Wednesday, August 16, 2017


ကိုရီးယား ရုပ်ရှင်ဆုပေးပွဲမှာ အခမ်းအနားမှူးလုပ်ဖို့ရှိတဲ့ မော်ဒယ်မေမြတ်နိုး သရုပ်ဆောင်မော်ဒယ် မေမြတ်နိုးက ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာကျင်းပမယ့် Golden Film Prize Festival တွင် အခမ်းအနားမှူးပြုလုပ်ရန်အတွက် ကိုရီးယားဘာသာစကားကို သေချာလေ့လာနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။ “မြတ်နိုးက MC တော့ တခါမှ မလုပ်ဖူးပါဘူး။အတွေ့အကြုံလည်းရမယ်။ ဒီပွဲမှာ ကိုရီးယားလိုပြောရမှာဆိုတော့ ပြင်ဆင်မှုတွေလုပ်နေပါတယ်။ နောက်လမှာ သွားရမှာပါ။ အခုတော့ ကိုရီးယားစကားကို သေချာလေး ပြန်လေ့လာ နေပါတယ်” လို့ ပြောပါတယ်။ စက်တင်ဘာလတွင် ကိုရီးယားနိုင်ငံသို့သွားရောက်ရမှာဖြစ်တဲ့အတွက် ပြင်ဆင်မှုများပြုလုပ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံတွင် ပြုလုပ်မယ့် Beauty Blogger ပြိုင်ပွဲတွင်လည်း ဒိုင်အဖြစ် ပါဝင်သွားဖို့ရှိတယ်လို့လည်း သူမက ဆိုပါတယ်။ “ယိုးဒယားသွားပြီးတော့ မိတ်ကပ် Comptetion မှာ ဒိုင်အဖြစ်သွားလုပ်ရပါမယ်။ Cosmetic က မြန်မာနိုင်ငံမှာလည်း ခေတ်စားတယ်။ Beauty blogger တွေကို စိန်ခေါ်မှုအနေနဲ့လုပ်ပေးပြီးတော့ ဆုပေးတာပေါ့။ ဒီတခေါက်က ဒုတိယအကြိမ်ပါ။ ပထမတခေါက်ကတော့ လွန်ခဲ့တဲ့ နှစ်လလောက်က သွားတာပါ။ ပိုင်တံခွန်နဲ့ပါ။ အတွေ့အကြုံကတော့ မြတ်နိုးရယ် ပိုင်တံခွန်ရယ် ယိုးဒယားနိုင်ငံကပိုင်ရှင်တွေရယ် ဒိုင်လုပ်ရတာပါ။ ကောင်မလေးတွေက မိတ်ကပ်လိမ်းရတယ်။ မိတ်ကပ်အကြောင်းပြောရတယ်။ Beauty blogger Contest ပေါ့” လို့ မေမြတ်နိုးက ပြောပါတယ်။ မေမြတ်နိုးရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့လည်း ကြော်ငြာများ၊ ဓာတ်ပုံများရိုက်ကူးနေပြီး သူမရဲ့တကိုယ်တော် တေးစီးရီးခွေအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မော်ဒယ်အလှမယ် မေမြတ်နိုးဟာ ၂၀၁၄ ခုနှစ် ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Asia Pacific World 2014 အလှမယ်ဆုကို ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့တဲ့ Asia’s Next Top Model ပြိုင်ပွဲ မှာလည်း Top 7 Final List အထိ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ The post ကိုရီးယား ရုပ်ရှင်ဆုပေးပွဲမှာ အခမ်းအနားမှူးလုပ်ဖို့ရှိတဲ့ မော်ဒယ်မေမြတ်နိုး appeared first on ဧရာဝတီ.
Source : http://ift.tt/2i4Ysa9
via IFTTT

No comments:

Post a Comment