Wednesday, May 30, 2018


အပြင်စာတွေက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်စေနိုင်သလဲ နေ့စဉ် အလုပ်တာဝန်နဲ့ လူမှုကိစ္စတွေ များပြားလှတဲ့ ယနေ့ခေတ်မှာ အိမ်မှာ ချက်ပြုတ်စားသောက်ဖို့ အချိန်မပေး နိုင်တာကြောင့် ပြင်ပ စားသောက်ဆိုင်တွေကနေပဲ အလွယ်တကူ ဝယ်ယူစားသောက် မိတတ်ကြပါတယ်။ တခါတရံ စားသောက်တာမျိုးက ပြဿနာ မရှိပေမယ့် သင်ဟာ ပြင်ပအစားအစာတွေကို မကြာခဏ ဆိုသလို နှစ်နှစ်ခြိုက်ခြိုက် စားသောက်တတ်သူဆိုရင်တော့ အခုဖော်ပြမယ့် အကြောင်းအရာတွေကို ဖတ်ကြည့်ဖို့ လိုပါတယ်။ (၁) ဆေးပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်တွေအရ ပြင်ပအစားအစာတွေ စားသောက်ခြင်းဟာ Phthalates ဆိုတဲ့ ခန္ဓာကိုယ်တွင်း ဟော်မုန်းတွေကို မညီမမျှ ဖြစ်စေတဲ့ ဓာတ်ထွက်ပေါ်ခြင်းကို အထောက်အကူ ဖြစ်စေပါတယ်။ အိမ်မှာ ချက်ပြုတ် စားသောက်တဲ့အစားအစာတွေထဲမှာ Phthalates ပါဝင်မှုဟာ ပြင်ပအစားအစာတွေမှာ ပါဝင်နှုန်းထက် ၃၅ ရာခိုင်နှုန်းခန့် လျော့နည်းပါတယ်။ (၂) ဂျော့ဝါရှင်တန် တက္ကသိုလ်က သုတေသီတွေရဲ့ ပြောကြားချက်ကတော့ အပြင်စာတွေ စားသောက်ခြင်းဟာ အိမ်မှာ ချက်ပြုတ်စားသောက်တာထက် အစားအစာတွေကို ပိုုမိုစားမိစေတာကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းလိုသူတွေအနေနဲ့ မသင့်တော်ဘူးလို့ ဆိုပါတယ်။ (၃) ပြင်ပ အစားအသောက် အများစုမှာ အစားအစာတွေ ပိုမိုအရသာရှိစေဖို့နဲ့ အမြင်လှစေဖို့အတွက် ပြုပြင်စီမံထားတဲ့ Chemical တွေများစွာ ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ အရွယ် မရောက်သေးတဲ့ ကလေးငယ်တွေ စားသုံးတဲ့အခါ ကျန်းမာရေးနဲ့ ပက်သက်ပြီး ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်လို့ သုတေသီတွေရဲ့ ကနဦး လေ့လာ ဆန်းစစ်ချက်တွေမှာ ဖော်ပြထားပါတယ်။ (၄) ပြင်ပအစားအစာတွေမှာ ပါဝင်တဲ့ မပြည့်ဝ ဆီတွေနဲ့ ဆားပါဝင်မှုနှုန်းတွေ များပြားမှုတွေဟာ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးနဲ့ ပက်သက်တဲ့ ရောဂါတွေအပြင် ဆယ်ကျော်သက်တွေမှာဆိုရင် အဝလွန်ခြင်းတွေကို ဖြစ်ပေါ်စေနိုင်လို့ နောက်ဆုံးရ သုတေသန လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။ Ref : ba-bamail.com The post အပြင်စာတွေက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်စေနိုင်သလဲ appeared first on ဧရာဝတီ.
Source : https://ift.tt/2xwIm14
via IFTTT


‘Incredibles 2’ မှာ အသံသရုပ်ဆောင်မယ့် ဘောလိဝုဒ် မင်းသမီး Kajol Disney ရုပ်ရှင်ထုတ်လုပ်ရေးဟာ သူတို့ရဲ့ ရုပ်ရှင်တွေမှာ နာမည်ကျော် ဘောလိဝုဒ် စတားတွေကို ငှားရမ်းခဲ့တဲ့ ပုံစံအတိုင်းပဲ အခုမှာတော့ မင်းသမီး Kajol ကို မကြာမီ ပြသတော့မယ့် “Incredibles 2” ရုပ်ရှင်မှာ Elastigirl နေရာကနေ အသံပါဝင်သရုပ်ဆောင်ဖို့ ငှားရမ်းထားတယ်လို့ ဆိုပါတယ်။ မင်းသမီးဟာ အဲဒီရုပ်ရှင်ရဲ့ ဟင်ဒီဗားရှင်းမှာ ပါဝင်မယ့် ဇာတ်ကောင်အတွက် အသံသရုပ်ဆောင် ပေးရမှာဖြစ်ပြီး Disney-Pixar ပူးပေါင်း ထုတ်လုပ်တဲ့ အဲဒီရုပ်ရှင်မှာ ခင်ပွန်းသည် Bob နဲ့ သားသမီးတွေဖြစ်ကြတဲ့ Dash, Violet နဲ့ Jack-Jack တို့နဲ့အတူ မိခင် Helen Parr အဖြစ် သရုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။ မင်းသမီး Kajol ကတော့ အဲဒီ ဇာတ်ကောင်အတွက် အသံသရုပ်ဆောင်ရတာ ပျော်ဖို့ကောင်းတယ်လို့ ဆိုပါတယ်။ မင်းသမီးက “Incredibles 2 ရုပ်ရှင်က ကျမတို့လိုမျိုး မိသားစုတခုရဲ့ နွေးထွေးတဲ့ အကြောင်းအရာကို ဆောင်ယူလာ ပါတယ်။ ဒါပေမယ့် သူတို့က နည်းနည်းတော့ ကွဲပြားပါတယ်။ ကျမ ပြန်စဉ်းစားလို့ရမယ့် ဇာတ်လမ်းထဲမှာ ဇာတ်ကွက် တော်တော်များများရှိပါတယ်။ တော်တော်လေးလည်း ပျော်ရပါတယ်။ စူပါမိသားစုရဲ့ တစိတ်တပိုင်းဖြစ်ရတာ ကျမ တကယ့်ကိုပဲ စိတ်လှုပ်ရှားမိပါတယ်။ ပြီးတော့ ကျမ ရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ ပါဝင်ရတာ ပျော်ဖို့ကောင်းပါတယ်” လို့ ပြောပါတယ်။ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့အဲဒီရုပ်ရှင်ပထမအပိုင်းမှာတော့ ဖခင် Bob (Mr Incredible) အဖြစ် မင်းသား Shah Rukh Khan ကလည်းကောင်း၊ မိခင် Helen အဖြစ် Rakshanda Khan ကလည်းကောင်း သရုပ်ဆောင်ခဲ့ပါတယ်။ Disney India ရဲ့ Head Studio Entertainment မှ Bikram Duggal က “အံ့သြဖွယ် ဇာတ်လမ်းတွေ၊ ချစ်ဖို့ကောင်းတဲ့ ဇာတ်ကောင်တွေနဲ့ ပေါင်းပြီး Disney နဲ့ Pixar ဟာ အိန္ဒိယ ပရိသတ် သန်းပေါင်းများစွာရဲ့ နှလုံးသားထဲက အထူးနေရာကို အမြဲတမ်းရယူထားခဲ့ပြီး ဖြစ်ပါတယ်။ Helen အဖြစ်သရုပ်ဆောင်မယ့် Kajol နဲ့အတူ ကြီးမားတဲ့မိသားစုတွေ၊ ပရိသတ် အသစ်တွေကို Incredibles 2 က ဖြေသိမ့်နိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။ Ref:ptinews The post ‘Incredibles 2’ မှာ အသံသရုပ်ဆောင်မယ့် ဘောလိဝုဒ် မင်းသမီး Kajol appeared first on ဧရာဝတီ.
Source : https://ift.tt/2LFzJnE
via IFTTT


အသက် ၃၄ နှစ် အမှန်ဖြစ်ကြောင်း ပြန်ဖြေရှင်းနေရတဲ့ မအေးသောင်း ယခု လတ်တလော Facebook လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ မအေးသောင်းဆိုပြီး အားပေးချစ်ခင်မှုရနေတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်း တယောက် မေလ ၂၇ ရက်နေ့က ကျရောက်ခဲ့တဲ့ သူမရဲ့ အသက် ၃၄ နှစ်ပြည့် မွေးနေ့မှာ အလှူတွေလုပ်ပြီး ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ပေမယ့် သူမရဲ့ အသက်ဟာ အမှန်မဟုတ်ဘူးလို့ Facebook သုံးစွဲသူအချို့က ဝေဖန်ပြောဆိုမှုများ ရှိလာခဲ့ပါတယ်။ အဲဒီလို ဝေဖန်မှုများရှိလာခဲ့တဲ့ အပေါ် မအေးသောင်းက သူမရဲ့ Facebook မှာ မှတ်ပုံတင်၊ Passport တို့နဲ့ တကွ သူမရဲ့ အသက်အမှန်သာ ၃၄ နှစ် ဖြစ်ကြောင်း ပြန်လည် ရေးသား ဖြေရှင်းလိုက်ပါတယ်။ “ပထမတော့ ဖြစ်နေကျမို့ မဖြေရှင်းတော့ပါဘူးလို့ စိတ်ထားခဲ့ပေမယ့် မပြီးနိုင်တဲ့ စွပ်စွဲမှုတွေက