Thursday, August 17, 2017


ဟောင်ကောင်ဆန္ဒပြမှု ဦးဆောင် လူငယ် ၃ဦးထောင်ဒဏ်ချမှတ်ခံရ ၂၀၁၄ ခုနှစ်က တရုတ်နိုင်ငံ ဟောင်ကောင်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့တဲ့ လူငယ်ခေါင်းဆောင်၃ဦးကို တရားမဝင်လူစုရုံးကာ ဆန္ဒပြမှုဖြင့်ဟောင်ကောင် တရားရုံးက ပြစ်ဒဏ်အသီးသီးချမှတ်လိုက်ပါတယ်။ Umbrella လှုပ်ရှားမှုဟု နာမည်ကြီးခဲ့သည့် ထီးဆောင်းကာ ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် အသက် ၂၀အရွယ် ဂျိုရှုဝါ ဝေါင်း၊ အသက် ၂၆နှစ် အရွယ်ရှိ ကျောင်းသားခေါင်းဆောင်ဟောင်း အဲလက်စ် ချူးနှင့် အသက် ၂၄နှစ်အရွယ်ရှိ နာသန်လော ဆိုသူတို့ကို ထောင်ဒဏ် ၆လ၊ ၇လနှင့် ၈လ အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ယခင် ဗြိတိသျှပိုင် ဟောင်ကောင်ကျွန်းကို ၁၉၉၇ ခုနှစ်က ကွန်မြူနစ်အုပ်ချုပ်တဲ့ တရုတ်ပြည်မကြီးသို့ ပြန်လည်လွှဲပြောင်းပေးခဲတာဖြစ်ပြီး ပြီးခဲ့တဲ့လက တရုတ်လက်အောက်ပြန်လည်ရောက်ရှိတဲ့ နှစ် ၂၀ ပြည့်အခမ်းအနား ပြုလုပ်ခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ၃လနီးပါးကြာတဲ့ ဒီမိုကရေစီ အရေးဆန္ဒပြလှုပ်ရှားမှုတွေ ဖြစ်လာတာဖြစ်ပါတယ်။ The post ဟောင်ကောင်ဆန္ဒပြမှု ဦးဆောင် လူငယ် ၃ဦးထောင်ဒဏ်ချမှတ်ခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2wih1x1
via IFTTT

No comments:

Post a Comment