မြောက်ဒဂုံခရီးစဥ်ကို ပြေးဆွဲလျက်ရှိသည့် YBS ယာဥ်လိုင်းခြောက်လိုင်းခန့်အနက် အချို့ယာဥ်လိုင်းမှာ ညနေပိုင်းတွင် ပြေးဆွဲခြင်း မရှိတော့ခြင်းကြောင့် စီးနင်းမှု အခက်အခဲများရှိကြောင်း အဆိုပါလမ်းကြောင်းတွင် စီးနင်းသည့် ခရီးသည်များထံမှ သိရသည်။ “ည ၇ နာရီလောက်ဆိုရင်ပဲ ကားတွေက သိပ်မရှိတော့ဘူး။ တစ်စီးတစ်စီးကို အကြာကြီး စောင့်ရတယ်။ ည ၉ နာရီအထိ ခရီးသည်တွေ အဆင်ပြေအောင် ဆွဲပေးစေချင်တယ်”ဟု မြောက်ဒဂုံမြို့နယ်၊ ၅ဝ ကွေ့တွင် နေထိုင်သည့် ခရီးသည်တစ်ဦးက ဆိုသည်။ အဆိုပါမြို့နယ်သို့ YBS ၁၂၊ ၆၆ ယာဥ်လိုင်းမှာ အဓိက ပြေးဆွဲသည့် ယာဥ်လိုင်းဖြစ်သော်လည်း ညနေ ၆ နာရီခွဲခန့်၌ ယာဥ်များပြေးဆွဲခြင်း မရှိတော့ကြောင်း ခရီးသည်များက ပြောကြားသည်။ “YBS ၁၄ ပြေးတုန်းက ကားက စုတ်ပေမယ့် ည ၉ ခွဲ ၁ဝ အထိ ရှိတတ်တော့ စောင့်စီးလို့ရတယ်။ အခုက ၇/၈ လမ်းဆုံနဲ့ ၄၆ လမ်းဆုံအထိ ရောက်တဲ့ ကားတွေပဲ ရှိတော့တယ်၊ တက္ကစီပေါင်း ငှားပြန်ရ၊ ဆိုင်ကယ်ကယ်ရီနဲ့ ပြန်ရတော့ စရိတ်ထောင်းတယ်”ဟု မြောက်ဒဂုံ ၅၁ ရပ်ကွက်တွင် နေထိုင်သည့် ဦးမင်းအောင်က ဆိုသည်။ YBS ၂၉၊ ၈၇ ယာဥ်လိုင်းမှာ ၅ဝ ကွေ့အထိ မောင်းနှင်သည့်ယာဥ်လိုင်း မဟုတ်ကြောင်း၊ ညပိုင်းတွင် YBS ၂၉၊ ၈၇ ယာဥ်လိုင်းမှာ ည ၈ နာရီကျော်အထိ ပြေးဆွဲမှုရှိကြောင်း တာမွေအဝိုင်းမှတ်တိုင်တွင် နေ့စဥ် YBS ၁၂ ယာဥ်စီးနင်းသည့် ခရီးသည်တစ်ဦးက ပြောကြားသည်။ “ဂိတ်ဆုံးထိ မရောက်တဲ့ကားကို စီးနေရတယ်။ ဆိုင်ကယ်ကို ကျပ် ၅ဝဝ၊ ၇ဝဝ ငှားပြီး ထပ်စီးနေရတော့ တစ်ရက်တာ ကုန်ကျစရိတ် အရမ်းများတယ်။ အောက်ဆိုက်ကားဆိုရင်တော့ ကျပ် ၃ဝဝ နဲ့ စီးရတယ်”ဟု ၎င်းကဆိုသည်။ YBS ၁၂ ယာဥ်သည် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလက်အောက်တွင် ပြေးဆွဲသော ယာဥ်လိုင်းဖြစ်ပြီး မြောက်ဒဂုံဂိတ်ရင်းမှ တစ်စီးနှင့်တစ်စီး ၁ဝ မိနစ်ခြား လွှတ်ကာ ည ၇ နာရီခွဲတွင် နောက်ဆုံးကားကို လွှတ်သဖြင့် ဆူးလေသို့ ည ၉ နာရီခွဲတွင် ရောက်ရှိကာ အပြန်ကို ခရီးသည် တင်ဆောင်လာခဲ့ကြောင်း YBS ၁၂ ယာဥ်လိုင်း အထွေထွေ မန်နေဂျာ ဦးခင်မောင်ကြည်က ပြောကြားသည်။ “အခုလက်ရှိက ကားဟောင်းတွေနဲ့ ပြေးနေတာဆိုတော့ လမ်းမှာ ပျက်တာနဲ့ ဂိတ်ဆုံးအထိ မရောက်နိုင်တဲ့ ကားတွေလည်း ရှိတယ်။ ခရီးသည်တွေ အဆင်မပြေဘူးဆိုရင် ဒီကြားထဲ အတတ်နိုင်ဆုံး အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်”ဟု ၎င်းကဆိုသည်။ အဆိုပါ ယာဥ်လိုင်းရှိ ယာဥ်ဟောင်းများကို အပ်နှံကာ ယာဥ်များကို