တရက်ကို အရက်သုံးခွက် ပုံမှန်သောက်ပေးခြင်းက ရူးသွပ်ခြင်း မဖြစ်စေနိုင် အရက်သောက်သုံးလေ့ ရှိသူတွေအတွက်ကတော့ သတင်းကောင်းပဲဗျ။ ဘာလဲဆိုတော့ တရက်ကို နေ့စဉ် အရက် ၃ ခွက်နဲ့ အ နည်းဆုံး ပုံမှန် သောက်သုံးလေ့ရှိသူတွေက ရူးသွပ်မှုလို ရောဂါ ဖြစ်နိုင်ခြေ နည်းစေပြီး စိတ်ကျန်းမာရေး ကောင်းကောင်းနဲ့ အသက်ရှည်ရှည် နေနိုင်တယ်ဆိုတာ တွေ့လာရလို့ပါ။ ဒါပေမယ့် ခြွင်းချက်တော့ စာရေးသူက တခု ပြောချင်ပါတယ်။ အရည်အသွေး ပြည့်မီတဲ့ အရက်သောက်သုံးသူတွေအတွက်တော့ မှန်နိုင်ပေမယ့်အရက်ဖြစ်အောင် ချက်ထားတဲ့အရက်ကို သောက်သုံးနေသူအတွက်တော့ မမှန်နိုင်ပါဘူး။ လေ့လာချက်အသစ်အရ ဆယ်စုနှစ် ၃ ခုထိအောင် (နှစ်ပေါင်း ၃၀) အတွင်း စောင့်ကြည့်မှုတွေအရ အရက် ၃ ခွက်ထက် နေ့စဉ် ပိုမို သောက်သုံးသူတွေက အသက် ၈၅ နှစ်နဲ့ အထက်ထိအောင် နေထိုင်နိုင်ကြတာ တွေ့လာရပြီး ထူးခြားချက်ကတော့ စိတ် ကျန်းမာရေးဆိုင်ရာ ရောဂါတခုမှ မခံစားရဘဲ နေထိုင်နိုင်ကြတာပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ဆန်ဒီရေဂိုက ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ လေ့လာချက်အသစ်အရ အသက် ၆၅နှစ်နဲ့ အထက် လူ ကြီးတွေအနေနဲ့ တရက်ကို အရက် ၃ခွက်ထက် ပိုမို သောက်သုံးမယ်ဆိုပါက ဘဝမှာ ပျော်ပျော်ရွှင်ရွင်၊ ကျန်းကျန်းမာမာ ရှင်သန်နေထိုင်နိုင်ကြတာကို တွေ့လာရတာပဲ ဖြစ်ပါတယ်။ လေ့လာချက်အတွက် ဘဝအနေအထား အလယ်အလတ်တန်းရှိ အမျိုးသားရော အမျိုးသမီး ၁၀၀၀ကျော်ကို စောင့်ကြည့် လေ့လာမှုတွေ လုပ်ဆောင်ခဲ့ပြီး သူတို့ရဲ့ အရက်သောက်ပုံပုံစံတွေနဲ့ နေထိုင်မှုပုံစံတွေကို လေ့လာခဲ့ရာကနေ အခုလို ရလဒ် တခုကို ထွက်ရှိ ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။ Mini Mental State Examination ခေါင်းစဉ်နဲ့ စိတ်ကျန်းမားရေး ဆိုင်ရာ ရလဒ်တွေ လေ့လာချက်တွေအရ အခုလို အရက်သောက်သူတွေ အနေနဲ့ စိတ်ကျန်းမာရေး ပိုမို ကောင်းမွန်ပျော်ရွှင်မှု ရရှိတာကို တွေ့လာရတာပဲ ဖြစ်ပါတယ်။ အခု လေ့လာချက်ကို ၂၉နှစ်ကြာ လုပ်ဆောင်ခဲ့တယ်လို့ သိရပြီး ၄ နှစ်မှာ တကြိမ် အနီးကပ် လေ့လာစောင့်ကြည့် စစ်တမ်း ကောက်ယူမှုတွေ လုပ်ဆောင်ထားခဲ့တာလည်း ဖြစ်ပါတယ်။ အခု လေ့လာချက်က ကျနော်တို့ရဲ့လက်တွေ့ စောင့်ကြည့်မှုကနေ ရရှိလာတဲ့ ရလဒ်တခု သက်သက်ပဲ ဖြစ်ပါတယ်။ အ မျိုး သားတွေမှာရော အမျိုးသမီးတွေမှာပါ အရက်သောက်ခြင်းကနေ စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်တာလည်း တွေ့လာရ တယ်၊ နောက်ပြီး အသက်ရှည်ရှည်နေထိုင်နိုင်ဖို့ အတွက်ပါ စိတ်ဖိစီးမှု နည်းနည်းနဲ့ ရှင်သန်နေထိုင်ခြင်း အထောက်အကူ ဖြစ်စေတာ တွေ့လာရပါတယ်လို့ လေ့လာမှုအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာ Linda McEvoy က ပြောပါတယ်။ ဒါပေမယ့် တဖက်မှာ အရက်စွဲမှု ပြဿနာ ရှိလာနိုင်ပြီး နောက်ပိုင်းမှာ အရက် အလွန်အကျွံသောက် သုံးမှု ရှိလာနိုင်တာ ကြောင့် ထိန်းချုပ် သောက်သုံးနိုင်ဖို့လည်း လိုအပ်လာတာ ဖြစ်ပါတယ်။ အရက်သောက်သုံးခြင်းဟာ အခုလို စိတ်ကျန်းမာ ရေး အတွက် ကောင်းပေမယ့် နောက်ပိုင်း စွဲလန်းမှုနဲ့ အလွန်အကျွံ သောက် သုံးမှုကတော့ အရက်စွဲခြင်းနဲ့အတူ အရက်နဲ့ ပတ်သက်တဲ့ စိတ်ကျန်းမာရေး နောက်ဆက်တွဲတွေ ခံစားရနိုင် တယ်လို့ ဆိုပါ တယ်။ ဒေါက်တာ Linda McEvoy ကပဲ ဆက်ပြောတာက ကျနော်တို့ အနေနဲ့ အရက်သောက်ပါလို့ အားပေးတာ မဟုတ်ပါဘူး၊ လေ့လာချက်တခုအနေနဲ့ပဲ ဘယ်လောက် သောက်သုံးရင် ဘယ်လို ရလဒ် ရှိနိုင်တယ် ဆိုတာကို လေ့လာချက် လုပ်တာ ပါ၊ အရက် အလွန်အကျွံသောက်မယ် ဆိုရင်လည်း နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာမှာပါလို့ ဆိုသွားပါတယ်။ Ref: http://ift.tt/1vTKYyJ The post တရက်ကို အရက်သုံးခွက် ပုံမှန်သောက်ပေးခြင်းက ရူးသွပ်ခြင်း မဖြစ်စေနိုင် appeared first on ဧရာဝတီ.
Source : http://ift.tt/2vpg1Gy
via IFTTT
No comments:
Post a Comment