Saturday, September 10, 2016

အိန္ဒိယ ဆေးရုံတစ်ခုတွင် ဆရာဝန်က လူနာကို မုဒိမ်းကျင့်မှုဖြစ်ပွား

အိန္ဒိယ နိုင်ငံတွင် လူနာအမျိုးသမီးကို မုဒိမ်းကျင့်ကြောင်း စွပ်စွဲမှုဖြင့် ဆရာဝန် တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ ဂူဂျာရတ် ပြည်နယ်တွင် အဆိုပါ ဆရာဝန်သည် အသက် ၂၁ နှစ်အရွယ် သွေးလွန်တုပ်ကွေး ဝေဒနာရှင် အမျိုးသမီး တစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကား တိုက်ခိုက်ခဲ့ခြင်းဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန် အခင်းဖြစ်ပွားချိန်က အဆိုပါ လူနာအမျိုးသမီးသည် လူအဝင်အထွက် နည်းပါးသည့် အထူးကြပ်မတ် ကုသဆောင်ထဲတွင် ရှိနေခဲ့ရာ ယင်းအခြေအနေကို ဆရာဝန်ဖြစ်သူက အမြတ်ထုတ်ခဲ့သည်ဟု ဆိုသည်။ ဆရာဝန်၏ ရာဇဝတ်မှုကို အလိုတူအလိုပါ ကူညီအားပေးမှုဖြင့် အမ်မာဘာဒက်မြို့ရှိ အေပိုလို ဆေးရုံမှ ဝန်ထမ်းတစ်ဦးကိုလည်း စွဲချက်တင်ထားလိုက်ပြီ ဖြစ်သည်။ ရဲများက ဆရာဝန်သည် လူနာအမျိုးသမီးကို ဆေးပြင်းများ တိုက်ကျွေးပြီး အသိမဲ့ မေ့မြောနေချိန်တွင် မုဒိမ်းကျင့်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။ အေပိုလိုဆေးရုံ အုပ်ချုပ်မှုအဖွဲ့က ယခု ဖြစ်ရပ်အတွက် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများကို အပြည့်အဝ ပူးပေါင်း ကူညီသွားမည်ဟု ကြေညာသည်။ “စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲ အတောအတွင်းမှာတော့ ဖြစ်ရပ်အပေါ် ဘာမှ မှတ်ချက်မပေးလိုသေးပါဘူး”ဟု ဆေးရုံ၏ ပြောရေးဆိုခွင့်ရ အရာရှိ ဆန်ဒိပ်ဂျိုရှီက ပြောကြားခဲ့သည်။ မုဒိမ်းမှု ကျူးလွန်သည့် ဆရာဝန်သည် ပါကစ္စတန် နိုင်ငံသား တစ်ဦးဖြစ်ပြီး ယမန်နှစ်မှစ၍ အိန္ဒိယတွင် သက်တမ်းရှည် ဗီဇာဖြင့် လာရောက် အလုပ်လုပ်နေခြင်းဟု သိရသည်။ ၂၀၁၂ က ကျောင်းသူ မိန်းကလေးငယ် တစ်ဦးကို ရက်စက်ယုတ်မာစွာ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတစ်ခု ကမာ္ဘသိ ပေါ်ပေါက်လာပြီးနောက် အိန္ဒိယ အမျိုးသမီးများအပေါ် မုဒိမ်းကျင့်မှုများ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှုများ ထူပြောခြင်းကို နိုင်ငံတကာက ပိုမို အာရုံစိုက်မိလာသည်။ အိန္ဒိယ အစိုးရသည် မုဒိမ်းမှု တိုက်ဖျက်ရေး ဦးတည်ချက်ဖြင့် ဥပဒေသစ်များ သတ်မှတ် ထုတ်ပြန်ခဲ့သော်လည်း နိုင်ငံတစ်ဝန်းတွင် အမျိုးသမီးများနှင့် ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှုများ အရှိန်ကောင်းကောင်း ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်သည်။
Source : http://ift.tt/2c1epuy
via IFTTT

No comments:

Post a Comment