လဲလှယ်မည်ဖြစ်ပြီး ဒီဇင်ဘာလ တတိယပတ်တွင် ယာဥ်သစ် ၅ဝ စီးဖြင့် ပြေးဆွဲပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ YBS ၁၂ ယာဥ်လိုင်းသည် ယာဥ် ၄ဝ စီးဖြင့် ၅ဝ ကွေ့၊ ၄၆ လမ်းဆုံ၊ ၇/၈ လမ်းဆုံ၊ ဘေလီ၊ ပါရမီလမ်း၊ နန္ဒဝန်ဈေး၊ သစ္စာလမ်း၊ မိုးကောင်းလမ်း၊ ရန်ကင်းလမ်း၊ ဈေးကွေ့၊ တာမွေအဝိုင်း၊ ရွှေဂုံတိုင်၊ ရန်ကုန်ဘူတာကြီး၊ ဆူးလေသို့ ပြေးဆွဲလျက်ရှိကြောင်း အဆိုပါ ယာဥ်လိုင်းထံမှ သိရသည်။ YBS ၆၆ ယာဥ်လိုင်းသည် ွှမညျေ ူငုန ကုမ္ပဏီ လက်အောက်တွင် ပြေးဆွဲသည့်ယာဥ်လိုင်းဖြစ်ပြီး နောက်ဆုံးကားကို ည ၇ နာရီ မိနစ် ၂ဝ တွင် လွှတ်သော်လည်း ယာဥ်စီးရေ အလွန် နည်းပါးကြောင်း အဆိုပါ ယာဥ်လိုင်း တာဝန်ခံ ဦးအောင်စိုးမိုးက ပြောကြားသည်။ “ယာဥ်စီးရေ ထပ်တိုးပြေးဆွဲဖို့ YRTA မှာ စာတင်ထားတယ်။ ခွင့်ပြုချက် မကျဘူး။ ယာဥ်စီးရေ ၃ဝ အထိပဲ ခွင့်ပြုထားတယ်”ဟု ၎င်းကဆိုသည်။ YBS ၆၆ ယာဥ်လိုင်းသည် ယာဥ် ၂၆ စီးဖြင့် စိတ်ကျန်းမာရေးဆေးရုံ (ရွာသာကြီး)၊ ၁၃၃ ရပ်ကွက်၊ ဒဂုံတက္ကသိုလ်၊ ဘုန်းကြီးကျောင်းကွေ့၊ ၇/၈ လမ်းဆုံ၊ ၅ဝ ကွေ့၊ ကြိုးတံတား၊ ကန်သာယာ၊ ၆ ကွေ့၊ အောင်မင်္ဂလာ အဝေးပြေးသို့ ပြေးဆွဲလျက်ရှိကြောင်း အဆိုပါ ယာဥ်လိုင်းထံမှ သိရသည်။ ခရီးသည်စီးနင်းမှု အဆင်ပြေရန် ည ၉ နာရီအထိ ယာဥ်လိုင်းများ ပြေးဆွဲပေးခြင်း ကိစ္စနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA သို့ ဆက်သွယ်မေးမြန်းရာတွင် လူချင်း အင်တာဗျူး တွေ့ဆုံမေးမြန်းမှသာ ဖြေကြားမည်ပြောသော်လည်း ၎င်းအနေနှင့် အလုပ်မအား၍ လူတွေ့ အင်တာဗျူး မပေးနိုင်သေးကြောင်း အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။
Source : https://goo.gl/jVJMUp
via IFTTT
Wednesday, November 29, 2017
Eleven Broadcasting
Myanmar Media 7 မှ ခရီးသွားအစီအစဉ်တစ်ခုကို အနုပညာရှင်များနှင့် ဒီဇင်ဘာလဆန်းတွင် စတင်ရိုက်ကူးသွားမည် (ရုပ်သံ) Myanmar Media 7 မှစီစဉ်ရိုက်ကူးမည့် ခရီးသွားအစီအစဉ်တစ်ခုကို အနုပညာရှင်များနှင့် ဒီဇင်ဘာ၃ရက်နေ့မှ ၇ရက်နေ့အထိ ကယားပြည်နယ်မှာ သွားရောက်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
Source : http://ift.tt/2Ai7msW
via IFTTT
Source : http://ift.tt/2Ai7msW
via IFTTT
7Day News Journal