ရပ်မသွားခဲ့တဲ့ အပြင် ကိုယ့်အမေနဲ့ အဖေတို့ကိုပါ မယဉ်ကျေးတဲ့ အသုံးအနှုန်းတွေနဲ့ ထပ်တိုး ထိခိုက်လာလို့ စိတ်မကောင်း ဖြစ်ရပါတယ်။ ကိုယ်တိုင်လည်း သင်ခန်းစာယူ ဖြစ်ပါတယ်။ ကိုယ်လည်းတကယ် မသိဘဲ၊ မသေချာဘဲ ပြောတဲ့ စကားတခွန်း၊ စွပ်စွဲချက် တခုဟာ ကိုယ်က ပေါ့ပေါ့ပါးပါး ပြီးစလွယ် ပြောထွက်ခဲ့ပေမယ့် နောက်ဆက်တွဲအနေနဲ့ ရိုးသားစွာ နေထိုင်နေတဲ့ မိသားစုတစ်ခုအတွက် ထိခိုက် စိတ်အနှောက်အယှက် ဖြစ်စရာ ဖြစ်ရတယ်” လို့ မအေးသောင်းက ဆိုထားပါတယ်။ Facebook ပေါ်မှာ ပြန်လည် ဖြေရှင်းထားတဲ့ မအေးသောင်းရဲ့ မှတ်ပုံတင်နဲ့ Passport ဆက်လက်ပြီး “ဆက်မဖြေရှင်းပဲနေရင် မိသားစုကို ဒီထက်ဆိုးတဲ့ ထိခိုက်မှုတွေ ထပ်ရှိလာမှာ စိုးတာကြောင့်ရယ်၊ ကိုယ့်ကို မေတ္တာထား နေကြတဲ့ Facebook က အမျိုးတွေကပါ ကိုယ့်ကို လိမ်နေတယ်လို့ မထင်သွားစေချင်တာကြောင့် ပထမဆုံး အကြိမ်နဲ့ နောက်ဆုံးအကြိမ်အဖြစ် ဖြေရှင်းပါရစေရှင့်”ဆိုပြီး မအေးသောင်းက သူမရဲ့ Facebook အကောင့်မှာ မှတ်ပုံတင်၊ Passport စာအုပ်တို့နဲ့ တကွ ရေးသားကာ တင်ထားပါတယ်။ သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာ အသက် ၁၂ နှစ်အရွယ်၊ ၁၉၉၆ ခုနှစ်မှာ မော်ဒယ် စလုပ်ခဲ့ပြီး ဆယ်တန်းကို ၂၀၀၀ ခုနှစ်မှာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၁၉၉၈ ခုနှစ်၊ အသက် ၁၄ နှစ်မှာ မအေးသောင်းက Miss X’Mas ဆုကို ရရှိခဲ့ပြီး အဲဒီနှစ်မှာကပဲ သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ ဟာသ သရုပ်ဆောင် အရိုင်း၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) တို့နဲ့အတူ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ မအေးသောင်းတို့ မိသားစု ညီအစ်မ ၃ ယောက်ရှိပြီး အစ်မကြီးဖြစ်သူ သရုပ်ဆောင် နှင်းဝတ်ရည်သောင်းက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ နေထိုင်ကာ ညီမ အလတ်ဖြစ်သူ အေးဝတ်ရည်သောင်းနဲ့ အငယ်ဆုံး ညီမ ဆွိဝတ်ရည်သောင်းတို့ကတော့ မိသားစုနဲ့အတူ ရန်ကုန်မြို့မှာ နေထိုင်ပါတယ်။ မအေးသောင်းက သူမရဲ့ အသက် ၃၄ နှစ်ပြည့်မွေးနေ့မှာ ထူးထူးခြားခြားအနေနဲ့ ဘဝမှာ ပထမဆုံး Billboard (ကြော်ငြာ ဆိုင်းဘုတ်) ထောင်ပြီး မွေးနေ့ဆုတောင်းပေး ခံရတာကြောင့် အံ့သြဝမ်းသာ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် အေးဝတ်ရည်သောင်းရဲ့ အသက် ၃၄ နှစ်ပြည့် မွေးနေ့ပွဲကိုတော့ မေလ ၂၇ ရက်နေ့ က စိန့်မေရီ ဘုရားကျောင်းမှာ ကျိုက်ဝိုင်းလူငယ် သင်တန်းကျောင်း၊ မသန်စွမ်း ပြုစုစောင့်ရှောက်ရေး ဂေဟာနဲ့ စိန့်မေရီချက်စ်မင်း ကျောင်း စတဲ့ ကျောင်း ၃ ခုက ကလေးငယ်တွေနဲ့အတူ စုပေါင်းပြီး အလှူအတန်း ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆက်စပ်ဖတ်ရှုရန် – Billboard ထောင်ကာ မွေးနေ့မှာ Surprise လုပ်ခံခဲ့ရတဲ့ မအေးသောင်း The post အသက် ၃၄ နှစ် အမှန်ဖြစ်ကြောင်း ပြန်ဖြေရှင်းနေရတဲ့ မအေးသောင်း appeared first on ဧရာဝတီ.
