ပြည်သူပိုင်လမ်းပေါ်ရောက်နေသည့် ဆူးလေရှန်ဂရီလာဟိုတယ်ရှေ့ ကားပါကင်ကို ဖယ်ရှား =============================================== ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ညွှန်ကြားချက်အရ ဆူးလေရှန်ဂရီလာ ဟိုတယ်ရှေ့ မျက်နှာစာရှိ ကားပါးကင် နေရာကို စတင် ဖယ်ရှားနေပြီ ဖြစ်သည်။ ဆူးလေရှန်ဂရီလာ ဟိုတယ်သည် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာကို ပုဂ္ဂလိပိုင် နေရာအဖြစ် အသုံးပြုထားသည့်အတွက် ဖယ်ရှားပေးရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ နေရာတွင် လူသွားလမ်းနှင့် နှစ်လမ်းသွားလမ်းကို တစ်လအတွင်း အပြီးသတ် တည်ဆောက် သွားမည်ဟု အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) တာဝန်ရှိသူက ပြောသည်။
Source : http://ift.tt/2ctn07v
via IFTTT
No comments:
Post a Comment