ဦးပါမောက္ခကို စွဲဆိုထားသော ပုဒ်မ ၅၀၅(ခ)ကို ပလပ်ရန် လျှောက်လဲ။ ဒီဇင်ဘာ ၁၂ ရက် အမိန့်ချမည် ဦးပါမောက္ခကို ယမန်နေ့က ကမာရွတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်လာစဉ် (ဓာတ်ပုံ-စိုင်းဇော်) မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို ကမာ ရွတ်မြို့နယ် တရားရုံးတွင် နိုဝင် ဘာ ၂၈ ရက်က သုံးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။ အဆိုပါ ရုံးချိန်းတွင် ဦးပါမောက္ခ၏ရှေ့နေ က နိုင်ငံတော်အကြည်ညိုပျက်စေ မှုပုဒ်မ ၅၀၅(ခ) ကို ပလပ်ပေးရန် လျှောက်လဲချက်တင်ပြခဲ့ပြီး တရားရုံးက ဒီဇင်ဘာ ၁၂ ရက်၌ အမိန့်ချမည်ဖြစ်ကြောင်း ပြောကြား သည်။ အမေရိကန်သံရုံးကို ဆန္ဒ ထုတ်ဖော်ခဲ့သော ဦးပါမောက္ခ(ခ) ဦးခင်မောင်တင့်၏ ရုံးထုတ်တွင် ဒကာ၊ ဒကာမများနှင့် ဝန်းရံသူ အများစု လာရောက်ပြီး ဦး ပါမောက္ခက မိမိမှာ မတရားဖမ်း ဆီးခံရကြောင်းနှင့် တရားဥပဒေစိုးမိုးမှုမရှိတော့ကြောင်း အော်ဟစ်ပြောကြားသည်။ အဆိုပါရုံးချိန်းတွင် နှစ်ဖက် ရှေ့နေများ၏ လျှောက်လဲချက် များကို မြို့နယ်တရားသူကြီး ဒေါ် စိုးမာအေးက ကြားနာခဲ့သည်။ ဦးပါမောက္ခ၏ အကျိုးဆောင်တရားလွှတ်တော်ရှေ့နေ ဒေါ်မိုးမိုးအေးက ဦးပါမောက္ခကို တရားလိုပြုလုပ် တိုင်တန်းထားသည့် ကမာရွတ်မြို့နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး၏ ဦးတိုက်တိုင်ကြားစာပါ လက်မှတ်သည် တရားလို၏ လက်မှတ်မဟုတ်ခြင်း၊ ဦးပါမောက္ခသည်ရဟန်းဖြစ်သည့်အတွက် ယခုကဲ့သို့ အမှုမျိုးတွင် သံဃနာယက၏ခွင့်ပြုစာလိုအပ်ခြင်း၊ ဦးပါမောက္ခသည် နိုင်ငံတော်အကြည်ညိုပျက်စေရန် ဟောပြောမှုမလုပ်ခြင်းတို့ကြောင့် ယခု ပုဒ်မ၅၀၅(ခ)မှပလပ်ကာ လွှတ်ပေးသင့် ကြောင်း လျှောက်လဲခဲ့သည်။ မြို့နယ် တရားသူကြီးက နှစ်ဖက်လျှောက်လဲချက်များကိုကြားနာခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း ပြောကြားသည်။ ဦးပါမောက္ခသည် တရားခွင် မှအထွက် မိမိကို ဖမ်းဆီးသည် မှာ မြတ်စွာဘုရားသာသနာတော် ကို စော်ကားရာရောက်ကြောင်း၊ မိမိကို ဖမ်းဆီးသည်မှာ ရိုဟင်ဂျာ ကို ထောက်ခံရာရောက်ကြောင်း အော်ဟစ်ပြောကြားသည်။ ဦးပါမောက္ခသည် ၂၀၁၆ ဧပြီက အမေရိကန်သံရုံးကို ရိုဟင်ဂျာအရေးကိစ္စ ဆန္ဒပြခဲ့၍ ငြိမ်းစုစီပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)တို့ဖြင့် တရားရင်ဆိုင်နေရ သည်။ နိုဝင်ဘာ ၂၁ ရက်တွင် ငြိမ်းစုစီပုဒ်မ ၁၉ဖြင့် ဦးပါမောက္ခ ကို ထောင်ဒဏ်တစ်လ ချခဲ့သည်။ ဒီဇင်ဘာ ၁၂ ရက်တွင် နိုင်ငံတော် အကြည်ညိုပျက်စေမှုကို ပလပ် ပါက ဦးပါမောက္ခသည် ထောင် ဒဏ်တစ်လသာ ကျခံရမည်ဖြစ် ပြီး မပလပ်ပါက အမှုဆက်လက်ရင်ဆိုင်ရမည်ဖြစ်သည်။ တစ်ဖက်ရှေ့နေက တရား လို လျှောက်လွှာသည် တရားလို အထွေထွေဒုအုပ်ချုပ်ရေးမှူး ဦး သန်းထွန်းအောင်၏ လက်မှတ် ဖြစ်ကြောင်း၊ အချိန်ကာလကြာ၍ ယခုလက်မှတ်နှင့် မတူညီခြင်း၊ မမှတ်မိခြင်းဖြစ်ကြောင်း လျှောက် လဲချက်ပေးခဲ့သည်။
