Monday, September 12, 2016


ဆွမ်ဆီးနဲ့ပွဲတွင် ရခဲ့သည့် ဒဏ်ရာကြောင့် လီဗာပူးလ်နှင့်ပွဲတွင် တယ်ရီ ပါဝင်ရန် မသေချာ ချယ်လ်ဆီးအသင်း ခေါင်းဆောင် ဂျွန်တယ်ရီမှာ ဆွမ်ဆီးအသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်တွင် ရရှိခဲ့သော ခြေကျင်းဝတ်ဒဏ်ရာကြောင့် လာမည့် တစ်ပတ်တွင် ကစားရမည့် လီဗာပူးလ်အသင်းနှင့် ပွဲစဉ်ကို လွဲချော်ရဖွယ် ရှိနေသည်။ အသက် ၃၅ နှစ်အရွယ် နောက်ခံလူ အနေဖြင့် ပွဲပြီးခါနီးတွင် ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ရပြီး ၎င်း၏ ဒဏ်ရာအခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ် မပြောနိုင်သေးကြောင်း နည်းပြ ကွန်တီက ဆိုလိုက်သည်။ “သူ့ရဲ့ဒဏ်ရာအခြေအနေ ဘယ်လိုရှိတယ်ဆိုတာ ကျွန်တော် အသေးစိတ် မပြောနိုင်သေးပါဘူး။ တယ်ရီဟာ အရမ်းစိုးရိမ်တတ်တဲ့သူပါ။ အခုလည်း သူ့ဒဏ်ရာနဲ့ ပတ်သက်ပြီး စိုးရိမ်နေလိမ့်မယ် ဆိုတာ ကျွန်တော် လောင်းရဲပါတယ်” ဟု ချယ်လ်ဆီး အသင်း နည်းပြ ကွန်တီက ဆိုလိုက်သည်။ နောက်ဆုံးရရှိသည့် သတင်းများအရမူ တယ်ရီ၏ ဒဏ်ရာမှာ စိုးရိမ်စရာ မရှိသော်လည်း ရက်သတ္တ တစ်ပတ်ခန့် အနားယူရဖွယ် ရှိနေသည်ဟု သိရသည်။ ချယ်လ်ဆီးနည်းပြ ကွန်တီအနေဖြင့် ဂျွန်တယ်ရီ မကစားနိုင်သေးသည့် အချိန်များတွင် ဒေးဗစ်လူးဝစ္စကို အသုံးပြုသွားဖွယ် ရှိနေပြီး ပေါင် ၃၂ သန်းဖြင့် ပြန်လည်ခေါ်ယူထားသည့် လူးဝစ္စမှာ ချယ်လ်ဆီးအတွက် ပွဲထွက်ကစားရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ Ref: TheSun
Source : http://goo.gl/N9jP64
via IFTTT

No comments:

Post a Comment