ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၉ သောင်းကျော်ကို သုံးလ အတွင်း ဖန်တီးပေးနိုင်ခဲ့ ရန်ကုန် ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) အစိုးရသစ် လက်ထက် ဇွန် ၊ ဇူလိုင် ၊ ဩဂုတ် ၃ လတာ ကာလအတွင်း ပြည်တွင်း ၊ ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၉၄၇၉၈ အား အလုပ်သမား ၊ အလုပ်အကိုင် နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ရှာဖွေ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၀န်ကြီးဌာန၏ တရား၀င် ထုတ်ပြန်ချက်များ အရ သိရသည်။ ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမှု အခြေအနေမှာ ဇွန်လတွင် ပြည်တွင်း အလုပ် ရရှိမှု ၁၇၉၀၁ နေရာ ၊ ပြည်ပ အလုပ် ရရှိမှု ၁၄၈၃၄ ဦး ၊ ဇူလိုင်လတွင် ပြည်တွင်း အလုပ် ရရှိမှု ၁၄၇၂၀ နေရာ ၊ ပြည်ပ အလုပ်ရရှိမှု ၁၄၂၄၄ ဦး ၊ ဩဂုတ်လတွင် ပြည်တွင်း အလုပ် ရရှိမှု ၁၈၈၃၂ နေရာ ၊ ပြည်ပ အလုပ် ရရှိမှု ၁၄၂၆၇ ဦး ရှိခဲ့ကြောင်း သိရသည်။ ယခုနှစ်အတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်နေပြီး သင့်တော် ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမား လုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး (LEO) များတွင် Labour Exchange Management System စနစ်ဖြင့် Online မှ တဆင့် ဆောင်ရွက်ပေးခြင်း တို့အား လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး နှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေး အတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး အတွက် ပြည်ပသို့ တရားဝင် စေလွှတ်ခြင်း နှင့် ပြည်တွင်း အလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
Source : http://ift.tt/2ckIBOO
via IFTTT
No comments:
Post a Comment