Source : http://ift.tt/2AkkZ8H
via IFTTT
Source : http://ift.tt/2AkkZ8H
via IFTTT
Eleven Broadcasting
တေးသံရှင်အနဂ္ဂနှင့် သံသာဝင်းတို့ သမီးဦးလေး ဖွားမြင် (ရုပ်သံ) တေးသံရှင်အနဂ္ဂနှင့် တေးသံရှင်သံသာဝင်းတို့၏ သမီးဦးလေးကို နိုဝင်ဘာလ၂၇ရက်နေ့ (တနင်္လာနေ့) မှာ ပန်းလှိုင်စီလုံဆေးရုံကြီးမှာ ခွဲစိတ်ပြီးတော့ မွေးဖွားခဲ့ပြီး မိခင်ရောကလေးပါ ကျန်းမာလျက်ရှိနေတယ်လို့ သိရပါတယ်။
Source : http://ift.tt/2ilfqCa
via IFTTT
Source : http://ift.tt/2ilfqCa
via IFTTT
ထိုင်းမိသားစု အသတ်ခံရမှု ရွှေ့ပြောင်း အလုပ်သမား ၂ဦးကို ထိုင်းရဲ ရှာဖွေနေ ထိုင်းနိုင်ငံ ပရာကျွတ် ကရီခန်း ပြည်နယ် ဘန်စဖန်နွိုင် ခရိုင်ရှိ ရာဘာ စိုက်ခင်း၌ အလုပ်လုပ်နေတဲ့ ထိုင်းမိသားစု ၄ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား မွန်တိုင်းရင်းသား ၂ဦးကို ရဲက လိုက်လံရှာဖွေနေတယ်လို့ Bangkok Post သတင်းကဆိုပါတယ်။ အသတ်ခံရတဲ့ ထိုင်းမိသားစုဟာ နာရာသီဝပ် ခရိုင်မှ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ အသက် ၃၀ အရွယ် နမ်ဖုန် ခမ်းခေါင်ဆိုသူနှင့် မိသားစုဝင်များဖြစ်ပြီး၊ သေဆုံးသူတွေထဲမှာ ၅နှစ်အရွယ် မိန်းကလေးငယ်တဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။ သူတို့ရဲ့ အလောင်းတွေကို ရာဘာအချပ်တွေထားတဲ့ ဂိုဒေါင်ထဲမှာ ခြံပိုင်ရှင်က မနေ့ည ၆နာရီ ခန့်မှာ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ရဲကို အကြောင်းကြားပြီး စစ်ဆေးရာ လည်ပင်းကို ဓားနဲ့ လှီးခံထားရတယ် လို့ ဆိုပါတယ်။ ရာဘာခြံပိုင်ရှင် ပွန်နီပါက ရာဘာအပြားတွေ စစ်ဆေးဖို့ လာရောက်ရာမှာ မည်သူတဦးတယောက်ကို မတွေ့ဘဲ တံခါးသော့ခတ်ထားကို တွေ့ကြောင်း၊ အလားတူ မွန်လူမျိုး ရွှေပြောင်းလုပ်သား ၂ဦးကို လည်း မတွေ့ရကြောင်းဆိုပါတယ်။ ရဲတပ်ဖွဲ့ကတော့ သေဆုံးသူ မိသားစုဟာ မွန်အလုပ်သမားတွေနဲ့ စကားများခဲ့တယ်လို့ သံသယရှိတဲ့ အတွက် ပျောက်ဆုံးနေတဲ့ အဆိုပါ မွန်လူမျိုး ရွေ့ပြောင်းလုပ်သား ၂ဦးကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။ The post ထိုင်းမိသားစု အသတ်ခံရမှု ရွှေ့ပြောင်း အလုပ်သမား ၂ဦးကို ထိုင်းရဲ ရှာဖွေနေ appeared first on ဧရာဝတီ.
