စမ်းချောင်းမြို့နယ်ရှိ g&g (ဂျီအင်န်ဂျီ)စတိုးဆိုင်အ တွင်း နှာခေါင်းစည်းတပ်ကာ ဝင် ရောက်လုယက်ခဲ့သည့်လူငယ် လေးဦးကို ဆက်လက်စစ်ဆေးရာ မှ မရမ်းကုန်းမြို့နယ်နှင့်အလုံမြို့ နယ်တို့တွင် ဖွင့်လှစ်ထားသည့် g&g (ဂျီအင်န်ဂျီ)စတိုးဆိုင် လေးဆိုင်အတွင်း ဝင်ရောက် လု ယက်မှုများပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။ လုယက်မှုကြောင့် ဖမ်းဆီး ခံရသည့် စည်သူလွင်အပါအဝင် လူငယ်လေးဦးသည် ဩဂုတ် ၁၁ ရက်က စမ်းချောင်း g&g (ဂျီ အင်န်ဂျီ)စတိုးဆိုင်၌ လုယက်မှုမ ကျူးလွန်မီ နံနက် ၁နာရီက မရမ်းကုန်းမြို့နယ် အင်းစိန်လမ်းနှင့် ဦးရေခဲလမ်းထောင့်ရှိ g&g (ဂျီ အင်န်ဂျီ)စတိုးဆိုင်မှ ဝန်ထမ်းအ မျိုးသမီးနှစ်ဦးကို ဓားထောက်လု ယက်ခဲ့သေးကြောင်း ပေါ်ပေါက် ခဲ့သည်။ မရမ်းကုန်းရှိ g&g စတိုးဆိုင်တွင် လုယက်ခဲ့စဥ်က ကောင်တာ အံဆွဲအတွင်းမှ ကျပ် ၉၈,ဝဝဝ အပြင် လက်ကိုင်ဖုန်းနှစ်လုံးနှင့် ရွှေလက်စွပ်တစ်ကွင်းကိုလုယက်ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိက ဆက်လက်ရှင်း ပြသည်။ အလားတူ မတ်လ ၁၈ ရက် နံနက် ၄ နာရီခွဲက အဆိုပါယာဥ် ဖြင့်ပင် အလုံမြို့နယ် ဌာနရပ်ကွက်အတွင်းရှိ g&g စတိုးဆိုင်မှ ဝန်ထမ်းအမျိုးသမီးကို ဓားဖြင့် ထောက်ကာ ငွေသားနှင့် ဖုန်းငွေ ဖြည့်ကတ်များအပြင် လက်ကိုင် ဖုန်းတစ်လုံး လုယက်ခဲ့မှု ထပ်မံ ပေါ်ပေါက်ခဲ့ကြောင်း ၎င်းကဆက် လက်ရှင်းပြသည်။ စမ်းချောင်းတွင် လုယက်မှု ၌ ပါဝင်သည့် လှမျိုးနိုင်နှင့် အာ ယုကျော်တို့သည် ဩဂုတ် ၁ ရက် နံနက် ၂ နာရီက ကျော်မျိုးဝေ၊ အောင်ဖြိုးကျော်၊ ဇင်ကိုထူးတို့ နှင့်အတူ ဇင်ကိုထူး မောင်းနှင် သည့် ပရိုဘောက်စ်ယာဥ်ဖြင့် မရမ်းကုန်းမြို့နယ် ကျန်စစ်သား လမ်းရှိ g&g စတိုးဆိုင်မှ ကျပ် သုံးသိန်းခွဲအပြင် လက်ကိုင်ဖုန်း နှစ်လုံးနှင့် ရွှေလက်စွပ်တစ်ကွင်း လုယက်မှုဆက်လက်ပေါ်ပေါက် ခဲ့ကြောင်း အမှုစစ်ရဲအရာရှိကဆို သည်။ ထို့အပြင် ဖိုးလပြည့်(ခ) အောင်ပြည့်မြတ်ကို စစ်ဆေးရာဇူ လိုင်အတွင်းက အောင်ဖြိုးကျော်၊ ရှောင်ပေါင်းတို့နှင့်အတူ မရမ်း ကုန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းရှိ g&g စတိုးဆိုင်မှ ဆိုင်ဝန် ထမ်းများကို ဓားထောက်ကာ ငွေကျပ်လေးသိန်းနှင့် ဖုန်းငွေ ဖြည့်ကတ်များလုယက်ခဲ့ကြောင်း ထပ်မံပေါ်ပေါက်ခဲ့သည်။ ဇင်ကိုထူး၊ ရဲတင့်ဆွေ၊ ကျော်မျိုးဝေတို့သုံးဦးကို ပြစ်မှု ကျူးလွန်ရာတွင် အသုံးပြုသည့် ယာဥ်နှင့်အတူ မရမ်းကုန်းမြို့နယ်အတွင်း ဖမ်းမိခဲ့ပြီး လွတ်မြောက် နေသည့် ရှောင်ပေါင်းနှင့် အောင်ဖြိုးကျော်တို့ကို စုံစမ်းလျက်ရှိ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံး မှ ရဲအရာရှိတစ် ဦးကဆိုသည်။ မရမ်းကုန်းမြို့နယ်နှင့် အလုံ မြို့နယ်တို့ရှိ g&g စတိုးဆိုင်များ တွင် ဆိုင်ဝန်ထမ်းများကို ဓား ထောက်လုယက်ခဲ့သူများကို သက်ဆိုင်ရာမြို့မရဲစခန်းနှင့် နယ် မြေရဲစခန်းတို့၌ လုယက်မှုပုဒ်မ ဖြင့် အသီးသီးအမှုဖွင့်အရေးယူ ထားကြောင်း ရန်ကုန်တိုင်းရဲတပ် ဖွဲ့ရုံးမှ သိရသည်။ ဩဂုတ် ၁၁ ရက် နံနက် ၂ နာရီခွဲက ၂၄ နာရီဖွင့်လှစ်သည့် g&g စတိုးဆိုင်ရှိ ဝန်ထမ်းနှစ်ဦး ကို မျက်နှာတွင် နှာခေါင်းစည်း တပ်ထားသည့် လူငယ်လေးဦးက ဓားထောက်လုယက်ခဲ့ပြီး ၎င်းတို့ ကို ရပ်ကွက်နေပြည်သူများ၏ အကူအညီဖြင့် နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။
Source : http://ift.tt/2whttNV
via IFTTT
No comments:
Post a Comment