Monday, August 14, 2017


နာမည်ကြီး Celebrity ၂၅ ဦးနဲ့ မိတ်ဆက်လိုက်တဲ့ iflix playlist လုပ်ဆောင်ချက် နာမည်ကြီး TV ရုပ်သံဇာတ်လမ်းတွဲများ၊ ပြည်တွင်းပြည်ပ ရုပ်ရှင်ဇာတ်ကားများကို အင်တာနက်မှတဆင့် လစဉ်ကြေးပေးသွင်းပြီး တိုက်ရိုက်ကြည့်ရှုနိုင်တဲ့ iflix ဝန်ဆောင်မှုမှ မြန်မာနိုင်ငံရဲ့နာမည်ကြီး Celebrity ၂၅ ဦး ပါဝင်တဲ့ Playlist လုပ်ဆောင်ချက်အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ နာမည်ကြီး Celebrity ၂၅ ဦးဟာ နယ်ပယ်ကဏ္ဍအသီးသီးမှာ လူသိများပြီး အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်များ၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာ၊ မော်ဒယ်၊ အလှမယ်များ၊ အားကစားသမား၊ အစီအစဉ်တင်ဆက်သူနဲ့ Travel Blogger, Beauty Blogger, Food Blogger များပဲ ဖြစ်ပါတယ်။ “ကျမတို့ iflix မှာ များပြားလှတဲ့ TV shows တွေ၊ ရုပ်ရှင်တွေကို အသုံးပြုသူက တခါတရံမှာ ဘာဇာတ်ကား ကြည့်ရမလဲဆိုတာ ရွေးချယ်ဖို့ ဝေခွဲမရ ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်အများအပြားရှိပြီး၊ လူအများ အားကျ ရတဲ့ နာမည်ကြီး Celebrity တွေရဲ့ အကြိုက်ဆုံးရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေ စာရင်းကို Playlist လုပ်ထားတာ ကြောင့် အသုံးပြုသူတွေက သူတို့ချစ်ခင်ရတဲ့ Celebrity တွေ ကြည့်နေတဲ့ ရုပ်ရှင်ကားတွေကိုပါ အလွယ်တကူ သိရှိပြီး ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်” လို့ iflix Myanmar ရဲ့Country Manager, Ms.Adeana Greenlee က ပြောပါတယ်။ iflix Playlist လုပ်ဆောင်ချက်မှာ ပါဝင်လာတဲ့ နာမည်ကြီး Celebrity ၂၅ ဦးက နိုင်ငံကျော် အနုပညာရှင်တွေ ဖြစ်ကြတဲ့ လူမင်း၊ သားညီ၊ ညီထွဋ်ခေါင်၊ မိုးယံဇွန်၊ ထွန်းကိုကို၊ အောင်ရဲထိုက်၊ ပိုင်ဖြိုးသု၊ ဆုမြတ်နိုးဦး၊ မေပန်းချီ၊ မြနှင်းရည်လွင်၊ ဝင့်ယမုံလှိုင်၊ နန်းသူဇာ၊ ရတနာဗိုလ်၊ ဝေမင်းမောင်၊ အောင်သူလွင်၊ Miss Universe Myanmar 2014 အလှမယ် သျှားထွဋ်အိန္ဒြာ၊ အလှမယ် J Naw၊ လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်း၊ အဆိုတော် ဟဲလေး၊ ကျော်ထွဋ်ဆွေ၊ ကျော်ဇင်မင်း၊ အစီအစဉ်တင်ဆက်သူ မောင်မောင်အေး၊ Travel Blogger နော်ထိုက်၊ Beauty Blogger ဝင်းမင်းသန်းနဲ့ Food Blogger ဝတ်ရည်တို့ ဖြစ်ပါတယ်။ အသစ်မိတ်ဆက်လိုက်တဲ့ Playlist လုပ်ဆောင်ချက်ကို အသုံးပြုပြီး အဆိုပါ နာမည်ကြီး Celebrity ၂၅ ဦးရဲ့ ကိုယ်ပိုင် Playlist များကို စောင့်ကြည့်ပြီး နာမည်ကျော်များ ကြည့်ရှုနေတဲ့ ရုပ်ရှင်ဇာတ်ကားများ၊ ဇာတ်လမ်း တွဲများကို ထူးထူးထွေထွေ ရှာစရာမလိုဘဲ အသုံးပြုသူများမှ Celebrity များနဲ့အတူ အကြိုက်တူတဲ့ ရုပ်ရှင်ကားတွေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Iflix MM Playlist