iPhone 7 စတင် ရောင်းချရန် ၅ ရက်ခန့် အလိုမှာပင် ကြိုတင်တန်းစီ စောင့်ဆိုင်းသူများရှိ iPhone 7 ကို စတင် ရောင်းချဖို့ ၅ ရက်လောက်် အလိုကတည်းက ထုံးစံအတိုင်း ကြိုတင်တန်းစီ စောင့်ဆိုင်းနေတဲ့ သူတွေကို နယူးယောက်နဲ့ ဘာလင်မြို့တို့က Apple စတိုးတွေမှာ တွေ့နေရပါပြီ။ အဲဒီိလို တန်းစီ စောင့်ဆိုင်းသူတွေဟာ ထိုင်ခုံတွေ၊ အခင်းတွေ၊ ရွက်ဖျင်တဲတွေနဲ့ လာရောက် တန်းစီနေကြတာ ဖြစ်ပြီး ခရီး တစ်ခု ထွက်သလို လိုအပ်တဲ့ပစ္စည်း အစုံအလင်နဲ့ တန်းစီစောင့်ဆိုင်း နေကြတာပါ။ အဲဒီလို တန်းစီစောင့်ဆိုင်း နေတဲ့သူတွေ အနားမှာ အခကြေးငွေ ယူပြီး နေရာ ဦးပေးထားမယ့် သူတွေကိုလည်း တွေ့မြင် နေရပါသေးတယ်။ ဝယ်ယူဖို့အတွက် ကြိုတင် တန်းစီနေတဲ့ သူတွေထဲက အချို့ အချိန်ပြည့် ကိုယ့်နေရာမှာ မနေနိုင်တဲ့အတွက် ကိုယ့်နေရာကို ဦးပေးထားဖို့ တခြားသူ တစ်ဦးကို အခကြေးငွေနဲ့ ငှားရမ်းတဲ့ ဈေးကွက်ကလည်း အရင်နှစ်တွေကတည်းက ဖြစ်ပေါ်နခဲ့တာပါ။ ဖုန်း တစ်လုံး ဝယ်ခွင့်ရဖို့ ဒီလောက် ဒုက္ခခံတဲ့ လူတွေဟာ တစ်ချို့လူတွေရဲ့ အမြင်မှာ ရူးကြောင်ကြောင် ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ Apple ထုတ်ကုန်တွေကို ရူးသွပ်သူတွေ ကြားမှာတော့ ဒါဟာ နှစ်စဉ် ကြုံတွေ့နေကျ အဖြစ်အပျက် တစ်ခုတောင် ဖြစ်လို့ နေပါပြီ။ Ref : Daily Mail
Source : https://goo.gl/M0yqhG
via IFTTT
No comments:
Post a Comment