taylor, Guapo, Jae Blaze & Derek ‘Bentley’ Watkins) Ariana Grande ft. Nicki Minaj – “Side To Side” (Republic Records) (Brian & Scott Nicholson) Kendrick Lamar – “HUMBLE.” (TDE/Aftermath/Interscope) (Dave Meyers) Sia – “The Greatest” (Monkey Puzzle Records/RCA Records) (Ryan Heffington) Fifth Harmony ft. Gucci Mane – “Down” (Syco Music/Epic Records) (Sean Bankhead) BEST EDITING Future – “Mask Off” (Epic Records/Freebandz/A1) (Vinnie Hobbs of VHPost) Young Thug – “Wyclef Jean” (300 Entertainment/Atlantic Records) (Ryan Staake& Eric Degliomini) Lorde – “Green Light” (Republic Records) (Nate Gross of Exile Edit) The Chainsmokers ft. Halsey – “Closer” (Disruptor Records/Columbia Records) (Jennifer Kennedy) The Weeknd – “Reminder” (XO/Republic Records) (Red Barbaza) ယခုကျင်းပမယ့် MTV ဂီတဆုပေးပွဲဟာ အခြားသောအနုပညာရှင်များထက် ကေတီပယ်ရီအတွက်တော့ ပိုပြီး စိတ် လှုပ်ရှားမှု ဖြစ်စေပါတယ်။ အစီအစဉ်ကြေညာသူအဖြစ် တာဝန်ယူထားပေမယ့် သူမကိုယ်တိုင်လည်း ဆန်ခါတင်စာရင်း ၅ နေရာမှာ ပါဝင်အရွေးချယ်ခံထားရသူပါ။ ဆန်ခါတင်စာရင်းများအရ အမေရိကန် ဟစ်ဟော့ပ်အဆိုတော်တဦးဖြစ်သူ Kendick Lamar က ဆန်ခါတင်စာရင်း ၈ နေရာမှာ အများဆုံး ပါဝင်အရွေးချယ်ခံထားရပြီး ကေတီပယ်ရီရဲ့ ရည်းစားဟောင်း ဆယ်လီနာဂိုးမက်ဇ်ရဲ့ လက်ရှိ ချစ်သူဖြစ်သူ ကနေဒီယန် အဆိုတော် The Weeknd က ဆန်ခါတင်စာရင်း ၅ နေရာမှာ ဒုတိယအများဆုံး ရွေးချယ်ခံထားရတာပါ။ Ref: teenvogue/hollywoodlife ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ The post ၂၀၁၇ ခုနှစ် MTV ဂီတဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်မယ့် ကေတီပယ်ရီ appeared first on ဧရာဝတီ.
Source : http://ift.tt/2waBctQ
via IFTTT
Source : http://ift.tt/2waBctQ
via IFTTT
လွမ်းဖွယ့် အညာဘူတာရုံ
လွမ်းဖွယ့် အညာဘူတာရုံ မြန်မာနိုင်ငံရဲ့မြောက်မြားလှစွာသော ဘူတာရုံတွေထဲက ဘူတာရုံလေးတရုံအကြောင်း မိတ်ဆွေတို့ကို ပြောပြချင်ပါတယ်။ တမာပင်ကြီးတွေ အုံ့ဆိုင်းနေတဲ့ တောဘူတာရုံလေးက မြို့ကြီးပြကြီးက ဘူတာရုံတွေလို ခရီးသည်တွေ ကျိတ်ကျိတ်တိုး စည်ကားနေတာတော့မဟုတ်ဘူး။ ဈေးသည်တွေ အော်ဟစ်ဆူညံမနေဘူး။ တနေ့လုံးနေမှ မီးရထားနှစ်စင်းလောက်သာ ဖြတ်တယ်။ မီးရထား မဖြတ်တဲ့အချိန်တွေဆို တိတ်ဆိတ်ငြိမ်သက်နေတာက တောရ ကျောင်းလေးတကျောင်းလိုပဲ။ ဘူတာရုံ အ ဆောက်အဦက အုတ်တိုက်ဝါဝါ တထပ် အဆောက်အဦလေးသာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဘူတာရုံလေးရဲ့သက်တမ်းက မနည်းတော့ဘူး။ ဘူတာဝင်းထဲမှာရှိတဲ့ တချို့အဆောက်အဦတွေက ကိုလိုနီခေတ်ဗိသုကာတွေ ဖြစ်ကြတယ်။ ဘုတလင်နယ်သား စာရေးဆရာ၊ သတင်းစာဆရာ နိုင်ငံရေးသမား ဦးသိန်းဖေမြင့်က သူ့ရဲ့စာတွေထဲမှာ ဘုတလင်ဘူတာ ရုံလေးအကြောင့် ထည့်ရေးလေ့ရှိတယ်။ “ရန်ကုန်ကျောင်းသွားတက်တော့ အမေ မီးရထားဘူတာလိုက်ပို့သည်ဟု အမှတ်ရသေးသည်။ အမေ့မှာ တမာပင်လေးကို မှီလျက် ညှိုးငယ်သော မျက်နှာငယ်နှင့် ကျနော့်ကို ကြည့်နေပါသည်။ ရထားလူကျပ်သဖြင့် ကျနော့်မှာ ပြတင်းပေါက်တည့် တည့်တွင် နေရာမရ ဖြစ်လေရာ အမေ့အားမျက်နှာကို ပြည့်ဝစွာ မပြနိုင်လေပါ။ အမေကား အားမလို အားမရ ဖြစ်နေ၏။” ဆရာ ဦးသိန်းဖေမြင့်ရဲ့ဘုတလင်ဘူတာရုံမှာ သားဖြစ်သူကို ဘူတာလိုက်ပို့တဲ့ အဖွဲ့အနွဲ့ဖြစ်ပါတယ်။ ဦးသိန်းဖေမြင့် ရန် ကုန်တက္ကသိုလ်မှာ ကျောင်းတက်ချိန်ဖြစ်လို့ ၁၉၃၆ခုနှစ်ဝန်းကျင် ဖြစ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း(၈၀)နဲ့ ဒီနေ့ ဘုတလင်ဘူတာရုံလေးက ဘာတွေ ကွာခြားသွားပြီလဲ။ ဘာတွေ ပြောင်းလဲသွားပြီလဲ သိဖို့ ၂၀၁၇ ခုနှစ် မေလ နောက်ဆုံးပတ်မှာ ဘုတလင်ဘူတာဆီ သွားခဲ့ကြပါတယ်။ ဘူတာရုံထောင့်က တမာပင်ကြီးအောက်မှာ ခြေပစ်လက်ပစ် အေးအေးလူလူ ထိုင်နေသူက ဘုတလင်မြို့နယ် ညောင်ကန် ရွာ သားကိုသိန်းငွေ ဖြစ်ပါတယ်။ ဒီတမာပင်က ဦးသိန်းဖေမြင့်ကို ဘူတာရုံ လိုက်ပို့တဲ့ သူ့အမေမီခဲ့တဲ့ တမာပင်များ ဖြစ် လေမလား မသေချာပါ။ တမာပင်ကြီးက လူကြီး သုံးလေးယောက် ဖက်စာရှိတယ်။ ကိုသိန်းငွေနဲ့ သူ့ရွာအကြောင်း အလာပသလ္လာပ ပြောဖြစ်ကြတယ်။ ကိုသိန်းငွေက လူကြုံ ရထားနဲ့တင်ပေးလိုက်မယ့် ငှက် ပျောခိုင်ကို ဘူတာမှာ လာစောင့်နေတာပါ။ ကိုသိန်းငွေက သူ့ရွာသူ အမွှန်းတင်တယ်။ “ကျနော်တို့ ရွာက ညောင်ကန်ဆ ရာတော် ဦးဗုဓ်ရဲ့ဇာတိဗျ။ နန်းမတော် မယ်နု ကိုးကွယ်ခဲ့တဲ့ ဘုန်းကြီးပေါ့”။ ကျနော်က သူ့ရွာအခြေအနေ မေးကြည့်တော့ “ဒီနှစ် ပဲတီစိမ်းတော့ မရကြဘူး။ ကုလားပဲတော့ ရကြတယ်။ ပဲစင်းငုံနဲ့ မြေ ပဲတော့ ကြဲထားတာပဲ။ ရမလား မရဘူးလား ပြောတော့မရဘူး။ အခုမှ ထယ်ရေးလိုက်ကြတုန်းရှိသေးတာ။ ကျနော်က ရှမ်း ပြည်ဘက်က အချိုခြောက်စက်ရုံမှာ သွားလုပ်တာ။ အခု လုပ်ငန်းသိမ်းချိန်မို့ ပြန်လာတာ။ ရွာက လူငယ်တွေကတော့ ထန်းတက်ရင်တက် ထန်းမတက်ရင် ဖားကန့် တက်ကြတာပဲ”။ ဘုတလင်ဘူတာရုံက ကိုလိုနီခေတ် ဘူတာရုံအဟောင်းလေးပါပဲ။ သုံးခန်းပတ်လည် တထပ် အုတ်ကာသွပ်မိုး အဆောက် အဦလေးပါ။ ထည်ထည်ဝါဝါ ခမ်းခမ်းနားနား မရှိပေမယ့် သပ်သပ်ရပ်ရပ်တော့ ရှိတယ်။ ဘူတာရှေ့မှာ ပန်းစက္ကူရုံလေးရှိ တယ်။ စိန်ပန်းပင်ကြီးတွေက အညာနေရောင်အောက်မှာ ရဲပတောင်းခတ်အောင် ပွင့်နေကြတယ်။ ဘူတာရုံရဲ့လက်ဝဲ ဘက်ထောင့်မှာ အုတ်ရေချမ်းစင်ရှိပြီး ကုသိုလ်ရှင် ဘယ်သူမှန်း မသိရဘူး။ အခိုင်အမာဆောက်လုပ်ထားတဲ့ အုတ်ရေချမ်း စင်ကို ထုံးဖွေးဖွေး သုတ်ထားပြီး ရေအိုးတွေ ရေအပြည့်ဖြည့်ထားတယ်။ မီးရထားဝန်ထမ်းအိမ်အချို့ ကိုလိုနီခေတ်လက်ရာအတိုင်း ရှိနေသေးတယ်။ ဘူတာရုံအတွင်းမှာလည်း သွားနိုင်တဲ့ ခရီးစဉ် တွေကို ဗီနိုင်းနဲ့ ချိတ်ဆွဲထားတယ်။ မီးရထားလက်မှတ်ဝယ်ယူရာမှာ အပိုကြေးပေးရန် မလိုတဲ့အကြောင်း ဘူတာမှာ ကြေ ညာထားတယ်။ ဘုတလင်ဘူတာရုံလေးထဲမှာ အေးအေးဆေးဆေးထိုင်နေတဲ့ ခရီးသည်တယောက်ရှိတယ်။ အသက် (၆၀)ကျော်အရွယ် အညာသားကြီးတယောက်ပါ။ သူက မီးရထားနဲ့ ပြန်လာတဲ့ ခရီးသည်တယောက်ဖြစ်တယ်။ သားရေလက်ဆွဲအိတ်လေး ဘေးချပြီး ဘူတာထဲက ဝါးကွပ်ပျစ်ပေါ်မှာ ထိုင်နေတာပါ။ “နာမည် ဘယ်လိုခေါ်ပါသလဲဗျ။ ဘယ်ဇာတိလဲ” “သန်းမြင့်ပါ။ ထူးကြီးရွာ(ဘုတလင်မြို့နယ်ထဲက) ဇာတိပါပဲ။ “ဘယ်က ပြန်လာတာလဲဗျ” “ခင်ဦးက ပါဗျာ” “အလုပ်ကိစ္စနဲ့ သွားတာလား” “မဟုတ်ပါဘူး။ ချွေးမနဲ့ မြေးလေး အလည်လာကြလို့ သူတို့အပြန်လိုက်ပို့တာပါ” “ခင်ဦးနဲ့ ဘုတလင် ကားလိုင်းတွေ ရှိတယ်မဟုတ်လား။ ဘာကြောင့် ရထားနဲ့ သွားရတာလဲဗျ” “ကားလိုင်းတွေကတော့ ရှိတာပေါ့။ ချွေးမက ကားစီးရင် ခေါင်းမူးတတ်တော့ ရထားနဲ့လာတာလေ။ ဒီတခေါက် မြေး ကလည်း ပါလာတော့ လိုက်ပို့ရတော့တာပဲ” “ခင်ဦးမှာ ဘယ်နှရက်နေခဲ့သေးလဲ” “မနေတော့ပါဘူး။ သူတို့ပို့ပြီးတာနဲ့ အစုန်ရထားနဲ့ ပြန်လိုက်လာတာပဲ” “ရထားနဲ့ကားခ ဘယ်ဟာက သက်သာသလဲဗျ” “ရထားကတော့ တယောက်မှ ကျပ် ၅၀၀ ပဲပေးရတယ်။ ကားခကတော့ တယောက် ကျပ် ၁၀၀၀ လောက်ကျမယ်။” ဦးသန်းမြင့်က သူ့ရွာက လာကြိုမယ့်ဆိုင်ကယ်ကို စောင့်ရင်း ကျနော်နဲ့ စကားပြောဖြစ်တယ်။ သူ့ရွာက ဘုတလင်မြို့နဲ့ အ နည်းငယ်လှမ်းပြီး ဆိုင်ကယ်ခရီး နာရီဝက်သာသာ စီးရတယ်လို့ဆိုပါတယ်။ မိရိုးဖလာ တောင်သူလုပ်ငန်း လုပ်ကိုင်တဲ့ တောသူတောင်သားတယောက်သာဖြစ်ပါတယ်။ ပဲစင်းငုံနဲ့ နှမ်းတွေ စိုက်ထားတဲ့အကြောင်း မနှစ်က ပဲစင်းငုံအထွက် တိုးပေမယ့် ဈေးမရတဲ့အကြောင်း၊ အရင်နှစ်တွေက ပဲစင်းငုံ ဈေး ကျပ် ၄၀၀၀၀ ကျော်ခဲ့ပေမယ့် အထွက်တိုးတဲ့နှစ်မှာ ကျပ် ၂၅၀၀၀ သာရခဲ့တဲ့အကြောင်း စီကာပက်ကုံး ပြောပြတယ်။ တကယ်တော့ ဘုတလင်ဘူတာရုံက ခပ်သေးသေးရယ်ပါ။ ခရီးစဉ်လည်း အများကြီး ပြေးဆွဲနိုင်တာ မဟုတ်ပါဘူး။ ဘုတ လင်က မြောက်ဘက်ဆက်သွားရင် ငပရင်း၊ ဆယ်ကြီး၊ ကန်ပြား၊ တင်းတိမ်ရံ၊ ချမ်းသာ၊ ရေဦး၊ အင်းတော်၊ မြစ်တော်၊ ခင် ဦးမှာ ဂိတ်ဆုံးပါတယ်။ ဘုတလင်က တောင်ဘက်ဆက်သွားရင် အလုံနဲ့မုံရွာကို ရောက်မှာ ဖြစ်ပြီး မုံရွာက လမ်းဆုံးဘူတာဖြစ်တယ်။ တနေ့လုံး နေမှ (၅၉) အဆန်နဲ့ (၆၀) အစုန် စုစုပေါင်း ရထားနှစ်စီးသာ ဖြတ်သွားတဲ့ ဘူတာလေးဖြစ်ပါတယ်။ ကားရထား ခရီးစဉ်လည်းရှိပြီး ဒေသခံတွေက ရိုးရိုးရထားကို ရထားကြီးလို့ခေါ်ပြီး ကားရထားကိုတော့ ရထားလေးလို့ ခေါ် ကြပါသတဲ့။ ခရီးသည် တယောက်ကို ဘုတလင်ဘူတာကနေ မုံရွာဘူတာထိ ကျပ် ၂၅၀၊ ရေဦး ဘူတာထိ ကျပ် ၃၅၀၊ ခင် ဦးဘူတာထိ ကျပ် ၅၀၀ ကျသင့်မှာဖြစ်တယ်။ ဘုတလင်ဘူတာရုံက သမိုင်းဝင်ဘူတာရုံမဟုတ်ပေမယ့် အလွမ်းဓာတ်တွေ ပေးစွမ်းနိုင်စွမ်းရှိတယ်။ အညာဒေသ တမာ တောက တောဘူတာရုံလေးဆိုသော်ငြား မေတ္တာတရားတွေ လွှမ်းခြုံထားတဲ့ ဘူတာလေးဖြစ်ပါတယ်။ သူ့မှာ မြို့ကြီးပြကြီး က ဘူတာရုံကြီးတွေလို မခမ်းနား မထည်ဝါပေမယ့် ရိုးဂုဏ်နဲ့ လှပနေတယ်။ ဘုတလင် ဘူတာရုံလေး ထဲမှာ ငယ်ငယ်က သင်ခဲ့ရတဲ့ သင်ပုန်းကြီးဖတ်စာထဲက စာတွေကိုပဲ သတိရနေမိတော့တယ်။ ဤခရီး နီးသလား။ လေးနာရီ လာရ၏ မီးရထား စီးလာပါ။ အလကား မစီးရ။ The post လွမ်းဖွယ့် အညာဘူတာရုံ appeared first on ဧရာဝတီ.
