Tuesday, February 27, 2018

Yae

၁၃၈ဝ ခုနှစ်၊ မဟာအကြိုသကင်္ြန်စာ ===================== စနေဂြိုဟ်သားသည် မိမိနှင့်မလိုက်ဖက်သော အစိမ်းရောင်အဝတ်တန်ဆာတို့ကိုဝတ်ကာ လက်ဝဲဘက်သည် ဗုံးအိတ်၊ လက်ယာဘက်သည် ငြိမ်းချမ်းရေးချိုးငှက်၏လည်ပင်းကို ညှစ်၊ ကျောဘက်တွင် သက်တမ်းကုန်နေသည့် ထိုင်ခုံကိုကျောပိုး၍ မျက်နှာပြောင်တိုက်ပြီး ခွေးရူးများဆွဲသောရထားကိုစီးလျက် အရှေ့လားရှိုးအရပ်မှ အနောက် စစ်တွေအရပ်သို့ ဆင်းတော်မူ၏။ ပထရမည်သော ပုတ်သင်ညိုဂြိုဟ်မင်းသည် တထောင့်တညပုံပြင်စာအုပ်ကိုကိုင်လျက် လောကကိုပြသည်ရှိသော ဟဟပဲရသဖြင့် ငိုလျက်နေလင့်၏။ (ပတ္ထရံဂြိုဟ်) ရာဇမည်သော တနင်္ဂနွေဂြိုဟ်မင်းသည် ၂ဝဝ၈ ခြေဥကို ဖွင့်ကာ လောကသို့ကမ်းလင့်ရင်း စိတ်ညိုးချုံးစွာ သကင်္ြန်မင်းကို စောင့်၏။ နှစ်အမည်ကား ပလီပလာနှစ်။ နှစ်ကို ခွေးစောင့်၏ ခွေးကို ပင်စင်စောင့်၏ ပင်စင်ကို ဝန်ထမ်းများစောင့်၏ လ ကို အနဂ္ဂစောင့်၏ ခေါင်းလောင်းကို စံလင်းစောင့်၏ ခြေဥကို အစိတ်သားစောင့်၏ အခွန်ငွေကို ခရိုနီစောင့်၏ ငွေမည်းကို WY စောင့်၏ မူးယစ်ဆေးကို ရဲစောင့်၏ သက်ငယ်မုဒိမ်းကို သေဒဏ်စောင့်၏ တရားစီရင်ရေးမဏ္ဍိုင်ကို လာဘ်စားခွေးတို့စောင့်၏ အုပ်ချုပ်ရေးမဏ္ဍိုင်ကိုမူကား လုပ်ပိုင်ခွင့်မရှိသော အစိုးရစောင့်ကြပ်လေ၏ ဗုံးပေါက်ကွဲမှုတိုင်းကို တိုင်းရင်းသားလက်နက်ကိုင်များစောင့်၏ ချိန်ကိုက်ဗုံးက်ို ကတ်ကြေးတလက်နှင့်စစ်သားစောင့်၏ သူများကိုလက်ညိုးထိုးရန်မူကား မအလ(မအ္ဇျလနတ်မင်း)စောင့်၏ မုသားတို့၏ အဓိပတိကား ရဲ၊ ဗုံးတို့၏ အဓိပတိကား စစ်၊ ရတနာတို့၏အဓိပတိကား စိန်၊ ယာဥ်တို့၏ အဓိပတိကား တက္ကစီ၊ ခြေကန်ချက်တို့၏ အဓိပတိကား အောင်လ၊ ဘတ်ဂျက်တိုးတောင်းခြင်း၏အဓိပတိကား တပ်၊ တိရိစ္ဆာန်တို့၏ အဓိပတိကား ဖွတ်၊ အရှက်မရှိသူတို့၏ အဓိပတိကား ကြံ့၊ ဘတ်ဂျက်အများဆုံး ပြည်တွင်းစစ်၌ ငုတ်၏ ကန်လန့်အတိုက်ဆုံးလူ ငြိမ်းချမ်းရေး ပေါ်၏ မိုးဦးတွင် မိုးရွာ၍ မိုးလယ် မိုးနှောင်းတွင်လည်း မိုးရွာလတ္တံ့။ မိုးရွာလျင် ရေစက်ရေပေါက်တို့ ကောင်းကင်က ကျလတ္တံ့။ ရာသီဥတုမမှန်သဖြင့် တောင်သူဦးကြီးတို့ အခက်ကြုံရအံ့၊ မိုးဦးကျတွင် ဖားကောက်စားကြသဖြင့် ဟင်းကောင်းစားရလတ္တံ့၊ သီးနှံစျေးမကောင်းသဖြင့် အရွယ်ရှိသူများ ပြည်ပနိုင်ငံများသို့ စီးပွားရှာသွားအံ့၊ အစိုးရအနေဖြင့် စီးပွားရေးတိုးတက်အောင် ကြိုးစားအံ့၊ တောင်ပစ်မြောက်ပစ် ပစ်ခါ အရေးပေါ်လိုငွေပြ၍ ဘတ်ဂျက်တိုးတောင်းအံ့၊ အွန်လိုင်းပေါ်တွင် စစ်လော်ဘီများမှ စုတ်ပြတ်နေသောရှေ့တန်းရောက်စစ်သည်ပုံများပြ၍ မျက်ရည်ချူအံ့၊ ဒီမိုအများစု အချင်းချင်းတက်နင်း၍ အဖွဲ့ကွဲအ့ံ၊ ၂ဝ၁၉ တွင် ပြန်စည်းလုံးကြလတ္တံ့၊ ခံယူချက်မခိုင်မာသော အဖွဲ့ငယ်တခု၏ ခလောက်ဆန်မှုသည်လည်း သာပေါင်းညာစား၊ မပြတ်သားသော ဒီမိုများကြောင့် လူရာဝင်နေအံ့။ ထမင်းဝအောင်စားထားဟူသော ခြိမ်းခြောက်သည့် စကားလုံးသည် မသူတော်များနှင့် ပထရဂြိုဟ်ကြောင့် စေတနာစကားဖြစ်လာမည်။ မင်း၊ ရဟန်းပုဂ္ဂိုလ်များ ပူးပေါင်ဆောင်ရွက်မှုကြောင့် သာသနာအနည်းငယ် သန့်ရှင်းလာမည်၊ မုဒိမ်းမှုနှင့် ခိုးမှုများ မကြာခဏရှိလာအံ့။ ခွေးရူးများ စင်ပေါ်တွင် မကြာခဏတွေ့ရမည် ရွေးကောက်ပွဲနီးလာချိန်တွင်ကား ကြံ့ဖွတ်သတ္တဝါသည် ခိုးဝှက်ထားသောပစ္စည်းများကို ဝတ်ဆင်လျက် လက်ဝဲဘက်တွင် ချေးငွေ၊ ယာဘက်လက်တွင် ပါတီဝင်ကဒ်ကိုင်ကာ သောက်တင်းတုပ်လျက် တတိုင်းပြည်လုံးအနှံ့ ပေါက်ကရပြောရင်း အဝီစိသို့ဇောက်ထိုးဆင်းမည်။ ထို့ကြောင့် သူခိုးကြီးများသည် အဘဖြစ်လာလတ္တံ့၊ အစိမ်းကောင်များ ယူနီဖောင်းပြောင်းကာ မဲရွေးခံကြလတ္တံ့၊ မဲရှုံးသော် လိုအပ်ချက်အရဟုဆိုကာ အစိမ်းရောင်ယူနီဖောင်းပြန်ဝတ်ကြလတ္တံ့၊ တိုင်းပြည်ဘဏ္ဍာဖြင့် တည်ဆောက်ခဲ့သော ပါတီသည် ၄င်းတို့၏ရိုးသားကြိုးစားမှုကို အမြှုပ်ထွက်အောင် ပြောကြလတ္တံ့။ ကျန်စစ်သားမင်းကြီး၏သားတော် ရာဂျ်ကုမားရ်(မြန်မာအမည် ရာဇကုမာရ်)နတ်သားသည် သူ့ကိုယ့်သူ ကုလားဖြစ်ကြောင်းပြရန် လက်ဝဲဘက်တွင် ၉၆၉၊ လက်ယာဘက်တွင် Mytel