ကမ္ဘာ့တန်ဖိုးအကြီးဆုံး မိုးမျှော်တိုက်များ အခုပြောပြမှာကတော့ ကမ္ဘာနဲ့တဝှမ်းမှာ ဆောက်လုပ်ထားတဲ့ မိုးမျှော်တိုက်တွေထဲက ကုန်ကျစရိတ် အများဆုံး အကုန်အ ကျခံ တည်ဆောက်ထားတဲ့ မိုးမျှော်တိုက်တွေအကြောင်းပဲ ဖြစ်ပါတယ်။ (၁) Abraj Al Bait Towers ဆော်ဒီအာရေဗျနိုင်ငံမှာ ရှိပါတယ်။ ကုန်ကျစရိတ် ဒေါ်လာ ၁၅ ဘီလီယံ အကုန်အကျခံ တည်ဆောက်ထားတာပါ။ လက်ရှိ ကမ္ဘာမှာ တန်ဖိုးအကြီးဆုံးလို့ သတ်မှတ်နိုင်မယ့် မိုးမျှော်တိုက်ပါ။ နာရီစင်ပုံစံ တည်ဆောက်ထားပြီး ဟိုတယ်နဲ့တွဲဖက် ဖန် တီးထားတဲ့ မက်ကာမှာ ရှိတဲ့တိုက်ပါ။ (၂) Marina Bay Sand စင်ကာပူနိုင်ငံမှာ ရှိပါတယ်။ ကုန်ကျစရိတ် ဒေါ်လာ ၅.၇ ဘီလီယံ ရှိပါတယ်။ သူလည်း ဟိုတယ်နဲ့ တွဲဖက် ဖန်တီးထားတာ ဖြစ်ပြီး ၂၀၁၀ခုနှစ်က တည်ဆောက်မှု ပြီးစီး အသုံးပြုနေတာ ဖြစ်ပါတယ်။ (၃) The Wynn Resorts အမေရိကန်နိုင်ငံ၊ နီဗာဒါးက လက်ဗီးဂက်မှာ ၂၀၀၅ခုနှစ်ကတည်းက တည်ဆောက်ပြီးစီးခဲ့တာပါ။ ကမ္ဘာမှာ တန်ဖိုးအကြီး ဆုံး ကာစီနိုရုံနဲ့ ဟိုတယ်အဖြစ် မှတ်တမ်းဝင်နေပြီး ကုန်ကျစရိတ် ဒေါ်လာ ၄.၁ ဘီလီယံ ရှိပါတယ်။ (၄) The Cosmopolitan ၂၀၁၀ခုနှစ် အတွင်းကမှ တည်ဆောက်ပြီးစီးထားတဲ့ အမေရိကန်၊ နီဗာဒါးက လက်ဗီးဂက်မှာ ရှိတဲ့ ဟိုတယ်ပဲ ဖြစ်ပါတယ်။ မျှော်စင် နှစ်ခု ပုံစံ တည်ဆောက်ထားပြီး အမြင့် ၆၀၃ပေ ရှိပါတယ်။ ကုန်ကျစရိတ် ၃.၉ ဘီလီယံ ဒေါ်လာနဲ့ တည်ဆောက် ထားတာပါ။ (၅) The World Trade Center အမေရိကန်နိုင်ငံ၊ နယူးယောက်မှာ ရှိပါတယ်၊ ၉/၁၁ အရေးအခင်းဖြစ်ခဲ့တဲ့ တိုက်တွေပါ။ အမေရိကန်ရဲ့စီးပွားရေး အချက် အချာ အကျဆုံး စင်တာလည်း ဖြစ်ပါတယ်။ ဒေါ်လာ ၃.၈ ဘီလီယံ အကုန်အကျခံ တည်ဆောက်ထားတာပါ။ (၆) The Venetian Hotel Las Vegasအမည်ရှိ ဟိုတယ်နဲ့ ပိုင်ရှင်တူ ဖြစ်ပါတယ်။ ၂၀၀၅ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တာ ဖြစ်ပြီး ဟိုတယ်ရော ကာ စီနိုရုံပါ ပူးတွဲ ဖွင့်လှစ်ထားတာပါ။ တရုတ်နိုင်ငံမှာ ရှိပြီး ကုန်ကျစရိတ် ဒေါ်လာ ၂.