Source : http://ift.tt/2ijPmYj
via IFTTT
Source : http://ift.tt/2ijPmYj
via IFTTT
အမျိုးသမီးတချို့ ဘဝရပ်တည်ရေး ခက်ခဲ၍ ကိုယ့်ကိုယ်ကိုယ် ရောင်းစားမှုရှိဟု ရဲတပ်ဖွဲ့ပြော မြန်မာ အမျိုးသမီးတချို့သည် တရုတ်ပြည်တွင် ရောင်းစားခံရမည်ကို သိသော်လည်း ဘဝရပ်တည်ရေး ခက်ခဲ၍ ၎င်းတို့ ကိုယ်တိုင် သဘောတူပြီး တရုတ် အမျိုးသားများနှင့် ပေါင်းသင်းနေထိုင်သည့် လမ်းကြောင်းကို ရွေးချယ်မှုများ ရှိနေ ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောဆိုသည်။ ၂၀၁၇ ခုနှစ်အတွင်း လူကုန်ကူးခံရမှုပေါင်း ၂၀၀ ကျော် ဖြစ်ပွားခဲ့ပြီး တနိုင်ငံလုံး လူကုန်ကူး ခံရမှုပေါင်း၏ ၇၀ ရာခိုင် နှုန်းသည် တရုတ်သို့ လူကုန်ကူးခံရခြင်း ဖြစ်ကြောင်း၊ ထို ၇၀ ရာခိုင်နှုန်းတွင် ၂ မှု ဖြစ်ပွားပါက တမှုသည် မိမိကိုယ်မိမိ လူကုန်ကူး ခံရခြင်းကို သိလျက်နှင့် ဘဝရပ်တည်မှု အတွက် ကျူးလွန်ခဲ့ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ပထမတန်း ဦးစီးအရာရှိ ဒုရဲမှူးကြီး သက်နောင်က ဧရာဝတီသို့ ပြောသည်။ ယနေ့ နေပြည်တော်ရှိ MICC – 2 တွင် ကျင်းပသည့် ၁၂ ကြိမ်မြောက် မဲခေါင်ဒေသတွင်း လူကုန်ကူးမှု ပူးပေါင်း တိုက် ဖျက်ရေး စီမံကိန်း၏ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်လာသည့် ဒုရဲမှူးကြီး သက်နောင်က ထိုသို့ ပြောကြားခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသို့ ရောင်းစားခံနေရသူ မည်မျှရှိသည်ကို မပြောနိုင်သော်လည်း လက်ထပ်ထိမ်းမြားခံရရန် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှုသည် အများဆုံး ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် Force Marriage ၊ Shame Marriage စသည့် စကား ရပ် အသစ်များပင် ပေါ်ပေါက်လာကြောင်းလည်း ၎င်းက ပြောသည်။ “ဆိုးဝါးတာက သိရဲ့သားနဲ့ လိုက်သွားတဲ့ ကိစ္စရပ်တွေပဲ။ နားလည်ပါတယ်။ ဘဝရပ်တည်ဖို့ ခက်ခဲတဲ့ အခြေအနေတွေ၊ စားဝတ်နေရေး အကြပ်အတည်းတွေ၊ ကိုယ့်မိသားစုရဲ့ အခက်အခဲတွေ။ ကျနော်တို့ ဒါတွေကိုပဲ ခဏခဏ အသိပေးပြီး ပြောနေရတယ်။ မလုပ်စေချင်ဘူး။ အခုနောက်ပိုင်း ဒီလိုဟာမျိုးတွေ များလာတယ်”ဟု ဒုရဲမှူးကြီး သက်နောင်က ပြောဆိုသည်။ ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီဝင် ဒေါက်တာ ဒေါ်ပြုံးကလည်း ၎င်းတို့ဒေသတွင် တရုတ်တွင် ဇနီးမယားအဖြစ် နေထိုင်ရမည်ကို သိလျက်နှင့်ပင် လိုက်သွားကြသူများ ရှိကြောင်း၊ အဆင်မပြေသည့်အခါ ပြန်လည် ရောက်ရှိလာသော်လည်း ပတ်ဝန်းကျင်သို့ အဖြစ်မှန်ကို ပြောမပြရဲဘဲ အလုပ်သွားလုပ်သည်ဟုသာ ပြောဆိုသဖြင့် ကူညီပေးနိုင်ရန်လည်း အခက်အခဲများရှိကြောင်း ပြောပြသည်။ “သူ့ကိုယ်သူ ဒီအလုပ်လုပ်ရမယ်မှန်း သိရဲ့သားနဲ့ ပြောရင်ရင် လစာပိုကောင်းလို့ ဘယ်နှသိန်း ရမယ်ဆိုတာမျိုးနဲ့ ခေါ်ရင် လိုက်သွား ကြတယ်။ ဒီလိုမျိုး လုပ်ရမယ်ဆိုတာ သိတယ်။ အန်တီတို့က သူတို့ကို ပညာပေးရမှာပေါ့။ မိသားစု စားဝတ်နေရေး မပြေလည်လို့ သွားတာ ဖြစ်တဲ့အတွက် ပြေလည်အောင် တခုုခုတော့ ကူညီသင့်တယ်”ဟုလည်း ၎င်းက ပြောသည်။ ယခုအခါ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ဝင်ငွေနည်းသော အမျိုးသမီးများ အတွက် စက်ချုပ် သင်တန်း၊ အလှပြင် သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ငွေကြေး အရင်းအနှီး ရှိသည့် သမဝါယမ အသင်းများနှင့် ချိတ်ဆက် ပေးခြင်းများ ဆောင်ရွက်ပေးနေကြောင်း၊ အမျိုးသမီးများ ယခုကဲ့သို့ ဖြစ်နေရခြင်းသည် နိုင်ငံ၏ စီးပွားရေး နှင့်လည်း အဓိက သက်ဆိုင်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ပြုံးက ပြောဆိုသည်။ ယခုနောက်ပိုင်းတွင် ထိုင်းနိုင်ငံတွင် ဖြစ်ပွားသော လူကုန်ကူးခံရမှုများကို ရှာဖွေ ဖော်ထုတ်နိုင်သော်လည်း တရုတ်နိုင်ငံ တွင် ဖြစ်ပွားသော လူကုန်ကူးခံရမှုသည် ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း၊ စင်ကာပူနိုင်ငံတွင်လည်း လူကုန်ကူးမှု အသွင် ဆောင်သည့် ကိစ္စရပ်များ ဖြစ်ပွားလျက် ရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဒုရဲမှူးကြီး သက်နောင်က “ကိုယ်မမြင်ဘူးတဲ့ လူတယောက်၊ ဘယ်ကမှန်း မသိတဲ့ လူတယောက်။ ဦးနှောက်ကော ကောင်းရဲ့လား၊ ကျပ်ကော ပြည့်ရဲ့လားပေါ့နော်။ ကူးစက်ရောဂါတွေ ရှိနေသလား။ ဘာမှန်း မသိဘဲနဲ့ ဘာမှ မမြင်ရတဲ့ လူတယောက်ကို ယူရမှာကို သဘောတူပြီး လိုက်သွားတာတွေကတော့ မလုပ်သင့်ဘူး”ဟု ပြောသည်။ ယခု အစည်းအဝေးတွင် မဲခေါင်ဒေသနိုင်ငံ ၆ ခု ဖြစ်သည့် တရုတ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ် တို့မှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြ၍ တရုတ်နိုင်ငံ ပါဝင်ရာ ၎င်းတို့နှင့် လူကုန်ကူးမှု တားဆီးနိုင်ရေး ဆိုင်ရာ များကို ပိုမိုဆွေးနွေး နိုင်လိ့မ်မည်ဟု မြန်မာ ရဲအရာရှိများက မျှော်လင့်လျက် ရှိကြောင်း သိရသည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံး (UNODC) က ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုများကို အခြေခံ၍ ၂၀၁၆ ခုနှစ်တွင် အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ရာ အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင် လူကုန်ကူးမှုပေါင်း ၆၄ ရာခိုင်နှုန်း ဖော်ထုတ်နိုင်ခဲ့ပြီး ကမ္ဘာ့ဒုတိယ အများဆုံး ဖြစ်ပွားမှု ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ယနေ့ အခမ်းအနား အဖွင့်တွင် ပြောသည်။ ၁၂ ကြိမ်မြောက် မဲခေါင်မြစ်ဝှမ်း ဒေသအတွင်း လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၏ နောက်ခံသမိုင်းကြောင်းသည် မဲခေါင်မြစ်ဝှမ်း ဒေသအတွင်း နိုင်ငံများ လူကုန်ကူးမှု ပူပေါင်းတိုက်ဖျက် ရေး MOU နားလည်မှု စာချွန်လွှာကို ရန်ကုန်မြို့တွင် ၂၀၀၄ ခုနှစ်က ရေထိုးနိုင်ခဲ့ကြောင်း၊ ယင်း MOU အရ အဆင့်မြင့် အရာရှိများ အစည်းအဝေးကို တနှစ်လျှင် တကြိမ်၊ ဝန်ကြီးအဆင့် အစည်းအဝေးကို ၃ နှစ်လျှင် တကြိမ် ကျင်းပရန် သဘောတူခဲ့ကြောင်း သိရသည်။ The post အမျိုးသမီးတချို့ ဘဝရပ်တည်ရေး ခက်ခဲ၍ ကိုယ့်ကိုယ်ကိုယ် ရောင်းစားမှုရှိဟု ရဲတပ်ဖွဲ့ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2jvxXID