Source : http://ift.tt/2vi9X3Q
via IFTTT
Source : http://ift.tt/2vi9X3Q
via IFTTT
VOA Burmese News
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စု ပင်မကုန်းမြေတခုလုံးကို ပစ်နိုင်တဲ့ ဒုံးကျည်ကို ပိုင်ဆိုင်ထားတယ်လို့ ၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း စနေနေ့မှာ ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားက သောကြာနေ့ကမှာ ဒုံးကျည်စမ်းသပ်ပစ်လွှတ်ပြီးတဲ့နောက် အဲဒီလို ပြောလိုက်တာဖြစ်ပါတယ်။ ဒီဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုအပေါ်မှာ တရုတ်နိုင်ငံကလည်း ပြစ်တင်ရှုတ်ချလိုက်ပြီး၊ အမေရိကန်၊ ဂျပန် နဲ့ တောင်ကိုရီးယားနိုင်ငံတွေ ကလည်း မြောက်ကိုရီးယားရဲ့ နျူးကလီးယားရဲ့ ရည်မှန်းချက်တွေကို ထိန်းချုပ်ဖို့ရည်ရွယ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဒဏ်ခတ်မှုအသစ်တွေချမှတ်နိုင်ဖို့အတွက် အတူလက်တွဲပြီး လုပ်ဆောင်သွားမယ်လို့ ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားဟာ ကင်ဂျုံအွန်းလက်ထက်မှာ ဒုံးကျည်စမ်းသပ်တာတွေကို တိုးမြှင့်လုပ်ဆောင်လာနေပြီး၊ သောကြာနေ့က စမ်းသပ်မှုဟာ အခုလအတွင်း ဒုတိယမြောက် စမ်းသပ်မှုဖြစ်ပါတယ်။ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းအေဂျင်စီရဲ့ အဆိုအရတော့ - အခုနောက်ဆုံးစမ်းသပ်မှုဟာ အမေရိကန်ပြည်ထောင်စုအတွက် စိုးရိမ်စရာသတိပေးချက်ဖြစ်ကြောင်း၊ အမေရိကန်ပင်မကုန်းမြေတခုလုံးကို ရောက်အောင်ပစ်နိုင်တဲ့အနေအထားရောက်ပြီလို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက ခပ်ကြွားကြွားပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်းစမ်းသပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် နဲ့ တောင်ကိုရီးယားတို့ကလည်း တောင်ကိုရီးယားရေပိုင်နက်ထဲကို ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကို အမေရိကန် အရှေ့ဘက်ခြမ်း စံတော်ချိန် ညနေ ၅ နာရီခွဲလောက်မှာ လုပ်တာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတဦးက ဗီအိုအေကို ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ မဆင်မခြင် နဲ့ အန္တရာယ်ရှိတဲ့လုပ်ရပ်ဖြစ်တဲ့အတွက် မြောက်ကိုရီးယားနိုင်ငံကို အထီးကျန်စေမှာဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။
Source : http://ift.tt/2tSeKc1
via IFTTT
Source : http://ift.tt/2tSeKc1
via IFTTT
ကူကယ်ရာမဲ့ တိရစ္ဆာန်လေးများ အတွက် နွေးထွေးခိုလှုံရာ “ရွှေနှလုံးသား” ဂေဟာ
ကူကယ်ရာမဲ့ တိရစ္ဆာန်လေးများ အတွက် နွေးထွေးခိုလှုံရာ “ရွှေနှလုံးသား” ဂေဟာ ခြံထဲသို့ ဝင်လိုက်သည်နှင့် ခွေးဟောင်သံအချို့ ကြားရသည်။ နောက်တော့ လူဟန့်သံ ကြားရပြီး ငြိမ်သက်သွားသည်။ ခြံထဲကို ရောက်တော့ အံဩစရာက ဆီးကြိုနေသည်။ ရာနှင့်ချီ ရှိနေသည့်ခွေးများ။ ဟောင်သံနှင့် စာလျှင် များပြားလွန်းလှ သည့် အရေအတွက်။ သို့သော်လည်း ခွေးအားလုံးက သန်သန်စွမ်းစွမ်း မဟုတ်။ အချို့က ခြေနှစ်ချောင်းပြတ်၊ အချို့က အောက်ပိုင်းသေ ဘဝ၊ အချို့ကတော့ မျက်စိ မမြင်ရှာ။ ပေါင်းစုံသော ရောဂါများ ရှိသည့် ခွေး ကြောင်တို့ကို တနေရာတည်းတွင် စောင့်ရှောက်ထားသည့် နေရာလေးတခု။ မင်္ဂလာဒုံမြို့နယ်၊ လေးထောင့်ကန် စံပြကျေးရွာ၊ ရွှေနံသာအုပ်စုတွင် တည်ရှိသော အဆိုပါ တိရစ္ဆာန် ကယ်တင် စောင့်ရှောက်ရေး ဂေဟာ၌ လက်ရှိ ခွေးကောင်ရေ ၃၅၀ နှင့် ကြောင် ကောင်ရေ ၇၀ ကို ကယ်တင် စောင့်ရှောက် ထားပြီး ကောင်ရေ ထက်ဝက်ခန့်မှာ အရေပြားဝဲစွဲ ကင်ဆာ၊ အကျိတ်ရောဂါ၊ အောက်ပိုင်းသေ၊ မျက်မမြင်၊ အရိုးကင်ဆာနှင့် ရထား၊ ကားတိုက်ခံရသောကြောင့် ခြေ လက် နှုတ်သီး ပြတ်နေသည့် တိရစ္ဆာန်လေးများ ဖြစ်ကြသည်။ ဂေဟာသည် အုတ်တံတိုင်း ခတ်ထားသည့် ခြံဝင်းအတွင်း တည်ရှိကာ အဆောင် ၁၃ ဆောင် တည်ဆောက်ထားပြီး တိရစ္ဆာန် လေးများ စောင့်ရှောက်ရန် ဝန်ထမ်း ၁၀ ဦး ခန့်ထားသည် ဟု သိရသည်။ “မြောက်ဥက္ကလာပ ဘုန်းကြီးလမ်းထိပ်မှာ ခွေးလေးတကောင် တကိုယ်လုံး