Source : https://ift.tt/2J3bIoL
via IFTTT


လက်ချင်းချိတ်ပြီး ပရိသတ်ရှေ့ပွဲထွက်လာခဲ့တဲ့ Nick Jonas နဲ့ Priyanka Chopra တို့စုံတွဲ ဘောလိဝုဒ်ကနေ ဟောလိဝုဒ်အထိ ရောက်လာတဲ့ မင်းသမီး Priyanka Chopra နဲ့ အမေရိကန် အဆိုတော်၊ မင်းသား Nick Jonas တို့ရဲ့ သူငယ်ချင်း ဆက်ဆံရေးဟာ အချစ်ရေးအဖြစ် အသွင်ပြောင်းသွားပုံ ရပါတယ်။ အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ 2017 Met Gala မှာ အတူပွဲတက်လာခဲ့တဲ့ သူတို့စုံတွဲဟာ အဲဒီ အချိန်တုန်းကတော့ တွဲနေတယ်ဆိုတဲ့ သတင်းတွေကို ပယ်ချခဲ့ပြီး မကြာသေးမီအထိ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေသာ ဖြစ်တဲ့အကြောင်း မင်းသမီး Chopra ကိုယ်တိုင် ပြောကြားထားပါ။ ဒါပေမယ့် ဘောလိဝုဒ်မှာ ကျင်လည်ခဲ့ပြီး အခုဟောလိဝုဒ်ကို ရောက်ရှိလာခဲ့တဲ့ မင်းသမီး Chopra ကတော့ အဆိုတော် Nick နဲ့ တကယ့်အချစ်ဇာတ်လမ်း စတင်လိုက်ကြပုံရတယ်လို့ သတင်းရင်းမြစ်တချို့က ဆိုပါတယ်။ America’s Memorial Day သီတင်းပတ်ကုန်ပိုင်းမှာ သူငယ်ချင်းတွေနဲ့အတူ လှေတစင်းပေါ် Nick နဲ့အတူ မင်းသမီးကို မြင်တွေ့ခဲ့ရ ပြန်ပါတယ်။ ပြီးတော့ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့၊ စနေနေ့ညမှာ ပြုလုပ်ခဲ့တဲ့ Los Angeles Dodgers ပြိုင်ပွဲကို လက်ချင်းချိတ်ပြီး တက်ရောက်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ Baywatch ရုပ်ရှင်မင်းသမီး Chopra ဟာ ၂၀၀၀ ပြည့်နှစ်ရဲ့ မယ်ကမ္ဘာဆု ရရှိခဲ့သူဖြစ်ပြီး အိန္ဒိယသရုပ်ဆောင်၊ အဆိုတော်၊ ရုပ်ရှင်ထုတ်လုပ်သူလည်း ဖြစ်ပါတယ်။ ဘောလိဝုဒ်အနုပညာလောကရဲ့ အနုပညာကြေး အမြင့်ဆုံး မင်းသမီးဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ကမ္ဘာ့ပါဝါအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ ABC ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ Quantico ဇာတ်လမ်းတွဲမှာပါဝင်ခဲ့ပြီး အနောက်တိုင်း ဇာတ်လမ်းတွဲတခုမှာ ခေါင်းဆောင် မင်းသမီး အဖြစ် ပထမဆုံး ပါဝင်နိုင်ခဲ့တဲ့ တောင်အာရှ အမျိုးသမီး ဖြစ်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ဂီတလောကထဲကို ရောက်ရှိခဲ့တဲ့ Nick Jonas ကတော့ အစ်ကို တွေဖြစ်တဲ့ Joe, Kevin တို့နဲ့ ပူးပေါင်းပြီး Jonas Brothers ဆိုတဲ့ အဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ ဂီတလောကမှာလည်း အောင်မြင်ခဲ့တဲ့ Nick ဟာ Jumanji: Welcome to the Jungle ရုပ်ရှင်မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ Ref: aceshowbiz The post လက်ချင်းချိတ်ပြီး ပရိသတ်ရှေ့ပွဲထွက်လာခဲ့တဲ့ Nick Jonas နဲ့ Priyanka Chopra တို့စုံတွဲ appeared first on ဧရာဝတီ.
Source : https://ift.tt/2IZIerX
via IFTTT


ရခိုင်မြောက်ပိုင်းအရေးသည် မြန်မာ့ပြဿနာ၏ အဖျားအနားသာ ဖြစ်သည် နယူးယောက်တွင် ကာလကြာရှည်စွာ နေထိုင်ခဲ့သော မြန်မာ အိမ်နီးချင်းများနှင့် ခင်မင်ရင်းနှီးသော ဆက်ဆံရေးရှိခဲ့ဖူးကြောင်း အမေရိကန်အမျိုးသမီးတဦးက စာရေးသူကို မကြာသေးမီက အမေရိကန်ခရီးစဉ်အတွင်း ပြောသည်။ သို့သော် ရိုဟင်ဂျာခေါ် ဘင်္ဂလီ ပြဿနာကို ဆွေးနွေးရန် ကြိုးစားပြီးနောက် ထိုမြန်မာမိသားစုက သူနှင့် ဆက်ဆံခြင်းမရှိတော့ဟု ဆိုသည်။ ထိုဇာတ်လမ်းမှာ ပြည်ပတွင် ပြိုကွဲသွားသော အိမ်နားနီးချင်း ဇာတ်လမ်းတခုမျှသာ ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ ထိုသို့ ပြိုကွဲသွားသော အိမ်နားနီးချင်း များစွာရှိသည်။ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာခေါ် ဘင်္ဂလီများအပေါ် မြန်မာစစ်ဘက်က ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖေါက်မှုများအကြောင်း