Tuesday, October 4, 2016


ဆွဲဆောင်မှု အရှိဆုံး ဘောလုံး ဒိုင်လူကြီး ရုရှားနိုင်ငံရဲ့ အပျော်တမ်း လိဂ်ပြိုင်ပွဲတွေမှာ တာဝန်ယူနေတဲ့ ဒိုင်လူကြီး ကော့စ်ဂျူနီနာဟာ ဆွဲဆောင်မှု အရှိဆုံး ဘောလုံး ဒိုင်လူကြီး တစ်ယောက်အဖြစ် သတ်မှတ်ခြင်း ခံနေရပါတယ်။ အသက် ၂၁ နှစ်အရွယ်သာ ရှိသေးတဲ့ အမျိုးသမီး ကွင်းလယ်ဒိုင်ဟာ အင်စတာဂရမ် အကောင့်မှာ တင်ခဲ့တဲ့ သူမရဲ့ ဓာတ်ပုံတွေကြောင့် တစ်စထက်တစ်စ လူသိ များလာခဲ့တာပါ။ အင်စတာဂရမ် ပရိသတ် ၆၀၀၀ နီးပါး ရှိပြီဖြစ်တဲ့ ကော့စ်ဂျူနီနာက ရုရှား ဘောလုံးအဖွဲ့ချုပ်က ပြုလုပ်တဲ့ ကလေးငယ်တွေအတွက် သင်တန်းတွေမှာ မကြာခဏ ပါဝင်လေ့ရှိသူပါ။ ကော့စ်ဂျူနီယာက သူမဟာ တက္ကသိုလ်ကျောင်းသူ တစ်ယောက်၊ ဘောလုံးသမား တစ်ယောက်လည်း ဖြစ်သလို အောင်မြင်တဲ့ ဒိုင်လူကြီး တစ်ဦးလည်း ဖြစ်ရမယ်လို့ သူမရဲ့ အင်စတာဂရမ် အကောင့်မှာ ရေးသားသွားခဲ့ပါတယ်။ Ref : Goal.com
Source : https://goo.gl/rDkWfS
via IFTTT

No comments:

Post a Comment