ဆင်းကဒ်ကိုင်ကာ "တိုင်းပြည်ပြန်လည်ရှုပ်ထွေးဖို့ ပြည်ခိုင်ဖြိုးကို မဲပေးစို့” အကင်္ျီဝတ်လျက် ရခိုင်မှ မန်းလေးမစိုးရိမ်သို့ စောင်းငမ်းစောင်းငမ်းဖြင့် ဝင်တော်မူမည်။ ထိုအချိန် အရှေ့ပြင်ဦးလွင်မြို့မှ အလောင်းဘုရားရုပ်တုကြီးမှ ကျမ်းစာအုပ်တအုပ်ပျောက်သွားသဖြင့် မျိုးချစ်များ တစခန်း ထကြလတ္တံ့၊ ပေါတောတောစာတမ်းပါ အကင်္ျီများဝတ်ရသည်ကိုပင် မဟာတော်လှန်ရေးကြီး ဆင်နွဲနေသယောင် အထင်ရှိလျက်နေကြကုန်၏။ လိုက်ဖမ်းသော် ပြေးကြရာ၏။ သကင်္ြန်ကာလတွင် ရေကစားကြအံ့၊ သိကြားမင်းသည် တောဓလေ့စတိုင်ဖြင့်ကျင်းပသော မန်းလေးတွင် ၂ ရက်၊ ကုမ္ပဏီမဏ္ဍာပ်များ ခွင်ပြုထားသော ရန်ကုန်တွင် ၂ ရက်နေကာ နှစ်ဆန်းတရက်နေ့တွင် ဂျိုးဖြူရေသောက်လျက် တာဝင်္တိံသာသို့ ပြန်တက်၏။ ရန်ကုန်သားတို့ထုံးစံအတိုင်း မန်းလေးသားများနှင့် သကင်္ြန်ချင်းပြိုင်ကြကုန်၏ ၁၃၈ဝ ခုနှစ်သည် ထူးခြားသောနှစ်ဖြစ်လေသည်။ မိမိတို့၏ အသက်ကို ၁၃၈ဝ ခုနှစ်မှ နှုတ်သော်၊ မိမိတို့၏မွေးသက္ကရာဇ်ကို ရလတ္တံ့။ ထို့ေကြာင့် ... တနင်္ဂနွေသားသမီးများ ခေါင်းကိုက်၊ ခါးနာ၊ ခြေဖဝါးကွဲ စသည့် တနင်္လာနံရောဂါများ အဖြစ်များအ့ံ။ အချစ်ရေးတွင် ဆန်းပွင့်အံ့၊ မိမိ၏ခရက်ချ်အား ပါးသုံးချက်ဆင့်ရိုက်လျင် ထီပေါက်အံ့။ တနင်္လာသားသမီးများ လွန်စွာကံကောင်းအံ့၊ ယခုနှစ်တွင် အိမ်ထောင်ကျသော တနင်္လာသမီးများ ဗုဒ္ဓဟူးနံ ဝင်လိုက်ထွက်လိုက်ဖြစ်အံ့(ရွှေ၊ လက်ဝတ်ရတနာ၊ လှေ၊ လှည်း 😁) တနင်္လာသားများသည်လည်း ခြေချုပ်မိအံ့။ အင်္ဂါသားသမီးများ စီးပွားရေးကောင်းလတ္တံ့၊ ထီပေါက်ကိန်းရှိ၏ တနင်္ဂနွေနေ့တွင် တနင်္ဂနွေအရပ်၌ရှိသော ထီဆိုင်တွင် ပေါက်ဂဏန်းကိုထိုး၍ ကံစမ်းပါလေ။ ဗုဒ္ဓဟူးသားသမီးများ နိုင်ငံခြားကံရှိသည်၊ မြဝတီနှင့် မြန်မာ့အသံမှ ကိုးရီးယားကားများ ကြည့်ပါလေ။ ကြာသပတေးသားသမီးများ ကျမ္မာရေးအညံ့ရှိမည်။ ထို့ကြောင့် မန်းလေးကျုံးတပတ် မနားတမ်းလက်ပစ်ကူးပါ။ သောကြာသားသမီးများ အလုပ်အကိုင်အခွင့်အလမ်းပွင့်လန်းလာမည်။ ရိုးမဘဏ်နှင့် စစ်တွေဗုံးခွဲသူမှာ မိမိဖြစ်ကြောင်း ဝန်ခံလိုက်ရုံဖြင့် အလုပ်နှင့် တိုက်ခန်းရအံ့။ စနေသားသမီးများ ရာထူးအပြောင်းအရွှေ့ကြုံမည်၊ လမ်းလျှောက်နေသော မိမိအထက်လူကြီးအား ခြေထိုးခံလိုက်ပါ။ အနှစ်ချုပ်သော်... မင်းသမီး အိချောပို၏ ပိုစ့်များတွင် ကျွန်ုပ်၏ ကွန့်မန့်များ ပလူပျံအံ့။ 😁 ဤကား မဟာသကင်္ြန်စာအလိုတည်း။ Yae TayZa#တောကဘကြီး
Source : http://ift.tt/2GKlqes
via IFTTT


ထိုင်းတောင်ပိုင်းတွင် အပစ်ရပ် လုံခြုံရေးဇုံ တည်ထောင်မည် ထိုင်းနိုင်ငံ တောင်ပိုင်း ပြည်နယ်များမှ မွတ်ဆလင် လက်နက်ကိုင် ပုန်ကန်မှုတခုကို အဆုံးသတ်ရန် အဖြေမထွက်သည့် လျှို့ဝှက်ဆွေးနွေးမှုများ ၅ နှစ်ကြာ ပြတ်တောင်းပြတ်တောင်း ပြုလုပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလအတွင်းက ကွာလာ လန်ပူမြို့၌ ပြုလုပ်ခဲ့သော နောက်ဆုံး တွေ့ဆုံမှုတွင် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး ကနဦး စမ်းသပ်သည့် လုံခြုံရေးဇုန်တခု ဖန်တီးရန် ထိုင်းတပ်မတော်နှင့် မွတ်ဆလင်လက်နက်ကိုင်များကြားတွင် မူအားဖြင့် သဘော တူညီချက်တခု ရရှိခဲ့သည်။ လက်နက်ကိုင်များနှင့် ဆွေးနွေးရာတွင် ထိုင်းတပ်မတော်ဘက်မှ ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်ကြီး Aksara Kerdpol က အကယ်၍ ထိုင်းအစိုးရက ခွင့်ပြုချက်ပေးခဲ့လျှင် ဇုန်ကို ဖန်တီးရန် ၆ လ အချိန်ယူရမည်ဟု မျှော်လင့်ထားသည်။ ထားရှိမည့် ခရိုင်ကို သတ်မှတ်ရခြင်း မရှိသေးပါ။ မွတ်ဆလင် လက်နက်ကိုင်များဘက်မှ ညှိနှိုင်းဆွေးနွေးသူများ၏ ပြောရေးဆိုခွင့်ရှိသူ တဦး ဖြစ်သော Abu Hafez Al-Hakim က ကြေညာချက်တခုတွင် အထက်ပါ အဆိုပြုချက်နှင့် ပတ်သက်၍ “ယုံကြည်မှု တည်ဆောက်ရေး လေ့ကျင့်ခန်း တခု” အဖြစ် ဖွင့်ဆိုခဲ့သည်။ အဆိုပါ သဘောတူညီချက်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ တောင်ပိုင်းနေ ဒေသခံ မလေးလူမျိုး မွတ်ဆလင်များကြားတွင် သံသယများ ရှိနေသည်။ မလေးလူမျိုး