အရေပြားကင်ဆာ ဖြစ်နေပြီး ပြုပ်တွေထ၊ ပြည်တွေ တည် ဝဲတွေ စွဲပြီး သနားလို့ အဲ့ဒီခွေးလေးဆီကို ဆရာဝန် ပင့်ပြီး ဆေးသွားထိုး ပေးတယ်။ နောက်ပိုင်းမှာ အဲ့ဒီခွေးလေး အရေပြားရောဂါတွေ ပျောက်ပြီး နေကောင်းသွားတယ်။ နေကောင်းသွားပေမယ့် ဆယ်ဘီးကား ကြိတ် ခံရလို့ သေသွားတယ်။ မျက်လုံးက ကန်းနေတာကိုး။ အဲ့ဒီနောက်ပိုင်း အောက်ပိုင်း သေနေတဲ့ ခွေးလေးတွေ၊ ဒုက္ခိတခွေးလေးတွေ၊ လူပြုစုစောင့်ရှောက်မှု ခံမှ အသက်ရှင်နိုင်မယ့် အကောင်လေးတွေကို ကျမခြံထဲ ခေါ်ထားရာကနေ တဖြည်းဖြည်း ကောင်ရေများလာပြီး ဒီလို ဂေဟာလေး ထောင်ဖြစ်သွားတာပါ” ဟု Golden Heart Animal Rescue တိရစ္ဆာန် စောင့်ရှောက်ရေးဂေဟာ ဦးဆောင် ဖွင့်လှစ်ထားသော မနှင်းဆီမြင့်က ပြောသည်။ ခွေးများကို နံနက် ၉ နာရီတွင် ၁ ကြိမ၊် ညနေ ၅ နာရီတွင် ၁ ကြိမ ်ထမင်းကျွေးပြီး အလှူရှင်ရှိသည့် နေ့များတွင် နေ့လယ် ၁ နာရီ ၌ ပူတင်းပေါင်မုန့် ကျွေးကြောင်း၊ တကြိမ်လျှင် ပူတင်းပေါင်မုန့် အလုံး ၄၀၀ ခန့် လိုအပ်ကြောင်း သိရသည်။ အဆိုပါ ဂေဟာတွင် ၁ ရက်လျှင် ပုံမှန်ကုန်ကျစရိတ် ကျပ် ၁ သိန်းခွဲမှ နှစ်သိန်းကြား ကုန်ကျပြီး နံနက်စာနှင့် ညစာ အတွက် ဆန် ၁ အိတ်စီဖြင့် တရက်လျှင်ဆန် ၂ အိတ် ကုန်ကျသည်ဟု ဆိုသည်။ နေ့စဉ် ငါးတန် ၅ ပိဿာ ၄၀ ကို အသီး အရွက်များနှင့် ရောချက်ကာ ထမင်းနှင့် ခွေးစာ ခြောက်များ ထည့်ပြီး နယ်ဖတ် ကျွေးခြင်း ဖြစ်သည်။ ကြောင်များကိုမူ ကြောင်စာ ခြောက်များ လိုသလောက် စားသောက်စေသည် ဟု ဆိုသည်။ “တခါတလေကျတော့ ကားကြိတ်တာ၊ ရထားကြိတ်တာကြောင့် ခြေပြတ်၊ လက်ပြတ် ခွေးလေးတွေ ရောက်လာကြတယ်။ သွေသံ တရဲရဲနဲ့ အရိုးတွေ ကျိုးကြေနေတဲ့ အခါကျတော့ ခွဲခန်း တန်းဝင်ဖို့ လိုတယ်လေ။ ခွဲခန်းဝင်လို့ ခြေထောက် တချောင်းလောက် ဖြတ်ရရင် ၁ သိန်းလောက်ကုန်တယ်။ ရန်ပုံငွေ ပြတ်တဲ့ အခါ အဲ့ဒီလို ကြုံရင် သူငယ်ချင်း မိတ်ဆွေတွေကိုု အကူအညီ တောင်းရတာလည်း ရှိတယ်။ တခါတလေ မိဘတွေဆီက ယူပြီး ကုပေးရတာ မျိုးလည်း ရှိတယ်။ အစ်မတို့ Facebook Pages မှာ တင်ပြီး အလှူခံရတာမျိုးလည်း ရှိတယ်” ဟု မနှင်းဆီမြင့်က ဆက်လက် ပြောပြသည်။ ကုသရန် လိုအပ်သည့ ်ရောဂါ ဖြစ်ပွားနေသော ခွေးနှင့်ကြောင်များကို တိရစ္ဆာန်ဆေးကုခန်းများသို့ နေ့စဉ် သွားရောက် ပြသကာ တိရစ္ဆာန် ဆေးကုခန်း ၅ ခုဖြင့် ချိတ်ဆက် ကုသလျက် ရှိပြီး ၁ ပတ်လျှင် ၁ ကြိမ်ကျ ဂေဟာသို့ ဆရာဝန်ပင့်၍ု လည်း ကုသပေးကြောင်း သိရသည်။ ရောဂါကုသဆဲ ခွေးများကို တကောင်လျှင်လှောင်အိမ် တခုစီဖြင့် သီးသန့်ထားရှိပြီး လှောင်အိမ် ၅၀ ခန့်ရှိသည်။ ရောဂါပျောက်ကင်းသည့် ခွေးနှင့် ကြောင်များကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးနှင့် ရောဂါ ၅ မျိုးပေါင်း ကာကွယ်ဆေး ထိုးပေးပြီး ပြုစုစောင့်ရှောက်သည့် ဝန်ထမ်းများကိုလည်း ခွေးရူးပြန်ကာကွယ်ဆေးများ ထိုးနှံပေး ထားသည် ဟုသိရသည်။ “မိဘတွေက သံရည်ကျို၊ ကြေးရည်ကျို လုပ်တော့ ခြံဝင်းကျယ်ထဲမှာ လမ်းဘေးခွေးတွေ မွေးထားတယ် ဆိုတော့ ငယ်ငယ်ကတည်းက လမ်းဘေးခွေးနဲ့ ကိုယ်နဲ့က မစိမ်းဘူး။ တဆွေလုံး တမျိုးလုံး အဖေရော အမေရော လမ်းဘေးခွေးကို ချစ်ကြတယ်။ ငယ်ငယ်က သမိုင်းကနေ မြေနီကုန်း စိန့်ဖလော်မီနာ ကျောင်းကို သွားတက်ရတယ်။ ကျောင်းသွား ကျောင်းပြန်မှာ ကားတိုက်ခံရတဲ့ ခွေးလေးတွေ တွေ့ရင် ကျမ အနွေးထည်အကျႌလေးနဲ့ ထုပ်ပြီး အိမ်ကို ခေါ်လာတယ်။ ခိုလေးတွေ တောင်ပံကျိုးတာ တွေ့ရင် အိမ်ကိုခေါ်လာတယ်။ ငယ်ငယ်လေးကတည်းက ဝါသနာပေါ့ နော်။ အိမ်မှာ ဆို ခွေး ၁၂ ကောင် ၁၅ ကောင်လောက် ရှိတယ်။ ပထမတော့ တနိုင်ပဲ ကိုယ့်အနီးနားက ခွေးလေးတွေပဲ လုပ်ပေးနိုင်တယ်။ ဂေဟာဖွင့်ပြီး နောက်ပိုင်း ဒေါပုံ၊ သန်လျင်၊ ပဲခူး၊ နေပြည်တော်၊ ပျဉ်းမနား နယ်စုံက ကလေးတွေ ကယ်ဆယ်မှုကို ကိုယ် လုပ်နိုင်သလောက် လုပ်ပေးပါတယ်။ အရင်ကဆို ခွေးကားတိုက်ခံရတယ် ကြားတာနဲ့ ချက်ချင်းနီးပါး သွားလုပ်ပေးနိုင် တယ်။ ဂေဟာမှာလည်း ခွေးက အကောင် ၃၀၀ ကျော်နေပြီ ဆိုတော့ ဂေဟာက ဟာတွေကို အစာကျွေး၊ ဆေးတိုက် ဆေးလိမ်း ဆေးခန်းပို့ ပြီးမှ အပြင်ထွက်ဖို့ အချိန်ရှိတော့တယ်။ ညဆို ၇ နာရီ ၈ နာရီမှ အားတယ်။ အဲ့ဒီ အချိန်တွေမှာ ကြားရင် သွားဖြစ်တယ်။ အိမ်က သမိုင်းလမ်းဆုံ ဗဟိုလမ်းဘက်မှာ ဘုရားပစ္စည်းတွေ ရောင်းတယ်။ ကျမမှာ ကိုယ်ပိုင် အချိန် သိပ်မရှိဘူး။ ဂေဟာမှာပဲ နေရတယ်။ မအားတော့ အိမ် မပြန်ဖြစ်ဘူး။ ဒီမှာပဲ နေတာ ၁ နှစ်ကျော်သွားပြီ” ဟု မနှင်းဆီမြင့်က ပြောသည်။ အများပြည်သူများ အနေဖြင့် ခွေး၊ ကြောင် စသည့် တိရစ္ဆာန်လေးများ ကားတိုက်၊ ရထားတိုက် ဒဏ်ရာ အနာတရ ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် Golden Heart Animal Rescue ဂေဟာသို့ အကြောင်းကြား ပေးပါက လာရောက် ကယ်ဆယ်မည် ဖြစ်ကြောင်းနှင့် ဂေဟာသို့လည်း လာရောက်ပို့ဆောင်ပေးနိုင်ကြောင်း သိရသည်။ ဂေဟာရှိ တိရစ္ဆာန်လေးများမှာ လူများနှင့် ယဉ်ပါးပြီး အနုပညာရှင်များလည်း လာရောက်လှူဒါန်းသည်ကို တွေ့ရသည်။ Golden Heart Animal Rescue ဂေဟာသို့ သွားရောက်လေ့လာ လိုသူများ၊ လှူဒါန်းလိုသူများနှင့် လမ်းဘေး ကူကယ်ရာမဲ့ ဒုက္ခရောက် တိရစ္ဆာန်လေးများ ကယ်ဆယ်ပေးလိုသူများ အနေနဲ့ ဖုန်း ၀၉ ၂၅၀ ၃၅၉ ၀၄၄ နှင့် ၀၉ ၃၂၂ ၄၁၆ ၉၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ The post ကူကယ်ရာမဲ့ တိရစ္ဆာန်လေးများ အတွက် နွေးထွေးခိုလှုံရာ “ရွှေနှလုံးသား” ဂေဟာ appeared first on ဧရာဝတီ.
Source : http://ift.tt/2u8rjv7
via IFTTT
Source : http://ift.tt/2u8rjv7
via IFTTT
Saturday, July 29, 2017
အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရပ်ဘက်အကြံပြုချက်များရယူ
အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရပ်ဘက်အကြံပြုချက်များရယူ အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူဖြစ်စေရန်အတွက် အစိုးရအဖွဲ့ဝင်မဟုတ်သော အရပ်ဘက် ပုဂ္ဂိုလ်များ ကိုဖိတ်ခေါ်၍ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရုံးတွင် ဇူလိုင်လ ၂၉ ရက်နေ့က အလွတ်သဘော အစည်းအဝေး တရပ် ပြုလုပ်ကာ အကြံပြုချက်များ ရယူခဲ့သည်။ အစိုးရဘက်မှ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် သမ္မတရုံးနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးတို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။ “နံပတ်တစ်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် က ပြည်သူ့အသံကို နားထောင်မယ်ဆိုတဲ့ဟာကို နားထောင်ဖို့ အတွက် လုပ်တာ” ဟု အစည်းအဝေး တက်ရောက်သူ ပညာရှင် တဦးက သတင်းထောက်များကို ပြောသည်။ သုံးနာရီကျော်အကြာ ပြုလုပ်ခဲ့သော ထိုအစည်းအဝေးကို အစိုးရက ဖိတ်ကြားထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စိတ်ဝင် စားသည့် ပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ ၁၉၄၇ ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့သော တိုင်းရင်းသား ခေါင်းဆောင်များ၏ မိသားစုဝင်များနှင့် သတင်းစာဆရာ အချို့ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေး တက်ရောက်သူ တဦးဖြစ်သည့် ဖက်ဒရယ်နှင့် တိုင်းရင်းသား ရေးရာ သုတေသီ ဦးမောင်မောင်စိုး ကလည်း “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ၁၉၄၇ ပင်လုံမှာ ပါဝင်တဲ့ မိသားစုဝင်တွေရယ်၊ ဒါနဲ့ပတ်သက်ပြီး ဆက်စပ်တဲ့ လေ့လာတဲ့သူတွေရဲ့ အမြင်သဘောထား တောင်းတာပေါ့။ ကိုယ့် အမြင်သဘောထားကို မျှပြီးတော့ ပြောကြတာပေါ့။ ဦးကျော်တင့်ဆွေနဲ့ ဒေါက်တာတင်မျိုးဝင်း ကတော့ နားထောင်ပေးတဲ့နေ့ပေါ့” ဟု သတင်းထောက်များကို ပြောသည်။ NLD အစိုးရအနေဖြင့် အစိုးရမဟုတ်သော အရပ်ဘက် ပုဂ္ဂိုလ်များကို ဖိတ်ကြား၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် အကြံ ပြုချက်များရယူခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ယခုကဲ့သို့ လူထုအသံကို နားထောင်မှုသည် ကောင်းမွန်သည့် လုပ်ရပ် ဖြစ်ကြောင်း ဦးမောင်မောင်စိုး က သုံးသပ်သည်။ အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာသည့် အစိုးရအဖွဲ့များက ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား အကြံဉာဏ်တချို့နှင့် ပတ်သက်၍လည်း ပြောဆိုခဲ့ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMRDP) ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုး က ပြောသည်။ ဒေါက်တာ ဗညားအောင်မိုး က “အကြောင်းအရာက ငြိမ်းချမ်းရေး ကို အမြန်တည်ဆောက်ချင်တယ်။ နိုင်ငံတော် အတိုင်ပင်ခံက ပြောတဲ့ စကားတွေကို ကောက်နှုတ်ပြောတာရှိတာပေါ့။ ဒီငြိမ်းချမ်းရေးအတွက် အကျိုးရှိအောင် နိုင်ငံတော် အတိုင်ပင်ခံက အကြံဉာဏ်ပေးတယ်”ဟု ပြောသည်။ ဒေါက်တာ ဗညားအောင်မိုးက ၎င်းအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အစိုးရနှင့် တပ်မတော်တို့ အနေဖြင့် သတ္တိရှိရှိ၊ စေတနာမှန်မှန်နှင့် ဆောင်ရွက်ပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကြေညာပေးရန် တင်ပြခဲ့သည်ဟု ဆိုသည်။ အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း ၇ ဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် ၅ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရန် UNFC ဘက်မှ တင်ပြထားသော အချက် ၉ ချက်ကို အမြန်ဆုံး ပြေလည်အောင် ညှိနှိုင်းရန် အကြံပြုခဲ့သည်ဟုသိရသည်။ ထို့အတူ မြောက်ပိုင်း မဟာမိတ်အဖွဲ့များကိုလည်း ပစ်မထားဘဲ NCA လမ်းကြောင်းထဲပါလာစေရေး သတ္တိရှိရှိ ဆွဲဆောင်ရန်နှင့် ၆ လ တကြိမ်ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးတွင် တိုင်းရင်းသား အားလုံး၏ ဆန္ဒ ပါဝင်စေရန်နှင့် တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်နိုင်ရန် ဆောင်ရွက်ရေးကို တင်ပြခဲ့ကြောင်းသိရသည်။ အလားတူ ဆွေးနွေးပွဲများကို အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ စသည့် သုံးပွင့်ဆိုင်ဆွေးနွေးရေး မဏ္ဍိုင်ကို အဓိကထားပြီးဆောင်ရွက်ပေးရန်နှင့် အပစ်ရပ်ပြီးနောက် အပစ်အခတ်ရပ်စဲရေးခိုင်မြဲရန် စောင့်ကြည့်ရေး အဖွဲ့များကို ခိုင်မာစေရန် စနစ်တကျဖွဲ့စည်းပြီး ထိုအဖွဲ့များ အလုပ်လုပ်နိုင်စေရန် အစိုးရအနေဖြင့် အထောက်အကူ အပြည့်အဝ ပေးရန် တင်ပြခဲ့သည်ဟု ဆိုသည်။ “ကျနော်တို့ တင်ပြတဲ့အချက်ကို တင်ပြဖို့ပဲလိုတယ်။ သုံးရရင် သူတို့ ကြိုက်ရင်သုံးမယ်၊ မကြိုက်ရင် မသုံးဘူး။ ဒီသဘောပဲ” ဟု ဒေါက်တာ ဗညားအောင်မိုး က ပြောသည်။ ယနေ့အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လုံခြုံမှု မရှိသဖြင့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍ မှေးမှိန်သွား ကြောင်း၊ NCA သဘောတူညီချက်အရ အခြေခံ ဥပဒေ ပြင်ဆင်ပြုပြင်ပြောင်းလဲရေး အတွက် NCA ကို တိုင်းရင်းသား လက်နက်ကိုင် အားလုံးက လက်မှတ်ရေးထိုးနိုင်ရေး၊ NCA ရေးထိုးပြီးသည်နှင့် တပြိုင်တည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ကြရန် တင်ပြမှုများရှိကြောင်းလည်း သိရသည်။ ထို့အတူ ဒုက္ခသည်များအနေဖြင့် အချိန်ကြာလာသည်နှင့် အမျှ လိုအပ်ချက်တွေ များလာပြီး ဒုက္ခသည်များအပေါ် နိုင်ငံတကာ အကူအညီများ လျှော့ကျလာမှုကြောင့် အစိုးရအနေနှင့် ကူညီဆောင်ရွက်ပေးရန်၊ တပ်မတော်အစိုးရလက်ထက်တွင် အပစ်ရပ် လက်မှတ်ရေးထိုးထားသော UWSA နှင့် အဖွဲ့အချို့ လက်မှတ်ရေးထိုးရန် လို၊ မလို မေးမြန်းမှုများနှင့် NCA ရေးထိုးခဲ့သော ၈ ဖွဲ့ အနက် အဖွဲ့အချို့မှာ အပစ်ရပ်ပြီးနောက် လက်ရှိ အစိုးရက ဥပေက္ခာပြု သကဲ့သို့ ခံစားမှုဖြစ်နေကြောင်း စသည်တို့ကိုလည်း တင်ပြမှုများရှိခဲ့ကြောင်း သိရသည်။ အစည်းအဝေး တက်ရောက်သူတဦးဖြစ်သည့် AMRDP ပါတီ မှ ဒေါက်တာ မင်းနွယ်စိုး က “NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့နဲ့ အစိုးရအဖွဲ့ တောင်မှ ယုံကြည်မှု တော်တော်တည်ဆောက်ရဦးမယ်။ ယုံကြည်မှု တည်ဆောက်လိုက်ဦး သံသယတွေ ပျောက်အောင် လုပ်လိုက်ဦး၊ အဲဒါမှ ငြိမ်းချမ်းရေး ရဖို့ အတွက် ဆက်သွားလို့ရမှာ” ဟု တိုက်တွန်းပြောဆိုသွားသည်။ The post အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရပ်ဘက်အကြံပြုချက်များရယူ appeared first on ဧရာဝတီ.
