ရန်ကုန်လိုင်စင်အနေနဲ့ ရနိုင်တဲ့ Ford Rangerများ မော်ဒယ်က ၁၉၇၁ခုနှစ်မှာ အမေရိက မဟုတ်တဲ့ ပြည်ပဈေးကွက်အတွင်း Mazda B-Series တွေကို ဈေးကွက် ပြိုင်ဖို့ Ranger တွေ ထွက်လာပါတယ်။ ကနဦးအစမှာ Rangerမဟုတ်သေးပါဘူး။ အမည်က Courieer ပါ။ ၁၉၉၈မှာမှ Ranger လို့ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပေမယ့် နာမည်ကြီးဈေးကွက် သြစတြေးလျမှာဆိုရင်၂၀၀၆ ခုနှစ်ထိအောင် Courier လို့ ဆက်လက် ခေါ်ဝေါ်ခဲ့ပါတယ်။ အဲဒီ မော်ဒယ်က အခု ပြည်တွင်းမှာ ဝယ်ယူသူတွေ အခွန်ပိုပြီး သက်သာအောင်၊ ဈေးချိုချိုနဲ့ ဝယ်နိုင်အောင် ရန်ကုန်လိုင်စင် နဲ့ရော အရစ်ကျပါ ရနိုင်အောင် ရောင်းချနေတာ တွေ့ရပါတယ်။ အခန်းဖွဲ့က နှစ်ခန်းဖွဲ့၊ ၁တန်ဝန် တင်နိုင်မယ့်မော်ဒယ်။ ဝန်မပါချိန် Suspensionစနစ်ကို တည်ငြိမ်အောင် Cruise Control နဲ့ ထိန်းထားတာလေးကို သဘောကျမိပါတယ်။ Drive Mode မပါပေမယ့် လေးဘီးယက်စနစ်နဲ့ အခု မော်ဒယ်က မထင် မှတ်ဘဲ နှစ်ဘီးယက်ပုံစံ၊ လေးဘီးယက်ပုံစံနဲ့ တောင်တက် ရုန်းအားဦးစားပေး ပုံစံ၊ စုစုပေါင်း ၃မျိုး ရွေးချယ်မောင်းနှင်နိုင် အောင် ဖန်တီးထားလို့ သဘောကျမိပါတယ်။ လမ်းကြမ်းမောင်း မော်ဒယ်ဖြစ်လို့ ဇိမ်ခံ အိမ်စီးမော်ဒယ်တွေလို Push Start တော့ မရပါဘူး။ အင်ဂျင်က ၃.၂လီတာသုံး ရုန်းအား ၄၇၀ပေါင်-ပေမှာ မြင်းကောင်ရေ ၂၀၀အား ထွက်ရှိမယ်။ ရုန်းအားကောင်းမှုက လမ်း ကြမ်းပိုင်း စိတ်ကြိုက်မောင်းနှင်မှု ဖြစ်လာစေနိုင်တယ်။ ၆ ချက်သုံး Auto စနစ်နဲ့ သွားပါတယ်။ ဒါက ခရီးဝေးမောင်းနှင်မှု အတွက် မောင်းနှင်သူကို အသက်သာဆုံး ဖြစ်စေမယ့်ဂီယာစနစ်ပါ။ ရှေ့ဘက်ခန်းရော နောက်ဘက်ခန်းပါ ကျယ်ဝန်းတယ်၊ ထိုင်ခုံက အထည်ဦးစားပေးပုံစံနဲ့ ထည့်ထားပါတယ်။ ဘရိတ်စနစ်က ABS၊ အသက်ကယ်လေအိတ်က ယာဉ်မောင်းအတွက်ရော ရှေ့ဘက်ခရီးသည်အတွက်ရော ဘေးဘက် လေ အိတ်စနစ်တွေပါ ထည့်ထားတယ်။ သတင်းအချက်လက်ပြစနစ်က Touchမဟုတ်ပေမယ့် သုံးရ အဆင်ပြေပါတယ်။ ၄.