ရန်ကုန် -မန္တလေး အမြန်လမ်း မိုင်တိုင်၂၅၂ အနီး စက်တင်ဘာလ ၁ဝ ရက် ညနေ ၅ နာရီကျော်က Toyota Wish အမျိုးအစား အိမ်စီးကား တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဥ်မောင်း အပါအဝင် လိုက်ပါလာသူ ကိုးဦးအနက် သုံးဦး သေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သီးကုန်း အမြန်လမ်း ကြက်ခြေနီ စခန်းမှ စုံစမ်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီ ၁ဝ မိနစ်ခန့်က အသက် ၃၈ နှစ်အရွယ် ဦးမောင်သီဆိုသူ မောင်းနှင်သည့် Toyota Wish အမျိုးအစား မော်တော်ယာဥ်သည် မန္တလေးဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာစဥ် အမြန်လမ်းမိုင်တိုင် ၂၅၂ အနီး အရှိန်လွန် တိမ်းမှောက်ကာ လမ်းဘေး ထိုးကျခဲ့သည့်အတွက် အသက် ၃၁ နှစ်အရွယ် ဒေါ်သီတာလှိုင်၊ အသက် ၅၉ နှစ်အရွယ် ဒေါ်အုန်းခင်နှင့် ယာဥ်မောင်းဖြစ်သူတို့ သေဆုံးကာ ကျား၊ မ စုစုပေါင်း ငါးဦးကို မိတ္ထီလာ ဆေးရုံကြီးသို့ တင်ပို့ကုသ ထားကြောင်း ပေပင်လေး အမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ ယာဥ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး ယာဥ်မောင်း ဦးမောင်သီ (သေဆုံး) ကို ပေပင်လေး အမြန်လမ်း ရဲတပ်ဖွဲ့စခန်းက ယာဥ် ( ပ )၅၃/၂ဝ၁၆၊ ပြစ်မှုပုဒ်မ ၃ဝ၄-က ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့် လှစ်ထားကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
Source : http://goo.gl/TdeTXo
via IFTTT
No comments:
Post a Comment