၄ ဘီလီယံ ရှိခဲ့ပါတယ်။ (၇) The Princess Tower ကမ္ဘာမှာ ၂၄ခု မြောက် အမြင့်ဆုံး မိုးမျှော်တိုက်အဖြစ် မှတ်တမ်းဝင်နေပါတယ်။ ၂၀၁၂ခုနှစ်ကမှ တည်ဆောက်ပြီးစီးခဲ့တာ ဖြစ်ပြီး UAE က ဒူဘိုင်းမှာ ရှိပါတယ်။ ကုန်ကျစရိတ် ဒေါ်လာ ၂.၁၇ ဘီလီယံ ရှိထားတာပါ။ (၈) Palazzo Casino အမေရိကန်နိုင်ငံ၊ လက်ဗီဂက်မှာ ရှိတဲ့ မိုးမျှော်တိုက်တွေထဲက အကြီးဆုံး စာရင်းဝင် ဖြစ်ပါတယ်။ အီတလီ ဒီဇိုင်းနဲ့ တည် ဆောက်ထားတဲ့ ကာစီနိုရုံ စစ်စစ်ပါ။ ဒေါ်လာ ၂.၀၅ ဘီလီယံ အကုန်အကျခံ တည်ဆောက်ထားတာပါ။ (၉) Taipei 101 ထိုင်ဝမ်က တိုင်ပေမှာ ရှိပါတယ်။ ၂၀၀၄ခုနှစ်ကတည်းက တည်ဆောက်ပြီးစီးခဲ့တာပါ။ Taipei World Financial Center အဖြစ် လူသိများပါတယ်။ ဒေါ်လာ ၁.၈ ဘီလီယံ အကုန်အကျခံ တည်ဆောက်ထားတာပါ။ (၁၀) London Glass Shard အင်္ဂလန်နိုင်ငံ၊ လန်ဒန်မှာ ရှိပါတယ်။ ၉၅ထပ် ထည့်သွင်း တည်ဆောက်ထားတာပါ။ ၂၀၁၂ ခုနှစ်ကတည်းက တည် ဆောက် ပြီးစီးခဲ့တာ ဖြစ်ပြီး London Bridge Tower အဖြစ် လူသိများပါတယ်။ ကုန်ကျစရိတ် ဒေါ်လာ ၁.၅ ဘီလီယံ ရှိ နေတာပါ။ အခြား ကုန်ကျစရိတ်များ မိုးမျှော်တိုက်တွေကတော့ UAEမှာ ရှိတဲ့ ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးရှိ The Burj Khalifa၊ ဂျာ မနီနိုင်ငံ ဖရန့်ဖတ်မှာ ရှိတဲ့ဒေါ်လာ ၁.၂၅ ဘီလီယံတန် European Central Bank၊ ဆော်ဒီအာရေဗျမှာ ရှိတဲ့ ဒေါ်လာ ၁ဘီ လီယံတန် The Kingdom Center၊ အိန္ဒိယမှာ ရှိတဲ့ ဒေါ်လာ ၁ ဘီလီယံတန် Antilia Skyscraper၊ မလေးရှားမှာရှိတဲ့ ဒေါ် လာ ၁ဘီလီယံတန် The Petronas Twin Towers၊ တရုတ်နိုင်ငံရဲ့၁ ဘီလီယံတန် Bank of China တွေ ဖြစ်ပါတယ်။ Ref: http://ift.tt/eKERsB The post ကမ္ဘာ့တန်ဖိုးအကြီးဆုံး မိုးမျှော်တိုက်များ appeared first on ဧရာဝတီ.
Source : http://ift.tt/2wFdqXR
via IFTTT
No comments:
Post a Comment