၂လက်မ အရွယ် ပြသမျက်နှာပြင်စနစ်က နောက်ဘက် ရိုက်ကူးကင်မရာနဲ့အတူ ပါကင်ထိုးချိန်တွေမှာ အကောင်းဆုံး အကူအညီပေးနိုင်ပါတယ်။ ဖျော်ဖြေရေး စနစ်အတွက် Speakerအသံထွက် ကောင်းကောင်း တွေ့ရတယ်၊ Playerနဲ့ TVတွေကတော့ ပြန်ထည့်ရပါလိမ့် မယ်။ ဆီတိုင်ကီက လီတာ ၈၀ထိအောင် ဆံ့ပါတယ်။ နောက်ဘက်ခြမ်းမှာက နောက်ဘက်ရိုက်ကူး ကင်မရာစနစ် အပြင် အာရုံခံ ဆင်တာလည်း ပါတယ်။ နောက်ကြည့်မှန်တွေ က Auto Powerတွေ။ ပြတင်းတံခါးတွေက Powerစနစ်နဲ့၊ လုံခြုံရေး Lockစနစ်က ရှေ့ဘက်တံခါးတွေမှာ ပါရှိပေမယ့် နောက် ဘက်တံခါးတွေမှာ မပါလို့ သတိပြုစရာပါ။ Keyless ပုံစံနဲ့ တံခါး၊ အဖွင့်၊ အပိတ်ရမယ်၊ ၁၇လက်မဘီးတွေမှာ 265/65R17 တာယာတွေ တပ်ဆင်ထားတယ်။ အခန်းဖွဲ့ပုံစံမှာ တခန်း၊ အပိုခန်း၊ နှစ်ခန်း၊ စုစုပေါင်းကိုယ်ထည်ပုံစံ ၃မျိုး ရွေးချယ်နိုင်မယ်၊ နည်းပညာနဲ့တပ်ဆင်မှုအပေါ် မူ တည်ပြီး မော်ဒယ်ခွဲ (Grade) ၈မျိုးထိအောင် ပြည်တွင်းမှာ ရနိုင်နေပါပြီ။ ဈေးနှုန်း အနိမ့်ဆုံးသိန်း ၂၅၀ ဝန်းကျင်ကနေ အမြင့်ဆုံး သိန်း ၆၀၀အတွင်း ရှိမယ်လို့ သိရပါတယ်။ ဒါပေမယ့် ဈေးနှုန်း ကတော့ အချိန်နဲ့အတူ အနည်းငယ် အတက်အကျ ရှိနိုင်ပါတယ်။ မော်ဒယ်ခွဲ ရရှိနိုင်မှု အပိုင်းမှာ ၂.၂လီတာသုံး ဒီဇယ်အင်ဂျင်နဲ့ ၆ချက် Manualသွားမယ့် နှစ်ခန်းဖွဲ့ မော်ဒယ်ရှိမယ်၊ ၂.၂ လီ တာသုံး ဒီဇယ်အင်ဂျင်ကိုပဲ ၆ချက် Manualပဲ၊ XL Gradeနဲ့လာတယ်၊ ၁၆လက်မ Alloyဘီးနဲ့ ရနိုင်မယ့် မော်ဒယ်ရှိမယ်။ XLTအဖြစ် သတ်မှတ်တဲ့ ၂.၂လီတာသုံး Auto ၆ချက်နဲ့ သွားမယ့် မော်ဒယ် ရှိမယ်။အပိုခန်းဖွဲ့ ၂.၂လီတာသုံး ဒီဇယ်အင် ဂျင်၊ ၆ချက် Manual နဲ့ မော်ဒယ်ရှိမယ်။ တခန်းဖွဲ့ ၂.၂လီတာသုံး ဒီဇယ်အင်ဂျင်၊ Manual ၅ချက်နဲ့ သွားမယ့် မော်ဒယ်ရှိ မယ်။ တခန်းဖွဲ့၂.၂လီတာသုံး ၆ချက် Manualနဲ့ သွားမယ့် XLမော်ဒယ်ခွဲ ရှိမယ်နှစ်ခန်းဖွဲ့ Wildtrak မော်ဒယ်ခွဲ၊ ၃.၂လီ တာသုံး ဒီဇယ်အင်ဂျင်၊ ၆ချက် Autoနဲ့ သွားမယ့် မော်ဒယ်ရှိမယ်၊ နောက်ပြီးတော့ XLTမော်ဒယ်ခွဲ၊ သူက ၃.၂ လီတာသုံး ၆ချက် Auto နဲ့ သွားတဲ့ မော်ဒယ်ရှိမယ်။ Wildtrakနဲ့ နည်းနည်း ကွဲပြားတာက Wildtrak မှာ Air-Conက DualZoneနဲ့ သွားတယ်၊ Adaptive Cruise Control ပါတယ်၊ ၁၈လက်မ Alloy ဘီးတွေ ဖြစ်မှာပါ။ The post ရန်ကုန်လိုင်စင်အနေနဲ့ ရနိုင်တဲ့ Ford Rangerများ appeared first on ဧရာဝတီ.
Source : http://ift.tt/2vXPLVm
via IFTTT
No comments:
Post a Comment