Monday, September 12, 2016

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အား Facebook တွင် ဝေဖန်ရေးသားခဲ့သည့် မန္တလေးနေ့စဉ်သတင်းစာမှ သတ

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား Facebook စာမျက်နှာထက်တွင် ဝေဖန်ရေးသားခဲ့သည့် မန္တလေးနေ့စဥ်သတင်းစာမှ သတင်းထောက် စက်တင်ဘာ ၆ ရက်က ရာထူးမှ ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရလက်အောက်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ နေ့စဥ်ထုတ်ဝေလျက်ရှိသည့် မန္တလေးနေ့စဥ်သတင်းစာမှ သတင်းထောက် ဦးအောင်မြင့်မြတ်အား သတင်းထောက်တစ်ဦး လိုက်နာရမည့် သတင်းထောက်ကျင့်ဝတ်နှင့် ဝန်ထမ်းတစ်ဦး လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကို လေးစားလိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းတို့ကြောင့် စက်တင်ဘာ ၆ ရက်မှ စတင်ကာ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်စာ၌ လက်မှတ်ရေးထိုး၍ ထုတ်ပြန်ထားသည့်စာအရ သိရသည်။ ဖြစ်စဥ်မှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြင်ဦးလွင်မြို့ရှိ စာသင်ကျောင်း အခမ်းအနားတစ်ခု၌ 'ဇာတိမာန်' သီချင်းနှင့် ပတ်သက်၍ပြောဆိုခဲ့မှုကို အဆိုပါသတင်းထောက်က ၎င်း၏ Facebook စာမျက်နှာထက်တွင် ဝေဖန်ရေးသားမှုများ ပြုလုပ်ခဲ့သည်။ ၎င်းသည် Khaing Zaw အမည်ရှိ Facebook တွင်ရေးသားထားသည့် ဦးဇော်မြင့်မောင် ဘာလဲဆိုသည့် Post အား Share ပြုလုပ်ကာ “ခင်ဗျား သမီးနှစ်ယောက်ရှိရင် တစ်ယောက်ကို တရုတ်နဲ့ တစ်ယောက်ကို အိန္ဒိယနဲ့ပေးစားလိုက် ဒါဆို ဇာတိမာန်သီချင်း မဆိုတော့ဘူး။ အဲဒါ ကမ္ဘာပြုတာပဲသိလား ပင်နီဝတ် ဝန်ကြီးချုပ် ဇော်မြင့်မောင်ရေ” ဟူ၍ ရေးသားခဲ့ခြင်းဖြစ်သည်။ “ကျွန်တော့်ကို ဒီလို အလုပ်ကနေ ထုတ်ပစ်တယ်ဆိုတာအထိ အရေးယူမှု ပြုလုပ်လာမယ်လို့ ထင်မထားခဲ့ဘူး။ ခေါ်ယူသတိပေး ဆုံးမတာလောက်ပဲ လုပ်လိမ့်မယ်လို့ထင်ထားခဲ့တာ။ ကျွန်တော့်ရဲ့ သတင်းစာမျက်နှာပေါ်မှာ ပြစ်မှုကျူးလွန်ခဲ့တာမျိုး လုပ်ခဲ့တာမဟုတ်ဘူး။ သတင်းကျင့်ဝတ်အပေါ်မှာလည်း ဖောက်ဖျက်ခဲ့တာ မရှိဘူး။ ဇာတိမာန်သီချင်းနဲ့ ပတ်သက်ပြီး ကျွန်တော်ဗွီဒီယိုဖိုင်တစ်ခု နားထောင်ရတယ်။ စိတ်ခံစားချက်နဲ့ တင်ခဲ့မိတယ်။ ဒါကိုလည်း ကျွန်တော်နောက်ရက်မှာ ပြန်ဖြုတ်ချပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်နဲ့ ရင်းနှီးပတ်သက်တဲ့သူတွေက ကျွန်တော့်ကိုစုံစမ်းတယ်။ နာမည်အရင်းတွေပါ စုံစမ်းတယ်ပေါ့။ အဲဒီနောက်ပိုင်းမှာ အခုလိုကိစ္စတွေ ဖြစ်လာတယ်လို့ ထင်ပါတယ်” ဟု မန္တလေးနေ့စဥ်သတင်းစာမှ ထုတ်ပယ်ခံခဲ့ရသည့် ကိုအောင်မြင့်မြတ် (ခ)ကိုရွှေမန်းက ပြောကြားသည်။
Source : http://ift.tt/2cleDuG
via IFTTT

No comments:

Post a Comment