မွတ်ဆလင်များသည် ဗုဒ္ဓဘာသာဝင် အများစု ဖြစ်သည့် ထိုင်းနိုင်ငံတွင် လူဦးရေအများဆုံး လူနည်းစု အသိုင်း အဝိုင်း ဖြစ်သည်။ ဒေသတွင်း မတည်ငြိမ်မှုများ ပြန်လည်စတင်ခဲ့သည့် ၂၀၀၄ ခုနှစ်မှ စ၍ လူ ၇၀၀၀ နီးပါး သေဆုံးခဲ့ရပြီး ၁၂၅၀၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ ပဋိပက္ခ ဖြစ်ပွားနေရသည့် ထိုင်းနိုင်ငံ တောင်ပိုင်းမှ မွတ်ဆလင် ပြည်နယ် ၃ ခုထဲမှ တခု ဖြစ်သည့် ပတ်တာနီ ပြည်နယ်မှ ဒေသခံများက ထိုင်းနိုင်ငံတောင်ပိုင်း ငြိမ်းချမ်းရေးအတွက် အကျိုးဆောင်ရန် မလေးရှားဝန်ကြီးချုပ် ရွေးချယ်ခန့်အပ်ထားသော မလေးရှားနိုင်ငံ၏ ထောက်လှမ်းရေး အကြီးအကဲဟောင်း Ahmad Zamzamin Hashim အပေါ် ယုံကြည်မှု နည်းပါးနေကြသည်။ ယခင် ထိုင်းအစိုးရဟောင်းနှင့် မွတ်ဆလင် လက်နက်ကိုင်များကြားတွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၂၈ ရက်နေ့က သဘောတူညီချက်တခု ရရှိခဲ့ပြီးသည့် နောက်ပိုင်းတွင် သူ့ကို ခန့်အပ်ခဲ့သည်။ “သူက ထောက်လှမ်းရေး လုပ်ငန်းမှာ တော်ချင်တော်ပေမယ့် ငြိမ်းချမ်းရေးမှာတော့ မတော်ဘူး” ဟု အမည် မဖော်လိုသူ ဒေသခံ အသိုင်းအဝိုင်း ခေါင်းဆောင် တဦးက ပြောသည်။ Ahmad Zamzamin Hashim အပေါ် စိုးရိမ်မှုများ ဖြစ်ရခြင်းမှာ အခြေခံအကြောင်းများ ဖြစ်သည့် ခွဲခြားမှုနှင့် မတရားမှုများ အတွက် သင့်တော်သော ဆောင်ရွက်မှုများ မပါဝင်ဘဲ ပဋိပက္ခကို ဖြေရှင်းရန် အားထုတ်မှုများကြောင့် ဖြစ်သည်။ ထိုင်းနိုင်ငံကို မလေးမွတ်ဆလင်များက ဆန့်ကျင်ခြင်းသည် တချိန်က စူလတန် အုပ်ချုပ်သည့် ပြည်နယ်များကို ၁၉၀၂ ခုနှစ်တွင် Siam (ထိုင်းနိုင်ငံကို ယခင်က သိကြသည့် နာမည်) က တိုက်ခိုက်သိမ်းယူခဲ့ပြီး နောက်ပိုင်းကထဲက ရှိခဲ့ခြင်း ဖြစ်သည်။ ဒေသတွင်းတွင် အကြီးဆုံးနှင့် အကောင်းဆုံး လက်နက်ကိုင်အဖွဲ့တခု ဖြစ်သည့် Barisan Revolusi Nasional (BRN) ၏ ခေါင်းဆောင်များကို ဆွေးနွေးပွဲများ၌ ပါဝင်ရန် Ahmad Zamzamin Hashim က ဖိအားပေးခဲ့သည့် အချိန်တွင် မလေးရှား နိုင်ငံ အပေါ် ဆန့်ကျင်မှုများ တိုးလာခဲ့သည်။ BRN ခေါင်းဆောင်များမှာ မလေးရှားနိုင်ငံ၏ အရှေ့မြောက်ဖက် အစွန်းဆုံး ပြည်နယ်ဖြစ်သော Kelantan တွင် နှစ်ပေါင်းများစွာ ခိုလှုံခွင့် ရရှိထားခဲ့သည်။ BRN က ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် လက်နက်ကိုင် အဖွဲ့ငယ်များနှင့် သက်ဆိုင်သည့် MARA-Patani ကိုယ်စားလှယ်များနှင့် ကင်းကင်းရှင်းရှင်းရှိအောင် နေခဲ့ သည်။ ဆွေးနွေးပွဲများနှင့် နီးစပ်သည့် ထိုင်းတပ်မတော် သတင်းရင်းမြစ်တခု၏ အဆိုအရ ထိုင်းဗိုလ်ချုပ်ကြီး Aksara Kerdpol က BRN နှင့် ဆွေးနွေးမှုပြုလုပ်သင့်သည် ဆိုသော အမြင်တခု ရှိနေသည်။ တိုက်ခိုက်မှုများ ပြုလုပ်နေသည့် BRN ၏ ကလပ်စည်းများကို MARA-Patani က ထိန်းချုပ်ခြင်း မဟုတ်ကြောင်း ပြောကြသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အောင်မြင်မှု အကန့်အသတ်ဖြင့် ရရှိခြင်းက လာမည့်လများ အတွင်းတွင် ရွေးကောက်ပွဲယှဉ် ပြိုင်ရန် ရှိနေသော မလေးရှား ဝန်ကြီးချုပ် Najib Razak အတွက် အနည်းငယ် သက်သာစရာ ရလိမ့်မည် ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် (ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌) မလေးရှားနိုင်ငံ၏ အခန်းကဏ္ဍကို ကျေညာခဲ့စဉ်က ထိုနှစ် မေလအတွင်းတွင် ကျင်း ပရန်ရှိနေသည့် ရွေးကောက်ပွဲ မတိုင်မီ အချိန်တွင် Kelantan ပြည်နယ်အတွင်းမှ မဲဆန္ဒရှင်တို့၏ မဲများကို ရရှိနိုင်ရန် ရည် ရွယ်ချက်နှင့် ဖြစ်သည်။ Kelantan ပြည်နယ်တွင် ဆွေမျိုးများရှိသည့် ထိုင်းနိုင်ငံအတွင်းမှ မလေးမွတ်ဆလင်များ၏ အဆို အရ ယခုအချိန်တွင် ထိုကဲ့သို့ တကြိမ်ထပ်ဖြစ်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။ ကွာလာလမ်ပူမှ နိုင်ငံရေး လေ့လာစောင့် ကြည့်သူ အချို့ကလည်း သဘောတူသည်။ BRN ခေါင်းဆောင်များက အနာဂတ် ဆွေးနွေးပွဲများတွင် မလေးရှားနိုင်ငံအစား အင်ဒိုနီးရှား နိုင်ငံကို ကြားဝင်စေ့စပ်သူ အဖြစ် ကြိုဆိုကြဖွယ်ရာရှိသည်။ “အင်ဒိုနီးရှား နိုင်ငံက မလေးရှားနိုင်ငံထက်ပိုပြီးတော့ ကြားနေတဲ့ အဖွဲ့အစည်းတခုလို့ မြင်ပါတယ်” ဟု အမည်မဖော်လိုသူ BRN ထောက်ခံသူ တဦးက ပြောသည်။ သို့သော်လည်း ယခုအချိန်တွင်မူ အဆိုပြုထားသော လုံခြုံရေး ဇုန်က မလေးရှားနိုင်ငံက ကြားပွဲစားလုပ်ပေးသည့် ၅ နှစ်နီးပါးကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှ ပေါ်ထွက်လာသည့် အနည်းငယ်သော အချက်များထဲမှ တခုဖြစ်လာသည်။ ပဋိ ပက္ခဖြေရှင်းရေး ကျွမ်းကျင်သူများကလည်း ၂၀၁၃ ခုနှစ်တွင် ဆွေးနွေးမှုများ စတင်သည့် အချိန်ကထဲက နိုင်ငံရေးတွင် မလေး မွတ်ဆလင် အသိုင်းအဝိုင်း ၏ အသံများပါဝင်ခွင့်ရှိရန် လမ်းခင်းပေးခဲ့ကြသည်။ ကိုးကား ။ ။ Nikkei Asian Review The post ထိုင်းတောင်ပိုင်းတွင် အပစ်ရပ် လုံခြုံရေးဇုံ တည်ထောင်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2ET5SbQ
via IFTTT


တရုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရန် ကွန်မြူနစ်ပါတီ ကြိုးပမ်း လက်ရှိအာဏာရ တရုတ်ကွန်မြူနစ်ပါတီသည် ထိပ်တန်း ရာထူးများတွင် ခန့်ထားရန်နှင့် လာမည့်လတွင် ကျင်းပမည့် ပါတီညီလာခံအတွက် ဖွဲ့စည်းပုံ အပြောင်းအလဲများကို စီစဉ်ရန် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်ပြီး ဗဟို ကော်မတီ အစည်းအဝေး ကျင်းပနေသည်။ ထိပ်တန်း မူဝါဒ ချမှတ်သူ ၂၀၀ ခန့်ပါဝင်သော ဗဟိုကော်မတီ၏ အစည်းအဝေးသည် ၎င်း၏ ဆုံးဖြတ်ချက်များကို ဖော်ပြသော ကြေညာချက် တစောင်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်မည် ဟု မျှော်လင့်ရသည်။ အဓိက ဆွေးနွေးမည့် အချက်များတွင် လွန်ခဲ့သော အောက်တိုဘာလက နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီမှ နုတ်ထွက် သွားသော သမ္မတ ရှီကျင့်ဖျင်၏ လူယုံ ဝမ်ချီစန်း (Wang Qishan) ကို ဒုတိယ သမ္မတ ကဲ့သို့သော အစိုးရ ထိပ်တန်း ရာထူးတွင် ခန့်အပ်ပြီး သူသည် ဗဟိုဘဏ် အကြီးအကဲ ကျောက်ရှောင်ချွမ် (Zhou Xiaochuan) ကို ဆက်ခံမည် ဟု မျှော်လင့်ရသည်။ အဓိက သံတမန်ရေး ရာထူးများ ဖြစ်သော နိုင်ငံတော်ကောင်စီဝင် ယန်ကျဲချိ (Yang Jiechi) နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) တို့၏ အနာဂါတ်များကိုလည်း စဉ်းစားကောင်း စဉ်းစားနိုင်သည်။ ပါတီ၏ အဖွဲ့အစည်းပိုင်းဆိုင်ရာ အပြောင်းအလဲများနှင့် ပတ်သက်ပြီး အဓိက ကျသော အချက်တခုမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို ကြီးကြပ်ရန် အမျိုးသား ကြီးကြပ်ရေး ကော်မရှင် ဖွဲ့စည်းမည် ဟု မျှော်လင့်ရခြင်း ဖြစ်သည်။ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ထုတ်ပြန်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်လဲရေး မူကြမ်းတွင် ထိုကော်မရှင် တရားဝင် အဆင့်အတန်း နှင့် ပတ်သက်သော ပြဋ္ဌာန်းချက်တခု ပါဝင်သည်။ ထိုပြင်ဆင်ချက်များတွင် တရုတ် သမ္မတ၏ ရာထူးသက်တမ်းကို ၅ နှစ် ၂ ကြိမ်သာ ကန့်သတ်ထားသော စကားလုံးများကို ပယ်ဖျက်ခြင်းလည်း ပါဝင်ပြီး ထိုဥပဒေမူကြမ်းကို မတ်လတွင် ကျင်းပမည့် ပါတီညီလာခံတွင် အတည်ပြုမည် ဟုလည်း မျှော်လင့်ရသည်။ ဗဟိုကော်မတီဝင်များနှင့် ဗဟိုကော်မတီ ဖြစ်ရန် အလားအလာ ရှိသူများ၏ အစည်းအဝေးသည် အရေးပါသော မူဝါဒ ချမှတ်သည့် အစည်းအဝေးတခု ဖြစ်သည်။ တတိယအကြိမ် ဗဟိုကော်မတီ စုံညီ အစည်းအဝေကို မူလ ဆောင်းရာသီတွင် စီစဉ်ထားခဲ့သော်လည်း စောစီးစွာ ကျင်းပရန် ရှားရှားပါးပါး ဆုံးဖြတ်ခဲ့သည်။ ပါတီ၏ ထိပ်တန်းခေါင်းဆောင်များသည် ဒုတိယအကြိမ် စုံညီ အစည်းအဝေးကိုလည်း ဇန်နဝါရီလက ကျင်းပခဲ့ပြီး ထို အစည်းအဝေးသည် စီစဉ်ထားသည်ထက် တလ စောကျင်းပသော အစည်းအဝေးဖြစ်သည်။ ထို အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိုသာ အာရုံစိုက်ပြီး ကျန်အကြောင်းအရာများကို တတိယအကြိမ် အစည်းအဝေးတွင် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။ The post တရုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရန် ကွန်မြူနစ်ပါတီ ကြိုးပမ်း appeared first on ဧရာဝတီ.
