Friday, August 11, 2017

လုံးဝအသစ္ဆိုတဲ့ 2018 Alfa Romeo Stelvio SUV

လုံးဝအသစ်ဆိုတဲ့ 2018 Alfa Romeo Stelvio SUV မော်ဒယ်နှစ် တနှစ်စောပြီး ဈေးကွက်ထဲ ရောက်လာတယ်၊ အရင်နှစ်တွေကတည်းက ထုတ်လုပ်လက်စ မော်ဒယ်အနေနဲ့ မဟုတ်ဘဲ အခုမှ လုံး၀ အသစ်အနေနဲ့ ထွက်ရှိလာတာပါ။ Alfa Romeo လို ကုမ္ပဏီအနေနဲ့လည်း ဇိမ်ခံမော်ဒယ်တခုတည်း ကိုပဲ ထုတ်လုပ်နေရုံနဲ့ မပြီးသေးဘူးဆိုတာ သဘောပေါက်လာပုံရပါတယ်။ ဈေးကွက်အနေအထားကလည်း ဆီဒင်၊ Hatchback, Van နဲ့ SUV တွေ ဆိုပြီး ကားကိုယ်ထည် အမျိုးအစားပေါင်းများစွာ ရှိသည့်တိုင်အောင် ဒီနေ့ခေတ် SUV ကားတွေရဲ့ဈေးကွက် အဝယ်လိုက်မှုက ကားဈေးကွက်တခုလုံးရဲ့ ၁၅ ရာခိုင်နှုန်း လောက်ထိအောင် ရှိလာနေတာ တခုက အခုလို SUV မော်ဒယ်သစ် ရောင်းချစေနိုင်လောက်အောင် ဖြစ်လာစေတယ်လို့ ဆို ရမှာပါ။ ဟုတ်ပါပြီ၊ Supercarတွေ Sport ကားတွေကို အကောင်းဆုံး ထုတ်လုပ်နိုင်နေတဲ့ကုမ္ပဏီရဲ့ SUVလက်ရာက ဘယ်လိုနေ မလဲ ကြည့်ရအောင်ပါ။ မော်ဒယ်က တန်းတူ Crossover ဆိုတဲ့ အသေးစား ဇိမ်ခံ SUVမော်ဒယ်တွေထဲမှာ မောင်းနှင်လို့ အကောင်းဆုံးပုံစံဖြစ် အောင် ဖန်တီးထားပါတယ်။ အမြန်နှုန်း အတင်အချ၊ လက်ကိုင်စနစ် တည်ငြိမ်၊ ပေါ့ပါးမှု၊ ဂီယာချက်စနစ် ပြောင်းလဲမောင်း နှင်ရမှု၊ ဘရိတ်ပိုင်း ထိန်း ချုပ်မောင်းနှင်နိုင်မှုတွေက ဟန်ချက်ညီပြီး စိတ်ကြိုက် အနေအထားပါပဲ။ Alfa Romeo Stelvio SUV ကား ရှေ့ခန်းပိုင်း အင်ဂျင်စနစ်က စွမ်းအင်ထုတ်လုပ်မှုလည်း ကောင်းမွန်သလို လမ်းကြောင်းစုံ မောင်းနှင် အသုံးပြုနိုင်လောက်အောင်လည်း ရုန်းအား ကောင်းမွန်တာ တွေ့ရပါတယ်။ နောက်ဆုံး သဘောကျစရာကောင်းတဲ့အချက်ကတော့ Mercedes နဲ့ Porscheတွေက သိသာတဲ့ ရုပ်ထွက်တွေနဲ့ အခုလို အသေးစား SUV တွေ ထုတ်လုပ်နေချိန်မှာ ကွဲပြား ပေါ်လွင်တဲ့ ရုပ်ထွက်နဲ့မော်ဒယ်ကို ဖန်တီးထားနိုင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ထည်ကို သေးငယ်ကျစ်လစ်အောင် ဖန်တီးထားမှုရဲ့ နောက်ဆက်တွဲရလဒ်အနေနဲ့ နောက်ဘက် ထိုင်ခုံ တန်း သေးချင်ကျဉ်းချင်နေတာ တခုက ဇိမ်ခံမော်ဒယ်တခုအတွက် သိပ်မကြိုက်ပါဘူး။ ပြီးတော့ တန်းတူမော်ဒယ်တွေနဲ့ စာရင် ဝန် တင်ဆောင်နိုင်မှု အားနည်းတယ်၊ မြို့တွင်းသုံးသက်သက် ဇိမ်ခံအဖြစ် ဖန်တီးထားသလို ဖြစ်နေစေပါတယ်။ နောက်ဆုံးတ ချက် ကတော့ လီဗာ၊ ဘရိတ်လို ခြေနင်းပြားတွေက ဒီဇိုင်းဟောင်းနေပြီး ခြေတင် အသုံးပြုရ အကောင်းဆုံး မဖြစ်စေပါဘူး။ မော်ဒယ်ခွဲ ထုတ်လုပ်မှုအနေနဲ့ကတော့ ၃ခု ရနိုင်တာ တွေ့ရပါတယ်။ Stelvio ရယ်၊ Ti နဲ့ Quadrifoglio တွေ ဖြစ်ပါတယ်။ Tiက ဇိမ်ခံ မော်ဒယ်ပုံစံ။ Quadက စွမ်းဆောင်ရည်မြင့်နဲ့ Stevlio ကတော့ ပုံမှန် အနိမ့်ဆုံးမော်ဒယ်ခွဲတွေ ဖြစ်ပါတယ်။ Stevlioမှာ ၁၈လက်မဘီးတွေ၊ Suspensionရော Damperတွေပါ လမ်းအနေအထားအလိုက် ပြောင်းလဲမယ့်စနစ်တွေ၊ Brembo ဘရိတ်စနစ်၊ ရှေ့မီးကြီးတွေက Xenonတွေနဲ့၊ Keyless စနစ်တွေကို သုံးနိုင်အောင် ဖန်တီးထားပါတယ်။ Ti မှာတော့ ၁၉လက်မဘီးတွေ၊ ၈.၈လက်မ အရွယ် Touchစနစ်နဲ့ သုံးနိုင်မယ့် သတင်းအချက်အလက်ပြစနစ်တွေ၊ ဂြိုလ် တုရေဒီယို၊ ရှေ့ဘက်ထိုင်ခုံတွေက အပူပေးနိုင်မယ်၊ လက်ကိုင်ဘီးကိုပါ အပူပေးမယ့်စနစ်တွေ ပါလာပါတယ်။ Quad မှာ တော့ လက်မ ၂၀ဘီးတွေနဲ့ လိုချင်ရင်လည်း ရနိုင်မယ်။ ဂီယာက Auto ဖြစ်သည့်တိုင်အောင် လက်ကိုင်စနစ်နဲ့ ပြောင်းလဲ အသုံးပြုနိုင်မယ်၊ ထိုင်ခုံတွေကိုပါ အနိမ့်၊ အမြင့်စိတ်ကြိုက် ချိန်နိုင်အောင် ဖန်တီးထားပြီး စွမ်းဆောင်ရည်လည်း ပိုမြင့်ပါတယ်။ အင်ဂျင်စနစ်မှာတော့ ၂မျိုး ရွေးချယ်နိုင်အောင် ထုတ်လုပ်ထားတာ တွေ့ရပြီး ပထမ တခုက ၂.ဝလီတာသုံး ပုံမှန် လေးလုံး ထိုး အင်ဂျင်ကို Turbocharged စနစ် ထည့်ထားတာပါ။ သူက ရုန်းအား ၃၀၆ပေါင်-ပေမှာ မြင်းကောင်ရေ ၂၈၀ အားထိ အောင် ထွက်ရှိမှာ ဖြစ်ပါတယ်။ ဘီးစုံယက်စနစ်နဲ့ ၈ချက်သုံး Auto ကို တွဲဖက် ထည့်သွင်းထားတာပါ။ နောက်အင်ဂျင်က ၂.၉လီတာသုံး Twin-Turbo စ နစ်နဲ့ V6 အင်ဂျင်ဖြစ်ပြီး သူက ရုန်းအား ၄၄၃ပေါင်-ပေမှာ မြင်းကောင်ရေ ၅၀၅ ကောင်အား ထိအောင် ထွက်ရှိမှာပါ။ စွမ်းဆောင်ရည်ပိုင်းမှာ အင်ဂျင်အသေးက မိုင် ၆၀နှုန်း အတွက် အချိန် ၅စက္ကန့်လောက် ယူပေမယ့် V6ကတော့ မိုင် ၆၀နှုန်း အတွက် အချိန် ၄စက္ကန့်ဝန်းကျင်နဲ့ ရောက်အောင် မောင်းနှင်နိုင်မှာပါ။ နိုင်ငံတကာ ဈေးကွက်မှာတော့ အနိမ့်ဆုံး မော်ဒယ်ကို ဈေးနှုန်းဒေါ်လာ ၄၆၀၀၀ကနေ Ti ဆိုရင် ၄၉၅၄၀နဲ့ ရောင်းချနေ တာ တွေ့ရပြီး ဇိမ်ခံ SUVလိုချင်သူတွေအတွက်ကတော့ စိတ်ဝင်စားစရာ မော်ဒယ်ကောင်းတခုပါ။ Ref: www.edmunds.com The post လုံးဝအသစ်ဆိုတဲ့ 2018 Alfa Romeo Stelvio SUV appeared first on ဧရာဝတီ.
Source : http://ift.tt/2vUv2Rt
via IFTTT

No comments:

Post a Comment