via IFTTT
Source : http://ift.tt/2jvxXID
via IFTTT
မြန်မာ့တပ်မတော်နှင့် AA တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရသူများ အကူအညီ လိုအပ်နေ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ရာနှင့်ချီသော နေရပ်စွန့်ခွာ ထွက်ပြေးရသူများသည် ကုလားတန်မြစ်အနီးရှိ ရှင်းလက်ဝကျေးရွာတွင် သောင်တင်နေပြီး အကူအညီများ လိုအပ်နေစဉ် ဒေသခံအချို့သည်လည်း မြန်မာ-အိန္ဒိယနယ်စပ် အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံနေကြရသည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။ ယခုလအစောပိုင်းမှ စတင်ခဲ့သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) အကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ် ကျေးရွာများမှ ချင်း၊ ရခိုင်နှင့် ဗမာ ၃၃၀ ကျော်တို့သည် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်သားများက ပြောသည်။ မြန်မာနိုင်ငံသား ၁၂၀၀ ကျော်တို့သည် ရခိုင်ပြည်နယ်မှ နယ်စပ်ကိုဖြတ်ကျော်ပြီး အိန္ဒိယ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်တွင် ခိုလှုံနေရသည်ဟု Indian Express သတင်းစာက လွန်ခဲ့သော သောကြာနေ့က သတင်းဖေါ်ပြခဲ့သည်။ နယ်စပ်ဘက်ခြမ်းတွင် ယခုအပတ်အထိ သေနတ်သံများ ကြားနေရဆဲဖြစ်သည်ဟု ပလက်ဝဒေသခံ မြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ဦးကျော်ခင်က ပြောသည်။ ရှင်းလက်ဝရှိ နေရပ်စွန့်ခွာ ထွက်ပြေးရသူများကို နိုဝင်ဘာ ၂၃ ရက်က သွားရောက်တွေ့ဆုံခဲ့သူ ဦးကျော်ခင်က “ဒုက္ခသည်တွေက ကုလားတန်မြစ်ကမ်းမှာ သောင်တင်နေတုန်းပဲ။ ညဘက်ဆိုရင်တော့ သူတို့တွေက စာသင်ကျောင်းနဲ့ ကျန်းမာရေး အဆောက်အအုံတွေမှာ အိပ်ကြရတယ်” ဟု ဆိုသည်။ ထိုနေရပ်စွန့်ခွာရသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ လိုအပ်နေသည်ဟု ဦးကျော်ခင်က ဆိုသည်။ မကြာသေးမီက အမျိုးသမီးတဦးသည် ကျန်းမာရေးဝန်ထမ်း အကူအညီ မပါဘဲ မီးဖွားခဲ့ရကြောင်းလည်း ၎င်းက ရှင်းပြသည်။ ကယ်ဆယ်ရေး အဖွဲ့များနှင့် ချင်းပြည်နယ် အစိုးရတို့က ဆေးဝါးအထောက်အပံံများ ပေးလှူထားသော်လည်း နေရပ်စွန့်ခွာရသူများကို စနစ်တကျ ကုသနိုင်ရန် ထိုဒေသတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်သား အလုံအလောက် မရှိပေ။ ပလက်၀ ကုန်းတွင်းပိုင်းနှင့် အိန္ဒိယနိုင်ငံအကြား နယ်စပ်ကို ဖြတ်သန်းသွားနိုင်သော ကလက်ချောင်း တဝိုုက်တွင် သွားလာမှုများကို နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်ပြီး AA က ပိတ်ထားလိုက်သည်။ မြန်မာ့တပ်မတော်က “ရက္ခိုင့်တပ်မတော် လှုပ်ရှားနယ်မြေများအား ထိုးစစ်အရှိန်မြှင့်လာသောကြောင့် တိုက်ပွဲကြီးများ ဖြစ်ပွားလာနိုင်သည့်အတွက် နီးစပ်ရာဒေသခံရွာသူရွာသားများအနေဖြင့် ကုလားတန်မြစ်၊ ကလက်ချောင်းနှင့် ပီချောင်းတဝိုက်တွင် ခရီးသွားလာခြင်း မပြုလုပ်ကြရန်” AA က နိုဝင်ဘာလ ၅ ရက်နေ့တွင် သတိပေးစာ ထုတ်ပြန်ခဲ့သည်။ “နိုဝင်ဘာလ ၄ ရက်နေ့က စပြီး အဲဒီဘက်အခြမ်း နယ်စပ်ကျေးရွာတွေကို ဆက်သွယ်လို့လည်း မရတော့ဘူး၊ သွားလို့လည်း မရတော့ဘူး” ဟု ဦးကျော်ခင်က ပြောသည်။ ရေလမ်းခရီးကို ဆက်လက်အသုံးပြုသူများသည် နှစ်ဘက်တိုက်ပွဲများအကြား ကြားညပ်ခဲ့သည်။ နိုဝင်ဘာလ ဒုတိယပတ်အတွင်းတွင် ပစ်ခတ်မှုများကြောင့် ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့သည်။ နိုဝင်ဘာလ ၈ ရက်နေ့က လှေဖြင့် ခရီးသွားနေသော တက္ကသိုလ်ကျောင်းသားတဦး အပြင်းအထန်ဒ ဏ်ရာဖြင့် သေဆုံုးခဲ့ရပြီး၊ နိုဝင်လာလ ၁၁ ရက်နေ့တွင်မူ အသက် ၆၀ အရွယ် အမျိုးသမီးတဦး လှေအတွင်း ကျည် ထိမှန်သေဆုံးသည်။ AA ဘက်ကလည်း ထိခိုက်သေဆုံးမှုများရှိသည်။ ပလက်ဝနှင့် ဘူးသီးတောင် မြို့နယ်များတွင် ၎င်းတိုု့တပ်များနှင့် မြန်မာ့တပ်မတော် အကြား တိုက်ပွဲများအတွင်း အဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရသည်ဟု AA ပြောခွင့်ရသူက ယခင်အပတ်က ပြောဆိုုထားသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် AA အကြား တိုက်ပွဲများသည် ဒေသခံ ရွာသားများအတွက် ပိုမို ဝန်ထုတ်ဝန်ပိုး ဖြစ်စေသည်။ ထိုဒေသသည် လွန်ခဲ့သော သြဂုတ်လ စစ်သွေးကြွ တိုက်ခိုက်မှုနောက်ပိုင်းမှ စတင်ပြီး မတည်ငြိမ်မှုများဖြင့် ကြုံတွေ့နေရပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားသူ ခြောက်သိန်းနှစ်သောင်းကျော် (၆၂၀၀၀၀) ရှိနေကြောင်း ကုလသမဂ္ဂက စာရင်းထုတ်ပြန်ထားသည်။ ထိုအချိန်က ရခိုင်နှင့် ရခိုင်လူမျိုးနွယ်စု သုံုးသောင်းခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသော်လည်း အစိုးရ၏ အကူအညီဖြင့် နေရပ်သို့ ပြန်လည်ရောက်ရှိသွားကြပြီဟု ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။ မကြာသေးမီက အိန္ဒိယဘက်သို့ ထွက်ပြေးကြသူ အများစု ပလက်ဝမှ ဖြစ်နိုင်ပြီး ဘူးသီးတောင် ဒေသခံများ မဟုတ်နိုင်ဟုလည်း သူက ယူဆသည်။ ဘူးသီးတောင်တွင် AA နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများသည် လူသူမနီးသည့် တောဘက်ခြမ်းတွင် ဖြစ်ပွားခြင်းကြောင့် ရခိုင်ပြည်နယ်မှ အိန္ဒိယသို့ ထွက်ပြေးသူများ မဖြစ်နိုင်ကြောင်း ၎င်းက ပြောဆိုခြင်း ဖြစ်သည်။ ပလက်၀ ကျေးရွာသားများသည် ၂၀၁၅ ခုနှစ်ကလည်း မြန်မာ့တပ်မတော်နှင့် AA အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ဖူးသည်။ The post မြန်မာ့တပ်မတော်နှင့် AA တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရသူများ အကူအညီ လိုအပ်နေ appeared first on ဧရာဝတီ.
Source : http://ift.tt/2ihtvRk
via IFTTT
Source : http://ift.tt/2ihtvRk
via IFTTT
Subscribe to:
Posts (Atom)