Source : http://ift.tt/2w8MEWw
via IFTTT
Source : http://ift.tt/2w8MEWw
via IFTTT
ရန်ကုန်တိုင်းအတွင်း ရောင်းချနေသော ပဲသွေး ၉၅ ရာခိုင်နှုန်းတွင် ဖော်မယ်လင် အသုံးပြုထားဟု ဆို ရန်ကုန်တိုင်းဒေသကြီး အတွင်း ရောင်းချနေသော ပဲသွေး ၉၅ ရာခိုင်နှုန်းသည် သုံးစွဲခွင့်မပြု သည့် ဖော်မယ်လင် အသုံးပြုထားသည်ကို တွေ့ရကြောင်း တိုင်းအစိုးရအဖွဲ့က ဇူလိုင် ၂၈ရက်တွင် ထုတ်ပြန်သည်။ ရန်ကုန်တိုင်းဒေသကြီးအ စားအသောက်နှင့် ဆေးဝါးကြီး ကြပ်ကွပ်ကဲရေးကော်မတီ၊ စည် ပင်သာယာရေးအဖွဲ့၊ စားသုံးသူ ရေးရာဦးစီးဌာနတို့ပူးပေါင်းကာ ဈေးကွက်အတွင်းမှ အစားအသောက်များကို နမူနာဝယ်ယူ စစ်ဆေးချက်များအရ သိရှိခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ‘‘စစ်ဆေးတဲ့ဈေးတွေတိုင်း မှာ တွေ့တဲ့ ပဲသွေးတွေက ဖော် မယ်လင် အသုံးပြုထားတာကို တွေ့လို့ ပင်ရင်းတွေအထိ လိုက်စစ်ဆေးနေပါတယ်။ တွေ့တဲ့ပင်ရင်းတွေကိုတော့ ပိတ်သိမ်းအရေးယူမှုတွေ လုပ်နေတယ်။ တချို့ပင်ရင်းတွေကတော့ ပိတ်ပြီးရှောင်နေတဲ့အတွက် သတင်းရဖို့ ခက်ခဲနေတယ်’’ဟု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာဖြိုးမာန် သက်ဦးက ပြောသည်။ ပဲသွေးများသည် အမဲသွေးဖြင့် ပြုလုပ်သော စားသောက် ကုန်တစ်ခုဖြစ်ပြီး စည်ပင်သာယာ ရေးကော်မတီသို့ ခွင့်ပြုချက် တရားဝင်တောင်းခံကာ ထုတ်လုပ်နေသော လုပ်ငန်းတစ်ခုမဟုတ် သည့်အပြင် သုံးစွဲရန် ကန့်သတ် ထားသည့် ဓာတုဆေးပစ္စည်းများ သုံးစွဲနေခြင်းဖြစ်သည်။ မုန့်ဖတ်အမျိုးမျိုး၊ ပဲပြား၊ ပဲ သွေးထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချ သူများအနေဖြင့် လုပ်ငန်းဆောင် ရွက်မှုခွင့်ပြုချက်ဖြင့်သာ ထုတ် လုပ်ဖြန့်ဖြူးရောင်းချရန်၊ အစား အသောက်အမျိုးအစားမှန်ကန် စွာ အသိပေးရောင်းချရန်၊ အစား အသောက်တွင် သုံးစွဲခွင့်မပြု သည့် ဖော်မယ်လင်လုံးဝအသုံး မပြုရန်နှင့် လိုက်နာဆောင်ရွက် ခြင်း မရှိက တည်ဆဲဥပဒေများ အရ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတိပေးထုတ်ပြန်သည်။ လက်ရှိ ရန်ကုန်တိုင်းဒေသ ကြီးတွင် သိမ်ကြီးဈေး၊ သီရိမင်္ဂ လာဈေး၊ မှော်ဘီမြို့မဈေး၊ ကော့ မှူးမြို့မဈေး၊ လှည်းကူးမြို့မဈေး၊ ဒလမြို့အတွင်း ရောင်းချနေသော ဈေးများအတွင်း ဈေးကွက်နမူနာ ကောက်ယူစစ်ဆေးကာ ပဲသွေး (ခေါ်) အမဲသွေးများကို သိမ်း ဆည်းဖျက်ဆီးခဲ့သည်။ ထို့အပြင် မင်္ဂလာဒုံဝိုင်ယာ လက်ရှိ ပဲသွေးပင်ရင်းလုပ်ငန်း တစ်ခုသို့ ဝင်ရောက်စစ်ဆေးရာ ဖော်မယ်လင် အသုံးပြုနေကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အဆိုပါ လုပ်ငန်းကို ရက်အကန့်အသတ် မရှိ ပိတ်သိမ်းခဲ့ပြီး ထပ်မံစစ်ဆေး မှုများဆောင်ရွက်နေသည်။ ပဲသွေးတွင် ဖော်မယ်လင်အသုံး ပြုထားခြင်းသည် ရန်ကုန်တိုင်းတွင်သာမက ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးများတွင်လည်း တွေ့ရှိနေရပြီး ဈေးအတွင်း ရောင်းချနေသည့်ပဲသွေး များကို စစ်ဆေးသိမ်းဆည်းကာ ပင်ရင်းလုပ်ငန်းများကို ဖော်ထုတ် ပိတ်သိမ်းအရေးယူနေသည်။
Source : http://ift.tt/2vgpBwE
via IFTTT
Source : http://ift.tt/2vgpBwE
via IFTTT
Subscribe to:
Posts (Atom)