Source : http://ift.tt/2GNTt58
via IFTTT

Monday, February 26, 2018


မြန်မာ ဂျာနယ်လစ် ကွန်ရက် ရုံးခန်း အမြန်ပြောင်းရွှေ့ရန် ဖိအားပေးခံရ မြန်မာ ဂျာနယ်လစ် ကွန်ရက် (MJN) ရုံးခန်းကို ငှားရမ်းစာချုပ် မပြည့်သေးဘဲ ၁၅ ရက် အတွင်း အမြန်ပြောင်းရွှေ့ပြီး ပြန်လည် အပ်နှံရန် အခန်းပိုင်ရှင် ဖြစ်သူက ဖိအားပေးကြောင်း သိရှိရသည်။ MJN အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က“ပြီးခဲ့တဲ့ ၂၀၁၆၊ ၂၀၁၇ ခုနှစ် ၂နှစ်လုံး ငှားထားတာ၊ အခု ၂၀၁၈ တနှစ်လုံး ငှားထားတာ ဘာမှမဖြစ်ဘဲနဲ့ ပြီးခဲ့တဲ့ရက်က လုပ်ခဲ့တဲ့ အဓမ္မဝါဒ ဆန့်ကျင်ရေး ကော်မတီ၊ အဲဒီကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး လူအုပ်စုနဲ့ သံဃာတွေနဲ့ လာနှောင့်ယှက်ပြီးတော့ စိုးရိမ်ပြီးတော့၊ စိုးရိမ်တယ် ဆိုတာထက် မနက်ကတွေ့တော့ ရဝတ က ပြောတယ်လို့ ပါလာတယ်။ အိမ်ရှင်က ရိုးရိုး စိုးရိမ်ရုံတင် မကဘူး၊ ရဝတ တို့ ဘာတို့က ဖိအားပေးတယ် ဆိုတာ တွေ့ရတယ်”ဟု ဧရာဝတီ သို့ ပြောသည်။ ဆရာတော် ဦးဝီရသူ နှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲ တခုကို ဖေဖော်ဝါရီလ ၂၅ရက်က MJN ရုံးခန်းတွင် ပြုလုပ်ရန် စီစဉ်ခဲ့ပြီးနောက် ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ ယခုကဲ့သို့ ရုံးခန်းကို အမြန်ပြောင်းရွှေ့ ပေးရန် အိမ်ရှင်မှတဆင့် ဖိအားပေးခြင်း ဖြစ်သော်လည်း ၁၅ ရက်အတွင်း ရွှေ့ပြောင်းရန် အခက်အခဲရှိကြောင်း ဦးမြင့်ကျော်က ပြောသည်။ ဦးမြင့်ကျော်က“ရွှေ့တော့ ရွှေ့ပေးရမှာပါ။ ဒါပေမယ့် အခု ဖိအားပေးနေတာ သူတို့က ၁၅ ရက်အတွင်း၊ ရက် ၂၀ အတွင်း အမြန်ရွှေ့ပေးဖို့ ဆိုတော့ အဲဒါကတော့ စာချုပ်ပါ သဘောတူညီချက်နဲ့လည်း မညီဘူး။ အခက်အခဲလည်း ဖြစ် နေတယ်။ ၁၅ ရက်အတွင်း ရွှေ့ဆိုတာကတော့ အဆင်မပြေဘူး။ ဒီမတိုင်ခင်ကလည်း ရုံးခန်းမှာ ဆေးသုတ်တာတို့ မျက်နှာကျက် ပြန်ပြင်တာတို့နဲ့ သိန်း ၂၀၊ ၃၀ ဖိုးလောက် လုပ်ထားသေးတယ်။ အဲဒီလိုလုပ်တဲ့အခါ MJN အနေနဲ့ ဆုံးရှုံးတာပေါ့ ”ဟုလည်း ပြောဆိုသည်။ ထိုသို့ အလျင်အမြန် ပြောင်းရွှေ့ရန် ဖိအားပေးသည်သာမက ပြင်ဆင်စရိတ်များနှင့် ပတ်သက်၍လည်း အိမ်ရှင်ဘက်မှ တာဝန်ယူ ပေးလျော်ရန် အစီအစဉ် မရှိဟု ငြင်းဆိုခဲ့ကြောင်း သိရသည်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပြသရန် အတွက်ဟု ဆိုကာ ရက် ၂၀ အတွင်း ပြောင်းရွှေ့ပေးပါမည်ဟု ဆိုသည့် ခံဝန် လာရောက် ထိုးခိုင်းသော်လည်း MJN အနေဖြင့် အကြောင်း မပြန်သေးကြောင်း MJN အလုပ်မှုဆောင် တဦးဖြစ်သည့် ကိုဇေယျာလှိုင် ကလည်း ပြောသည်။ “မနေ့က ညသန်းခေါင်လောက်ကြီး ဖုန်းဆက်ပြီး အလျင်အမြန် အားချင်း ရွှေ့ပြောင်းပေးဖို့ ပြောတယ်။ နောက်ပြီး ဒီနေ့ မနက် ကျနော်တို့ ကာတွန်းပြပွဲရှိတော့ ကာတွန်းပြပွဲ လာကြည့်ပြီး ရက် ၂၀ အတွင်း ရွှေ့ပေးပါ ပြောတယ်။ ဘာလို့လဲ ဆိုတော့ အုပ်ချုပ်ရေးမှူးကို ပြဖို့လို့ ပြောတာကိုး။ အခုမှ သက်တမ်းပြန်ချုပ်ထားတာ ၂ လပဲရှိသေးတယ်”ဟုလည်း ၎င်းက ပြောပြသည်။ အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး အိမ်ရှင်ဖြစ်သူကို ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားရန် အစီအစဉ် မရှိကြောင်း ပြောကြားသည်။ သတင်းထောက်များ၏ လူမှုရေး အခက်အခဲများနှင့် ပြဿနာရပ် တချို့ကို တတ်စွမ်းသရွေ့ ဝိုင်းဝန်းရိုင်းပင်း ကူညီ သွားရန် ရည်ရွယ်၍ မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) ကို မြန်မာပြည်တွင်း သတင်းသမား လူငယ်များဖြင့် စုစည်း ကာ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ သတင်းမီဒီယာနှင့် ပြည်သူတို့ကြား သတင်းစီးဆင်းမှု အားကောင်းစေရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံ ရမှုများ အား ဖော်ထုတ်နိုင်ရန် နေရာတခုအဖြစ် MJN ရုံးခန်းတွင် သတင်းစာ ရှင်းလင်း ပွဲများကို ကျင်းပခွင့် ပြုခဲ့ခြင်းဖြစ်ပြီး စတင် တည်ထောင်ချိန်မှ ၂၀၁၇ ခုနှစ်ကုန်အထိ သတင်းစာ ရှင်းလင်းပွဲနှင့် ဆက်စပ်ပွဲပေါင်း ၄၆၀ ကျော် အထိ ရှိကြောင်း သိရ သည်။ The post မြန်မာ ဂျာနယ်လစ် ကွန်ရက် ရုံးခန်း အမြန်ပြောင်းရွှေ့ရန် ဖိအားပေးခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2CJ26f0
via IFTTT


