H1N1 ကြောင့် ယနေ့ သေဆုံးသူ ၃ ဦး ထပ်တိုး ရာသီတုပ်ကွေး Seasonal Influenza A(H1N1) pdm 09 ဗိုင်းရပ်စ်ပိုးကြောင့် ယနေ့တွင် သေဆုံးသူ ၃ ဦး ထပ်တိုးပြီး H1N1 ပိုးတွေ့လူနာ ၁၀ ဦး ထပ်မံတိုးကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။ ယနေ့ သေဆုံးခဲ့သူ ၃ ဦးမှာ မန္တလေးတိုင်း ၊ ပဲခူးတိုင်း နှင့် မကွေးတိုင်းဒေသကြီးတို့မှ ဖြစ်ပြီး အသက် ၅ နှစ်အောက် ၁ဦး ၊ ၄၀ကျော် တဦး နှင့် ၃၀ ကျော်တဦးတို့ ဖြစ်ကြောင်း သိရသည်။ “ဒီနေ့ ဆုံးတာ ၃ ဦးပါ။ မကွေးတိုင်းက တယောက်က ရန်ကုန်မှာ တက်တာပေါ့နော်။ ကျန်တဲ့ နှစ်ယောက်ကတော့ သူတို့ တိုင်းဒေသကြီးက ပြည်သူ့ဆေးရုံတွေမှာပဲ တက်ပါတယ်” ဟု နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စာရင်းများအရ ဇူလိုင်လ ၂၁ရက်နေ့မှ (ယနေ့) သြဂုတ်လ၁၁ရက်နေ့ နေ့လယ် ၂နာရီအထိ စာရင်းများအရ ပြင်းထန်အသက်ရှူ လမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ရောက် ကုသနေသော လူနာ ၅၃၅ ဦးတွင် H1N1 Positive လူနာ၂၀၄ ဦးနှင့် သေဆုံးသူ၂၃ဦး အထိရှိပြီ ဖြစ်ကြောင်း သိရသည်။ The post H1N1 ကြောင့် ယနေ့ သေဆုံးသူ ၃ ဦး ထပ်တိုး appeared first on ဧရာဝတီ.
Source : http://ift.tt/2uuXDxn
via IFTTT
No comments:
Post a Comment