ကျိုက်ထီးရိုးဘုရားက ဥပေဒမဲ့ဆောက်လုပ်ထားတဲ့ ဟိုတယ်ခန်း ၁၀၀ ကျော်နဲ့ ကန်ထရိုက်စနစ်နဲ့ အလှူခံတာတွေကို ဖျက်သိမ်းပစ်မယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု၀န်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။ မြန်မာပြည်တဝှမ်းက ရဟန်းရှင်လူပြည်သူ အပေါင်းဟာ တည်းခိုခန်းခ မြင့်မားစွာ ပေးဆောင်ရ ခြင်း၊ အခကြေးငွေ မတတ်နိုင်သောသူများဟာ ဘုရားရင်ပြင်ပေါ်မှာ ကျန်းမာရေး အထိခိုက်ခံပြီး ဖြစ်သလို အိပ်စက် နားခိုရခြင်း၊ အလှူခံ ဌာနများကလည်း အတင်းအဓမ္မ အလှူခံခြင်း၊ ကျိန်စာတိုက် အလှူခံခြင်း တို့ကြောင့် ဘုရားဖူးလာရောက်သူများ စိတ်နှလုံးချမ်းမြေ့စွာ ဘုရားကို ကြည်ညို သဒ္ဒါပွားနိုင်မှုမရှိခြင်းများကို ကြုံတွေ့နေရလို့ သာသနာရေး ဌာနအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း ၈ ချက်ကို လုပ်ဆောင်သွားမယ်လို့ သတင်းထဲ ဖော်ပြပါတယ်။ ပထမဆုံး ကျိုက်ထီးရိုးရင်ပြင်ပေါ်မှာ လုပ်ငန်းရှင်တွေက တည်းခိုခန်း လုပ်ထားတဲ့ အများပြည်သူ တည်းခိုဖို့လုပ်ထားတဲ့ ဓမ္မာရုံတွေကို အများပြည်သူ တည်းနိုင်အောင် ပြုပြင်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ရိုးရိုးလေးကုမ္ပဏီက ဥပဒေမဲ့ တည်ဆောက်ထားတဲ့ ဟိုတယ်ခန်း ၁၀၆ ခန်းကို ခေတ်မီ နည်းပညာသုံးပြီး ဖျက်ပစ်မှာ ဖြစ်ပါတယ်။ တခါ စေတီတော် ရင်ပြင်၊ ရသေ့တောင်၊ ကင်ပွန်းစခန်း၊ ရေမြောင်ကြီး၊ ကျီးကန်းပါးစပ်နှင့် အခြား အလှူခံ ဌာနများအား ကန်ထရိုက်ပေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဖျက်သိမ်းပစ်မှာ ဖြစ်ပါတယ်။ ရွှေသင်္ကန်းကပ်တဲ့အခါ အရည်အသွေးမီီမီ ကပ်နိုင်ရန် သာသနာရေးဌာနက ကြီးကြပ်စီမံ သွားမယ်။ အခု အခါ ယာယီဂေါပကတရပ်ဖွဲ့ထားပြီး လုပ်ဆောင်နေတယ်။ ဂေါပကအဖွဲ့ စည်းမျဉ်း မူကြမ်းကို ရှေ့နေချုပ်ရုံးကို ပို့ထားပြီး အဲ့ဒီ မူကြမ်း အတည်ဖြစ်ရင် ဂေါကပအဖွဲ့သစ် ဖွဲ့စည်းသွားမှာလည်း ဖြစ်ပါတယ်။ ကျိုက်ထီးရိုး ဘုရားပေါ်မှာ ဥပဒေမဲ့ လုပ်ဆောင်ထားတာတွေ အားလုံးကို ဥပဒေနဲ့အညီ ပြုပြင် လုပ်ဆောင်သွားမှာဖြစ်ပြီး မလိုက်နာတဲ့ လုပ်ငန်းရှင်တွေကို ဥပဒေနဲ့အညီ အရေးယူမယ်လို့ လည်း သာသနာရေး၀န်ကြီးဌာနက စက်တင်ဘာ ၁၂ရက် ရက်စွဲနဲ့ အသိပေးထားပါတယ်။
Source : http://ift.tt/2cSrKFD
via IFTTT
No comments:
Post a Comment