နိုင်ငံတကာ အသိုင်းအဝန်းက ကောင်းစွာသိသည်။ လွန်ခဲ့သော နှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ကြီးမားသော စစ်ဆင်ရေးများကို မြန်မာ့တပ်မတော်က ပြုလုပ်သောအခါ ဘင်္ဂလားဒေ့ရှ်သို့ အလုံးအရင်း ထွက်ပြေးရသော ထိုဒုက္ခသည်များအတွက် များစွာ ကရုဏာသက်ကြသည်။ လူ့အခွင့်အရေး အခြေခံဖြင့် လူသားဂုဏ်သိက္ခာ ပြန်လည်ရရှိစေရန် ရိုဟင်ဂျာများကို မည်သို့ကူညီရမည်ကို နိုင်ငံတကာ အသိုင်းအဝန်းက စဉ်းစားသုံးသပ်ကြသည်။ ၎င်းတို့အပေါ် တပ်မတော်၏ အပြုအမူ၊ ၎င်းတို့၏ နေအိမ်များကို မီးရှို့ခြင်း၊ နှိပ်စက်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ထောင်သွင်း အကျဉ်းချထားခြင်းများကို နိုင်ငံတကာအသိုင်းအဝန်းက လက်မခံနိုင်ပေ။ လူသားအားလုံး တန်းတူ ဆက်ဆံသင့်သည်ဟူသော အမြင်မှာ နိုင်ငံတကာ အသိုင်းအဝန်း၏ လူ့အခွင့်အရေး ရူထောင့်အမြင်ဖြစ်သည်။ တပတ်ကြာ ခရီးစဉ်အတွင်း စာရေးသူသည် မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် ကျဆင်းသွားကြောင်း ဟောပြောသည်။ မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် မည်သို့မည်ပုံကျဆင်းသွားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိအချို့၊ ကွန်ဂရက် အမတ်အချို့အား ရှင်းပြသည်။ အမေရိကန်အစိုးရ အရာရှိများနှင့် ကွန်ဂရက်အမတ်များသည် ယေဘုယျအားဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအကြောင်းကို ကောင်းကောင်းသိကြပြီး ၎င်းတို့သည် မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် ပိုမိုကန့်သတ်ခံရကြောင်း တင်ပြသည်ကို နားထောင်သောကြောင့် ကျေနပ်ရသည်။ မြန်မာနိုင်ငံတွင် မီဒီယာ လွတ်လပ်ခွင့် မြှင့်တင်ရေး သူတို့ မည်သို့ကူညီရမည်နည်းဟု မေးကြသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် တစတစ ယိုယွင်းလာသည်ကို မြင်ရသောကြောင့် အမေရိကန် အစိုးရသည် စိတ်မချမ်းမြေ့ဖြစ်ရသည်ဟု ပြောသည်။ အမေရိကန်အစိုးရအနေနဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အစိုးရအောက်တွင် ဦးစီးသည့် မြန်မာ့နိုင်ငံရေး ရှေ့သို့ တိုးတက်မှုကို မြင်လိုကြောင်း ပြောကြသည်။ သို့သော် ရိုဟင်ဂျာအကြောင်း အလွန်မေးကြသည်။ သတင်းလွတ်လပ်ခွင့် အခြေအနေအကြောင်း မိမိတို့ ပြောပြသည်ကို နားထောင်ရမည့်အစား သူပြောသည့် ရိုဟင်ဂျာအကြောင်းကိုသာ နားထောင်စေလိုပုံရသော ကွန်ဂရက် အမတ်တယောက်ကိုလည်း ဆုံရသောကြောင့် အံ့သြရသည်။ မြန်မာအစိုးရက ရိုဟင်ဂျာဟု သူတို့ကိုယ်ကိုယ် ခေါ်ပြီး မြန်မာအများစုက ဘင်္ဂလီဟုသာ ခေါ်ကြသူများကို နိုင်ငံသား ဖြစ်ခွင့်ပေးလျှင် ၎င်းတို့၏ ပြဿနာများ အားလုံးကို ဖြေရှင်းနိုင်မည်ဟု သူ ထင်နေသည်။ ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ ဒုက္ခသည်စခန်းတခုတွင် စာရေးသူ ကြုံတွေ့ရသည့်ဖြစ်ရပ်တခုကို သူ့ကို ပြောပြသည်။ နိုင်ငံသား မှတ်ပုံတင် ရရှိပြီးသော်လည်း စခန်းမှ အပြင်သို့ ထွက်ခွင့်မရသူများ ထိုစခန်းတွင် ရှိသည်။ ၎င်းတို့ မည်သို့သော ကတ်များ ပိုင်ဆိုင်သည်ဆိုသည့်အချက်မှာ အရေးမပါပေ။ ထိုထက် ပိုမိုအရေးပါသည်မှာ ၎င်းတို့တွင် ခရီးသွားခွင့်၊ အလုပ်လုပ်ခွင့်ရှိရေးဖြစ်သည်ဟု စာရေးသူက သူ့ကို ရှင်းပြသည်။ စာရေးသူတို့သည် ရိုဟင်ဂျာအကြောင်း မိနစ် ၄၀ ခန့်ပြောပြီးသော်လည်း မီဒီယာ လွတ်လပ်ခွင့်အကြောင်း သူ့ကိုပြောရန် အခွင့်အလမ်း မရခဲ့ပါ။ မြန်မာ့တပ်မတော်က ရိုဟင်ဂျာခေါ် ဘင်္ဂလီများအပေါ် ကျူးလွန်သော လူ့အခွင့်အရေးချိုးဖေါက်မှုများအပေါ် အမေရိကန်အစိုးရ ဌာနပေါင်းစုံ၏ မပြီးဆုံးသေးသော စုံစမ်းစစ်ဆေးမှုများ ရှိနေသည်။ ထို အမျိုးမျိုးသော