မိတ်ဆက်ပွဲသီဟတိုး/ ဧရာဝတီ မြန်မာရုပ်ရှင်ကြည့် ပရိသတ်များအတွက်လည်း iflix မှာ“ဧဒင်ရဲ့ နတ်သမီး” ရုပ်ရှင်ဇာတ်ကား၊ “Bangkok to Mandalay”၊ “ရတနာပုံ” ရုပ်သံဇာတ်လမ်းတွဲ စတဲ့ ဇာတ်ကားများနဲ့ မြန်မာဗီဒီယို ဇာတ်ကားများ ထည့်သွင်း ပေးထားပါတယ်။ iflix ဝန်ဆောင်မှုကို မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ယခုအခါ သုံးစွဲသူ ၅ သန်းကျော်၊ မိနစ်ပေါင်း ၅ သန်း တိုက်ရိုက်ကြည့်ရှုမှု ရရှိထားတယ်လို့ သိရပါတယ်။ အာရှ၊ အရှေ့ အလယ်ပိုင်းနဲ့ မြောက်အာဖရိက တဝန်းမှာရှိတဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံမှ လူဦးရေ ၁ သန်းကျော်ကို ဝန်ဆောင်မှု ပေးနေတဲ့ iflix ဟာ ဆာဟာရ အာဖရိကမှာလည်း သုံးစွဲနိုင်ပြီလို့ သိရပါတယ်။ သုံးစွဲသူများအနေနဲ့ iflix ဝန်ဆောင်မှုကို Website သို့မဟုတ် Application ကနေ အင်တာနက် အသုံးပြုပြီး နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားများ၊ TV ဇာတ်လမ်းတွဲများ၊ TV အစီအစဉ်များကို လစဉ်ကြေးပေးသွင်းပြီး ဖုန်း၊ Laptop, Tablet, iPad, TV များနဲ့ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။ Iflix MM Playlist မိတ်ဆက်ပွဲသီဟတိုး/ ဧရာဝတီ မြန်မာနိုင်ငံမှ iflix အသုံးပြုသူများအနေနဲ့ တလလျှင် လစဉ်ကြေး ၃ ထောင်ကျပ်၊ တနှစ်စာ ၃ သောင်းကျပ် ပေးသွင်းပြီး iflix မှ ရုပ်ရှင်ဇာတ်ကားများကို အချိန်မရွေး၊ နေရာမရွေး အင်တာနက်မှ တိုက်ရိုက် ကြည့်ရှု နိုင်ပါတယ်။ သုံးစွဲသူ အသစ်များအတွက် iflix မှ တလ အခမဲ့ သုံးစွဲခွင့် ပရိုမိုးရှင်းပေးထားပြီး www.iflix.com ဝက်ဘ်ဆိုက် လိပ်စာ သို့မဟုတ် Google Play နဲ့ Apple App Store တို့မှာ Application ကို Download ဆွဲပြီး အကောင့်ဖွင့် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ အရှေ့တောင်အာရှနိုင်ငံများမှာ ဝန်ဆောင်မှုပေးလျက်ရှိတဲ့ iflix မှာ ဟာသ၊ ဒရာမာ၊ ဟောလိဝုဒ်၊ ဘောလိဝုဒ်၊ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ မလေးရှားစတဲ့ ဒေသတွင်းနိုင်ငံများမှ ရုပ်ရှင်ဇာတ်ကားများ၊ TV ဇာတ်လမ်းတွဲများ၊ ကြောက်စရာ Horror Movie များနဲ့ ကလေးများအတွက် နာမည်ကြီး ကာတွန်းကားများ၊ Kids Show များကို လစဉ်ကြေးပေးသွင်းပြီး အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။ ။ ဆက်စပ် သတင်းလင့်ခ်များ – “ရတနာပုံ” ရုပ်သံဇာတ်လမ်းတွဲ iflix မှာ ကြည့်ရှုနိုင်ပြီ “ဧဒင်ရဲ့နတ်သမီး” ရုပ်ရှင်ကား iflix မှာ ကြည့်ရှုနိုင်ပြီ အင်တာနက်မှတဆင့် ရုပ်ရှင်ဇာတ်ကားများ တိုက်ရိုက်ကြည့်နိုင်တဲ့ iflix ဝန်ဆောင်မှု စတင် The post နာမည်ကြီး Celebrity ၂၅ ဦးနဲ့ မိတ်ဆက်လိုက်တဲ့ iflix playlist လုပ်ဆောင်ချက် appeared first on ဧရာဝတီ.
Source : http://ift.tt/2fEOtaS
via IFTTT

No comments:

Post a Comment