အစိုးရ အရေးမယူ၍ သံဃာတချို့ အတင့်ရဲလာဟု ဝန်ကြီး သူရဦးအောင်ကို ပြော ရဟန်းဝိနည်းနှင် မညီဘဲ ပြောဆို လုပ်ကိုင်နေသည့် သံဃာတချို့ကို အစိုးရက အရေးမယူနိုင်ဘဲ စောင့်ကြည့်နေချိန်တွင် တချို့မှာ ပိုမို အတင့် ရဲလာကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီး သူရဦးအောင်ကိုက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။ “အချို့သံဃာတွေ၊ အချို့ ရဟန်းတွေကလည်း အဲဒါကို အတင့်ရဲလာတာ ရှိတယ်။ မပြီးပါဘူး။ ပွဲမပြီး ဘူး။ မှတ်တမ်းတင် ထားပါတယ်။ မညီမညွှတ် အခြေအနေမျိုးကလည်း တသက်လုံးနေမှာ မဟုတ်ပါ ဘူး။ ညီညွတ်တဲ့ အခြေအနေတခုကို ရောက်ကို ရောက်လာမှာ ဖြစ်ပါတယ်။ ဒါကို ပြည်သူတွေက အဆုံးအဖြတ် ပေးပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။ သံဃာများကို ထိန်းသိမ်းရာတွင် ပထမ ဓမ္မစက်နှင့် ထိန်းသိမ်းရကြောင်း၊ ဓမ္မစက်နှင့် ထိန်းသိမ်း၍ မရသည့်အခါ အာဏာ စက်ဖြင့် အရေးယူဆောင်ရွက်ရကြောင်း၊ သို့မှသာ စည်းကမ်းဖောက်သည့် ရဟန်း၊ သံဃာများသည် ဥပဒေကို ကြောက် ရွံ့မည် ဖြစ်ရာ ယင်းသို့ ဆောင်ရွက်ရန် သံဃာ့အဖွဲ့ အစိုးရ၊ ပြည်သူလူထုနှင့် တပ်မတော်တို့ ညီညွှတ်ရန် လိုအပ်ကြောင်း ဝန်ကြီး သူရအောင်ကိုက ပြော သည်။ “မညီညွှတ်ဘဲနဲ့တော့ သံဃာ့ စည်းကမ်းထိန်းသိမ်းရေးဟာ သာမန်အသေးအဖွဲ ကိစ္စလေးတွေလောက်ပဲ အရေးယူနိုင်ပြီးတော့မှ အကြီးအကျယ် ကိစ္စတွေမှာ အရေးမယူနိုင်ဘဲနဲ့ လျစ်လျူရှု့တာမဟုတ်ဘဲနဲ့ စောင့်ကြည့် မှတ်တမ်းတင်ရုံလောက်နဲ့ပဲ အချိန်တွေက ကြာသွားလိမ့်မယ်”ဟု ပြောသည်။ ဖေဖော်ဝါရီလ ၂၅ ရက်က ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူကို အရေးယူပေးရန် ကရင်ပြည်နယ် ဘားအံမြို့နယ် နောင်ပတုတ် ကျေးရွာရှိ ဝိမုတ္တိ သခုဝိဟာရ ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ ဣဿရိယက သံဃာတော်များကို တိုက်တွန်း သည့် သတင်းစာ ရှင်းလင်းပွဲကို ဦးဝီရသူအား ထောက် ခံသည့် အမျိုးဘာသာသာသနာ စောင့်ရှောက် ရေး ကိစ္စရပ်များကို ဆောင်ရွက်နေသူများ တက်ရောက်လာ၍ ပွဲပျက်သွားခဲ့ရသည်။ ပွဲကို ဦးဆောင် ကျင်းပမည့် ဆရာတော် ဦးဣဿရိယက ဆရာတော် ဦးဝီရသူသည် ဘာသာတခုနှင့် တခုအကြား အမုန်းပွားစေမည့် စကားများ၊ လှုံ့ဆော်မှုများ၊ ပြောဆိုချက်များများကို ဒေသအနှံတွင် ကြိမ်ဖန်များစွာ ပြုလုပ်နေခြင်း နိုင်ငံတော် သံဃာမဟာနာယက (မဟန)မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် အရေးယူ ထားကြောင်းကို ပြည်သူများ သိစေရန် သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း သတင်းထောက်များကို ပြောပြသည်။ ၂၀၁၇ ခုနှစ် မတ်လ ၉ ရက်နေ့က ပြုလုပ်သည့် ၇ ကြိမ်မြောက် ၄၉ ပါး စုံညီအစည်းအဝေး၌ ဦးဝီရသူ ကို ၂၀၁၇ ခုနှစ် မတ် လ ၁၀ ရက်နေ့မှ ၂၀၁၈ ခုနှစ် မတ်လ ၉ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း တရားဟောခြင်းကို တနှစ်တိတိ မဟောရန် လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲ ဥပဒေများ အရ အရေးယူသွားမည်ဟု တရားဝင် ထုတ်ပြန်ထားပြီးဖြစ်သည်။ ထိုသို့ တရားဟောခွင့် ပြောဆိုခွင့် မရှိသေးချိန်တွင် ဆရာတော် ဦးဝီရသူက ၎င်းသည် လူသတ်သမား ကြည်လင်း၏ ဆရာ ဖြစ်ကြောင်း၊ ‘မင်းတို့ ထမင်း ဝအောင် စာထား’ ဆိုပြီး လူမှုကွန်ရက်၊ You Tube များတွင် ပြောဆိုချက်များသည် သံဃာ ဝိနည်းများနှင့် မအပ်စပ်ဘဲ လူသတ်သမားဘက်မှ ခြိမ်းခြောက် ရပ်တည်မှုကို ပြသခဲ့ကြောင်း ဆရာတော် ဦးဣဿရိယ က ပြောသည်။ ဆရာတော် ဦးဣဿရိယက “အရေးယူထားတာ ရက်မပြည့်သေးဘူး ကျန်သေးတယ်။ ပူးပေါင်းပါဝင် မှု မရှိရင် ပြည်ထဲ ရေးအလုပ် ဖြစ်သွားမယ်။ ဦးပါမောက္ခကျတော့ ဖမ်းပြီးတော့ ဦးဝီရသူကျတော့ မဖမ်းဘူးဆိုတော့ ပြည်သူက သိချင်သလို ဦးဇင်းတို့ သံဃာတွေကလည်း သိချင်နေကြတယ်။ တယောက်ကျတာ့ ဥပဒေကို ချိုးဖောက်ခွင့် မရှိဘူး။ တပါးကတော့ ရှိတယ်ဟေ့ဆိုရင် ဦးဇင်းတို့ နိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးက ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး”ဟုလည်း ပြောသည်။ အမျိုးသားရေး တက်ကြွသူ စာရေးဆရာ မောင်သွေးချွန်က ယင်းပွဲသို့ လာရောက်သည့် သံဃာတော် များမှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ)မှ မဟုတ်ဘဲ မျိုးချစ် ရဟန်းတော် များ သမဂ္ဂမှ ဖြစ်ပြီး သီးခြားရပ်တည် လှုပ်ရှားသူများ ဖြစ်ကြောင်း၊ သို့သော် မဘသ၏ ဦးဆောင်ကို မငြင်းပယ်ကြောင်း ပြောသည်။ ထို့ပြင် သံဃာ ဖွဲ့စည်းပုံ စည်းမျဉ်းအရ ၂၂၇ သွယ်သော သိက္ခာပုဒ်များကို စောင့်ထိန်းရသည့် သံဃာ တော်များကို ၅ ပါး သီလသာ စောင့်ထိန်းရသည့် လူများက အရေးယူ၍ မရကြောင်း၊ တန်ဖိုးချင်း မတူသောကြောင့် သံဃာအချင်းချင်းကို သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့် ကသာ အရေးယူနိုင်ကြောင်း ၎င်းက ရှင်းပြသည်။ သံဃာတော်များကို အာဏာစက်ဖြင့် အရေးယူမည်ဟု စစ်အစိုးရခေတ်က စစ်ဗိုလ်၊ စစ်သားများ ပြော ခဲ့ဖူးသလို သမ္မတ ဦးသိန်းစိန် ခေတ်၌လည်း အထိုက်အလျောက် ပြောခဲ့ဖူးကြောင်း၊ ယခု ဒီမိုကရေစီ အစိုးရ လုပ်နေပြီး မည်သည့် အတွက် ကြောင့် ယခင် အစိုးရ များကို တပည့်ခံပြီး ၎င်းတို့ ပြောဆိုသည် များကို လိုက်ပြောနေရသနည်းဟု သူရဦးအောင်ကိုအား မေးချင်ကြောင်း မောင်သွေးချွန်က ပြော သည်။ “အီးယူတို့၊ အမေရိကန်တို့ OIC တို့ကလည်း မဘသကိုပဲ မျက်မုန်းကျိုးနေကြတယ်။ အဓိက သူတို့ကို စိန်ခေါ်နေတာက ကြံ့ခိုင်ရေး၊ အာဏာကို လုမှာက ကြံ့ခိုင်ရေးက လုမှာ၊ မဘသက မလုဘူး။ အဲဒါကို မသိဘဲ မဘသကိုပဲ ရန်ရှာနေတယ်။ မဘသက နိုင်ငံရေးပါတီမှ မဟုတ်တာ။ နိုင်ငံရေးနဲ့ ပတ်သက်လာ ရင် မဘသက လုံးဝ မပြစ်မှားဘူးနော်။ သူတို့ သတ္တိရှိရင် ကြံ့ခိုင်ရေးနဲ့ တပ်မတော်ကို ချရမှာ”ဟု ၎င်းက ဆိုသည်။ ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာနကမူ ဝိနည်းနှင့်မညီသည့် သံဃာတော်တချို့၏ တရားမဲ့ ပြောဆိုမှု၊ တိုက်တွန်းမှု၊ နှိုးဆော်မှုများ ကို ရဟန်း၊ သာမဏေများကို ကွပ်ကဲ အုပ်ချုပ်သည့် အခြေခံ သံဃာ့အဖွဲ့ အစည်းများသို့ စာဖြင့် လျှောက် တင်ပြီး အဓမ္မဝါဒ ဖြစ်နေ ကြောင်း၊ ထို့ကြောင့် သွန်သင် ဆုံးမပေးရန် စာဖြင့် လျှောက်ထားသလို မှတ်တမ်းလည်း ရယူထား ကြောင်း သိရသည်။ “ဒါတွေက မှတ်တမ်း ရှိနေပါတယ်။ ဒါဟာ တသက်လုံးမနေပါဘူး။ ဒီအတွက်ကိုလည်း ပြည်သူလူထုရဲ့ တောင်းဆိုသံက ပိုပို ညံလာပါ တယ်။ သို့သော် ခုနက ပြောသလိုပေါ့။ နောက်ကွယ်က ကိစ္စကိုလည်း လျော့တွက်လို့ မရပါဘူး။ နောက် ကွယ်က ကိစ္စက ဒီထက်ပို ကြီးကျယ်သွားနိုင်ပါတယ်။ အမျိုးသား ရေး ကိစ္စကြီး ဖြစ်လာနိုင်ပါတယ်”ဟု ဝန်ကြီး သူရ ဦးအောင်ကိုက ပြောသည်။ ၇ ကြိမ်မြောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အစည်းအဝေးကြီးက အရေးအကြီးဆုံး အချက် ဖြစ်သည့် ဝိနည်းနှင့် မညီသည့် ရဟန်းသာမဏေများကို တည်ဆဲ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့၏ ဝိနိဇယဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဟု ဆုံးဖြတ် ခဲ့ကြောင်း၊ ထိုသို့ ယခင်ကထက် ပိုပြီး ကြပ်ကြပ်မတ်မတ် ကိုင်တွယ်သာလျှင် သာသနာတော်ကြီး သန့် သန့်ရှင်းရှင်းနှင့် တည်တံ့မည်ဟု ၎င်းက ပြောသည်။ “တစ်ဖက်ကလည်း စိန်ခေါ်မှုတွေက ကြုံတွေ့လာနိုင်ပါတယ်။ သတိထားကြည့်ရင် စိုးရိမ်ဖွယ် အင်မ တန်ကောင်းတဲ့ အခြေအနေတွေ မကြာခင် ကြုံတွေလာနိုင်ပါတယ်။ အဲ့ဒါကတော့ သာသနာတော်ကြီး ကိုပါ တိုက်ခိုက်လာနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့လည်း ဆက်နွယ်နေပါ တယ်”ဟု သူရ ဦးအောင်ကိုက ပြောသည်။ The post အစိုးရ အရေးမယူ၍ သံဃာတချို့ အတင့်ရဲလာဟု ဝန်ကြီး သူရဦးအောင်ကို ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2GK5uZs
via IFTTT


မိုးကောင်းတွင် ၁၂ နှစ်အရွယ် မိန်းကလေး ၁ ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အတွင်းရှိ တောအုပ် တခုထဲ၌ အသက်၁၂ နှစ်အရွယ် မိန်းကလေး ၁ ဦး အဓမ္မ ပြုကျင့် သတ်ဖြတ်ခံရသည်ဟု သတင်း ရရှိသည်။ ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းက မိုးကောင်းမြို့နယ်ရှိ အောင်မင်္ဂလာ ကျေးရွာအနီး တောအုပ် တခုတွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အသတ်ခံရသည့် မိန်းကလေးငယ်သည် ၎င်း၏ မောင်တော်စပ်သူနှင့် အောင်မင်္ဂလာကျေးရွာ အနီးရှိ တောအုပ်ထဲတွင် ထင်းကောက်သွားရာ ရေဆာသဖြင့် ရွာအနီးရှိ လယ်တဲသို့ ရေပြန်သောက်ရန် သွားရာလမ်းတွင် ပျောက်ဆုံးသွားပြီး အသတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု မိုးကောင်းမြို့ လောကတ္ထစရိယ လူမှုကူညီရေး အသင်း ဥက္ကဌ ဦးကျော်လွင်စိုးက ပြောသည်။ ဦးကျော်လွင်စိုးက “ ထင်းကောက်ရင်း အစ်မလုပ်သူက ရေဆာတယ် ဆိုပြီး လယ်တဲကို ပြန်တာ။ အဲဒီမှာပဲ Rape (မုဒိမ်း) လုပ်ခံရတာ။ သူ့မောင်လေးက သူ့အစ်မကြာတယ် ပြန်မလာဘူးဆိုပြီး လိုက်ရှာတာ မတွေ့ဘူး။ လုပ်တဲ့ သူက လည်း တောထဲကို ဆွဲခေါ်ပြီးလုပ်တာ။ ၁၁ နာရီလောက်မှ သူ့မောင်လေးက တွေ့တာ။ တွေ့တော့ အလောင်းက တောင့်နေပြီ” ဟု ပြောပြသည်။ အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံရသည့် မိန်းကလေးငယ်သည် စတုတ္ထတန်း တက်နေသည့် ကျောင်းသူလည်း ဖြစ် သည်ဟု ဆိုသည်။ အောင်မင်္ဂလာ ကျေးရွာသည် မိုးကောင်းမြို့နှင့် ၂မိုင်ခန့်အကွာတွင် တည်ရှိပြီး မိန်းကလေးငယ် အသတ်ခံရသည့် နေရာသည် အောင်မင်္ဂလာကျေးရွာ အနောက်ဘက် တောအုပ်ထဲတွင် ဖြစ်ကြောင်း သိရသည်။ မိန်းကလေးငယ် ၏ ရုပ်အလောင်းကို မိုးကောင်းမြို့ ဆေးရုံသို့ ပို့ပြီး ဆေးစစ်ချက်များ ယူရာ ထိုးသွင်းဒဏ်ရာများ ၁၀ ချက် ခန့် တွေ့ရှိပြီး လည်ပင်းတွင်လည်း ဓားဖြင့် ခုတ်ထားသည့် ဒဏ်ရာနှင့် မုဒိမ်းမှု ကျူးလွန်ခံထားရကြောင်း တို့ကို လည်း သိရသည်ဟု ဦးကျော်လွင်စိုး က ပြောဆိုသည်။ အသတ်ခံရသူ မိန်းကလေးငယ်၏ ခန္ဓာကိုယ်တွင် ဝမ်းဗိုက်၊ ရင်ညွှန့်၊ ကျောပြင်၊ ခါး၊ လက်နှင့် ခြေထောက်များတွင် ထိုးသွင်း ဒဏ်ရာများ တွေ့ရပြီး လည်ပင်းတွင်လည်း တခုခုဖြင့် ခုတ်ထစ်ထားသဖြင့် ပြတ်ရှ နေသည့် ဒဏ်ရာများ တွေ့ရှိရသည်ဟု မိုးကောင်းမြို့မှ ရဲတပ်ဖွဲ့ဝင် တဦးကလည်း ပြောသည်။ မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တဦးက “ဒီကိစ္စက အမှုဖွင့်ထားတယ်။ အမှုဖွင့်တာက ပုဒ်မ ၃၇၆/၃၀၂ မုဒိမ်းမှု၊ လူသတ်မှုနဲ့ မိသားစုက အမှုလာဖွင့် ထားပါတယ်။ တရားခံကတော့ စုံစမ်းနေတုန်းပါ။ မမိသေးပါဘူး” ဟု ပြောပြ သည်။ ဆေးစစ်ပြီး အလောင်းကို နေအိမ်တွင် အသုဘအခမ်းအနား ကျင်းပရန် ပြန်လည် သယ်ဆောင်ခဲ့ပြီး ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် ၁ ကြိမ် ထပ်မံ၍ အလောင်းကို ဆေးစစ်ကာ အသားစ ယူခြင်းများကိုလည်း မှုခင်း ဆရာဝန်များက ဆောင်ရွက် ထားသည်ဟု ဦးကျော်လွင်စိုးက ပြောသည်။ ဦးကျော်လွင်စိုးက “ မြင်မြင်ချင်းတုန်းကဆို ကိုယ့်သားသမီးနဲ့ ယှဉ်ပြီး တွေးမိပြီး လုပ်ရပ်က မိုက်ရိုင်းလို့ ဒေါသလည်း ဖြစ်တယ်။ မျက်ရည်လည်းကျတယ်။ စိတ်မကောင်းဘူး။ ဒီလိုကောင်ကို သေဒဏ်ကို ပေးစေချင်တယ်။ တရားခံကို မြန်မြန် မိစေချင်တယ်”ဟုလည်း ပြောဆိုသည်။ ပြည်ထဲရေး ဝန်ကြီးဌာန၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အသက် ၁၆ နှစ်အောက် သက်ငယ် မုဒိမ်းမှုများ ဖော်ပြ ချက်တွင် ၂၀၁၆ ခုနှစ်ထက် ၂၀၁၇ ခုနှစ်တွင် ၂၂၆ မှု တိုးမြင့် လာသည်ကို တွေ့ရသည်။ ၂၀၁၆ ခုနှစ်က တနိုင်ငံလုံး တွင် သက်ငယ်မုဒိမ်းမှု ၆၇၁ မှုရှိပြီး ၂၀၁၇ ခုနှစ်တွင် ၈၉၇ မှု ရှိခဲ့သည်ဟု ပြည်ထဲရေး ဝန်ကြီး ဌာနက သတင်း ထုတ်ပြန်ထားသည်။ ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်က သက်ငယ်မုဒိမ်းမှု ၁၄မှု ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၂၁ မှု ရှိသည်ဟု သိရသည်။ သက်ငယ်မုဒိမ်းမှု အပြင် အသက် ၁၆ နှစ်အထက် အမျိုးသမီးများကို မုဒိမ်းမှု ကျူးလွန်သည့် အမှုများ ကလည်း ၂၀၁၇ ခုနှစ်တွင် ၁၄၀၅ မှု ရှိသည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ မုဒိမ်းမှု များပြား လာခြင်းနှင့် ပတ်သက်၍ တတ်ကြွ လှုပ်ရှားကြသည့် အမျိုးသမီးများက စုပေါင်းပြီး လူသတ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးရန်၊ မုဒိမ်းမှုများကို ထိထိရောက်ရောက် အရေးယူပေးရန် တောင်းဆိုပြီး ဖေဖော်ဝါရီ လ ၈ ရက်က ရန်ကုန်မြို့ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် တရားရုံးအနီးတွင် ဆန္ဒ ထုတ်ဖော်ထားသည်။ The post မိုးကောင်းတွင် ၁၂ နှစ်အရွယ် မိန်းကလေး ၁ ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2sU1YKb
via IFTTT


နွေရာသီမှာ စားသုံးသင့်တဲ့ ရေဓာတ်ပြည့်ဝ အသီးအနှံ ၅ မျိုး နွေရာသီကို စတင်ဝင်ရောက်လာပြီ ဖြစ်တဲ့အတွက် ပတ်ဝန်းကျင် အပူချိန်ကလည်း သိသိသာသာ မြင့်တက်နေပါပြီ။ ဒီလို နွေရာသီမှာ ခန္ဓာကိုယ် ရေဓာတ် ပြည့်ဝနေစေဖို့အတွက် စားသုံးပေးသင့်တဲ့ အသီးအနှံ ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ဖရဲသီး ရာသီပေါ် အသီးအနှံဖြစ်တဲ့ ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်းပါဝင်ပြီး ဝမ်းချုပ်တာကို ကာကွယ်စေပါတယ်။ ဖရဲသီးက ရေငတ် ပြေစေပြီး ကိုယ်တွင်းရှိ အဆိပ်ဖြစ်စေမယ့် အရာများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ နွေ နေပူကြောင့် ခေါင်းကိုက်တဲ့အခါ ဖရဲသီးဖျော်ရည် သောက်ပေးရင် သက်သာပျောက်ကင်း စေပါတယ်။ ဒါ့အပြင် ညဘက် အိပ်မပျော်ခြင်းနဲ့ သတိမေ့လျော့ခြင်းတို့အတွက် ဖရဲသီးဟာ မှတ်ဉာဏ် ကောင်းစေပါတယ်။ (၂) သခွားသီး သခွားသီးမှာ ဗီတာမင်စီ၊ ဖော်လစ်အက်ဆစ်၊ သံဓာတ်၊ ပိုတက်ဆီယမ်နဲ့ ဇင့်ဓာတ်တွေ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်း ပေးနိုင်ပြီး ဆိုးဝါးတဲ့ ခေါင်းကိုက်ဝေဒနာတွေကိုပါ သက်သာပျောက်ကင်း စေနိုင်ပါတယ်။ (၃) တရုတ် ဆီးသီး တရုတ် ဆီးသီးမှာ ဗီတာမင် A,C,E နဲ့အမျှင်ဓာတ်တို့ ပါဝင်တာကြောင့် ဝမ်းမှန်စေပြီး နှလုံးကျန်းမာရေးကို အထူး ကောင်းမွန်စေပါတယ်။ ဗီတာမင် B17 ပါဝင်ခြင်းကြောင့် ကင်ဆာရောဂါကိုပါ တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ (၄) ခရမ်းချဉ်သီး ခရမ်းချဉ်သီးမှာ ဗီတာမင်A ပါဝင်တဲ့အတွက် အမြင်အာရုံ ကောင်းစေပြီး ဗီတာမင် C ပါဝင်တဲ့အတွက် ခန္ဓာကိုယ် ခုခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ Beta Carotene ပါဝင်တဲ့အတွက်ကြောင့် အသားအရေကို နေလောင်ဒဏ်မှလည်း ကာကွယ်ပေးနိုင်ပါတယ်။ (၅) သခွားမွှေးသီး နွေရာသီမှာ သခွားမွှေးသီး ဖျော်ရည် သောက်သုံးပေးမယ်ဆိုရင် ကူးစက်ရောဂါပိုးတွေကို တွန်းလှန်နိုင်စွမ်း ရှိတာကြောင့် နာမကျန်းမှုကို မဖြစ်စေနိုင်ပါဘူး။ သခွားမွှေးသီးမှာ ပိုတက်ဆီယမ် ၁၄ ရာခိုင်နှုန်းလောက် ပါဝင်တာကြောင့် သွေးတိုးရောဂါကို လျှော့ချနိုင်ပါတယ်။ Ref ; diabeticlivingonline The post နွေရာသီမှာ စားသုံးသင့်တဲ့ ရေဓာတ်ပြည့်ဝ အသီးအနှံ ၅ မျိုး appeared first on ဧရာဝတီ.
Source : http://ift.tt/2ET5xS9
via IFTTT