အမေရိကန် အစိုးရဌာနများ၏ အကြံပြုတင်ပြချက်များအရ မြန်မာ့တပ်မတော်နှင့် မြန်မာအစိုးရ အရာရှိ တချို့ကို အရေးယူပိတ်ဆို့မည်ဟုု ဝါရှင်တန်တွင် ကြိမ်းဝါးနေကြသည်။ ရိုဟင်ဂျာပြဿနာသည် အကြီးမားဆုံး နိုင်ငံတကာ ပြဿနာများအနက် တခုဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင်မူ အခြားသော ပြဿနာများလည်း ရှိနေပြီး အထူးသဖြင့် ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်ဖြစ်ပွားလာသည်မှာ ၂ လနီးပါးရှိပြီဖြစ်သည်။ ကချင် စစ်ဘေးရှောင် ၁၅၀၀၀၀ ခန့်သည် တိုက်ပွဲများကြောင့် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးနေရသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။ ကချင်လူမျိုးစုများအပေါ် မြန်မာ့တပ်မတော်၏ လုပ်ရပ်သည်လည်း ရိုဟင်ဂျာများအပေါ် ပြုမူခဲ့သော လုပ်ရပ်များနှင့် သိပ်မကွာခြားလှပေ။ သို့သော် နိုင်ငံတကာအသိုင်းအဝန်းသည် မြန်မာ့တပ်မတော်နှင့် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများအကြား ဖြစ်ပွားနေသည့် ဆယ်စုနှစ်ခြောက်ခုကျော်ကြာ ပြည်တွင်းစစ်အကြောင်း သိပ်မသိကြပါ။ လူမျိုးစုများသည် မြန်မာ့တပ်မတော်၏ လက်တွင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖေါက်မှုများကို ခံစားကြပြီး သူတို့၏ အခြေအနေသည် ရိုဟင်ဂျာများ၏ အခြေအနေနှင့် အတူတူပင် ဖြစ်ကြောင်း နိုင်ငံတကာ အသိုင်းအဝန်းက သိစေချင်သည်။ ထိုပြဿနာနှစ်ခုကို တခုတည်းအဖြစ် ပေါင်းစည်းစဉ်းစားသုံးသပ်ရန် အချိန်ကျရောက်လာပြီဖြစ်သည်။ ရိုဟင်ဂျာများသာမက လူမျိုးစုများသည်လည်း လူ့အခွင့်အရေးချိုးဖေါက်မှု၏ ပစ်မှတ်များဖြစ်ကြသည်။ သို့သော် နိုင်ငံတကာ အသိုင်းအဝန်းသည် တခုကိုသာ ပြောဆိုနေပြီး အခြားတခုကို လျစ်လျူရရှုထားနေသည်။ (လဝီဝမ်သည် ဧရာဝတီ၏ အကြီးတန်း သတင်းထောက် ဖြစ်ပြီး ၎င်းရေးသားသော Rohingya Crisis is Just the Tip of a Dark Iceberg ကို ဘာသာပြန်ဆိုသည်) The post ရခိုင်မြောက်ပိုင်းအရေးသည် မြန်မာ့ပြဿနာ၏ အဖျားအနားသာ ဖြစ်သည် appeared first on ဧရာဝတီ.
Source : https://ift.tt/2sjiiRU
via IFTTT


ယခုနှစ်၊ ပထမ ၃ လ ပတ်အတွင်း ကမ္ဘာ့စမတ်ဖုန်း ရောင်းချရမှုမှာ ဦးဆောင်နေတဲ့ Samsung တောင်ကိုရီးယား အခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Samsung ဟာ ယခု ၂၀၁၈ ခုနှစ်ရဲ့ ပထမ ၃ လ ပတ်အတွင်း ကမ္ဘာတလွှား စမတ်ဖုန်းရောင်းချရမှု စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့ ပထမ ၃ လပတ်အတွင်း ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ဝေစုမှာ Samsung က ၂၀ ဒဿမ ၅ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပြီး၊ ဒုတိယနေရာမှာ Apple က ၁၄ ဒဿမ ၁ ရာခိုင်နှုန်း၊ တတိယနေရမှာ Huawei က ၁၀ ဒဿမ ၅ ရာခိုင်နှုန်း ရှိနေပါတယ်။ စတုတ္ထနေရာမှာ Xiaomi က ၇ ဒဿမ ၄ ရာခိုင်နှုန်းနဲ့ Oppo ကတော့ ၇ ဒဿမ ၃ ရာခိုင်နှုန်းနဲ့ ပဉ္စမနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။ Samsung ဟာ ၂၀၁၈ ခုနှစ်၊ ပထမ ၃ လပတ်မှာ ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ဝေစုကို ၂၀ ဒဿမ ၅ ရာခိုင်နှုန်း သိမ်းပိုက် ကြီးစိုးထားနိုင်ပေမယ့်၊ ၂၀၁၇ ခုနှစ်အတွင်းက ပထမ ၃ လပတ်မှာ ဈေးကွက်ဝေစု ၂၀ ဒဿမ ၈ ရာခိုင်နှုန်းအထိ သိမ်းပိုက်နိုင်ခဲ့တာကြောင့် Samsung ရဲ့ ရောင်းအားဟာ မနှစ်ကထက်စာရင် အနည်းငယ် လျော့ကျသွားတယ်လို့ ဆိုနိုင်ပါတယ်။ ယခု ဈေးကွက် အချက်အလက်တွေကို နာမည်ကြီး အမေရိကန်အခြေစိုက် ဈေးကွက်လေ့လာရေးနဲ့ အကြံပေးကုမ္ပဏီ Gartner, Inc. က ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပါတယ်။ Gartner ရဲ့ သတင်းထုတ်ပြန်ချက်အရ ယခုနှစ်အတွင်း ကမ္ဘာတလွှား စမတ်ဖုန်း ရောင်းချရမှု အရေအတွက် ပိုတိုးတက်များပြားလာပြီး၊ ၂၀၁၇ ပထမ ၃ လပတ်ထက်စာရင် ၁ ဒဿမ ၃ ရာခိုင်နှုန်း တိုးတက်မှုရှိလာတာ တွေ့ရတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်၊ ပထမ ၃ လပတ်အတွင်းမှာတင် တကမ္ဘာလုံးမှာ စမတ်ဖုန်းအလုံးရေ ၃၈၄ သန်းကျော် ရောင်းချခဲ့ရပြီး၊ မိုဘိုင်းဖုန်း ရောင်းချရမှု စုစုပေါင်းရဲ့ ၈၄ ရာခိုင်နှုန်းလောက်က စမတ်ဖုန်းတွေ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။ စမတ်ဖုန်း ရောင်းချရမှုမှာ တိုးတက်မှုအရှိဆုံး ကုမ္ပဏီကတော့ Xiaomi ဖြစ်ပြီး၊ မနှစ်ကထက် စမတ်ဖုန်းရောင်းချရမှု ၁၂၄ ရာခိုင်နှုန်း အထိ ပိုများလာကြောင်း အဆိုပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ “ပရီမီယမ်နဲ့ မော်ဒယ်မြင့် စမတ်ဖုန်းတွေကတော့ တနှစ်ထက် တနှစ် မော်ဒယ်သစ်တွေကြားမှာ ပြောပလောက်အောက် အဆင့်မြင့်သွားတာမျိုး မရှိတဲ့အတွက် ဝယ်လိုအား ဆက်လက် ကျဆင်းနေဆဲပါပဲ။ အမေရိကန် ဒေါ်လာ ၁၀၀ အောက် တန်ဖိုးနည်း စမတ်ဖုန်းတွေနဲ့ ဒေါ်လာ ၁၅၀ အောက် မော်ဒယ်နိမ့်စမတ်ဖုန်းတွေကတော့ အရည်အသွေး ပိုကောင်းတဲ့ မော်ဒယ်တွေ ထွက်လာတာကြောင့် ဝယ်လိုအားတွေ ပိုမြင့်တက်လာပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Ref: Gadgets 360, Gartner The post ယခုနှစ်၊ ပထမ ၃ လ ပတ်အတွင်း ကမ္ဘာ့စမတ်ဖုန်း ရောင်းချရမှုမှာ ဦးဆောင်နေတဲ့ Samsung appeared first on ဧရာဝတီ.
Source : https://ift.tt/2GZjXR7
via IFTTT

Tuesday, May 29, 2018


သမ္မတ ညွှန်ကြားပါက စစ်ဆင်ရေးများ ရပ်ပေးရန် အသင့်ရှိဟု တပ်မတော် ပြော ကချင်ပြည်နယ်တွင်း စစ်ဆင်ရေး လုပ်ငန်းများကို ရပ်တန့်ပေးရန် သမ္မတ ဦးဝင်းမြင့်က ဥပဒေနှင့်အညီ ညွှန်ကြား လာပါ က တပ်မတော် အနေနှင့် လိုက်နာရန် အသင့်ရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး က ပြောသည်။ ယနေ့ နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ကျင်းပသည့် အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ ၁ နှစ်တာ ကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ကာကွယ်ရေး ဝန်ကြီးဌာန၏ ရှင်းလင်းရန် အလှည့်ကျချိန်တွင် ကာကွယ် ရေး ဝန်ကြီးဌာနက ဧရာဝတီ သတင်းဌာန၏ မေးခွန်းကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်သည် ၎င်း၏ အစိုးရလက်ထက်တွင် ကချင်ပြည်နယ်ရှိ တပ်မတော်၏ ထိုးစစ်များကို ရပ်တန့်ပေးရန် အမိန့်ပေးခဲ့ရာ တပ်မတော်က လိုက်နာခဲ့ပြီး လက်ရှိအစိုးရ၏ သမ္မတဖြစ်သူက တပ်မတော်ကို ထိုကဲ့သို့ အမိန့်ပေးလာ ပါ က လိုက်နာနိုင်ခြင်း ရှိ၊ မရှိ ကို ဧရာဝတီ သတင်းဌာနက မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။ ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး က“ကျနော်တို့ တပ်မတော် အနေနဲ့ကတော့ နိုင်ငံတော်ရဲ့ ဦးဆောင်မှု အောက်မှာပဲ ရှိပါ တယ်။ နိုင်ငံတော် သမ္မတက ဒီနိုင်ငံရဲ့ အကြီးအကဲ ဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ အကြီးအကဲဖြစ်လို့ သူကနေပြီးတော့ တရား ဥပဒေနဲ့ ညီညွှတ်တဲ့ အမိန့် ပေးလာခဲ့မယ်ဆိုရင် ကျနော်တို့ လိုက်နာ ဆောင်ရွက်ဖို့ အသင့်ပါပဲ။ ဘာမှ မလိုက်နာနိုင် စရာ အကြောင်း မရှိပါဘူး”ဟု ပြောသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေနှင့်လည်း ၎င်းတို့သည် လက်ရှိ ပေးထားသည့် နေရာများတွင် နေပါက မည်သည့် ပြဿနာမှ ပေါ်ပေါက်လာစရာ အကြောင်းမရှိဘဲ တပ်မတော်၏ အုပ်ချုပ်မှု တပ်များ၊ တပ်ရင်း ဌာနချုပ်များ ကို ဝင်ရောက် တိုက်ခိုက်လာသဖြင့် ပြဿနာများ ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်းလည်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုသည်။ “ပြည်ထောင်စု လမ်းမကြီးပေါ် တက်ပြီးတော့ကို ဆက်ကြေး ကောက်တယ်။ လူသတ်တယ်။ ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်တယ်။ ပြီးတဲ့ အခါမှာ မိုင်းထောင် ဖောက်ခွဲမှုတွေ၊ ဖျက်ဆီးမှုတွေ လုပ်တယ် ဆိုလို့ရှိရင်တော့ ကျနော်တို့တွေရဲ့ အုပ်ချုပ်မှု ယန္တရားတွေပေါ့နော်။ အစိုးရရဲ့ ယန္တရားတွေ အများကြီး ဒုက္ခရောက်သွားနိုင်တဲ့ အတွက်ကြောင့် ပြန်လည် ပြီးတော့ တုံ့ပြန်ရခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး က ပြောဆိုသည်။ တပ်မတော်၏ သဘောထားကို သမ္မတရုံးသို့ အတည်ပြုနိုင်ရန် ပြောခွင့်ရ ပုဂ္ဂိုလ်ထံ ဧရာဝတီက ဆက်သွယ်ခဲ့သော် လည်း မအားသေးကြောင်း နောက်ပိုင်းမှ ပြန်လည် ခေါ်ဆိုရန် Message ဖြင့် အကြောင်းပြန်ခဲ့သည်။ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင်ပြည်နယ် တနိုင်းမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦး ကမူ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းနိုင်ရန် ၂ ဖက်စလုံးမှ တိုက်ပွဲများ ရပ်တန့်ရမည် ဖြစ်ပြီး စစ်ရေး နည်းလမ်းဖြင့် ဖြေရှင်း ခြင်းသည် ကောင်းမွန်သော လက္ခဏာ မဟုတ်ကြောင်း၊ တိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက် များ ကို အဓိက တာဝန်ခံရသည်မှာ အစိုးရဖြစ်၍ လက်ရှိ တိုက်ပွဲများကြောင့် ဆက်လက် ညှိနှိုင်းမှုများတွင်လည်း အခက်အခဲ ရှိနိုင်ကြောင်း ပြောသည်။ “ဘယ်ကိစ္စမဆို စစ်ရေး နည်းလမ်းနဲ့ မဖြေရှင်းစေချင်ဘူး။ အစိုးရအနေနဲ့လည်း တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တစုံတရာ ကြားဝင်ဆောင် ရွက်ပေးသင့်တယ်။ မဟုတ်ရင် ကြီးမားတဲ့ ပြဿနာတွေ ဖြစ်မယ်။ အဲဒီ အကျိုးဆက်ကလည်း နောက် ဆုံး အစိုးရ အပေါ်မှာပဲ တာဝန်ကျမှာပဲ။ ပြောရရင် စစ်ရှောင် ဒုက္ခသည် ပြဿနာတွေပေါ့”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ကိုယ်စားလှယ်လည်း ဖြစ်သည့် ဦးလင်းလင်းဦးက ပြောဆိုသည်။ တပ်မတော်အနေနှင့် တိုင်းရင်းသား ဒေသများသို့ ထိုးစစ်များ ရပ်တန့်ပေးရန် ရန်ကုန်မြို့တွင် လူမှုအဖွဲ့အစည်းများ၏ ဆန္ဒ ထုတ်ဖော်မှု များသည်လည်း အင်အားသုံး ဖြိုခွင်းခံခဲ့ရပြီး တိုက်ပွဲများ ရပ်တန့်ရေး ဆန္ဒပြသူ များသည်လည်း ဥပဒေ ပုဒ်မ အမျိုးမျိုးဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံရမှုများလည်း ရှိနေသည်။ လက်ရှိတွင် တိုင်းပြည်ကို ဒီမိုကရေစီ အစိုးရတရပ်က ဦးဆောင်နေပြီး အစိုးရ၊ လွှတ်တော်များ ပေါ်နေပြီ ဖြစ်သလို တချို့အဖွဲ့များမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပင် ရထားပြီး ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် မိမိလိုချင်သည့် အရာကို ဒီမိုကရေ စီစနစ်တွင် တောင်းဆို လုပ်ကိုင်ပိုင်ခွင့်ရှိကြောင်း တပ်မတော်က ပြောသည်။ “ဒီလက်နက်ကိုင်ပြီးတော့ ရရှိနေတဲ့ မိမိရဲ့ အခွင့်အရေးတွေကို မစွန့်လွှတ်ချင်ဘူး။ လက်နက်ကိုင်ပြီးတော့ ဒီဟာကို ထိန်းသိမ်းပြီး ဆောင်ရွက်နေမယ်ဆိုရင်တော့ ဘယ်နည်းနဲ့မှ ငြိမ်းချမ်းပြီးတော့ သွားနိုင်မယ့်အကြောင်း မရှိပါဘူး။ ဒါကြောင့် ဒီ NCA (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်) လမ်းကြောင်းအတိုင်း သွားမှသာလျှင် ငြိမ်းချမ်း ရေး ရရှိမယ် ဆိုတဲ့ အကြောင်း ပြန်လည် ဖြေကြားလိုပါတယ်”ဟု ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး က ပြောဆိုသွားသည်။ The post သမ္မတ ညွှန်ကြားပါက စစ်ဆင်ရေးများ ရပ်ပေးရန် အသင့်ရှိဟု တပ်မတော် ပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2IX6Dyu
via IFTTT